Friday, July 26, 2013

လှိုင်သာယာတွင် ပဋိပက္ခဖြစ်ရန် လှုံ့ဆော်သူများကို ထောင်ဒဏ် ချမှတ်

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အမှတ် (၁) ရပ်ကွက်အတွင်း ဆရာတော် ဦးပညာဝရ ဟော ကြားသော ဘဝလမ်းခွဲ တရားခွေ ဖွင့်သည်ကို အော်ဟစ် လှောင်ပြောင်မှုများ ပြုလုပ်၍ ပဋိပက္ခ ဖြစ်စေ ရန် လှုံ့ဆော်သူသုံးဦးကို သာသနာ ညှိုးနွမ်းအောင် ပြုလုပ်မှု ပုဒ်မ ၂၉၅ (က) ဖြင့် လှိုင်သာယာမြို့နယ် တရားရုံးက ဇူလိုင်လ ၂၅ ရက်နေ့တွင် ထောင်ဒဏ် သုံးနှစ် ချမှတ်လိုက်ကြောင်း လှိုင်သာယာမြို့နယ် ရဲစခန်းမှ သိရသည်။

GTC ကျောင်းသား/သူ နှစ်ဦး၏ အင်တာနက်ဗီဒီယိုဖိုင် ကျောင်းတွင် ပရိုဂျက် တာဖြင့် ပြသမှုကြောင့် GTC ကျောင်းအုပ် နုတ်ထွက်စာတင်ထားရ

သန်လျင် နည်းပညာတက္ကသိုလ်တွင် ဖြစ်ပွားခဲ့သော အင်တာနက် စာမျက်နှာတွင် ပျံ့နှံ့နေသည့် ဗီဒီယို တွင်ပါဝင်သူ နှစ်ဦးနှင့်မိသားစုများကို တွေ့ဆုံကာ ၎င်းဗီဒီယိုဖိုင်ကို ပရို ဂျက်တာဖြင့် ပြသခဲ့သည့် အတွက် နှစ်ဖက် မိသားစုဝင်များအပေါ် ထိခိုက်စေခဲ့သဖြင့် ပါမောက္ခချုပ်အား နုတ်ထွက် ခိုင်း ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မှပြောသည်။

**လုပ်ငန်းအတွက် (၇) ချက်***

Photo: **လုပ်ငန်းအတွက် (၇) ချက်***
===================

Friday, July 26, 2013


(၁) ကိုယ့်ဆီ ၀င်လာတဲ့ငွေရဲ့ ဆယ်ပုံတစ်ပုံကို အမြဲတမ်းချန်ထားပါ။

(၂) ကိုယ့်ဆီဝင်လာသော ငွေများကို စနစ်တကျ စီမံခန့်ခွဲသုံးစွဲပါ။ ငွေဝင်တဲ့ လမ်းကြောင်းတွေကို သိထားဖို့လိုသလို ထွက်တဲ့လမ်းကြောင်းတွေကို ဂဃနဏ သိထားဖို့လည်း လိုတယ်။ မလိုအပ်ဘဲ ထွက်နေတဲ့ လမ်းကြောင်းတွေရှိရင် အမြန်ဆုံး ပိတ်ပစ်ရန် လိုသည်။ အဲဒီလို မလုပ်ရင် အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်နေမည်။

(၃) ငွေတွေကို သက်မဲ့လို သဘောမထားရပါဘူး။ သူတို့အချင်းချင်း ရင်းနှီးပြီး တိုးပွားမယ့် နေရာတွေကို ပို့ရမယ်။ နွားတွေ၊ ကြက်တွေ အုပ်လိုက် မွေးသလိုပါပဲ။ သူတို့အချင်းချင်း မိတ်တွေလိုက်ကြ၊ ဥတွေဥကြ၊ အကောင်တွေ ထပ်ပွားကြပေါ့။ ကိုယ်က ငွေမရှာဘဲ ငွေငွေချင်း ပြန်ရှာသွားတာပေါ့။ ငွေကို သေတ္တာထဲ ထည့်သိမ်းထားရင် အကြောသေပြီး လေဖြတ်တဲ့လူလို ငွေတွေ လေဖြတ်သွားလိမ့်မယ်။ အင်အားမရှိတော့ဘူး။

(၄) အလုပ်လုပ်ရာတွင် လောင်းကစားမဆန်ရဘူး။ မြတ်ချင်မြတ်၊ ရှုံးချင်ရှုံး ဆိုတဲ့ သဘောမျိုး မလုပ်ရဘူး။ သေချာတာလောက်ကိုပဲ လုပ်ရမယ်။ မြတ်ရင်တော့ အများကြီးမြတ်မယ်၊ ရှုံးရင် ကုန်သွားမယ်ဆိုတာမျိုးကို ဘယ်သူက ဘယ်လောက် အပြောကောင်းကောင်း မလုပ်ရဘူး။ မပိုင်တဲ့အလုပ်၊ မကျွမ်းကျင်တဲ့အလုပ်မှာ ဘာရင်းနှီးမြှုပ်နှံမှုမှ မလုပ်ရဘူး။ ( သူများပြောတာကို မယုံနဲ့၊ ကိုယ့်မျက်စိနဲ့ တွေ့တာတောင် တစ်ဝက်ပဲယုံ )

(၅) အိမ်ငှားမနေနဲ့ - အိမ်ပိုင်ဖြစ်အောင်လုပ်၊ ကြိုးစား၊ ဆိုင်မငှားနဲ့။ အပိုင်ဖြစ်အောင် ကြိုးစား။ ငှားတာဟာ ကြာတော့ စရိတ်ထောင်းတယ်။ စိတ်လည်း ရှုပ်ရတယ်။ သေးတာကြီးတာ ပဓာန မဟုတ်ဘူး။ ကိုယ်ပိုင်ဖြစ်အောင် ကြိုးစားဖို့ပဲ။ အဲဒီ အပေါက်ဟာ ငွေအထွက်ဆုံးပဲ။

(၆) မမျှော်မှန်းနိုင်တဲ့ အနာဂတ်အတွက် ပြင်ဆင်မှုတွေ လုပ်ရမယ်။ ( မတ်တတ်စာပဲ ရှိတယ်၊ တုံးလုံးစာ မရှိဘူး လို့ မပြောရအောင် ပြင်ဆင်ထားပါ )

(၇) ကြိုးစားမှုကို ဘယ်တော့မှ မလျှော့နဲ့။ ( အားပေးတဲ့ ဖောက်သည်တို့၊ အားပေးတဲ့ ပရိသတ်တို့ဆိုတာ စိတ်ချရတာမျိုးမဟုတ်ဘူး။ ကိုယ့်ထက် တော်တဲ့၊ ကောင်းတဲ့လူရှိရင် အဲဒီကို သွားကြမှာ )

မင်းသိင်္ခ ၏ “ရေမျောကမ်းတင် အောင်ဗဒင်” စာအုပ်မှ ပြန်လည်ဖော်ပြပါသည်။
(၁) ကိုယ့်ဆီ ၀င်လာတဲ့ငွေရဲ့ ဆယ်ပုံတစ်ပုံကို အမြဲတမ်းချန်ထားပါ။

အိန္ဒိယနိုင်ငံ ဆေးရုံပေါ်က ခေါင်းနှစ်လုံးဖြင့် ကလေးငယ်

Photo: အိန္ဒိယနိုင်ငံ ဆေးရုံပေါ်က ခေါင်းနှစ်လုံးဖြင့် ကလေးငယ်
Friday, July 26, 2013

ဒီကလေးငယ်ဟာ ခန္ဒာကိုယ်တစ်ခုတည်းဖြစ်သော် လည်း ကျောရိုးမကြီးနှစ်ခု၊ အာရုံးကြောမကြီးနှစ်ခုဖြင့် မွေးဖွားလာခဲ့ပါတယ်။

ကျောရိုးမကြီးနှစ်ခုဟာ တင်ပါးဆုံးရိုးမှာ သွားဆက်နေပါတယ်လို့ ဆရာဝန်များက ပြေကြားပြီး ဒီကလေး အသက်ဆက်ရှင်ဖို့ ကြိုးစားဆဲ အဆင့်မှာပဲ ရှိပါတယ်။

Channel NewsAsia
ဒီကလေးငယ်ဟာ ခန္ဒာကိုယ်တစ်ခုတည်းဖြစ်သော် လည်း ကျောရိုးမကြီးနှစ်ခု၊ အာရုံးကြောမကြီးနှစ် ခုဖြင့် မွေးဖွားလာခဲ့ပါတယ်။

၂ဝ၁၃ ခုနှစ် ဇူလိုင် ၂၃ ရက်အထိ အာဖဂန် စစ်ဆင်ရေးတွင် အမေရိကန် တပ်ဖွဲ့ဝင် ၂၁၁၄ ဦး သေဆုံး

အာဖဂန် နစ္စတန်နိုင်ငံ အတွင်းသို့ အမေရိကန် ဦးဆောင်သည့် တပ်ဖွဲ့များ ကျူးကျော် ဝင်ရောက်ခဲ့သည့် ၂ဝဝ၁ ခုနှစ် နှောင်းပိုင်း အချိန်မှစ၍ ၂ဝ၁၃ ခုနှစ် ဇူလိုင် ၂၃ရက်အထိ အာဖဂန်နစ္စတန် နိုင်ငံ၌ အမေရိကန် တပ်ဖွဲ့ဝင် အနည်းဆုံး ၂၁၁၄ ဦး သေဆုံးခဲ့ကြောင်း AP သတင်းဌာန၏ စစ်တမ်းကောက် ယူမှု တစ်ရပ်အရ သိရသည်။

လူသေဆုံးမှု ဖြစ်ပွားခဲ့သည့် အရက်များနှင့် ပတ်သက်၍ စစ်ဆေးနိုင်ရန် ဓာတုဗေဒ ၀န်ရုံးသို့ ပို့အပ်ထင်မြင်ချက် တောင်းခံ

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၊ ပိန္နဲချောင်းကျွန်းတွင် အရက်တုများ သောက်သုံး မှုကြောင့် ဆေးရုံ တက်ရောက် ခဲ့ရခြင်း၊ လူသေဆုံးခဲ့ရခြင်းနှင့် ပတ်သက်၍ စစ်ဆေးနိုင်ရန် ဓာတုဗေဒ ၀န်ရုံးသို့ ပို့အပ် ထင်မြင်ချက် တောင်းခံထားကြောင်း သတင်းရရှိသည်။

လန်ဒန်ကို မေ့ပြီလား အွန်နရီ

လန်ဒန်ကို မေ့ပြီလား အွန်နရီအာဆင်နယ်ကနေ ပြောင်းသွားပြီးတဲ့နောက်မှာလန်ဒန်ကို မမေ့ပါဘူး ဆိုတဲ့ အွန်နရီဟာ ခုတော့ နယူးယောက်ကို ခင်တွယ်လိုက်ပုံများ တက်တူးနဲ့သက်သေပြခဲ့သလိုပါ။ အွန်နရီထိုးခဲ့တဲ့ မင်ကြောင်ရုပ်ကတော့

အမျိုးသမီးများထက် အမျိုးသားများက အိမ်တွင်းအကြမ်းဖက်ခံရမှု ပိုများလာနိုင်

အိမ်တွင်း အကြမ်းဖက်ခံရမှုတွင် အမျိုးသမီးများထက် အမျိုးသားများက ပို၍ခံစားလာရနိုင်ကြောင်း အကြမ်းဖက်မှုရေးရာ ကျွမ်းကျင်သူများက သုံးသပ်ပြောကြားလိုက်ပါသည်။

ဦးဝီရသူတရားပွဲ ဗုံးပေါက်ကွဲမှု သံသယရှိသူနှစ်ဦးကို စစ်ဆေး

Photo: ဦးဝီရသူတရားပွဲ ဗုံးပေါက်ကွဲမှု သံသယရှိသူနှစ်ဦးကို စစ်ဆေး

ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်နေ့က မန္တလေး၊ မဟာအောင်မြေမြို့နယ် မစိုးရိမ်ကျောင်းတိုက် နာယကဆရာတော် ဦးဝီရသူရဲ့ တရားပွဲအနီးမှာ လက်လုပ်ဗုံးပေါက်ကွဲခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး သံသယရှိသူနှစ်ဦးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ မန္တလေးတိုင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ဆရာတော် ဦးဝီရသူ တရားပွဲအနီးမှာ တပ်ထားတဲ့ CCTV ကင်မရာက ရိုက်ကူးထားတဲ့ ရုပ်ပုံမှတ်တမ်းကို ကြည့်ရှုစစ်ဆေးပြီးတဲ့အခါမှာ အခုလိုဖမ်းဆီးစစ်ဆေးနေတာဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ရဲမှုးဦးစိုးငြိမ်းက RFA ကို ပြောပါတယ်။

“ကင်မရာကလည်း သီးခြားတပ်ထားတဲ့ ကင်မရာမဟုတ်ပါဘူး၊ တခြားမှာ လုံခြုံရေးအရ သူ့ဘာသာသူ တပ်ထားတဲ့ ကင်မရာဆိုတော့ ဒီထဲမှာပါလိုပါငြားဆိုပြီးတော့ ကျနော်တို့က စုံစမ်းကြည့်ရတာပေါ့နော်၊ တရားနာတဲ့ပရိသတ်နဲ့ ပုံသဏ္ဍာန်မတူတဲ့ နည်းနည်းလေး သံသယဖြစ်ဖွယ်ရာရှိတဲ့ ပုံမှန်ထက်နည်းနည်းလေး ထူးခြားတယ်လို့ထင်တဲ့လူကို ကျနော်တို့က စုံစမ်းတာပါ၊ တရားခံဖြစ်ချင်ရင်လည်းဖြစ်မယ်၊ မဖြစ်ချင်ရင်လည်းမဖြစ်ဘူး”

ဇူလိုင်လ ၂၁ ရက်နေ့က ဆရာတော်ရဲ့ တရားပွဲနားမှာရပ်ထားတဲ့ ကားအနားမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ကိုရင်နှစ်ပါးနဲ့ တရားနာသူ သုံးယောက်ဒဏ်ရာရခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်နေ့က မန္တလေး၊ မဟာအောင်မြေမြို့နယ် မစိုးရိမ်ကျောင်းတိုက် နာယက ဆရာတော် ဦးဝီရသူရဲ့ တရားပွဲအနီးမှာ လက်လုပ်ဗုံးပေါက်ကွဲခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး သံသယရှိ သူနှစ်ဦး ကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ မန္တလေးတိုင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

စပိန်နိုင်ငံ အနောက်မြောက်ပိုင်းမှာ ရထားလမ်းချော် ၈၀ ဦးသေ


စပိန်နိုင်ငံ ​​အနောက်မြောက်ပိုင်းမှာ ​​မနေ့က ​ရထားလမ်းချော်မှု ​​ဖြစ်ပွားတဲ့အတွက် ​​အနည်းဆုံး ​​လူ အယောက်ပေါင်း ​၈၀ ​သေဆုံးပြီးနောက် ​သေဆုံးသူတွေအတွက် ​သုံးရက်ကြာ ​ဝမ်းနည်းပူဆွေးတဲ့ ​အခမ်း အနားပြုလုပ်နေကြပါတယ်။

ပြင်သစ်ကုန်သွယ်ရေးဝန်ကြီး မြန်မာပြည် လာမယ်

U Thein Sein France
ပြင်သစ်နိုင်ငံကို သမ္မတဦးသိန်းစိန်ရောက်ရှိစဉ် (Credit: ABC) 
မြန်မာနိုင်ငံကို ​ရှေ့လာမယ့် ​တပတ်အတွင်းမှာ ​ပြင်သစ်နိုင်ငံ ​ကုန်သွယ်ရေးဝန်ကြီး ​Nicole ​Bricq ​ကနေဦးဆောင်ပြီးတော့ ​အသေးစားနဲ့ ​အလတ်စား ​စီးပွားရေးသမားများ ​၁၅ဦး ​ပါဝင်တဲ့ ​ကိုယ်စားလှယ် အဖွဲ့ ​တဖွဲ့ ​မြန်မာနိုင်ငံကို ​လာရောက်ဖို့ရှိတယ်လို့ ​သိရပါတယ်။

လက်ပံတောင်းတောင် စာချုပ်သစ်အရ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတွင် နိုင်ငံတကာ အဆင့်မီရန် မြန်မာ-၀မ်ပေါင် ကုမ္ပဏီ၏ တာဝန်အဖြစ် သတ်မှတ်သည်ဟု သမ္မတရုံးဝန်ကြီး ပြောကြား

7.25.19
လက်ပံတောင်းတောင် စီမံကိန်း ဧရိယာအား မြင်တွေ့ရစဉ် (ဓာတ်ပုံ- ဟိန်းမင်းထက်)
ဇူလိုင် ၂၄ ရက်က ပြင်ဆင်ချုပ်ဆိုခဲ့သည့် လက်ပံတောင်းတောင် စာချုပ်သစ်အရ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအမံများကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် အညီဆောင်ရွက်ရန်မှာ မြန်မာ-၀မ်ပေါင် ကုမ္ပဏီ၏ တာဝန်ဖြစ်သည်ဟု သမ္မတရုံးဝန်ကြီး ဦးလှထွန်းက ပြောကြားသည်။

Thursday, July 25, 2013

ရက်လွန် ၁၅၀၀တန် Sim Card များသက်တမ်းတိုးလျှောက်ထားနိုင်

Photo: ရက်လွန် ၁၅၀၀တန် Sim Card များသက်တမ်းတိုးလျှောက်ထားနိုင်

တန်ဖိုးနည်း ၁၅ဝဝ တန် Sim Card များ အကြောင်းအမျိုးမျိုးကြောင့် ရက်လွန်ပါက သက်တမ်းတိုး လျှောက်ထားနိုင်ကြောင်း သိရသည်။

သက်တမ်းတိုး လျှောက်ထားပါက စာချုပ်မူရင်းနှင့် မိတ္တူတစ်စောင်၊ (အကယ်၍ သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ ဌာနတို့မှ စာချုပ်ထုတ်ပေးထားခြင်း မရှိပါက စာချုပ် ထုတ်မပေးရသေးကြောင်း သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ ဌာနတို့မှ ထောက်ခံချက် ပါရှိရမည်)

သက်တမ်း လွန်ရခြင်းအတွက် ထောက်ခံချက် (ကတ်ထုတ်ပေးသည့် သက်ဆိုင်ရာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၊ ဌာန၏ ထောက်ခံချက်)၊ ပိုင်ရှင်၏ နိုင်ငံသားစိစစ်ရေးကတ် မိတ္တူတစ်စောင် စသည့် စာရွက်စာတမ်းများနှင့် တိုင်းဒေသကြီး မန်နေဂျာထံ လိပ်မူ၍ လျှောက်ထားနိုင်ကြောင်း ၂၀၁၃ ခုနှစ် ဇူလိုင် ၂၅ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

Posted From ခေတ်လူငယ်
တန်ဖိုးနည်း ၁၅ဝဝ တန် Sim Card များ အကြောင်းအမျိုးမျိုးကြောင့် ရက်လွန်ပါက သက်တမ်း တိုး လျှောက်ထားနိုင်ကြောင်း သိရသည်။

အထိုင်များတဲ့သူများအတွက် ခါးဝေဒနာ မဖြစ်ရအောင်

အထိုင်များတဲ့သူများအတွက် ခါးဝေဒနာ မဖြစ်ရအောင်

တနေရာထဲမှာ နာရီများစွာထိုင်ပြီး အလုပ်လုပ်ရင် ခန္ဓာကိုယ်ရဲ့ အလေးချိန်ဟာ တင်ပါးပေါ်မှာ ကျရောက်နေတတ်ပါတယ်။ အဲဒီလို နာရီများစွာ ထိုင်တဲ့အခါ ထိုင်ပုံက ပျင်းတိပျင်းတွဲ ဖြစ်နေရင် ခန္ဓာကိုယ်ပုံသဏ္ဌာန် ပျက်ယွင်းတာကစပြီး အသက် ၄၅-နှစ်အောက် လူများမှာဆိုရင် ခါးနာရာက မသန်မစွမ်းဖြစ်တဲ့အထိ အန္တရာယ်ရှိနိုင်ပါတယ်။ အလုပ်ခွင်မှာဖြစ်စေ၊ နေအိမ်မှာဖြစ်စေ တနေရာတည်း နာရီများစွာ မလှုပ်မယှက်
ထိုင်နေတာများလာရင် တင်ပါးအသားတွေ ပျော့တွဲလာတာ၊ သွေးကြော ပိတ်တာတွေလည်း ဖြစ်တတ်ပါသေးတယ်။

ထိုင်နေတဲ့အခါ မတ်တတ်ရပ်အနေအထားထက် ပိုပြီး ကျောရိုးမှာ ဖိအားသက်ရောက်မှု ရှိတတ်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ကို အင်္ဂလိပ်အက္ခရာ C-ပုံသဏ္ဌာန် လက်ပြင်ကုန်းပြီး ထိုင်ရင်တော့ ကျောရိုးပေါ် သက်ရောက်တဲ့ ဖိအားဟာ နှစ်ဆပိုလာပါပြီ။ အဲဒီလိုပုံစံနဲ့ထိုင်ရင် မလှုပ်မယှက်နေတဲ့အခါ ကျောရိုးထဲက အရိုးကွင်းဆက်တွေအတွက် လိုအပ်တဲ့ အာဟာရမရရှိတော့ပါဘူး။ ခန္ဓာကိုယ်လှုပ်ရှားမှု ရှိနေမှသာ အဲဒီအရိုးကွင်းဆက်တွေက လိုအပ်တဲ့ အာဟာရကို သွေးကြောတွေက ထောက်ပံ့ပေးနိုင်တာပါ။

အဖြစ်များတဲ့ ခါးအောက်ပိုင်းနာကျင်မှု အပါအ၀င် အထိုင်များလို့ ဖြစ်ရတဲ့ ဝေဒနာတွေကို ရှောင်လွဲနိုင်တဲ့နည်းလမ်းတွေကတော့

၁။ ထိုင်လျက် တသက်မတ်ထဲ မနေဘဲ ပုံစံပြောင်းပါ။ ၁၅-မိနစ် ဒါမှမဟုတ် နာရီဝက်တခါလောက် ထိုင်ရာက ထပြီး လက်နှစ်ဖက်ကို ခါးနောက်မှာ ယှက်ထားကြည့်ပါ။ ဖုန်းပြောတဲ့အခါ မတ်တတ်ရပ်ပြီးပဲ ပြောသင့်ပါတယ်။ ထိုင်လျက်အနေအထားမှာ ၀မ်းဗိုက်ကြွက်သားတွေကို ကျုံ့စေပါတယ်။ ဒါကြောင့် ထိုင်လျက်ပြောမယ်ဆိုရင်လည်း ခန္ဓာကိုယ်ကိုယ် မတ်မတ်ထိုင်ပြီး ကျောမှီထားပါ။

၂။ တတ်နိုင်သူတွေကတော့ လမ်းလျှောက်လေ့ကျင်ခန်း စက်ကိရိယာ (Treadmill) တွေ အသုံးပြုပြီး ပြုလုပ်သင့်ပါတယ်။

၃။ ခါးအတွက်တော့ ဆောင့်ကြောင့်ထိုင်တာက ခုံနဲ့ထိုင်တာထက် ပိုကောင်း ပါတယ်။ အကြောင်းကတော့ ဆောင့်ကြောင့်ထိုင်တဲ့အခါ ခန္ဓာကိုယ်ရဲ့အလယ်ပိုင်းက အလေးချိန်အများစုဟာ ပေါင်တွေပေါ်မှာ သက်ရောက်မှုရှိနေလို့ ဖြစ်ပါတယ်။ ဆောင့်ကြောင့်ထိုင်တဲ့အခါ ဦးခေါင်းနဲ့ပုခုံးတွေကို မတ်မတ်ထားပြီး ထိုင်ရင် ခါးရဲ့သဘာဝအနေအထားကို ရရှိနိုင်ကြောင်း ကျွမ်းကျင်ဆရာဝန်တဦးက ဆိုပါတယ်။



ခါးမှီ (Lumbar roll)

၎။ ရုံးမှာ ကားပေါ်မှာ ထိုင်တဲ့အခါ ခါးရဲ့သဘာဝပုံစံ အနေအထားကို ဖြစ်ပေါ်စေဖို့ ထိုင်ခုံပေါ်မှာ ခါးမှီတခုခု (Lumbar roll) ထားရှိသင့်ပါတယ်။

၅။ လက်ပြင်ကုန်းပြီး ထိုင်တာကြာလာရင် အဲဒီလိုပုံစံကနေ မတ်မတ်ထိုင်တဲ့ ပုံစံကို တကြိမ်မှာ ၁၀-ခါကနေ ၁၅-ခါအထိ တနေ့သုံးကြိမ် ပြုလုပ်သင့်ကြောင်း တင်ပြလိုက်ပါတယ်။

ညွှန်း - Good Health
တနေရာထဲမှာ နာရီများစွာထိုင်ပြီး အလုပ်လုပ်ရင် ခန္ဓာကိုယ်ရဲ့ အလေးချိန်ဟာ တင်ပါးပေါ်မှာ ကျရောက်နေတတ်ပါတယ်။ အဲဒီလို နာရီများစွာ ထိုင်တဲ့အခါ ထိုင်ပုံက ပျင်းတိပျင်းတွဲ ဖြစ်နေရင် ခန္ဓာကိုယ်ပုံသဏ္ဌာန် ပျက်ယွင်းတာကစပြီး အသက် ၄၅-နှစ်အောက် လူများမှာဆိုရင် ခါးနာရာက

မိုးကြီးမည့်သတိပေးချက်၊ (၂၅.၇.၂၀၁၃)ရက်နေ့ မြန်မာစံတော်ချိန်(၁၃း၀၀)နာရီချိန်ထုတ်ပြန်ချက်


ယနေ့မြန်မာစံတော်ချိန်(၁၂း၃၀)နာရီအချိန်မိုးလေသ၀သတိုင်းထွာချက်များအရ

“နှင်းဆီခရီးသွားမှတ်တမ်းများ” အစီအစဉ်ကို မြဝတီဒစ်ဂျစ်တယ်လိုင်းမှာ ကြည့်ရှုနိုင်



Photo: “နှင်းဆီခရီးသွားမှတ်တမ်းများ” အစီအစဉ်ကို မြဝတီဒစ်ဂျစ်တယ်လိုင်းမှာ ကြည့်ရှုနိုင်
Thursday, July 25, 2013

နှင်းဆီအငြိမ့်အဖွဲ့သားများ၏ နိုင်ငံခြား ဖျော်ဖြေမှု ခရီးစဉ်တစ်ခု ဖြစ်သည့် ဥရောပ ဖျော်ဖြေရေး ခရီးစဉ်၏ အမှတ်တရ ပုံရိပ်များ ပါဝင်သည့် “နှင်းဆီခရီးသွားမှတ်တမ်းများ” အစီအစဉ်ကို မြဝတီရုပ်မြင်သံကြားတွင် ဇူလိုင်လ ၂၃ရက်နေ့က စတင်ထုတ်လွှင့်ခဲ့ပြီး ပရိသတ် အားပေးမှုနှင့် တောင်းဆိုမှုများ ရှိသည့်အတွက် မြဝတီဒစ်ဂျစ်တယ် ရုပ်သံလိုင်းသစ်တွင်လည်း ထပ်မံထုတ်လွှင့်သွားမည်ဟု ယင်းအစီအစဉ်ကို တင်ဆက်သည့် ADMA Mediaမှ သိရသည်ဟု Daily Elevenတွင် ဖော်ပြထားသည်။

“ဒီအစီအစဉ်မှာ အနုပညာရှင်တွေရဲ့ ခရီးစဉ်တစ်လျှောက် လွတ်လပ်ပေါ့ပါးတဲ့ နေထိုင်မှု ပုံစံတွေကို ဥရောပရှုခင်းတွေနဲ့ အတူတွေ့မြင်ရမှာဖြစ်လို့ ပရိသတ်တွေ နှစ်သက်မယ်လို့ ထင်ပါတယ်။ ဒီအစီအစဉ်ကို အရင်က ထုတ်လွှင့်ခဲ့တဲ့ နေတိုးနဲ့ ကျော်ကျော်ဗိုတို့ရဲ့ Football City Tour အစီအစဉ်နေရာမှာ အစားထိုး ထုတ်လွှင့်မှာပါ။ အနုပညာရှင်တွေရဲ့ Happy Type ပုံစံတွေကို မြင်တွေ့ရမှာပါ”ဟု ၎င်းအစီအစဉ်ကို တင်ဆက်သည့် ADMA Mediaမှ ဒုတိယ ဥက္ကဋ္ဌကိုဝေမင်းမောင်က ပြောကြားသည်ဟု ဆိုသည်။

“နှင်းဆီခရီးသွား မှတ်တမ်းများ”အစီအစဉ်တွင် ဒါရိုက်တာ မောင်မျိုးမင်း၊ နေတိုး၊ ကျော်ကျော်ဗို၊ ထွန်းထွန်း၊ မိုးမိုး၊ ရဲလေး၊ မင်းသွေး၊ တင်မောင်ဆန်းမင်းဝင်း၊ မိုးယုစံနှင့် ဂျင်းနီတို့၏ နယ်သာလန်၊ ဒိန်းမတ်၊ ပြင်သစ်၊ အင်္ဂလန်၊ အီတလီခရီးစဉ်တစ်လျှောက် လှုပ်ရှားမှုများနှင့် အမှတ်တရပုံရိပ်များကို ရိုက်ကူးထားခြင်း ဖြစ်ပြီး ယင်းအစီအစဉ်ကို အပတ်စဉ် အင်္ဂါနေ့ည ၆နာရီတွင် ထုတ်လွှင့်လျက်ရှိကြောင်း သိရသည်။

Myanmar ICT
နှင်းဆီအငြိမ့်အဖွဲ့သားများ၏ နိုင်ငံခြား ဖျော်ဖြေမှု ခရီးစဉ်တစ်ခု ဖြစ်သည့် ဥရောပ ဖျော်ဖြေရေး

ကမ္ဘာ့ပထမဆုံး နိုဘယ်ဆု ရရှိသော အမျိုးသမီး

Photo: ကမ္ဘာ့ပထမဆုံး နိုဘယ်ဆု ရရှိသော အမျိုးသမီး
Thursday, July 25, 2013

ပိုလန်နိုင်ငံမှာ ဖွားပြီး ပြင်သစ်မှာ ရူပနဲ့ ဓာတုဗေဒ ပညာ လေ့လာတဲ့ Marie Curie အမည်ရ အမျိုးသမီးဟာ ကမ္ဘာ့ပထမဆုံး နိုဘယ်လ်ဆုရှင် အမျိုး သမီး ဖြစ်ပါတယ်။ ဒါကြောင့် ပိုလန်ငွေစက္ကူတွေထဲမှာလည်း သူမပုံကို ထည့်သွင်း အသိအမှတ်ပြုခဲ့ကြပါသေးတယ်။

Radioactivity သီအိုရီ ကို စတင်ထုတ်ဖော်နိုင်သူ၊ radioactive isotopes ခွဲထုတ်ခြင်း နည်းပညာကို ဖန်တီးသူ၊ ပိုလိုနီယမ်၊ ရေဒီယမ် အစရှိ သဖြင့် ဒြပ်စင် နှစ်ခု ရှာဖွေတွေ့ရှိသူ အဖြစ် အောင်မြင်ကျော်ကြားပြီး အခြားသော သိပ္ပံပညာရပ်ဆိုင်ရာ အောင်မြင်မှုပေါင်း များစွာ ရရှိထား သူ ဖြစ်ပါတယ်။

၁၈၆၇ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့က မွေးဖွားပြီး ၁၉၃၄ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၆၆ နှစ် ရှိနေပြီ ဖြစ်ပါတယ်။

အမျိုးသမီး တစ်ဦးအနေနဲ့ သူမရဲ့  တီထွင်မှု၊ ရှာဖွေဖော်ထုတ်နိုင်မှုဟာ အခြားသော အောင်မြင်တဲ့ အမျိုးသား သိပ္ပံပညာရှင်များနဲ့ တန်းတူ ယှဉ်နိုင်ခဲ့ ပါတယ်။ လက်ရှိအချိန်ထိလည်း ကမ္ဘာ့ပထမဆုံး အမျိုးသမီး နိုဘယ်ဆုရှင်၊ ကမ္ဘာ့ အထူးချွန်ဆုံး အမျိုးသမီး ရူပ၊ဓာတု ဗေဒ ပညာရှင်အဖြစ် အသိမှတ်ပြုခံထား ရကြောင်း သိရပါတယ်။
--
Ref: wiki
ှုInternational news for myanmar
ပိုလန်နိုင်ငံမှာ ဖွားပြီး ပြင်သစ်မှာ ရူပနဲ့ ဓာတုဗေဒ ပညာ လေ့လာတဲ့ Marie Curie အမည်ရ အမျိုးသမီး ဟာ ကမ္ဘာ့ပထမဆုံး နိုဘယ်လ်ဆုရှင် အမျိုး သမီး ဖြစ်ပါတယ်။ ဒါကြောင့် ပိုလန်ငွေစက္ကူတွေထဲမှာလည်း သူမပုံကို ထည့်သွင်း အသိအမှတ်ပြုခဲ့ကြပါသေးတယ်။

မင်္ဂလာကမ်းလှမ်းစကားပြောပြီး ပြန်လာသည့်ယာဉ်မှောက်မှု နှစ်ဦးသေ ၁၄ ဦး ဒဏ်ရာရ

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် ကံမစံပြ-ပေါက်လမ်း မိုင်တိုင်အမှတ် ၁၈/၁ နှင့် ၁၈/၂ တို့ကြား ကံမတိုက်နယ်ဆေးရုံ အနီးတွင် ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်က မင်္ဂလာဆောင် ရန် တောင်းရမ်း ကမ်းလှမ်းစကားပြောပြီး ပြန်လာသည့်ယာဉ်တစ်စီး တိမ်းမှောက် ခဲ့ရာ နှစ်ဦးသေဆုံး၍ ၁၄ ဦး ဒဏ်ရာရခဲ့ကြောင်း ပခုက္ကူမြို့နယ် ကံမတိုက်နယ် ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

သူငယ်တန်းကျောင်းသူ အဓမ္မပြုကျင့်ခံရမှု အတန်းဖော်ကျောင်းသားမိဘများ စိုးရိမ်

ကျောက်တန်းမြို့နယ် ရွှေပျောက်ကျေးရွာ မူလတန်းကျောင်းမှ သူငယ်တန်းကျောင်းသူတစ်ဦး အဓမ္မပြု ကျင့် ခံရခြင်းနှင့် ပတ်သက်၍ စစ်ဆေးနေစဉ် အတန်းဖော် ကျောင်းသားတစ်ဦးက ကျူးလွန် ပါသည်ဟု အဆိုပါ အဓမ္မပြုခံရသည့် သူငယ်တန်းကျောင်းသူက ပထမတစ်ကြိမ် ဖြေဆိုစဉ်ကနှင့် ကွဲလွဲ စွာ ထွက်ဆို ထားခြင်းကြောင့် အတန်းဖော် ကျောင်းသားများ၏ မိဘဖြစ်သူများ အနေနှင့် ၎င်းတို့၏ သူငယ်တန်း အရွယ် ကျောင်းသားများ စစ်ဆေးခံရမည်ကို စိုးရိမ် ပူပန်နေရကြောင်း The Voice သို့ပြော ကြားသည်။

မိတ္ထီလာဓာတ်ဆီဆိုင် ဖျက်ဆီးသူတစ်ဦး ထောင်ဒဏ်ချ၍ နှစ်ဦး တရားသေလွှတ်

ပဋိပက္ခကာလအတွင်း မိတ္ထီလာမြို့ အောင်ဆန်းမြို့သစ်ရပ်ရှိ ‘ကျော်’ စက်သုံးဆီ အရောင်းဆိုင် ဖျက်ဆီး မှုနှင့် ပတ်သက်၍ ဇူလိုင် ၂၃ ရက်နေ့က မိတ္ထီလာမြို့နယ် တရားရုံးက တစ်ဦးကို ထောင်ဒဏ် ၂ နှစ်နှင့် သုံးလပြစ်ဒဏ်ချ၍ ကျန်နှစ်ဦးကို တရားသေ လွှတ်လိုက်ကြောင်း ယင်းတရားရုံးထံမှ သိရ သည်။

ကျပ်သန်းပေါင်းများစွာ အကြွေးဆပ်ရမည့် မွေးမြူရေး လုပ်ငန်းရှင်များက ပြန်ဆပ်ချိန် နှစ်ရှည်တိုးမြှင့်ပေးရန် ၀န်ကြီးဌာနသို့ တင်ပြသွားမည်

နိုင်ငံတော်သို့ ကျပ်သန်းပေါင်းများစွာ အကြွေးဆပ်ရမည့် မွေးမြူရေး လုပ်ငန်းရှင်များက အကြွေးပြန် ဆပ်ရန် အခက်အခဲ ရှိသည့်အတွက် နှစ်ရှည်တိုးမြှင့် ဆပ်ခွင့်ပေးရန် မွေး/ရေ၀န်ကြီးဌာနသို့ တင်ပြသွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် မွေးမြူရေး လုပ်ငန်းရှင် များက ပြောကြားသည်။

သမီးဖြစ်သူကို ရည်းစားကအဓမ္မကျင့်သည်ဟု အမှုဖွင့်လိုက်တဲ့ ဖခင်

၁၃ နှစ်အရွယ်သာရှိသေးသည့် သူ့သမီးငယ်ကိုရည်းစားဖြစ်သူက အဓမ္မကျင့်သည်ဟုစွပ်စွဲကာ ဖခင်ဖြစ် သူက တိုင်ကြားမှုတစ်ခုကို အင်းစိန်ရဲစခန်းက ဇူလိုင် ၂၂ ရက်က အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းရဲ တပ်ဖွဲ့မှူးရုံးမှ စုံစမ်းရရှိသည်။

နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် တရုတ်နိုင်ငံကလည်း ဖြေရှင်းပေးစေလိုဟု တရုတ်တပ်မတော် ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် တွေ့ဆုံစဉ် ကာကွယ်ရေးဦးစီးချုပ် ပြောကြား

မြန်မာ-တရုတ် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် တရုတ်နိုင်ငံ အနေဖြင့်လည်း ဖြေ ရှင်းပေးစေလိုဟု တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၊ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ General Fan Changlong နှင့် တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

ဆွာရက်ဇ်ကို ၄၀၀၀၀၀၁ပေါင်ဖြင့် အာဆင်နယ် ကမ်းလှမ်းထား


Photo: ဆွာရက်ဇ်ကို ၄၀၀၀၀၀၁ပေါင်ဖြင့် အာဆင်နယ် ကမ်းလှမ်းထား
Thursday, July 25, 2013

အာဆင်နယ်မှာ လီဗာပူး တိုက်စစ်မှူး ဆွာရက်ဇ်ကို ပေါင်သန်း ၄၀နှင့် တစ်ပေါင် ထပ်ဆောင်းပေး၍ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ကြောင်းသိရသည်။ အာဆင်နယ်သည် ဆွာရက်ဇ်အတွက် ပေါင်သန်း ၃၀ ဖြင့် စတင်ကမ်းလှမ်းခဲ့သော်လည်း ၎င်းတို့၏ ပထမအကြိမ် ကမ်းလှမ်းမှု ပယ်ချခံခဲ့ရပြီးနောက် ယခုကဲ့သို့ ပြောင်းရွှေ့ကြေး တိုးမြှင့်၍ ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

ယခု အပြောင်းအရွှေ့ကာလတွင် အာဆင်နယ်မှာ ဟီဂူအင်၊ ရွန်နီ၊ ဆွာရက်ဇ်စသည့် ကစားသမားများကို ခေါ်ယူရန် ပစ်မှတ်ထားခဲ့သော်လည်း ဟီဂူအင်ကို နာပိုလီက ယူရို ၃၇သန်းဖြင့် ခေါ်ယူနိုင်တော့မည်ဖြစ်ကာ ရွန်နီကိုလည်း မန်ယူမှ လက်လွှတ်ဖွယ်မရှိခြင်းကြောင့် ဆွာရက်ဇ်ကို အမိအရ ခေါ်ယူရန် ကြိုးပမ်းနေပြီးယခုကမ်းလှမ်းခဲ့သော ပြောင်းရွှေ့ကြေး
အရ လီဗာပူးအနေဖြင့် ဆွာရက်ဇ်ကို အသိပေးရမည်ဖြစ်သည်။ ဆွာရက်ဇ်မှာ မဲဘုန်းကို ၂ဂိုးပြတ် အနိုင်ရခဲ့သောပွဲစဉ်တွင် လူစားဝင် ကစားသွားခဲ့ပြီး အသင်းအတွက် ဒုတိယအနိုင်ဂိုး ဖန်တီပေးနိုင်ခဲ့ကာ အီဗန်နိုဗစ်ကို ကိုက်ခဲ့ သည့်အတွက် လီဗာပူး၏ ရာသီအ၀ ပွဲစဉ် ၆ပွဲကို လွဲချော်ရမည်ဖြစ်သည်။

http://yoyarlay.com/sport/football/36778-2013-07-24-16-56-02
ဇော်ထွန်း(ရိုးရာလေး)
အာဆင်နယ်မှာ လီဗာပူးတိုက်စစ်မှူး ဆွာရက်ဇ်ကို ပေါင်သန်း ၄၀နှင့် တစ်ပေါင် ထပ်ဆောင်းပေး၍

နှစ်ဖက် တွေ့ဆုံဆွေးနွေးပြီး ပြန်ကြားရေး ၀န်ကြီးဌာနမှ တင်မပေးသည့်အတွက် သတင်းမီဒီယာ ဥပဒေကြမ်းအား စာနယ်ဇင်းကောင်စီမှ လွှတ်တော်သို့ တိုက်ရိုက်တင်သွင်းရန် ဆုံးဖြတ်

media-july25
ပြန်ကြားရေး ဒုတိယ၀န်ကြီးများ၊ စာနယ်ဇင်း ကောင်စီနှင့် ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေး မှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီတို့ နေပြည်တော်၌ ဇူလိုင် ၂၄ ရက်က တွေ့ ဆုံဆွေးနွေးစဉ်
ပြန်ကြားရေး ၀န်ကြီးဌာနမှ ညီနောင်ဥပဒေအဖြစ် လွှတ်တော်သို့ တင်သွင်းပေးမည် ဟု ပြောဆိုခဲ့သော်

တနိုင်ငံလုံးအတိုင်းအတာ တိုင်းရင်းသားညီလာခံ ကျင်းပမယ်

ညီညွတ်သောတိုင်းရင်းသား ဖယ်ဒရယ်ရေးရာကောင်စီ
အရင်ကကျင်းပပြုလုပ်ခဲ့တဲ့ တိုင်းရင်းသားများ အစည်းအဝေး (Credit: ABC)
မြန်မာနိုင်ငံက ​တိုင်းရင်းသားစည်းလုံးညီညွှတ်မှုအပါအ၀င် ​ငြိမ်းချမ်းရေးနဲ့နိုင်ငံရေး ​ကိစ္စတွေ ကို ​ဆွေးနွေးဖို့အတွက် ​တနိုင်ငံလုံးအတိုင်းအတာ ​တိုင်းရင်းသားညီလာခံတရပ်ကို ​ထိုင်းနိုင်ငံ ​ချင်းမိုင်မြို့ မှာ ​၄ ​ရပ်ကြာ ​ကျင်းပသွားဖို့ရှိပြီး ​ကိုယ်စားလှယ်ပေါင်း ​၁၅၀ ​ကျော် ​တက်ရောက်ဖို့ရှိတယ်လို့ ​သိရပါ တယ်။

အလုပ်သမားရပိုင်ခွင့် စာစောင် လွှတ်တော်က ထုတ်ဝေမည်

Photo: အလုပ်သမားရပိုင်ခွင့် စာစောင် လွှတ်တော်က ထုတ်ဝေမည်

အလုပ်သမားဥပဒေ၊ နည်းဥပဒေတွေအပြင် အလုပ်သမားတစ်ဦးချင်းစီရဲ့ ရပိုင်ခွင့်တွေအကြောင်းရေးသားမယ့် အလုပ်သမားလက်စွဲစာစောင်ကို ပြည်ထောင်စု လွှတ်တော်က မကြာမီထုတ်ဝေဖို့ရှိတယ်လို့ RFA ကသိရပါတယ်။

ဒီစာစောင်ကို မကြာမီအချိန်အတွင်းမှာ အလုပ်သမားတွေရဲ့ လက်ထဲအရောက် ဖြန့်ချိတော့မှာဖြစ်တယ်လို့ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် နှစ်ရပ်ပေါင်းဖွဲ့စည်းထားတဲ့ အလုပ်သမား၊ အလုပ်ရှင်အခွင့်အရေး ပူးပေါင်းလေ့လာရေးကော်မရှင် အတွင်းရေးမှူးဖြစ်တဲ့ အလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောပါတယ်။

"အလုပ်သမားအခွင့်အရေးဟာ ဘယ်လောက်အထိ သူတို့မှာအခွင့်အရေးရှိတယ်ဆိုတာ မသိတဲ့အတွက် သူတို့သိဖို့အတွက်ကို အလုပ်သမားလက်စွဲစာစောင်ကို ပြည်ထောင်စုလွှတ်တော် နာယကက ထုတ်ဝေလိုတဲ့ဆန္ဒရှိတယ်၊ အဲဒီအတွက် ကျနော်တို့ပူပေါင်းကော်မရှင်အနေနဲ့ ဒီစာအုပ်ထုတ်ဝေရေးအဖွဲ့ကို ဖွဲ့ခဲ့တာဖြစ်တယ်၊ မကြာခင် အလုပ်သမားတွေကို ဖြန့်ဝေပေးမှာဖြစ်တယ်”

အလုပ်သမားလက်စွဲစာစောင် ထုတ်ဝေဖို့အတွက် ကုန်ကျစရိတ်ကို လွှတ်တော်ကထုတ်ပေးဖို့အတွက် အလုပ်သမား၊ အလုပ်ရှင်အခွင့်အရေး ပူးပေါင်းလေ့လာရေးကော်မရှင်က ပြည်ထောင်စုလွှတ်တော် နာယကထံ တင်ပြထားတယ်လို့ သိရပါတယ်။

ဒီစာစောင်ကို လွှတ်တော်ပုံနှိပ်တိုက်က ရိုက်နှိပ်ပေးဖို့အတွက် ကြိုးစားနေတယ်လို့ သိရပါတယ်။
အလုပ်သမားဥပဒေ၊ နည်းဥပဒေတွေအပြင် အလုပ်သမားတစ်ဦးချင်းစီရဲ့ ရပိုင်ခွင့်တွေအကြောင်းရေး သားမယ့် အလုပ်သမားလက်စွဲစာစောင်ကို ပြည်ထောင်စု လွှတ်တော်က မကြာမီထုတ်ဝေဖို့ရှိတယ်လို့ RFA ကသိရပါတယ်။

ကျောင်းသားတွေသေဆုံးမှုနဲ့ ကျောင်းအုပ် ဆရာမ အဖမ်းခံရ


အိန္ဒိယနိုင်ငံက ​ပြီးခဲ့တပတ်ကပဲ ​မူလတန်းကျောင်းက ​ကျောင်းသား​၂၃ယောက်လောက် ​သေဆုံးစေခဲ့တဲ့ ​အစာအဆိပ်ဖြစ်ခဲ့တာနဲ့ပတ်သက်ပြီးတော့ ​သံသယရှိသူ ​ကျောင်းအုပ်ဆရာမကို ​အိန္ဒိယရဲတွေက​ဖမ်းဆီး လိုက်ပြီလို့ ​သိရပါတယ်။

အသက် (၂၁) နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး အသတ်ခံရမှု တောင်ဒဂုံမြို့နယ်တွင် ဖြစ်ပွား

killed-july25
အလောင်းတွေ့ရှိသည့် ကွင်းပြင်အား တွေ့ရစဉ် (ဓာတ်ပုံ-မင်းသိန်းနိုင်)
တောင်ဒဂုံမြို့နယ်၊ ရွာသာကြီးရပ်ကွက်၌ အသက် ၂၁ နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ၎င်း သန္ဓေသားနှင့်အတူ ပုပ်ပွသေဆုံးလျက် တွေ့ရှိခဲ့ကြောင်း သိရသည်။

စာနယ်ဇင်းကောင်စီနဲ့ ပြန်ကြားရေး ဝန်ကြီးကြား တင်းမာမှုဖြစ်နေ

Myanmar's private daily newspapers sell on streets_20120402
ဇူလိုင်လ ​၂၄ ​ရက်နေ့ ​မနေ့တုန်းက ​ပြန်ကြားရေးဝန်ကြီးဌာန ​ဒုဝန်ကြီး ​ဦးရဲထွဋ်ကနေ ​သတင်းမီဒီယာ ​ဥပဒေကြမ်းထဲက ​အချက် ​၁၀ ​ချက်ကျော်ကို ​ပြင်ဆင်ပေးဖို့ ​ပြောခဲ့တာကို ​မြန်မာနိုင်ငံ ​စာနယ်ဇင်းကောင်စီ(ယာယီ)အဖွဲ့က ​မပြင်နိုင်ဘူးလို့ ​ပြောခဲ့တဲ့အတွက် ​တင်းမာတဲ့ ​အခြေအနေ ​ရှိနေ တယ်လို့ ​သိရပါတယ်။