မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် စီမံကိန်း ၃၈ ခု
ပါဝင်သော အမေရိကန်ဒေါ်လာ သန်း ၅၀၀ နီးပါး ကုန်ကျမည့် မြန်မာခရီးသွားလုပ်ငန်း
Master Plan ကို ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ထုတ်ပြန် လိုက်ကြောင်း
ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးဌေးအောင် က ပြောကြားသည်။
Friday, June 7, 2013
အလုပ်အကိုင်အခွင့်အလမ်းနဲ့ ပတ်သက်လို့

တတိယအကြိမ်အဖြစ် ကျင်းပပြုလုပ်ခဲ့သော အလုပ်အကိုင်အခွင့်အလမ်းပြပွဲ (Job Fair)တွင် လာရောက် သူ ဦးရေ ဒုတိယ အကြိမ် ထက်လျော့နည်းသော်လည်း အရည်အချင်းနှင့် ကိုက်ညီသည့် အလုပ်များကို ပိုမို စိစစ်၍လျှောက်ထားလာကြောင်း သိရသည်။
၁၅ကြိမ်မြောက် NBF ညီလာခံတွင် တိုင်းရင်းသားများ၏ ရပိုင်ခွင့် ဆွေးနွေးမည်
လာမည့်ဇွန် ၁၁ရက်မှ ၁၂ရက်နေ့အထိ တောင်ကြီးမြို့၌ ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း (NBF)အဖွဲ့ဝင်များ၏ ၁၅ကြိမ် မြောက် ညီလာခံကျင်းပမည်ဖြစ်ပြီး ညီလာခံတွင် တိုင်းရင်းသားများ၏ ရပိုင်ခွင့်နှင့် ပတ်သက်၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့ဝင် တိုင်းရင်းသားပါတီများက ယမန်နေ့ က ပြောကြား လိုက်သည်။
သဘောတူညီချက်တွေကို အလုပ်ရှင်ဖက်က မလိုက်လျောသေး
စံကောင်း ပီနံအိတ်စက်ရုံက အလုပ်ရှင်အလုပ်သမား ပဋိပက္ခမှာ ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထား တဲ့ အလုပ်သမား အလုပ်ရှင်အခွင့်အရေး ကော်မရှင်က ကြားဝင်ညှိနှိုင်းပေးခဲ့ပေမယ့် အလုပ်ရှင် ဖက်က သဘောတူညီချက်တွေကို လိုက်လျောပေးခြင်းမရှိသေးကြောင်း စံကောင်းပီနံအိတ်စက်ရုံ အလုပ် သမားတွေက ဒီနေ့ပြောပါတယ်။
ရှမ်းတောင်ပိုင်းတပ်နဲ့ ငြိမ်းချမ်းရေးကော်မတီ တွေ့မည်
ရှမ်းပြည်နယ်တွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အကောင်အထည် ဖော်နိုင်ဖို့ ရှမ်းပြည်ပြန်လည် တည်ထောင်ရေး ကောင်စီက ကိုယ်စား လှယ်တွေ မြန်မာငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီနဲ့ မကြာခင် ရက်ပိုင်းအတွင်း နေပြည်တော်မှာ တွေ့ဆုံဆွေးနွေး ကြဖို့ရှိတယ်လို့ တောင်ပိုင်း ရှမ်းပြည် တပ်မတော်ပြောခွင့်ရက ဗွီအိုအေ မြန်မာပိုင်း ကိုပြောပါတယ်။ အပစ်ရပ်ဖို့ နှစ်ဖက်ဆွေးနွေးနေကြပေမဲ့ လုံခြုံရေး အခြေအနေဟာ စိုးရိမ်နေ ရဆဲဖြစ်တဲ့အတွက် စစ်ပြေးဒုက္ခသည် အများစုကတော့ နေရင်းမပြန် ရဲသေး ပဲဖြစ်နေကြတယ်လို့ ရှမ်းလူထု အခြေပြု အဖွဲ့ကပြောပါတယ်။ အသေးစိတ်ကို မဆုမွန်က ဆက်ပြောပြပါမယ်။
သွေး ဖိအား ကျ ဆင်းစေနိုင် သည့် နည်း လမ်း သစ် များ
သင့်သွေးဖိအား မြင့်တက်နေတာကို ထိန်းချုပ်ဖို့ ခက်ခဲနေပါသလား။ အောက်ပါတို့ဟာ သိပ္ပံ နည်းကျ ဖော် ထုတ်ထားတဲ့ သွေးဖိအား ကျင်ဆင်းစေနိုင်တဲ့ နည်းလမ်းတွေ ဖြစ်ပြီး နှလုံးရောဂါဖြစ်နိုင်ခြေကိုလည်း ၆၇ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ပါတယ်။
နောက်ကွယ်မှာ ဘယ်သူတွေရှိနေလဲ
ဇွန် ၅ ရက်တွင် မန္တလေးမြို့ နေရာအချို့၌ အဓိကရုဏ်း ဖြစ်ပေါ်စေရန် ရည်ရွယ်၍ လူတစ်စုက အော်ဟစ် လှုံ့ဆော်မှုများ ပြုလုပ်ခဲ့သည်။ ထို့အတွက်ကြောင့် မန္တလေးမြို့နေ လူထုများ စိုးရိမ်တကြီးနှင့် ကြောက်လန့် တကြားဖြစ်ပွားခဲ့ရပြီး မလိုလားအပ်သော လူစုလူဝေးများ ဖြစ်ပေါ်ခဲ့ရပါသည်။ အလားတူလှုံ့ဆော်မှု ၊ ကောလာ ဟလများကြောင့် ဒေသအချို့တွင်လည်း စိုးရိမ်ပူပန်မှုများ ရှိနေရဆဲဖြစ်သည်။
နိုင်ငံတကာရင်းနှီးမြှပ်နှံမှု သမ္မတဖိတ်ခေါ်

ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေလုပ်နေတဲ့ မြန်မာနိုင်ငံရဲ့အခြေအနေ နောက်ကြောင်းပြန် လှည့်နိုင်သေးသလားဆိုတာဟာ သက်ဆိုင်တဲ့ နှစ်ဘက်စလုံးပေါ်မှာ မူတည်နေတယ် လို့ ဒေါ်အောင်ဆန်း စုကြည် က ပြောလိုက်ပါတယ်။ သမ္မတ ဦးသိန်းစိန်ကလည်း မြန်မာနိုင်ငံဟာ စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီဆီ ကူးပြောင်းနေတဲ့ သမိုင်းမှာ အရေးကြီးတဲ့ အချိန်ကာလ တစ်ခုမှာ ရောက်နေတယ် လို့ပြောပါ တယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက နေပြည်တော်ကနေ သတင်းပေးပို့ထားပါတယ်။
WiFi နှင့် NFC အသုံးပြုနိုင် မည့် Panasonic Lumix GF6 ကင်မရာ

Lumix G ကင်မရာမိသားစု၏ အသစ်စက်စက် အဖွဲ့ဝင်အဖြစ် WiFi နှင့် NFC တို့ အသုံးပြုနိုင်မည့် Lumix GF6 ကင်မရာအား Panasonic မှ ထုတ်လုပ်လိုက်ပြီ ဖြစ်သည်။
ကမ္ဘာ့စီးပွားရေးဖိုရမ် အခမ်းအနား ကျင်းပနေသည့် အဆောက်အအုံ အ၀င်အထွက် စစ်ဆေးရေးဂိတ်တွင် လုံခြုံရေးဆိုင်ရာ အထူးကျွမ်းကျင်သည့် ရဲမေများကို တာဝန်ပေးထား
![]() |
| ကမ္ဘာ့စီးပွားရေးဖိုရမ် တက်ရောက်သူများကို လုံခြုံရေးတပ်ဖွဲ့မှ စစ်ဆေးနေသည်ကို တွေ့ရစဉ် |
၂၀၁၃ ခုနှစ် ဇွန် ၅ ရက်မှ ၇ ရက်အတွင်း နေပြည်တော် MIC အဆောက်အအုံတွင် ကျင်းပနေသည့်
အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေး ဖိုရမ်အခမ်းအနားတွင် အ၀င်အထွက်
ဂိတ်ပေါက်များ၏ လုံခြုံမှု စစ်ဆေးရေး အပိုင်းကို အထူးကျွမ်းကျင်သည့်
ရဲမေများဖြင့် တာဝန်ပေးထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တာဝန်ရှိသူ
တစ်ဦးက ဇွန် ၆ ရက်က ပြောကြားခဲ့သည်။
World Economic Forum တွင် ပြုပြင်ပြောင်းလဲမှု၊ မီဒီယာ၊ တိုင်းရင်းသား ရင်ကြားစေ့ရေး စစ်တပ်၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ စကားစစ်ထိုးပွဲကျင်းပ
ဘီဘီစီရုပ်သံလိုင်းမှ အပတ်စဉ် ကျင်းပသည့် စကားစစ်ထိုးပွဲအား နေပြည်တော်တွင်ကျင်းပသည့် အရှေ့ အာရှ ကမ္ဘာ့ စီးပွားရေး ဖိုရမ်၏ ဖွင့်ပွဲတွင် လာရောက်ပြုလုပ်ခဲ့သည်။
နယ်အချို့တွင် ဘာသာရေး အဓိကရုဏ်း ဖြစ်စေနိုင်သော လှုံ့ဆော်မှုများ ရှိနေသောကြောင့် ဒေသခံများ ပူပန်နေကြ

မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း ဒေသကြီးများရှိ မြို့နယ်အချို့တွင် ဇွန် ၅ ရက်နှင့် ၆ ရက်များ၌ အဓိကရုဏ်းဖြစ်စေနိုင်သော ကောလာဟလ လှုံ့ဆော်သူများ ရှိနေသောကြောင့် ဒေသခံများ စိုးရိမ်မှုများ ရှိနေသဖြင့် အဆိုပါ ကောလာဟလ ထွက်ပေါ်မှုများအား သက်ဆိုင်ရာမှ ထိရောက်စွာ ကိုင်တွယ်ရန် လိုအပ်ကြောင်း သုံးသပ်ကြသည်။
ခရိုနီများအား ဒေါ်အောင်ဆန်းစုကြည် အကောင်းဘက်မှ ရှုမြင်
မြန်မာနိုင်ငံရှိ ခရိုနီများသည် လူသားချင်း စာနာထောက်ထားမှု အကူအညီများတွင် ငွေကြေးသုံးစွဲလာခြင်း ကို ကြိုဆိုပါကြောင်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်တွင် ဇွန် ၆ ရက်က ပြောကြားသည်။
မလေးရှားတွင် ခေါ်ယူစစ်ဆေးခံနေရသော မြန်မာ ၁၀၀၀ ကျော်အထိ ရှိနေပြီး အထောက်အထား မခိုင်လုံသူများ ထောင်ကျခံရဖွယ်ရှိ

ဇွန် ၅ ရက် မလေးစံတော်ချိန် နံနက် ၁၁ နာရီခန့်မှစ၍ မြန်မာအများအပြား နေထိုင်သော အမ်ပန်း၊ ချရတ်၊ ဆလာရန်း ဒေသများတွင် ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပြီးနောက် ဇွန် ၆ ရက်တွင် မြန်မာလူမျိုး ၁၀၀၀ ကျော်ကို ဖမ်းဆီးစစ်ဆေးနေကြောင်း မလေးရှား သတင်းဌာန တစ်ခုဖြစ်သော The Star တွင် ဖော်ပြထားသည်။
ရန်ကုန်-နေပြည်တော် အမြန်လမ်း (၁၈၅ မိုင်) တွင် ဇွန် ၆ ရက် ညနေပိုင်းက ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာ ဆွစ်ဇာလန် နိုင်ငံသားတစ်ဦး အပါအ၀င် သုံးဦးသေဆုံး
ဇွန် ၆ ရက်၊ မွန်းလွဲ ၃ နာရီခွဲခန့်တွင် ရန်ကုန်-နေပြည်တော် အမြန်လမ်းပိုင်းရှိ ၁၈၅ မိုင် တွင် နိုင်ငံခြားသားများပါရှိသောပါရာဒိုတစ်စီးနှင့် အေဒီဗန်အမျိုးအစား အိမ်စီးကားတစ်စီးတို့ တိုက်မှုဖြစ်ပွား ခဲ့ကြောင်း ရန်ကုန်-နေပြည်တော် အမြန်လမ်းပိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေ၀င်းက ပြော ကြား သည်။
Thursday, June 6, 2013
မြောက်ဦး ပုရိန်ရွာပစ်ခတ်မှု ၃ ဦးသေဆုံးကြောင်း အာဏာပိုင်တွေ အတည်ပြုပြောကြား
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပုရိန်ကျေးရွာမှာ ပြီးခဲ့တဲ့ ဇွန်လ ၎
ရက်နေ့က ဒေသခံတွေနဲ့ အာဏာ ပိုင်တွေအကြား ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းကြောင့်
ဒေသခံ ၃ ဦး သေဆုံးခဲ့ပြီး ၄ ဦးဒဏ်ရာရရှိကြောင်း
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
မှုခင်းဖော်ထုတ်ပေးသည့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အား ဂုဏ်ပြုဆုငွေ ချီးမြှင့်ခြင်း
ကမာရွတ်မြို့မရဲစခန်း (ပ) ၅၃/၂၀၁၂၊ ပုဒ်မ ၃၈၀ အမှုအား အောင်မြင်အောင် ဖော်ထုတ်ပေးခဲ့သော ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ မှုခင်းအကူဌာနသို့ပစ္စည်းပိုင်ရှင် တရားလို ဦးမိုးပြည့်စိုးမှ စေတနာထက်သန် စွာဖြင့် ဂုဏ်ပြုဆုငွေ ၃ သိန်း ချီးမြှင့်ကြောင်းနှင့် အဆိုပါ ချီးမြှင့်ငွေ ၃ သိန်း ကျပ်အား ရန်ကုန်တိုင်းဒေသ ကြီးရဲတပ်ဖွဲ့မှ အထူးအဖွဲ့ရန်ပုံငွေအဖြစ် မြန်မာ့စီးပွားရေးဘဏ်တွင်ရေးဖွင့်ထားသည့် ငွေစာရင်းတွင် ထည့် သွင်းသွားမည်ဖြစ်ပြီး အထူးအဖွဲ့ရန်ပုံငွေသည် မှုခင်းကြိုတင် ကာကွယ်ရေးနှင့် မှုခင်းများဖော် ထုတ်ဆောင် ရွက် ရာတွင် သုံးစွဲကြောင်း သိရှိရပါသည်။
အထိုင်များသူတို့က လှုပ်ရှားမှုများသူတို့ထက် အိုမင်းမှု ပိုမြန်
အမေရိကန်မှ ဆေးသိပ္ပံပညာရှင်များရဲ့  လေ့လာတွေ့ရှိချက် ဖြစ်ပါတယ်။ ယင်း တွေ့ရှိချက်အရ အားကစား ပုံမှန်လုပ်သူဟာ အခြား မလုပ်သူများထက် စိတ်ရော၊ အတွင်းအပြင် ခန္ဓာကိုယ် အိုမင်းမှုပါနှောင့်နှေးစေ ပါတယ်။ အရွယ် တင် စေပါတယ်။
ဧရာဝတီတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကြောင့် ၅၀ ရာခိုင်နှုန်းအထိ မြင့်တက်လာသော ပုသိမ် အိမ်၊ ခြံ၊ မြေ ဈေးကွက်
ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသော ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကြောင့် ပုသိမ်မြို့နယ် အတွင်းရှိ အိမ်၊ ခြံ၊ မြေဈေးနှုန်းများ ၅၀ ရာခိုင်နှုန်းအထိမြင့်တက်လာကြောင်း ‘ပုသိမ် အိမ်၊ခြံ၊မြေ အကျိုးဆောင်များ’ ထံမှ သိရသည်။
ရှေးဟောင်းအမွေအနှစ် အဆောက်အဦး (၂၀၀)ခန့်ကို ဘာသာနှစ်မျိုးဖြင့် သမိုင်းကြောင်းဖော်ပြမည်

ရန်ကုန်မြို့အတွင်းရှိ ရှေးဟောင်းအမွေအနှစ် အဆောက်အဦးများ၏ သမိုင်းကြောင်းကို ကမ္မည်းပြား( blue plaques)များဖြင့် မြန်မာ၊ အင်္ဂလိပ် ဘာသာနှစ်မျိုးရေးသားကာ ဖော်ပြရန်အတွက် Philips ကုမ္ပဏီက ကန်ဒေါ်လာ (၇၅၀၀၀) ကိုလှူဒါန်းမည်ဖြစ်ကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ (Yangon Heritage Trust)မှ ဥက္ကဌ ဒေါက်တာသန့်မြင့်ဦးက ဆိုသည်။
ပေါင်းလောင်း ဆည်ကြောင့် ကျေးရွာပြောင်းရသူများ နေရာ သစ်တွင် အခက်ကြုံ
ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်က ပေါင်းလောင်းဆည် ရေအားလျှပ်စစ်စီမံကိန်းကြောင့် ရွာဟောင်း ကနေ ရွာသစ်ကို ရွှေ့လာရတဲ့ ဒေသခံတွေ ရေမီးအခက်အခဲအပြင် အလုပ်အကိုင်အခက်အခဲ ကြုံနေရပါ တယ်။
တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီမှ UNFC နှုတ်ထွက်
![]() |
| ၂၀၁၂ အတွင်း ကျင်းပခဲ့သည့် တိုင်းရင်းသား ညီလာခံ (Photo : Shan Representative) |
ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကော်စီ UNFC က တိုင်းရင်းသား
ပူးပေါင်းဆောင် ရွက်ရေး လုပ်ငန်းကော်မတီ WGEC မှ နှုတ်ထွက်လိုက်ကြောင်း
သိရပါသည်။
Microsoft မှ Development Partner အဖြစ်MIT ကုမ္ပဏီအား ရွေးချယ်
Microsoft မှမြန်မာနိုင်ငံတွင်း ပထမဦးဆုံး ၄င်းတို့၏ Development Partner အဖြစ်MIT( Myanmar Information Techology Pte) ကုမ္ပဏီအား ရွေးချယ်လိုက်ကြောင်း ယနေ့ကျင်းပသည့် ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် ပြောကြားခဲ့သည်။
အသက်များ အပိုပါကြလား......

ယနေ့ မွန်းလွဲ ၂ နာရီခန့် နေပြည်တော် ရန်ကုန် မိုင်တိုင် ၁၈၀/၅ ပါရာဒို နှင့် AD Van ယှဉ်မောင်း တိုက်မှု ဖြစ် ပါရာဒို ချောက်ထဲကျ နိုင်ငံခြားသား ၁ ဦးသေဆုံး AD Van လမ်းဘေးထိုးကျ အမျိုးသမီး ၂ ဦးသေဆုံး မီဒီယာသမားများနှင့် စပ်စုသူများဖြင့် များပြားလျှက်ရှိ။
FB ကားပွဲစားတန်း
လေးကြိမ်မြောက် အရှေ့တောင် အာရှပန်ကြပ်ဆီလတ် (လက်သိုင်း) ချန်ပီယံ ရှစ်ပြိုင်ပွဲမြန်မာ အိမ်ရှင်အဖြစ် ကျင်းပမည်
လေးကြိမ်မြောက် အရှေ့တောင်အာရှပန်ကြပ်ဆီလတ်(လက်သိုင်း)ပြိုင်ပွဲ အားမြန်မာနိုင်ငံ ကအိမ်ရှင်အဖြစ် လက်ခံ ၍နေပြည်တော်၌ ဇွန်လ(၂၂)ရက်နေ.မှ(၂၈)ရက်နေ.အထိ ကျင်းပသွားမည်ဖြစ်ကြောင်း မြန် မာနိုင်ငံ သိုင်းအဖွဲ.ချုပ် မှသိရသည်။
ကောင်းသော သန့်ရှင်းသော ဆီးဂိမ်းဖြစ်စေချင်
မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်မှ ၂၂ ရက်အထိကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် အားကစား နည်းများအလိုက် ပြုလုပ်မည့်နေ့ရက်များ တရားဝင် ထွက်ပေါ်လာပြီ ဖြစ်သည်။
ရန်ကုန်ရှေးဟောင်း အဆောက်အအုံများအတွက် Philips ဒေါ်လာ ၇၅,၀၀၀ လှူမည်
နယ်သာလန်အခြေစိုက် အီလက်ထရွန်နစ်ကုမ္ပဏီ Philips က ရန်ကုန် မြို့တော်ရှိ
ရှေးဟောင်း အမွေအနှစ် အဆောက်အအုံများ ကမ္ဗည်းပြား တပ်ဆင်ရန်နှင့်
မီးအလှဆင်ရန်အတွက် အမေရိကန်ဒေါ်လာ ၇၅,၀၀၀ လှူဒါန်းမည်ဖြစ်ကြောင်း
ရန်ကုန်မြို့ပြ အမွေအနှစ် စောင့်ရှောက်ရေးအဖွဲ့ (Yangon Heritage Trust)
အဖွဲ့မှ ဒေါက်တာသန့်မြင့်ဦးက ပြောကြားသည်။
၂၀၁၅ သမ္မတရာထူး ယှဉ်ပြိုင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြော
နေပြည်တော်တွင် ယနေ့စတင်ကျင်းပသော ကမ္ဘာ့စီးပွားရေးဖိုရမ်၏ စကားဝိုင်းတွင် အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် သမ္မတရာထူး အတွက် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု အတည်ပြုပြောကြားလိုက်သည်။
မတရားအသင်းနှင့် ဆက်သွယ်မှုပုဒ်မ ပယ်ဖျက်ပေးရေး တောင်းဆိုမည်

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို မတရားအသင်းအဖြစ်မှ ပယ်ဖျက်ပေးပြီး မတရားအသင်း အဖွဲ့ ဆက်သွယ်မှု (ပုဒ်မ ၁၇/ ၁) ဖြင့် ဖမ်းဆီးခံထားရ သူများကို ပြန်လွှတ်ပေးရန် တိုင်းရင်းသား ပါတီနှင့် နိုင်ငံရေးသမားများ တောင်းဆိုသွားမည် ဖြစ်ကြောင်း သိရသည်။
အမေရိကန် ဒေါ်လာ တစ်သန်း အကုန်အကျခံကာ ကျင်းပမည့် ဗြိတိန် လက်ဝှေ့ကျော်ကြီး၏ လက်ထပ်ပွဲ
ပါကစ္စတန် နွယ်ဖွား ၊ ဗြိတိန် လက်ဝှေ့ကျော် Amir Khan သည် ယနေ့တွင် အမေရိကန်နိုင်ငံနယူးယောက်ရှိ Waldorf-Astoria ဟိုတယ်တွင်အမေရိကန် ကျောင်းသူ Faryal Makhdoom နှင့် လက်ထပ်ပွဲကို စည်ကားစွာ ကျင်းပခဲ့သည်။
Subscribe to:
Posts (Atom)

