Saturday, June 8, 2013

လားရှိုးတွင် ဓာတ်ဆီလောင်းမီးရှို့ခံရသူကို မန္တလေး ဆေးရုံသို့ ပြောင်းရွှေ့ကုသမည်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ဓာတ်ဆီလောင်း မီးရှို့ခံရမှုကြောင့် မီးလောင်ဒဏ်ရာများ ခံစားနေ ရသော ဒေါ်အေးအေးဝင်းကို ဇွန်လ ၁၂ ရက်နေ့တွင် လားရှိုးဆေးရုံမှ မန္တလေး အထွေထွေရောဂါ ကု ဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသမှု ခံယူစေမည်ဖြစ်ကြောင်း ၄င်း၏ကျန်းမာရေးအတွက် ကူညီဆောင်ရွက်ပေးသူ အထက်ဗမာပြည် ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (လားရှိုး)မှ ဦးမျိုးက The Voice သို့ ပြောကြားသည်။

F&N ကုမ္ပဏီမှ အာခေါင်ကွဲ၊ နှုတ်ခမ်းကွဲ ဝေဒနာရှင်များကို စရိတ်ငြိမ်း အခမဲ့ကုသပေးမည်

Photo: F&N ကုမ္ပဏီမှ အာခေါင်ကွဲ၊ နှုတ်ခမ်းကွဲ ဝေဒနာရှင်များကို စရိတ်ငြိမ်း အခမဲ့ကုသပေးမည်
Saturday, June 08, 2013

ရန်ကုန်တိုင်းဒေသကြီးရှိ အထွေထွေရောဂါကုဆေးရုံကြီးတွင် အာခေါင်ကွဲ၊ နှုတ်ခမ်းကွဲ ဝေဒနာရှင် (၁၆၀)ဦးကို စင်ကာပူနိုင်ငံ၏ ထောက်ပံ့ပေးမှုဖြင့် အခမဲ့ခွဲစိတ်ကုသမှုပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

"အားလုံးအခမဲ့ပါ။ ဘာကြေးမှပေးစရာမလိုပါဘူး။ နယ်တွေကလာတဲ့ ဝေဒနာရှင်တွေအတွက်ကိုလည်း နေ စရိတ်စားစရိတ်အကုန်လုံး အခမဲ့ပါ။ လုပ်ဖြစ်ခဲ့တာကတော့ စင်ကာပူနိုင်ငံက ဒီလိုလေးလုပ်ချင်ပါတယ်ဆိုပြီး ကမ်းလှမ်းလို့ပါ "ဟု မြန်မာဘရူဝါကုမ္ပဏီမှ မန်နေဂျာ ဒေါ်ဝင်းဝင်းသန်းက ပြောသည်။ 

Shwe Myitmakha Media Group
ရန်ကုန်တိုင်းဒေသကြီးရှိ အထွေထွေရောဂါကုဆေးရုံကြီးတွင် အာခေါင်ကွဲ၊ နှုတ်ခမ်းကွဲ ဝေဒနာရှင် (၁၆၀)ဦးကို စင်ကာပူနိုင်ငံ၏ ထောက်ပံ့ပေးမှုဖြင့် အခမဲ့ခွဲစိတ်ကုသမှုပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာငွေ ၁၀၀ ကျပ်ရှိရုံနဲ့ ကြော်ငြာလို့ရတဲ့ Website

မြန်မာငွေ ငွေတစ်ကျပ်လောက်ရှိရုံနဲ့ ကြော်ငြာလို့ရတယ်ဆိုတာ အခုခေတ်မှာ မရှိပါဘူး။ ဒါပေမဲ့ အွန်လိုင်းပေါ်မှာ ငွေတစ်ရာကျပ်ရှိရုံနဲ့ ကြော်ငြာတွေ လက်ခံပေးနေတဲ့ Website လေးတစ်ခုကို ပြောပြပေး ချင် ပါတယ်။ 

မန္တလေး-နေပြည်တော် တစ်ကျော့ပြန်ငလျင် အန္တရာယ် သတိပြုသင့်

ငလျင်ကြီးများ လှုပ်ခတ်ခဲ့ဖူးသည့် စစ်ကိုင်းပြတ်ရွေ့ကြောပေါ်ရှိ မန္တလေးမြို့မှ နေပြည်တော်အထိ လမ်း အပိုင်းသည် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀ အတွင်း ငလျင်များလှုပ်ခတ်ထားခြင်း မရှိသောကြောင့် တစ်ကျော့ပြန် လှုပ်ခတ်လာနိုင်မည့် ငလျင်အန္တရာယ်ကို သတိပြုရန်လိုအပ်ကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီ အတွင်းရေးမှူး ဦးစိုးသူရထွန်းက ပြောကြားသည်။ 

မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူးပေါင်း၍ လူကုန်ကူးခံရသည့် မြန်မာနိုင်ငံသား ၁၄ ဦးအား မြန်မာနိုင်ငံမှ ပြန်လည် ခေါ်ယူနိုင်ရန်ဆောင်ရွက်



မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံ အထူးစုံစမ်း စစ်ဆေးရေးဌာန (DSI)၊ UNIAP တို့ ပူးပေါင်း၍ ထိုင်းနိုင်ငံရှိ လူကုန်ကူးခံရသည့် မြန်မာနိုင်ငံသား ၁၄ ဦးအား မြန်မာနိုင်ငံမှ ပြန်လည်လက်ခံ ခေါ်ယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ကဏ္ဍစုံဝန်ဆောင်မှုများနှင့် မြန်မာ့မြေပေါ်က ကမ္ဘာ့စီးပွားရေးဖိုရမ်

ဇွန် ၅ ရက်မှ ၇ ရက်အထိ နေပြည်တော်၌ ကျင်းပခဲ့သော (၂၂)ကြိမ်မြောက် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် တက်ရောက်လာကြသည့် ကမ္ဘာအရပ်ရပ်မှ ဧည့်သည်များအတွက် ဆက်သွယ်ရေးကဏ္ဍ မိုဘိုင်းဖုန်း ဝန်ဆောင်မှုများနှင့် ငွေကြေးလဲလှယ်မှုဆိုင်ရာ ကိစ္စရပ်များ အဆင်ပြေ ချောမွေ့စေရန် Money Exchange ဝန်ဆောင်မှုများကို ပုဂ္ဂလိကကုမ္ပဏီများက တာဝန်ယူ ကူညီပေးခဲ့သည်။ 

မြန်မာ အနောက်နယ်စပ် တိုင်းရင်းသား ကလေးများ ပရဟိတကျောင်း ထောက်ပံ့ငွေများ ပိုလိုအပ်နေ

to-narinjara
မြန်မာနိုင်ငံအနောက်ဘက် နယ်စပ်တွင် တိုင်းရင်းသား ကျောင်းသားလူငယ်များအတွက် ဖွင့်လှစ် ထားသော ဘုန်းတော်ကြီး ပညာသင်ကျောင်းများတွင် ယခုနှစ် ပညာသင်နှစ်အတွင်း ကျောင်းသား ဦးရေများ အထူးတိုးပွားနေသဖြင့်  ထောက်ပံ့ ကူညီမူများ လိုအပ်နေကြောင်း သတင်း ရရှိသည်။

ပထမဆုံး ချစ်ကြည်ရေး မြန်မာ့ရေတပ် သဘောင်္ စစ်တကောင်း ဆိပ်ကမ်းသို့ ရောက်ရှိ

Myanmar-ship-arrives-on-4-day-goodwill-visit-Bangladesh
စစ်တကောင်းဆိပ်ကမ်းသော ရောက်ရှိလာသော မဟာ သီဟသူရ စစ်သင်္ဘော ( ဓါတ်ပုံ- ISPR)
လေးရက်ကြာ ချစ်ကြည်ရေး ခရီးစဉ် အနေဖြင့်  မြန်မာ့ စစ်သင်္ဘော UMS မဟာ သီဟသူရ စစ်သင်္ဘော သည် ယမန်နေ့က စစ်တကောင်း ဆိပ်ကမ်းသို့ ရောက်ရှိ လာသည်ဟု ဘင်္ဂလာဒေခ်ျ့ အစိုးရက သတင်း ထုတ်ပြန်သည်။

တယ်လီဖုန်းလုပ်ငန်း လုပ်ကိုင်ခွင့် ယှဉ်ပြိုင်မှု မြန်မာနှင့် အိန္ဒိယ ဝန်ကြီးများ ဆွေးနွေး

မြန်မာနိုင်ငံတွင်း တယ်လီဖုန်း လုပ်ငန်းလုပ်ကိုင်ခွင့်ရရေး ယှဉ်ပြိုင်လျှောက်ထားသည့် ကုမ္ပဏီများကို ရွေး ချယ်နေမှုနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံသို့ရောက်ရှိနေသော အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် ကုန်သွယ်ရေး ဝန်ကြီး အာနန်းရှားမားက မြန်မာကြေးနန်းဆက်သွယ်ရေးဌာနဝန်ကြီး ဦးမြတ်ဟိန်းနှင့် သောကြာနေ့ က တွေ့ဆုံ ဆွေးနွေးခဲ့သည်။

မန္တလေးတိုင်းဒေသကြီး အတွင်း၌ တရားဝင် စာရင်းများအရ တရုတ်နွယ်ဖွား ငါးသောင်းဝန်းကျင်၊ ဟိန္ဒူနှင့် မွတ်စလင် နှစ်သိန်းခန့်ရှိဟုဆို

မန္တလေးတိုင်းဒေသကြီး အတွင်း၌ အိမ်ထောင်စုဇယားရှိ တရုတ်နွယ်ဖွား ငါးသောင်း ၀န်းကျင်နှင့် ဟိန္ဒူနှင့်မွတ်စလင် နှစ်သိန်းခန့် ရှိသည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံသားများအား တရားဥပဒေကြောင်းအရ အကာအကွယ်ပေးရန် မလေးရှားရောက် မြန်မာများ တောင်းဆို

မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားများအား တရားဥပဒေကြောင်းအရ အကာအကွယ်ပေးရန် မလေး ရှားရောက် မြန်မာများက ဇွန် ၆ ရက်က တောင်းဆိုခဲ့သည်။

ကညနမှ ဒေါ်လာအစား ကျပ်ငွေဖြင့် လက်ခံ၍ တစ်ရက်လျင် ကန်ဒေါ်လာ တစ်သန်းခွဲထိ ၀ယ်လိုအားကျပြီး ဒေါ်လာလဲနှုန်း ပြန်ကျမည်ဟုဆို

6.7.5
သိမ်ဖြူငွေလဲကောင်တာရှိ နိုင်ငံခြားငွေ လဲလှယ်နှုန်းအား ဇွန် ၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်မြတ်ကို)
ရထားပို့ဆောင်ရေး ၀န်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ မော်တော်ယာဉ် မှတ်ပုံတင်ကြေး ပေးသွင်းခြင်းကို အမေရိကန်ဒေါ်လာအစား ကျပ်ငွေဖြင့် ပေးသွင်းခွင့် ပြုလိုက်သည့် အတွက် ဈေးကွက်အတွင်း အမေရိကန်ဒေါ်လာ ၀ယ်လိုအားမှာ တစ်ရက်လျှင် အနည်းဆုံး တစ်သန်းခွဲနီးပါးအထိ ၀ယ်လိုအား ကျဆင်းသွားမည် ဖြစ်ကြောင်းသိရသည်။

မြန်မာ-တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများကြောင့် တရုတ်နိုင်ငံ၏ စွမ်းအင်တင်သွင်းမှု ကုန်ကျစရိတ်ကို သိသိသာသာ လျော့ကျစေမည်

မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများကြောင့် တရုတ်နိုင်ငံ၏ စွမ်းအင်တင်သွင်းမှု ကုန်ကျစရိတ်ကို သိသိသာသာ လျော့ ကျစေ မည်ဖြစ်ကြောင်း တရုတ်ကျွမ်းကျင်သူများ၏ ပြောကြားချက် ကို ကိုးကားပြီး Press Trust of India က ဖော်ပြခဲ့သည်။

ပြုပြင်ပြောင်းလဲမှုများ ဆက်လက်ဖြစ်ထွန်းပါက ခရီးသွားလုပ်ငန်းသည် မြန်မာနိုင်ငံ၏ အဓိက အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးမှုဖြစ်လာနိုင်ဟု ခန့်မှန်း

6.7.8
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာသော နိုင်ငံခြားသား ခရီးသွားများကို တွေ့ရစဉ်
မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွား ၀င်ရောက်မှုသည် နှစ်အလိုက် မြင့်တက်လာနေပြီး နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ဆက်လက်ဖြစ်ထွန်းပါက လာမည့်နှစ်များအတွင်း ခရီးသွားလုပ်ငန်း သည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးမှုပိုင်း၌ အဓိက အခန်းကဏ္ဍ ဖြစ်လာ မည်ဖြစ်ကြောင်း ကျွမ်းကျင်သူများ၏ ခန့်မှန်းသုံးသပ်မှုများအရ သိရသည်။

Microsoft မြန်မာဈေးကွက်သို့ တရားဝင် စတင်ဝင်ရောက်လာပြီး မြန်မာ MIT ကုမ္ပဏီနှင့် မိတ်ဖက်လုပ်ငန်းအဖြစ် ပူးပေါင်းဆောင်ရွက်မည်

Photo: Microsoft မြန်မာဈေးကွက်သို့ တရားဝင် စတင်ဝင်ရောက်လာပြီး မြန်မာ MIT ကုမ္ပဏီနှင့် မိတ်ဖက်လုပ်ငန်းအဖြစ် ပူးပေါင်းဆောင်ရွက်မည်
Saturday, June 8, 2013

ကမ္ဘာကျော် အိုင်တီကုမ္ပဏီဖြစ်သော Microsoft သည် မြန်မာနိုင်ငံသို့ တရားဝင် စတင်ဝင်ရောက်လာပြီး မြန်မာအိုင်တီ ကုမ္ပဏီတစ်ခုဖြစ်သော MIT(Myanmar Information Technology Pte Ltd) နှင့် မိတ်ဖက်လုပ်ငန်းအဖြစ် ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း Microsoft က ဇွန် ၆ ရက်က ထုတ်ပြန် ကြေညာခဲ့သည်။

Microsoft က ဇွန် ၆ ရက်တွင် ကျင်းပပြုလုပ်သော World Economic Forum (အရှေ့အာရှ)ပွဲတွင် MIT ကုမ္ပဏီကို ၎င်း၏ ပထမဦးဆုံး Microsoft Deve-lopment Partner(MDP) အဖြစ် ခန့်အပ်ကြောင်း ကြေညာ ခဲ့ခြင်းဖြစ်သည်။ Microsoft ၏ အဓိကရည်ရွယ်ချက်မှာ မြန်မာနိုင်ငံရှိ ၎င်း၏ စီးပွားရေးလုပ်ငန်းများကို တိုးချဲ့နိုင်ရန်အပြင် ဒေသခံလုပ်ငန်းများ၊ အစိုးရအဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်ပြီး နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ကူညီနိုင်ရန်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Microsoft အရှေ့တောင်အာရှ၏ General Manager Jamie Harper က ''Microsoft အနေနဲ့ အခုလိုမျိုး Partnership ကို မြန်မာနိုင်ငံလိုမျိုး အခွင့်အရေးနဲ့ ပင်ကိုစွမ်းရည်တွေ များစွာရှိနေတဲ့ နိုင်ငံမျိုးမှာ တည်ဆောက်ခွင့်ရတဲ့အတွက် အလွန်ပဲ ၀မ်းမြောက်မိပါတယ်။အောင်မြင်မှု ရရှိဖို့အတွက် ပုံသေကားကျ တွက်လို့ရတဲ့ ဖော်မြူလာ မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ကုမ္ပဏီကတော့ မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည် သွားမှာဖြစ်ပါတယ်'' ဟု ပြောကြားသည်။

MIT ၏ CEO ဒေါက်တာထွန်းသူရသက်က ''ကျွန်တော်တို့အနေနဲ Microsoft က MIT ကို မြန်မာနိုင်ငံရဲ့ MDP အဖြစ် ရွေးချယ်ခဲ့တဲ့အတွက် အလွန်ပဲဝမ်းမြောက် ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့အနေနဲ့ ဆက်လက်ပြီးတော့ ကျွန်တော်တို့နိုင်ငံအတွက် အကျိုးဖြစ်ထွန်းနိုင်မယ့် ကြာရှည်ခံမယ့် လက်တွဲမှုမျိုးရရှိအောင် တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ Microsoft ရဲ့ ကမ္ဘာတစ်ဝန်း အတွေ့အကြုံတွေနဲ့ ဖြေရှင်းချက်တွေဟာ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ICT လောက တည်ဆောက်ဖို့အတွက် အဖိုးမဖြတ်နိုင်တဲ့ အရာတွေဖြစ်လာမယ်လို့ ယုံကြည်ထားပါတယ်'' ဟု ပြောကြားသည်။

Microsoft သည် အာရှ-ပစိဖိတ်ဒေသတွင် ပါတနာပေါင်း ၂၈၀၀၀ ကျော်ရှိသည်။ IDC လေ့လာချက်အရ ၎င်းကုမ္ပဏီများမှာ ၀င်ငွေပေါင်း အမေရိကန်ဒေါ်လာ ၁၂၅ ဘီလျံနီးပါး ရှာဖွေပေးနိုင်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။ ၎င်းလေ့လာချက်တွင် Microsoft အနေဖြင့် အာရှ-ပစိဖိတ်၌ အမေရိကန် တစ်ဒေါ်လာ ရှာနိုင်တိုင်း ၎င်းပါတနာများက အမေရိကန် ၁၀ ဒေါ်လာထက် ပိုရှာနိုင်သည်ဟု သုံးသပ်ခဲ့သည်။

Microsoft တရားဝင် ၀င်ရောက်ရန် ထုတ်ပြန်ကြေညာခဲ့သည့် ကမ္ဘာ့စီးပွားရေးဖိုရမ် (အရှေ့အာရှ)ကို တွေ့ရစဉ်

Eleven Media Group
Microsoft တရားဝင် ၀င်ရောက်ရန် ထုတ်ပြန်ကြေညာခဲ့သည့် ကမ္ဘာ့စီးပွားရေးဖိုရမ် (အရှေ့အာရှ)ကို တွေ့ရစဉ်
ကမ္ဘာကျော် အိုင်တီကုမ္ပဏီဖြစ်သော Microsoft သည် မြန်မာနိုင်ငံသို့တရားဝင်စတင်ဝင်ရောက်လာ ပြီး မြန်မာ အိုင်တီ ကုမ္ပဏီတစ်ခုဖြစ်သော MIT(Myanmar Information Technology Pte Ltd) နှင့် မိတ်ဖက်လုပ်ငန်းအဖြစ် ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း Microsoft က ဇွန် ၆ ရက်က ထုတ်ပြန် ကြေညာခဲ့သည်။

ပြည်သူများ၏ ဆန္ဒကြောင့် ပြုပြင်ပြောင်းလဲရေးများကို ဖော်ဆောင်ခြင်း ဖြစ်ကြောင်း သမ္မတဦးသိန်းစိန် ပြောကြား

6.7.4
ကမ္ဘာ့စီးပွားရေးဖိုရမ် အမှုဆောင်ဥက္ကဋ္ဌ၊ သမ္မတ ဦးသိန်းစိန်နှင့် ဖိလစ်ပိုင်သမ္မတ အကွီနိုတို့ကို ဇွန် ၇ ရက်က တွေ့ရစဉ် (Photo:AFP)
မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် နှစ်နှစ်ကျော်မှစ၍ ပြုပြင်ပြောင်းလဲရေး များ ဖော်ဆောင်ခဲ့ခြင်းမှာ ပြည်သူ များ၏ ဆန္ဒကြောင့် ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က နေပြည်တော်တွင် ဇွန် ၇ ရက်က ပြောကြားသည်။
သမ္မတဦးသိန်းစိန်က နေပြည်တော်တွင် ကျင်းပလျက်ရှိသော အရှေ့အာရှ စီးပွားရေးဖိုရမ် နောက်ဆုံးနေ့ တွင် ပြုလုပ်သော A Special Conversation အစီအစဉ်တွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အိန္ဒိယမှ Johnson ပေါင်ဒါတွင် ကင်ဆာဖြစ်နိုင်သည့်ဓာတ် ပါဝင်ကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် မြန်မာနိုင်ငံမှ Johnson သည် ထိုင်းပစ္စည်းဖြစ်ကြောင်း ရှင်းလင်း

6.7.9
မြန်မာနိုင်ငံတွင် ရောင်းချလျက်ရှိသော Johnson ပေါင်ဒါ အရောင်းကောင်တာ တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ - ထွယ်ဆန်အောင်)
အိန္ဒိယအစိုးရမှ Johnson and Johnson ကိုယ်လိမ်းပေါင်ဒါနှင့် ပတ်သက်၍ သုံးစွဲရန် မသင့်ကြောင်း မတ်လနှောင်းပိုင်းက ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများ ယနေ့ (ဇွန် ၈) ထုတ်ပြန် အွန်လိုင်းမှလည်း ကြည့်ရှုနိုင်

Photo: တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများ ယနေ့ (ဇွန် ၈) ထုတ်ပြန် အွန်လိုင်းမှလည်း ကြည့်ရှုနိုင်
Saturday, June 8, 2013

၂၀၁၂-၁၃ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်း များကို ယနေ့ (ဇွန်၈ရက်) တွင် တစ်နိုင်ငံလုံး အတိုင်းအတာအရ သက်ဆိုင် ရာ စာစစ်ဌာန အသီးသီး၌ ထုတ်ပြန်ခဲ့ပြီး အွန်လိုင်းတွင်လည်း ၀င်ရောက် ကြည့် ရှုနိုင်ကြောင်း သိရသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများကို www.moemyanmar.net တွင် ဖြေဆိုသူ၏ စာစစ်ဌာန သင်္ကေတနှင့် ခုံအမှတ်ကို ရိုက်ထည့်၍ ကြည့်ရှုနိုင်ကြောင်း အဆိုပါဝက်ဆိုဘ် ၏ ဖော်ပြထားချက်အရ သိရသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းများကို တိုင်းဒေသ ကြီး၊ ပြည်နယ်မြို့နယ် အသီးသီးရှိ သက်ဆိုင်ရာ စာစစ်ဌာနများတွင် ထုတ်ပြန် ကြေညာထားပြီး အထက(၁) အင်းစိန်၊ အထက(၁) ရန်ကင်း၊ အထက(၃)ကမာရွတ်၊ အထက(၁)လမ်းမတော်၊ အထက(၂)ဒဂုံနှင့် အထက(၁)သင်္ဃန်းကျွန်း စသည့် ကျောင်းများတွင် ရန်ကုန်တိုင်းဒေသ ကြီးမှအပ ကျန်တိုင်းဒေသ ကြီးနှင့် ပြည်နယ်များ၏ အောင် စာရင်းများကို ကြေညာထားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် မြို့နယ်ဒေသများရှိ စာစစ်ဌာန များမှ အောင်မြင်သူများ ၏ အောင်စာရင်းများအား ယနေ့ (ဇွန် ၈ ရက်) နံနက် ၈ နာရီမှ စတင်ကာ နေပြည်တော် မြန်မာ့အသံမှ ထုတ် လွှင့်ကြေညာပေး မည် ဖြစ်ကြောင်း သိရသည်။

၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအား မတ် ၁၃ ရက်မှ စတင်ကျင်းပ ခဲ့ခြင်း ဖြစ်ပြီး နိုင်ငံတစ်ဝန်းလုံးရှိ စာစစ်ဌာန ၁၂၇၈ ခု၊ နိုင်ငံခြား စာစစ်ဌာန ၁၈ ခု၊ စုစုပေါင်း စာစစ်ဌာန ၁၂၉၆ ခုတို့၌ ဖြေဆိုသူ စုစုပေါင်း ၄၈၇၀၀၀ ကျော် ၀င်ရောက်ဖြေဆိုခဲ့ပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲ ကို နှစ်စဉ်ဝင်ရောက် ဖြေဆိုသူ ကျား၊ မ ဦးရေ စုစုပေါင်း ခြောက်သိန်းကျော် ရှိကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ် အထက(၁)တွင် အောင်စာရင်းကြည့်ရှုနေကြသူများ ကို ဇွန် ၈ ရက် နံနက် ၁ နာရီခန့်က တွေ့ရစဉ် (ဓာတ်ပုံ- သက်မျိုးမင်း)
ELEVEN
သင်္ဃန်းကျွန်းမြို့နယ် အထက(၁)တွင် အောင်စာရင်းကြည့်ရှုနေကြသူများကို ဇွန် ၈ ရက် နံနက် ၁ နာရီခန့်က တွေ့ရစဉ် (ဓာတ်ပုံ- သက်မျိုးမင်း)
၂၀၁၂-၁၃ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများကို ယနေ့ (ဇွန်၈ရက်) တွင် တစ်နိုင်ငံလုံး အတိုင်းအတာအရ သက်ဆိုင်ရာ စာစစ်ဌာန အသီးသီး၌ ထုတ်ပြန်ခဲ့ပြီး အွန်လိုင်းတွင်လည်း ၀င်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

Friday, June 7, 2013

ကားပွဲစားခ ရရှိသည့်ငွေ များထဲမှ ၅၀၀၀ ကျပ်တန်ငွေ စက္ကူအတု များတွေ့ရှိ

Photo: ကားပွဲစားခရရှိသည့်ငွေများထဲမှ ၅၀၀၀ ကျပ်တန်ငွေစက္ကူအတုများတွေ့ရှိ

7.6.2013

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်နေ ဦးခင်မောင်မြင့်(၅၇)နှစ်သည် ကမာရွတ်မြို့နယ်၊ (၂)ရပ်ကွက်နေ ကားပွဲစား ဦးဌေးမြင့်(၄၈)နှစ်ထံမှရရှိသည့် ပွဲစားခငွေများအနက် (၅၀၀၀)ကျပ်တန်ငွေစက်္ကူ ၁၅ ရွက်အား မသင်္ကာသဖြင့် တာမွေမြို့နယ်၊ မလွှကုန်းဌေးကြွယ်(က)ရပ်ကွက် အုပ်ချုပ်ရေးမှူးထံအပ်နှံထားကြောင်းသတင်းအရ မှုခင်းရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ၅-၆-၂၀၁၃ ရက်နေ့ ၁၄၀၀ အချိန် သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ ကခ/AB 7823---ပါ(၁၀)ရွက်၊ ကခ/ AB 7424---ပါ(၂)ရွက်၊ ကင/AE 3823----ပါ(၁)ရွက်၊ ဃခ/ DB 2169320 နံပါတ်တူ(၂)ရွက်၊ စုစုပေါင်း (၅၀၀၀)ကျပ်တန်ငွေစက္ကူ ၁၅ ရွက် အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် ပဏာမစစ်ဆေးခဲ့ရာ အဆိုပါငွေစက္ကူများမှာ သာမန်စက္ကူအမျိုးအစား ဖြစ်ပြီး စက္ကူသားချောနေသည်ကို တွေ့ရှိရသည်။ ငွေစက္ကူအစစ်၏အရွယ်အစားမှာ ၁၅၀x၇၀ မီလီမီတာရှိပြီး ယခုတွေ့ရှိသောငွေစက္ကူသည် ၁၄၉x၆၉ မီလီမီတာရှိသဖြင့် အစစ်ထက် အနည်းငယ်သေးသည်ကို တွေ့ရသည်။ 

နံပါတ်စဉ်အက္ခရာများ၏အရောင်မှာမှေးမှိန်နေပြီး ရေစာမှာ အရိပ်ပုံသဏ္ဍာန်သာပါရှိသည်။ လုံခြုံရေးကြိုးနေရာတွင် အရိပ်မည်းသဏ္ဍာန်ပါရှိပြီး ကာလာပရင်တာနည်းဖြင့် ပုံနှိပ်တုပထားခြင်းဖြစ်ကာ လျှို့ဝှက်ချက်များမပါကြောင်း စစ်ဆေးတွေ့ရှိရသည်။

အဆိုပါသိမ်းဆည်းရမိသော (၅၀၀၀)ကျပ်တန်ငွေစက္ကူအတု၏ အက္ခရာနှင့်နံပါတ်များသည် ၂၀၁၀ ခုနှစ်က ထိုင်းနိုင်ငံနယ်စပ်မှဝင်ရောက်လာပြီး မြ၀တီမြို့တွင် စတင်တွေ့ရှိခဲ့သော ကခ/AB 7823---- နံပါတ်ပါ ငွေစက္ကူအတုများနှင့် ရှေ့ဂဏန်း(၄)လုံးတူညီနေကြောင်း တွေ့ရှိရသည်။ ကခ/ AB 7824----၊ ကင/AE 3823---- နှင့် ဃခ/ DB 2169---- တို့မှာ ၂၂-၄-၂၀၁၃ ရက်နေ့တွင် မှော်ဘီမြို့နယ်အတွင်း တွေ့ရှိရသော ငွေစက္ကူအတုများနှင့်တူညီနေပြီး ယခုတွေ့ရှိသော (၅၀၀၀)ကျပ်တန်ငွေစက္ကူအတုများမှာ ထိုင်းနိုင်ငံနယ်စပ်မှဝင်ရောက်လာသော ငွေစက္ကူအတုများဖြစ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် မှုခင်းရဲတပ်ဖွဲ့မှ အသေးစိတ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်နေ ဦးခင်မောင်မြင့်(၅၇)နှစ်သည် ကမာရွတ်မြို့နယ်၊ (၂)ရပ်ကွက်နေ ကားပွဲစား ဦးဌေးမြင့်(၄၈)နှစ်ထံမှရရှိသည့် ပွဲစားခငွေများအနက် (၅၀၀၀)ကျပ်တန်ငွေစက်္ကူ ၁၅ ရွက်အား မသင်္ကာသဖြင့် တာမွေမြို့နယ်၊ မလွှကုန်းဌေးကြွယ်(က)ရပ်ကွက် အုပ်ချုပ်ရေးမှူးထံအပ်နှံထားကြောင်းသတင်းအရ မှုခင်းရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ၅-၆-၂၀၁၃ ရက်နေ့ ၁၄၀၀ အချိန် သွားရောက်စစ်ဆေးခဲ့သည်။

မြန်မာသံ အမတ်ကြီး ဦးတင်လတ်နှင့်မြန်မာ စစ်သံမှူး မိသားစုများ ထွက်ပြေး တိမ်းရှောင်နေ

မလေးရှာနိုင်ငံဆိုင်ရာမြန်မာသံရုံးအတွင်းသတင်းများအရ

မြန်မာသံအမတ်ကြီးဦးတင်လတ်နှင့်မြန်မာစစ်သံမှူး မိသားစုများသည်

၎င်းတို့  အသတ်ခံရမည်ကိုစိုးရိမ်သဖြင့် မလေးရှားနိုင်ငံတောင်ပိုင်းရှိ

(မွား)ဒေသသို့ ထွက်ပြေးတိမ်းရှောင်နေကြောင်းသတင်းရရှိပါသည်။

မလေးသတင်း
Aung Gyi Gsc

၁၅ကြိမ်မြောက် NBF ညီလာခံတွင် တိုင်းရင်းသားများ၏ ရပိုင်ခွင့် ဆွေးနွေးမည်

Photo: ၁၅ကြိမ်မြောက် NBF ညီလာခံတွင် တိုင်းရင်းသားများ၏ ရပိုင်ခွင့် ဆွေးနွေးမည်

7.6.2013

လာမည့်ဇွန် ၁၁ရက်မှ ၁၂ရက်နေ့အထိ တောင်ကြီးမြို့၌ ညီနောင်တိုင်းရင်းသားများဖက်ဒရေးရှင်း(NBF)အဖွဲ့ဝင်များ၏ ၁၅ကြိမ် မြောက် ညီလာခံကျင်းပမည်ဖြစ်ပြီး ညီလာခံတွင် တိုင်းရင်းသားများ၏ ရပိုင်ခွင့်နှင့်ပတ်သက်၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့ဝင် တိုင်းရင်းသားပါတီများက ယမန်နေ့က ပြောကြားလိုက်သည်။

“ဒီဆွေးနွေးပွဲက တိုင်းရင်းသားပါတီတွေရဲ့  ဆွေးနွေးပွဲဖြစ်တဲ့အတွက် တိုင်းရင်းသားကိစ္စတွေကိုပဲ ဆွေးနွေးမယ်။ ဆွေးနွေးပွဲမှာ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်တဲ့အခါ တိုင်းရင်းသားများရဲ့ ရပိုင်ခွင့်နဲ့ အခွင့်အရေး၊ နောက် ဖက်ဒရယ်ပြည်ထောင်စုကိစ္စတွေကို ဆွေးနွေး သွားမယ်”ဟု NBF အဖွဲ့ဝင်ဖြစ်သည့် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(RNDP) အထွေထွေအတွင်းရေးမှူး ဦးဦးလှစော က ကေအိုင်စီသို့ ဆိုသည်။

NBF အဖွဲ့ဝင် တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးစောထွန်းဝင်းက ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရာတွင် တိုင်းရင်းသားလူနည်းစုအခွင့်အရေးများ၏ ရပိုင်ခွင့်နှင့် ပတ်သက်၍ ပြင်ဆင်သင့်သည့်အချက်များကို ၎င်း တို့ပါတီမှ အဓိကထား ဆွေးနွေးရန် စီစဉ်ထားကြောင်းလည်း ပြောသည်။

ယခုပြုလုပ်မည့် ညီလာခံတွင် ညီနောင်တိုင်းရင်းသားများဖက်ဒရေးရှင်းအဖွဲ့ဝင် တိုင်းရင်းသားပါတီ (၁၃)ပါတီနှင့် ထပ်မံ တိုးလာ သည့် နှစ်ပါတီ အပါအ၀င် စုစုပေါင်း ၁၅ပါတီက ဆွေးနွေးဆုံးဖြတ်သွားမည်ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရာတွင် တိုင်းရင်း သားများ ရပိုင်ခွင့်ကို ပြင်ဆင် ဖြည့်စွက်နိုင်ရန် ဆွေးနွေးသွားမည်ဟု သိရသည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလှကျော်က “အဓိကကတော့ ဖက်ဒရယ်ပြည်ထောင် စုပါတီ တည်ထောင်ဖို့ ကျနော်တို့ ပြီးခဲ့တဲ့ နေပြည်တော်မှာ လုပ်တဲ့ NBF ရဲ့ ၁၄ကြိမ်မြောက် ဆွေးနွေးပွဲမှာ သဘောတူထားတာ လေ။ နောက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်တဲ့အခါ တိုင်းရင်းသားရပိုင်ခွင့်နဲ့ ပတ်သက်ပြီး ပယ်ဖျက်သင့်တာ၊ ပြင်ဆင်သင့်တာ၊ ဖြည့်စွက်သင့်တာတွေနဲ့ ပတ်သက်ပြီး ထည့်သွင်းဆွေးနွေးသွားဖို့ ရှိပါတယ်။ ဖွဲ့ စည်းပုံပြင်တဲ့အခါ အခုဆွေးနွေးထားတဲ့ အချက် တွေကို တစ်ပါတီချင်းအနေနဲ့ရော NBF အနေနဲ့ပါ လွှတ်တော်မှာတင်ပြသွားဖို့ ရှိပါတယ်”ဟု ပြောသည်။

NBF ညီလာခံ၌ ၂၀၁၅ ရွေးကောက်ပွဲတွင် PR စနစ်ကျင့်သုံးမည်ဆိုပါက တိုင်းရင်းသားဒေသများအတွင်း မဲရရှိမှု မဆုံးရှုံးစေရန် ရည်ရွယ်ကာ အဖွဲ့ဝင် တိုင်းရင်းသားပါတီများ စုပေါင်း၍ ဖက်ဒရယ်ပါတီတစ်ခုထူထောင်ရေးကိစ္စတို့ကိုလည်း ဆွေးနွေးသွားမည် ဟု NBF အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ပြောခွင့်ရှိသူ ဦးစောသန်းမြင့်က ယခုနှစ် မေလဆန်းပိုင်းက ပြော ကြားခဲ့သည်။

ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း (NBF) ကို ၂၀၁၀ ရွေးကောက်အပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ ရခိုင် တိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ချင်းအမျိုးသားပါတီနှင့် ဖလုံစဝေါ်ဒီမိုကရက် တစ်ပါတီများဖြင့် စတင် တည်ထောင်ခဲ့ပြီး ယခုအချိန်၌ အင်းအမျိုးသားပါတီ၊ ကယန်းအမျိုးသားပါတီတို့ အဖွဲ့ဝင်ဖြစ်လာကာ ၇ပါတီကို အမြဲတမ်းအဖွဲ့ ဝင်အဖြစ် သတ်မှတ်ထားသည်။

National Brothers Federation-NBF စတင် တည်ထောင်စဉ်ကတည်းက နှစ်လလျှင်တစ်ကြိမ် စုံညီအစည်းအဝေး ပြုလုပ်ခဲ့ပြီး ယခု ၁၅ကြိမ်မြောက် ညီလာခံကို ဇွန် ၁၁ရက်မှ ၁၂ရက်နေ့အထိ တောင်ကြီးမြို့ ၌ ကျင်းပမည်ဖြစ်သည်။ လက်ရှိတွင် ၀၊ ဓနု၊ တအာင်း၊ တိုင်းလိုင်(ရှမ်းနီ) နှင့် ချင်း စသည့် တိုင်းရင်းသားပါတီများမှ လေ့လာသူအဖွဲ့ဝင်အဖြစ် ပါဝင်လျှက်ရှိကာ ယခုညီလာခံ တွင် အစည်းအဝေးလေးကြိမ် တက်ရောက်ပြီးသည့်ပါတီများကို အဖွဲ့ ဝင်အဖြစ် လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

KIC (Karen Information Center)
လာမည့်ဇွန် ၁၁ရက်မှ ၁၂ရက်နေ့အထိ တောင်ကြီးမြို့၌ ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း (NBF)အဖွဲ့ဝင်များ၏ ၁၅ကြိမ် မြောက် ညီလာခံကျင်းပမည်ဖြစ်ပြီး ညီလာခံတွင် တိုင်းရင်းသားများ၏ ရပိုင်ခွင့်နှင့်ပတ်သက်၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့ဝင် တိုင်းရင်းသားပါတီများက ယမန်နေ့ က ပြောကြားလိုက်သည်။

စစ်မှုထမ်းဟောင်းတစ်ဦးမှ UNITY သို့ပေးစာ (အပိုင်း-၂)

ကျွန်တော်တို့တပ်ရင်း၊ တပ်ဖွဲ့တွေမှာ ကျန်းမာရေးနှင့်ပတ်သက်လာလျှင် စစ်သည်တစ်ဦးတည်းကိုသာ မဟုတ်ဘဲ စစ်သည်၏ဇနီး၊ မှီခိုသူမိသားစုဝင်တွေ၊ စစ်သည်ရဲ့မိဘတွေကိုပါမကျန် ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ အခမဲ့ ဆေးကုသမှုတွေကို လုပ်ဆောင်ပေးပါတယ်။ တပ်မတော်မှ ကျန်းမာရေးအတွက် စောင့်ရှောက်မှုတွေ၊ အခမဲ့ဆေးကုသမှုတွေပေးသလိုတပ်ရင်းများအလိုက်လည်း ငွေကြေးထောက်ပံ့မှုတွေလည်းဆောင်ရွက်ပေးပါတယ်။ ကိုယ်ဝန်ဆောင်မိသားစုများကို တပ်ရင်းအနေဖြင့် ထောက်ပံ့သလို တပ်ရင်းမိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းမှလည်း ထောက်ပံ့မှုတွေပေးပါတယ်။

ရုရှား သမ္မတ ပူတင် ဇနီးနှင့် ကွာရှင်း

Photo: ရုရှားသမ္မတပူတင် ဇနီးနှင့်ကွာရှင်း

7.6.2013

ရုရှားသမ္မတ Vladimir Putin နဲ့ နှစ်ပေါင်း ၃၀ ကြာ အိမ်ထောင်ဖက် အဖြစ်ပေါင်းသင်းလာတဲ့ သူ့ဇနီး Lyudmila တို့ဟာ ကွာရှင်းပြတ်စဲ လိုက်ပြီ ဖြစ်တဲ့ အကြောင်း ကြေညာလိုက်ပါတယ်။ ကြာသပတေးနေ့ နှောင်းပိုင်းတုန်းက ဘဲလေးကပွဲ တခုကို တက်ရောက် အပြီး ပြုလုပ်တဲ့ ရုရှားအစိုးရပိုင် ရုပ်မြင်သံကြားနဲ့ မေးမြန်းခန်းအတွင်း ကြေညာခဲ့ကြ တာပါ။ ရုရှားသမ္မတနဲ့ ဇနီးတို့ အတူပူးတွဲ ပြုလုပ်တဲ့ မေးမြန်းခန်း အတွင်းမှာတော့ ကွာရှင်းဖို့ ၂ ယောက်စလုံးက ဆုံးဖြတ်ခဲ့တာ ဖြစ်တဲ့ အကြောင်း ပြောခဲ့ကြပါတယ်။ အများပြည်သူ အာရုံစိုက်ခံရတဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ ဇနီးသည်က သဘောမကျ ဘူးလို့လည်း သမ္မတ Putin က သတင်းထောက်ရဲ့ အမေးကို ဖြေကြားခဲ့တာပါ။

ဇနီးဖြစ်သူကတော့ သူတို့ ၂ ဦးကြား ဘယ်တုန်းကမှ သဘောထား မတိုက်ဆိုင်ခဲ့ကြသလို၊ ကိုယ်ပိုင်ဘ၀မှာသာ နေခဲ့ကြ တာမို့ အိမ်ထောင်ရေး အဆုံးသတ်ရတာလို့ ပြောပါတယ်။ လူအများ အာရုံစိုက်ခံရတာကို သူ့အနေနဲ့ သဘောမကျသလို၊ လေယာဉ်စီးပြီး ခရီးသွားရတာကိုလည်း မကြိုက်ဘူးလို့ ပြောပါတယ်။ ၂ ယောက်စလုံးကတော့ သားသမီးတွေကိုတော့ ချစ်မြတ်နိုးကြတဲ့ အကြောင်းနဲ့ မိတ်ဆွေတွေ အဖြစ်နဲ့ ဆက်လက် ဆက်ဆံသွားမှာ ဖြစ်တယ်လို့လည်း ပြောခဲ့ကြတာပါ။ ၁၉၈၃ ခုနှစ်က လက်ထပ်ခဲ့ကြပြီးတဲ့နောက်မှာတော့ သူတို့မှာ သမီး ၂ ယောက် ထွန်းကားခဲ့ပါတယ်။ 

VOA
ရုရှားသမ္မတ Vladimir Putin နဲ့ နှစ်ပေါင်း ၃၀ ကြာ အိမ်ထောင်ဖက် အဖြစ်ပေါင်းသင်းလာတဲ့ သူ့ဇနီး Lyudmila တို့ဟာ ကွာရှင်းပြတ်စဲ လိုက်ပြီ ဖြစ်တဲ့ အကြောင်း ကြေညာလိုက်ပါတယ်။

မြန်မာနိုင်ငံသား နှစ်ထောင်ကျော် ၂၀၁၅ခုနှစ်တွင် အလုပ်အကိုင် ရရှိရန် မျှော်မှန်းနိုင်

Photo: မြန်မာနိုင်ငံသား နှစ်ထောင်ကျော် ၂၀၁၅ခုနှစ်တွင် အလုပ်အကိုင်ရရှိရန် မျှော်မှန်းနိုင်
Friday, June 07, 2013

မြန်မာနိုင်ငံရှိ လူဦးရေ(၂၀၀၀)ကျော်ကို၂၀၁၅ ခုနှစ်တွင် အလုပ်အကိုင်ရရှိစေရန် ပြုလုပ်ပေးမည် ဖြစ်ကြောင်း အမေရိကန်နိုင်ငံ အခြေစိုက် ကုန်ပစ္စည်းမျိုးစုံ ထုတ်လုပ်နေသည့် Unilever ကုမ္ပဏီထံက သိရှိရသည်။ 

အဆိုပါ ကုမ္ပဏီသည် မြန်မာနိုင်ငံသို့ ၂၀၁၃ ခုနှစ်တွင် ၀င်ရောက်ခဲ့ခြင်းဖြစ်ပြီး လူသုံးကုန်ပစ္စည်းများ နှင့် စားသောက်ကုန်ပစ္စည်းမျိုးစုံ ထုတ်လုပ်သော ကုမ္ပဏီဖြစ်ကြောင်း သိရှိရသည်။ 

“ အခုလက်ရှိမှာတော့ ပြည်တွင်းမှာ စက်ရုံ လည်ပတ်နိုင်ဖို့အတွက် ထိုင်းနိုင်ငံက ကျွန်တော်တို့ ကုမ္ပဏီမှာရှိတဲ့ မြန်မာ လုပ်သားတွေကို သင်တန်းထပ်ပေးပါတယ်၊ အခု ဒီကို Export ပြန်သွင်းတဲ့သဘောပဲပေါ့၊ သူတို့ကို အခု စက်ရုံမှာ နေရာပြန်ပေး သွားမှာပါ၊ အခု ဇွန်လအကုန်ကျရင် ၀န်ထမ်းပေါင်း ၁၅၀ ကျော်အထိ ခန့်အပ်သွားမှာပါ” ဟု Unilever ကုမ္ပဏီမှ Chief Operating Officer ဖြစ်သူ Mr. Harish Manwani က ပြောသည်။ 

Unilever ကုမ္ပဏီသည် ၂၀၁၀ ခုနှစ်အချိန်မှစ၍ ကြားခံကုမ္ပဏီများမှ တစ်ဆင့် ပြည်တွင်းသို့ ခနော ကြက်သားမှုန့်၊ Sunsilk ၊ Clear ၊ Lux ၊ Ponds ၊ Close up နှင့် Sunlight အစရှိသည့် လူသုံးကုန်ပစ္စည်းများကို တင်သွင်းခဲ့သည်။

Unilever ကုမ္ပဏီသည် ပြည်တွင်းရှိ လယ်ယာ လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းလမ်းများကို ကူညီ   ထောက်ပံ့ပေးမည့် အပြင် လာမည့် (၂) နှစ်မှ (၃) နှစ်အတွင်း ကျောင်းနေအရွယ် ကလေး (၄) သန်းကျော် အတွက် ဦးတည်၍ ကျန်းမာရေးနှင့်တစ်ကိုယ်ရေ သန့်ရှင်းရေး လုပ်ငန်းများကိုလည်း စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။ 

“ဒီလို ကုမ္ပဏီကြီးတွေ ပြည်တွင်းကို ၀င်ရောက်လာတာတော့ ကောင်းပါတယ်၊ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံမှု တစ်ခု ၀င်လာပြီဆိုရင် ကိုယ့်ဘက်ကို ပေးတာပဲ မကြည့်သင့်ပါဘူး၊ အဲဒီ ရင်းနှီးမြှုပ်နှံမှု လုပ်တဲ့ ကုမ္ပဏီကလည်း အကျိုးအမြတ်ရှိလို့ လုပ်တာပဲလေ၊ ပြည်တွင်းက လူတွေကိုပဲ အလုပ်ပြန်ပေးမယ်ဆိုတာလည်း ကောင်းပါတယ်၊ ဒါပမဲ့ ဒါကတော့ စောင့်ကြည့်ရဦးမယ့်” ဟု စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောသည်။

ထိုင်းနိုင်ငံရှိ Unilever စက်ရုံတွင် စက်ရုံ ၀န်ထမ်းပေါင်း ၂၀၀ ဦးရေခန့် ရှိပြီး လုပ်ငန်း စတင်ပါက အဆိုပါ ၀န်ထမ်းများမှ အချို့ကို မြန်မာနိုင်ငံသို့ ခေါ်ကာဝန်ထမ်းခန့်အပ်မည် ဖြစ်ကြောင်း သိရှိရသည်။

မြစ်မခ
မြန်မာနိုင်ငံရှိ လူဦးရေ(၂၀၀၀)ကျော်ကို၂၀၁၅ ခုနှစ်တွင် အလုပ်အကိုင်ရရှိစေ ရန် ပြုလုပ်ပေး မည် ဖြစ်ကြောင်း အမေရိကန်နိုင်ငံ အခြေစိုက် ကုန်ပစ္စည်းမျိုးစုံ ထုတ်လုပ်နေသည့် Unilever ကုမ္ပဏီထံက သိရှိရသည်။ အဆိုပါ ကုမ္ပဏီသည် မြန်မာနိုင်ငံသို့ ၂၀၁၃ ခုနှစ်တွင် ၀င်ရောက်ခဲ့ခြင်းဖြစ်ပြီး လူသုံးကုန်ပစ္စည်းများ နှင့် စားသောက်ကုန်ပစ္စည်းမျိုးစုံ ထုတ်လုပ်သော ကုမ္ပဏီဖြစ်ကြောင်း သိရှိရသည်။

ဘန်ကောက် မြို့မြန်မာ သံအရာ ရှိများ မဲဆောက် ကိုသွား

Photo: ဘန်ကောက်မြို့မြန်မာသံအရာရှိများ မဲဆောက်ကိုသွား 
Friday, June 07, 2013

ထိုင်း-မြန်မာနယ်စပ်တာ့ခ်ခရိုင်မှာရှိတဲ့မြန်မာအလုပ်သမား ၄ သိန်းရဲ့ အခြေအနေတွေကိုသိရှိနိုင်ဘို့အတွက် ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးက အလုပ်သမားရေးရာသံမှူး ဦးကျော်ကျော်လွင် ဒီနေ့ မဲဆောက်မြို့ကိုရောက်ရှိလာပြီး မြန်မာအလုပ်သမားအရေးဆောင်ရွက်နေတဲ့ အဖွဲ့ပေါင်း ၃၇ ဖွဲ့နဲ့ တွေ့ဆုံဆွေး နွေးနေပါတယ်။

ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ မြန်မာအလုပ်သမားတွေအားလုံး တရားဝင်အလုပ်သမားဟုတ်သည်ဖြစ်စေ၊မဟုတ် သည်ဖြစ်စေ သူတို့ရဲ့အလုပ်သမားရပိုင်ခွင့်တွေရရှိဘို့နဲ့ အလုပ်ရှင်ရဲ့မတရားပြုမူခြင်းတွေမခံရဘို့အတွက် မြန်မာသံရုံးကနေအကူအညီပေးသွားမဲ့အကြောင်း လာရောက်ပြောဆိုတာဖြစ်ပါတယ်။

မြန်မာအလုပ်သမားအရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေနဲ့လည်းပူးပေါင်းဆောင်ရွက်ပြီး မြန်မာနိုင်ငံသား တွေရဲ့အကျိုးကိုပူးပေါင်းဆောင်ရွက်မှာဖြစ်တဲ့အတွက် ဒီနေ့မှာလာရောက်တွေ့ဆုံရတဲ့အကြောင်းပြောကြားပြီး တာ့ခ်ခရိုင်အတွင်းမှာ ဒီလအတွင်းမော်တော်ယာဉ်မတော်တဆမှုကြောင့် သေဆုံးသွားတဲ့မြန်မာအလုပ်သမား ၂ ဦးအတွက် တဦးကို ထိုင်းဘတ်ငွေ ၁ သောင်းနဲ့အမေရိကန်ဒေါ်လာငွေ ၂၀၀ စီအကူငွေပေးအပ်ခဲ့ပါတယ်။

မြန်မာသံရုံးရဲ့နစ်နာကြေးငွေပေးအပ်မှုနဲ့ပတ်သက်ပြီး အဝေးရောက်ဧရာဝတီအလုပ်သမားအဖွဲ့က ကိုသောင်းလှိုင်က ... ”အရင်ကဒါမျိုးတခါမှမရှိခဲ့ဘူး ဒါဟာကျွန်တော်တို့မြန်မာအလုပ်သမားတွေအတွက် ရောင်ခြည်ဦးအစဘဲလို့”ကျေးဇူးတင်စကားပြောဆိုခဲ့ပါတယ်။

ဘန်ကောက်မြန်မာသံရုံးကနေ အရင်လတွေကတာ့ခ်ခရိုင်အတွင်းနဲ့ထိုင်းနိုင်ငံအတွင်းပိုင်းမှာ လုပ်ငန်းခွင်နဲ့မော် တော်ယဉ်မတော်တဆမှုတွေမှာသေဆုံးခဲ့ကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် နစ်နာကြေးငွေ တွေရရှိဘို့ကူညီခဲ့တာတွေရှိခဲ့တယ်လို့ မဲဆောက်မှာမြန်မာအလုပ်သမားအရေးဆောင်ရွက်နေတဲ့ ဦးမိုးကြိုးက ပြောပါတယ်။

မြန်မာအလုပ်သမားတွေရဲ့ အခက်အခဲမှန်သမျှကို မြန်မာသံရုံးကအချိန်မရွေးအကူအညီပေးမှာဖြစ်တဲ့အတွက် သံရုံးကိုအချိန်မရွေးဆက်သွယ်နိုင်တယ်လို့လည်း မြန်မာအလုပ်သမားဆိုင်ရာသံမှူးကဆိုပါတယ်။

သူ့အဆိုအရထိုင်းနိုင်ငံလိုဘဲ မြန်မာအလုပ်သမားအရေးတွေကိုကိုင်တွယ်နိုင်ဘို့ တောင်ကိုရီးယား၊မလေးရှားနဲ့ ကူဝိတ်နိုင်ငံတွေမှာလည်း မြန်မာအလုပ်သမားသံမှူးတွေထားရှိပြီးလုပ်ငန်းအကောင်အထည်ဖော်နေတယ်လို့ သိရပါတယ်။

ဒီနေ့တက်ရောက်လာတဲ့ မြန်မာအလုပ်သမားအရေးဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေကတော့ မြန်မာသံရုံးရဲ့အလုပ်သမားဆိုင်ရာလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး အချို့နေရာဒေသတွေမှာမြန်မာအလုပ်သမား တွေရဲ့ နစ်နာမှုတွေနဲ့ပတ်သက်ပြီး သံရုံးရဲ့လုပ်ဆောင်မှုတွေဟာ အတော့ကိုနှောင့်နှေးကြန့်ကြာမှုတွေရှိနေသေး တဲ့အတွက် ဒီထက်ပိုပြီးလုပ်ဆောင်နိုင်ဘို့လိုသေးတဲ့အကြောင်း ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။

မဲဆောက်မှာအခုလို မြန်မာသံရုံးကတာဝန်ရှိသူတွေ မြန်မာအလုပ်သမားအရေးဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေနဲ့ လာရောက် တွေ့ဆုံဆွေးနွေးတာ ဒေသတွင်းမှာပထမဆုံးအကြိမ်ဘဲဖြစ်ပါတယ်။

အလုပ်သမားအရေးဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေ တင်ပြကြတဲ့ မြန်မာအလုပ်သမားတွေရဲ့အခက်အခဲတွေ ကို အမြန်ဆုံးကိုင်တွယ်ဖြေရှင်းနိုင်ဘို့ ထိုင်းအစိုးရအပါအ၀င် ထိုင်းအလုပ်သမားဝန်ကြီးဌာနတွေနဲ့ ဆွေးနွေး ပြောဆိုသွားမယ်လို့မြန်မာသံမှူးကပြောပါတယ်။

မဲဆောက်မှာဒီနေ့ပြုလုပ်တဲ့ဆွေးနွေးပွဲကို မနက် ၉ နာရီကနေ ညနေ ၃ နာရီအထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။

ဧရာဝတီblog
ထိုင်း-မြန်မာနယ်စပ်တာ့ခ်ခရိုင်မှာရှိတဲ့မြန်မာအလုပ်သမား ၄ သိန်းရဲ့ အခြေအနေတွေကိုသိရှိနိုင်ဘို့ အတွက် ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးက အလုပ်သမားရေးရာသံမှူး ဦးကျော်ကျော်လွင် ဒီနေ့ မဲဆောက်မြို့ကိုရောက်ရှိလာပြီး မြန်မာအလုပ်သမားအရေးဆောင်ရွက်နေတဲ့ အဖွဲ့ပေါင်း ၃၇ ဖွဲ့နဲ့ တွေ့ဆုံဆွေး နွေးနေပါတယ်။

လျှပ်စစ်ဝန် ကြီးစကား မတည် မိုးညှင်းမြို့ ကြီးမှောင်ေ နဆဲပါ

Photo: လျှပ်စစ်ဝန်ကြီးစကားမတည် မိုးညှင်းမြို့ကြီးမှောင်နေဆဲပါ
Friday, June 07, 2013

ကချင်ပြည်နယ်၊ မိုးညှင်းမြို့သည် ရေခံမြေခံကောင်းမွန်ပြီးမြေပေါ်မြေအောက် သယံဇာတပေါကြွယ်ဝသောမြို့နယ်ဖြစ် သည်။ စိုက်ပျိုးရေးကို အခြေခံပြီးတိုးတက် လျက်ရှိကာ မိုးညှင်းမြို့နယ်သည်ကချင် ပြည်နယ်၏စပါးကျီအဖြစ်သတ်မှတ်ခံထား ရပေသည်။ မိုးညှင်းမြို့နယ်မှ ထွက်ရှိသော ဆန်စပါးနှင့် ဟင်းသီးဟင်းရွက်များကို ကချင်ပြည်နယ်အနှံ့အပြားတွင်သာမက စစ်ကိုင်းတိုင်းဒေသကြီး၊ကသာမြို့အထိ ကုန်စည်စီးဆင်းလျက်ရှိသည်။

ပညာရေးအလေးပေးသောမြို့တစ် မြို့ဖြစ်ပြီးနှစ်စဉ်တက္ကသိုလ်ဝင်တန်းအောင် ချက်ကောင်းပြီး ကချင်ပြည်နယ်တွင် ပထမအဆင့်အဖြစ်အဆက်ဆက်ရရှိခဲ့ သဖြင့် မိုးညှင်းခရိုင်အဖြစ်တိုးမြှင့်သတ်မှတ် ကာအစိုးရနည်းပညာကောလိပ်ကျောင်းနှင့် မိုးညှင်းဒီဂရီကောလိပ်တို့ဖွင့်လှစ်ကာနိုင်ငံ တော်အတွက် မျိုးဆက်သစ်လူငယ်များ ထွန်းကားသောမြို့တစ်မြို့ဖြစ်ပေသည်။
သို့သော်မိုးညှင်းမြို့သည်ခရိုင်မြို့တစ် မြို့ဖြစ်သော်လည်း လျှပ်စစ်မီးရရှိမှု၊လမ်း ပမ်းဆက်သွယ်ရေးနှင့် ဖုန်းလိုင်းများချ ထားပေးမှုတို့မှာ ခရိုင်မြို့အဆင့်နှင့် မညီ ညွတ်ကြောင်း လေ့လာတွေ့ရှိရသည်။

မိုးညှင်းမြို့နှင့် လျှပ်စစ်မီး
မိုးညှင်းမြို့သည်ဂလိုင်ချောင်းရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံမှထုတ်လုပ် သော လျှပ်စစ်မီးကိုအသုံးပြုနေရပေသည်။ ဂလိုင်းချောင်းဓာတ်အားပေးစက်ရုံသည် ဟိုပင်မြို့နယ်ခွဲ၊ ငါးမိုင်ကျေးရွာ၏အရှေ့ ဘက် (၃) မိုင်ခန့်အကွာတွင် တည်ရှိကာ အဆိုပါစက်ရုံကို (၁၉၉၀) ခုနှစ် ဖေဖော်ဝါရီလတွင် စတည်တည်ဆောက် ကာ (၁၉၉၁) ခုနှစ်အောက်တိုဘာလ (၇) ရက်နေ့တွင် ဓာတ်အားများထုတ် လွှတ်အသုံးပြုနိုင်ခဲ့သည်။

အဆိုပါစက်ရုံတွင် (၆၃၀) ကီလိုဝပ် စက်ကြီး (၂) လုံးတပ်ဆင်ထားပြီးပြည်သူ လူထုထည့်ဝင်ငွေ (၂၀၄) သိန်း၊ နိုင်ငံတော် မှထည့်ဝင်ငွေ (၆၈) သိန်း၊ နိုင်ငံခြားမှ ကူညီငွေ (၁၂) သိန်း၊ စုစုပေါင်း (၂၈၄) သိန်းကုန်ကျခဲ့ပေသည်။ ယခုအခါစက်ရုံ သက်တမ်းမှာ (၂၂) နှစ်အတွင်းရောက်ရှိ ခဲ့ပြီး စက်ကရိယာများလည်း ထုတ်လုပ် မှုစွမ်းအားကျဆင်းကာပျက်စီးယိုယွင်း သည့်ဘက်သို့ရောက်ရှိနေပေပြီ။

ထိုသို့စက်ရုံမှဓာတ်အားထုတ်လုပ်မှု ကျဆင်းလာသော်လည်း မိုးညှင်းမြို့နယ် အတွင်းရှိ ဟိုပင်မြို့နယ်ခွဲ၊ နမ်္မားဒေသနှင့် မိုးညှင်းမြို့တို့တွင်ခေတ်စနစ်တိုးတက်ပြောင်း လဲလာသည်နှင့် အညီလျှပ်စစ်ဓာတ်အား သုံးစွဲမှုမှာ ထုတ်လုပ်နိုင်မှုစွမ်းအားနှင့် မမျှ မတဖြစ်ကြရပေသည်။

နိုင်ငံတော်မှ ကချင်ပြည်နယ်အတွင်း အသုံးပြုနိုင်ရန်အတွက် (၂၀၀၉) ခုနှစ် မှစတင်၍ မိုးညှင်းမြို့တွင် (၆၆ KV) ဓာတ်အားခွဲစက်ရုံတစ်ရုံ၊ မိုးကောင်းမြို့ တွင် (၆၆ KV) ဓာတ်အား ခွဲစက်ရုံတစ် ရုံတည်ဆောက်ကာတာပိန်ရေအားလျှပ်စစ် ထုတ်လုပ်ရေးမှ ဖြန့်ဖြူးရန်စီစဉ်ခဲ့သည်။

အဆိုပါဓာတ်အားခွဲစက်ရုံများ (၂၀၁၀) ခုနှစ်တွင်ပြီးစီးခဲ့သော်လည်း ဓာတ်အားလက်ခံရယူဖြန့်ဖြူးနိုင်ခြင်းမရှိ ချေ။ ကချင်ပြည်နယ်တည်ငြိမ်အေးချမ်း မှုမရှိ၍ တာပိတ်ရေအားလျှပ်စစ်မှ ဓာတ်အားထုတ်လုပ်နိုင်ခြင်းမရှိ၍ ကျောက် ပုထိုးဓာတ်အားခွဲရုံမှပေးမည်ဟူ၍လည်း ကောင်း၊ ချီဖွေငယ်ရေအားလျှပ်စစ်မှရ မည်ဟူ၍လည်းကောင်း၊ မိုးညှင်းခရိုင်ဒေသ ခံပြည်သူတို့ပျားရည်ဖြင့် ၀မ်းချခံနေကြ ရသည်။ သို့သော်လျှပ်စစ်မီးကတော့ မျှော်သာမျှော်မပေါ်လာခဲ့ပါ။
မိုးညှင်းမြို့နှင့် လမ်းပမ်းဆက်သွယ်ရေး
ကချင်ပြည်နယ်၊ မိုးညှင်းမြို့သည် မန္တလေး၊မြစ်ကြီးနား၊ မီးရထားလမ်း၊ မန္တလေး၊ ရွှေဘို၊ မြစ်ကြီးနားပြည်ထောင် စုကားလမ်းမကြီးတို့ဖြတ်သန်းသွားသည့် မြို့တစ်မြို့ဖြစ်သည်။

ပြည်ထောင်စုကား လမ်းမကြီးသည် နွေ၊ မိုး၊ ဆောင်းအသုံး ပြု၍မရဘဲသွားလာမှုခက်ခဲသောလမ်း တစ်ခုဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊အင်းတော်မြို့နယ်အတွင်းရှိ ပြည်ထောင်စုလမ်းမကြီးမှာ ဆုထူးပန် ကုမ္ပဏီမှတာဝန်ယူခင်းခဲ့ပြီးကောင်းမွန် သောလမ်းဖြစ်လာခဲ့သော်လည်း အင်းတော်မြို့နယ်၊ နန့်စီးအောင်ကျေးရွာ အလွန်၊ ကချင်ပြည်နယ်အ၀င်၊ မိုးညှင်းမြို့ နယ်အစတွင် ပြည်ထောင်စုလမ်းမကြီး မှာ သွားလာမှုခက်ခဲနေပါသည်။
၁၉၉၅ ခုနှစ်ကာလတွင် မန္တလေး၊ ရွှေဘို၊ မြစ်ကြီးနားပြည်ထောင်စုလမ်းမ ကြီးအား ပြည်သူလူထုများပူးပေါင်း၍ ကတ္တရာလမ်းအဖြစ်ဆောင်ရွက်ခဲ့ပါသည်။ ယခုအခါကတ္တရာဆို၍ အစအနရှာမရ သည့်နေရာများအတော်များများရှိနေပါ သည်။

မှော်ဒေသသို့ကျောက်မျက်တူး ဖော်ရေးလုပ်ငန်းလုပ်ကိုင်ကြသည့်ကုမ်္ပဏီ မှ ကားကြီးများ၏ဒဏ်ကိုဒေသခံပြည်သူ တို့ခံစားရခြင်းဖြစ်ပေသည်။
ထိုကဲ့သို့ပြည်ထောင်စုလမ်းမကြီး ညံ့ဖျင်းသလိုမန္တလေး၊ မြစ်ကြီးနား၊ ရထား လမ်းမှာလည်းညံ့ဖျင်းလှပါသည်။ မကြာ ခဏလမ်းချော်ခြင်း၊ တောင်ပြို၍ရထား လမ်းပျက်စီးခြင်း၊ ရေကျော်၍ရထားများ အချိန်မမှန်ခြင်းတို့ဖြစ်ကြရသည်။ အချို့ နေရာ (ဘုံချောင်းနှင့် နမ်းခမ်းဘူတာ) အကြားတွင် မကြာခဏတောင်ပြိုခြင်း၊ လမ်းပျက်ခြင်းတို့ကြောင့် ခရီးသွားပြည်သူ တို့အခက်အခဲဖြစ်ကြရပေသည်။
မိုးညှင်းမြို့တွင်လည်း ဆက်သွယ် ရေးစနစ်တိုးတက်လာသည်နှင့် အမျှလူ တိုင်းနီးပါးဖုန်းကိုင်လာကြသည်။ တန်ဖိုး ကြီးသော ဆယ်လူလာ၊ စီဒီအမ်အေ လက်ကိုင်ဖုန်းများကို လူအများမသုံးနိုင် ကြသော်လည်း (၂) သိန်းတန် GSM မှ စ၍မိုးညှင်းမြို့နေအိမ်ထောင်စုအတော် များများဝယ်ယူလျှောက်ထားသုံးစွဲလာ ကြသည်။ သို့သော် (၂) သိန်းတန် GSM လက်ကိုင်ဖုန်းမှာ မိုးညှင်းမြို့တွင် သုံးစွဲလို သူများအတွက်လုံလောက်သောအရေ အတွက်ရောင်းချပေးနှိုင်ခြင်းမရှိပေ။
ထို့နောက် ၁၅၀၀ ကျပ်တန်၊ တန်ဖိုး နည်းဖုန်းကတ်များ မိုးညှင်းမြို့တွင် ဧပြီ လ ၂၄ ရက်နေ့တွင် မဲစနစ်ဖြင့် စနစ်တကျ ရောင်းချပေးခဲ့ရာ အဆိုပါမဲနှိုက်မှုအတွက် ပြဿနာတစ်စုံတစ်ရာမရှိသော်လည်း ချထားပေးသော ခွဲတမ်းစနစ်အားအများ ပြည်သူတို့မကျေနပ်မှုများဖြစ်ပွားခဲ့ပေ သည်။ ဖြစ်စဉ်မှာ မိုးညှင်းမြို့နယ်ခွဲတမ်း အတွက် (၁၅၁၇) လုံးဟုအစောပိုင်းကာ လကကြေညာထားသော်လည်း လက်တွေ့ ရောင်းချပေးသည့်အခါ (၁၀၁၇) လုံးသာ ရောင်းချပေးခဲ့သည်။ ပျောက်ဆုံးသွား သော အလုံးအရည်အတွက် (၅၀၀) မှာ မှားယွင်းပါလာသဖြင့် နေပြည်တော်မှ ပြန်ယူသွားကြောင်း ဆက်သွယ်ရေးဝန် ထမ်းတစ်ဦးမှဖြေရှင်းချက်ပေးခဲ့သည်။
အဆိုပါဖြေရှင်းချက်နှင့် ပတ်သက် ၍ ပြည်သူတစ်ဦး၏မှတ်ချက်မှာ “ဒီဖြေ ရှင်းချက်ဟာလက်ခံနိုင်ဖွယ်မရှိပါဘူး။ မိုးညှင်းမြို့ကိုချပေးတဲ့ ခွဲတမ်းဟာ ကချင် ပြည်နယ်ခွဲတမ်းထဲက ချပေးတာဖြစ်တယ်။ ပြန်သိမ်းမယ်ဆိုရင်လဲ ပြည်နယ်ကသာပြန် သိမ်းရမှာဖြစ်တယ်။နေပြည်တော်ကလာ သိမ်းစရာအကြောင်းမရှိဘူး။ မှားယွင်း တယ်ဆိုတာကလဲ မဖြစ်နိုင်ဘူး။ ဒီတာဝန် ကိုယူထားတဲ့ လူတွေကမှားပြီးပေးရလောက် အောင်ညံ့ဖျင်းနေသလား။ ဒါဟာလက်မ ခံနိုင်တဲ့ကိစ္စပဲ”ဟု ရင်တွင်းစကားပြောကြား ခဲ့သည်။

မိုးညှင်းမြို့နယ်အတွက်ရရှိသော (၁၀၁၇) လုံအားခွဲဝေရာတွင် ၀န်ထမ်းများ အား (၂း၃)ဖြင့် သတ်မှတ်ခဲ့သဖြင့် ပြည်သူလူထုအား (၆၇၈) လုံး၊ ၀န်ထမ်း များအား (၃၃၉) လုံးခွဲတမ်းချရောင်းပေး ခဲ့သည်။ လျှောက်ထားသည့်ဝန်ထမ်းအရေ အတွက်မျာ (၃၂၇) ဦးသာရှိသဖြင့် (၁၂) လုံးပိုနေသည်။ ပြည်သူလူထု၏လျှောက် ထားမှုမှာ အလုံး (၁၃၀၀) ကျော်ရှိနေ သဖြင့် လျှောက်ထားသူအရေအတွက်၏ တစ်ဝက်ခန့်သာရရှိကြသည်။
ယခုအခါတန်ဖိုးနည်းဖုန်းများကို မြန်မာပြည်အနှံ့တွင် ဒုတိယအကြိမ်ရောင်း ချပြီးဖြစ်သော်လည်း မိုးညှင်းမြို့အတွက် ခွဲတမ်းမရှိဟုသတင်းစကားရရှိပြီး ဒုတိယ အသုတ်မရောင်းချတော့ပေ။ မိုးညှင်းမြို့ ကြီးကံဇာတာညှိုးမှိန်နေဆဲပါ။ တချို့က လည်း မိုးညှင်းဆိုတော့ မင်းညှိုးတာပေါ့ ဟုပြောနေကြသည်။
မိုးညှင်းမြို့ကြီးကံဇာတာတက်ပြီး လျှပ်စစ်မီးများအများနည်းတူရရှိအောင် ပြည်ထောင်စုလမ်းမကြီးအခြားပြည်နယ် နှင့် တိုင်းများကဲ့သို့ရာသီမရွေးသွား လာနိုင်အောင် တယ်လီဖုန်းခွဲတမ်းများ အခြားခရိုင်မြို့ကြီးများရရှိသလိုရရှိအောင် အာဏာပိုင်များနှင့် တာဝန်ရှိသူအပေါင်း တို့မှကူညီစောင့်ရှောက်မှုအပေါင်းကို မိုးညှင်းခရိုင်ဒေသခံပြည်သူတို့မျှော်လင့် စောင့်စားလျက်ရှိပါကြောင့် စတုတ္ထ မဏ္ဍိုင်ကဏ္ဍမှ ရေးသားလိုက်ရပါသည်။

သစ္စာ(မိုးညှင်း)

Hot News
ကချင်ပြည်နယ်၊ မိုးညှင်းမြို့သည် ရေခံမြေခံကောင်းမွန်ပြီးမြေပေါ်မြေအောက် သယံဇာတပေါကြွယ် ၀သောမြို့နယ်ဖြစ် သည်။ စိုက်ပျိုးရေးကို အခြေခံပြီးတိုးတက် လျက်ရှိကာ မိုးညှင်းမြို့နယ်သည် ကချင် ပြည်နယ်၏စပါးကျီအဖြစ်သတ်မှတ်ခံထား ရပေသည်။ မိုးညှင်းမြို့နယ်မှ ထွက်ရှိသော ဆန်စပါးနှင့် ဟင်းသီးဟင်းရွက်များကို ကချင်ပြည်နယ်အနှံ့အပြားတွင်သာမက စစ်ကိုင်းတိုင်းဒေသကြီး၊ကသာမြို့အထိ ကုန်စည်စီးဆင်းလျက်ရှိသည်။

အမေရိကန်ဘက်မှ ဆိုင်ဘာတိုက်ခိုက်မှုများအတွက် အချက်အလက်များစွာရှိကြောင်း တရုတ်ဆို

 ဆိုင်ဘာတိုက်ခိုက်မှုများသည် တရုတ်မှ ဖြစ်သည်ဟူသော အမေရိကန်နိုင်ငံဘက်မှ စွပ်စွဲချက်ကို တရုတ် တို့က ၎င်းတို့ ဘက်တွင်လည်း သက် သေများရှိကြောင်း ယခုတစ်ပတ်အတွင်း သမ္မတများ မတွေ့ဆုံမီ သတိပေးစကားပြောကြားပြီး ပြန်လှန်ပြောကြားလိုက်သည်။

မြစ်ကြီးနားကျောက်မျက်အသင်း ဖွံ့ဖြိုးတိုးတက်ရန်အတွက် အသင်းသားလိုင်စင် လိုအပ်လျက်ရှိ

Photo: မြစ်ကြီးနားကျောက်မျက်အသင်း ဖွံ့ဖြိုးတိုးတက်ရန်အတွက် အသင်းသားလိုင်စင် လိုအပ်လျက်ရှိ

ဇွန်လ ၇ ရက် ၂၀၁၃

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်တွင် ဖွဲ့စည်းထားသည့် ကျောက်မျက် လုပ်ငန်းရှင်များအသင်း ဖွံ့ဖြိုးတိုးတက်ရန်အ တွက် အဓိကအချက်အဖြစ် အစိုးရအဖွဲ့မှ မြစ်ကြီးနားအသင်းသား လိုင်စင်ချပေးခြင်း မရှိသေးကြောင်းနှင့် မြစ်ကြီးနားမြို့ နယ်ရှိ ကျောက်မျက်လုပ်ငန်းရှင်များ အသင်းနှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“အဓိကကတော့ အခုချိန်ထိ မြစ်ကြီးနား ကျောက်မျက်အသင်းသားလိုင်စင် မချပေးသေးတာပဲ။ ဒါနဲ့ ပတ်သက်ပြီးတော့လဲ သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌနဲ့ ပြည်နယ် ဝန်ကြီးချုပ်ကိုပါ စာတင်ထားတာ လေးငါးကြိမ်လောက်ရှိပါပြီ”ဟု ၎င်းက ပြောကြား သည်။

 ထို့နောက် ယခုမြစ်ကြီးနားမြို့နယ်တွင် အချောထည်ကျောက်မျက်များ ရောင်းဝယ်ရေးအတွက် ဖွင့်လှစ်လျက်ရှိသည့် ရတနာဈေးတွင် အရောင်းအဝယ် အဆင်ပြေရန် အတွက် ဖားကန့်မြို့နယ်မှ မြစ်ကြီးနားမြို့နယ်သို့ တရားဝင်ကျောက် မျက်သယ်ယူခွင့် မပေးထားသေးကြောင်းနှင့် ယင်းကိစ္စနှင့် စပ်လျဉ်း၍လည်း သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ စာတင် ထား ပြီးကြောင်း အထက်ပါပုဂ္ဂိုလ်၏ ထပ်မံပြောကြားချက်အရ သိရသည်။

 “ပြီးတော့ တခုဆိုးတာက ပြည်နယ်ဝန်ကြီးချုပ် ကိုယ်တိုင်က မြစ်ကြီးနားမှာ ကျောက်မျက်လုပ်နေတဲ့ လုပ်ငန်းတွေ မရှိဘူး ဆိုတာရယ် ကျောက်မျက် အရောင်းဆိုင်တွေ မရှိဘူးဆိုတာကို လက်ခံနေတုန်းပဲ။ အမှန်က တနိုင်တပိုင် အနေနဲ့ အိမ်တွေ မှာ ကျောက်မျက်ကို ပန်းပုထုတာတို့ ပယင်းကျောက်ကို ပုံဖော်ပြုလုပ်ပြီး တရုတ်ဖက် ကို ရောင်းနေတာတွေ ရှိပါတယ်။ မြို့ပေါ်မှာလဲ ကျောက်မျက်အရောင်းဆိုင် တော်တော်များများ ရှိနေပါတယ်”ဟု ပြည်နယ်ဝန်ကြီးချုပ်နှင့် နီးစပ်သူတစ်ဦး က ပြောကြားသည်။

 လက်ရှိအချိန်ထိ ကျောက်မျက်များအား ဖားကန့်မှ မြစ်ကြီးနားသို့ တရားမဝင်သာ သယ်ယူပို့ဆောင်လျက်ရှိပြီး လမ်းတွင် အခွန်အခများ အဆမတန် ပေးဆောင်နေရ သည့်အပြင် ကချင်ပြည်နယ် ဝန်ကြီးချုပ်ကိုယ်တိုင်မှ မြစ်ကြီးနားမြို့ပေါ်တွင် ကျောက်မျက်လုပ်ငန်းများ လုပ်ဆောင်နေခြင်းနှင့် ကျောက်များ ရောင်းချသည့်ဆိုင်များ မရှိသေးဆိုသည့် အချက်ကို အဓိက ထားပြောဆိုနေသေးကြောင်း ပြည်နယ်ဝန်ကြီးချုပ်နှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

မြန်မာ့ခေတ်
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်တွင် ဖွဲ့စည်းထားသည့် ကျောက်မျက် လုပ်ငန်းရှင်များအသင်း ဖွံ့ဖြိုး တိုးတက်ရန်အတွက် အဓိကအချက်အဖြစ် အစိုးရအဖွဲ့မှ မြစ်ကြီးနားအသင်းသား လိုင်စင်ချပေးခြင်း မရှိသေးကြောင်းနှင့် မြစ်ကြီးနားမြို့ နယ်ရှိ ကျောက်မျက်လုပ်ငန်းရှင်များ အသင်းနှင့် နီးစပ်သူတစ်ဦး ၏ ပြောကြားချက်အရ သိရသည်။

ထားဝယ် စီမံကိန်း တင်ဒါထပ်ခေါ်မည်

Photo: ထားဝယ်စီမံကိန်း တင်ဒါထပ်ခေါ်မည်
Friday, June 07, 2013

ရေနက် ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် များပါဝင်သော ထားဝယ် စီမံကိန်း ရှေ့ဆက် နိုင်ရေး အတွက် လုပ်ငန်းအလိုက် တင်ဒါ အသီးသီး ခေါ်ယူမည် ဖြစ်ကြောင်း ထားဝယ် စီးပွားရေးဇုန် လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ သူရဦးသောင်းလွင်က The Voice သို့ ပြောကြားသည်။

မြန်မာနှင့် ထိုင်း နှစ်နိုင်ငံ အစိုးရချင်း ပူးပေါင်းလုပ်ကိုင်သော စီမံကိန်းအဖြစ် အသွင်ပြောင်း ပြီးနောက် စီမံကိန်းကို ကဏ္ဍအလိုက် ဖော်ဆောင်မည် ဖြစ်ပြီး လမ်းဖောက်ခြင်း၊ လျှပ်စစ်မီး သွယ်တန်းခြင်း စသည့် လုပ်ငန်းကဏ္ဍ အလိုက် အခြားသော နိုင်ငံခြားရင်းနှီး မြှုပ်နှံသည့် ကုမ္ပဏီများကို ဖိတ်ခေါ်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထားဝယ် စီမံကိန်း ဆက်လက် လုပ်ကိုင်ရန် သေချာသော ဘဏ္ဍာရေး အရင်းအမြစ် မရရှိသေးချိန်တွင် သူရ ဦးသောင်းလွင် က ယင်းသို့ ထုတ်ဖော်ပြောဆို လိုက်ခြင်းဖြစ် ပြီး မည်သည့်အချိန်တွင် တင်ဒါခေါ်မည်ကို မသိရသေးပေ။

အရှေ့တောင်အာရှတွင် အကြီးဆုံး အထူးစီးပွားရေးဇုန် ဖြစ်လာမည်ဆိုသော ထားဝယ် စီမံကိန်းတွင် သင်္ဘော ဆယ်ဂဏန်း တစ်ပြိုင်နက် ဆိုက်ကပ်နိုင်သော ရေနက် ဆိပ်ကမ်း၊ ရေနံ ဓာတုစက်ရုံ စသည်တို့ ပါဝင်သော အကြီးစား စက်ရုံများ၊ ကားထုတ်လုပ်ရေး စသည်တို့ ပါဝင်သော အလတ်စား စက်မှုဇုန်များ၊ အခြားအသေးစား စက်မှုဇုန် များပါဝင်ပြီး စီမံကိန်းအတွက် လျှပ်စစ် စွမ်းအင်ကို မည်သည့် အရင်းအမြစ်မှ ရယူမည်ကို မသေချာသေးပေ။

ITD က ကျောက်မီးသွေးမှ လျှပ်စစ်ဓာတ်အား ထုတ်ရန် လျာထားခဲ့ သော်လည်း အစိုးရက လက်မခံခဲ့ပေ။

ထားဝယ် စီမံကိန်းသည် ရင်းနှီး မြှုပ်နှံမှုပမာဏ များပြားသည့် အတွက် အီတာလျံ-ထိုင်း ကုမ္ပဏီတစ်ခု တည်းဖြင့် မလုပ်ဆောင်နိုင်သောကြောင့် ငွေကြေးထောက်ပံ့မှု ရနိုင်ရန် အစိုးရချင်း ပူးပေါင်း လုပ်ကိုင်သည့် စီမံကိန်းအဖြစ် အသွင် ပြောင်းပြီးနောက် ယင်းသို့လုပ်ဆောင် လာခြင်းဖြစ်သည်။

ယင်းစီမံကိန်း တစ်ခုလုံး တည်ဆောက် ပိုင်ခွင့်ရထားသော အီတာလျံ-ထိုင်းကုမ္ပဏီ (IDT) အနေနှင့် စီမံကိန်းတွင် စိတ်ဝင်စား သည့် လုပ်ငန်းများနှင့် အညီ ရှယ်ယာ ရရှိမည် ဖြစ်ကြောင်းသူရ ဦးသောင်းလွင်က ဆိုသည်။

စုစုပေါင်း ကုန်ကျငွေ အမေရိကန် ဒေါ်လာ ဘီလီယံ ၅၀ ကျော် ကုန်ကျမည့် ထားဝယ် စီမံကိန်း အကောင်အထည်ဖော် ITD က ဘဏ္ဍာငွေ ရှာဖွေရေး အခက်အခဲတွေ့ ပြီးနောက် အစိုးရချင်း ပူးပေါင်း လုပ်ဆောင်သည့် စီမံကိန်းအဖြစ် အသွင် ပြောင်းခဲ့သည်။

ယင်းနောက် စီမံကိန်း ပူးတွဲ အကောင် အထည်ဖော်သည့် ထိုင်းဝန်ကြီးချုပ် ယင်းလပ်သည် ဗြိတိန်၊ ဂျပန်၊ အိန္ဒိယစသည့် ထိပ်သီးနိုင်ငံ တို့၏ ခေါင်းဆောင်များ တွေ့ဆုံစဉ် အတွင်း ထားဝယ် စီမံကိန်းတွင် လာရောက် ရင်းနှီးမြှပ်နှံရန် လောဆော်မှု ကြောင့် ထားဝယ် စီမံကိန်း၏ ‘အရောင်း ဝန်ထမ်း’ ဟုပင် ခေါ်ဝေါ် ခံရသည်။

ဂျပန် လုပ်ငန်းရှင်များ ထားဝယ်တွင် လာရောက် ရင်းနှီးမြှုပ်နှံရန် ယင်းလပ်၏ ဂျပန်နိုင်ငံ ခရီးစဉ် အတွင်း ပြောဆိုခဲ့သော် လည်း လက်တွေ့ကျသော ကတိကဝတ်များ မတွေ့ရသေးဘဲ ဂျပန်တို့၏ အဓိက ဦးတည်ရာမှာ ရန်ကုန်မြို့တော် အနီးရှိ သီလဝါ စီမံကိန်း ဖြစ်နေသေးသည်။

ထားဝယ် စီမံကိန်း ဆက်လက် အကောင်အထည် ဖော်ရန် မြန်မာ-ထိုင်း နိုင်ငံတို့ ပါဝင်သော အထူးပြု အဖွဲ့တစ်ခု ဖွဲ့စည်းထားပြီး စီမံကိန်းဆိုင်ရာ နှစ်နိုင်ငံ ပူးတွဲ ညှိနှိုင်းရေးအဖွဲ့က ဂျပန်လာရောက် ရင်းနှီးမြှုပ်နှံရေး ဖိတ်ခေါ်ရန် သဘောတူ ထားသည်။

The Voice Weekly
ရေနက် ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် များပါဝင်သော ထားဝယ် စီမံကိန်း ရှေ့ဆက် နိုင်ရေး အတွက် လုပ်ငန်းအလိုက် တင်ဒါ အသီးသီး ခေါ်ယူမည် ဖြစ်ကြောင်း ထားဝယ် စီးပွားရေးဇုန် လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ သူရဦးသောင်းလွင်က The Voice သို့ ပြောကြားသည်။

ကျောက်မျက် ပြပွဲတွင် ငွေလဲကောင်တာနှင့် ATM စက်များထားမည်

Photo: ကျောက်မျက် ပြပွဲတွင် ငွေလဲကောင်တာနှင့် ATM စက်များထားမည်
Friday, June 07 , 2013

နေပြည်တော်တွင် ပြုလုပ်မည့် အကြိမ်(၅၀) မြောက် ရွှေ ရတု မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲတွင် ပုဂ္ဂလိက ဘဏ်များက ငွေလဲကောင်တာနှင့် ATM (အလိုအလျောက် ငွေထုတ် စက်)များ ပထမဆုံးအကြိမ် ထားရှိမည် ဖြစ်ကြောင်း ပုဂ္ဂလိကဘဏ်များ ထံမှ စုံစမ်းသိရှိရသည်။

အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေး ဘဏ်၊ ကမ္ဘောဇ ဘဏ်၊ သမဝါယမ ဘဏ်တို့က ကျောက်မျက် ပြပွဲနေရာ တွင် ATM စက်တစ်လုံးစီ ထားရှိမည် ဖြစ်ပြီး အဆိုပါစက်များတွင် နိုင်ငံတကာ ငွေပေးချေသည့် ကတ် များဖြစ်သည့် VISA, Master, JCB, CPU, MPU ကတ်များ အသုံးပြုနိုင်မည် ဖြစ်ကြောင်း ယင်း ဘဏ်တို့ထံမှ သိရသည်။

အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေး ဘဏ်နှင့် သမဝါယမ ဘဏ် တို့က မြန်မာ့ ကျောက်မျက် ရတနာပြပွဲ နေရာတွင် ငွေလဲကောင်တာ တစ်ခုစီ ဖွင့်လှစ်မည် ဖြစ်ပြီး အာရှစိမ်းလန်းမှုဖွံ့ ဖြိုးရေး ဘဏ်က ထပ်မံ၍ နေပြည်တော် လေဆိပ်နှင့် Aurium Hotel တို့တွင် လည်း ငွေလဲကောင်တာများ ဖွင့်လှစ်မည် ဖြစ်ကြောင်း ယင်းဘဏ် တို့ထံမှ ထပ်မံ သိရသည်။

“အရင်ကထက် ငွေပေးချေမှု အပိုင်းတွေမှာ လွယ်ကူ စိတ်ချရအောင် နိုင်ငံခြားက ဘဏ်တွေနဲ့ ပြည်တွင်း ပုဂ္ဂလိကဘဏ်တွေ တိုက်ရိုက် ပေးချေနိုင်အောင် စီစဉ်ထားပါ တယ်”ဟု မြန်မာနိုင်ငံ ကျောက်မျက် လုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး (၃) ဦးထွန်းလှအောင်က The Voice သို့ ပြောကြားသည်။

ကျောက်မျက် ကုမ္ပဏီများကလည်း VISA နှင့် Master ကတ်များဖြင့် ငွေပေးချေ နိုင်သည့် POS စက်(ငွေထုတ်ယူရန် မလိုဘဲ ကတ်မှ ငွေကိုနုတ်ယူ ပေးချေနိုင်သည့်စက်)များ ထားရှိထား သောကြောင့် ငွေပေးချေမှု များတွင် လွယ်ကူ လျင်မြန်စွာ ပြုလုပ်နိုင်မည် ဖြစ်ကြောင်း သမဝါယမ ဘဏ်မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးဖေမြင့်က ပြော ကြားသည်။

ယခင် ပြပွဲများတွင် ကျောက်မျက်ပြပွဲ ကာလများ၌ ဝယ်ယူထားသည့် ကျောက်မျက်များကို လာရောက် ငွေမသွင်း သည့် ဖြစ်စဉ်အချို့ ဖြစ်ပွားခဲ့ခြင်းကြောင့် ငွေပေးချေသည့် စနစ်များ ပိုမိုကောင်းမွန် လာစေရန် ယခုကဲ့သို့ စီစဉ်ခြင်း ဖြစ်ပြီး ပြပွဲ စည်းကမ်းများမှာ ပြောင်းလဲမှု မရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲကို ဇွန်လ ၁၅ ရက်နေ့မှ ဇွန်လ ၂၇ ရက်အထိ ပြသ ရောင်းချမည် ဖြစ်ကြောင်း မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်းထံမှ သိရသည်။

The Voice Weekly
နေပြည်တော်တွင် ပြုလုပ်မည့် အကြိမ်(၅၀) မြောက် ရွှေ ရတု မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲတွင် ပုဂ္ဂလိက ဘဏ်များက ငွေလဲကောင်တာနှင့် ATM (အလိုအလျောက် ငွေထုတ် စက်)များ ပထမဆုံးအကြိမ် ထားရှိမည် ဖြစ်ကြောင်း ပုဂ္ဂလိကဘဏ်များ ထံမှ စုံစမ်းသိရှိရသည်။