Thursday, July 25, 2013

စာနယ်ဇင်းကောင်စီနဲ့ ပြန်ကြားရေး ဝန်ကြီးကြား တင်းမာမှုဖြစ်နေ

Myanmar's private daily newspapers sell on streets_20120402
ဇူလိုင်လ ​၂၄ ​ရက်နေ့ ​မနေ့တုန်းက ​ပြန်ကြားရေးဝန်ကြီးဌာန ​ဒုဝန်ကြီး ​ဦးရဲထွဋ်ကနေ ​သတင်းမီဒီယာ ​ဥပဒေကြမ်းထဲက ​အချက် ​၁၀ ​ချက်ကျော်ကို ​ပြင်ဆင်ပေးဖို့ ​ပြောခဲ့တာကို ​မြန်မာနိုင်ငံ ​စာနယ်ဇင်းကောင်စီ(ယာယီ)အဖွဲ့က ​မပြင်နိုင်ဘူးလို့ ​ပြောခဲ့တဲ့အတွက် ​တင်းမာတဲ့ ​အခြေအနေ ​ရှိနေ တယ်လို့ ​သိရပါတယ်။

Wednesday, July 24, 2013

ကျေးရွာပေါင်း ခြောက်သောင်းကို ကျပ်ဘီလီယံ သုံးရာခန့် ငွေထုတ်ချေးရန် စီစဉ်

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ကျေးရွာပေါင်း ခြောက်သောင်းခန့်တွင် နေထိုင်သော မိသားစုများကို တစ်အိမ်ထောင်စုလျှင် တစ်သိန်းနှုန်းဖြင့် ကျပ်ငွေ ဘီလီယံသုံးရာခန့် ချေးသွားရန် သမ၀ါယမ ၀န်ကြီး ဌာနက စီစဉ်နေကြောင်း ၀န်ကြီးဌာန၏သတင်း နှင့် ပြန်ကြားရေးတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်အောင်က မဇ္ဈိမသတင်းစာကို ပြောသည်။

ရန်ကုန်မြို့လယ် ဖုန်းအရောင်းဆိုင် ဖောက်ထွင်းခံရ

ရန်ကုန်မြို့လယ် လူစည်ကားသော နေရာတစ်ခုဖြစ်သည့် ကျောက်တံတား မြို့နယ်၊ ၃၅လမ်း (အထက် ဘလောက်) ရှိ Net Asia Mobile and Network Solution ဖုန်းအရောင်းဆိုင်တွင် ဇူလိုင်လ ၂၁ ရက် နံနက် ၁ နာရီခန့်က ကျပ်၂၇ သိန်း ကျော်ဖိုး ဖောက်ထွင်းခံရမှု ဖြစ်ပွားခဲ့ကြောင်း ဆိုင်ရှင်က The Voice သို့ပြောကြားသည်။

ကိုးနှစ်သမီးကို အဓမ္မကျင့်ကာ နားကပ် ဖြုတ်သူကို ဖမ်းမိ

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်၊ ကတုတ်ဘုရားကြီး ကျေးရွာတွင် ဇူလိုင်လ ၂၂ရက် နံနက် ၁၀နာရီ မိနစ် ၃၀ခန့်က အသက် ၉ နှစ် အရွယ် မိန်းကလေးငယ် ဈေးဝယ်ပြီး အပြန်တွင် အမျိုးသား တစ်ဦးက အဓမ္မ ပြုကျင့် ခဲ့ရာ ညနေ့ ၃ နာရီခွဲတွင် ယင်းသို့ ပြုလုပ်သည်ဟု စွပ်စွဲခံရသူကို ဖမ်းမိ ခဲ့ကြောင်း အဆိုပါ ကျေးရွာတွင် နေထိုင်သူများထံမှ သိရှိရသည်။

အမေရိကန် နိုင်ငံထုတ် တာလတ်ပစ် ဒုံးကျည်များ ဝယ်ယူရန် တောင်ကိုရီး ယား ကြိုးပမ်း

Photo: အမေရိကန် နိုင်ငံထုတ် တာလတ်ပစ် ဒုံးကျည်များ ဝယ်ယူရန် တောင်ကိုရီး ယား ကြိုးပမ်း
Wednesday, July 24, 2013 

တောင်ကိုရီးယား နိုင်ငံသည် အမေရိကန် နိုင်ငံ၏ Raytheon ကုမ္ပဏီထုတ် ခေတ်မီဝေဟင်မှ ဝေဟင်ပစ် တာလတ်ပစ် AIM-120C-7 ဒုံးကျည်များ ဝယ်ယူရရှိရေး အတွက် ကြိုးပမ်း ဆောင်ရွက်လျက်
ရှိကြောင်း ဇူလိုင် ၂၃ရက် အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။ အမေရိကန်ဒေါ်လာ ၄၅၂ သန်း တန်ဖိုးရှိ ဒုံးကျည် ရောင်းချပေးရေး ဆိုင်ရာ သဘောတူညီချက်တွင် ဆက်စပ် ပစ္စည်းများ ရောင်းချပေးရေးလည်း ပါဝင်ကြောင်း အမေရိကန် နိုင်ငံ ကာကွယ်ရေးဆိုင်ရာ လြုံခုံရေး ပူးပေါင်း ဆာင်ရွက်မှု အဖွဲ့က ပြောကြားခဲ့သည်။ တောင်ကိုရီးယား နိုင်ငံအနေဖြင့် အဆိုပါ ဒုံးကျည်များကို ၎င်း၏ KF-16နှင့် F-15K လေယာဉ်များတွင် တပ်ဆင် အသုံးပြုနိုင်မည် ဖြစ်ပြီး ဒေသတွင်း ကျူးကျော်ရန်စမှုကို ကာကွယ်ဟန့် တား နိုင် သည့်စွမ်းရည်ကို အာမခံချက် ပေးနိုင်ရုံသာမက အမေရိကန် တပ်ဖွဲ့ဝင်များနှင့် အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှုများကိုလည်း ပိုမိုခိုင်မာစေမည် ဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံသည် အဆိုပါ ဒုံးကျည်ပေါင်း ၂၇ဝ စင်း ခန့် ဝယ်ယူရန် ဆန္ဒရှိနေသည့် အပြင် ဒုံးကျည်များ ထည့်သွင်း သိမ်းဆည်းနိုင်သည့် ကွန်တိန်နာများ၊ ဒုံးကျည်နှင့် ပတ်သက်သည့် အထောက်အကူ ပစ္စည်းနှင့် စမ်းသပ်ရေး ပစ္စည်းများ၊ အပိုပစ္စည်းနှင့် ပြင်ဆင်ရေး ကိရိယာများ၊ တပ်ဖွဲ့ဝင်များအား လေ့ကျင့်ပေးရေးနှင့် လေ့ကျင့်ရေး ပစ္စည်းများ၊ နည်းပညာပိုင်း ဆိုင်ရာ အချက်အလက်များကိုလည်း အထောက်အပံ့ ရရှိရန် အဆိုပြု ကမ်းလှမ်းထားကြောင်း သိရသည်။

မြ၀တီ
တောင်ကိုရီးယား နိုင်ငံသည် အမေရိကန် နိုင်ငံ၏ Raytheon ကုမ္ပဏီထုတ် ခေတ်မီဝေဟင်မှ ဝေဟင်ပစ်

တရုတ်နိုင်ငံ အလယ်ပိုင်း ဒေသတွင် မိုးခေါင် ရေရှားမှုကြောင့် လူပေါင်း ၃၄,ဝဝဝ ခန့် သောက်သုံးရေ ပြတ်လပ်

Photo: တရုတ်နိုင်ငံ အလယ်ပိုင်း ဒေသတွင် မိုးခေါင် ရေရှားမှုကြောင့် လူပေါင်း ၃၄,ဝဝဝ ခန့် သောက်သုံးရေ ပြတ်လပ်
Wednesday, July 24, 2013 

တရုတ်နိုင်ငံ အလယ်ပိုင်း ဒေသရှိ ဟူနန်ပြည်နယ်တွင် ဇူလိုင်လ အစောပိုင်း မှ စတင်၍ ဖြစ်ပေါ်ခဲ့သော မိုးခေါင်မှုကြောင့် လူပေါင်း ၃၈၄,ဝဝဝ ခန့် သောက်သုံးရေ ပြတ်လပ်မှုနှင့် ရင်ဆိုင်ရလျက်ရှိကြောင်း ဟူ နန်ပြည် နယ် မိုးခေါင် ရေရှားမှု ပြန်လည် ကယ်ဆယ်ရေး ဌာနက ဇူလိုင် ၂၃ ရက်တွင် ပြောကြားခဲ့သည်။

ဟူနန်ပြည်ရှိ မြို့ကြီး ၁၂ မြို့မှ တိုက်နယ် ၈၇ ခုသည် မိုးခေါင်မှု ဒဏ်ကြောင့် ကောက်ပဲသီးနှံ စိုက်ခင်း ၂၆ဝ,ဝဝဝ ဟက်တာခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး မွေးမြူရေး တိရစ္ဆာန် ၂၁၆,ဝဝဝ ခန့် သောက် သုံးရေ ပြတ်လပ်လျက်ရှိကြောင်း၊ ဟူနန်ပြည်နယ် အတွင်းရှိ မြစ်ပေါင်း ၁၂၈ စင်းနှင့် ရေလှောင်ကန် ၁၂၄ ခုတွင် ရေခန်းခြောက်လျက် ရှိကြောင်း၊ လူပေါင်း ၃၆၅,၆ဝဝ ဦး အတွက် ရေဖြန့်ဝေပေးရန်နှင့် စိုက်ပျိုးမြေများကို ရေပေးဝေ ရန်အတွက် လူအင်အား ၁ ဒသမ ၈ သန်း ခန့်နှင့် ရေသယ်ယဉ် ၁၁,၃ဝဝ စီးကို ၎င်းဒေသများသို့ စေလွှတ်ပေးခဲ့ကြောင်း အဆိုပါ ဌာနက ပြောကြားခဲ့သည်။

ဟူနန်ပြည်နယ်တွင် စက်တင်ဘာလအထိ အပူချိန်မြင့်မားပြီး မိုးခေါင်ရေရှား မှု ပြဿနာဆက်လက် ဖြစ်ပွားနိုင်ဖွယ်ရှိသည်ဟု မျှော်မှန်းရကြောင်း ဒေသဆိုင်ရာ မိုးလေဝသ ဌာနက ထုတ်ပြန် ပြောကြားခဲ့သည်။

မြ၀တီ
တရုတ်နိုင်ငံ အလယ်ပိုင်း ဒေသရှိ ဟူနန်ပြည်နယ်တွင် ဇူလိုင်လ အစောပိုင်း မှ စတင်၍ ဖြစ်ပေါ်ခဲ့သော မိုးခေါင်မှုကြောင့် လူပေါင်း ၃၈၄,ဝဝဝ ခန့် သောက်သုံးရေ ပြတ်လပ်မှုနှင့် ရင်ဆိုင်ရလျက်ရှိကြောင်း ဟူ နန်ပြည် နယ် မိုးခေါင် ရေရှားမှု ပြန်လည် ကယ်ဆယ်ရေး ဌာနက ဇူလိုင် ၂၃ ရက်တွင် ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်များ လိုင်စင်မဲ့ယာဉ် စီးလျှင် ဖမ်းဆီးမည်


Photo: ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်များ လိုင်စင်မဲ့ယာဉ် စီးလျှင် ဖမ်းဆီးမည်

ရန်ကုန်၊ ဇူလိုင် ၂၃

အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုထားသည့် ငြိမ်းချမ်းရေး လက်နက်ကိုင် တပ်ဖွဲ့ဝင်များ လိုင်စင်မဲ့ယာဉ် စီးနင်းပါက ဖမ်းဆီး အရေးယူမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ပွင့်ဆန်းက ပြောကြားသည်။

ဇူလိုင်လ ၂၃ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် အမျိုးသားလွှတ်တော် သတ္တမ ပုံမှန် အစည်းအဝေး တစ်ဆယ့် သုံးရက်နေ့မြောက် အစီအစဉ်တွင် ဒုတိယ ဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ နယ်စပ် ဒေသများမှ တရားမဝင် လိုင်စင်မဲ့ ယာဉ်များ ဝင်ရောက်နေမှုကို တပ်မတော်၊ ရဲတပ်ဖွဲ့၊ ကုန်းလမ်း ပို့ဆောင်ရေးနှင့် ဌာနဆိုင်ရာ အသီးသီးမှ စစ်ဆေး အရေးယူနေပြီး ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင် များကိုလည်း လိုင်စင်မဲ့ယာဉ် စီးနင်းခွင့် မပြုထားကြောင်း ဒုတိယ ဝန်ကြီးက ဆက်လက် ပြောကြားသည်။

“ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်တွေကို ယာဉ်လိုင်စင်တွေ ပေးထားပြီးပြီ။ လိုင်စင်မဲ့ယာဉ် စီးရင် ဖမ်းပြီး အရေးယူမယ်” ဟု ဒေါက်တာပွင့်ဆန်းက ဆိုသည်။

မြန်မာနိုင်ငံရှိ နယ်စပ်ဂိတ် အသီးသီးမှ လိုင်စင်မဲ့ ကားများ မြန်မာနိုင်ငံ တစ်ဝန်းလုံးသို့ ပျံ့နှံ့ ဝင်ရောက်နေပြီး ယင်းသို့ ဝင်ရောက်ခြင်းမှာ နယ်စပ်ဂိတ် တာဝန်ရှိသူများနှင့် ညှိနှိုင်း သယ်ဆောင်သည်ဟု ယူဆကြောင်း တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၂) အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးတိုးဝင်းက ပြောကြားသည်။

ပြည်ထဲရေး ဝန်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က လိုင်စင်မဲ့ မော်တော်ယာဉ် များကို ၂၀၁၁ ခုနှစ်မှ ၂၀၁၃ ခုနှစ် ဧပြီလအထိ စစ်ဆေး ဖမ်းဆီးခဲ့ရာ မွန်ပြည်နယ်မှ ၃၃၃ စီးဖြင့် အများဆုံး ဖမ်းမိခဲ့ကြောင်း ဝန်ကြီးဌာန စာရင်းများအရ သိရသည်။

၂၀၀၄-၂၀၀၅ ဘဏ္ဍာနှစ်မှ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အထိ တရားမဝင် လိုင်စင်မဲ့ယာဉ်များ မြန်မာ-ထိုင်း နယ်စပ် မရမ်းချောင် ကုန်ပစ္စည်း စစ်ဆေးရေး စခန်းမှ အများဆုံး ဖမ်းမိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စစ်တမ်းများအရ သိရသည်။

ထို့ပြင် မြဝတီ ကုန်သွယ်ရေး ဇုန်အနီး သောင်ရင်း မြစ်ကမ်းတစ်လျှောက် တရားမဝင် ဂိတ်များမှ လိုင်စင်မဲ့ ယာဉ်များ အဓိက ဝင်ရောက်ကြောင်း အဆိုပါ စစ်တမ်းများအရ သိရသည်။

၂၀၁၃ ခုနှစ် ဇွန်လ ၂၁ ရက်နေ့ မနက် ၂ နာရီတွင် KNU/KNLA ငြိမ်းချမ်းရေး ကောင်စီမှ တပ်သား လေးဦးကို လိုင်စင်မဲ့ မော်တော်ယာဉ် စီးနင်းလာသဖြင့် ကျိုက်ထိုမြို့နယ် ရဲစခန်းက ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။ 

ယင်းသို့ ဖမ်းဆီးနေသော်လည်း တနင်္သာရီတိုင်းဒေသကြီး ထိုင်းနယ်စပ် မေတ္တာမြို့နယ်ခွဲတွင် ထိုင်းနံပါတ်ပြား သိသာ ထင်ရှားစွာ တပ်ဆင်၍ သွားလာဆဲပင်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုထားသည့် ငြိမ်းချမ်းရေး လက်နက်ကိုင် တပ်ဖွဲ့ဝင်များလိုင်စင်မဲ့ယာဉ် စီးနင်းပါက ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ပွင့်ဆန်းက ပြောကြားသည်။

ကျောက်ဖရုံသီး ( Benincasa Cerifera ) ဂုဏ်သတ္တိ


များသောအားဖြင့် အသီးကို သုံးရသည်။ ချို၏။ အမှည့် အနည်းငယ် ဖန်၏။ အေး၏။ (အစိမ်း) အနည်းငယ် အေး၏။ ၀ိပါက ချို၏ ။

တရုတ်အစိုးရ ရန်ကုန်မှာ Facebook လာသုံး


တရုတ်အစိုးရ ရန်ကုန်မှာ Facebook လာသုံး

24.7.2013

မြန်မာပြည်မှာ ဒီမိုကရေစီဖြစ်ထွန်းနေပြီ ဆိုတာ အင်မတန် သိသာထင်ရှားနေပါတယ်။
ဝေးဝေး မကြည့်ပါနဲ့။
ရန်ကုန်က တရုတ်သံရုံးကိုပဲ ကြည့်လိုက်ပါ။
တရုတ်သံရုံး Facebook သုံးနေတာ တွေ့ရပါလိမ့်မယ်။

Facebook ဆိုတာ တရုတ်ပြည်မှာ တားမြစ်ထားသော အွန်လိုင်းစာမျက်နှာပါပဲ။

တရုတ်အစိုးရက Twitter ကိုလည်း တားမြစ်ထားတာပါ။

ရန်ကုန်တရုတ်သံရုံး Facebook သုံးနေတာ Chinese Embassy in Myanmar ဆိုတဲ့ နာမည်နဲ့ပါ။
လိပ်စာက 
https://www.facebook.com/pages/Chinese-Embassy-in-Myanmar/191612647581463?ref=stream&hc_location=timeline ဖြစ်ပါတယ်။

ဒီစာမျက်နှာအကြောင်း ရန်ကုန်က ဂျာနယ်တချို့မှာ ရေးခဲ့ကြပါတယ်။

မနေ့ကအထိ ပရိသတ် ၁,၄၆၀ ရှိနေပါပြီ။

တရုတ်ကြီးက နိုင်ငံတိုင်းလိုလိုမှာ သံရုံးတွေ ရှိပုံပါပဲ။
သို့သော်လည်း ရန်ကုန်သံရုံးကပဲ Facebook သုံးတယ်လို့ ယူဆရပါတယ်။

(ဘင်္ဂလားဒေ့ရှ်က တရုတ်သံရုံးရဲ့ ယဉ်ကျေးမှုဌာနမှာတော့ သုံးပါတယ်။ လိပ်စာက
https://www.facebook.com/chinabd
အဲဒီ Cultural Office of the Chinese Embassy in Bangladesh မှာ ပရိသတ် ၇၁၁ ဦး ရှိပါတယ်။ မနေ့က တွေ့ရတဲ့ အရေအတွက်ပါ။)

ရန်ကုန် တရုတ်သံရုံးရဲ့ Facebook အကြောင်း ပြန်ဆက်ရရင် ...
သူတို့ဆီကလူကြီးများရဲ့ မြန်မာပြည်ခရီးစဉ်ကအစ၊ ကွန်ဖူးဆရာ ဘရုပ်စလီ ကွယ်လွန်ခြင်း နှစ် ၄၀ ပြည့်အကြောင်း အလယ်၊
တရုတ်သံအမတ်ကြီးရဲ့ လှုပ်ရှားမှုများအဆုံး သူတို့ Facebook မှာ ရေးထားပါတယ်။

Facebook ကြောက်တဲ့ တရုတ်အစိုးရက သူတို့နိုင်ငံမှာ ပြည်သူတွေ မသုံးနိုင်အောင် Facebook ကို ဘန်းထားတာပါ။
သူတို့ကတော့ ရန်ကုန်မှာ လွတ်လပ်စွာ လာသုံးနေ၊ အွန်လိုင်းကွန်ရက်ရဲ့ ကောင်းကျိုးတွေကို ခံစားနေပါပြီ။

တကမ္ဘာလုံး သုံးနေတဲ့ Facebook ကို တရုတ်ပြည်မှာ ပိတ်ပင်တားဆီးတာဟာ တရုတ်အစိုးရ ပင်ပန်းလွန်းပါတယ်။

ဧရာဝတီBlog
မြန်မာပြည်မှာ ဒီမိုကရေစီဖြစ်ထွန်းနေပြီ ဆိုတာ အင်မတန် သိသာထင်ရှားနေပါတယ်။
ဝေးဝေး မကြည့်ပါနဲ့။

သကြားဖြင့် အနာကို ပျောက်စေ


သကြားဖြင့် အနာကို ပျောက်စေ
သကြားနဲ့ တကယ်ပဲ အနာကို ပျောက်စေပါတယ်။ ယင်းနည်းလမ်းကို အာဖရိက တိုက်မှာ ဟိုးအရင် ကတည်းက အသုံးပြုနေတာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသား ၇၃ ယောက်လွတ်၊ တိုင်းရင်းသားအတော်များများပါဝင်


သမ္မတ ​ဦးသိန်းစိန်ရဲ့ ​လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ​ဇူလိုင် ​၂၃ ​ရက်နေ့မှာ ​ရန်ကုန်အကျဉ်းထောင် ​အပါအ၀င် ​အကျဉ်းထောင်အသီးသီးက ​နိုင်ငံရေးအကျဉ်းသား ​၇၃ ​ယောက်ကို ​လွတ်ပေးလိုက်ပြီး ​အဲ့ဒီထဲမှာ ​တိုင်းရင်းသား ​လက်နက်ကိုင် ​တော်လှန်ရေးအဖွဲ့တွေက ​တပ်ဖွဲ့ဝင်တွေ ​အတော်များများ ​ပါဝင်တယ်လို့ ​သိရပါတယ်။

နျူးကလီးယားစက်ရုံက အခိုးငွေ့တွေ ထွက်လို့ စိုးရိမ်မကင်းဖြစ်ကြ


ဖူကူရှီးမားဒေသခံတွေကို ဆူနာမီနဲ့ ငလျင်လှုပ်ခဲ့တဲ့ တစ်နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနား အတွင်း တွေ့ရစဉ် (Credit: Reuters)
ဂျပန်နိုင်ငံ ​ဖူကူရှီးမား ​နျူးကလီးယားစက်ရုံကနေ ​အခိုးအငွေ့တွေ ​ထပ်မံထွက်ပေါ်လာတဲ့အတွက် ​စိုးရိမ် မကင်း ​ဖြစ်နေကြပါတယ်။

လီဗာပူးနဲ့ Melbourne Victory တို့ ဒီနေ့ ယှဉ်ပြိုင်ကြမယ်

The Liverpool fans were united in their tribute to the Hillsborough disaster dead.
Liverpool အသတင်းကိုအားပေးတဲ့ပရိတ်တွေ (Credit: AFP) 
သြစတြေးလျနိုင်ငံ ​မဲလ်ဘုန်းမြို့မှာ ​ဒီကနေ့ ​ကမ္ဘာ့နာမည်ကြီး ​လီဗာပူး ​ဘောလုံးအသင်းနဲ့ ​Melbourne ​Victory ​အသင်းတို့ ​ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး ​ပရိသတ်အယောက်ပေါင်း ​၉၅၀၀၀ ​လောက် ​တက်ရောက်အားပေးကြမှာ ​ဖြစ်ပါတယ်။

ဖိလိပိုင်က မွတ်စလင်ဆရာမတွေကို စာသင်ချိန်မှာ ခေါင်းမပေါင်းရအမိန့်ထုတ်

Muslim women hold a banner as they run during a peace event.
ဖိလိပိုင်နိုင်ငံ မနီလာမြို့တော်က မွတ်စလင်အမျိုးသမီးများ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ကြစဉ် (Credit: AFP) 
ဖိလိပိုင်နိုင်ငံက ​ဆရာ ​ဆရာမနဲ့ ​ကျောင်းသားတွေကြား ​ဆက်ဆံရေးပိုမိုကောင်းမွန်စေဖို့အတွက် ​စာသင်ကျောင်းက ​မွတ်စလင် ​ဆရာမတွေကို ​စာသင်ပြနေတဲ့အချိန်မှာ ​သူတို့ရဲ့ ​ခေါင်းပေါင်းတွေကို ​ချွတ်ထားရမယ်လို့ ​ဖိလိပိုင်အစိုးရက ​အမိန့်ထုတ်ပြန် ​လိုက်ပါတယ်။

SEA-ME-WE 3 ရေအောက်ဖိုက်ဘာဆက်ကြောင်း ပြတ်တောက်မှုကြောင့် အင်တာနက်လိုင်း အမြန်နှုန်းများ ထက်ဝက်ခန့် ကျဆင်း

၂၀၁၃ ခုနှစ် ဇူလိုင် ၂၂ ရက် ညနေပိုင်း၌ မြန်မာနိုင်ငံနှင့် နိုင်ငံတကာသို့ ချိတ်ဆက်ထားသည့် SEA-ME-WE 3 ရေအောက် ဖိုက်ဘာဆက်ကြောင်း ပြတ်တောက်မှုကြောင့် အင်တာနက်လိုင်း အမြန်နှုန်းများ ထက်ဝက်ခန့် ကျဆင်းခဲ့ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

အကြမ်းဖက်ဝါဒနှင့် အကြမ်းဖက်လုပ်ရပ် မှန်သမျှကို ပြင်းထန်စွာ ရှုတ်ချကြောင်း သီတဂူဆရာတော်ကြီး အပါအ၀င် ဆရာတော်ကြီးများ ကြေညာချက် ထုတ်ပြန်

အကြမ်းဖက်ဝါဒနှင့် အကြမ်းဖက်လုပ်ရပ် မှန်သမျှကို ပြင်းထန်စွာရှုတ်ချကြောင်း သီတဂူဆရာတော်ကြီး အပါအ၀င် ဆရာတော်ကြီးများက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

မောင်တော မီးရှို့ဖျက်ဆီးခံ ကျေးရွာများရှိ နေအိမ်များအားလုံး ဆောက်လုပ်ပြီးစီး၍ ဒုက္ခသည်များအား နေထိုင်ခွင့်ပြု

rakhine-july24
နေအိမ်များတွင် ပြန်လည်နေထိုင်ခွင့် ရရှိသည့် မောရ၀တီကျေးရွာမှ ကလေးငယ်များ (ဓာတ်ပုံ-သားရွှေဦး(ကစ္စပ))
မီးရှို့ဖျက်ဆီးခဲ့သည့် ကျေးရွာများမှ နေအိမ်များမှာ အားလုံးတည်ဆောက်ပြီးစီးနေပြီ ဖြစ်သဖြင့် ဒုက္ခသည် များအား ဇူလိုင်ဒုတိယအပတ်မှ စတင်ကာ နေအိမ်များတွင် နေထိုင်ခွင့် ပြုလိုက်ပြီဖြစ်သဖြင့် ရွက်ဖျင်

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် ခေတ်မီလက်နက် ပစ္စည်းများ၊ စစ်ဆေးရေး ကိရိယာများနှင့် မိုင်းရှင်းလင်းရေးတွင် အသုံးပြုသည့် စက်ပစ္စည်းများ ၀ယ်ယူရန် နိုင်ငံတကာသို့ တင်ဒါခေါ်ယူရန် စီစဉ်

police-july24
၆၆ နှစ်မြောက် အာဇာနည်နေ့တွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ-၀င်းမြင့်ကျော်)
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် ခေတ်မီလက်နက် ပစ္စည်းများ၊ စစ်ဆေးရေး ကိရိယာများနှင့် မိုင်း ရှင်းလင်းရေး တွင် အသုံးပြုသည့် စက်ပစ္စည်းများကို ၀ယ်ယူရန် နိုင်ငံတကာသို့ တင်ဒါခေါ်ယူသွားရန်

နစကအား ဖျက်သိမ်းပြီးနောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်လုံခြုံရေးအတွက် ရဲတပ်ဖွဲ့၊ ရဲတပ်ရင်းနှင့် နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့များမှ ဆက်လက်တာဝန်ယူ

nks-july24
မောင်တောမြို့နယ်၏ လုံခြုံရေးအား ဆက်လက်တာဝန်ယူနေသည့် တပ်မတော်နှင့် ရဲတပ်ဖွဲ့အား လုံခြုံရေးစခန်း တစ်ခုတွင် တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမောင်)
နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ် (နစက)ကို ဇူလိုင် ၁၂ ရက်က ဖျက်သိမ်းလိုက်

ဇူလိုင်လအတွက် ဆင်းကတ်များကို ဆက်သွယ်ရေးနှင့် MEC တို့ ပူးပေါင်းရောင်းချမည်

mobile-july24
သင်္ဃန်းကျွန်းမြို့နယ် ဇတောင်ရပ်ကွက်တွင် ၁၅၀၀ တန် မိုဘိုင်းဆင်းကတ်များကို မဲနှိုက်နေစဉ်
ဇူလိုင်လအတွက် ရန်ကုန်တိုင်းဒေသကြီး အပါအ၀င် အခြားပြည်နယ်နှင့် တိုင်းများသို့ မိုဘိုင်းဆင်း ကတ်များ ရောင်းချခြင်းကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းတို့

မန္တလေးမြို့ ဆရာတော် ဦးဝီရသူ တရားပွဲတွင် ပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး CCTV ကင်မရာ မှတ်တမ်းအရ မသင်္ကာသူနှစ်ဦးကို စစ်ဆေးလျက်ရှိ

cctv-july24
မန္တလေးမြို့ရှိ ရတနာပုံ ဒိုင်းမွန်းပလာဇာတွင် CCTV ကင်မရာ တပ်ဆင်ထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-မင်းသန့်)
မန္တလေးမြို့၊ ဇူလိုင် ၂၁ ရက်ညက မဟာအောင်မြေမြို့နယ်၊ ရတနာဘုမိ အနောက်ရပ်ကွက်၊ ၃၆ လမ်း၊

Tuesday, July 23, 2013

တွံတေးမြို့နယ်အတွင်း အမျိုးသမီးတစ်ဦးအား ခေါင်းဖြတ် သတ်ခဲ့သည့် တရားခံများအား ဖမ်းမိ


Photo: တွံတေးမြို့နယ်အတွင်း အမျိုးသမီးတစ်ဦးအား ခေါင်းဖြတ် သတ်ခဲ့သည့် တရားခံများအား ဖမ်းမိ

23.7.2013

၁၅.၇.၂၀၁၃ ရက်နေ့ ၁၉၀၀ အချိန် တွံတေးမြို့နယ်၊ ကြည်တန်းရွာနေ
ဒေါ်သန်းမြင့်(ခ)ဒေါ်သန်းစိန် သည် ၎င်း၏လယ်တောအိမ်အနီးရှိ ကွမ်းခြံအတွင်းဦးခေါင်းပြတ်လျက် သေဆုံးနေသဖြင့် ခင်ပွန်းဖြစ်သူ ဦးကြီးမောင်မှ စုံစမ်းအရေးယူပေးပါရန်တိုင်တန်းခဲ့၍ ခလောက်ချိုက်
နယ်မြေရဲစခန်း (ပ)၆၃/၂၀၁၃၊ ပုဒ်မ ၃၀၂ ဖြင့် အရေးယူစုံစမ်းဖော်
ထုတ်ဆောင်ရွက်ခဲ့ပါသည်။

အမှုမှတရားခံဖော်ထုတ်ရရှိရေးအတွက် ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူး၏လမ်းညွှန်ကြီးကြပ်မှုဖြင့် တိုင်း/ခရိုင်၊ မြို့နယ်များမှ
တပ်ဖွဲ့ဝင်များပူပေါင်း၍စုံစမ်းဖော်ထုတ်ခဲ့ရာ သေဆုံးသူ ဒေါ်သန်းမြင့်
(ခ)ဒေါ်သန်းစိန်နှင့် တဲနီးချင်းကပ်နေထိုင်သော ယခင်ကလယ်
ပြဿနာဖြစ်ခဲ့ဘူးသည့် ထူးနိုင်၊(၂၉)နှစ်၊ (ဘ)ဦးစိုးမြင့်၊ သံဖြူ
ရုံကျေးရွာ၊တွံတေးမျြိ့နယ်နေသူမှ တွံတေးမျြို့နယ်၊ ဘုရားငုတ္တို
ကျေးရွာနေသူများဖြစ်သည့်အရှည်ကြီး(ခ)ကိုဇော်၊(၃၇)နှစ်၊
(ဘ)ဦးချစ်သိန်း နှင့်ထွန်းမင်းလတ်(ခ)မောင်ထွန်း(ခ)ထော်ကြီး၊
(၂၅)နှစ်၊ (ဘ)ဦးအေးလွင်တို့(၂)ဦးအား ငွေပေးစေခိုင်းပြီး
၎င်းမှလည်းပြစ်မှုကျူးလွန်ရာတွင်အတူပါဝင်ခဲ့ကြောင်းစစ်ဆေး
ပေါ်ပေါက်ခဲ့ပါသည်။၎င်းပြစ်မှုအား အရှည်ကြီး(ခ)ကိုဇော်နှင့်
ထွန်းမင်းလတ်(ခ)မောင်ထွန်း(ခ)ထော်ကြီး တို့မှလည်း ကျူးလွန်
ခဲ့ကြကြောင်းဝန်ခံထွက်ဆိုကြပြီးအသုံးပြုခဲ့သည့်သက်သေခံဓါးနှင့်
ပြစ်မှုကျူးလွန်ရန်အတွက် ထူးနိုင်မှ ပေးအပ်ထားသည့် ကြိုတင်ငွေ
များအားအပ်ပေးသဖြင့် သိမ်းဆည်းရမိခဲ့ပါသည်။

အဆိုပါအမှုအား အချင်းဖြစ်ပြီး (၆) ရက်အကြာတွင် စုံစမ်းစစ်ဆေး
ဖော်ထုတ်နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

Yangon Police
၁၅.၇.၂၀၁၃ ရက်နေ့ ၁၉၀၀ အချိန် တွံတေးမြို့နယ်၊ ကြည်တန်းရွာနေ ဒေါ်သန်းမြင့်(ခ)ဒေါ်သန်းစိန် သည် ၎င်း၏လယ်တောအိမ်အနီးရှိ ကွမ်းခြံအတွင်းဦးခေါင်းပြတ်လျက် သေဆုံးနေသဖြင့် ခင်ပွန်းဖြစ်သူ ဦးကြီးမောင်မှ စုံစမ်းအရေးယူပေးပါရန်တိုင်တန်းခဲ့၍ ခလောက်ချိုက်နယ်မြေရဲစခန်း (ပ)၆၃/၂၀၁၃၊ ပုဒ်မ ၃၀၂ ဖြင့် အရေးယူစုံစမ်းဖော်ထုတ်ဆောင်ရွက်ခဲ့ပါသည်။

ဦးဝီရသူ တရားပွဲအနီး ဗုံးကွဲမှု မသင်္ကာသူများကို စစ်ဆေး

မန္တလေးမြို့တော်တွင် ဇူလိုင်လ ၂၁ ရက်နေ့ညက မျိုးစောင့်ဥပဒေ ဦးဆောင် ရေးဆွဲသည့် ဦးဝီရသူ တရားဟောကြားသည့် တရားပွဲအနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းကြောင့် မသင်္ကာဖွယ်ရာ အခြေအနေ ရှိသူများကို စုံစမ်း စစ်ဆေးလျက်ရှိပြီး စစ်ဆေးနေသည့် လူအရေအတွက် ကိုမူ ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ရဲမှူး စိုးငြိမ်းက ပြောကြားသည်။

သံဃာ အယောင်ဆောင် မူးယစ်ဆေး သယ်ယူသူ ဖမ်းမိ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် သိမ်အင်း ရပ်ကွက် နေထိုင်သူ ဦးကျောက်ချင်မို၏ အိမ်တွင် ဇူလိုင်လ ၂၁ ရက်နေ့ ညနေပိုင်းက သင်္ကန်း ဝတ်၍ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူ အမျိုးသား တစ်ဦးကို ဖမ်းမိခဲ့ကြောင်း မိုးညှင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိ တစ်ဦးက ပြောကြား သည်။

အမေရိကန်ကို ယုံကြည် စိတ်ချ၍ မရဟု အီရန် ဘာသာရေးခေါင်းဆောင်ဆို


အမေရိကန်ကို ယုံကြည် စိတ်ချ၍ မရဟု အီရန် ဘာသာရေးခေါင်းဆောင်ဆို

23.7.2013

အမေရိကန် ပြည်ထောင်စုကို ယုံကြည် စိတ်ချ၍ မရဟု အီရန် ဘာသာရေး ခေါင်းဆောင် အယာတိုလာ အလီခါမေနီက တရားဝင် ပြောကြားသွားကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

“အမေရိကနဲ့ ဆွေးနွေးမှုကို ငါ အကောင်းမမြင်ဘူးလို့ အီရန် ပြက္ခဒိန်နှစ် အစတုန်းက ပြောခဲ့တာပဲ။ ဒါပေမဲ့လည်း ပြီးခဲ့တဲ့ နှစ်တွေတုန်းက သူတို့နဲ့ ဆွေးနွေးမှုကို ငါမတားဆီးခဲ့ဘူး” ဟု အီရန် ဘာသာရေး ခေါင်းဆောင် အယာတိုလာအလီခါမေနီက ထိပ်တန်း အစိုးရ အရာရှိများကို ပြောကြားသွားသည်။

အမေရိကန်ပြည်ထောင်စုနှင့် တိုက်ရိုက် ဆွေးနွေးမှုကို အပြုသဘော ရှုမြင် မထားကြောင်း ခါမေနီက ပြီးခဲ့သည့် မတ်လအတွင်း မှတ်ချက်ပြု ထားသည်။

အီရန် သမ္မတသစ်ကို သံတမန်ရေးရာ နည်းလမ်း အသုံးပြုပြီး ဆွဲဆောင် စည်းရုံးရန် အမေရိကန် လွှတ်တော် အမတ်များနှင့် အစိုးရ အရာရှိဟောင်း များက သမ္မတ အိုဘားမားကို အကြံပြုပြီးနောက် အီရန် ခေါင်းဆောင်ကြီး၏ မှတ်ချက်စကား ပေါ်ထွက်လာခြင်း ဖြစ်သည်။

သဘောထား တင်းမာခြင်း မရှိသည့် ရော်ဟာနီ အီရန် သမ္မတ အဖြစ် ရွေးကောက်ခံရခြင်းမှာ အခွင့်အရေးကောင်း တစ်ခု ဖြစ်ကြောင်း ရော်ဟာနီ သမ္မတ ရာထူးကို တရားဝင် ထမ်းဆောင် သည်နှင့် တစ်ပြိုင်နက် ဆွေးနွေးမှုများ ပြုလုပ်သွားရမည် ဖြစ်ကြောင်း အီရန်နိုင်ငံ အကျပ်ရိုက်စေမည့် အပြုအမူများကို ရှောင်ရှားရ မည် ဖြစ်ကြောင်း အမေရိကန် လွှတ်တော် အမတ်များက အကြံပေးထား သည်။

“အမေရိကန်တွေက မယုံရဘူး။ သူတို့နဲ့ လာဆွေးနွေးတဲ့သူတွေအပေါ် သူတို့ မရိုးသားဘူး” ဟု ခါမေနီက အီရန် သမ္မတသစ်အဖြစ် ရွေးကောက်ခံ ထားရသူ ရော်ဟာနီ အပါအဝင် အီရန် အရာရှိများ ကို ပြောကြားသွားသည်။

ထို့အပြင် အီရန် နိုင်ငံ၏ အရေးကြီး မူဝါဒများကို ခေါင်းဆောင်ကြီး ခါမေနီက သာ တစ်ဦးတည်း အဆုံးအဖြတ် ပေးကြောင်း CNA သတင်းတွင် ဖော်ပြ ထားသည်။

ပြီးခဲ့သည့် ဇွန်လတွင်း ကျင်းပခဲ့သည့် အီရန် ရွေးကောက်ပွဲတွင် သဘောထား တင်းမာမှု မရှိသော ရော်ဟာနီ အနိုင်ရရှိခဲ့ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် တွေ့ဆုံဆွေးနွေးပြီး အီရန်အပေါ် ဖိအားပေးမှု များ လျော့ကျအောင် ပြုလုပ်မည်ဟု ကတိပြုထားသည်။

အီရန် နျူကလီးယား အစီအစဉ်အပေါ် ဖိအားပေးနိုင်ရန် ရေနံ တင်ပို့ ရောင်းချမှုကို အမေရိကန် ပြည်ထောင်စုက ဖိအားပေး ပိတ်ပင်ထား သည်။

အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံကြားတွင် ၁၉၇၉ ခုနစ်မှစ၍ သံတမန် အဆက်အသွယ် မရှိသော်လည်း အီရန်နိုင်ငံနှင့် တွေ့ဆုံ ဆွေးနွေး သွားမည်ဟု အမေရိကန် သမ္မတ အိုဘားမားက ၂၀၀၉ ခုနှစ်တွင် တရားဝင် ပြောကြားခဲ့သည်။

The Voice Weekly
အမေရိကန် ပြည်ထောင်စုကို ယုံကြည်စိတ်ချ၍မရဟု အီရန်ဘာသာရေး ခေါင်းဆောင် အယာတိုလာ အလီခါမေနီက တရားဝင် ပြောကြားသွားကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံ၏ ကြမ်းတမ်းသော ဆက်ဆံမှုကို မကျေနပ်သူ နိုင်ငံသား တစ်ဦး ဘေဂျင်းလေဆိပ်တွင် ဖောက်ခွဲ

Photo: တရုတ်နိုင်ငံ၏ ကြမ်းတမ်းသော ဆက်ဆံမှုကို မကျေနပ်သူ နိုင်ငံသား တစ်ဦး ဘေဂျင်းလေဆိပ်တွင် ဖောက်ခွဲ

ဘေဂျင်း

တရုတ်နိုင်ငံ၊ ဘေဂျင်း လေဆိပ်တွင် ဘီးတပ် ကုလားထိုင်၌ ပေါက်ကွဲစေ သည့် ပစ္စည်းများ တပ်ဆင် ဖောက်ခွဲမှုကို ပြုလုပ်ခဲ့သူက ထိုသို့ လုပ်ဆောင် ရခြင်းသည် တရုတ်နိုင်ငံ၏ ဖိနှိပ် ချုပ်ချယ်သည့် စနစ်ကို မကျေနပ်သောကြောင့် ဖြစ်သည်ဟု ထုတ်ဖော် ပြောဆိုထားကြောင်း ၎င်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်များ၏ ပြောကြားချက်နှင့် နိုင်ငံပိုင် သတင်းဌာန ၏ ရေးသားချက်များကို ကိုးကား၍ Reuters သတင်းဌာနက ဖော်ပြသည်။

ဘီးတပ် ကုလားထိုင်ပေါ်တွင် ပေါက်ကွဲစေသည့် ပစ္စည်းများ တင်ဆောင် ကာ ဖောက်ခွဲခဲ့သူမှာ အသက် ၃၃ နှစ် အရွယ် ကျီဆောင်ကျင်း ဆိုသူဖြစ်ပြီး အဆိုပါ ဖြစ်ရပ်ကြောင့် ခရီးသွားများ အလွန် ထူထပ်လှ သည့် ဘေဂျင်း လေဆိပ်ထဲမှ လူ တစ်စုံတစ်ဦးမျှ ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိခဲ့ပေ။

ကျီဆောင်ကျင်းသည် မသန်စွမ်းသူ တစ်ဦးဖြစ်ပြီး ၎င်းကိုယ်တိုင် စီးနင်းလျက် ရှိသည့် အဆိုပါ ဘီးတပ် ကုလားထိုင်၌ ဖောက်ခွဲရေး ပစ္စည်းများ တပ်ဆင် ဖောက်ခွဲခြင်းကြောင့် လက်မောင်းတွင် ဒဏ်ရာ အနည်းငယ် ရရှိသွားကြောင်း တရုတ် အာဏာပိုင်များက အတည်ပြု ပြောကြားသည်။

ကျီဆောင်ကျင်းသည် ဆင်းရဲ နွမ်းပါးသော တောင်သူ လယ်သမား တစ်ဦးဖြစ်ပြီး လွန်ခဲ့သည့် ရှစ်နှစ်တာ ကာလခန့်က ကြုံတွေ့ခဲ့ ရသော ဖြစ်ရပ်နှင့် ပတ်သက်၍ မကျေမနပ်ဖြစ်ကာ တရုတ် အစိုးရကို သတိပေးသည့် အနေနှင့် ထိုသို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု တရုတ်နိုင်ငံ တွင် လူသုံးများသည့် လူမှုကွန်ရက်၌ ၎င်း၏ နောက်ခံ သမိုင်းကြောင်း သိသူများက ရေးသား ဖော်ပြကြသည်။

မကြာသေးခင်က ကျီဆောင်ကျင်းဟူသော နာမည်ဖြင့် အွန်လိုင်း ရေးသားချက် တစ်ရပ် ပြုလုပ်ထားရာတွင် “၂၀၀၅ ခုနှစ် ဇွန်လက မော်တော်ဆိုင်ကယ်နဲ့ ကျွန်တော် အပြင်ထွက်ခဲ့တယ်။ တစ်နေရာ ရောက်တော့ ပါကင်ထိုးတယ်။ အဲဒီမှာ ပြည်သူ့ လုံခြုံရေး တပ်ဖွဲ့တွေက ပါကင်ထိုးလို့ မရဘူးဆိုပြီး နောက်က လိုက်လာတယ်။ ကျွန်တော်လည်း ဆိုက်ကယ်ကို မရပ်ပေးဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် မမှားဘူးဆိုတာ သိလို့ပဲ။ ဒါပေမဲ့ သူတို့က စတီးပိုက်တွေနဲ့ လိုက်ရိုက်ကြတယ်။ နောက်ဆုံးမှာ ကျွန်တော် ဒုက္ခိတ ဖြစ်သွားတယ်” ဟု ရေးသား ဖော်ပြထားသည်။

ကျီဆောင်ကျင်းသည် အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တိုင်ကြားရန် ကြိုးပမ်းသော်လည်း မည်သူ တစ်ဦး တစ်ယောက်ကမျှ ၎င်းကို အရေးတယူ မပြုကြကြောင်း ဆက်လက် ဖော်ပြထားသည်။

“ကျွန်တော်တို့က လယ်သမားတွေ၊ ဆင်းရဲတဲ့သူတွေလည်းဖြစ်တော့ ကျွန်တော့်ကို ဘယ်သူကမှ အကူအညီ မပေးချင်ကြဘူး” ဟု ကျီဆောင်ကျင်း နာမည်ဖြင့် ရေးသားထားသော ဘလော့ဂ်တွင် တွေ့ ရသည်။

နိုင်ငံပိုင် Xinhua သတင်းဌာန၏ ရေးသားချက်အရ ကျီဆောင်ကျင်း ဆိုသူသည် ၎င်းအပေါ် တရားမျှတမှု မရှိစွာ ဆက်ဆံမှုကြောင့် မသန်စွမ်းဘဝ သို့ ရောက်ခဲ့ရမှုအပေါ် နှစ်ပေါင်း အတန်ကြာ ဆန္ဒပြခဲ့သူ ဖြစ်သည်။

ဘေဂျင်းလေဆိပ်၌ ဖောက်ခွဲမှု မပြုလုပ်မီ ကျီဆောင်ကျင်း က ဘေးပတ်ဝန်းကျင်မှ လူများကို ထွက်ပြေး တိမ်းရှောင်ရန် အော်ဟစ် ခဲ့ကြောင်း၊ ထို့နောက် ဗြောက်အိုး ဖောက်သံကဲ့သို့ ကျယ်လောင်သည့် အသံ ထွက်ပေါ်လာကာ ကျီးဆောင်ကျင်းမှာ ဘီးတပ် ကုလားထိုင်ပေါ်မှ လဲကျ သွားကြောင်း မျက်မြင် သက်သေများက ပြောကြားသည်။

The Voice Weekly
တရုတ်နိုင်ငံ၊ ဘေဂျင်း လေဆိပ်တွင် ဘီးတပ် ကုလားထိုင်၌ ပေါက်ကွဲစေသည့် ပစ္စည်းများ တပ်ဆင် ဖောက်ခွဲမှုကို ပြုလုပ်ခဲ့သူက ထိုသို့ လုပ်ဆောင်ရခြင်းသည် တရုတ်နိုင်ငံ၏ ဖိနှိပ် ချုပ်ချယ်

နှစ်သိန်းတန် GSM ဆင်းကတ် တစ်သောင်းပိုပေး ဝယ်ယူ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့တွင် ကျပ်နှစ်သိန်းတန် GSM ဆင်းကတ်များကို လိုင်းပို မိသည်ဟုဆိုကာ ဇူလိုင်လ တတိယပတ်မှစ၍ လိပ်စာနှင့် အမည်ပေါက်ပါက ယခင်ဈေးထက် ကျပ် တစ်သောင်း ပိုပေးကာ လိုက်လံဝယ်ယူလျက် ရှိကြောင်း တောင်ငူမြို့ခံများထံမှ သိရှိရသည်။

ကမ္ဘာ့အဆင့်သင်္ချာပြိုင်ပွဲ မြန်မာကျောင်းသားရှစ်ဦး ရွှေတံဆိပ်ဆုရ

အမေရိကန်နိုင်ငံအခြေစိုက် SASMO Association မှ ကြီးမှုးကျင်းပသော ကမ္ဘာ့အဆင့် သင်္ချာပြိုင် ပွဲတွင် မြန်မာကျောင်းသား ရှစ်ဦး ရွှေတံဆိပ်ဆုရရှိခဲ့သည်ဟု ယင်းအစီအစဉ်ကို မြန်မာနိုင်ငံမှ ပူးပေါင်း ကျင်းပသော T&H သချာင်္သင်တန်းကျောင်းမှ သိရသည်။

လေယာဉ် ပျက်ကျမှုကြောင့် အသက်မ သေခဲ့သည့် ကျောင်းသူ အရေးပေါ် ကားကြိတ်မှုကြောင့် သေဆုံး


Photo: လေယာဉ် ပျက်ကျမှုကြောင့် အသက်မ သေခဲ့သည့် ကျောင်းသူ အရေးပေါ် ကားကြိတ်မှုကြောင့် သေဆုံး


အမေရိကန် ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမြို့ရှိ လေဆိပ်တွင် ဇူလိုင် ၆ ရက်က Asiana လေကြောင်းကုမ္ပဏီမှ လေယာဉ်တစ်စင်း ပျက်ကျမှုတွင်

ထိခိုက်ဒဏ်ရာ ရရှိခဲ့သူ ကျောင်းသူ တစ်ဦးသည် အသက်ရှင်လျက် ကျန်ရစ်ခဲ့သော်လည်း အရေးပေါ် ယာဉ်တစ်စီး၏ ဖြတ်ကြိတ်မှုကြောင့် သေဆုံး သွားခဲ့ရသည်ဟု အရာရှိ များက ဇူလိုင် ၁၉ ရက်တွင် ပြောကြားခဲ့သည်။

သေဆုံးသူ ကျောင်းသူ၏ အမည်မှာ ယီမန်ယွမ်ဖြစ်ပြီး လေယာဉ်ပျက်ကျမှုတွင် သေဆုံးခဲ့ရသူ ကျောင်းသူ သုံးဦးအနက်မှ တစ်ဦး ဖြစ်ကြောင်းနှင့် သူမ၏ ရုပ်အလောင်းကို ခွဲစိတ် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာတွင် သူမသည် လေယာဉ် ပျက်ကျမှုမှ ရရှိခဲ့သည့် ဒဏ်ရာကြောင့် သေဆုံးခဲ့ရခြင်း မဟုတ်ဘဲ အရေးပေါ် ယာဉ်တစ်စီး၏ မတော်တဆ ဖြတ်ကြိတ်မှုကြောင့် သေဆုံးသွားခဲ့ရခြင်း ဖြစ်နိုင်ဖွယ်ရှိကြောင်း တာဝန် ရှိသူများက ဝန်ခံ ပြောကြားခဲ့သည်။

မြ၀တီ
အမေရိကန် ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမြို့ရှိ လေဆိပ်တွင် ဇူလိုင် ၆ ရက်က Asiana လေကြောင်း ကုမ္ပဏီမှ လေယာဉ်တစ်စင်း ပျက်ကျမှုတွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူ ကျောင်းသူ တစ်ဦးသည် အသက် ရှင်လျက် ကျန်ရစ်ခဲ့သော်လည်း အရေးပေါ် ယာဉ်တစ်စီး၏ ဖြတ်ကြိတ်မှုကြောင့် သေဆုံး သွားခဲ့ရ သည်ဟု အရာရှိ များက ဇူလိုင် ၁၉ ရက်တွင် ပြောကြားခဲ့သည်။

ဝါဆိုလပြည့်နေ့ ရွှေတိဂုံဘုရားမြင်ကွင်းများ