Friday, June 14, 2013

"၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လိုအပ်သလို ပြင်ဆင် ဖြည့်စွက်မည်"

Photo: "၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လိုအပ်သလို ပြင်ဆင် ဖြည့်စွက်မည်"
Friday, June 14 , 2013

မြန်မာနိုင်ငံက လွှတ်တော်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးကို ကန့်သတ်ထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အပါအ၀င် မြန်မာပြည်သူတွေ အတွက် အကျိုးမရှိတဲ့ တည်ဆဲဥပဒေ မှန်သမျှကို လိုအပ်သလို ပြင်ဆင်၊ ပယ်ဖျက်၊ အစားထိုးသွားမှာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ပြောကြားလိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်ဒီစီမြို့တော် ၀ုဒရိုး ၀ီလဆင် စင်တာ(Woodrow Wilson Center) မှာ မနေ့ညနေက ကျင်းပတဲ့ မြန်မာ့နိုင်ငံရေး လက်ရှိအခြေအနေအပေါ် ပြည်ထောင်စုလွှတ်တော်ရဲ့အမြင် ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲမှာ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

"ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ ကိစ္စမှာ ဖွဲ့စည်းပုံအခြေခံ အရ ကန့်သတ်ချက်တွေက စိုးရိမ်စိတ်တွေရှိတယ်ဆိုတာ သိပါတယ်။ကျွန်တော်တို့ လွှတ်တော်မှာဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာသုံးသပ်ပြီး ပြင်ဆင်သင့်တာတွေ ပြင်ဆင်ဖို့အတွက် ကော်မတီ၊ကော်မရှင်တစ်ရပ်ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ချင်တယ်ဆိုရင် ပြင်ဆင်နိုင်ဖို့ ဥပဒေအရပြဌာန်းထားတဲ့ အခွင့်အရေးရှိပါတယ်။ဒါကြောင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ တစ်ခြားဥပဒေနည်းတူ တည်ဆဲဥပဒေတစ်ရပ်သာ ဖြစ်ပါတယ်။ကျွန်တော်တို့ လွှတ်တော်သည် ဥပဒေတွေကို ပြဌာန်းပေးဖို့ တာဝန်ရှိပါတယ်။'

ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖော်ပြထားတဲ့ သမ္မတရဲ့ အရည်အချင်း၊ အမျိုးသမီးအခွင့်အရေး၊ ရိုဟင်ဂျာအရေး၊ နိုင်ငံသားအခွင့်အရေး၊ လယ်ယာမြေသိမ်းဆည်းခံရမှု၊ တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခ စတဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ ပရိသတ်တွေရဲ့ မေးမြန်းချက်တွေကိုလည်း သူရဦးရွှေမန်းက ဖြေကြားခဲ့ပါတယ်။

ဒီဆွေးနွေးပွဲကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ NDI အမျိုးသားဒီမိုကရက်တစ် အင်စတီကျုနဲ့ ၀ုဒရိုး ၀ီလဆင် စင်တာ- မဟာဗျူဟာနဲ့ အပြည်ပြည်ဆိုင်ရာလေ့လာရေးဌာနတို့ ပူးတွဲကျင်းပခဲ့တာ ဖြစ်ပြီး၊ အမေရိကန်အစိုးရဌာနဆိုင်ရာအရာရှိတွေ၊ ပုဂ္ဂလိက အန်ဂျီအိုအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေအပါအ၀င် မြန်မာ့အရေးစိတ်ဝင်စားသူတွေ (၁၀၀) ကျော်လောက်တက်ရောက်ခဲ့ပါတယ်။

RFA
မြန်မာနိုင်ငံက လွှတ်တော်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးကို ကန့်သတ်ထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အပါအ၀င် မြန်မာပြည်သူတွေ အတွက် အကျိုးမရှိတဲ့ တည်ဆဲဥပဒေ မှန်သမျှကို လိုအပ်သလို ပြင်ဆင်၊ ပယ်ဖျက်၊ အစားထိုးသွားမှာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ပြောကြားလိုက်ပါတယ်။

လုပ်ငန်းခွင်ဝင် ကလေးတွေ စာသင်နိုင်ဖို့ ရွေ့လျားစာသင်ခန်းတွေ လုပ်မည်.

အသက်မွေးဝမ်းကျောင်း လုပ်ငန်းခွင်ဝင်နေတဲ့ ကလေးတွေအတွက် ရွေ့လျားစာသင်ခန်း (mobile classroom)တွေ ပြုလုပ်သွားမယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးပြန်ကြားရေးတာဝန်ခံ ဒေါ်ဆွေဇင်ထိုက် ထံက သိရပါတယ်။

မဒေးကျွန်း ဆန္ဒပြ ခေါင်းဆောင်များ အမူ တရားလို သက်သေ သုံးဦးကို စစ်ဆေး

Photo: မဒေးကျွန်း ဆန္ဒပြ ခေါင်းဆောင်များ အမူ တရားလို သက်သေ သုံးဦးကို စစ်ဆေး
Friday, June 14 , 2013

တရုတ်ကုမ္ပဏီ CNPC ကို ဆန္ဒပြ သဖြင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှ တရားစွဲခံရသူ ခေါင်းဆောင် ၁၀ ဦး အမှုကို ယမန်နေ့က ကျောက်ဖြူ တရားရုံးမှ စစ်ဆေးရာ တရားလို သက်သေ သုံးဦးကို စစ်ဆေးခဲ့သည်။

ကျောက်ဖြူမြို့နယ် တရားသူကြီး ဦးနေ၀င်းက အစိုးရ အရာရှိ (၃) ဦးကို စစ်ဆေးခဲ့ကြောင်း ဆန္ဒပြ ခေါင်းဆောင် ဦးထွန်းကြည်က ပြောသည်။

“ ကျွန်တော်တို့ ၁၀ ယောက် ရုံးကို ၁၁ နာရီခွဲမှာ ရုံးကိုရောက်တဲ့အကြောင်းကို အကြောင်းကြား ပါတယ်။ မြို့နယ် တရားသူကြီး ဦးနေ၀င်းက ကျွန်တော်တို့ကို ခေါ်ပါတယ်။ ပထမ စစ်တာက မြို့နယ်အလုပ်သမားဦးစီးမှူး ဦးရွှေသန်း၊ ၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးစံရွှေထွန်းနဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးနေ၀င်း (ဒုဦးစီး) တို့ကို စစ်ဆေးပါတယ်။”

စစ်ဆေးရာတွင် တရားခံ ၁၀ ဦးဖက်မှ ရှေ့နေ့ ဦးထိန်းလင်းမှ လိုက်ပါ ဆောင်ရွက်ပေးပြီး အစိုးရ တရားလိုဖက်မှ ရှေ့နေအဖြစ် ဒေါ်လှနုဖြူက ဆောင်ရွက်ခဲ့သည်ဟု ပြောသည်။

သူတို့ကို စစ်ဆေးသည့် အခြေအနေနှင့် ပတ်သက်၍ ဦးထွန်းကြည်က ယခုကဲ့ ပြောသည်။

“ ဟုတ်ကဲ့၊ မြို့နယ်အလုပ်သမား ဦးစီးမှူးနဲ့ မြို့နယ်မီးသတ်ဦးစီးမှူးကို စစ်ဆေးပါတယ်။ သူတို့ကို စစ်ဆေးတဲ့ အခါ မဒေးကျွန်းကို မိမိဆန္ဒထုတ်ဖေါ်ခွင့်ပေးတဲ့ ဧပြီလ၁၈ ရက်နေ့မှာ မြို့နယ် အုပ်ချုပ်ရေးမှူး အပါအ၀င် ဌာန ဆိုင်ရာအကြီးအကဲတွေက မဒေးကျွန်း ဒေသခံတွေနဲ့ ဆွေးနွေးပါတယ်။ ဆွေးနွေးတဲ့အခါမှာ သူတို့တွေက လက်မခံတဲ့အတွက် ဆန္ဒပြပွဲဖြစ်သွားတယ်။ အဲဒီဆန္ဒပြမှုနဲ့ ဖြစ်သွားတာနဲ့ ပတ်သက်ပြီး သူတို့ကို စစ်ဆေးပါ တယ်။ ကျွန်တော်တို့ကိုလဲ ဆန္ဒပြတဲ့အကြောင်းအရာနဲ့ ပတ်သက်ပြီး မေးမြန်း တာတချို့တော့ မနေ့က ရှိခဲ့ပါတယ်” ဟု ဆိုသည်။

ယနေ့တွင် တရားလိုသက်သေ သုံးဦးကို စစ်ဆေးခဲ့ပြီး နောက်ထပ် စစ်ဆေးရန် ကျန်ရှိနေသေးသော တရားလိုသက်သေ ၁၂ ဦးကို ယခုလ ဇွန်လ ၂၄ ရက်နေ့တွင် ထပ်မံ စစ်ဆေး သွားမည်ဟု သိရသည်။

ဆန္ဒပြသဖြင့် တရားစွဲခံရသူများမှာ မဒေးကျွန်းပေါ်ရှိ ကျောက်တန်းရွာမှ ဦးမောင်မောင်မြင့်၊ မောင်မျိုးနိုင်၊ မောင်ယဉ်လှ၊ ပြင်ရွာက ဦးမောင်မောင်စော၊ ဦးမောင်သန်းအေးနဲ့ နောက်တစ်ဦး ရွာမရွာမှ ဦးအောင်သိန်းထွန်း၊ ထွန်းခင်နု၊ ဦးမောင်ဖြူသီးနှင့် ဦးထွန်းကြည်တို့ ဖြစ်ကြသည်။

၎င်းတို့ ၁၀ ဦးကို ဧပြီလ ၁၈ ရက်နေ့က မဒေးကျွန်းရှိ တရုတ်ကုမ္ပဏီ CNPC အား ဆန္ဒပြရာတွင် ဦးဆောင် ပါဝင်သည်ဟု ဆိုကာ မဒေးကျွန်း ရဲစခန်းမှူး ဦးစောဝင်းမှ မေလ ၆ ရက်နေ့က တရားလို လုပ်ကာ တရားစွဲ ဆိုခြင်းဖြစ်သည်။ှ

narinjara
တရုတ်ကုမ္ပဏီ CNPC ကို ဆန္ဒပြသဖြင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှ တရားစွဲ ခံရသူ ခေါင်းဆောင် ၁၀ ဦး အမှုကို ယမန်နေ့က ကျောက်ဖြူ တရားရုံးမှ စစ်ဆေးရာ တရားလိုသက်သေ သုံးဦးကို စစ်ဆေး ခဲ့သည်။

နှုတ်ခမ်း ကွဲ အာခေါင်ကွဲ ကလေး ၁၅၀ ကျော်ကို ပြည်ပ ဆရာဝန်များ အခမဲ့ ခွဲစိတ်ပေး မည်

Photo: နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေး ၁၅၀ ကျော်ကို ပြည်ပဆရာဝန်များ အခမဲ့ ခွဲစိတ်ပေးမည်
Friday, 14 June 2013 

နိုင်ငံတစ်ဝန်းမှ နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေး ၁၅၀ ကျော်ကို ပြည်ပမှ ဆရာဝန် ၄၀ နှင့် ပြည်တွင်းဆရာဝန် ၁၀ ဦးတို့ ပူးပေါင်းကာ ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီးတွင် ဇွန်လ ၁၇ ရက်နေ့၌ အခမဲ့ ခွဲစိတ်ပေး မည်ဖြစ်ကြောင်း အဆိုပါ အစီအစဉ်အတွက် ငွေကြေး ပံ့ပိုးပေးထားသော
 မြန်မာ ဘရူဝါရီကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ခွဲစိတ် ကုသမည့် ကလေးများသည် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့မှဖြစ်ပြီး ခွဲစိတ် ကုသပေးမည့် ကာလကို ဇွန်လ ၁၇ ရက်မှ ၂၁ ရက်နေ့ထိ သတ်မှတ် ထားကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

"အရင်နှစ်တုန်းက အာရှဘက်က ဆရာဝန်တွေ များတယ်။ ဒီနှစ်မှာတော့ ဥရောပနဲ့ အမေရိကားက ဆရာဝန်တွေ များတယ်" ဟု မြန်မာဘရူဝါရီ ကုမ္ပဏီမှ တာဝန်ရှိသူ ဦးလှထွန်းက The Voice သို့ ပြောဆိုသည်။

မြန်မာနိုင်ငံတွင် အာခေါင်ကွဲ ဝေဒနာရှင်များထက် နှုတ်ခမ်းကွဲ ဝေဒနာရှင် များက ပိုများကြောင်း၊ နှုတ်ခမ်းကွဲ ဝေဒနာရှင်များသည် မျိုးရိုး လိုက်ခြင်း၊ မိခင်လောင်းများ ကိုယ်ဝန်နုစဉ် ဆေးဝါး အပြင်းများ သုံးစွဲခြင်းနှင့် အလုပ်ကြမ်း လုပ်ခြင်းတို့ကြောင့် ဖြစ်ပွားကြကြောင်း ခွဲစိတ်အထူးကု ဆရာဝန်ကြီး တစ်ဦးက ရှင်းပြသည်။

ပြည်တွင်းမှ ခွဲစိတ်ကုသမည့် ဆရာဝန် ၁၀ ဦးသည် ရန်ကုန် ပြည်သူ့ဆေးရုံ ကြီးမှ ဆရာဝန်ကြီးများဖြစ်ကြောင်း၊ ယခုတတိယ အကြိမ်မြောက် ပြု လုပ်သော နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ခွဲစိတ် ကုသပေးသည့် အစီအစဉ် ကို မြန်မာဘရူဝါရီ ကုမ္ပဏီနှင့် စင်ကာပူနိုင်ငံမှ F&N စားသောက်ကုန် ကုမ္ပဏီ တို့က ပံ့ပိုး ပေးထားကြောင်း သတင်း ထုတ်ပြန်ထားသည်။

The Voice Weekly
နိုင်ငံတစ်ဝန်းမှ နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေး ၁၅၀ ကျော်ကို ပြည်ပမှ ဆရာဝန် ၄၀ နှင့် ပြည်တွင်း ဆရာဝန် ၁၀ ဦးတို့ ပူးပေါင်းကာ ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီးတွင် ဇွန်လ ၁၇ ရက်နေ့၌ အခမဲ့ ခွဲစိတ်ပေး မည်ဖြစ်ကြောင်း အဆိုပါ အစီအစဉ်အတွက် ငွေကြေး ပံ့ပိုးပေးထားသော မြန်မာ ဘရူဝါရီကုမ္ပဏီ မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ဂျပန်တွင် တစ်နာရီ မိုင် ၃၂၀ ရထား ပြေးဆွဲမည်

Photo: ဂျပန်တွင် တစ်နာရီ မိုင် ၃၂၀ ရထား ပြေးဆွဲမည်
Friday, 14 June 2013

အခုတော့ မဟုတ်သေးပါဘူး။ အနီးစပ်ဆုံး အနေနဲ့ လာမယ့် ၈ နှစ်အတွင်း
 ဖြစ်ပေါ်လာအောင် ကြိုးစားဖန်တီးနေပြီ ဖြစ်ပါတယ်။

တစ်နာရီ မိုင် ၃၂၀ ဆိုတော့ လက်ရှိ တရုတ်ပြည်မှာ ပြေးဆွဲနေတဲ့ တစ်နာရီ ၂၆၈ မိုင် ရထားထက် အများကြီးမြန်ပါတယ်။ ကြောက်စရာလည်း ကောင်း
မှာပါ။ လေခုခံမှုကို ဖြိုခွင်းပြီး ခရီးထွက်မယ့် ရထးအတွက် လမ်းပါ အသစ်ဆောက်ပေးရမှာပါ။ ပြေးတဲ့အခါ ရထားလမ်းနဲ့တောင် မထိပါဘူး။ မထိသထိ နဲ့ ရေပေါ်ပေါ်သလို ငြိမ့်ပြီး လိုရာခရီးရောက်မှာပါ။ ဒီတော့ ဘေး အကာအရံ၊ လုံခြုံရေးစနစ်က အင်မတန် အရေးကြီးသွားပါတယ်။

ပထမဆုံး စမ်းသပ်ချက်အနေနဲ့က အောင်မြင်ပြီးသွားပြီ ဖြစ်ပါတယ်။ ယင်း စမ်းသပ်ချက်ကို ရထား တစ်တွဲနဲ့လုပ်သွားတာပါ။ နေက်ဆိုရင် ပုံမှန်ပြေး
ဆွဲနေတဲ့ သံလိုက် ရထား အတွဲများကဲ့သို့ အရှည်ဆောက်မှာ ဖြစ်ပါတယ်။ တိုကျိုနဲ့အိုဆာကာကြား ပြေးဆွဲမှာပါ။ ယင်း ရထားဟာ ကမ္ဘာ့ အမြန်ဆုံး ကျည်ဆံရထား ဖြစ်လာမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: techblog
ColayAutomobile
ColayOnline:Automobile
အခုတော့ မဟုတ်သေးပါဘူး။ အနီးစပ်ဆုံး အနေနဲ့ လာမယ့် ၈ နှစ်အတွင်း ဖြစ်ပေါ်လာအောင် ကြိုးစား ဖန်တီးနေပြီ ဖြစ်ပါတယ်။

4G မိုဘိုင်းလ်ဖုန်းများ ဒီဇင်ဘာ ၁ ရက် စဖြန့်မည်ဟု Digicel ဆို

မြန်မာအချင်းချင်း မလေးမှာ တိုက်ခိုက်တာတွေ ရပ်တန့်ဖို့ မလေးရှားအစိုးရပြော

မြန်မာအချင်းချင်း မလေးမှာ တိုက်ခိုက်တာတွေ ရပ်တန့်ဖို့ မလေးရှားအစိုးရပြော 
Friday, June 14 , 2013 

မလေးရှားနိုင်ငံရဲ့ မြို့တော် ကွာလာလမ်ပူမြို့ပြင်မှာ မြန်မာနိုင်ငံကလာတဲ့ လူတွေအချင်းချင်းကြား ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေနဲ့ သေဆုံးမှုတွေဖြစ်ခဲ့ပြီးနောက် တစ်ဖွဲ့နဲတစ်ဖွဲ့ကြား တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ မလေးရှားအစိုးရက မြန်မာနိုင်ငံသားတွေကို သတိပေးလိုက်ပါတယ်။

လွန်ခဲ့တဲ့ သ တင်း ပတ် နှစ်ပတ် အတွင်း မြန်မာနိုင်ငံကလာတဲ့ လူတွေအချင်းချင်းကြား ဖြစ်ခဲ့တဲ့ ပဋိပက္ခက အနည်းဆုံး ၇ ကြိမ်ရှိခဲ့ပြီး သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။

 သေဆုံးသူတွေက မွတ်စလင်လူမျိုးတွေ မဟုတ်ဘူးဆိုတာကိုလည်း မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးက အတည်ပြု ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခကို မလေးရှားနိုင်ငံအထိ သယ်ဆောင် လာကြတာဖြစ်တယ်လို့  မြန်မာနိုင်ငံက ဒုဝန်ကြီးတွေနဲ့ တွေ့ဆုံစဉ်မှာ မလေးရှားပြည်ထဲရေးရာ ဝန်ကြီးက ပြောပါတယ်။ အဲဒီမတိုင်ခင် မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ပြဿနာကို မြန်မာနိုင်ငံထဲမှာပဲ ထားရှိဖို့ သတိပေးပြောဆိုခဲ့ဖူးပါတယ်။

မလေးရှားနိုင်ငံ အစိုးရနဲ့ တွေ့ဆုံခဲ့တဲ့ မြန်မာ ဒုနိုင်ငံခြားရေးဝန်ကြီး ဦးဇင်ယော်ကလည်း မလေးရှားနိုင်ငံမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ ဘာသာရေးပဋိပက္ခကြောင့်ဖြစ်တာမဟုတ်ပဲ မြန်မာနိုင်ငံက လူဆိုးဂိုဏ်းတွေအကြား ဖြစ်ခဲ့တဲ့ ပြဿနာဖြစ်တယ်လို့ ပြောကြောင်း ကျိုဒိုးသတင်းမှာ ဖော်ပြထားပါတယ်။

ဒီလို အခြေအနေကြောင့် မလေးရှားနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့ မြန်မာဝန်ကြီးက မလေးရှားဝန်ကြီးကို တောင်းဆိုထားပြီး မြန်မာနိုင်ငံသားတချို့ ပြည်တော်ပြန်ဖို့ ဆန္ဒရှိတဲ့အတွက် အမြန်ဆုံးပြန်နိုင်အောင် စီစဉ်ပေးနိုင်မယ်လို့လည်း ဦးဇင်ယော်က ပြောပါတယ်။

မလေးရှားနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခကြောင့် မလေးရှားအစိုးရက ဖမ်းဆီးထိန်းသိမ်းမှုတွေလုပ်ခဲ့ပြီး တရားဝင်နေထိုင်ခွင့်လက်မှတ်မရှိတဲ့ မြန်မာနိုင်ငံသား ၂၅၀ ကို ထိန်းသိမ်းထားပါတယ်။ မလေးရှားနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား နှစ်သိန်းခွဲကျော်ရှိပြီး အဲဒီထဲက တစ်ဝက်လောက်ဟာ တရားမဝင်နေထိုင်သူတွေ ဖြစ်ကြတယ်လို့လည်း သိရပါတယ်။

ကုလသမဂ္ဂရဲ့အဆိုအရ မလေးရှားနိုင်ငံမှာ ဒုက္ခသည်ဦးရေ တစ်သိန်းကျော်ရှိပြီး အဲဒီထဲမှာ မြန်မာနိုင်ငံသား ကိုးသောင်းကျော် ပါဝင်တယ်လို့ ဆိုပါတယ်။

ဒုက္ခသည်အဖြစ် တရားဝင် အသိအမှတ်ပြုခံထားရတဲ့ မြန်မာနိုင်ငံသားတွေထဲမှာ သုံးသောင်းကျော်က ချင်းလူမျိုး၊ သုံးသောင်းနီးပါးက ရိုဟင်ဂျာတွေဖြစ်ကြပြီး တစ်သောင်းကျော်ကတော့ မြန်မာမွတ်စလင်တွေ ဖြစ်ပါတယ်။

အဲဒါ့အပြင် ရခိုင်ဒုက္ခသည်တွေက ခုနှစ်ထောင်ကျော်ရှိပြီး မွန်လူမျိုးက ၃၄၀၀ ကျော်နဲ့ တခြားလူမျိုး အနည်းငယ်စီ ပါဝင်တယ်လို့လည်း သိရပါတယ်။

radioaustralia.net
ပဋိပက္ခကြောင် မလေးရှားအစိုးရက တရားဝင်နေထိုင်ခွင့်လက်မှတ်မရှိတဲ့ မြန်မာနိုင်ငံသား ၂၅၀ ကို ထိန်းသိမ်းထားပါတယ်။
မလေးရှားနိုင်ငံရဲ့ မြို့တော် ကွာလာလမ်ပူမြို့ပြင်မှာ မြန်မာနိုင်ငံကလာတဲ့ လူတွေအချင်းချင်းကြား ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေနဲ့ သေဆုံးမှုတွေဖြစ်ခဲ့ပြီးနောက် တစ်ဖွဲ့နဲတစ်ဖွဲ့ကြား တိုက်ခိုက်မှုတွေရပ်တန့်ဖို့ မလေးရှား အစိုးရ က မြန်မာနိုင်ငံသားတွေကို သတိပေးလိုက်ပါတယ်။

ပခုက္ကူမြို့တွင် လူမျိုးရေးနှင့် ဘာသာရေး ပြဿနာ ဖြစ်ပေါ်စေရန် လှုံ့ဆော်မှုကြောင့် စာသင်ကျောင်းရှေ့တွင် လူစုလူဝေးများ ဖြစ်ပေါ်ခဲ့

ပခုက္ကူမြို့တွင် လူမျိုးရေးနှင့် ဘာသာရေး ပြဿနာ ဖြစ်ပေါ်စေရန် လှုံ့ဆော်မှုကြောင့် စာသင်ကျောင်းရှေ့တွင် လူစုလူဝေးများ ဖြစ်ပေါ်ခဲ့
Friday, June 14 , 2013 

ပခုက္ကူမြို့ အမှတ်(၃)ရပ်ကွက်၊ ရိပ်သာလမ်းပေါ်ရှိ အ.မ.က (၁၇) ကျောင်းရှေ့တွင် ယနေ့ (၁၃ ရက်နေ့)မွန်းလွဲ ၁ နာရီ အချိန်ခန့်၌ ဆိုင်ကယ်လေးစီးက''စာသင်ကျောင်းအား မီးရှို့နေပြီ'' ဟု အော်ဟစ် ထွက်ပြေးသွားရာမှ ကျောင်းသားမိဘများမှာ သက်ဆိုင်ရာ ကျောင်းများရှေ့တွင် ကလေးငယ်များကို ပြန်လည် ခေါ်ယူရန် ရောက်ရှိလာခြင်းကြောင့် လူစုလူဝေး ဖြစ်ပေါ်ခဲ့ပြီး သက်ဆိုင်ရာက အချိန်မီ ထိန်းသိမ်းနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ထိုသို့ ဖြစ်ပေါ်ခဲ့ရာတွင် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများက ကျောင်းများရှေ့တွင် စုရုံးရောက်ရှိနေသော ကျောင်းသား မိဘများအား မည်သည့်ပြဿနာမှ ဖြစ်ပွားခြင်း မရှိကြောင်း၊ ကျောင်းများအားလုံးမှာ အေးချမ်းစွာ စာသင်ကြားလျက်ရှိကြောင်း ဖြေရှင်းပြီး အားလုံးလူစုခွဲရန်၊ သင်ကြားရေးအား အနှောင့်အယှက် မပြုရန် ရှင်းလင်းပြောကြားခဲ့သည့် အတွက် မွန်းလွဲ ၂ နာရီဝန်းကျင်တွင် လူစုကွဲသွားခဲ့ကြောင်း သိရသည်။

''ပြဿနာဖြစ်အောင် ဖန်တီးတဲ့ လှုံ့ဆော်မှုတွေပါ။ အမှတ်(၃)ရပ်ကွက်မှာ ရှိတဲ့ အ.မ.က (၁၇)ကျောင်းရှေ့မှာ ဆိုင်ကယ်လေးစီးကနေ စာသင်ကျောင်းတွေကို မီးရှို့နေပြီလို့ အော်ပြေးသွားတဲ့အတွက် လူစုလူဝေး ဖြစ်သွားတာပါ။ အခြေအနေကို အေးအေးဆေးဆေးဖြစ်အောင် ထိန်းသိမ်းနိုင်ပါပြီ။ လက်ရှိတော့ စာသင်ကျောင်းတွေရှေ့မှာ ရဲလုံခြုံရေးတွေ ချထားပါတယ်'' ဟု မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။

မြို့ခံများကြားတွင် လူမျိုးရေးနှင့် ဘာသာရေး ပြဿနာများ ပေါ်ပေါက်ရန်အတွက် လှုံ့ဆော်ဖန်တီးခြင်း ဖြစ်နိုင်ကြောင်း၊ ထိုကဲ့သို့''စာသင်ကျောင်းတွေကို မီးရှို့နေပြီ'' ဟု လှုံ့ဆော်အပြီး မြို့ထဲရှိ လမ်းများပေါ်တွင် အရက်သောက်သုံး ထားသည်ဟု ယူဆရသော သူများမှာ တုတ်၊ ဓားများဖြင့် သွားလာနေသည်ကို တွေ့မြင်ရပြီး ရဲတပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေ ထိန်းသိမ်းနေကြောင်း သိရသည်။

ယခုကိစ္စ မဖြစ်ပွားမီ ဇွန် ၁၂ ရက်ညကလည်း သီရိဂေဟာလမ်းရှိ အိမ်တစ်အိမ် အတွင်းသို့ အမျိုးသမီးတစ်ဦး ထူးထူးခြားခြား ၀င်ရောက်ခဲ့သည်ဟု သိရသည်။ ''မနေ့ည ၁၂ နာရီလောက် ကျွန်မတို့ အိမ်တံခါးကို အတင်းတွန်းဖွင့်ပြီး အိမ်ထဲကို အမျိုးသမီးတစ်ဦး ၀င်လာတယ်။ ဘာလို့ အိမ်ထဲကို ၀င်တာလဲ၊ ဘာလုပ်တာလဲ မေးတော့ ကျွန်မတို့ကို ပြူးပြူးကြီး ပြန်ကြည့်တယ်။ မေးတာကို ပြန်ဖြေတာလည်း ကျွန်မတို့မသိတဲ့ စကားတွေနဲ့ ပြန်ဖြေတယ်။ ကုလားဘာသာစကား ဖြစ်မယ်ထင်တယ်။ အိမ်ထဲကနေသူကို အတင်း ထွက်ခိုင်းလိုက်ရတယ်။ နောက်တစ်ခါ ပြန်လာတော့ လူကြီးတွေကနေ ဘာလာလုပ်ပြန်တာလဲ။ သွားဆိုပြီး နှင်ထုတ်လိုက်မှ ထွက်သွားတယ်။ တခြားနေရာက ဖြစ်မယ်ထင်တယ်'' ဟု အဆိုပါ အမျိုးသမီးက ပြောကြားခဲ့သည်။

EMG

ပခုက္ကူမြို့၊ အ.ထ.က (၁) ကျောင်းရှေ့တွင် လူစုလူဝေး မဖြစ်ပေါ်ရန် ရှင်းလင်းနေသည်ကို တွေ့ရစဉ်
ပခုက္ကူမြို့၊ အ.ထ.က (၁) ကျောင်းရှေ့တွင် လူစုလူဝေး မဖြစ်ပေါ်ရန် ရှင်းလင်းနေသည်ကို တွေ့ရစဉ်
ပခုက္ကူမြို့ အမှတ်(၃)ရပ်ကွက်၊ ရိပ်သာလမ်းပေါ်ရှိ အ.မ.က (၁၇) ကျောင်းရှေ့တွင် ယနေ့ (၁၃ ရက်နေ့)မွန်းလွဲ ၁ နာရီ အချိန်ခန့်၌ ဆိုင်ကယ်လေးစီးက''စာသင်ကျောင်းအား မီးရှို့နေပြီ'' ဟု အော်ဟစ် ထွက်ပြေး သွားရာမှ ကျောင်းသားမိဘများမှာ သက်ဆိုင်ရာ ကျောင်းများရှေ့တွင် ကလေးငယ် များကို ပြန်လည် ခေါ်ယူရန် ရောက်ရှိလာခြင်းကြောင့် လူစုလူဝေး ဖြစ်ပေါ်ခဲ့ပြီး သက်ဆိုင်ရာက အချိန်မီ ထိန်းသိမ်းနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

အမေရိကန် ဒီမိုကရေစီ အတွေ့အကြုံရယူဖို့ သူရဦးရွှေမန်း မျှော်လင့်

အမေရိကန်ပြည်ထောင်စုရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ လွှတ်တော်ရေးရာ ဆိုင်ရာ စနစ်တွေ ကို လေ့လာသင်ယူပြီးတော့ မြန်မာနိုင်ငံရဲ့ အဲ့ဒီ့စနစ်တွေကို အားဖြည့်သွားဖို့ ရည်ရွယ်ချက်နဲ့

ရိုဟင်ဂျာတွေ အပေါ် ဖိနှိပ်မှု အဆုံးသတ်ဖို့ ဥရောပ ပါလီမန်တောင်းဆို

ရိုဟင်ဂျာတွေ အပေါ် ဖိနှိပ်မှု အဆုံးသတ်ဖို့ ဥရောပ ပါလီမန်တောင်းဆို 
( ဗွီအိုအေ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည် )

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမူစလင်တွေကို ဆန့်ကျင်တဲ့ လူ့အခွင့်ရေး ချိုးဖေါက်မှုတွေကို ချက်ချင်း ရပ်ဆိုင်းဖို့  ဥရောပသမဂ္ဂက လွှတ်တော်အမတ်တွေက ပန်ကြားလိုက်ပါတယ်။  ကြာသပတေးနေ့ Brussels မှာကျင်းပတဲ့ MEP လို့ခေါ်တဲ့ ဥရောပသမဂ္ဂ လွှတ်တော်အမတ်တွေရဲ့ အစည်းအဝေးမှာ အခုလိုပြောဆိုလိုက်တာပါ။

ဥရောပသမဂ္ဂလွှတ်တော်အမတ်တွေက ဒီအကြမ်းဖက်တိုက်ခိုက်မှု ကျူးလွန်သူတွေနဲ့ တခြား လူ့အခွင့်အရေး ချိုးဖေါက်သူတွေကို တရားဥပဒေအရ အရေးယူပေးဖို့ မြန်မာအစိုးရကိုရော လူမှု အသိုင်းအဝိုင်းတခုလုံး ကိုပါ တောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ လုံခြုံရေး တာဝန်ယူထားသူတွေကပါ ဒီအကြမ်းဖက်မှု ကျူးလွန်ရာမှာ ပါဝင်နေတယ် ဆိုတဲ့ စွပ်စွဲချက်တွေအတွက် စုံစမ်းစစ်ဆေးပေးဖို့လည်း  ဥရောပသမဂ္ဂအမတ်တွေက ထပ်ပြီး တောင်းဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေအတွင်း ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေလုပ်ခဲ့တာအတွက် ဥရောပသမဂ္ဂလွှတ်တော်အမတ်တွေက အသိအမှတ်ပြုတာနဲ့ တချိန်ထဲမှာပဲ  ရိုဟင်ဂျာမူဆလင်တွေရဲ့ အခြေအနေတွေ အပါအဝင် မြန်မာနိုင်ငံတွင်း တင်းမာမှုတွေ ဖြစ်စေတဲ့ အခြေခံ အကြောင်းရင်းတွေအတွက်  အဖြေရှာဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

ဥပရောသမဂ္ဂကနေ မြန်မာနိုင်ငံအတွက် ကုန်သွယ်ရေးဆိုင်ရာ အထူးခံစားခွင့်တွေ ပြန်ချထားပေးတာနဲ့ ပါတ်သက်ပြီး  လေးစားလိုက်နာမှု ရှိမရှိ ဥရောပကော်မရှင်ကနေ အနီးကပ်စောင့်ကြည့်ဖို့လည်း  တိုက်တွန်းခဲ့ပါတယ်။   ဥရောပနိုင်ငံများ လွတ်လပ်ရေးနဲ့ ဒီမိုကရေစီအဖွဲ့က  Jaroslav Paska က -

ဥရောပသမဂ္ဂကနေ မြန်မာနိုင်ငံအတွက် ကုန်သွယ်ရေးဆိုင်ရာ အထူးခံစားခွင့်တွေ ပြန်ချထားပေးတာနဲ့ တချိန်ထဲမှာပဲ  မြန်မာနိုင်ငံမှာ လူ့အခွင့်ရေးချိုးဖေါက်မှုတွေ မရှိစေဖို့ ဖိအားတွေ ပေးသင့်တယ်လို့ မစ္စတာ ပါစကာကပြောသွားတာပါ။

ဥရောပသမဂ္ဂလွှတ်တော်အမတ်များအဖွဲ့ရဲ့ အစည်းအဝေး ကနေ  မြန်မာနိုင်ငံ တွင်း ဒီမိုကရေစီရေး ပြောင်းလဲမှုတွေနဲ့ ပါတ်သက်ပြီး အီးယူက အနီးကပ် စောင့်ကြည့်သလို  လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အတွက်လည်း အီးယူက စောင့်ကြည့်လေ့လာသူတွေ စေလွှတ်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ 

http://burmese.voanews.com/content/article/1681542.html
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမူစလင်တွေကို ဆန့်ကျင်တဲ့ လူ့အခွင့်ရေး ချိုးဖေါက်မှုတွေကို ချက်ချင်း ရပ်ဆိုင်း ဖို့ ဥရောပသမဂ္ဂက လွှတ်တော်အမတ်တွေက ပန်ကြားလိုက်ပါတယ်။ ကြာသပတေးနေ့ Brussels မှာကျင်းပတဲ့ MEP လို့ခေါ်တဲ့ ဥရောပသမဂ္ဂ လွှတ်တော်အမတ်တွေရဲ့ အစည်းအဝေးမှာ အခုလိုပြောဆို လိုက်တာပါ။

မန္တလေးတွင် ပုဒ်မ(၁၈)ဖြင့် တရားစွဲဆိုထားသူများအား ထောင်ဒဏ် အမိန့်ချ

မန္တလေးမြို့မှ ကိုင်းတန်းညဈေး ပြောင်းရွှေ့ရေးနှင့် ပတ်သက်၍ ခွင့်ပြုချက်မယူဘဲ စီတန်းလမ်းလျှောက် ဆန္ဒပြခဲ့ကြသူ ၇ ဦးကို ချမ်းအေး သာဇံ မြို့နယ် တရားရုံးက ယနေ့ ထောင်ဒဏ်များ ချမှတ်လိုက်သည်။

ရက်ပေါင်း ၄၀ အတွင်း နိုင်ငံသား လုပ်ငန်းရှင်များ ကျပ်သန်းပေါင်း ၁၂၃၆၈၀ ကျော် ထပ်မံမြှုပ်နှံ

၂၀၁၃ ခုနှစ် မေ ၁ ရက်မှ ဇွန်လ ၁၀ ရက်အထိ ရက်ပေါင်း ၄၀ အတွင်း မြန်မာနိုင်ငံသား လုပ်ငန်းရှင် များမှာ ကျပ်သန်းပေါင်း ၁၂၃၆၈၀ ကျော်ပမာဏအထိ ထပ်မံမြှုပ်နှံခဲ့ကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန် ချက်များအရ သိရသည်။

လွန်ခဲ့တဲ့ ရက်တစ်ပတ်အတွင်း ရက်ဆက်မိုးကောင်းခဲ့လို့ မြစ်ဝကျွန်းပေါ်ဒေသတွေ မှာ ရေလွှမ်းနှိုင်မှုအလားအလာတွေမြင့်မား


Photo: လွန်ခဲ့တဲ့ ရက်တစ်ပတ်အတွင်း ရက်ဆက်မိုးကောင်းခဲ့လို့ မြစ်ဝကျွန်းပေါ်ဒေသတွေ မှာ ရေလွှမ်းနှိုင်မှုအလားအလာတွေမြင့်မား လာပါတယ်။
၁၃-၆-၂၀၁၃ ရက်၊
ည(၁၀း၅၆) နာရီ

လွန်ခဲ့တဲ့ ရက်တစ်ပတ်အတွင်း ရက်ဆက်မိုးကောင်းခဲ့လို့ မြစ်ဝကျွန်းပေါ်ဒေသတွေ မှာ ရေလွှမ်းနှိုင်မှုအလားအလာတွေမြင့်မား လာပါတယ်။ ၁၃-၆-၂၀၁၃ ရက်၊ ည(၁၀း၅၆) နာရီ (၁၃-၆-၂၀၁၃)ရက် ညနေ(၃)နာရီခွဲအချိန်အထိ လွန်ခဲ့တဲ့ ရက်သတ္တတစ်ပတ်အတွင်း မိုးရေချိန် (၈ လက်မ မှ ၁၂ လက်မအထိ) မိုးရွာသွန်းခဲ့တဲ့ ဒေသတွေကတော့ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်း ဒေသတွေဖြစ်ပါတယ်။ 

အဲဒီဒေသတွေမှာ နေ့စဉ် (၂၄)နာရီအတွင်း မိုးရေချိန် ပျမ်းမျှ (၁)လက်မခွဲလောက်ရနေပါတယ်။ ဒါကြောင့် မြစ်ဝကျွန်းပေါ်ဒေသတွေမှာ ရေလွှမ်းနိုင်တဲ့ အလားအလာတွေ (Flood Potentials) မြင့်မားလာနေပါတယ်။ 

ဒါပေမယ့် ကံကောင်းနိုင်တဲ့အချက်ကတော့ မနက်ဖန်အတွက် ခန့်မှန်းချက်မှာ မြစ်ဝကျွန်းပေါ်မှာ မိုးအားအနည်းငယ်လျော့သွားနိုင်တယ်လို့ ခန့်မှန်းရတာ ဘဲဖြစ်ပါတယ်။ 

ဒါပေမယ့် ကံမကောင်းနှိုင်တာကတော့ US NOAA ရဲ့ ရက်သတ္တတစ်ပတ်ခန့်မှန်းချက်အဖြစ် ဇွန်လ (၁၂-၁၈)ရက်အတွက် ခန့်မှန်းထားချက်မှာတော့ မြစ်ဝကျွန်းပေါ်ဒေသမှာ မိုးရွာသွန်းမှုဟာ ရွာသွန်းမြဲထက်ပိုမယ်လို့ ခန့်မှန်းထားတဲ့အတွက်ဖြစ်ပါတယ်။ ဒီတစ်ပတ်လုံး မိုးရွာသွန်းမှုရဲ့အခြေအနေကို စောင့်ကြည့်ဖို့လိုပါတယ်။

 ဒေါက်တာထွန်းလွင်
http://www.facebook.com/tunlwin48/posts/662195983794977
 လွန်ခဲ့တဲ့ ရက်တစ်ပတ်အတွင်း ရက်ဆက်မိုးကောင်းခဲ့လို့ မြစ်ဝကျွန်းပေါ်ဒေသတွေ မှာ ရေလွှမ်းနှိုင်မှု အလားအလာတွေမြင့်မား လာပါတယ်။

Thursday, June 13, 2013

KIA ထိန်းချုပ်နယ်မြေအတွင်း မွတ်ဆလင်ဘာသာဝင်များစိမ့်ဝင်နေ

Photo: KIA ထိန်းချုပ်နယ်မြေအတွင်း မွတ်ဆလင်ဘာသာဝင်များစိမ့်ဝင်နေ

ဇွန်လ ၁၃ ရက် ၂၀၁၃

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီး မိုက်ဆာပါစခန်းတွင် ဇွန်(၁)ရက်နေ့မှစ၍ မွတ်ဆလင်ညီအစ်ကိုတော်များအဖွဲ့ အမည်ဖြင့် မွတ်ဆလင်လူမျိုး အစ္စလာမ်ဘာသာဝင်များ လာရောက်စုစည်းမှုကို KIA အဖွဲ့က သဘောတူ လက်ခံခဲ့ရာ ဇွန်(၁၂) ရက်နေ့တွင် မွတ်ဆလင်(၆၈)ဦး ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

KIA အဖွဲ့နှင့် မွတ်ဆလင်ညီအစ်ကိုတော်များအဖွဲ့၏ သဘောတူညီမှုနှင့် ပတ်သက်၍ လိုင်ဇာမြို့ခံ အငြိမ်းစား ကျောင်း ဆရာတစ်ဦးက..
“KIA အဖွဲ့က အဲဒီ မွတ်ဆလင်တွေကို ဘာ့ကြောင့် လက်ခံရသလဲဆိုတာ စဉ်းစားလို့ကို မရဘူး.. အဖြေကတော့ ရှင်းနေပါ တာပဲ.. KIA က အင်အားတိုးချဲ့လိုက်တဲ့ သဘောလို့ ပြောရမှာဘဲ..KIA ကို အစိုးရတပ် တွေက လာတိုက်ရင် မွတ်ဆလင် အဖွဲ့က ၀င်တိုက်ပေးရမယ်.. အဲဒီလိုပဲ ကချင်ပြည်နယ်ထဲမှာရှိတဲ့ မြို့ရွာတွေမှာ မွတ်ဆလင်လူမျိုးတွေ ပဋိပက္ခဖြစ်ရင် မွတ်ဆလင်အဖွဲ့နဲ့အတူ KIA အဖွဲ့က ၀င်ရောက်ဖြေရှင်း ပေးရမယ်ဆိုပြီး သတင်းထွက်နေတာပဲ၊ သူတို့ နှစ်ဖွဲ့လုံးရဲ့  ရေရှည်အကျိုးစီးပွားအတွက် ဘယ်လိုပဲ သဘောတူညီမှုတွေ လုပ်လုပ်၊ ကချင်ပြည်နယ်တစ်ခုလုံးက ကချင်တိုင်းရင်းသား တွေအနေနဲ့ လုံးဝလက်ခံစရာ အကြောင်းမရှိပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ နောင်အနာဂတ်မှာ ဒီကချင်ပြည်နယ်ထဲမှာ ကချင်-မွတ်ဆလင် ကပြားတွေချည်းပဲ ဖြစ်သွားမှာပါ.. ဒီကိစ္စကို ကန့်ကွက်ဖို့ ဒေသခံတွေ တိုင်ပင်နေကြပါတယ်” ဟု ပြောပြ သွားသည်။

မွတ်ဆလင်ညီအစ်ကိုတော်များအဖွဲ့၏ ခေါင်းဆောင်မှာ ရခိုင်ပြည်နယ်မှ မော်လ၀ီဆရာ ဦးအာစွတ်ဖြစ်ပြီး ကချင်ပြည်နယ် အတွင်းရှိ မြို့ရွာဒေသအသီးသီးမှ မြန်မာပြည်၌ မွေးဖွားကြသူများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း၊ မိုက်ဆာပါစခန်းတွင် KIA အဖွဲ့ မွတ်ဆလင်များနေထိုင်ရန် ယာယီတဲများ ဆောက်လုပ်ပေးလျက် ရှိပြီး ရိက္ခာများ ထောက်ပံ့ပေးနေကြောင်း သိရှိရသည်။

ဒေသခံကချင်တိုင်းရင်းသားများကမူ KIA အဖွဲ့၏ ယခုလုပ်ရပ်ကို နားမလည်နိုင်ကြဘဲ ကချင်-မွတ်ဆလင် ကပြားကလေး များ မွေးဖွားလာပြီး ကချင်လူမျိုးအား ၀ါးမြိုသွားမည်ကို စိုးရိမ်လျက်ရှိပါသည်။
ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီး မိုက်ဆာပါစခန်းတွင် ဇွန်(၁)ရက်နေ့မှစ၍ မွတ်ဆလင်ညီအစ်ကိုတော် များအဖွဲ့ အမည်ဖြင့် မွတ်ဆလင်လူမျိုး အစ္စလာမ်ဘာသာဝင်များ လာရောက်စုစည်းမှုကို KIA အဖွဲ့က သဘောတူလက်ခံခဲ့ရာ ဇွန်(၁၂)ရက်နေ့တွင် မွတ်ဆလင်(၆၈)ဦး ရောက် ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

ခြေထောက် ကြွက်တက်ခြင်းနှင့် ဖြေရှင်းနည်းများ

Photo: ခြေထောက် ကြွက်တက်ခြင်းနှင့် ဖြေရှင်းနည်းများ
Thursday, June 13, 2013

ခြေထောက်ကြွက်တက်ခြင်း ဆိုတာကို လူတိုင်း မကြုံဖူးပေမယ့် ကြားတော့ ကြားဖူးကြမှပါ။ ကြွက်တက်ခြင်း ဖြစ်တတ်တဲ့ အကြောင်းရင်းတွေနဲ့ ဖြေရှင်း
နည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကြွက်တက်ခြင်းဆိုတာ ဘာလဲ
ခြေသလုံးနေရာနဲ့ ဒူးခေါင်းရဲ့ အနောက်ဘက်နေရာက ကြွက်သားတွေ တအား နာကျင်လာတတ်တဲ့ ခံစားမှုမျိုးပါ။ တစ်ခါတလေ ခြေဖဝါးနေရာက
ကြွက်သားတွေမှာလည်း ဖြစ်တတ်ပါတယ်။ အချိန်အားဖြင့် စက္ကန့်ပိုင်းနဲ့ မိနစ်အနည်းငယ်လောက် ကြာတတ်ပြီး တချို့တွေမှာ ၁၀ မိနစ်လောက်
ဖြစ်တတ်ပါတယ်။ တချို့တွေမှာ ကြွက်တက်တာဟာ တစ်နေ့တာ လှုပ်ရှားမှုပြီးလို့ ညအိပ်ရာဝင်ချိန်ကျမှ ဖြစ်တတ်ပါတယ်။ အိပ်စက်ချိန်ကို အနှောင့်အယှက်ပေးတတ်ပါတယ်။

ဘယ်လိုလူတွေမှာ ကြွက်တက်တတ်သလဲ
လူတိုင်းမှာ ကြွက်တက်ခြင်း ဖြစ်နိုင်ပါတယ်။ အသက်ကြီးသူတွေမှာ အများဆုံး ဖြစ်တတ်ပြီး ကြွက်တက်တဲ့သူ သုံးယောက်မှာ တစ်ယောက်နှုန်း
ဟာ အသက် ၆၀ ဝန်းကျင်တွေမှာ အဖြစ်များပါတယ်။ ၁၀ ယောက်မှာ
လေးယောက်နှုန်းဟာ တစ်ပတ်မှာ သုံးကြိမ်လောက် ကြွက်တက်တတ်
ပါတယ်။

ဘယ်လိုပြဿနာတွေက ကြွက်တက်စေတာလဲ
အခြေအနေတစ်ခုကို အခြေခံပြီး ကြွက်တက်တာမျိုးတော့ မရှိတတ်ပါဘူး။
ခြေထောက် ကြွက်သားတွေဟာ တစ်ခုနဲ့တစ်ခု ချိတ်ဆက်ဖို့ ခက်ခဲတဲ့ အချိန်မျိုးမှာ ရုတ်တရက် ကြွက်တက်တဲ့ အခြေအနေကို ဖြစ်စေပါတယ်။ အိပ်ပျော်နေချိန်မှာ သင့်ခြေထောက်ဟာ ကွေးတာဆန့်တာကို သင်ကိုယ်တိုင် သတိမထားမိနိုင်ပါဘဲ ကြွက်တက်တာမျိုး ဖြစ်စေပါတယ်။ ဒါက ကြွက်သားတွေ ပုံစံမကျခြင်းကြောင့်ဖြစ် တဲ့ ပြဿနာမျိုး ဖြစ် တာကြောင့် ဆွဲဆန့်လေ့ကျင့်ခန်း ပြုလုပ်ပေးတာမျိုးနဲ့ သက်သာစေနိုင် ပါတယ်။

နောက်ထပ်ဖြစ်နိုင်တဲ့ ပြဿနာကတော့ တခြားကျန်းမာရေး ပြဿနာ
တွေကြောင့် သောက်သုံးနေရတဲ့ ဆေးဝါး တချို့ရဲ့ ဘေးထွက် ဆိုးကျိုးကြောင့်လည်း ဖြစ်တတ်ပါတယ်။ ကြွက် သားတွေကို အပြင်းအထန် ဖိအားပေးခံရတာမျိုး၊ ရေဓာတ်ခန်းခြောက်တာ မျိုး၊ သွေးထဲမှာ ဆားဓာတ် မညီမျှတာမျိုး၊ ကိုယ်ဝန်ဆောင်ချိန်၊ သိုင်းရွိုက်ပြဿနာ၊ ခြေထောက် အတွင်း သွေးလည်ပတ်မှု အားနည်းတာမျိုး၊ အရက်အလွန် အကျွံ သောက်တာမျိုး၊ အာရုံကြော အားနည်းတာ၊ ကျောက်ကပ်ရောဂါ ကု ဆေးဝါးတွေ သောက်သုံးနေရတာမျိုးတွေကြောင့် ကြွက်တက်တတ်ပါ
တယ်။

ဘယ်လို ကုသမှု ပေးနိုင်မလဲ
အကြောတွေကို ဆန့်ထုတ်ပေးတဲ့ လေ့ကျင့်မှုမျိုးနဲ့ နှိပ်နယ်ပေးတာမျိုးတွေ
က ခြေထောက် ကြွက်တက်တာကို အထိရောက်ဆုံးနဲ့ အမြန်ဆုံး သက်သာစေနိုင်ပါတယ်။ နာကျင်မှုကတော့ ကြွက်တတ်တာ သက်သာ
သွားပေမယ့် ကျန်နေတတ်ပါတယ်။ နာကျင်မှုကို သက်သာစေဖို့ ပါရာစီ
တမောလို ဆေးမျိုးတွေ သောက်ပေးနိုင်ပြီး ကြွက်တက်တာ သက်သာပြီးလို့ ၂၄ နာရီကြာမှ နာကျင်မှု သက်သာသွားနိုင်ပါတယ်။ ရေဓာတ်ခန်းခြောက်
မှုကြောင့် ကြွက်တက်တာမျိုးဆိုရင်တော့ လုံလောက်တဲ့ ရေပမာဏ
သောက်ပေးဖို့ လိုပါတယ်။ ဆေးဝါးကုသမှုတွေ လိုအပ်ရင်တော့
လေးပတ်ကနေ ခြောက်ပတ်အထိ သောက်သုံးပေးဖို့ လိုပါတယ်။ ကြွက်
တက်တာကို သက်သာစေဖို့ မဂ္ဂနီဆီယမ်၊ ဗီတာမင်ဘီကွန်ပေါင်း၊ ဗီတာမင်အီး၊ diltiazem, naftidrofuryl, orphenadrine နဲ့ verapamil ပါဝင်တဲ့ ဆေးတွေကို မှီဝဲပေးသင့်ပါတယ်။

ဘယ်လိုကာကွယ်တားဆီးမလဲ
တစ်ခါတလေ ကြွက်တက်တာမျိုးကတော့ ဖော်ပြပါ နည်းလမ်းလေးတွေ
နဲ့ ဖြေရှင်းပေးနိုင်ပြီး ကြိမ်ဖန်များစွာ ကြွက်တက်ခြင်းအတွက် ဆိုရင်တော့ ကုသနိုင်ဖို့ နည်းလမ်းတွေကို ရှာဖွေရမှာ ဖြစ်ပါတယ်။သင့်မှာ လက်ရှိသောက်
သုံးနေရတဲ့ ဆေးဝါးတွေရှိရင် အဲ့ဒီဆေးဝါးရဲ့ ဘေးထွက်ဆိုးကျိုးကို သိဖို့ ဆရာဝန်ကို အမြန်ဆုံး ပြသကာ မေးမြန်းဆွေးနွေးပါ။ ဆေးဝါးသောက်နေ
ရသူ မဟုတ်ဘူး ဆိုရင်လည်း တခြားကျန်းမာရေး ပြဿနာ ရှိ၊ မရှိ ဆွေးနွေး
တိုင်ပင်ပါ။

ကြွက်တက်ခြင်း သက်သာစေမည့် နည်းလမ်းများ
ဆွဲဆန့်လေ့ကျင့်ခန်းတွေက ကြွက်တက်တာကို ကုသနိုင်တဲ့ နည်းလမ်း မဟုတ်ပေမယ့် သက်သာစေနိုင်တဲ့ နည်းလမ်းတွေထဲက တစ်ခုပါပဲ။ လေ့လာမှုတွေအရ သတ်မှတ်မထားပေမယ့် ဆရာဝန် အများစုကတော့ လမ်းညွှန်လေ့ ရှိကြပါတယ်။ ကြွက်သားတွေကို အထောက်အကူပြုစေမယ့် ဆွဲဆန့်လေ့ကျင့်ခန်းတွေကို တစ်နေ့ ငါးမိနစ်၊ သုံးကြိမ်လောက် ပြုလုပ်ပေးပါ။ အိပ်ရာမဝင်ခင်မှာ ပြုလုပ်ပေးရင် ပိုကောင်းပါတယ်။ နံရံမှာ လက်ထောက်ထားပြီး မတ်တတ်ရပ်နေကာ
ခြေထောက်တွေကိုနောက်ပြန်ဆန့်တန်းတင်တဲ့ လေ့ကျင့်မှုမျိုးကို ကြွက်တက်တာ သက်သာစေဖို့ ပြုလုပ်ပေးနိုင်ပါတယ်။

ကြွက်တက်ခြင်း သက်သာစေမည့် အိပ်စက်မှုပုံစံ
သင့်အိပ်စက်မှုပုံစံကလည်း ကြွက်တက်တာကို သက်သာစေဖို့ ကူညီနိုင်ပါတယ်။

- ခြေထောက်အောက်ထဲမှာ ခေါင်းအုံးတစ်လုံးခုထားပြီး သင့်ရင်ဘတ်နေ
ရာထက် အနည်းငယ် မြင့်နေအောင် အိပ်ပါ။

- ခြေထောက်ကို ကွေးကောက်နေတာမျိုး မဖြစ်စေဘဲ သေချာ ဆန့်တန်းပြီး အိပ်ပါ။

သင့်ခြေချောင်းတွေနဲ့ ခြေထောက်တစ်ခုလုံးကို စောင်နဲ့ သေချာ လုံခြုံနွေးထွေးအောင် ထားပြီး အိပ်စက်ဖို့ လိုပါတယ်။
Good Health
ခြေထောက်ကြွက်တက်ခြင်း ဆိုတာကို လူတိုင်း မကြုံဖူးပေမယ့် ကြားတော့ ကြားဖူးကြမှပါ။ ကြွက် တက်ခြင်း ဖြစ်တတ်တဲ့ အကြောင်းရင်းတွေနဲ့ ဖြေရှင်းနည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်သူ့ဆေးရုံ တိုင်း တွင် ငါးနှစ်အောက် ကလေးများကို အခမဲ့ဆေးကုပေးမည်

မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူ့ဆေးရုံများတွင် အသက်ငါးနှစ် အောက်ကလေးများကို အခမဲ့ဆေး ကုသမှုပေး ရန် ညွှန်ကြားထားကြောင်း နေပြည်တော်ကောင်စီကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာ ထွန်းမြင့် က ပြောသည်။

ခိုးမှုပြစ်ချက်ဟောင်းရှိသူနှင့် မသင်္ကာသူတို့အားစစ်ဆေးရာမှ ခိုးမှု(၃)မှု ဖေါ်ထုတ်နိုင်

Photo: ခိုးမှုပြစ်ချက်ဟောင်းရှိသူနှင့် မသင်္ကာသူတို့အားစစ်ဆေးရာမှ ခိုးမှု(၃)မှု ဖေါ်ထုတ်နိုင်
Thursday, June 13, 2013

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ တိုင်းအကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင် များသည် ၅.၆.၂၀၁၃ ရက်နေ့ ၂၀၀၀ အချိန် ခိုးမှုပြစ်ချက်ဟောင်းရှိသူ စိုင်းသိန်းစိုး(ခ) ဖိုးသား ၊ ၂၁နှစ်၊ (ဘ) ဦးလွန်းကျော်၊ မရမ်းကုန်းမြို့နယ်နေသူအား မြောက်ဥက္ကလာပမြို့နယ် တံတားကြီးရပ်ကွက်အတွင်းမှ ဖမ်းဆီးရမိခဲ့ပြီး အခြားခိုးမှုများဖြင့် တိုက်ဆိုင် စစ်ဆေးခဲ့ရာ ၎င်းသည် ၂၀၁၃ခုနှစ်၊ မေလအတွင်း ၈ မိုင် လမ်းဆုံ အနီးရှိ တိုက်ရှေ့မှ သော့မခတ်ဘဲ ရပ်ထားသည့် စက်ဘီး(၁)စီးနှင့် ကားမှတ်တိုင် အနီးမှ NOKIA X2 07 အမျိုးအစားလက်ကိုင်ဖုန်း(၁)လုံး၊ ဖုန်းထည့်သည့် အနက်ရောင် အိတ်(၁)လုံး၊ HUAWEI Y210 အမျိုးအစား အနက်ရောင် လက်ကိုင်ဖုန်း(၁)လုံးတို့အားလည်းကောင်း၊ န၀ဒေလမ်းဆုံ အနီးမှဆောက် လုပ်ရေး လုပ် ငန်းသုံး အုပ်ဖောက်စက်(၂)လုံး၊ အ၀ါ ရောင်ကျောက်ဖြတ် စက် (၁)လုံး၊ ရွေပေါ်စက်(၁)လုံးတို့ အား ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် သဖြင့် မရမ်းကုန်းမြို့မရဲစခန်း (ပ)၂၆၀/၂၀၁၃၊ ပုဒ်မ ၃၇၉/၅၄နှင့် (ပ)၂၆၁/၂၀၁၃၊ ပုဒ်မ ၃၇၉/၅၄တို့ဖြင့် အရေးယူထားရှိပါသည်။

၎င်းအပြင် ခိုးမှုများကျူးလွန်ထားရှိကြောင်း မသင်္ကာသူ ချစ်စံထွန်း(ခ) အီးတီ၊ (၁၆)နှစ်၊ (ဘ)ဦးသက်နိုင်၊ မင်္ဂလာဒုံမြို့နယ်နေသူအား ၈-၆-၂၀၁၃ ရက်နေ့ ၁၉၀၀အချိန် နေအိမ်မှဖမ်းဆီးရမိပြီး စစ်ဆေးခဲ့ရာ ၄င်းသည်၇-၆-၂၀၁၃ရက်နေ့ ၁၂၀၀အချိန် အင်းစိန်မြို့နယ် စောဘွားကြီးကုန်းဝင်း အတွင်း ကြယ်(၅) လုံး ကြွေပြားဆိုင်ရှေ့တွင် ကုန်ပစ္စည်းများတင်နေသည့် တံခါးသော့မခတ်ဘဲရပ်ထား သော ကုန်တင် ယာဉ်ရှေ့ခေါင်းခန်းမှ ဖင်ထိုင်ခုံ(၂)လုံးကြား ရှိ အမျိုးသမီးကိုင်လက်ဆွဲအိတ်အား ခိုးယူ ခဲ့ပြီး ၄င်းအိတ် အတွင်းမှ စုစုပေါင်းငွေကျပ်(၁၂)သိန်းကျော်ရရှိခဲ့ကာ အဆိုပါငွေများဖြင့် Hanbo အမျိုးအစား ဆိုင်ကယ်(၁)စီး ၀ယ်ယူခဲ့ပြီး ကျန်ငွေများထဲမှ ငွေကျပ် (၄၀၀၀၀၀)အား သုံးစွဲခဲ့ကာ ငွေ(၄၅၀၀၀၀) ကျန်ရှိကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့် အင်းစိန်မြို့မ ရဲစခန်း(ပ)၆၂၆/၂၀၁၃၊ ပုဒ်မ ၃၈၀/၅၄ဖြင့် အရေးယူထားရှိပါသည်။

Yangon Police
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ တိုင်းအကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင် များသည် ၅.၆.၂၀၁၃ ရက်နေ့ ၂၀၀၀ အချိန် ခိုးမှုပြစ်ချက်ဟောင်းရှိသူ စိုင်းသိန်းစိုး(ခ) ဖိုးသား ၊ ၂၁နှစ်၊

အင်းစိန်မြို့နယ်တွင် ဗုံးသီးဟောင်းတစ်လုံးတွေ့ရှိ

Photo: အင်းစိန်မြို့နယ်တွင် ဗုံးသီးဟောင်းတစ်လုံးတွေ့ရှိ
Thursday, June 13, 2013

၁၃.၆.၂၀၁၃ ရက်နေ့ ၁၁၂၀ အချိန် အင်းစိန်မြို့နယ်၊
စော်ဘွားကြီးကုန်း ရပ်ကွက်၊ ပြည်လမ်းဘေး၊အမှတ် ၁၀၅ ရှိ ဦးလှအေး၏မြေကွက်တွင် အိမ်ဆောက်ရန် အကျယ် ၆ပေ၊ အနက် ၁၀ပေ မြေကျင်းတူးရာမှ အနက် ၄ပေခန့်အရောက်တွင်
မြေကျင်းတူးသူ ဦးသိန်းစိုး(ဘ)ဦးကံလှ၊ ရွှေပြည်သာမြို့နယ်နေသူမှ
အရှည် ၄ပေ၊ လုံးပတ် ၃ပေခန့်ရှိ သံချေးတက်နေသော ဗုံးသီးဟောင်းတစ်လုံးတွေ့ရှိသဖြင့် အင်းစိန်မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်
အဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ပြီး သက်ဆိုင်ရာသို့အပ်နှံရန် စီစဉ်ထားရှိကြောင်းသတင်းရရှိပါသည်။

Yangon Police
၁၃.၆.၂၀၁၃ ရက်နေ့ ၁၁၂၀ အချိန် အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်း ရပ်ကွက်၊ ပြည်လမ်းဘေး၊ အမှတ် ၁၀၅ ရှိ ဦးလှအေး၏မြေကွက်တွင် အိမ်ဆောက်ရန် အကျယ် ၆ပေ၊ အနက် ၁၀ပေ မြေကျင်း

အကြမ်းဖက်မှု ထပ်မဖြစ်ရေး မလေးရှားအစိုးရ မြန်မာတွေကို သတိပေး

Photo: အကြမ်းဖက်မှု ထပ်မဖြစ်ရေး မလေးရှားအစိုးရ မြန်မာတွေကို သတိပေး
Thursday, June 13, 2013

မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားတွေအနေနဲ့ အကြမ်းဖက်မှု ပဋိပက္ခတွေကို ထပ်မံ မဖန်တီးရန် မလေးရှား အစိုးရ က သတိပေးလိုက်ပါတယ်တဲ့။

မလေးရှား ပြည်ထဲရေး ဒု ၀န်ကြီးက လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ဖမ်းဆီးထားတဲ့ မြန်မာနိုင်ငံသား ၂၅၀ လောက်နဲ့ တွေ့တုံးက အဲဒီလို ပြောလိုက်တာဖြစ်တယ်လို့ အေပီ သတင်းဌာန သတင်းတပုဒ်မှာ ဆိုပါတယ်။

အဲဒီအဖမ်းခံထားရတဲ့ မြန်မာနိုင်ငံသားတွေမှာ တရားဝင် အထောက်အထား စာရွက်စာတမ်း တစုံတရာည မရှိသူတွေလည်း ပါတယ်လို့ သိရပြီး ဘယ်လို အရေးယူသွားမယ်ဆိုတာတော့ မရှင်းလင်းသေးပါဘူး။။

ဒီအပြင် မလေးရှားနိုင်ငံကို ရောက်နေတဲ့ မြန်မာ ဒု နိုင်ငံခြားရေး ၀န်ကြီး ဦးဇင်ယော်ကတော့ မြန်မာနိုင်ငံ သားတွေ အနေနဲ့ မလေးရှား နိုင်ငံရဲ့ ဥပဒေကို လေးစား လိုက်နာဖို့ လိုအပ်တယ်လို့ ပြောတယ်လို့လည်း သိရပါတယ်။

သူဟာ မကြာသေးခင်က မလေးရှားရောက် မြန်မာနိုင်ငံသားတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကိုညှိနှိုင်းဖြေရှင်းပေးဖို့ မလေးရှားနိုင်ငံ
ကို ဇွန်လ ၁၁ ရက်နေ့က ရောက်နေခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့ကစပြီး မြန်မာနိုင်ငံသား အနည်းဆုံး ၆ ဦးသေဆုံး
ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက် မှုတွေ ဖြစ်ပေါ်ခဲ့ပြီး မလေး ရှားရောက် မြန်မာနိုင်ငံ သားတွေအကြား စိုးရိမ်မှုတွေ ဖြစ်လာတာပါ။

မလေးရှား အစိုးရကတော့ အဆိုပါ မြန်မာနိုင်ငံသားတွေ သတ်ဖြတ်ခံခဲ့
ရတဲ့ကိစ္စတွေအတွက် လူ ၃ ဦးကို ဖမ်းဝရမ်းထုတ်ထားပြီး ဖော်ထုတ်
အရေးယူပေးသွားမယ်လို့ ပြောဆိုထားပါတယ်။

အခုဆိုရင် မလေးရောက်မြန်မာတွေအတွက် နေရပ်ပြန်လိုတဲ့
မြန်မာနိုင်ငံ သားတွေအတွက် စာနာမှု အကူအညီတွေကို မြန်မာ လုပ်ငန်းရှင်ကြီးတွေ အပါအ၀င် စေတနာရှင်တွေက အလှူငွေတွေပေး
အပ်နေပါတယ်။

ဧရာဝတီblog
မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားတွေအနေနဲ့ အကြမ်းဖက်မှု ပဋိပက္ခတွေကို ထပ်မံ မဖန်တီးရန် မလေးရှား အစိုးရ က သတိပေးလိုက်ပါတယ်တဲ့။

ကွန်ပျူတာ သမားများအတွက် စပျစ်သီးစေ့

Photo: ကွန်ပျူတာ သမားများအတွက် စပျစ်သီးစေ့
Thursday, June 13, 2013

ကွန်ပျူတာဖြင့် အလုပ်လုပ်ရ ခြင်းကြောင့် မျက်စိတွေ ကျိန်းနေ ပါသလား။

ဒါဆိုရင် ပရိုအန်သို ဆိုင်ယန်နင်း ပါဝင်တဲ့ စပျစ်သီးစေ့ အဆီအနှစ်ကို စမ်းကြည့်ပါ။ အဲဒီ ပစ္စည်းမှာ မျက်လုံးထဲက သွေးကြော အပါအဝင် ခန္ဓာကိုယ် တစ်ခုလုံး ပေါ်က သေးငယ် တဲ့ သွေးကြော လေးအပေါ် အကျိုးဖြစ် ထွန်းစေတဲ့ အာနိသင် ကောင်းကောင်း သက်ရောက် စေ တယ်လို့ တွေ့ရှိထား ပါတယ်။ အဲဒီ ပစ္စည်းဟာ သွေးမျှင် ကြော နံရံများကို ကြံ့ခိုင် စေပါတယ်။

မျက်စိ ကျိန်းခြင်း၊ မျက်စိ ပူခြင်းကို သက်သာစေပြီး မျက်စိမှန်ဘီလူး(lens) ပျက်စီး နိုင်ခြေ၊ အတွင်းတိမ် ရောဂါ ခံစားရ နိုင်ခြေ၊ မျက်ကြည်လွှာ ထိခိုက်မှု ကြောင့် အမြင်အာရုံ ဆုံးရှုံးနိုင်ခြေ စသည့် အခွင့်အလမ်း များကို လျော့ နည်း စေပါတယ်။ မျက်လုံး ပတ်ဝန်း ကျင်မှာရှိတဲ့ အရေပြားတွင် အရေး အကြောင်း ဖြစ်ပေါ်လာမှုကို လျှော့ချ နိုင်တယ်။ အသက်ကြီး လာသည့်အခါ အမြင်အာရုံ ကြည်လင် စေရန်လည်း အထောက်အကူ ပြုစေနိုင်ပါတယ်။

ရိုးရာလေး
ကွန်ပျူတာဖြင့် အလုပ်လုပ်ရ ခြင်းကြောင့် မျက်စိတွေ ကျိန်းနေ ပါသလား။

ကမ္ဘာ့ပထမဆုံး နေရောင်ခြည် စွမ်းအင်သုံး အားကစားကွင်း

Photo: ကမ္ဘာ့ပထမဆုံး နေရောင်ခြည် စွမ်းအင်သုံး အားကစားကွင်း
Thursday, June 13, 2013

ထိုင်ဝမ်နိုင်ငံ Kaohsiung မှာရှိတဲ့ နဂါး အားကစားကွင်း (Dragon Stadium) ဟာ ကမ္ဘာ့ ပထမဆုံး နေရောင်ခြည် စွမ်းအင်သုံး အားကစားကွင်းကြီး
ဖြစ်ပါတယ်။

ဂျပန် ဗိသုကာပညာရှင် Toyo က ဒီဇိုင်းရေးဆွဲပြီး solar ပြား 8844 ခုကို အသုံးပြုထားကာ အားကစားကွင်းမှာ အသုံးပြုတဲ့ မီးလုံး 3300 နဲ့ ရုပ်မြင်သံကြား screen အကြီးစား နှစ်ခုတို့ အတွက် လိုအပ်တဲ့ လျှပ်စစ်စွမ်းအင် ပမာဏထက်ကို ပိုပြီး ထုတ်လုပ်နိုင်တယ်လို့ ဆိုပါတယ်။

တစ်နှစ်ကို ကီလိုဝပ် နာရီပေါင်း 1.14 သန်း ထုတ်လုပ်ပေးပြီး အဲ့ဒီလောက် ပမာဏ ထုတ်လုပ်မှုကြောင့် ဖြစ်ပေါ်လာမယ့် ကာဘွန်ဒိုင် အောက်ဆိုဒ် 660 တန်ကို လျှော့ချ ပေးနိုင်ပါတယ်။

ဒီအားကစား ကွင်းဟာ 19 ဟက်တာ (190000 စတုရန်းမီတာ) ကျယ်ဝန်းပြီး ထိုင်ခုံနေရာ 55000 ပါရှိတယ်လို့ သိရပါတယ်။

Ref: greenpacks.org
နှိုင်းရင့်နွေ
ထိုင်ဝမ်နိုင်ငံ Kaohsiung မှာရှိတဲ့ နဂါး အားကစားကွင်း (Dragon Stadium) ဟာ ကမ္ဘာ့ ပထမဆုံး နေရောင်ခြည် စွမ်းအင်သုံး အားကစားကွင်းကြီး ဖြစ်ပါတယ်။

မလေးရှားမှ ပထမဆုံး ပြန်ရောက်လာသော အလုပ်သမားနှစ်ဦးနှင့် တွေ့ဆုံခြင်း

မလေးရှားနိုင်ငံတွင် အကြမ်းဖက်ခံရမှုကြောင့် မြန်မာအလုပ်သမား အချို့ ပြန်လာရန် စိုင်းပြင်းလျက် ရှိနေ ချိန် ဇွန်လ ၁၂ ရက်နေ့က မြန်မာနိုင်ငံသို့ ပထမဆုံး ပြန်လည်ရောက်ရှိလာသော အလုပ်သမား နှစ်ဦးနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တွေ့ဆုံမေးမြန်းထားပါသည်။ ၄င်းတို့ အလုပ်ရှင်၏ စီစဉ်ပေး မှုဖြင့် ပြန်လည် ရောက်ရှိလာခြင်း ဖြစ်ပြီး ကာယကံရှင်များ ဆန္ဒအရ အမည်နာမ ဖော်ပြနိုင်ခြင်း မရှိပါ။

အစိုးရနှင့်လက်တွဲကာဘိန်းနှင့်မူးယစ်တိုက်ဖျက်မည်ဟု ရွက်ဆစ်ပြောကြား

Photo: အစိုးရနှင့်လက်တွဲကာဘိန်းနှင့်မူးယစ်တိုက်ဖျက်မည်ဟု ရွက်ဆစ်ပြောကြား 

13.6.2013

ရှမ်းပြည်နယ် အတွင်းဘိန်း နှင့် မူးယစ်ဆေးတိုက်ဖျက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာ၌ RCSS / SSA တပ်မတော်အနေဖြင့် မြန်မာအစိုးရ တပ်မတော် နှင့် အတူ လက်တွဲ ဆောင်ရွက်သွားမည်ဟု RCSS / SSA ဥက္ကဌ ဗိုလ်ချုပ်ကြီး ရွက်ဆစ် အပစ်အခတ် ရပ်စဲရေးအား အစိုးရ နှင့် ဆောင်ရွက်ပြီး ဖြစ်သည့် အတွက် ဒေသဖွံ့ ဖြိုးရေး နှင့် ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးကို ဆောင်ရွက်သွားတော့မည်ဖြစ်ပြီး ဘိန်းအစားထိုး သီးနှံစိုက်ပျိုးရေး လုပ်ငန်းကို UNDOC နှင့်လက်တွဲ ၍ မိုးပန်နှင့် မိုးနဲ တွင် စံပြအဖြစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မူးယစ် သယ်ဆောင်ရောင်းဝယ်သူ များအပိုင်း ကို အစိုးရ တပ်မတော် အပါအ၀င် ကျန်အဖွဲ့အစည်း အားလုံးနှင့် လက်တွဲဆောင်ရွက် သွားမည်ဟု ၄င်းကဆိုသည်။

"အရင်က အစိုးရ နဲ့ ကျွန်တော်တို့ကြားက မူးယစ် တိုက်ဖျက်ရေးက စာရွက်ပေါ်မှာပဲရှိခဲ့တယ် ။ အခု အပစ်အခတ်ရပ်စဲ ပြီးနောက်ပိုင်း အစိုးရ ကလည်း ဒီကိစ္စကို တိုက်ဖျက်ဖို့ လိုလိုလားလား ရှိတဲ့ အတွက် ကျွန်တော်တို့က လက်တွဲပြီး ဆောင်ရွက်သွားမှာပါဟု" 
ဗိုလ်ချုပ်ကြီး ရွက်ဆစ်က ပြောသည်။

ယနေ့နံနက် ၁၁ နာရီ အချိန်က မရမ်းကုန်းမြို့နယ် ၊ မလိခလမ်းရှိ ကုလသမဂ္ဂ မူးယစ်ဆေးဝါး နှင့် ပြစ်မှုဆိုင်ရာ ရုံး UNODC နှင့် RCSS တို့ ဆွေးနွေးပွဲ ကျင်းပခဲ့သည်။
UNDOC ၏ ထုတ်ပြန်ချက်အရ ရှမ်းပြည်နယ်အတွင်း ဘိန်းစိုက်ပျိုး ဧက သောင်း နှင့်ချီ ရှိနေပြီး ဘိန်းစိုက်သူ အရေအတွက် မှာ တစ်သိန်း ကျော်ရှိကြောင်း သိရသည်။

သူရထွန်း

Popular Myanmar News Journal
ရှမ်းပြည်နယ် အတွင်းဘိန်း နှင့် မူးယစ်ဆေးတိုက်ဖျက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာ၌ RCSS / SSA တပ်မတော်အနေဖြင့် မြန်မာအစိုးရ တပ်မတော် နှင့် အတူ လက်တွဲ ဆောင်ရွက်သွားမည်ဟု RCSS / SSA ဥက္ကဌ ဗိုလ်ချုပ်ကြီး ရွက်ဆစ် အပစ်အခတ်ရပ်စဲရေးအား အစိုးရ နှင့် ဆောင်ရွက်ပြီး ဖြစ်သည့် အတွက် ဒေသဖွံ့ ဖြိုးရေး နှင့် ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးကို ဆောင်ရွက်သွားတော့မည်ဖြစ်ပြီး ဘိန်းအစားထိုး သီးနှံစိုက်ပျိုးရေးလုပ်ငန်းကို UNDOC နှင့်လက်တွဲ ၍ မိုးပန်နှင့် မိုးနဲ တွင် စံပြအဖြစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မူးယစ် သယ်ဆောင်ရောင်းဝယ်သူ များအပိုင်း ကို အစိုးရ တပ်မတော် အပါအ၀င် ကျန်အဖွဲ့အစည်း အားလုံးနှင့် လက်တွဲဆောင်ရွက် သွားမည်ဟု ၄င်းကဆိုသည်။

မြန်မာကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်ခြင်းနှင့် အင်တာနက် ဆက်ကြောင်းသစ် ချိတ်ဆက်ရေး ဆောင်ရွက်မည်ဟု SingTel ဆို

Photo: မြန်မာကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်ခြင်းနှင့် အင်တာနက် ဆက်ကြောင်းသစ်
ချိတ်ဆက်ရေး ဆောင်ရွက်မည်ဟု SingTel ဆို
Thursday, June 13, 2013

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်ရရှိရန် တင်ဒါ ဝင်ရောက် ယှဉ်ပြိုင်နေသည့် စင်ကာပူ ဆက်သွယ်ရေးကုမ္ပဏီ SingTel က မြန်မာနိုင်ငံအတွက် ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်ရေးနှင့် အပြည်ပြည်ဆိုင်ရာ အင်တာနက် ဆက်ကြောင်းသစ် ချိတ်ဆက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီ အမှုဆောင် အရာရှိချုပ် Mr. Mark Chongက ပြောကြားသည်။

ယခုအခါ ဂြိုဟ်တုလွှတ်တင်ရေး ရှေ့ပြေး လေ့လာ ဆန်းစစ်မှုများ ပြုလုပ်နေ ပြီး မြန်မာအစိုးရကိုလည်း ပူးပေါင်း ပါဝင်ရန် ကမ်းလှမ်း ထားကြောင်း၊ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး လမ်းကြောင်းသစ်အဖြစ် အင်တာနက် ဆက်ကြောင်းသစ် SE-ME-WE 5 ကေဘယ်လ်နှင့် ချိတ်ဆက်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

"ခုဒီမှာက SE-ME-WE 3 ကေဘယ်လ်တစ်ခုတည်းနဲ့ ချိတ်ထားတာ။ သက်တမ်း ကြာမြင့်ပြီး မကြာခဏ ပြတ်တောက်မှုတွေ ဖြစ်တတ်တဲ့ ဆက်ကြောင်း တစ်ခုတည်းအပေါ် မှီခိုထားတာ၊ ဆက်သွယ်ရေးတွေ တိုးချဲ့ဖို့ အခက်အခဲ ဖြစ်စေပါတယ်" ဟု Mr. Mark Chong က ဆိုသည်။

ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးရန် ဝန်ကြီးဌာန၏ ငွေကြေးနှင့် နည်းပညာ အင်အား သက်သက်ဖြင့် ဆောင်ရွက်နိုင်မည်မဟုတ်ဘဲ ပုဂ္ဂလိကနှင့် ပူးပေါင်း ဆောင်ရွက်ရန်လိုကြောင်း၊ ဆက်သွယ်ရေး ဖွံ့ဖြိုးမှုအတွက် အဓိကကျသည့် နိုင်ငံပိုင် ဂြိုဟ်တု လွှတ်တင်ရေး အကျိုးတူ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနက ကြေညာထားသည်။

SingTel သည် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း လိုင်စင် တစ်နေရာအတွက် မြန်မာနိုင်ငံရှိ ကမ္ဘောဇအုပ်စု၊ M-TEL ကုမ္ပဏီတို့နှင့် ပူးပေါင်းကာ တင်ဒါ ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိပြီး လိုင်စင် မရရှိပါကလည်း ဆက်သွယ်ရေးလုပ်ငန်းများတွင် ဆက်လက် ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း M-Tel အမှုဆောင်အရာရှိချုပ်
Mr. Jonathan Myo Kyaw Thaung က ပြောကြားသည်။

ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်အတွက် တင်ဒါ ဝင်ရောက် ယှဉ်ပြိုင်နေသည့် ၁၁ ဖွဲ့တွင် မည်သူ ရရှိသည်ဖြစ်စေ ကမ္ဘာ့အဆင့်မီ ဆက်သွယ်ရေး ဝန်ဆောင်မှုများ အသုံးပြုနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍတွင် မိုဘိုင်းလ်ဖုန်း ဝန်ဆောင်မှုများ အတွက်သာ ကုမ္ပဏီ အဖွဲ့အစည်း လေးခုကို ကန့်သတ် ခွင့်ပြုမည်ဖြစ်သော် လည်း အခြားသော ဆက်သွယ်ရေး ကဏ္ဍအားလုံးတွင် ဝင်ရောက် လုပ်ကိုင်လိုပါက ခွင့်ပြုမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ကမ္ဘာ့အကြီးဆုံး ဆက်သွယ်ရေး ကုမ္ပဏီငါးခုတွင် ပါဝင်သည့် SingTel ကုမ္ပဏီသည် ST-1 နှင့် ST-2 ဂြိုဟ်တုများကို အောင်မြင်စွာ လွှတ်တင် ထားပြီး မြန်မာနိုင်ငံနှင့် SE-ME-WE 3 အင်တာနက် ဆက်ကြောင်း ချိတ်ဆက်စဉ်က ပါဝင် ဆောင်ရွက်ခဲ့သည့် ကုမ္ပဏီတစ်ခု ဖြစ်သည်။

The Voice Weekly
မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်ရရှိရန် တင်ဒါ ဝင်ရောက် ယှဉ်ပြိုင်နေသည့် စင်ကာပူ ဆက်သွယ်ရေးကုမ္ပဏီ SingTel က မြန်မာနိုင်ငံအတွက် ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်ရေးနှင့် အပြည်ပြည်ဆိုင်ရာ အင်တာနက် ဆက်ကြောင်းသစ် ချိတ်ဆက်ခြင်း လုပ်ငန်းများကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီ အမှုဆောင် အရာရှိချုပ် Mr. Mark Chongက ပြောကြားသည်။

အလုပ်မှ ရပ်စဲခံရသည့် ဇေယျဝတီ ဆင်ဖြူတော် သကြားစက်မှ ဝန်ထမ်းများ ခရိုင်ဝန်ကြီးဌာနကို တိုင်မည်

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့ရှိ ကျော်သာကုမ္ပဏီ လိမိတက်ပိုင်ဆင်ဖြူတော် သကြား စက်ရုံမှ ဝန်ထမ်းအချို့ အလုပ်မှရပ်စဲခံရခြင်း၊ အထုင်ဖြင့်ထားရှိခြင်း (အလုပ်မလုပ်ရဘဲ ရှိခြင်း) တို့အတွက် ခရိုင် အလုပ်သမား ဝန်ကြီးဌာနသို့ အချက် ၁၅ ချက်ဖြင့် တောင်းဆိုတိုင်ကြားမည်ဖြစ်သည်ဟု ဇွန်လ ၁ဝ ရက်က သိရသည်။

အခွန်ငွေ လိမ်လည်တိမ်းရှောင်မှုဖြင့် မက်ဆီ စုံစမ်းစစ်ဆေးခံရ

Photo: အခွန်ငွေ လိမ်လည်တိမ်းရှောင်မှုဖြင့် မက်ဆီ စုံစမ်းစစ်ဆေးခံရ
Thursday, June 13, 2013

အသက် ၂၅ နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူးနှင့် ဖခင်ဖြစ်သူ ဂျော့ဂ်ျ ဟိုရာစီယိုတို့အား အခွန်ငွေ ယူရို ၄ သန်းကျော် ပေးဆောင်ရန် လိမ်လည်တိမ်းရှောင်မှုဖြင့် သက်ဆိုင်ရာက စုံစမ်းစစ်ဆေးနေ . . . .

ဘာစီလိုနာဘောလုံးအသင်း ကစားသမား လီယွန်နယ်လ် မက်ဆီနှင့် ၎င်း၏ဖခင်တို့အား အခွန်ငွေ လိမ်လည်တိမ်းရှောင်မှုဖြင့် စပိန်နိုင်ငံတွင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။ အသက် ၂၅ နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူးနှင့် ဖခင်ဖြစ်သူ ဂျော့ဂ်ျ ဟိုရာစီယိုတို့အား အခွန်ငွေ ယူရို ၄ သန်းကျော် ပေးဆောင်ရန် လိမ်လည်တိမ်းရှောင်မှုဖြင့် သက်ဆိုင်ရာက စုံစမ်းစစ်ဆေးနေသည်။ ၂၀၀၇ ခုနှစ်မှ ၂၀၀၉ ခုနှစ်အတွင်း အခွန်ငွေလိမ်လည်မှုဖြင့် မက်ဆီနှင့် ၎င်း၏ဖခင်ကို တာဝန်ရှိသူများက သံသယံရှိနေခြင်းဖြစ်သည်။

ဘာစီလိုနာအသင်းတွင် ကစားနေသည့် မက်ဆီ၏ အသားတင်လစာမှာ တစ်နှစ်လျှင် ယူရိုငွေ ၁၆ သန်းဖြစ်ပြီး ဝင်ငွေအများဆုံး အားကစားသမားတစ်ဦးလည်း ဖြစ်သည်။ မက်ဆီနှင့် ဖခင်ဖြစ်သူတို့အား ဘာစီလိုနာရှိ တရားရုံးတစ်ခုတွင် အခွန်ငွေတိမ်းရှောင်မှုဖြင့် အစိုးရရှေ့နေ ရော်ကေး အမာဒိုက ဗုဒ္ဓဟူးနေ့တွင် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။ မက်ဆီနှင့် ၎င်း၏ဖခင်တို့သည် ဘီလစ်ဇ်နှင့် ဥရုဂွေးရှိ ကုမ္ပဏီများထံ မက်ဆီ၏ပုံရိပ် အသုံးပြုခွင့်ကို ရောင်းချလျက် စပိန်တွင် အခွန်ငွေတိမ်းရှောင်ခဲ့ကြောင်း သံသယံရှိနေသည်။ 

မက်ဆီ ဘောလုံးကစားလျက်ရှိသော စပိန်နိုင်ငံပြင်ပတွင် အခြေစိုက်သည့် ကုမ္ပဏီများကို အသုံးချကာ အခွန်ငွေ ယူရို ၄ သန်းကျော် တိမ်းရှောင်နိုင်ရန် မက်ဆီနှင့် ဖခင်ဖြစ်သူ ဟိုရာစီယိုတို့က လုပ်ဆောင်ခဲ့ကြောင်း စွပ်စွဲထားသည်။ အကယ်၍ ယခုအမှုတွင် အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိရပါက မက်ဆီမှာ ထောင်ဒဏ် ၆ နှစ်အထိ ကျခံရဖွယ်ရှိပြီး ကြီးမားသည့် ဒဏ်ငွေတစ်ရပ်လည်း ပေးဆောင်ရမည်ဖြစ်ကြောင်း စပိန်သတင်းဌာန EFE က ပြောကြားသည်။

ယခုကိစ္စနှင့် ပတ်သက်၍ မီဒီယာများထံမှသာ သိရှိခဲ့ရခြင်းဖြစ်ပြီး အံ့အားသင့်မိကြောင်း မက်ဆီက ပြောကြားသည်။ ၎င်းတို့အနေဖြင့် မည်သည့်အခါကမျှ ဥပဒေချိုးဖောက်မှု မပြုခဲ့ကြောင်း၊ ပေးဆောင်ရမည့် အခွန်ငွေပမာဏကို အပြည့်အဝ ပေးဆောင်ခဲ့ကြောင်းနှင့် အခွန်ငွေဆိုင်ရာ ၎င်းတို့၏ အကြံပေးဖြစ်သူက ယခုပြဿနာကို ရှင်းလင်းသွားမည်ဖြစ်ကြောင်း မက်ဆီက ဆက်လက်ပြောကြားသည်။ 


Planet.com.mm

(မက်ဆီနှင့် ၎င်း၏ဖခင် ဟိုရာစီယို)
အသက် ၂၅ နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူးနှင့် ဖခင်ဖြစ်သူ ဂျော့ဂ်ျ ဟိုရာစီယိုတို့အား အခွန်ငွေ ယူရို ၄ သန်းကျော် ပေးဆောင်ရန် လိမ်လည်တိမ်းရှောင်မှုဖြင့် သက်ဆိုင်ရာက စုံစမ်းစစ်ဆေးနေ . . . .

စင်္ကာပူမှ ကမ္ဘာ့ စွဲဆောင်မှုအရှိဆုံး ရေကူးကန်

Photo: စင်္ကာပူမှ ကမ္ဘာ့ စွဲဆောင်မှုအရှိဆုံး ရေကူးကန် 

စင်္ကာပူနိုင်ငံ မှာရှိတဲ့ Marina Bay Sand ဟိုတယ်အပေါ်ဆုံးထပ်က SkyPark ရေကူးကန်ဖြစ်ပါတယ်။ 

Marina Bay Sand  တာဝါ သုံးခုကို ခံပြီးပြီးတော့ ရေကူးခံ တည်ဆောက် ထားခြင်း ဖြစ်ပါတယ်။ ဟိုတယ်ရဲ့ အမြင့်ဆုံး ၅၇ ထပ်မှာ တည်ဆောက် ထားခြင်း ဖြစ်ပြီး တိုက်ပေါ်က ကမ္ဘာ့အရှည်ဆုံး ရေကူး ကန်လို့လည်း စံချိန်တင်ထားပါတယ်။ သံမဏိ စတီး ၄၂၂၀၀၀ ပေါင် အသုံးပြု ထားပြီး ရေဂါလံပေါင်း ၃၇၆၅၀၀ ထည့်ထားတဲ့ ရေကူး ကန် ဖြစ်ပါ တယ်။ 

Infinity edge pool ပုံစံတည်ဆောက်ထားတဲ့ ယင်းရေကူးကန်ဟာ ကမ္ဘာလှည့်ခရီးသွားရဲ့ အဓိက ဆွဲဆောင်ရာ နေရာတစ်ခုလည်း ဖြစ် ပါတယ်။ ရေကူးကန်ကနေ ကောင်းကင်ယံနဲ့ စင်္ကာပူမြို့ တစ်ခုလုံးကို ကြည့်ရှုနိုင်ပါ တယ်။ 

၂၀၀၉ ခုနှစ် ဇူလိုင်လမှာ  အပြီးသတ်တည်ဆောက်နိုင်ခဲ့ပြီး ၆၃၆ ပေ အမြင့်က ရေကူးကန် တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် SkyPark ကို ကမ္ဘာ့ အထူးခြားဆုံးနဲ့ စွဲဆောင်မှုအရှိဆုံး ရေကူးကန်လို့လည်း မှတ်ခဲ့ပါတယ်။ 
---
Ref:Wikipedia
ရိုးရာလေး သဘာဝအလှ
..
http://www.yoyarlay.com/international-news/asia/36059-marina-bay-pool-in-singapore

-
စင်္ကာပူနိုင်ငံ မှာရှိတဲ့ Marina Bay Sand ဟိုတယ်အပေါ်ဆုံးထပ်က SkyPark ရေကူးကန်ဖြစ်ပါတယ်။

အချိုးကျကိုယ်စားပြုစနစ်ကို ညီနောင် တိုင်းရင်းသား ၁၅ ပါတီကန့်ကွက်

ရှမ်းပြည်နယ် တောင်ကြီးမြို့တွင်ကျင်းပသည့် ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF ၏ ၁၅ ကြိမ်မြောက် အစည်းအဝေး၏ဆုံးဖြတ်ချက်ဖြင့် လာမည့် ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးမည်ကိုကန့်ကွက်ကြောင်း ဇွန်လ ၁၂ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။

မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသား ၁၈၀ ဦး ဇွန် ၁၅ ရက်တွင် MAI ဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိမည်

မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသား ၁၈၀ ဦးသည် ဇွန် ၁၅ ရက်တွင် MAI လေကြောင်းလိုင်းဖြင့် ရန်ကုန်မြို့ သို့  စတင်ရောက်ရှိမည် ဖြစ်ကြောင်း MAI လေကြောင်းလိုင်းမှ Marketing Manager မအေးမရသာ ၏ ပြောကြားချက်အရ သိရသည်။

မလေးရှားသို့ တရားမ၀င် ရောက်ရှိနေသူများ အပါအ၀င် မြန်မာနိုင်ငံ သို့ ပြန်လိုသူအားလုံး ပြန်နိုင်ရန် ဆောင်ရွက်ပေးမည်ဟု နိုင်ငံခြားရေး ဒုတိယ၀န်ကြီး ပြောကြား

မလေးရှားနိုင်ငံသို့ တရားမ၀င် ရောက်ရှိနေသူများအပါအ၀င် နေရပ်ပြန်လိုသူ မလေးရှားရောက် မြန်မာ အားလုံးကို အမြန်ဆုံးပြန်နိုင်ရန်ဆောင်ရွက်သွားမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဇင်ယော်က မလေးရှားသို့ ရောက်ရှိနေစဉ် ကာလအတွင်း The Daily Eleven သတင်း စာသို့ ပြောကြား ခဲ့သည်။