Wednesday, June 5, 2013

လွှတ်တော်အမတ်၏တူ လူသတ်တရားခံ သေနတ်လုထွက်ပြေး - ပစ်ခတ်မှုဖြစ် ရဲတဦးသေ

Photo: လွှတ်တော်အမတ်၏တူ လူသတ်တရားခံ သေနတ်လုထွက်ပြေး - ပစ်ခတ်မှုဖြစ် ရဲတဦးသေ
Wednesday, June 05, 2013 

သျှမ်းမြောက် မူစယ်ခရိုင် တရားရုံး၌ တရားခံများက ရဲတပ်ဖွဲ့ သေနတ်ကို
လုယူ ပစ်ခတ်ပြီး တရားခံ ၃ဦး ထွက်ပြေးလွတ်မြောက်သွားကြောင်း စုံစမ်း
သိရသည်။

ထွက်ပြေးလွတ်မြောက်သွားသော လူသတ်တရားခံ လိဖန်နှင့် အိုက်ဆမ်

“မနေ့ကညနေ လေးနာရီ ၁၅ မိနစ်ကဖြစ်တာ။ ရဲစခန်းအချုပ်ခန်းကနေ ခရိုင်တရားရုံးကို ရမန်ယူ လာတဲ့ တရားခံ ၅ ဦးက အချုပ်ကား ဆင်းဆင်း
ချင်း ရဲရဲ့ သေနတ်လုပြီး ပစ်ခတ်တယ်။ အဲဒီအချိန်မှာ  တာဝန်ကျ   ရဲတယောက်က သေနတ်လုပြေးတဲ့ တရားခံကို သေနတ်ပစ်တာ တရားခံကိုမထိဘဲ ရဲ တယောက်ကိုသွားထိတယ်။ အဲဒီရဲ သေသွားတယ်။  တရားခံကပြန်ပစ်လိုက်လို့ ရဲ ၂ ယောက်  ဒဏ်ရာရတယ်၊ တရားခံ ၅ ယောက်ထဲက ၃ ယောက် လွတ်မြောက်သွားတယ်။ သေနတ် ၂ လက်
ပါသွားတယ်” ဟု မူစယ်ရဲတပ်ဖွဲ့နှင့်နီးစပ်သူ တစ်ဦးကပြောသည်။

အဆိုပါရုံးထုတ်လာသောတရားခံများမှာ ကျားဖြူပါတီဥက္ကဌ၏တူအား သတ်ဖြတ်သော  ကျော်မြင့် ပန်းဆေး ပြည်သူ့စစ်၏တူ ရဲအောင်ထွေးခေါ်  လိဖန် ၊  အိုက်ဆမ် ၊အားကျိနှင့်တရုတ်ပန်းဆေး လူမျိုးဘိန်းမှောင်ခို  နှစ်ဦး တို့ဖြစ်ကြကြောင်း၊ ၄င်း ၅ ဦးအနက် ပြန်လည်ဖမ်းမိသော ၂ ဦးမှာ  နာမည်အတိအကျမသိရသေးကြောင်း ၄င်းကဆိုသည်။

“ခုလို တရားခံက ထွက်ပြေးလွတ်မြောက်ထားတယ်ဆိုတော့ ကျမတို့ ကလေးတွေအတွက် အင်မတန်မှ အန္တရာယ်ကြီးတယ်၊ ကျမတို့ ကလေးက စိုင်းအိုက်လိန်   ကျားဖြူဥက္ကဌတူ အသတ်ခံရတဲ့နေ့က အတူပါ နေလို့လေ၊ တကယ်လို့ ဒီလူသတ်သမားတွေ ကျမတို့ကလေးကို ပြန်လာသတ်ရင် ဘယ်လိုလုပ်ရမလဲ”  ဟု နမ့်ခမ်းမြို့မှ လူသတ်မှုတရားလိုဘက်ကပါသော မိခင်တစ်ဦးကပြောသည်။

ခုလက်ရှိလူသတ်သမားကို ပြန်မဖမ်းနိုင်သေးသ၍ အခင်းဖြစ်ပွားသည့်နေ့တွင်
ပါဝင်သော တရားလိုဘက်မှ လူငယ်များကို သက်ဆိုင်ရာအာဏပိုင်ဘက်မှ လုံခြုံရေးယူပေးသင့်ကြောင်း၊သျှမ်းသံတော်ဆင့်မှတောင်း ဆိုချင်သည်ဟု ၄င်းက ဆိုသည်။

“တရားရုံးထုတ်တာ လက်ထိပ်ခြေထိပ်ခတ်ထားတာပဲ၊ဘယ်လိုလုပ်ပြီး
ထွက်ပြေးနိုင်တယ်ဆိုတာ လုံးဝတွေးလို့ မရဘူး၊ တရားခံကို မနေ့ ကရုံးချိန်းတာ တရားလိုတွေကို ဘာကြောင့် အာဏာပိုင်ဘက်က 
အကြောင်း မကြား တာလဲမသိဘူး”

“နောက်ပြီး မူစယ်မှာ တရားခံအတွက် လုံခြုံရေးစိတ်မချလို့ လာရှိုးကို
လွှဲပြောင်းစစ်ဆေးမယ်တဲ့၊ကျနော်တို့ ဘက်ကလဲ - ငွေကြေးမတတ်နိုင်လို့ အမှုမလိုက်ကြောင်း စာတင်လိုက်တယ်၊ စာတော့  မေလ ၂၉ ရက် မှပြန်
ကျလာတယ်။ မူစယ်ခရိုင်မှာပဲအမှုစစ်ရမယ်၊ မူစယ်မှာရုံးချိန်းတာက ၄ ကြိမ် ရှိပါပြီ၊ သက်သေ ဒီလောက် ခိုင်မာနေတာ ဘာကြောင့်စီရင်ချက်မချသေး
တာလဲ  တွေးစရာ တစ်ခုပါ” ဟု အသတ်ခံရသူ စိုင်းအိုက်လိန် နှင့် အမျိုးတော်စပ်သောသူတစ်ဦးကပြောသည်။

ယခုအချိန်တွင် လူသတ်တရားခံများက သေနတ် ၂ လက်နှင့်အတူ ထွက်ပြေးလွတ်မြောက်နေမှုအပေါ်မူစယ်နှင့်နမ့်ခမ်းမြို့နေများက ကြောက်
လှန့်နေကြကြောင်းသတင်းရရှိသည်။

သျှမ်းသံတော်ဆင့်
သျှမ်းမြောက် မူစယ်ခရိုင် တရားရုံး၌ တရားခံများက ရဲတပ်ဖွဲ့ သေနတ်ကို လုယူပစ်ခတ်ပြီး တရားခံ ၃ဦး ထွက်ပြေး လွတ်မြောက်သွားကြောင်း စုံစမ်း သိရသည်။

ယခင်နေရပ်သို့မပြန်ချင်သည့် စစ်ဘေးရှောင်များအတွက် နေအိမ်များစီစဉ်လျက်ရှိ

Photo: ယခင်နေရပ်သို့မပြန်ချင်သည့် စစ်ဘေးရှောင်များအတွက် နေအိမ်များစီစဉ်လျက်ရှိ
Wednesday, June 5, 2013

ကချင်ပြည်နယ်ရှိ ယခင်နေထိုင်ခဲ့သည့်ဒေသသို့ မပြန်ချင်သည့် စစ်ဘေးရှောင်ပြည်သူများအတွက် ဝိုင်းမော်မြို့နယ်ရှိ ပ.လ.န (၄)ကျေးရွာ အုပ်စုအတွင်းရှိ ရွာသစ်ကျေးရွာ၌ အိမ်ခြေအလုံးရေ ၂၀၃လုံးခန့် အား ဖေဖော်ဝါရီလပိုင်းမှစတင်၍ ဆောက်လုပ်ပေးလျက်ရှိကြောင်း ကချင် ပြည်နယ် လူမှုရေးဝန်ကြီးဌာန ဝန်ကြီး ဒေါ်ဘောက်ဂျာ၏ ပြောကြားချက်အရ သိရသည်။

အခုလက်ရှိ ပ.လ.န(၄)ကျေးရွာအုပ်စုက ရွာသစ်ကျေးရွာဆိုပြီး မပြန်ချင်တဲ့ စစ်ဘေးရှောင်ပြည်သူတွေ အတွက် အဲဒီမှာ အိမ်၂၀၀လုံး ဆောက်လုပ်ပေးနေပါတယ်။ ပြီးတော့ အစိုးရဝန်ထမ်းတွေအတွက်လည်း တစ်အိမ်ကို ၈သိန်းနဲ့ အရစ်ကျရောင်းချဖို့ ရှိပါတယ်။ နောက်ပြီး ဒီ အိမ်တွေက ၉ပေပတ်လည် နှစ်ခန်းပါရှိ ပါတယ်။ ကျန်တဲ့ အိမ်သုံးလုံးကတော့ စစ်ဘေးရှောင် ပြည်သူအတွက် ဖြစ်ပါတယ်”ဟု တာဝန် ယူ ဆောက်လုပ်ပေးနေ သည့် ကေဇင်ဆောက်လုပ်ရေးကုမ္ပဏီနှင့် နီးစပ်သူ တစ်ဦးက ပြောကြား သည်။

အဆိုပါ ၉ပေပတ်လည်နှစ်ခန်းပါပြီး မြေအကျယ် ပေ၄၀ ပေ၆၀ တကွက်အား တန်ဖိုးအနေဖြင့် ၈သိန်း သတ်မှတ် ထားပြီး ယခင်နေထိုင်ခဲ့သည့် အရပ်ဒေသသို့ မပြန်ချင်သည့် စစ်ဘေးရှောင်ပြည်သူများအား အခမဲ့ပေးနေသွားမည်ဖြစ်ကြောင်း သိရပြီး အစိုးရဝန်ထမ်းများအတွက် သတ် မှတ်ဈေး ၈သိန်းအား အရစ်ကျစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဆောက်လုပ်ပေးရာတွင် အစိုးရဝန်ထမ်းများအတွက်လည်း အရစ်ကျစနစ်ဖြင့် ရောင်းချ သွားရန်လည်း စီစဉ်ထားကြောင်း ဒေါ်ဘောက် ဂျာ၏ ပြောကြားချက်အရ သိရသည်။

ယခုလက်ရှိအချိန်တွင် ပြီးခဲ့သည့် ၂၀၁၁ခုနှစ် ၆လပိုင်း ၁၅ရက်နေ့မှ ၂၀၁၃ခုနှစ် ၅လပိုင်း ၂၇ရက်နေ့အထိ ကချင်ပြည်နယ်အတွင်း စစ်ဘေး ရှောင်ဒေသခံများစာရင်းအရ ၃၈၅၄၀ရှိကြောင်း လူမှုရေးဝန်ကြီးဌာန၏ မှတ်တမ်းများအရ သိရပြီး အဆိုပါ ကျေးလက်အိမ်ရာ တည်ဆောက် ရေးလုပ်ငန်းအား ယခုနှစ် ၂လပိုင်း ၁ရက်နေ့မှစတင်ဆောက်လုပ်ရာ ပြီးစီးသတ်မှတ်ရက်အဖြစ် ၃လပိုင်း ၃၁ရက်နေ့ သတ်မှတ်ထားသော် လည်း ၆လပိုင်းလဆန်းအထိ အိမ်ခြေအလုံးရေ ၂၀၀ခန့်သာ ပြီးစီးလျက် ရှိကြောင်း အထက်ပါပုဂ္ဂိုလ်၏ ထပ်မံပြောကြားချက်အရ သိရသည်။

မြန်မာ့ခေတ်
ကချင်ပြည်နယ်ရှိ ယခင်နေထိုင်ခဲ့သည့်ဒေသသို့ မပြန်ချင်သည့် စစ်ဘေးရှောင်ပြည်သူများအတွက် ဝိုင်းမော်မြို့နယ်ရှိ ပ.လ.န (၄)ကျေးရွာ အုပ်စုအတွင်းရှိ ရွာသစ်ကျေးရွာ၌ အိမ်ခြေအလုံးရေ ၂၀၃လုံးခန့် အား ဖေဖော်ဝါရီလပိုင်းမှစတင်၍ ဆောက်လုပ်ပေးလျက်ရှိကြောင်း ကချင် ပြည်နယ် လူမှုရေးဝန်ကြီးဌာန ဝန်ကြီး ဒေါ်ဘောက်ဂျာ၏ ပြောကြားချက်အရ သိရသည်။

ကေအိုင်အေ (ကချင်) အဖွဲ့မှ လူနေအိမ် အတွင်း မိုင်းထောင်

Photo: ကေအိုင်အေ (ကချင်) အဖွဲ့မှ လူနေအိမ် အတွင်း မိုင်းထောင်
Wednesday, June 5, 2013

၂၀၁၃ခုနှစ်၊ ဇွန်လ ၃ရက် ည(၁၁)နာရီ အချိန့်ခန့်တွင် ၀ါရှောင်မြို့ ရပ်ကွက် (၅)နေ ဦးလူထန်း၊ (ဇနီး) ဒေါ်ဂွယ် ဂလောင် တို့၏ နေအိမ်သို့ ကေအိုင်အေ (ကချင်)အဖွဲ့မှ အင်အား (၄)ဦးခန့်သည် လက်နက်ငယ် ကိုယ်စီဖြင့် ရောက်ရှိလာပြီး အိမ်တံခါးအား ခေါက်ရာ အိမ်ရှင်ဖြစ်သူ ဒေါ်ဂွယ်ဂလောင်မှ “သူခိုး၊ သူခိုး” ဟု အော်သဖြင့် ကေအိုင်အေ တစ်ဦးမှ “ မအော်နဲ့ နင်တို့ တစ်အိမ်လုံး မိုင်းထောင်ပစ်မယ် ”ဟု ပြောဆိုခဲ့ပြီး ည(၁၁) နာရီ (၃၀)မိနစ် အချိန်ခန့် တွင် ပြန်လည် ထွက်ခွာသွားခဲ့သည်။

၂၀၁၃ခုနှစ်၊ ဇွန်လ ၄ရက် နံနက်(၆)နာရီ အချိန်ခန့်တွင် အိမ်ရှင်များမှ ကုန်စုံဆိုင်အတွင်း စစ်ဆေးရာ ဆိုင်အတွင်းရှိ ပစ္စည်းများ သိမ်းဆည်းသည့် စက္ကူဖာ အတွင်း၌ တရုတ် လက်ပစ်ဗုံးဖြင့် မိုင်းထောင်ခဲ့ကြောင်း သိရှိရသဖြင့် နယ်မြေခံ တပ်မတော်သား အင်ဂျင်နီယာ တပ်ဖွဲ့များမှ သွားရောက် ရှင်းလင်းခဲ့ရာ နံနက် (၇)နာရီ (၃၀)မိနစ် အချိန်ခန့်တွင် မိုင်းအား အသက်မဲ့ ပြု လုပ် နိုင်ခဲ့ကြောင်း သတင်း ရရှိသည်။

မြ၀တီ
၂၀၁၃ခုနှစ်၊ ဇွန်လ ၃ရက် ည(၁၁)နာရီ အချိန့်ခန့်တွင် ၀ါရှောင်မြို့ရပ်ကွက် (၅)နေ ဦးလူထန်း၊ (ဇနီး) ဒေါ်ဂွယ် ဂလောင်တို့၏ နေအိမ်သို့ ကေအိုင်အေ (ကချင်)အဖွဲ့မှ အင်အား (၄)ဦးခန့်သည် လက်နက်ငယ် ကိုယ်စီဖြင့် ရောက်ရှိလာပြီး အိမ်တံခါးအား ခေါက်ရာ အိမ်ရှင်ဖြစ်သူ ဒေါ်ဂွယ်ဂလောင်မှ “သူခိုး၊ သူခိုး” ဟု အော်သဖြင့် ကေအိုင်အေ တစ်ဦးမှ “ မအော်နဲ့ နင်တို့ တစ်အိမ်လုံး မိုင်းထောင်ပစ်မယ် ”ဟု ပြောဆိုခဲ့ပြီး ည(၁၁) နာရီ (၃၀)မိနစ် အချိန်ခန့် တွင် ပြန်လည် ထွက်ခွာသွားခဲ့သည်။

မလေး ရှား တွင် မြန်မာ များ ကို အဖမ်း အဆီးကြမ်း

Photo: မလေးရှားတွင် မြန်မာများကို အဖမ်းအဆီးကြမ်း
Wednesday, June 5, 2013 

မလေးရှားတွင် မြန်မာနိုင်ငံသားများ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး ယမန်နေ့တွင် မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာနက မြန်မာနိုင်ငံဆိုင်ရာ မလေးရှား သံအမတ်ကြီးကို သတိပေးပြီးနောက် ကွာလာလမ်ပူမြို့တွင်
 မြန်မာများကို ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ရက်သတ္တ တပတ်အတွင်း အမည်မသိ လူအုပ်စု၏ တိုက်ခိုက်ခံ
ရမှုကြောင့် မြန်မာနိုင်ငံသား ၃ ဦးထက် မနည်း သေဆုံး၍ ၁၀ ဦးကျော် ဒဏ်ရာ ရရှိခဲ့သည်။

မလေးရှားတွင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသားများ တိုက်ခိုက်
ခံရပြီး ထိခိုက်ဒဏ်ရာ ရရှိခြင်း၊ အသက်ဆုံးရှုံးခြင်း၊ ပစ္စည်းဥစ္စာ ဆုံရှုံးခြင်းတို့ ဖြစ်ပွားမှုအတွက် မလေးရှား သံအမတ်ကြီး မစ္စတာ 
အာမတ်ဖိုင် ဆဲလ်ဘင် မိုဟာမက်အား နိုင်ငံခြားရေး ဒု ၀န်ကြီး ဦးဇင်ယော်က ပြစ်မှုကျူးလွန်သူများကို ချက်ချင်း စုံစမ်းဖော်ထုတ်ပြီး အရေးယူပေးရန်၊ ထိုဖြစ်ရပ်များ ထပ်မံမဖြစ်ပွားရန် မလေးရှား အစိုးရက လိုအပ်သည်များကို အရေးယူ ဆောင်ရွက်ပေးရန် စသည်တို့ကို သတိထောက်လွှာ ပေးပို့၍ အကြောင်းကြားခြင်း ဖြစ်သည်။

ယင်းသို့ သတိထောက်လွှာ ပေးပို့ပြီးနောက် ယမန်နေ့ညမှ စတင်ကာ တရားဝင် အလုပ်လုပ်နေသည့်မြန်မာများရော တရားမဝင် အလုပ်လုပ်နေသည့် မြန်မာများကိုပါ ဖမ်းဆီးခြင်း ဖြစ်ကြောင်း 
သိရသည်။

“အခု အော်ပရာစီ (ရှောင်တခင် ပိတ်ဆို့ဖမ်းဆီးမှု) တွေကို မလေး 
ရဲတွေ၊ လ၀ကတွေ၊ ရာလာ (ပြည်သူ့စစ်) တွေပါတဲ့ အဖွဲ့တွေက အထူးစီမံချက်နဲ့ မနေ့ညကရော၊ ဒီတမနက်လုံး မြန်မာမှန်သမျှ အထောက်အထား ရှိရှိ၊ မရှိရှိ အကုန် ဖမ်းတယ်။ အဲဒီနေရာက အမည်းရောင်လို့ ပြောနေကြတဲ့ ဆာလာရမ်းဘက်မှာ အဓိက 
လုပ်တာပါ” ဟု မလေးရှားနိုင်ငံရောက် မြန်မာတဦးဖြစ်သူ 
ဦးဝင်းအောင်က ဧရာဝတီကို ပြောသည်။

ယမန်နေ့ညနှင့် ယနေ့ ဖမ်းဆီးမှုများကြောင့် အနည်းဆုံး မြန်မာ 
၁၀၀ ခန့် အဖမ်းခံရကြောင်း၊ ထိုကဲ့သို့ ရှောင်တခင် ဖမ်းဆီးမှုမျိုး 
ယခင်က ရှိခဲ့သော်လည်း ယခု ဖမ်းဆီးမှုမှာ အပြင်းထန်ဆုံး လူဖမ်းပွဲဖြစ်သည်ဟု ကွာလာလမ်ပူရှိ မျက်မြင် မြန်မာတဦးက
 ပြောသည်။

အမည်မဖော်လိုသူ မြန်မာတဦးကလည်း “လုပ်တာကလည်း လူအုပ်လိုက်၊ လုပ်တာလည်း တပုံစံတည်း၊ လုပ်သွားတဲ့ လူတွေကို ဖမ်းရမယ့်အစား သူတို့က မြန်မာမြင်တိုင်း အကုန် ဖမ်းတော့တာပဲ” ဟု ဆိုသည်။

မလေးရှားတွင် လာရောက်နေထိုင် အလုပ်လုပ်နေကြသော ရခိုင်နှင့်
 မြန်မာများ ယခင်က တိုက်ခိုက်မှု အကြိမ်ကြိမ် ခံခဲ့ရသော်လည်း မလေးရှား သတင်းမီဒီယာ တော်တော်များများက မဖော်ပြခဲ့ကြကြောင်းလည်း သူက ဆက်ပြောသည်။

“မနှစ်က ရခိုင်ကိစ္စဖြစ်ပြီး နောက်ပိုင်း ဒီကရခိုင်တွေ၊ မြန်မာတွေဆက်တိုက် တိုက်ခိုက် ခံလာခဲ့ရတာ၊ မြန်မာသံရုံးကလည်း လုံးဝ အားမကိုးရဘူး” ဟု သူက ဆိုသည်။

ဒုတိယ ရဲမင်းကြီး Amar Singh Ishar Singh ကို ကိုးကား၍ Reuters သတင်းဌာနက ဖော်ပြရာ၌ မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာဝင်နှင့် မွတ်စလင်များ
 ဖြစ်ပွားမှု ဂယက်က ကွာလာလမ်ပူကို ရိုက်ခတ်ခြင်း ဖြစ်နိုင်ကြောင်း၊ တင်းမာမှုများကို ထိန်းချုပ်ရန် မြန်မာ ၆၀ ခန့်ကို ဖမ်းဆီးထားကြောင်း
 ရေးသားထားသည်။

မလေးရှားနိုင်ငံတွင် တရားဝင် လာရောက် အလုပ်လုပ်ကိုင်သူ မြန်မာ ၃ သိန်းခန့်ရှိပြီး တရားမ၀င် အလုပ်လုပ်နေသူ မြန်မာ ၁ သိန်းခန့်ရှိကြောင်း၊ ထို့အပြင် နိုင်ငံရေးခိုလှုံခွင့်နှင့် ဒုက္ခသည်အဖြစ် ရရှိရန် ရောက်လာသူ ရာနှင့်ချီ၍လည်းရှိကြောင်း သိရသည်။

ဧရာဝတီ
မလေးရှားတွင် မြန်မာနိုင်ငံသားများ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး ယမန်နေ့တွင် မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာနက မြန်မာနိုင်ငံဆိုင်ရာ မလေးရှား သံအမတ်ကြီးကို သတိပေးပြီးနောက် ကွာလာလမ်ပူမြို့ တွင် မြန်မာများကို ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

မန္တလေးမြို့တွင် စွန့်ပစ်အမှိုက်မှ လျှပ်စစ်ဓါတ်အားထုတ်လုပ်ရန် တင်ဒါခေါ်

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ စည်ပင်နယ်နိမိတ်အတွင်းရှိ မြို့နယ် ခြောက်မြို့နယ် မှ နေ့စဉ်ထွက်ရှိနေသော စွန့်ပစ်အမှိုက်များအား လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရန်အတွက် အကျိုးတူ ပူးပေါင်းလိုသော ကုမ္ပဏီများ အိတ်ဖွင့်တင်ဒါတင်သွင်းနိုင်ပြီဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီမှ အမည်မဖေါ်လိုသူ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

ငြိမ်း ချမ်းရေးဆွေးနွေး မှု များတွင် အရပ်ဘက် အဖွဲ့အစည်း များလည်း ပါဝင်မည်

Photo: ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် အရပ်ဘက်အဖွဲ့အစည်းများလည်း ပါဝင်မည်

ဇွန်လ ၅ ရက် ၂၀၁၃ 

ပြည်တွင်းတွင် ဆောင်ရွက်နေသော ငြိမ်းချမ်းရေးဆွေးနွေးမှုများကို အရပ်ဘက်အဖွဲ့စည်းများ ပါဝင်ဆွေးနွေးမည်
ဖြစ်သည့် အပြင် ယင်းအဖွဲ့အစည်းများမှ နိုင်ငံတကာရှိ သံတမန်များနှင့်လည်း တွေ့ဆုံသွားမည် ဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဆွေးနွေးမှုများအတွက် နိုင်ငံတကာမှ ကူညီထောက်ပံ့ပေးသော ငွေကြေးများကို
မြန်မာ့ငြိမ်းချမ်းရေးစင်တာ (MPC) သို့ အဓိကဝင်ရောက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုများ၊ ဒုက္ခသည်စခန်းများအတွက် ကူညီထောက်ပံ့မှုများတွင် ထိရောက်သောကူညီမှုများ မရှိသောကြောင့် အရပ်ဘက်အဖွဲ့အစည်းများ ပါဝင်နိုင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ကိုဆွေးနွေးရန်အတွက် ပြုလုပ်ရခြင်းဖြစ်ကြောင်း ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ အဖွဲ့ဝင် ဒေါ်မေစံပယ်ဖြူက ပြောသည်။

''ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ လုပ်ဖို့အတွက် လူသားချင်းစာနာထောက်ထားတဲ့ EU, UK, US, UN တို့က ဒုက္ခသည် စခန်းတွေကိုပေးတဲ့ ကူညီထောက်ပံ့မှုတွေက ဘာကြောင့် ထိရောက်မှုမရှိတာလဲ။ နောက်ပြီး MPC က အစိုးရ အဖွဲ့အစည်းကို ကိုယ်စားပြုတာမဟုတ်ပေမယ့် ဥက္ကဋ္ဌက ဦးအောင်မင်း ဖြစ်နေတဲ့အတွက် Power Balance မျှတမှု ရှိပါ့မလားဆိုတဲ့
မေးခွန်းတွေရှိနေတယ်'' ဟုလည်း ဒေါ်မေစံပယ်ဖြူ က ဆိုသည်။

အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် နိုင်ငံတကာ သံတမန်များ ဆွေးနွေးမှုကိုမူ ဇွန်လ ၇ ရက် Central Hotel တွင် ပြုလုပ်သွားမည်ဖြစ်သည်ဟု အရပ်ဘက် လူ့အဖွဲ့အစည်းများက ပြောကြားသည်။

ငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်ငန်းစဉ်များတွင် အရပ်ဘက်အဖွဲ့အစည်းများ ပါဝင်လာမှုနှင့် ပတ်သက်၍လည်း မြန်မာ့
ငြိမ်းချမ်းရေးစင်တာ (MPC)မှ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလှမောင်ရွှေက ''ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ အရပ်ဘက် အဖွဲ့အစည်းတွေ ပါဝင်သင့်ပါတယ်။ ကျွန်တော့်အနေနဲ့ လုံးဝထောက်ခံပါတယ်။ MPC အနေနဲ့ ဖိတ်ခေါ်တယ်။ ပိတ်ပင်မထားပါဘူး။ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုတွေပြုလုပ်မယ့် ပထမဆုံးအဆင့်မှာ အတိမ်းအစောင်းမခံဘူး။ အရမ်းဂရုစိုက်ရပါတယ်။ ဒါကြောင့် အရပ်ဘက်အဖွဲ့စည်းတွေ ပါလာရင်ကောင်းတယ်။ အချိန်ကာလတစ်ခုတော့ စောင့်ရဦးမှာပါ'' ဟု ဆိုသည်။

အရပ်ဘက် လူ့အဖွဲ့အစည်းများမှ မြန်မာနိုင်ငံ သံရုံးများရှိ နိုင်ငံတကာ သံတမန် ၇ဝ ခန့် နှင့် တွေ့ဆုံ ဆွေးနွေးမည်
ဖြစ်ကာ အဖွဲ့အစည်း ၁၈ ဖွဲ့ပါဝင်မည် ဖြစ်သည်။

Mizzima
ပြည်တွင်းတွင် ဆောင်ရွက်နေသော ငြိမ်းချမ်းရေးဆွေးနွေးမှုများကို အရပ်ဘက်အဖွဲ့စည်းများ ပါဝင်ဆွေးနွေး မည်ဖြစ်သည့်အပြင် ယင်းအဖွဲ့အစည်းများမှ နိုင်ငံတကာရှိ သံတမန်များနှင့်လည်း တွေ့ဆုံ သွား မည် ဖြစ်သည်။

မန်းတွင်ကောလာဟလလုပ်ဆောင်သူများကိုစုံစမ်းနေ ၄င်းတို့ကိုတရားစွဲဆိုသွားမည်ဟုဆို

Photo: မန်းတွင်ကောလာဟလလုပ်ဆောင်သူများကိုစုံစမ်းနေ
၎င်းတို့ကိုတရားစွဲဆိုသွားမည်ဟုဆို
Wednesday, June 5, 2013

မန်း၃၅၊၃၆လမ်းရှိအထက(၃)စာသင်ကျောင်းအားယနေ့နံနက်၁၀
နာရီအချိန့်ခန့်ကလူတစ်စုမှအော်ဟစ်သွားသဖြင့်ရုတ်ရုတ်ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ကျောင်းသားတွေတချို့ကိုသာမိဘတွေအိမ်ပြန်ခေါ်သွားတာ
တချို့ကျောင်းထဲမှာပဲရှိပါသေးတယ် ဟုအဆိုပါကျောင်းအနီး ရပ်ကွက်တွင်နေထိုင်သူ အမျိုးသမီးတစ်ဦးကပြောသည်။

လက်ရှိတွင်မြို့နယ်ရဲမှူး၊ခရိုင်ရဲမှူးသက်ဆိုင်ရာစခန်းမှူးများ
မှာကောလဟာလဖြစ်ပွားခဲ့သောနေရာများကို လိုက်လံ ကြည့်ရှူခြင်း ပြုလုပ်နေ သည်ဟုမန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှရဲမှူးကြီးဦးစိုးငြိမ်းကပြောသည်။

မနက်ကဆိုင်ကယ်၃၊၄စိးနဲ့လူ၎၊၅ယောက်ကအော်သွားတာဘာမှမဖြစ်ပါဘူး၊စုံစမ်းနေတယ်မိလို့သေချာရင်တရားစွဲဆိုသွားမှာပါဟု၎င်းကပြောသည်။ ကောလဟလများမဖြစ်ရန်အတွက်ရပ်ကွက်အသီးသီးရှိကော်မတီအသီးသီးနှင့် ပူပေါင်းကာထိန်းသိမ်းမှူများဖြပြုလုပ်ခြင်း၊ပြည်သူများကောလဟာလမယုံ ရန်ပြောခြင်းများပြုလုပ်မည်ဟုရဲမှူးဦးစိုးငြိမ်းကပြောသည်။ 

လက်ရှိတွင်အမှတ် (၃)စာသင်ကျောင်းရှိကျောင်းသား၊ကျောင်းသူ များအေးချမ်းမှူရှိရန် ကျောင်းတံခါးပေါက်နှစ်ခုလုံးအားပိတ်ထားသည်ဟုအဆိုကျောင်းအနီးတွင်နေထိုင်သူများမှပြောသည်။ကောလဟာလကြောင့်မန္တလေးနည်းပညာတက္ကသိုလ်မှကျောင်းသားအချို့အားမိဘများမှဖုန်းဆက်ခေါ်ယူမှူရှိကြောင်းသိရသည်။

စိုင်းလမင်း
မန်း၃၅၊၃၆လမ်းရှိ အထက(၃) စာသင်ကျောင်းအား ယနေ့နံနက် ၁၀ နာရီအချိန့်ခန့်က လူတစ်စု မှအော်ဟစ် သွားသဖြင့်ရုတ်ရုတ်ဖြစ်ပွားခဲ့ကြောင်းသိရသည်။

မြန်မာ၊အင်ဒိုနီးရှား၊ ဖိလပ်ပိုင်နှင့် ကမ္ဘောဒီးယားတို့ အာဆီယံဒေသတွင်း လွတ်လပ်စွာသွားလာခွင့်ဗီဇာ သဘာတူညီမှုရရှိ

မြန်မာ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့ အာဆီယံဒေသတွင်း လွတ်လပ်စွာ သွားလာခွင့် ဗီဇာ သဘာတူညီမှုကို ယနေ့ နေပြည်တော်တွင် ကျင်းပလျှက်ရှိသော အရှေ့အာရှ ကမ္ဘာ့စီးပွားရေးဖိုရမ် တွင် လတ်မှတ်ရေးထိုး ခဲ့သည်။

အရေးပေါ်နှင့် မီးဖွားလူနာ ဆေးဝါးထောက်ပံ့စရိတ် ယခုနှစ် တစ်ဆခွဲခန့် တိုးမည်

Photo: အရေးပေါ်နှင့် မီးဖွားလူနာ ဆေးဝါးထောက်ပံ့စရိတ် ယခုနှစ် တစ်ဆခွဲခန့် တိုးမည်
Wednesday, June 5, 2013

နိုင်ငံတစ်ဝန်း ပြည်သူ့ဆေးရုံတိုင်းရှိ အရေးပေါ်နှင့် မီးဖွားလူနာများကို သီးသန့် ဆေးဝါးထောက်ပံ့မှုများ ယခု ဘဏ္ဍာနှစ်အတွက် ဆက်လက် ပံ့ပိုး သွားရန် စီစဉ်နေသည့်အပြင် ဆေးဝါးဝယ်ယူစရိတ် တစ်ဆခွဲခန့် တိုးမြှင့်ပေးရန်ရှိကြောင်း ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာမင်းသန်းညွန့် က The Voice သို့ ပြောကြားသည်။

သက်ဆိုင်ရာ ဆေးရုံအုပ်များနှင့် အသုံးစရိတ် ခွဲဝေရေး အစည်းအဝေးကို ယခုလအတွင်း ပြုလုပ်သွားမည်ဖြစ်ပြီး လာမည့် စက်တင်ဘာလခန့်တွင် အဆိုပါ ဆေးဝါးများ စတင်ရရှိမည်ဟု ခန့်မှန်းကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။

“ဆေးရုံမှာ ဆေးတွေကတော့ အခုထိ ရှိနေသေးတယ်။ အဲဒီလောက်ထိ ကြာမှာတော့ မဟုတ်ပါဘူး”ဟုရန်ကုန်ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ် ကြီး ဒေါက်တာကျော်ကျော်က The Voice သို့ ပြောဆိုသည်။

လက်ရှိ ဦးစားပေးထားသော လူနာသုံးမျိုးတွင် အရေးပေါ်လူနာ၊ အရေးပေါ် ခွဲစိတ်လူနာနှင့် မီးဖွားလူနာတို့ ပါဝင်ပြီး ၎င်းတို့ထဲမှ ၉၀ ရာခိုင်နှုန်းကျော် သည် ဆေးဝါး အခမဲ့နီးပါး ရရှိကြကြောင်း ဒေါက်တာ မင်းသန်းညွန့် ၏ ပြောကြားချက်အရ သိရသည်။

သို့သော် လက်ရှိ ဆေးဝါးထောက်ပံ့မှုစနစ်တွင် အရေးပေါ်လူနာတိုင်း အတွက် ဆေးဝါးကုန်ကျစရိတ်များ ကျန်ရှိနေသေးကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး လူနာရှင် အသိုင်းအဝိုင်းထံမှ သိရသည်။

“ဆေးအမျိုးအစားပေါ် ရောဂါ အမျိုးအစားပေါ် မူတည်လိမ့်မယ်။ ပုံမှန် ကတော့ လူနာတစ်ယောက် မရှိမဖြစ်၊ မသုံးမဖြစ် ဆေးတွေပဲ သုံးတာပါ” ဟု ဒေါက်တာ မင်းသန်းညွန့်က ဆိုသည်။

နိုင်ငံတော်အစိုးရက ကျန်းမာရေးဝန်ကြီးဌာန အသုံးစရိတ်များအတွက် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ငွေကျပ် သန်းပေါင်း ၃၆၇,၉၇၀ ဒသမ ၃၇၅ သန်း တိုးမြှင့်ပေးခဲ့ရာမှ ကျပ်သန်း ၁၅၄,၄၃၅ ဒသမ ၀၉၃ ကို ဆေးနှင့်ဆေး ပစ္စည်းများ ဝယ်ယူရေး၊ ကျန်းမာရေးဝန်ထမ်းများခန့်ထားရေးနှင့်ဆေးရုံပြန် လည် ပြင်ဆင်ရေးအတွက် ချပေးခဲ့သည်။

The Voice Weekly 
 နိုင်ငံတစ်ဝန်း ပြည်သူ့ဆေးရုံတိုင်းရှိ အရေးပေါ်နှင့် မီးဖွားလူနာများကို သီးသန့် ဆေးဝါးထောက်ပံ့မှုများ ယခု ဘဏ္ဍာနှစ်အတွက် ဆက်လက် ပံ့ပိုး သွားရန် စီစဉ်နေသည့်အပြင် ဆေးဝါးဝယ်ယူစရိတ် တစ်ဆခွဲခန့် တိုးမြှင့်ပေးရန်ရှိကြောင်း ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာမင်းသန်းညွန့် က The Voice သို့ ပြောကြားသည်။

ကိုက်လန်၏ ကျန်းမာရေး အကျိုးကျေးဇူး ၁၀ ရပ်

Photo: ကိုက်လန်၏ ကျန်းမာရေး အကျိုးကျေးဇူး ၁၀ ရပ်
Wednesday, June 5, 2013

ကိုက်လန်ကို အစိမ်းရောင် ဟင်းရွက်တို့ရဲ့ ဘုရင်မလို့ တင်စားတတ်ကြသလို အာဟာရ စုပေါင်းရာ အိမ်တစ်လုံးလို့လည်း ခေါ်ဆိုတတ်ကြပါတယ်။ သင်စားတဲ့ အစားအသောက်ထဲကို ကိုက်လန် ထည့်စားပေးမယ်ဆိုရင် အောက်ပါ အကျိုးကျေးဇူး ၁၀ မျိုးကို ရရှိပါလိမ့်မယ်။
(1) အစာခြေလမ်းကြောင်းစနစ်ကို ကျန်းမာစေပါတယ်
ကိုက်လန်မှာ ကယ်လိုရီ ပါဝင်မှု နည်းပါးပြီး အဆီဓာတ်လည်း လုံးဝမပါပါဘူး။ အမျှင်ဓာတ် များစွာ ပါဝင်ပါတယ်။ ကိုက်လန်တစ်ခွက်မှာ ၃၆ ကယ်လိုရီနဲ့ အမျှင်ဓာတ် ငါးဂရမ်တို့ ပါဝင်ပါတယ်။

(2) အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်
ကိုက်လန်မှာ သံဓာတ်များစွာ ပါဝင်ပါတယ်။ ကယ်လိုရီတူတဲ့ ကိုက်လန်နဲ့ အမဲသားတို့ကို နှိုင်းယှဉ်ကြည့်ရာ ကိုက်လန်မှာ သံဓာတ် ပိုမိုပါဝင်တာကို တွေ့ရပါတယ်။ သံဓာတ်ဟာ ဟေမိုဂလိုဘင်နဲ့ အင်ဇိုင်း ဖြစ်ပေါ်စေတာ၊ ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီးကို အောက်ဆီဂျင် ပို့ပေးတာ၊ ဆဲလ်ကြီးထွားတာ၊ အသည်းရဲ့ လုပ်ငန်းဆောင်တာကို ကောင်းမွန်စေတာ စတဲ့ အာနိသင်တွေ ရရှိစေပြီး အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

(3) ဗီတာမင်ကေ များစွာ ပါဝင်ပါတယ် ကိုက်လန်မှာ များစွာ ပါဝင်တဲ့ ဗီတာမင်ကေဟာ ကင်ဆာရောဂါ အမျိုးမျိုးကို ကာကွယ်ပေးနိုင်ပါတယ်။ အရိုးကျန်းမာရေးကို ကောင်းစေတဲ့ အပြင် သွေးခဲတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ အယ်လ်ဇိုင်းမားရောဂါ ခံစားနေရသူတွေကို သက်သာအောင် ဗီတာမင်ကေနဲ့ ကုသနိုင်ပါတယ်။

(4) ကင်ဆာအမျိုးမျိုးကို ကာကွယ်ပေးပါတယ် ကိုက်လန်မှာ ကာရိုတီးနွိုက်နဲ့ ဖလေဗိုးနွိုက်တို့လို အင်တီအောက်ဆီးဒင့်များစွာ ပါဝင်ပါတယ်။ ဒီအင်တီအောက်ဆီးဒင့်တွေက ကင်ဆာရောဂါ အမျိုးမျိုးကို မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(5) ရောင်ရမ်းမှုကို လျော့ကျစေပါတယ် ကိုက်လန်ဟာ ရောင်ရမ်း မှု လျော့ကျစေတဲ့ အစာတစ်မျိုးပါ။ ကိုက်လန်တစ်ခွက်စာ ပမာဏမှာ တစ်နေ့တာ မှီဝဲသင့်တဲ့ အိုမီဂါ ၃ ဖက်တီး အက်စစ်ပမာဏ ၁၀ ရာခိုင်နှုန်းခန့် ပါဝင်တာကြောင့် ရိုးဆစ်ရောင်ရမ်းနာ၊ ပန်းနာရင်ကျပ်ရောဂါနဲ့ Autoimmune Disorder တို့ကို တွန်းလှန်ပေးနိုင်စွမ်း ရှိပါတယ်။

(6) နှလုံးသွေးကြောကို ကျန်းမာစေပါတယ် ကိုက်လန်မှာ နှလုံးသွေးကြော စနစ်ကို ကျန်းမာစေတဲ့ အစွမ်းရှိပါတယ်။ ကိုက်လန်ကို များများ စားပေးရင် သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေနိုင် ပါတယ်

(7) အမြင်အာရုံကို ကောင်းမွန်စေပါတယ် ကိုက်လန်မှာ ဗီတာမင်အေ များစွာပါဝင်တာကြောင့် အမြင်အာရုံကို ကောင်းမွန်စေတဲ့အပြင် အဆုတ်နဲ့ ခံတွင်းကင်ဆာတို့ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

(8) ကိုယ်ခံစွမ်းအား စနစ်ကို ကောင်းမွန်စေပါတယ် ကိုက်လန်မှာ ဗီတာမင်စီ ပမာဏများစွာ ပါဝင်တာကြောင့် ကိုယ်ခံစွမ်းအားစနစ်၊ ဇီဝရုပ်ဖြစ်ပျက် မှုနဲ့ ရေဓာတ်ပြည့်ဝမှုတို့ကို အားပေးထောက်ပံ့နိုင်စွမ်း ရှိပါတယ်။

(9) အရိုး၊ အဆစ် ကျန်းမာစေပါတယ် ကိုက်လန်မှာ ကယ်လ်စီယမ် ပမာဏများစွာ ပါဝင်ပါတယ်။ ကယ်လိုရီ ပမာဏတူတဲ့ နွားနို့နဲ့ ယှဉ်ရင် ကိုက်လန်မှာ ကယ်လ်စီယမ် ပိုမို ပါဝင်တာကြောင့် အရိုးထုထည် ဆုံးရှုံးမှု မဖြစ်အောင်နဲ့ အရိုးပါးရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ ဒါ့အပြင် ကိုက်လန်မှာပါတဲ့ ဗီတာမင်စီဟာ အရိုးနုနဲ့ အဆစ်တွေ သန်စွမ်းပျော့ပျောင်းအောင် ကူညီနိုင်ပါတယ်။

(10) ကိုယ်တွင်းအဆိပ်တွေကို ကင်းစင်စေပါတယ် ကိုက်လန်ကို အဆိပ်ဖယ်ရှားပေးနိုင်တဲ့ အစာလို့ တင်စားခေါ်ဝေါ်ကြပါတယ်။ ကိုက်လန်မှာ အမျှင်ဓာတ်နဲ့ ဆာလဖာတို့ အပြည့်အဝ ပါဝင်နေတာကြောင့် ကိုယ်ခန္ဓာတွင်း ရှိ အဆိပ်တွေကို ကင်းစင်စေပြီး အသည်းကို ကျန်းမာစေပါတယ်။

ကြယ်စင်
Good Health
ကိုက်လန်ကို အစိမ်းရောင် ဟင်းရွက်တို့ရဲ့ ဘုရင်မလို့ တင်စားတတ်ကြသလို အာဟာရ စုပေါင်းရာ အိမ်တစ်လုံးလို့လည်း ခေါ်ဆိုတတ်ကြပါတယ်။ သင်စားတဲ့ အစားအသောက်ထဲကို ကိုက်လန် ထည့် စားပေးမယ် ဆိုရင် အောက်ပါ အကျိုးကျေးဇူး ၁၀ မျိုးကို ရရှိပါလိမ့်မယ်။

အကူအညီပေးတဲ့ ပစ္စည်းတွေ အကုန်လုံး ဒုက္ခသည်တွေဆီကို ရောက်ရဲ့ လားဆိုတာ စဉ်းစားရမယ့် ကိစ္စရပ်တစ်ခုပါ

Photo: အကူအညီပေးတဲ့ ပစ္စည်းတွေ အကုန်လုံး ဒုက္ခသည်တွေဆီကို ရောက်ရဲ့ လားဆိုတာ စဉ်းစားရမယ့် ကိစ္စရပ်တစ်ခုပါ
Wednesday, June 5, 2013

ကချင်ဒေသမှ ဒုက္ခသည်များအရေး ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးမှူး
Mr. Ashok Nigam နှင့် တွေ့ဆုံခြင်း။
ပထမဆုံးအနေနဲ့ အစိုးရနဲ့ KIO က မေ ၃ဝ ရက်နေ့ ဆွေးနွေးပွဲကနေ သဘော တူညီချက် ၇ ချက်ကို ရေးထိုးနိုင်တဲ့ အပေါ် UN က ဘာပြောလိုပါသလဲ။

ဒီအချက် ၇ ချက်က အင်မတန် အပြုသဘောဆောင်တဲ့ ခြေလှမ်းဖြစ်ပါ တယ်။ ကျွန်တော်တို့ ကြိုဆိုပါတယ်။

ဒီ ၇ ချက်ထဲမှာ IDP (ပြည်တွင်း၌ ရွှေ့ ပြောင်းသွားလာသည့် ဒုက္ခသည်)တွေနဲ့ ပတ်သက်ပြီး ထူထောင်ရေးအပိုင်းတွေ ကို နှစ်ဖက် ဆက်လက်ဆောင်ရွက်သွားဖို့ ဆိုပြီး ပါပါတယ်။ အဲဒီလို လုပ်တဲ့အခါ UN ကရော ဘယ်လိုကူညီမှုတွေ ဆက်လက်လုပ်ဖို့ရှိပါမလဲ။

UN အနေနဲ့အကူအညီလိုအပ်တဲ့ သူအားလုံးကို ကူညီပေးဖို့ အမြဲအသင့် ရှိပါတယ်။ တွဲဖက်အဖွဲ့အစည်းတွေ ဖြစ်တဲ့ INGO တွေနဲ့ တောက်လျှောက် လုပ်လာခဲ့တယ်။ သူတို့နဲ့အတူ လုပ်ခဲ့တော့ အစိုးရထိန်းချုပ်နယ်မြေမှာ ဘာတွေလိုအပ်တယ်ဆိုတာ သိရပြီ။ စစ်တမ်းယူပြီးပြီ။ တစ်ခုကဘာလဲဆို တော့ အစိုးရထိန်းချုပ်နယ်မြေ မဟုတ်တဲ့နေရာမှာ ဘာတွေ လိုအပ်တယ်ဆိုတာ အတိအကျ သိဖို့လိုအပ်တယ်။

လက်ရှိမှာ UN က ကချင်ဒုက္ခသည်တွေ ကို ဘယ်လို ကူညီပေးနေလဲ။
ပဋိပက္ခစဖြစ်တဲ့ ၂ဝ၁၁ ခုနှစ်က တည်းက ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် တောင်ပိုင်းက ဒုက္ခသည်တွေအတွက် ဘက်မလိုက်ဘဲ လူသားချင်းဆိုင်ရာ ကူညီမှုတွေ လုပ်ခဲ့ပါတယ်။ UN က ဒုက္ခသည် လေးသောင်းကျော်ကို ကူညီ နိုင်ခဲ့တယ်။ မိတ်ဖက်အဖွဲ့အစည်းတွေ ကလည်း လူသားချင်းစာနာမှုဆိုင်ရာ ကျင့်ဝတ်တွေနဲ့အညီ ကူညီမှုတွေ ဆက် လက်ပေးဖို့ သဘောတူညီခဲ့ကြပါတယ်။

လက်ရှိမှာဒုက္ခသည်တွေအတွက်စားရေ ရိက္ခာ၊ စောင်၊ ဆေးဝါးတွေလည်း မလုံလောက်ဘူးလို့ သိရပါတယ်။ ကချင်ဒုက္ခသည်များရဲ့ လက်ရှိအခြေ အနေကို ပြောပြပေးစေ လိုပါတယ်။

ဒုက္ခသည်တွေဟာ ကမ့်တွေမှာ ခိုလှုံနေရတာ ကာလရှည်ကြာလာပါပြီ။ တချို့ဆို လပေါင်း ၂ဝ ကျော်လာပြီဆို တော့ သူတို့ရဲ့ အခြေခံလိုအပ်ချက်တွေ ကို ပြန်လည်သုံးသပ်ပြီး ပြင်ဆင်ဖြည့် ဆည်းပေးဖို့ လိုအပ်လာပါတယ်။ ပြီးခဲ့ တဲ့နှစ်က ကချင်အပါအဝင် ဒုက္ခသည် စခန်း ၈၄ ခုမှာ လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီတွေ ပေးခဲ့တယ်။

အစိုးရထိန်းချုပ်နယ်မြေမှာရှိတဲ့ ဒုက္ခ သည်တွေကို အသက်မွေးဝမ်းကျောင်း ဆိုင်ရာထောက်ပံ့မှုတွေ လုပ်ဆောင်ပေး ခဲ့တယ်။
မူလတန်းကလေးတစ်သောင်း လေးထောင်နီးပါးကိုလည်း သင်ကြား ရေးပစ္စည်းတွေ ထောက်ပံ့နိုင်ခဲ့ပါ တယ်။ ဒါ့အပြင် ဒုက္ခသည်တွေကို စားနပ်ရိက္ခာ မက်ထရစ်တန် ၆၅ဝဝ ထောက်ပံ့နိုင်ခဲ့ပြီး အသက်ငါးနှစ် အောက်ကလေး နှစ်ထောင်ကျော်ကို အာဟာရ ထောက်ပံ့မှုပေးနိုင်ခဲ့တယ်။

ပြီးခဲ့တဲ့နှစ်ကတည်းက ကချင် ပြည်နယ်မှာ ကျန်းမာရေးစောင့်ရှောက် မှုတွေ၊ ဆေးဝါးဖြည့်တင်းမှုတွေ၊ ရောဂါ ဖြစ်ပွားမှုကို ဆန်းစစ်တာတွေ စတာတွေ လုပ်ပေးခဲ့တယ်။ အစိုးရက ကူညီမှု မပေးနိုင်တဲ့နေရာတွေမှာတော့ ဒေသခံ လူမှုအဖွဲ့အစည်းတွေက UN နဲ့ အခြား အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့ငွေနဲ့ ကျန်းမာရေးဆိုင်ရာ အကူအညီတွေ ပြု လုပ်ပေးခဲ့တယ်။ ပြည်တွင်း NGO တွေ ကလည်း စစ်ဘေးသင့်ဧရိယာ အကုန်လုံး မှာလိုအပ်နေတဲ့ ကူညီမှုတွေကို အဘက် ဘက်က ဆောင်ရွက်ပေးလျက်ရှိပါတယ်။

တချို့ မီဒီယာတွေရဲ့ ဖော်ပြချက်တွေအရ သွားရောက်ကူညီပေးမယ့် အဖွဲ့အစည်း တွေကို လမ်းကနေ တားမြစ်မှုတွေ ရှိ နေတယ်လို့ သိရပါတယ်ရှင့်။ တစ်ဖက် မှာလည်း အစိုးရက ၂ဝ၁၂ ခုနှစ်ကုန် က စပြီး NGO တွေ ကချင်ဘက်မှာ ထောက်ပံ့မှုတွေ လွတ်လွတ်လပ်လပ် ဆောင်ရွက်ဖို့ ခွင့်ပြုလိုက်တယ်လို့ ပြော ပါတယ်။ အဲဒီတော့ အခုတားမြစ်နေတာ ဘယ်သူတွေက တားတာလဲဆိုတာ သိချင်ပါတယ်။ 

အစိုးရထိန်းချုပ်ဒေသတွေ အများ စုမှာ ထောက်ပံ့ရေးလုပ်ငန်းက ပုံမှန် လည်ပတ်နေပါတယ်။ အစိုးရထိန်းချုပ် ဒေသမဟုတ်တဲ့ ဒေသတွေမှာတော့ အထောက်အပံ့တွေ ပိုမိုလိုအပ်နေတာ တွေ့ရပါတယ်။ UN ဦးဆောင်တဲ့ အရေးပေါ် ထောက်ပံ့ရေး လုပ်ငန်းစဉ် အရ ၂ဝ၁၂ ခုနှစ် ဇူလိုင်လမှာ စတင် ကတည်းက ဒေသတွင်း အဖွဲ့အစည်း တွေဟာ အထောက်အပံ့ ရယူပြီး ဆောင်ရွက်နိုင်ခဲ့ပါတယ်။ UN ဟာ ဒေသတွင်း အဖွဲ့အစည်းတွေနဲ့ လက် တွဲပြီး ဒီထောက်ပံ့ရေးလုပ်ငန်းစဉ်ကို ဆက်လက် လုပ်ဆောင်နေပါတယ်။ အကူအညီပေးရေး အဖွဲ့အစည်းတွေ ဒုက္ခသည်စခန်းတွေဆီရောက်ဖို့ ဘာတွေ က အဓိကအတားအဆီး ဖြစ်နေပါသလဲ။

အကူအညီပေးတဲ့ ပစ္စည်းတွေ အကုန်လုံးက ဒုက္ခသည်တွေဆီကို ရောက်ရဲ့လားဆိုတာ စဉ်းစားရမယ့် ကိစ္စရပ်တစ်ခုပါ။ မိုးရာသီရောက်ပြီမို့ဒုက္ခသည်တွေရဲ့ ပြန်လည် ထူထောင် ရေးအတွက် အကူအညီတွေ အရေး တကြီး လိုပါတယ်။ အထူးသဖြင့် အစိုး ရ ထိန်းချုပ်နယ်မြေမဟုတ်တဲ့နေရာမှာ ထောက်ပံ့ရေး ပစ္စည်းတွေ ရောက်ဖို့ သိပ်ကို အရေးကြီးပါတယ်။

UN အပါအဝင် တခြားအဖွဲ့အစည်းတွေရဲ့ အထောက်အပံ့အားလုံးက ဒုက္ခ သည်အားလုံးကို လွှမ်းခြုံရောက်ရှိပါသလား။ ဆိုလိုတာက အကူအညီ မရသေးတဲ့ ဒုက္ခသည်စခန်းတွေ ဘယ် လောက်အထိ ရှိနေပါသလဲ။
အစိုးရထိန်းချုပ် နယ်မြေနဲ့ အစိုးရ ထိန်းချုပ်နယ်မြေ မဟုတ်တဲ့ ဒေသနှစ်ခု ကြားမှာ အကူအညီပေးရေး လုပ်ဆောင် မှုတွေက ကွဲပြားခြားနားမှုတွေ ရှိပါ တယ်။ အစိုးရနယ်မြေမဟုတ်တဲ့ ဒေသ က ဒုက္ခသည် ငါးသောင်းကျော်အတွက် အကူအညီတွေ လိုအပ်နေပါတယ်။

အကူအညီမရသေးတဲ့ ဒုက္ခသည်တွေကို UN ကကူညီထောက်ပံ့မှု ဘာတွေဆက်လက် လုပ်ဆောင်သွားမလဲ သိလိုပါတယ်။
ဝေးကွာတဲ့ ခေါင်တဲ့ ဒေသတွင်း လူမှုအဖွဲ့အစည်းတွေတောင် မရောက် နိုင်တဲ့ နယ်စပ်ဒေသက ဒုက္ခသည်စခန်း တွေဟာ အကူအညီကို အကန့်အသတ် နဲ့ ရရှိပါတယ်။ တခြားနေရာတွေကတော့ အဲဒီဒေသတွေထက်စာရင် အကူအညီ ပိုရတယ်။ ကွာဟချက်တွေတော့ ရှိနေ ပါတယ်။ နယ်စပ်ဒေသက ဒုက္ခသည် တွေကတော့ ရေ၊ တစ်ကိုယ်ရေသန့်ရှင်း မှုဆိုင်ရာ ပစ္စည်းတွေ၊ ကျန်းမာရေး ဆိုင်ရာ အကာအကွယ်ပစ္စည်းတွေနဲ့ အခြေခံစောင့်ရှောက်မှုတွေ ရရှိမှုက အခြားစခန်းတွေထက် နည်းပါတယ်။ ကျွန်တော်တို့ကတော့ လိုအပ်တဲ့နေရာ အားလုံးမှာ အကူအညီပေးသွားဖို့ အဆင်သင့်ပါပဲ။

မိုးရာသီနဲ့အတူ နောက်ဆက်တွဲ ဖြစ် ပေါ်လာမယ့် ရောဂါတွေအတွက် ဒုက္ခ သည်စခန်းတွေမှာ UN အနေနဲ့ ဘယ် လို ကျန်းမာရေး ကာကွယ်စောင့်ရှောက် မှုတွေ ပြုလုပ်ဖို့ ရှိပါသလဲ။
ကချင်ဒေသ ကူညီစောင့်ရှောက်ရေး အစီအစဉ် (မတ်လမှ ဒီဇင်ဘာ ၂ဝ၁၃ ခုနှစ်အထိ) အရ ကျန်းမာရေးဆိုင်ရာ အစီအစဉ်ကို ၂ဝ၁၃ ခုနှစ် မတ်လမှာ ပြန်လည် သုံးသပ်တယ်။ ဒီ အစီအစဉ်မှာ ဘာတွေပါမလဲဆိုတော့ ဒုက္ခသည်တွေကို စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုနဲ့ ပညာပေးဖို့ အတွက် လုပ်အားပေးတွေကို သင်တန်း ပေးဖို့၊ ဒေသခံလုပ်အားပေးတွေရဲ့ အရည် အသွေးမြှင့်တင်ဖို့၊ ဆေးနဲ့ အခြားပစ္စည်း တွေ ထောက်ပံ့ပေးနိုင်ဖို့ ရောဂါဖြစ်နေ ရင် စောစီးစွာသိနိုင်ပြီး ကျန်းမာရေး စောင့်ရှောက်မှု ချက်ချင်းပေးနိုင်ဖို့ စတဲ့ အစီအစဉ်တွေ ပါဝင်ပါတယ်။

အိုးအိမ်တွေကို နှစ်နှစ်နီးပါး စွန့်ခွာပြီး ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရတဲ့ ဒေသခံတွေရဲ့ စိတ်ခံစားချက်နဲ့ လိုအပ် မှုက ဘာတွေဖြစ်မလဲ။ UN က သီးခြား စစ်တမ်းကောက်ထားတာမျိုး ရှိပါသလား။
အတိုက်ခိုက်ခံရတဲ့ စိတ်ပိုင်းဆိုင် ရာ နာကျင်မှုခံစားရတဲ့သူတွေမှာ စိတ် ဓာတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ပိုဖြစ် ပါတယ်။ ကျွန်တော်တို့ဆီက ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍကနေ ဒုက္ခသည် တွေကို စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှု၊ အားပေးမှုအစီအစဉ်တွေကို လာမယ့်လ တွေမှာ ပြုလုပ်ပေးသွားဖို့ရှိပါတယ်။

ဒုက္ခသည်တွေအတွက် အစိုးရဘက် ကရော၊ KIO ဘက်ကရော ဘာတွေ ဆောင်ရွက်ပေးဖို့လိုတယ်လို့ UN က သုံးသပ်မိပါသလဲ။
ဒုက္ခသည်တွေ အကုန်လုံးဆီကို ပြန်လည်ထူထောင်ရေး အကူအညီတွေ အတားအဆီးမရှိ ပုံမှန်ရောက်ရှိဖို့က အရေးကြီးတဲ့ကိစ္စရပ်တစ်ခု ဖြစ်ပါတယ်။ နှစ်ဖက်စလုံးက လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီပေးသူတွေကို မတားဆီးဖို့၊ လုံခြုံရေးအတွက် အာမခံ ပေးဖို့ လိုပါတယ်။ 
မေဇင်ဝင်း တွေ့ဆုံမေးမြန်းသည်

Popular
ကချင်ဒေသမှ ဒုက္ခသည်များအရေး ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင် ရွက်ရေး မှူး Mr. Ashok Nigam နှင့် တွေ့ဆုံခြင်း။

မူဆယ် တရားရုံးအချုပ်မှ ထွက်ပြေးသူများကို ပစ်ဖမ်းရင်း ရဲတဦးသေဆုံး

Photo: မူဆယ် တရားရုံးအချုပ်မှ ထွက်ပြေးသူများကို ပစ်ဖမ်းရင်း ရဲတဦးသေဆုံး
Wednesday, June 5, 2013

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့တွင် မူဆယ်ခရိုင် တရားရုံးအချုပ်မှ ထွက်ပြေးသည့် လူသတ်မှုဖြင့် တရားရင်ဆိုင် နေရသူများကို ရဲများက သေနတ်ဖြင့် ပစ်ဖမ်းရာမှ ရဲတပ်သားတဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်မှာ ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့တွင် လူသတ်မှု ဖြစ်ခဲ့၍ ဖမ်းဆီးခံထားရသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (ပန်းဆေး ပြည့်သူ့စစ် ခေါင်းဆောင်) ပန်းဆေး ဦးကျော်မြင့်၏တူ လီဖန် (ခ) မောင်ရဲအောင်ထွေး အပါအဝင် ၅ ဦးအား တရားရုံး အချုပ်တွင် ရုံးထုတ်ရန် စီစဉ်နေစဉ် ဖြစ်ပွားခဲ့ကြောင်း၊ ရဲများကို အမှုဖြစ်နေသူ ၅ ဦးက တွန်းတိုက် ထွက်ပြေး သဖြင့် ရဲက သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ တရားခံ ၂ ဦးနှင့် ရဲတပ်သား တဦး ထိမှန်သွားကြောင်း၊ သေနတ် ကျည်ဆံ ထိမှန်ခဲ့သည့် ရဲတပ်သားမှာ သေဆုံးသွားခဲ့ပြီး လီဖန် (ခ) မောင်ရဲအောင်ထွေးနှင့် အပေါင်းအပါ ၂ ဦးမှာ ထွက်ပြေးလွတ်မြောက် သွားကြောင်း မူဆယ်မြို့ ရဲစခန်းမှ တာဝန်မှူး ဒု ရဲအုပ် ဘရန်ဆိုင်းက ဧရာဝတီသို့ ပြောသည်။

“ထွက်ပြေးတဲ့ တရားခံ ၅ ဦးထဲက ၂ ဦးကို ပြန်ဖမ်းမိတယ်။ လွတ်သွားသူတွေကို ရဲတွေက လိုက်ဖမ်းနေပါတယ်။ တရုတ်ပြည် ဘက်ကို ထွက်သွား တာလားတော့မသိဘူး။ တရုတ်အစိုးရ ဘက်ကိုလည်း အကူအညီ တောင်းထားပါတယ်။ ရဲတပ်သား တဦး ကတော့ သေနတ်မှန်ပြီး သေသွားပြီ။ တရားခံ ၂ ဦးလည်း သေနတ်မှန်လို့ မူဆယ် ဆေးရုံမှာ တင်ထားတယ်” ဟု သူက ဆိုသည်။

တရားခံများ ထွက်ပြေးမှုကြောင့် မူဆယ်မြို့ လုံခြုံရေးကို ယခင်ကထက် ပို၍ ယူထားကြောင်း၊ တရားခံများကိုလည်း လိုက်လံ ရှာဖွေနေကြောင်း၊ ထိုနေ့တွင် တာဝန်ကျနေသည့် ရဲတပ်သားများကို အချုပ်ထဲတွင် ထိန်းသိမ်းထားသည် ဆိုသည့် သတင်းမှာ မမှန်ကန်ကြောင်း အဆိုပါ တာဝန်မှူးက ဆက်ပြောသည်။

ဖေဖော်ဝါရီ ၆ ရက်နေ့က ရှမ်းပြည်နယ်နေ့ ပွဲဈေးတန်းတွင် နမ့်ခမ်းဒေသခံ ငွေနဂါး သောက်ရေသန့် ပိုင်ရှင်၏သား၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ရှမ်းပြည် အစိုးရ သတ္တုတွင်း ၀န်ကြီးဌာန ၀န်ကြီး ဦးအိုက်ပေါင်း၏မြေး စိုင်းအိုက်လိန်နှင့် အဖွဲ့အား ပန်းဆေး ဦးကျော်မြင့်၏တူ လီဖန် (ခ) မောင်ရဲအောင်ထွေးနှင့် အဖွဲ့က ဓားဖြင့် ၀င်ခုတ်ရာမှ စိုင်းအိုက်လိန် သေဆုံးပြီး ၎င်း၏ သူငယ်ချင်းဖြစ်သူ စိုင်းလှိုင်းပန်မှာ ဓားဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကြောင်း၊ ထို့ကြောင့် လီဖန် (ခ) မောင်ရဲအောင်ထွေးနှင့် ၅ ဦးကို မူဆယ်ရဲစခန်းက ဖမ်းဆီး ထိန်းသိမ်းထားခြင်း ဖြစ်ကြောင်း သိရသည်

မူဆယ်ဒေသခံ စိုင်းအိုက်က “အရင်က အဲဒီအမှု ရုံးချိန်းဆိုရင် မူဆယ်ကရော၊ နမ့်ခမ်းကရော ပြည်သူတွေ အားလုံးနီးပါး လာ နားထောင်ကြတယ်။ အရင် ရုံးချိန်းတိုင်းက သောကြာနေ့မှာ လုပ်တာ၊ အခုတပတ် ရုံးချိန်းက အင်္ဂါ နေ့မှာဆိုတော့ ပြည်သူတွေလည်း မသိဘူး။ တရားရုံးမှာ ရုန်းရင်းဆန်ခတ် ဖြစ်မှပဲ ပြည်သူတွေ သိရတယ်” ဟု ဧရာဝတီသို့ ပြောသည်။

လီဖန် (ခ) မောင်ရဲအောင်ထွေးနှင့် အပေါင်းအပါ ၂ ဦးသည် တရုတ်ပြည်ဘက်သို့ ထွက်ပြေးသွားသည်ဟု ယူဆရကြောင်း၊ ထိုကိစ္စကြောင့် လက်ရှိ မူဆယ်မြို့တွင် ရှုပ်ထွေးနေကြောင်း၊ တရားခံများကို ပြန်လည် မဖမ်းမိပါက ပြည်သူများ ဆူပူမှုဖြစ်လာနိုင်ကြောင်း၊ ရဲများလည်း လုံခြုံရေး တင်းကျပ်ကာ တရားခံကို ရှာဖွေနေကြောင်း စိုင်းအိုက်က ဆိုသည်။

“ဒီအမှုက ရပ်ထားတာကြာပြီ။ မူဆယ်မြို့မှာ လုံခြုံရေးအရ ပြည်နယ် တရားရုံးကို ပြောင်းပေးဖို့ အထက်ကို တင်ပြထားတယ်။ဒါပေမယ့် အထက်က ဘာမှ အကြောင်းမကြားလို့ ဒီတပတ်မှာ တရားရုံး ထုတ်လိုက်ရတာပါ။ တာဝန်ကျတဲ့ ရဲသားတွေလည်း အချုပ်ထဲ ရောက်နေတယ်လို့ ကြားတယ်။ တရားခံ ထွက်ပြေးရင်တော့ အချုပ်ချက်ချင်း ၀င်ရပါတယ်” ဟု မူဆယ်မြို့ ခရိုင် တရားရုံးမှ ရှေ့နေတဦးက ဧရာဝတီသို့ ပြောသည်။

လက်တလော အခြေအနေအရ သေနတ်ပစ် ခံထိခဲ့သည့် တရားခံ ၂ ဦးမှာ ဆေးရုံတင်ထားရပြီး အခြေအနေ ဆိုးနေကြောင်း၊ လူသတ် တရားခံများသည် ထွက်ပြေးရန် ကြိုတင် ကြံရွယ်ထားပုံရကြောင်း၊ ထွက်ပြေးသွားသည့် တရားခံ ၃ ဦးကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ ရှာဖွေနေကြကြောင်း ရှေ့နေက ဆိုသည်။

လူသတ် တရားခံများကို မတ်လဆန်းပိုင်တွင် နမ့်ခမ်းမြို့နယ် ရဲစခန်းမှ မူဆယ်ခရိုင် ရုံးသို့လွှဲပြောင်း လိုက်ကြောင်း၊ တရားခံ ဘက်က လားရှိုးမြို့မှ ရှေ့နေ တဦးအား ငှားရမ်းထားကြောင်း သိရသည်။

ထွက်ပြေး လွတ်မြောက်နေသည့် တရားခံ လီဖန် (ခ) မောင်ရဲအောင်ထွေးနှင့် အပေါင်းအပါ ၂ ဦးအား အမြန်ဆုံး ရှာဖွေ ဖမ်းဆီးပေးရန်နှင့် ၎င်းအမှုကို တရားမျှတစွာ ဆောင်ရွက်ပေးရန် ရှမ်းပြည်နယ် မြောက်ပိုင်းမှ ပြည်သူများက တောင်းဆို ထားကြကြောင်း မူဆယ် ဒေသခံများက ပြောသည်။

မူဆယ် တရားရုံးမှ ထွက်ပြေးသူ ၃ ဦးကို ရဲက လိုက်လံရှာဖွေနေဆဲ ဖြစ်သည် (ဓာတ်ပုံ – Renaud EGRETEAU )

ဧရာဝတီ
မူဆယ် တရားရုံးမှ ထွက်ပြေးသူ ၃ ဦးကို ရဲက လိုက်လံရှာဖွေနေဆဲ ဖြစ်သည် (ဓာတ်ပုံ – Renaud EGRETEAU )
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် မူဆယ်ခရိုင် တရားရုံးအချုပ်မှ ထွက်ပြေးသည့် လူသတ်မှုဖြင့် တရားရင်ဆိုင် နေရသူများကို ရဲများက သေနတ်ဖြင့် ပစ်ဖမ်းရာမှ ရဲတပ်သားတဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

စီးပွားရေးလုပ်ငန်းရှင်များ ကိုယ်ပိုင်လေယာဉ် ၀ယ်စီးနိုင်ပြီ

Photo: စီးပွားရေးလုပ်ငန်းရှင်များ ကိုယ်ပိုင်လေယာဉ် ၀ယ်စီးနိုင်ပြီ၊
Wednesday, June 5, 2013

မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များကို ကိုယ်ပိုင်လေယာဉ် ၀ယ်စီးခွင့်ပြု လိုက်ပြီဖြစ်သောကြောင့် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ကိုယ်ပိုင်လေယာဉ် ၀ယ်စီးနိုင်ပြီဖြစ်ကြောင်း ပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဉဏ်ထွန်းအောင်က ယခုက ၂၉ ရက်နေ့ တွင်ပြောကြားခဲ့သည်။

ယခုအချိန်တွင် ပုဂ္ဂလိကပိုင်လုပ်ငန်းရှင်များအနေဖြင့် လေ ယာဉ်ဝယ်ယူသည့်လုပ်ငန်းရှင် မရှိသေးသော်လည်း ထူးကုမ္ပဏီ က Eurocopter နှစ်စင်း ၀ယ်ယူရန်တင်သွားထားသည်ဟု ၄င်းက ပြောကြားသည်။

၎င်းကဆက်လက်၍“ကိုယ်ပိုင်လေယာဉ်ဝယ်စီးချင်တယ်ဆိုရင် ကိုယ်ဝယ်မယ့်လေယာဉ်နဲ့ပတ်သက်ပြီးပြုပြင်ထိန်းသိမ်းမှုပြုလုပ်မယ့် အပိုင်းနဲ့ လေယာဉ်မောင်းနှင်မယ့် လေယာဉ်မောင်းရဲ့ အရည် အချင်းတွေနဲ့ ကိုယ်ဝယ်ယူမယ့် လေယာဉ်ကိုတင်ပြရမယ်”ဟုပြော ကြားသည်။

Hot News
မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များကို ကိုယ်ပိုင်လေယာဉ် ၀ယ်စီးခွင့်ပြု လိုက်ပြီဖြစ်သောကြောင့် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ကိုယ်ပိုင်လေယာဉ် ၀ယ်စီးနိုင်ပြီဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီးဦးဉဏ်ထွန်းအောင်က ယခုက ၂၉ ရက်နေ့ တွင်ပြောကြားခဲ့သည်။

အမှိုက်ကြောင့် ရောဂါဆိုးမရရှိစေရန် စနစ်တကျစွန့်ပစ်သင့်

Photo: အမှိုက်ကြောင့် ရောဂါဆိုးမရရှိစေရန် စနစ်တကျစွန့်ပစ်သင့်
Wednesday, June 5, 2013

ပြည်သူများအနေဖြင့် အမှိုက်စွန့်ပစ်ရာတွင် အမှိုက်အိတ်များကို ကြိုး (သို့မဟုတ်) အိတ်ဖြင့် သေချာစွာ ချည်နှောင်၍ စွန့်ပစ်ခြင်းသည် အမှိုက်သိမ်းသည့် ၀န်ထမ်းများကို ကူညီရာရောက်သည်ဟု မြို့တော် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေးဌာန မှ တာဝန်ရှိသူများက အကြံပြုပြောဆိုသည်။

“တစ်ချို့က အမှိုက်အိတ်ကို ချည်နှောင်မှုမရှိဘဲ အမှိုက်ကန်မှာ ပစ်ကြတယ်။ အမှိုက်ကန်ထဲမှာ ခွေးတို့ ကျီးကန်းတို့က လာပြီး မွှေသွားတဲ့အခါမျိုးကျရင် ပြန့်ကျဲကုန်တယ်။ အနံတွေထွက်မယ်။ အရည်တွေ စီးကျကုန်မယ်။ အမှိုက် သိမ်းတဲ့သူက အမှိုက်သိမ်းတာတင်မဟုတ်ဘဲ အမှိုက်ပါ ပြန် လိုက်ကောက်နေတာမျိုး ဖြစ်နေတယ်”ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြို့နယ်အသီးသီးရှိ အမှိုက်ကန်များ နှင့် အမှိုက်ပုံးထားရှိသည့် နေရာများသို့ အမှိုက်များ စနစ်တကျ စွန့်ပစ်ခြင်းများ မရှိသောကြောင့် အနံအသက်ဆိုးများထွက်ပေါ်နေပြီး အမှိုက်ကန် အနီးတစ်ဝိုက်ရှိ ပြည်သူများနှင့် အမှိုက်သိမ်းသည့် ၀န်ထမ်းများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း ၄င်းက ဆက်ပြောသည်။

“အခုမိုးတွင်းအချိန်ဆိုတော့ အမှိုက်တွေက စိုပြီးတော့ အနံ့ထွက်တယ်၊ အခုဆိုရင် အမှိုက်ပုံမှာ ယင်ကောင် တွေပါ ပိုများလာပြီ၊ စည်ပင်က တစ်ခါတစ်လေလာပြီးတော့ ထုံးဖြူးပေးတာမျိုးရှိတယ်” ဟု ကမာရွတ်မြို့နယ်နေ ဒေသခံတစ်ဦးက ပြောသည်။

အမှိုက်သိမ်းသည့် ၀န်ထမ်းများ အသုံးပြုရန် နိုင်ငံတော်အစိုးရမှ ထုတ်ပေးထားသည့် မျက်နှာဖုံးများမှာ အသက်ရှုလမ်းကြောင်းသို့ ဖုန်မှုန့်များ မ၀င်စေရန် တားဆီးနိုင်ရုံသာရှိပြီး အနံဆိုးများကို ကာကွယ်ရာတွင် ထိရောက်မှုမရှိကြောင်း အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက ဆိုသည်။

“မျက်နှာဖုံးတို့ လက်အိတ်တို့ ပေးထားပေမယ့် အသုံးပြုမှု အားနည်းတယ်၊ အမှိုက်လိုက်သိမ်းတဲ့သူတွေကို လက်အိတ်တွေ မျက်နှာဖုံးတွေ သုံးဖို့ အတွက် အထက်အရာရှိအနေနဲ့ လိုက်လံ စစ်ဆေးကြပ်မတ် ပေးဖို့လိုတယ်”ဟု အထွေထွေရောဂါကုဆရာဝန် တစ်ဦးက ပြောသည်။

အမှိုက်သိမ်းဆည်းရာတွင် အဆင်ပြေစေရန် လူအများအနေနှင့် စာနာစိတ်ဖြင့် စနစ်တကျပစ်လျှင် အမှိုက်သိမ်းသည့် ၀န်ထမ်းများအနေဖြင့် အမှိုက်သိမ်းဆည်းရာတွင် လက်အိတ်ရှည်ဖြင့် သိမ်းဆည်းလျှင် ကျန်းမာရေးအတွက် ကာကွယ်မှုပြုနိုင်မည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ တွက်ချက်ထုတ်ပြန်ချက်များအရ လူတစ်ဦးလျှင် ၀.၃၉၆ ကီလိုဂရမ် အမှိုက်ထွက်ရှိပြီး ရန်ကုန်မြို့တွင် တစ်ရက်လျှင် အမှိုက် တန်ချိန် စုစုပေါင်း ၁၆၉၀ တန် ထွက်ရှိကြောင်း သိရှိရသည်။

Myit Makha Mediagroup
ပြည်သူများအနေဖြင့် အမှိုက်စွန့်ပစ်ရာတွင် အမှိုက်အိတ်များကို ကြိုး(သို့မဟုတ်)အိတ်ဖြင့် သေချာစွာ ချည်နှောင်၍ စွန့်ပစ်ခြင်းသည် အမှိုက်သိမ်းသည့် ၀န်ထမ်းများကို ကူညီရာရောက်သည်ဟု မြို့တော် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေးဌာန မှ တာဝန်ရှိသူများက အကြံပြုပြောဆိုသည်။

ထူးထူးခြားခြား ဗ ဟု သု တ များ

(၁) အင်္ဂလန်နိုင်ငံရဲ့ပထမမြောက် ဂျော့ရှ်ဘုရင်မင်းမြတ်ဟာ အင်္ဂလိပ်စကားတစ်လုံးမှ မပြောတတ်ပါဘူးတဲ့။

သ မိုင်း တွင် အကြီး ကျယ် အ ခမ်း နား ဆုံး ခံတပ် FORT BOURTANGE

Photo: သမိုင်းတွင် အကြီးကျယ် အခမ်းနားဆုံး ခံတပ် FORT BOURTANGE
Wednesday, June 5, 2013

နယ်သာလန် နိုင်ငံ၊ မြောက်ဘက် အစွန်း Groningen ပြည်နယ် Bourtange ရွာမှာ တည်ရှိ နေတဲ့ ခံတပ် တစ်ခု ဖြစ်ပါတယ်။
နယ်သာလန်ရဲ့ အကြီးကျယ်ဆုံး နေရာထဲမှာ တစ်ခု အပါဝင် ဖြစ်ပါတယ်။ ဘာလို့လဲဆို တစ်နိုင်ငံလုံး ဂျာမနီ လက်အောက် ရောက်ချိန် ယင်းခံတပ်ရဲ့ အထောက် အပံ့ကြောင့် ဂျာမန် လက်အောက် ရောက်ရမယ့် အခြေ အနေကနေ လွတ်မြောက် ခဲ့လို့ ဖြစ်ပါတယ်။

၁၅၉၃ ခုနှစ်က ဘုရင်ခံ William the I of Orange မှ တည်ဆောက် ခိုင်းလို့ ဖြစ်ပါတယ်။ အဲ့တုန်းက Groningen ပြည်နယ်ဟာ စပိန်ရဲ့ သိမ်းပိုက် ထားမှုကို ခံထားရပြီး တစ်ဖက်ကလည်း ဂျာမနီ တပ်များ ခြံရံ နေပါတယ်။ ဒီတော့ ဒီတပ်နှစ် တပ်သာ ပေါင်းစုံ မိလိုက်ရင် နယ်သာလန်ဆိုတာ ဖွတ် ဖွတ် ကျေအောင် ပျက်ဆီး ရမှာမို့ အမျော်အမြင်ကြီး စွာနဲ့ ဆက်သွယ်ရေး လမ်းအလယ် တည့်တည့်မှာ ယခုလို ဧရာမခံတပ် အကြီးကြီး တည်ဆောက် ပါတယ်။
ကြယ်ပုံ သဏ္ဍာန် အကွင်းပေါင်း များစွာနဲ့ တစ်ဆင့်ပြီး တစ်ဆင့်မှာ ရွှံ့ နွံတွေ၊ ရေတွေ၊ လက်နက်ဗုံးတွေ အဆင့်ဆင့် ခံပါတယ်။ အမြောက်တပ် ခေတ် စားတဲ့ အချိန်ဆိုတော့ အမြောက်ဒဏ် ခံနိုင်အောင် သူ့ခေတ်သူ့ခါ နည်းပညာနဲ့ တည်ဆောက် ထားပါတယ်။ တကယ်လည်း ခံနိုင်ပါတယ်။ စပိန်ရဲ့ တိုက်စစ်ကို တွန်းလှန်နိုင်ပြီး Groningen ပြည်နယ်ကို ပြန်ရပါတယ်။

ဂျမနီတပ်လည်း နယ်သာလန် နိုင်ငံကို ဝင်သိမ်းပါတယ်။ ပြည်နယ်အားလုံး သိမ်းလို့ပြီး ပေးမယ့် ယင်းခံတပ် Bourtange တစ်ခုတည်း ကပ်ကျန် နေ ပါတယ်။ ယင်းတပ်မှာလည်း နယ်သာလန်တို့ တိုက်ပွဲဝင်ဖို့ အဆင်သင့် ဖြစ်နေပါတယ်။ ဂျာမနီတို့ ထိုးစစ်က ခံတပ် Bourtange ကို ရောက်ဖို့ထပ် သူ့ရွှံ့နွံ တွေမှာပဲ ဇာတ်သိမ်း သွားပါတယ်။ နောက်ဆုံး ဂျာမနီတွေ တပ်ပြန်ဆုပ် ရလောက်အောင်ကို Fort Bourtange က ဂုဏ်အရှိန်အဝါ ကြီးမား လှပါ တယ်။

၁၅ ရာစုကတည်းက နယ်သာလှန် ဆောက်လုပ်ရေး အင်ဂျင်နီယာတွေ ဘယ်လို စွမ်းတယ် ဆိုတာကို ယနေ့တိုင် သက်သေပြ နေပါတယ်။ အမြောက်တပ် ရှိရင် နိုင်ငံ သိမ်းနိုင်တယ် ဆိုတဲ့ သမိုင်းကိုလည်း ယင်းခံတပ်က သက်သေပြ သွားပါတယ်။

ယနေ့မှာတော့ ပြတိုက်တစ်ခု အနေနဲ့ တည်ရှိ နေပါပြီ။ နယ်သာလန် နိုင်ငံရဲ့ ကြီးကျယ် မြင့်မြတ်ခဲ့တဲ့ စစ်တပ်နဲ့ ဘုရင်များ အကြောင်းကို လေ့လာ လိုသူ များ အတွက် အကောင်းဆုံး နေရာများထဲမှာ Fort Bourtange ဟာ တစ်ခု အပါအဝင် ဖြစ်ကြောင်း သိရပါတယ်။

techspace နည်းပညာ
နယ်သာလန် နိုင်ငံ၊ မြောက်ဘက် အစွန်း Groningen ပြည်နယ် Bourtange ရွာမှာ တည်ရှိ နေတဲ့ ခံတပ် တစ်ခု ဖြစ်ပါတယ်။

ပိုမိုပြင်းထန်လာသည့် တူရကီဆန္ဒပြပွဲ မြင်ကွင်းများ

Photo: ပိုမိုပြင်းထန်လာသည့် တူရကီဆန္ဒပြပွဲ မြင်ကွင်းများ
Wednesday, June 5, 2013

တူရကီနိုင်ငံတွင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများ ပိုမို ပြင်းထန် ကြမ်းတမ်း လာခဲ့ကြောင်း သိရှိရသည်။ ဒုတိယ ဝန်ကြီးချုပ် ဘူလန့်အာရင့်က ရဲတပ်ဖွဲ့ ၏ ဖြိုခွင်းမှုများတွင် အကြမ်းနည်း သုံးမိခြင်းကို တောင်းပန် စကား ပြောဆို ခဲ့ပြီး နာရီပိုင်းအတွင်း ဆန္ဒပြမှုများ ပိုမို ကြမ်းတမ်း လာခြင်း ဖြစ်သည်။ 

ရဲများ၏ တုံ့ပြန်မှုကြောင့် ဆန္ဒပြသူ နှစ်ဦး သေဆုံးကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည့်နောက် အီစတန်ဘူလ်နှင့် အခြားသော မြို့ကြီးများတွင် လူစုလူဝေးဖြင့် ဆန္ဒပြမှုများ ပိုမို အားကောင်းလာသည်။

အာရင့်က မိမိသည် ယခုသီတင်းပတ်အတွင်း အတိုက်အခံ ခေါင်းဆောင် များနှင့် ဆွေးနွေး ညှိနှိုင်းမည်ဟုလည်း ပြောကြားခဲ့သည်။ မြို့လယ်ဥယျာဉ် တစ်ခုကို ဖျက်ပစ်မည့် စီမံကိန်းကို ဆန့်ကျင်ရာမှ စတင်လာသော ဆန္ဒပြမှု များသည် (၅)ရက်ကျော် ကြာမြင့်လာသည်အထိ မပြီးပြတ်သေးချေ။

www.planet.com.mm
တူရကီနိုင်ငံတွင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများ ပိုမို ပြင်းထန် ကြမ်းတမ်းလာခဲ့ကြောင်း သိရှိရသည်။ ဒုတိယ ဝန်ကြီးချုပ် ဘူလန့်အာရင့်က ရဲတပ်ဖွဲ့၏ ဖြိုခွင်းမှုများတွင် အကြမ်းနည်း သုံးမိခြင်းကို တောင်းပန် စကား ပြောဆိုခဲ့ပြီး နာရီပိုင်းအတွင်း ဆန္ဒပြမှုများ ပိုမို ကြမ်းတမ်းလာခြင်း ဖြစ်သည်။

စစ်ဘေးကြောင့်ထွက်ပြေးတိမ်းရှောင်နေသူများကို KNU ကဇီးပင်ရွာတွင် မြေနေရာချထားပေးနေ..

Photo: စစ်ဘေးကြောင့်ထွက်ပြေးတိမ်းရှောင်နေသူများကို KNU ကဇီးပင်ရွာတွင်
မြေနေရာချထားပေးနေ..
Wednesday, June 5, 2013

စစ်ဘေးကြောင့်ထွက်ပြေးတိမ်းရှောင်နေသူများအတွက် (KNU)ကရင်
အမျိုးသားအစည်းအရုံးကဘုရားသုံးဆူမြို့နယ်ခွဲရှိဇီးပင်ရွာတွင်နေထိုင်ရန်
အတွက်မြေနေရာများအပြင်လုပ်ကိုင်စားသောက်နိုင်ရန် မြေဧကများကို
(၂၀၁၃)ခုနှစ်၊မတ်လကစ၍ ပေးနေကြောင်းသိရသည်။ယခုလိုမြေနေရာများ
ပေးဖြစ်ပုံနှင့် ပတ်သက်၍ (KNU)ဒူးပလာယာခရိုင်ဥက္ကဋ္ဌဦးစောရွှေမောင်း
ကပြောကြားခဲ့သည်။မြေနေရာများပေးသည့်အခါတွင်လည်းအိမ်ထောင်စု၏
လူဦးရေအခြေအနေကိုကြည့်၍ အိမ်ထောင်စုတစ်ခုကိုပေ(၆၀)xပေ(၉၀)
အပြင်ပေ(၉၀)xပေ(၁၀၀)ပေးအပ်ပြီးလုပ်ကိုင်စားသောက်ရန်အတွက်
လူတစ်ဦးကိုမြေ(၅)ဧကပေးခြင်းဖြစ်ကြောင်းသိရသည်။မြေလျှောက်ထား
လိုသူများအနေနှင့် KNU ကဖွဲ့စည်းပေးထားသောလူထုနေရာပြန်လည်
ချထားရေးကော်မတီသို့ သတင်းပို့ရမည်ဖြစ်ကြောင်းသိရသည်။အဆိုပါ
ကော်မတီအဖွဲ့ကလျှောက်ထားလာသူများကိုစိစစ်မှုများပြုလုပ်၍ မြေနေရာ
ပေးကြောင်းသိရသည်။ယခုလိုမြေနေရာပေးသည့်အခါတွင် တွေ့ကြုံရသော
အခက်အခဲနှင့်ပတ်သက်၍ ဒူးပလာယာခရိုင်ဥက္ကဋ္ဌဦးစောရွှေမောင်း
ကပြောကြားခဲ့သည်။ထို့ပြင်ဦးစောရွှေမောင်းကလက်ရှိတွင် ကော်မတီ၏
တင်ပြချက်အရလာရောက်လျှောက်ထားသူအိမ်ထောင်စု(၁၀၀)ကျော်
ရှိကြောင်း၊ပြောင်းရွှေ့လာသူများကလည်းအပလုံကျေးရွာ၊ချောင်းဆုံကျေးရွာ၊
ကျွန်းချောင်းကျေးရွာ၊မြွေပုံကျေးရွာနှင့် ဘုရားသုံးဆူ တွင် နေထိုင်ကြပြီး       မြေ ယာ မရှိသောသူများဖြစ်ကြောင်း၊ KNU ငြိမ်းချမ်းရေးအဖွဲ့အနေနှင့် အပစ်အခတ်ရပ်စဲပြီးနောက်ပြန်လည်နေရာ ချထားရေးလုပ်ငန်းများအပြင်လူထုများအတွက်
ကျန်းမာရေး၊ ပညာရေးများကိုပါကူညီထောက်ပံ့ပေးရန်လိုအပ်သည့်အတွက်
နီးစပ်ရာကူညီစောင့်ရှောက်သောအသင်းအဖွဲ့များ၊ ပြည်နယ်အစိုးရအဖွဲ့မှ
တစ်ဆင့်အကူအညီရရှိရန် ကြိုးစားနေကြောင်း၊လက်ရှိတွင်လည်းပြည်နယ်
အစိုးရအဖွဲ့ကစစ်ဘေးကြောင့်ထွက်ပြေးတိမ်းရှောင်နေရသူများအတွက်
ဆန်ရရှိရန် အကူအညီပေးမှုများရှိကြောင်းထပ်မံပြောကြားခဲ့သည်။လက်ရှိ
ဇီးပင်ရွာတွင် မြေနေရာရရှိရန်အတွက်လာရောက်လျှောက်ထားသူများသည်
အပလုံကျေးရွာ၊ချောင်းဆုံကျေးရွာ၊ကျွန်းချောင်းကျေးရွာ၊မြွေပုံကျေးရွာနှင့်
ဘုရားသုံးဆူတွင်နေထိုင်ကြပြီးမြေယာအပိုင်မရှိသူများဖြစ်ကြောင်းသတင်းရှိ
သည်။

SkyNet TV Browser
စစ်ဘေးကြောင့်ထွက်ပြေးတိမ်းရှောင်နေသူများအတွက် (KNU)ကရင် အမျိုးသားအစည်းအရုံးက ဘုရား သုံးဆူမြို့နယ်ခွဲရှိ ဇီးပင်ရွာတွင်နေထိုင်ရန်အတွက်မြေနေရာများ အပြင် လုပ်ကိုင်စားသောက်နိုင် ရန် မြေဧကများကို (၂၀၁၃)ခုနှစ်၊မတ်လကစ၍ ပေးနေကြောင်းသိရသည်။ယခုလိုမြေနေရာ များ ပေးဖြစ် ပုံနှင့် ပတ်သက်၍ (KNU) ဒူးပလာယာခရိုင်ဥက္ကဋ္ဌဦးစောရွှေမောင်း ကပြောကြားခဲ့ သည်။မြေနေရာ များပေးသည့် အခါတွင်လည်းအိမ်ထောင်စု၏ လူဦးရေအခြေအနေကိုကြည့်၍ အိမ်ထောင်စု တစ်ခုကို ပေ(၆၀)xပေ(၉၀) အပြင်ပေ(၉၀)xပေ(၁၀၀)ပေးအပ်ပြီးလုပ်ကိုင်စားသောက်ရန်အတွက် လူတစ်ဦးကိုမြေ(၅)ဧကပေးခြင်းဖြစ်ကြောင်းသိရသည် မြေလျှောက်ထားလိုသူများ အနေနှင့် KNU ကဖွဲ့စည်းပေး ထားသောလူထုနေရာပြန်လည် ချထားရေးကော်မတီသို့ သတင်းပို့ရမည်ဖြစ်ကြောင်း သိရသည်။ 

ဆီးရီးယားမှာ ဆာရင် သုံးတဲ့ အထောက်အထား ပြင်သစ် တွေ့

Photo: ဆီးရီးယားမှာ ဆာရင် သုံးတဲ့ အထောက်အထား ပြင်သစ် တွေ့
Wednesday, June 5, 2013

ဆီးရီးယားမှာ အာရုံကြော ထိုင်းမှိုင်းစေတဲ့ ဆာရင် အဆိပ်ဓါတ်ငွေ့တွေ သုံးတယ် ဆိုတဲ့ ခိုင်မာတဲ့ အထောက်အထားတွေ သူတို့ ရထားတယ်လို့
ဗြိတိန်နဲ့ ပြင်သစ် အစိုးရတွေက ပြောပါတယ်။

ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး လော့ရင့် ဖဲဗျူးစ် ဖြစ်ရပ်တခုမှာ ဆိုရင် ဆီးရီးယားအစိုးရက လက်နက်ကိုင် သူပုန်တွေကို တိုက်ခိုက်ရာမှာ ဆာရင်သုံးတယ် ဆိုတဲ့ တိကျတဲ့ သက်သေတွေ သူတို့မှာ ရှိတယ်လို့ ပြင်သစ်က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလတုန်းက တိုက်ခိုက်ခံရတဲ့ ထိခိုက်ဒဏ်ရာရသူတွေရဲ့ သွေးနဲ့ ဆီးတွေကို နမူနာယူပြီး ပြင်သစ် ဓါတ်ခွဲခန်းတွေမှာ စစ်ကြည့်တဲ့ အခါ ဆာရင် အဆိပ်ငွေ့ သုံးထားတဲ့ သဲလွန်စတွေကို တွေ့တယ်လို့ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး Laurent Fabius က ပြောပြီး အဲဒီ တွေ့ရှိချက်တွေကို အခုတော့ ကုလသမဂ္ဂကို လွှဲပေးလိုက်ပြီလို့ ဆိုပါတယ်။

အမေရိကန် ပြည်ထောင်စု ကတော့ ဆီးရီးယားမှာ ဆာရင် ဓါတ်ငွေ့တွေ သုံးသလားဆိုတာ တရားဝင် မကြေညာခင် ခိုင်လုံတဲ့ အထောက်
အထားတွေ ပိုမို စုဆောင်း ရရှိဖို့ လိုတယ်လို့ ပြောပါတယ်။

နိုင်ငံမြောက်ပိုင်းက အလက်ပိုမြို့မှာ ဓါတု လက်နက်တွေ သုံးတိုက်ခိုက်ခဲ့
တာနဲ့ ပတ်သက်လို့ ဆီးရီးယား အစိုးရနဲ့ လက်နက်ကိုင် သူပုန်တွေက တဖက်နဲ့ တဖက် အပြန်အလှန် စွပ်စွဲ နေကြတာ ဖြစ်ပါတယ်။

BBC
ဆီးရီးယားမှာ အာရုံကြောထိုင်းမှိုင်းစေတဲ့ ဆာရင်အဆိပ်ဓါတ်ငွေ့တွေ သုံးတယ်ဆိုတဲ့ ခိုင်မာတဲ့ အထောက် အထားတွေ သူတို့ ရထားတယ်လို့ ဗြိတိန်နဲ့ ပြင်သစ် အစိုးရတွေက ပြောပါတယ်။

ရခိုင် မြောက်ဦးမြို့နယ်ဖက် ပစ်ခတ်မှုဖြစ်

ရခိုင်ပြည်နယ် မြောက်ဦး မြို့နယ် ပရိန်ရွာမှာ မနေ့က ရွာသားတွေနဲ့ ရဲတွေ အခြေအတင် ဖြစ်ခဲ့ ကြပြီး ပစ်ခတ်မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ က အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ခဲ့ အပြီး မီးရှို့ ခံခဲ့ရတဲ့ ရွာသားတွေက ပျက်စီးသွားခဲ့တဲ့သူတို့ နေအိမ်တွေကို ပြန်လည် ပြုပြင်နေထိုင် ကြတာပါ။

မန္တလေးတက္ကသိုလ် အပါအ၀င် အထက်မြန်မာပြည်ရှိ တက္ကသိုလ် ၂၃ ခုအား ပြင်ဆင်တိုးချဲ့ရန် တင်ဒါခေါ်

mdyuni-june5
ပြင်ဆင်တိုးချဲ့ရန် စီစဉ်နေသည့် မန္တလေး တက္ကသိုလ်ကို တွေ့ရစဉ်
မန္တလေးတက္ကသိုလ် အပါအ၀င် အထက်မြန်မာပြည်ရှိ တက္ကသိုလ် ၂၃ ခုအား ပြင်ဆင်တိုးချဲ့ရန်အတွက် တင်ဒါခေါ်ကာ မြန်မာနိုင်ငံသား လုပ်ငန်းရှင်များအား ဖိတ်ခေါ်ထားကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန (အထက်မြန်မာပြည်) မှ သိရသည်။

လှည်းတန်းစင်တာ တည်ဆောက်ပြီးသော်လည်း မူလပိုင်ရှင်များနေရာပြန်မရသေး

Photo: လှည်းတန်းစင်တာ တည်ဆောက်ပြီးသော်လည်း မူလပိုင်ရှင်များနေရာပြန်မရသေး
Wednesday, June 5, 2013

၁၀ နှစ်ကြာဆောက်လုပ်ခဲ့ သော လှည်းတန်းစင်တာပြီးစီး သွားသော်လည်း တာဝန်ရှိသူများ က မူလပိုင်ရှင်များကို ယနေ့အ ချိန်ထိပြန်လည် အပ်နှံခြင်းမရှိ သေးကြောင်း No (3D) အိမ်မြေ ပိုင်ရှင်များဖြစ်ကြသော ဒေါ်မင်း မင်းစောနှင့် ဦးသိန်းဆွေတို့က ပြောပြပါသည်။

ဒေါ်မင်းမင်းစောက ပြောပြ ရာတွင် ၂၀၁၃ခုနှစ် ဇန်န၀ါရီလ က လှည်းတန်းလမ်းဆုံ မြေနေရာ ကို Land Mark ဖြစ်ချင်တဲ့အ တွက်အဆင့်မြင့်အိမ်ရာတွေဆောက် လုပ်ဖို့ အစီအစဉ်ရှိကြောင်း၊ စီမံ ကိန်းကာလကလည်း၃နှစ်လောက် ပဲကြာမည်ဖြစ်၍ ပြောင်းရွေ့ဖို့ အတွက်လည်း စီစဉ်ပေးသွား မည်ဟုပြောဆိုခဲ့ပြီး ရိပ်မွန်+ကွန် ဒိုများ၌ နေရာချ ထားပေးခဲ့ပါ သော်လည်း ယခု ၁၀ နှစ်ကြာ သည်အထိ မူလတိုက် ခန်းများ ပေါ်သို့ တက်ရောက်ခွင့် မရသေး ကြောင်း ပြောပြပါသည်။

အဆိုပါ လှည်းတန်းစင်တာ No(3.C) မြေပိုင် တစ်ဦးဖြစ်သူ ဒေါ်ချိုချိုမာက ပြောပြရာတွင် ၎င်းအဆောက်အအုံဆောက်လုပ် ရာတွင်၂၈ထပ်ဆောက်မည်ပြော ပြီးတော့ ယခု ၈ ထပ်ပဲဆောက် တာကိုလည်း အသိမပေးခဲ့ဘူး။ ကျွန်မတို့က အဆင့်မြင့်အိမ်ရာနဲ့ နေချင်လို့ဆောက်ခိုင်းခဲ့တာမဟုတ် ပါဘူး။ လူကြီးတွေရဲ့Land Mark ဖြစ်စေချင်တဲ့ ဆန္ဒကို လေးစားပြီး တော့ဖယ်ပေးခဲ့တာပါ။အခုလည်း ကျွန်မတို့ကို စိတ်ချမ်းသာအောင် ဒီကိစ္စကို အမြန်ဆုံး ဖြေရှင်းပေး စေချင်ပါတယ်ဟု ပြောပြ၍ သိရ သည်။

၎င်းလှည်းတန်းစင်တာအောင် ချမ်းသာ အဆင့်မြင့် ကွန်ဒိုကို ၂၀၀၃ ဇန်န၀ါရီလမှ စတင်၍ အေးရှားဝေါ(လ်) ကုမ္မဏီက တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယခု ပြီးစီးချိန်တွင် မူလပိုင်ရှင်များကို နေထိုင်ခွင့်နှင့် ပိုင်ဆိုင်ခွင့်ပေးရန် ဆွေးနွေးပြောကြားလာမှု မပြု လုပ်သေးကြောင်း ဒေါ်မင်းမင်း စော ပြောပြ၍ သိရသည်။

၎င်းကိစ္စနှင့် ပတ်သက်၍ ကမာရွတ်မြို့နယ် မဲဆန္ဒနယ် အ မှတ်(၂) တိုင်းဒေသကြီး လွတ် တော်ကိုယ်စားလှယ် ဦးမြငွေက ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီး ချုပ်ဦးမြင့်ဆွေထံသို့ စာအမှတ် ၈၉/၂၀၁၃ ကမယ (လှည်းတန်း စင်တာ) ရက်စွဲ၂၀၁၃ ခုနှစ် ဧပြီ လ ၂၇ ရက်ဖြင့် အစီရင်ခံစာ တင်ပြခဲ့ပါသည်။ ရန်ကုန်တိုင်းဒေ သကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြငွေ၏ အစီရင်ခံစာ အပိုဒ်(၉) တွင် ပါရှိသော ပွင့်လင်းမြင်သာမှု ရှိစေရန်(၁၀)နှစ်ခန့် စောင့်မျှော် နေရသော မူလအခန်းရှင် (၆၄) ဦးစလုံးကို ဖိတ်ကြား၍ အခန်း များကိုမျက်ဝါးထင်ထင်လိုက်လံ ပြသရှင်းလင်းပြောကြားပေးလျှင် ပိုမိုကောင်းမွန်မည်ဟု ရေးသား ပေးပို့ အစီရင်ခံခဲ့ပါသော်လည်း ယနေ့တိုင်ပြုလုပ်ပေးခြင်းမရှိသေး ကြောင်းမြေပိုင်ရှင်များဖြစ်ကြ သော ဦးသိန်းဆွေ၊ ဒေါ်မင်းမင်း စော၊ ဒေါ်ချိုချိုမာတို့ကပြောပြ၍ သိရသည်။

အဆိုပါကိစ်္စနှင့် ပတ်သက် ၍ မြေပိုင်ရှင်များမှ ၂၀၁၃ ခုနှစ် ဧပြီလ (၂၇)ရက် ရက်စွဲဖြင့် နှစ် နာဆုံးရှုံးမှုများ၊ လူမှုဒုက္ခများ၊ လှည့်စားအနိုင်ကျင့်ခံရမှုများ ဖြေ ရှင်းပေးပါရန် အသနားခံစာကို နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် တာဝန်ရှိသူများထံ တင်ပြထား ကြောင်း ဒေါ်မင်းမင်းစောက ပြောပြပါသည်။

အရိန္ဒမာ(ဘိုကလေး)
The Hot News
၁၀ နှစ်ကြာဆောက်လုပ်ခဲ့သော လှည်းတန်းစင်တာပြီးစီး သွားသော်လည်း တာဝန်ရှိသူများ က မူလပိုင်ရှင် များကို ယနေ့အချိန်ထိပြန်လည် အပ်နှံခြင်းမရှိသေးကြောင်း No (3D) အိမ်မြေ ပိုင်ရှင်များဖြစ် ကြသော ဒေါ်မင်းမင်းစောနှင့် ဦးသိန်းဆွေတို့က ပြောပြပါသည်။

NASA မှ အာကာသသို့ စမတ်ဖုန်းများ ထုတ်လွှင့်ခဲ့

Photo: NASA မှ အာကာသသို့ စမတ်ဖုန်းများ ထုတ်လွှင့်ခဲ့
Wednesday, June 5, 2013

NASA မှ လွန်ခဲ့သည့် တစ်ပတ်အတွင်း အာကာသထဲသို့ စမတ်ဖုန်းများ ထုတ်လွှင့်ခဲ့ကြောင်း သိရသည်။

သတင်း ထုတ်ပြန်ချက်များ အရ NASA မှ ထုတ်လွှင့်ခဲ့သော စမတ်ဖုန်းများမှာ Google Nexus One စမတ်ဖုန်း ဟန်းဆက်များ ဖြစ်ပြီး Android ကိုသာ အသုံးပြု ထားကြောင်း သိရသည်။ အဆိုပါ စမတ်ဖုန်းများကို Virginia မြို့တော်ရှိ NASA ၏ Wallops Island Flight မှ ထုတ်လွှင့်ခဲ့သော Antares ဂြိုလ်တု၌ ထည့်သွင်းခဲ့ကြောင်း သိရသည်။

ထို့နောက် အဆိုပါ စမတ်ဖုန်းများ အာကာသ အတွင်း ခံနိုင်ရည် ရှိစေရန် ၄ လက်မ အရွယ် အစားရှိ သံကိုယ်ထည်၌ ထည့်သွင်း ပေးထားပြီး external lithium ion ဘက်ထရီများနှင့် အချက်အလက် ပို့ဆောင်မှု ပိုမိုကောင်းမွန် စေရန် လည်း ရေဒီယို နည်းပညာများ ထည့်သွင်း ထားကြောင်း သိရသည်။ NASA မှ ယခုကဲ့သို့ အာကာသထဲသို့ စမတ်ဖုန်းများ ထုတ်လွှင့် ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ စမတ်ဖုန်းများကို ဈေးနှုန်း နည်းပါးသော ဂြိုလ်တု ဆက်သွယ်ရေး ပစ္စည်းအဖြစ် ရပ်တည်နိုင်မှု ရှိ၊ မရှိ စမ်းသပ်ရန် ဖြစ်ကြောင်း ကြော်ငြာခဲ့သည်။

အဆိုပါ စမတ်ဖုန်းများမှာ ကမ္ဘာမြေပေါ်သို့ ယခုအပတ် အတွင်း ပြန်လည် ရောက် ရှိမည် ဖြစ်ပြီး အာကာသမှ message ပေးပို့ထားမှုများ၊ ဖုန်းမှတစ်ဆင့် ဓာတ်ပုံ ရိုက်ကူး ထားမှုများကို ပြန်လည် တွေ့မြင်ရမည် ဖြစ်သည်။ NASA မှ အဆိုပါ စမတ်ဖုန်းများမှာ လက်ရှိအချိန်တွင် အာကာသ ထဲ၌ ကောင်းမွန်စွာ လည်ပတ်နိုင်ကြောင်း သတင်း ထုတ်ပြန်ထားသည်။ NASA ၏ အင်ဂျင်နီယာများ၏ အဆိုအရ စမတ်ဖုန်းများကို အာကာသထဲသို့ ထုတ်လွှင့်ရန် ကုန်ကျ စရိတ်မှာ ဒေါ်လာ ၃၅၀၀ မှ ၇၀၀၀ အထိ ရှိခဲ့ကြောင်း သိရသည်။

Ref:TechCrunch
Ref & Credit to Smart Pro Journal
NASA မှ လွန်ခဲ့သည့် တစ်ပတ်အတွင်း အာကာသထဲသို့ စမတ်ဖုန်းများ ထုတ်လွှင့်ခဲ့ကြောင်း သိရသည်။

အဓိကရုဏ်း ဖြစ်လျှင် ကယား ပြည်နယ်အစိုးရနှင့် ပူးပေါင်းမည်ဟု လက်နက်ကိုင်အဖွဲ့များ ကြေညာ

Photo: အဓိကရုဏ်း ဖြစ်လျှင် ကယား ပြည်နယ်အစိုးရနှင့် ပူးပေါင်းမည်ဟု လက်နက်ကိုင်အဖွဲ့များ ကြေညာ
Wednesday, June 5, 2013

ကယားပြည်နယ်နှင့် ကယန်းဒေသအတွင်းရှိ လက်နက်ကိုင်အဖွဲ့များ၏ ထိန်းချုပ်နယ်မြေအတွင်း လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများ ထပ်မံပေါ်ပေါက်လာပါက အစိုးရအဖွဲ့နှင့် ပူးပေါင်း ဆောက်ရွက်သွား
မည်ဖြစ်ကြောင်း လက်နက်ကိုင်အဖွဲ့များ စုပေါင်း၍ ကြေညာချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ဇွန်လ ၃ ရက်နေ့က ကယားပြည်နယ် လွိုင်ကော်မြို့ပေါ်ရှိ လက်နက်ကိုင်
အဖွဲ့ တခုဖြစ်သော ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး တပ်ဦး(KNPLF)ရုံးခန်းတွင် လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့၊ နိုင်ငံရေးပါတီတခုနှင့် လူမှုရေးအဖွဲ့ တဖွဲ့တို့က လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်သည်။

မေလ ၂၇ ရက်နေ့က ကယားပြည်နယ် ဖားဆောင်းမြို့နယ် မော်ချီးသတ္ထု
တွင်း ဒေသတွင် တွင်း အလုပ်သမားများနှင့် တခြားနယ်မြေများမှ ရွှေ
့ပြောင်းကာ ဈေးလာရောက် ရောင်းချနေသော မွတ်စလင်တချို့တို့ ခိုက်ရန်ဖြစ်ပွားမှု ဖြစ်ပေါ်ခဲ့ရာမှ မွတ်စလင် တို့၏ ဆိုင်ခန်းများ ဖျက်စီးခံခဲ့ရကြောင်း၊ လူအများ ထပ်မံစုဝေး၍ ရွာများအတွင်းရှိ မွတ်စလင် အိမ်များအား ဖျက်ဆီးရန် သွားရောက်ရာတွင် ယင်းဒေသကို ထိန်းချုပ်ထားသော KNSO က ၀င်ရောက် ထိန်းသိမ်းလိုက်ကြောင်း သိရသည်။

“ကျနော်တို့ ပြည်နယ်မှာ အစ္စလမ် ဘာသာဝင် အရမ်းနည်းပါတယ်။ ဘာသာရေး ပြဿနာဖြစ်တာလည်း နည်းတယ်။ အခု ဖြစ်သွားတာက
ရွှေ့ပြောင်းလူတွေကြောင့်ပါ။ အခုလိုမျိုး အားလုံးကပါ ပူးပေါင်းပြီး ၀ိုင်းထိန်းသွားရင် ပိုကောင်းသွားမှာပါ” ဟု ကယားပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဇော်ဝင်းက ပြောသည်။

လူမျိုးရေးပြဿနာ ဖြစ်ပွားခဲ့သော မော်ချီးသတ္ထုတွင်း ကိစ္စနှင့် ပတ်သက်၍ ပြဿနာကို စတင်ခဲ့သော လူ ၆ ဦးအား ဖားဆောင်းမြို့ ရဲစခန်းတွင် ဖမ်းချုပ်ထားကြောင်း၊ ယင်းဒေသမှ မွတ်စလင် ၆၅ ဦးအား လွိုင်ကော်မြို့သို့ ပြောင်းရွှေ့ ပေးပြီးဖြစ်ကြောင်းနှင့် ယင်းကဲ့သို့ ထပ်မံ မဖြစ်ပွားစေရန် ပြည်နယ်အစိုးရအနေဖြင့် ဒေသတွင်း ကာကွယ်ရေး လုပ်ငန်းများအား လုပ်ဆောင်နေကြောင်း သိရသည်။

လူမျိုးရေး ဘာသာရေး အဓိကရုဏ်းများ ဖြစ်ပွားလာပါက ပြည်နယ် အစိုးရနှင့် ပူးပေါင်း ထိန်းချုပ်ရန် သဘောတူ လက်မှတ် ရေးထိုးရာတွင် ပါဝင်သော အဖွဲ့များမှာ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး တပ်ဦး (KNPLF)၊ ကယန်းပြည်သစ် ပါတီ(KNLP)၊ ကရင်နီအမျိုးသား ဒီမိုကရက်တစ် ပါတီ (KNDP)၊ ကရင်နီ အမျိုးသား စည်းလုံးညီညွတ်ရေးအဖွဲ့ (KNSO)၊ ကယန်းအမျိုးသား ကာကွယ်ရေးတပ် (KNG)၊ ကရင်နီအမျိုးသား ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (KNPDP)၊ ကယန်းအမျိုးသားပါတီ (KNP) နှင့် ကရင်နီပြည် လူငယ်များ သမဂ္ဂ (UKSY) တို့ ဖြစ်သည်။

“လူမျိုးရေး၊ ဘာသာရေး ကိစ္စတွေ ကျနော်တို့ နယ်မြေမှာ ဖြစ်တာ မလိုချင်ဘူး။ မော်ချီး ကိစ္စမှာတုန်းက ရဲနဲ့ စစ်တပ် လာတာ နောက်ကျလို့ ကျနော်တို့ ၀င်ထိန်းလိုက်တာ၊ ပူးပေါင်းပြီးတော့ လုပ်မယ်ဆိုပေမယ့် ဖြစ်
လာတဲ့ အခြေအနေကို ကြည့်ပြီးတော့ ကျနော်တို့ လုပ်သွားမှာပါ” ဟု KNSO မှ ရုံးအဖွဲ့မှူး ဦးစောကလိုမှူး က ဧရာဝတီသို့ ပြောသည်။

လတ်မှတ်ရေးထိုးရာတွင် ပါဝင်သော UKSY အဖွဲ့ဝင်၊ ကယန်းမျိုးဆက်သစ် လူငယ်အဖွဲ့ အတွင်းရေးမှူး ခူးအသန်းက “လက်နက်ကိုင် အဖွဲ့တွေက သူတို့ထိန်းချုပ်နယ်မြေထဲမှာ ထူးတာရှိရင် ပြည်ထောင်စု အစိုးရ၊ ပြည်နယ် အစိုးရကို တိုက်ရိုက် စကားပြောမယ်၊ မရရင် သူတို့ဘာသာ လက်နက်နဲ့ ထိန်းမယ်ဆိုတာကို အဓိကပြောကြတယ်” ဟု ဆိုသည်။

လက်ရှိတွင် လက်နက်ကိုင် အဖွဲ့များက ကယားပြည်နယ်နှင့် ကယန်းဒေသ
အတွင်း ဘာသာရေး၊လူမျိုးရေး ပြဿနာများ ထပ်မံမပေါ်ပေါက်လာစေရန်
ပြည်သူများအနေဖြင့် ကောလာဟလများကို မယုံကြည်ရန်နှင့် ယခုပြဿနာများနှင့် ပတ်သက်၍ မည်ကဲ့သို့ စတင် ဖြစ်ပွားလာနိုင်ကြောင်း အစရှိသဖြင့် ၎င်းတို့ နယ်မြေများအတွင်း ဒေသခံများကို လိုက်လံ
အသိပေးခြင်းများလုပ်ဆောင်နေကြပြီ ဖြစ်ကြောင်း ကယန်းပြည်သစ်ပါတီ အတွင်းရေးမှူး ဗိုလ်မှူးစောလွင်က ပြောသည်။

ဧရာဝတီ
ကယားပြည်နယ်နှင့် ကယန်းဒေသအတွင်းရှိ လက်နက်ကိုင်အဖွဲ့များ၏ ထိန်းချုပ်နယ်မြေအတွင်း လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများ ထပ်မံပေါ်ပေါက်လာပါက အစိုးရအဖွဲ့နှင့် ပူးပေါင်း ဆောက်ရွက်သွား မည်ဖြစ်ကြောင်း လက်နက်ကိုင်အဖွဲ့များ စုပေါင်း၍ ကြေညာချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

မဲခေါင်မြစ် တစ်လျှောက်တွင် မြန်မာနိုင်ငံ ပါဝင်သည့် လေးနိုင်ငံ မူးယစ်နှိမ်နင်းရေး တပ်ဖွဲ့များ စစ်ဆင်ရေးဆင်နွှဲ

မြန်မာ၊ ထိုင်းနှင့် လာအိုနိုင်ငံတို့မှ မူးယစ်ဆေးဝါးနှင့် လူသတ်မှု ကျူးလွန်သူ လေးဦးကို သတ်ဖြတ် ခဲ့ပြီးနောက် တရုတ်နိုင်ငံ၏ လုံခြုံရေး တပ်ဖွဲ့များသည် မဲခေါင်မြစ်တစ်လျှောက်မှ နိုင်ငံများနှင့် ပူးပေါင်းကာ မူးယစ်တိုက်ဖျက်ရေး စစ်ပွဲအား တိုးချဲ့ဆင်နွှဲနေပြီ ဖြစ်သည်ဟု China Daily သတင်းစာက ဆိုပါသည်။

လူ့ အခွင့်အရေးလား၊ လူဦးရေ ထိန်းချုပ်မှု လား

Photo: လူ့အခွင့်အရေးလား၊ လူဦးရေ ထိန်းချုပ်မှုလား
Wednesday, June 5, 2013

ရခိုင်ပြည်နယ်အစိုးရက ဒေသန္တရ အမိန့်တခု ထုတ်သည်။ ထိုအမိန့်မှာ ဘူးသီးတောင် မောင်းတောနေ ဘင်္ဂါလီမိသားစုများ ကလေးနှစ်ယောက်ထက် ပိုမယူရေး (Two Child policy) ဖြစ်သည်။ ဒါကို မေ ၂၇ တွင် ဒေါ်အောင်ဆန်းစုကြည်က ယင်းအမိန့်သည် လူလူချင်း ခွဲခြား ဆက်ဆံခြင်းဖြစ်၍ လူ့အခွင့်အရေး ချိုးဖောက်ရာ ရောက်သည် ဟု ဝေဖန်သည်။ ထိုဝေဖန်မှုက အတန်ငယ် ဂယက်ထသွားသည်။ ထောက်ခံ သူတွေ ရှိသလို ကန့်ကွက်သူတွေလည်း ရှိသည်။ ကန့်ကွက်သူ တွေထဲမှ တချို့က ဇွန်လ ၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့၌ ဆန္ဒပြမည်ဟူသော သတင်းများ ထွက်ပေါ်လာပြန်သည်။

ထိုနေ့တွင် ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့သို့ ရခိုင်လူငယ်တချို့ ရောက် လာသော် လည်း ဆန္ဒပြဖို့မဟုတ်၊ အခြေအနေကို လာအကဲခတ်တာ ဟုဆိုသည်။ ရခိုင်ရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က ဤသတင်းမှာ ကောလာဟလပါ ဟုပြောသည်။ သို့သော် မေ ၃၁ က စစ်တွေခရိုင်မှာရှိသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မြို့နယ်ရုံး ၈ ခု ကတော့ ရခိုင်ပြည်နယ် အစိုးရ၏ ဒေသန္တရအမိန့်ကို ထောက်ခံကြောင်း သဘောထား ထုတ်ပြန်ခဲ့သည်။ သို့သော် NLD ၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်နှင့် ရခိုင်ပြည်နယ်ဥက္ကဋ္ဌဖြစ်သူ ဦးညီပု ကတော့ ထုတ်ပြန်ချက်ကို မသိဟုဆိုပြန်သည်။

ပြည်နယ် သဘောထားမဟုတ်ဟု ပြောပြန်သည်။ သို့သော် (သို့သော်တွေ များသွားတာ သီးခံဖတ်ရှုပါ) ရခိုင်တိုင်းရင်းသား တိုးတက်ရေး ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကတော့ “ဒီဒေသမှာ နေကြည့်မှ ဒီအမိန့်ဟာ လိုအပ်တယ်ဆိုတာ သဘော ပေါက်မယ်၊ ကျနော်ကတော့ လက်ခံတယ်” ဟု ဆိုသည်။

ဘူးသီးတောင် မောင်းတောဒေသတွင် ဘင်္ဂါလီဦးရေ လျှင်မြန်စွာတိုးပွားနေတာ တနိုင်ငံလုံးသိကြသည်။ အိမ်ထောင်စုတစု တွင် မိသားစုဝင် ရှစ်ဆယ်ကျော် ရှိနေတာပင်တွေ့ရသည်။ ပထ၀ီနိုင်ငံရေး အရကြည့်လျှင် ကပ်လျှက်ဒေသမှာ ဘင်္ဂါလီတို့ ဌာနေ ဘင်္ဂလားဒေ့ရှ် ဖြစ်နေသဖြင့် အင်မတန် အန္တရာယ်များသည်။ အချိန်မရွေး ထိုဒေသများကို လူဦးရေအရ ၀ါးမျိုကာ တဘက်နိုင်ငံ လက်အောက် ရောက်ရှိသွားနိုင်သည်။ ရိုဟင်ဂျာ အမည်ခံကာ ပြည်နယ်ထူထောင်ခွင့် တောင်းမည်။ ဘင်္ဂါလီ တို့သည် မြန်မာနိုင်ငံက ပြဌာန်းထားသော ဥပဒေနှင့် ညီလျှင် နိုင်ငံသားဖြစ်ခွင့်ရှိ၏။ သို့သော် တိုင်းရင်းသား မဟုတ်သဖြင့် ပြည်နယ်ထူထောင်ခွင့်မရှိ။ ဒါက အမျိုးသားလုံခြုံရေး ပြဿနာ။ ပြီးတော့ အားလုံးနှင့်ဆိုင်သော နိုင်ငံတော် အကျိုးစီးပွား ဖြစ်သည်။ အစိုးရ အကျိုးစီးပွား မဟုတ်ပါ။

ကျနော်တို့ငယ်ငယ်က ဖျားနာချောင်းဆိုးလျှင် ဗမာဆရာနှင့် မိဘများကပြ၏။ ထိုဆရာက တိုင်းရင်းဆေး အမျိုးမျိုးကို ရော ဂါကြည့်ကာ ခွဲခြားပေး၏။ သို့သော် ဘာဆေးပဲဖြစ်ဖြစ် သူညွှန်ကြားတာက “ကွမ်းရွက်ပြုတ်ရည်” နှင့် သောက်ရမည်ဟူ၏။ အခု ကျနော်တို့ဆီတွင် ဒီမိုကရေစီဟု အသံကျယ်လာကတည်းက လူ့အခွင့်အရေး ဆိုသောစကားလုံးမှာ ထည်လဲသုံး “ကွမ်းရွက်ပြုတ်ရည်” ဖြစ်လာသည်။

သမုတိ လောကကြီးထဲ၌ လူ့အခွင့်အရေး ဆိုသောဝေါဟာရ၏ စံနှုန်း၊ တန်ဖိုး၊ အနက် အဓိပ္ပာယ် တို့သည်လည်း သမုတိ သဘောဆောင်သည်ကို မေ့လျော့နေကြသည်။ ဘာပဲဖြစ်ဖြစ် ကိုယ်ပြောချင်တာကို လူကြိုက်များစေလိုလျှင် “လူ့အခွင့်အရေး” ဟု တံဆိပ်ကပ်လိုက်ကြသည်။ ဥပမာ မွတ်စလင် လူ့အဖွဲ့အစည်းတွင် ယောက်ျားတဦးလျှင် ဇနီးလေးယောက် တရားဝင် လက်ထပ်ခွင့်ပြုထားခြင်းမှာ သူတို့ဘာသာဓလေ့ လူ့အခွင့်အရေး ဖြစ်သည်ဆိုသော အချက်ကို မငြင်းလိုပါ။ ထို့ကြောင့် မြန်မာ့လူ့အဖွဲ့အစည်းတွင် ထာဝရကျင့်သုံးလာသော တလင် တမယား စနစ်ကြောင့် မြန်မာယောက်ျားများ လူ့အခွင့်အရေး ဆုံးရှုံးနေကြပါသည်ဟု ကြွေးကြော်တောင်းဆိုရန် သင့်တော် ပါမည်လား။ ယင်းကိစ္စမှာ ကျနော်တို့ လူ့အဖွဲ့အစည်းက ကျေကျေနပ်နပ် နှစ်သက်စွာ လက်ခံထားသော ကိစ္စသာ ဖြစ်ပါသည်။

ဂရိခေတ်ကောင်းစဉ် ကာလကပင် ပလေတိုက လူဦးရေကန့်သတ်ရန် ပြောဆိုဖူးသည်။ ရှေးဟောင်း တရုတ်ပြည်၌လည်း လူဦးရေ များလွန်းတာကိုကြည့်၍ ပညာရှိ ကွန်ဖျူးရှပ်က လူဦးရေနှင့် နေထိုင်ရာပတ်ဝန်းကျင် သဟဇာတ ဖြစ်ရမည်ဟု လမ်းညွှန်ဖူးသည်။ ဂေဟဗေဒ (Ecology) သဘောကို တော်တော်စောစောက သဘောပေါက်သည်။ ပရေရီ မြက်ခင်းပြင်တွင် မြက်စားသတ္တ၀ါ တွေရော အသားစားသတ္တ၀ါတွေပါ ရောနှောနေထိုင်ကြသည်။ သူတို့ရဲ့ တိုးပွားနှုန်းကို သဘာဝတရား ကြီးက သဘာဝကျစွာ ထိန်းချုပ်ထားသည်။ အဘယ်ကြောင့်ဆိုသော် တိရစ္ဆာန်တို့သည် လူတို့ကဲ့သို့ ဆင်ခြင်တုံတရား မရှိသောကြောင့် ဖြစ်သည်။

တရုတ်ပြည်သည် One Child Policy ခေါ် တအိမ်ထောင် ကလေးတယောက်မူဝါဒ ချမှတ်ကျင့်သုံးရာမှ ယနေ့ စီးပွားရေး အင်အားကြီး နိုင်ငံဘ၀ရောက်ခဲ့ရတာ ငြင်းမရ။ အစိုးရသည် နိုင်ငံနှင့် လူမျိုးအတွက် သူ၏အာဏာကို လိုအပ်သလို သုံးစွဲ နိုင်သည်။ ကမ္ဘာ့ နိုင်ငံအတော် များများမှာပင် လူဦးရေထိန်းချုပ်မှု ရှိကြသည်။

Population Theories ခေါ် လူဦးရေဆိုင်ရာ သဘောတရားနှင့် ပတ်သက်၍ ထင်ရှားသူတဦးမှာ သောမတ်စ် ရောဘတ် မားသုစ် (Thomas Robert Malthus) ဖြစ်သည်။ သူက လူဦးရေ များပြားလာခြင်းကြောင့် လူမှုရေး၊ စီးပွားရေး ပြဿနာများ ဖြစ်ထွန်းလာကြောင်း ထောက်ပြခဲ့၏။ အထူးသဖြင့် စားနပ်ရိက္ခာ မလုံလောက်မှု။ နောက်ဆက်၍ ဈေးနှုန်း ကြီးမြင့်ခြင်းနှင့် အလုပ်လက်မဲ့ ပေါများခြင်း၊ လူဦးရေ တိုးတက်မှုနှုန်း (Geometrical Progression – GP) သည် နှစ်ဆတိုးပုံစံ (၂.၄.၈.၁၆.၃၂) ဖြင့် တိုးတက်နေခြင်းဖြစ်သည်။ ယင်းမှာ ပုံသေနှုန်းဖြစ်၍ ဘင်္ဂါလီတို့ တိုးတက်မှုနှုန်းဆိုလျှင် ဇနီးလေးယောက်ဟု သတ်မှတ်ကာ ထိုနှုန်းကို ၄ ဖြင့်သာ မြှောက်ကြည့်ပေတော့။ စားနပ်ရိက္ခာ တိုးတက်မှုနှုန်းမှာမူ AP (Arithmetical Progression) ဖြစ်ရာ အချိုးအစားအရ (၂.၄.၆.၈.၁၀) ဖြင့်သာ တိုးပွားနေသည်။ ထို့ကြောင့် နောက်ဆက်တွဲဆိုးကျိုးများ မဖြစ်ပေါ်စေရန် လူဦးရေထိန်းချုပ်မှု (Population Control) မှာ လိုအပ်သည်ဟု ဆိုလေသည်။

လက်ရှိ မြန်မာနိုင်ငံတွင်လည်း သားဆက်ခြားရေး ပညာပေးဖြင့် လူဦးရေ တိုးတက်မှုနှုန်းကို ထိန်းချုပ်ထားခဲ့သည်။ ယခင်က အိမ်ထောင်စုတစုလျှင် သားသမီးငါးယောက် ပျမ်းမျှအခြေအနေမှ ယခုအခါ ပျမ်းမျှ သုံးယောက် အခြေအနေသို့ ရောက်ရှိ နေလေသည်။ ငါးယောက်နှင့် အထက်မွေးသော အိမ်ထောင်စုများမှာ ကလေးတိုင်းကို ကျန်းမာအောင် ဂရုမစိုက်နိုင်၊ အဟာရ ပြည့်ဝအောင်လည်း မကျွေးမွေးနိုင်၊ ပညာလည်း ဆုံးခန်းတိုင်အောင် သင်ကြားမပေးနိုင်။ သို့ဖြင့် ထိုလူ့အဖွဲ့အစည်းသည် စိတ်ရောကိုယ်ပါ ချို့တဲ့သော၊ ပညာမဲ့သော မျိုးဆက်များကိုသာ ပြန့်ပွားအောင် ဖန်တီးပေးလေတော့သည်။

ဘူးသီးတောင်၊ မောင်းတောတွင် ကြုံတွေ့နေသော အခြေအနေမှာလည်း ထိုနည်းတူပင်ဖြစ်သည်။ ထိုဒေသရှိ ကြီးမားသော လူဦးရေ ပေါက်ကွဲမှု (Population Explosion) က စိတ်မချမ်းသာဖွယ်ရာ အကြမ်းဖက်မှုများကို မွေးထုတ်ပေးခဲ့လေသည်။ ဤပြဿနာ စတင်၍ ပေါ်ပေါက်လာရခြင်း၏ ဇစ်မြစ်ကို လေ့လာကြည့်ပါ။ အသိဉာဏ်ရှိသောလူများ ကျူးလွန်ရန် စိတ်ပင် မကူးရဲသော ရာဇ၀တ်မှုကို ကျူးလွန်ရန် ၀န်မလေးသူတွေ တိုးပွားလာတာကို ဒီအတိုင်း လူ့အခွင့်အရေး မျက်မှန်စိမ်း တပ်၍ ထိုင်ကြည့်နေပါက တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးမှာ ကြာလေဝေးလေ ဖြစ်ရပေတော့မည်။

အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာမှ အဲဒီအကြမ်းဖက်သူတွေကို ဖမ်းဆီးထိန်းချုပ်ဖို့ စိတ်ကူးကောင်း စိတ်ကူး နေပေလိမ့်မည်။ ကျနော့် သဘောကတော့ လူတွေကို ဖြစ်ပြီးမှ ထိန်းချုပ်တာထက်၊ ဘာမှ မဖြစ်သေးခင် လူဦးရေကို ထိန်းချုပ်တာက ပိုမို သင့်လျှော်သည်ဟု ထင်မြင်မိလေသည်။

ဇွန် ၄ ရက်နေ့က တအိမ်ထောင် ကလေးနှစ်ဦး အမိန့် ထောက်ခံသည့်အနေဖြင့် ရခိုင်ပြည်နယ် စစ်တွေတွင် ဆန္ဒပြနေကြစဉ် (ဓာတ်ပုံ – မင်းနိုင်သူ)

ဧရာဝတီ

ဇွန် ၄ ရက်နေ့က တအိမ်ထောင် ကလေးနှစ်ဦး အမိန့် ထောက်ခံသည့်အနေဖြင့် ရခိုင်ပြည်နယ် စစ်တွေတွင် ဆန္ဒပြနေကြစဉ် (ဓာတ်ပုံ – မင်းနိုင်သူ)
ရခိုင်ပြည်နယ်အစိုးရက ဒေသန္တရ အမိန့်တခု ထုတ်သည်။ ထိုအမိန့်မှာ ဘူးသီးတောင် မောင်းတောနေ ဘင်္ဂါလီမိသားစုများ ကလေးနှစ်ယောက်ထက် ပိုမယူရေး (Two Child policy) ဖြစ်သည်။ ဒါကို မေ ၂၇ တွင် ဒေါ်အောင်ဆန်းစုကြည်က ယင်းအမိန့်သည် လူလူချင်း ခွဲခြား ဆက်ဆံခြင်းဖြစ်၍ လူ့အခွင့်အရေး ချိုးဖောက်ရာ ရောက်သည် ဟု ဝေဖန်သည်။ ထိုဝေဖန်မှုက အတန်ငယ် ဂယက်ထသွားသည်။ ထောက်ခံ သူတွေ ရှိသလို ကန့်ကွက်သူတွေလည်း ရှိသည်။ ကန့်ကွက်သူ တွေထဲမှ တချို့က ဇွန်လ ၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့၌ ဆန္ဒပြမည်ဟူသော သတင်းများ ထွက်ပေါ်လာပြန်သည်။

မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားများ ထိခိုက်ဒဏ်ရာရခြင်း၊ အသက်ဆုံးရှုံးခြင်းများ ထပ်မံမဖြစ်ပေါ်စေရေး မလေးရှား အစိုးရ အနေဖြင့် လိုအပ်သည့် အရေးယူမှုများ ပြုလုပ်ရန် မြန်မာအစိုးရ သတိထောက်လွှာပေး

မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားများ ပစ္စည်းဥစ္စာ ဆုံးရှုံးခြင်း၊ ထိခိုက်ဒဏ်ရာ ရခြင်းနှင့် အသက်ဆုံးရှုံးခြင်း များ ထပ်မံမဖြစ်ပေါ်စေရေး မလေးရှား အစိုးရ အနေဖြင့် လိုအပ်သည့် အရေးယူ မှုများ ပြုလုပ်ရန် မြန်မာ အစိုးရက သတိထောက်လွှာ ပေးအပ်ခဲ့သည်ဟု ဇွန် ၄ ရက် ညပိုင်းက မြန်မာ့ ရုပ်မြင်သံကြား သတင်းအစီ အစဉ်တွင် ဖော်ပြခဲ့သည်။

ကူမင်း ကုန်စည်ပြပွဲသို့ မြန်မာစီးပွားရေး လုပ်ငန်းရှင် ၁၈၀ ကျော် သွားမည်

ဇွန်လ ၆ ရက်မှ ၁၀ ရက်နေ့အထိ ပြုလုပ်မည့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်း ကုန်စည်ပြပွဲ သို့ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် ၁၈၀ ကျော် သွားရောက်မည်ဟု ကုန်သည်များနှင့် စက်မှု လုပ်ငန်း ရှင်များ အသင်းချုပ် (UMFCCI) မှတဆင့် သိရသည်။

လှိုင်သာယာ စက်မှုဇုန် (၂) ရှိ ဟောင်ကောင် ကြာဆံစက်ရုံတွင် မီးလောင်မှု ဖြစ်ပွား

Photo: လှိုင်သာယာ စက်မှုဇုန် (၂) ရှိ ဟောင်ကောင် ကြာဆံစက်ရုံတွင် မီးလောင်မှု ဖြစ်ပွား
Wednesday, June 05, 2013

ရန်ကုန်မြို့၊ လှိုင်သာယာ စက်မှုဇုန် (၂) ဦးရေပေါလမ်းတွင် တည်ရှိသော ဟောင်ကောင် ကြာဆံစက်ရုံတွင် ဇွန် ၄ ရက်က မီးလောင်မှု ဖြစ်ပွားခဲ့သည်။

အဆိုပါ မီးလောင်မှုမှာ ညနေ ၆ နာရီ၊ မိနစ် ၃၀ ခန့်တွင် စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး ည ၇ နာရီခွဲခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း လှိုင်သာယာမြို့နယ် မီးသတ်တပ်ဖွဲ့မှ သိရသည်။

ထို့ပြင် မီးလောင်မှု အကြောင်းအရင်းကို စုံစမ်းဆဲဖြစ်ကာ အဆောက်အအုံ ငါးလုံးနှင့် ဒီဇယ်ဆီဂါလန် ၃၀ ပျက်စီး လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

မီးလောင်မှုကို ငြှိမ်းသတ်နေသော မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးက "အထဲမှာ မီးမလောင်သေးတဲ့ ဒီဇယ်ပေပါ ၁၆ လုံးလောက် ရှိမယ်။ ပြီးတော့ ဒီဇယ်မီးစက် အကြီးစားနှစ်လုံးလည်း မီးလောင်ထားတယ်။ လူအထိအခိုက်တော့ မရှိဘူး" ဟု ပြောသည်။

အဆိုပါစက်ရုံ မီးလောင်မှုကို မီးသတ်ယာဉ် ၄၆ စီး၊ ကွပ်ကဲမှုယာဉ် ခြောက်စီးလာရောက် ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

"စလောင်တဲ့ နေရာက အလုပ်သမားတွေ နေတဲ့တန်းလျားက စလောင်နေတာ တွေ့ရတယ်။ လောင်လောင်ချင်း မီးသတ်ဆေးဘူးနဲ့ ငြှိမ်းပါသေးတယ်။ နောက်တော့ မီးသတ်ကားတွေ ရောက်လာပါတယ်" ဟု အဆိုပါ စက်ရုံမှ စက်ပြင်တာဝန်ခံ ဦးမျိုးထွဋ်က ပြောသည်။

EMG
ဇွန် ၄ ရက်က လှိုင်သာယာစက်မှုဇုန် ၂ ရှိ ဟောင်ကောင်ကြာဆံစက်ရုံ မီးလောင်မှုအား ငြိမ်းသတ်နေသည်ကို ည ၇ နာရီ ခန့်က တွေ့ရစဉ်
ဇွန် ၄ ရက်က လှိုင်သာယာစက်မှုဇုန် ၂ ရှိ ဟောင်ကောင်ကြာဆံစက်ရုံ မီးလောင်မှုအား ငြိမ်းသတ်နေသည်ကို ည ၇ နာရီ ခန့်က တွေ့ရစဉ်
ရန်ကုန်မြို့၊ လှိုင်သာယာ စက်မှုဇုန် (၂) ဦးရေပေါလမ်းတွင် တည်ရှိသော ဟောင်ကောင် ကြာဆံစက်ရုံတွင် ဇွန် ၄ ရက်က မီးလောင်မှု ဖြစ်ပွားခဲ့သည်။

နိုင်ငံတကာမှ စိတ်ဝင်စားမှု များပြားနေသည့် World Economic Forum နေပြည်တော်တွင် ယနေ့ ( ဇွန် ၅ ရက်) စတင်ကျင်းပမည်

worldeconomicforum-june5
World Economic Forum ကျင်းပမည့် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန အဆောက်အအုံကို ဇွန် ၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- စိုးမင်းထက်)
နိုင်ငံတကာမှ စိတ်ဝင်စားမှု များပြားနေသည့် အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ် (World Economic Forum)ကို ယနေ့(ဇွန် ၅ ရက်)နေပြည်တော်တွင် စတင်ကျင်းပမည်ဖြစ်သည်။ (၂၂)ကြိမ်မြောက် အရှေ့ အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေး ဖိုရမ်ကို ဇွန် ၅ ရက်မှ ၇ ရက်အထိ သုံးရက်ကြာ ကျင်းပမည် ဖြစ်သည်။