Tuesday, July 30, 2013

မိုးသည်း ထန်မှုကြောင့် ထိုင်း-မြန်မာ အရှည်ဆုံး သစ်သား တံတားကျိုး

ထိုင်းနိုင်ငံရဲ့ အရှည်လျားဆုံး နာမည်ကျော် စံခလဘူရီသစ်သားတံတားဟာ မိုးသည်းထန် ရွာ သွန်းပြီး ရေတိုက်စားမှုကြောင့် မနေ့ညက ပြိုကျပျက်စီးသွားခဲ့ပါတယ်။ အရှည်(၄၄၀) မီတာကျော် ရှည်လျားတဲ့ ဒီတံတား ပျက်စီးသွားတဲ့အတွက် ဒေသခံ ကျောင်းသားကျောင်းသူတွေ၊ အလုပ်သမားတွေ သွားလာရေးမှာ အခက်တွေ့နိုင်သလို ဒီတံတားဟာ ခရီးသည်အများအပြား လာရောက်လည်ပတ် တဲ့ နေရာဖြစ်လို့ ထိုင်းနိုင်ငံအတွက် ၀င်ငွေထိခိုက်နိုင်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ရန်ကုန် တိုင်းမှ အာဏာပိုင် အဖွဲ့အချို့ အမတ်များ ကို အသိ အမှတ် မပြုဟု စွပ်စွဲခံရ

ရန်ကုန်တိုင်းအတွင်းရှိ အုပ်ချုပ်ရေးအာဏာပိုင် အဖွဲ့အစည်းများအချို့သည် လွှတ်တော်အမတ်များကို အများပြည်သူ အကျိုးစီးပွားအတွက် လုပ်ဆောင်ရာတွင် အသိအမှတ် မပြုမှုများရှိကြောင်း မြောက် ဥက္ကလာ မဲဆန္ဒနယ်မှ အောက်လွှတ်တော်အမတ် ဒေါက်တာသန်းဝင်းက ဇူလိုင် ၂၉ ရက်က စွပ်စွဲပြော ကြားလိုက်သည်။

ထိုင်း-မြန်မာနယ်စပ်မှာ ရေကြီးနေ

Photo: ထိုင်း-မြန်မာနယ်စပ်မှာ ရေကြီးနေ
Tuesday, July 30, 2013

အခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် ထိုင်းမြန်မာနယ်စပ်တစ်လျောက်က သောင်ရင်းမြစ်မှာ
ရေလျှံတက်လာပြီး မြစ်ကမ်းအနီးမှာရှိတဲ့ မြန်မာနိုင်ငံ မြ၀တီမြို့နဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့တွေမှာ ရေကြီးမှု ဖြစ်နေတဲ့အတွက် နေအိမ်တွေနဲ့ စာသင်ကျောင်းတွေ ရေနှစ်မြုပ်ပြီး ထောင်နဲ့ချီတဲ့ ဒေသခံ ပြည်သူတွေဟာ ရေဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ဇူလိုင် ၂၉  ရက် နေ့ က မြန်မာနိုင်ငံ မြ၀တီဖက်ခြမ်းမှာ ရေကြီးမှုကြောင့် ရေဘေးဒုက္ခရောက် နေကြတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ရေဘေးဒုက္ခသည်တစ်ယောက်က အခုလို ပြောပါတယ်။

ကျနော်တို့ မြ၀တီဘက်မှာဆိုရင် အမှတ်တစ် အလယ်တန်းကျောင်းပေါ့ ပိတ်သွားပြီ ကျန်တဲ့ မူလတန်းကျောင်း (၅)ကျောင်း (၆)ကျောင်းလောက်က ရေမြှုပ်နေတာပေါ့ ဒီနေ့က ဘယ်သူမှကျောင်းမသွားတော့ အကုန်လုံး ကျောင်းကပိတ်ထားပေရတာပေါ့ ကြံခင်းပိုင်းတပိုင်းလုံးမြှုပ်တယ် (၂)ထောင်လောက်တော့ ရှိမယ် ထင်တာပဲ အိမ်အလုံးရေပေါင်းပေါ့၊ အခက်အခဲကတော့ လူတွေကတော့ နေစရာထိုင်စရာပေါ့ သွားရေးလာရေး ကအရမ်းခက်ပါတယ်။

မြန်မာနိုင်ငံတစ်ဖက်ခြမ်းက ထိုင်းနိုင်ငံ မဲဆောက်မြို့မှာလည်း မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ စာသင်ကျောင်းတွေနဲ့ မြေနှိမ့်ပိုင်း အတော်များများမှာ ရေတွေဝင်လာတဲ့အတွက် ထိုင်းစာသင်ကျောင်းတချို့နဲ့ SAW လို့ခေါ်တဲ့ မြန်မာ အထက်တန်းကျောင်း အပါအ၀င် ကျောင်းအတော်များများ ပိတ်ထားလိုက်ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် သောင်ရင်းမြစ်ကမ်းနဘေးမှာ နေထိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ နေအိမ်တန်းလျားတွေမှာလည်း အိမ်ခေါင်မိုးလောက်ထိ ရေမြုပ်ခဲ့လို့ မနက်လင်းအားကြီးချိန် ကတည်းက ရေဘေးလွတ်ရာ ဘုန်းတော်ကြီးကျောင်းတွေမှာ ခိုလှုံနေကြရတယ်လို့လည်း သိရပါတယ်။

မဲဆောက်မြို့က မယ်တော်ရပ်ကွက်မှာရှိတဲ့ ဘုတ်ဖိုဘုန်းတော်ကြီးကျောင်းမှာတော့ ရေဘေးဒုက္ခရောက်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၉၀၀ ကျော် ခိုလှုံနေပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ဒီကျောင်းမှာ သတင်းသုံးနေတဲ့ ဦးဇင်းတစ်ပါးက အခုလို မိန့်ကြားပါတယ်။

ကမ်းနားတလျောက် နေအိမ်တွေမှာ ရေကြီးလို့ ရေဘေးဒုက္ခနဲ့ကြုံတွေ့တဲ့ အခါကြတော့ လာရောက်တာပါ။ လူဦးရေကတော့ ကိုးရာ တစ်ထောင်လောက် တော့ရှိပါတယ်။ စက်ရုံလုပ်သားတွေလည်းပါတယ် ရပ်ကွက်နေသူတွေလည်းပါပါတယ်။ 

ဇူလိုင် ၂၉  ရက်နေ့ညနေပိုင်းအထိ ရေပြန်မကျသေးပဲဖြစ်နေတဲ့အတွက် ရေဘေးဒုက္ခ သည်တွေ စားသောက်ဖို့ အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ဒေသမှာ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေတဲ့အတွက် မြန်မာနိုင်ငံတွင်းမှာလည်း မိုးသည်းထန်မှုတွေ၊ ရေကြီးမှုတွေ ဖြစ်နေတဲ့အကြောင်း ရေဒီယို သြစတေးလျ သတင်းထောက် သန်းကျော်စိုး က သတင်းပေးပို့ထားပါတယ်။

ABC Radio Australia
ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားတည်ရှိရာနေရာ တဝိုက်ရေကြီးနေပုံ (Credit: ABC)
အခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် ထိုင်းမြန်မာနယ်စပ်တစ်လျောက် က သောင်ရင်းမြစ်မှာ ရေလျှံတက်လာပြီး မြစ်ကမ်းအနီးမှာရှိတဲ့ မြန်မာနိုင်ငံ မြ၀တီမြို့နဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့တွေမှာ ရေကြီးမှု ဖြစ်နေတဲ့အတွက် နေအိမ်တွေနဲ့ စာသင်ကျောင်းတွေ ရေနှစ်မြုပ် ပြီး ထောင်နဲ့ချီတဲ့ ဒေသခံ ပြည်သူတွေဟာ ရေဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

မြန်မာ-တရုတ် ပိုက်လိုင်း စောင့်ကြည့်ရေး ကော်မတီမှ ဓာတ်ငွေ့ ပို့လွှတ်ရန် စီစဉ်နေခြင်းကို ကန့်ကွက်ကြောင်း သမ္မတထံ တင်ပြမည်

7.30.6
မန္တလေး Off-take Station တွင် မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှ သဘာဝဓာတ်ငွေ့ စီးဆင်းပုံအား ပြသထားစဉ်
မြန်မာ-တရုတ်ပိုက်လိုင်းနှင့်ပတ်သက်၍ နစ်နာမှုရှိသည့် ပိုက်လိုင်းတစ်လျှောက် ဒေသခံများနှင့် ပိုက်လိုင်း စောင့်ကြည့်ရေးကော်မတီမှ ဖြစ်ပေါ်လျက်ရှိသော ပြဿနာများကို ဖြေရှင်းမှုမရှိဘဲ ဓာတ်ငွေ့

Goal.com ၏ အကောင်းဆုံးဆု မက်ဆီ ဆွတ်ခူးခဲ့

Photo: Goal.com ၏ အကောင်းဆုံးဆု မက်ဆီ ဆွတ်ခူးခဲ့
Tuesday, July 30, 2013

ပြီးခဲ့သည့်ရာသီအတွက် Goal.com မှ ထုတ်ပြန်ခဲ့သည့် အကောင်းဆုံး ကစားသမား ၅၀စာရင်းတွင် မက်ဆီမှာ ထိပ်ဆုံးမှ ဦးဆောင်ခဲ့ပြီး
Goal 50 award ရရှိသွားခဲ့သည်။ မက်ဆီသည် ၂၀၁၂-၁၃ရာသီက ဘာစီလိုနာအတွက် ပြိုင်ပွဲစုံ ဂိုး ၆၀ သွင်းယူနိုင်ခဲ့ပြီး ဘောလုံးပြက္ခဒိန် တစ်နှစ်တာအတွင်း ၉၁ဂိုး သွင်းယူကာ ဂတ်ဒ်မူလာ၏ စံချိန်ကိုကျော်ဖြတ်နိုင်ခြင်း၊ လာလီဂါ ၁၉ပွဲဆက်ဂိုးသွင်းနိုင်ခဲ့ကာ
ပြိုင်ဘက်အသင်းတိုင်းကို ဂိုးသွင်းယူနိုင်သည့် ကစားသမားဖြစ်ခဲ့ခြင်း စသည့် စွမ်းဆောင်မှုများကြောင့် ယခုကဲ့သို့ ဆုရခဲ့ခြင်းဖြစ်သည်။

မက်ဆီသည် ၂၀၀၉၊ ၂၀၁၁ ခုနှစ်များတွင် အဆိုပါဆုဆွတ်ခူးနိုင်ခဲ့ပြီး
ရော်နယ်ဒိုနှင့် တူညီနေရာမှ ယခုအခါတွင် တတိယအကြိမ်မြောက် ဆုရခဲ့ပြီး ရော်နယ်ဒိုကို ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။ ဆုရရှိခြင်းနှင့် ပတ်သက်၍ မက်ဆီက“ အခု ကျွန်တော် အရမ်းစိတ်လှုပ်ရှားနေပါတယ်။ ကစားသမား တစ်ယောက်အနေနဲ့ တစ်ရာသီလုံး ကြိုးစားကစားရမှာဖြစ်ပြီး ဒါဟာ တစ်ဦးချင်း အောင်မြင်မှုရဖို့ မဟုတ်ပါဘူး။ ဒါပေမဲ့ တစ်ဦးချင်း ထူးချွန်ဆုတွေ ရရင်တော့ ဒါဟာ ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုတာပါပဲ”ဟု ပြောခဲ့သည်။

ယခု ထုတ်ပြန်ခဲ့သည့် ကစားသမား ၅၀စာရင်းတွင် ပြီးခဲ့သည့်ရာသီက ဘိုင်ယန်နှင့်အတူ ဖလားသုံးလုံး အောင်မြင်မှု ရယူနိုင်ခဲ့သည့် ရစ်ဘာရီမှာ ဒုတိယနေရာ ရပ်တည်ခဲ့ပြီး ဆုနှစ်ကြိမ် ရခဲ့ဖူးသည့် ရော်နယ်ဒိုမှာမူ တတိယနေရာ၌ ရှိနေခဲ့သည်။ ထို့အပြင် ကစားသမား ၅၀စာရင်းတွင် ပါဝင်သည့် တစ်ဦးတည်းသော အင်္ဂလန် ကစားသမားမှာ ပြီးခဲ့သည့် ရာသီက ချဲလ်ဆီးနှင့်အတူ ခြေစွမ်းပြခဲ့သည့် လမ်းပတ်ဖြစ်သည်။

ရိုးရာလေး
http://yoyarlay.com/sport/football/36860-goal-com
ပြီးခဲ့သည့်ရာသီအတွက် Goal.com မှ ထုတ်ပြန်ခဲ့သည့် အကောင်းဆုံး ကစားသမား ၅၀စာရင်းတွင် မက်ဆီမှာ ထိပ်ဆုံးမှ ဦးဆောင်ခဲ့ပြီး Goal 50 award ရရှိသွားခဲ့သည်။ မက်ဆီသည် ၂၀၁၂-၁၃ရာသီက

မြ၀တီတွင် သုံးနှစ်အတွင်း အဆိုးရွားဆုံး ရေလွှမ်းမိုးမှုကြောင့် လူသောင်းချီ ရေဘေးသင့်

7.30.10
မြ၀တီမြို့ အတွင်း ရေကြီးရေလျံမှု ဖြစ်ပေါ်နေစဉ်
မိုးရက်ဆက် ရွာသွန်းမှုကြောင့် သောင်ရင်းမြစ်ရေ မြင့်တက်ကာ သုံးနှစ်အတွင်း အဆိုးရွား ဆုံး ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး လူသောင်းနှင့်ချီ၍ ရေဘေးသင့်နေကြောင်း သိရသည်။

ရိုဟင်ဂျာတွေ ခိုလှုံခွင့်မတောင်းခဲ့ဘူးလို့ အရှေ့တီမောဆို


မြန်မာနိုင်ငံကနေ ရှောင်တိမ်းခဲ့ကြတဲ့ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ အင်ဒိုနီးရှားနဲ့ အရှေ့ တီမောနိုင်ငံမှာ သောင်တင်တာတွေရှိခဲ့ (Credit: ABC) 
အရှေ့တီမောနိုင်ငံကို ​လှေတွေနဲ့ ​ရောက်ရှိလာတဲ့ ​ခိုလှုံခွင့်တောင်းလိုသူ ​ရိုဟင်ဂျာတွေကို ​အရှေ့ တီမောနိုင်ငံက ​လက်မခံပဲ ​အင်ဒိုနီးရှားပိုင်နက်ထဲ ​ပြန်သွားဖို့ ​ပြောခဲ့တယ်ဆိုတဲ့အပေါ် ​အရှေ့တီမော အစိုးရက ​ငြင်းပယ်လိုက်ပါတယ်။

Monday, July 29, 2013

ညစ်ညမ်း ဗီဒီယိုဖိုင်ကို ပရိုဂျက်တာနှင့် ပြသသည့် သတင်း မဟုတ်မှန်ဟု သန်လျင် နည်းပညာ တက္ကသိုလ် ကျောင်းသား/သူများ ရှင်းလင်း

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ နည်းပညာတက္ကသိုလ်တွင် ဖြစ်ပွားခဲ့သည့် ကျောင်းသား/

ခေါင်းကိုက်ခြင်းကို သက်သာစေမည့် နည်းလမ်း (၁၀) ချက်

Photo: ခေါင်းကိုက်ခြင်းကို သက်သာစေမည့် နည်းလမ်း (၁၀) ချက်
 Monday, July 29, 2013

ခေါင်းကိုက်ခြင်းဟာ အလွန် အဖြစ်များတဲ့ နာကျင်မှု ဖြစ်ပြီး လူတိုင်း လိုလို ခေါင်းကိုက် ဖူးကြ ပါတယ်။
ခေါင်းကိုက်ခြင်းကို ဖြစ်စေ နိုင်တဲ့ အကြောင်းရင်းတွေ အများကြီးရှိပြီး ဖိစီးမှု ကတော့ အဓိက ကျတဲ့ အကြောင်းအရင်း တစ်ခုပါ။ ခေါင်းကိုက် စေတဲ့ နောက်ခံ အကြောင်းအရင်း ရောဂါ ကြီးကြီးမားမား မရှိရင်တောင် နေ့စဉ် ဘဝမှာ သင့်ရဲ့ လုပ်ဆောင်မှု အမျိုးမျိုးကြောင့် ခေါင်းကိုက် လာတတ်ပါတယ်။ ဥပမာသင်ဟာ ကွန်ပျူတာ ရှေ့မှာ အချိန် အကြာကြီး အလုပ်လုပ် နေရင် ခေါင်းကိုက် လာနိုင်ချေ များပါတယ်။

ဒါကြောင့် သင်ခေါင်းကိုက် လာတဲ့အခါ ဘာကြောင့် ခေါင်းကိုက် တာလဲ ဆိုတဲ့ အကြောင်း ရင်းကို ရှာဖွေ စစ်ဆေးပြီး သင့်ရဲ့ အနေအထိုင် အပြုအမူ တွေကို လိုအပ်သလို ပြုပြင် ပြောင်းလဲ သင့်ပါတယ်။ အောက်ပါ အကြံပြုချက် တွေက ခေါင်းကိုက်တာကို သက်သာစေမယ့် အကြံပြုချက် ရိုးရိုးလေး တွေပါ။

၁။ကိုယ်ဟန် အနေအထား မမှန်ရင် ဖိစီးမှုကြောင့် ဖြစ်တဲ့ ခေါင်းကိုက်ခြင်း (Tension Headache) ဖြစ်စေ ပါတယ်။ ဒါကြောင့် ကိုယ်ဟန် အနေအထား မှန်ကန်အောင် ထိန်းသိမ်းဖို့ အရေးကြီး ပါတယ်။ လည်ပင်းနဲ့ ပခုံးက ကြွက်သား တွေဟာ ကိုယ်ဟန် အနေအထား မမှန်ရင် တင်းတောင့် နေတဲ့ အတွက်ကြောင့် အလုပ်ချိန်မှာ ကိုယ်ဟန်နေအထား မှန်ကန်ဖို့ သတိထား သင့်ပါတယ်။ ဒီလိုကြွက်သားတွေ တင်းမာ ဖိစီးမှုကြောင့် ခေါင်းကိုက်တာ အတွက်တော့ ဆွဲဆန့် လေ့ကျင့်ခန်း လုပ်ပေးတာ အကောင်းဆုံး ဖြေရှင်း နည်းပါပဲ။

၂။စိုစွတ်တဲ့ အပူဟာ ခေါင်းကိုက်တာကို သက်သာ စေပါတယ်။ ရေနွေးထဲမှာ တစ်ဘက် တစ်ထည်ကို စိမ်ပြီး ရေညှစ်ပါ။ ပြီးရင် နာကျင်တဲ့ နေရာပေါ် အုပ်ထားပါ။

၃။အမျိုးသမီး တွေဟာ ရာသီ မလာခင်ရက်မှာ ခေါင်းကိုက် တတ်ပါတယ်။ ဒီလို ခေါင်းကိုက်တဲ့ ပုံစံကတော့ မျက်စိတွေရဲ့ နောက်ဘက်နားမှာ နာကျင်မှု ခံစားရတာပါ။ ဒီအတွက်တော့ အမျိုးသမီး တွေဟာ ဇင့်ဓာတ်ကြွယ်ဝတဲ့ အစာတွေကို စားသင့်ပါတယ်။ အဆီ နည်းတဲ့ အသားကို စားနိုင်ပါတယ်။

၎။ခေါင်းကိုက် တာကို ဖြစ်စေတဲ့ အဓိက အကြောင်း ကတော့ ဖိစီးမှုပါ။ ဒါကြောင့် သင်ဟာ ဖြေလျှော့ အနားယူဖို့ လိုအပ်ပါတယ်။ လုံလောက်အောင် အိပ်စက် အနားယူဖို့လည်း အရေးကြီး ပါတယ်။ အလုပ်ကိုလည်း ဆက်တိုက် အကြာကြီး မလုပ်ဘဲ ခဏတစ်ဖြုတ် နားပေးဖို့လိုအပ်ပါတယ်။

၅။ဖိစီးမှုကြောင့် ဖြစ်တဲ့ ခေါင်းကိုက်တဲ့ အခါ နာကျင်မှုဟာ လည်ပင်းနဲ့ ပခုံးတွေကို ပျံ့နှံ့သွားပြီး တော်တော်လေး မသက်မသာ ခံစားရတတ် ပါတယ်။ ဒီလို ခေါင်း ကိုက်ခြင်းမျိုး အတွက်တော့ အနှိပ်ခံရင် သက်သာစေ ပါတယ်။ ဖိစီးမှုတွေ ပြေပျောက် စေဖို့ ဦးခေါင်းနဲ့ ပခုံးတွေကို ညင်ညင် သာသာ နှိပ်နယ်ပေးပါ။

၆။အစာမစားဘဲ နေတာဟာလည်း ခေါင်းကိုက်စေနိုင်ပါတယ်။ ဒါကြောင့် အစာကို အချိန် မှန်မှန်စားဖို့ အရေးကြီးပါတယ်။

၇။ရေများများ သောက်ပါ။ ရေဟာ ခန္ဓာကိုယ်ကို အေးမြစေပြီး ခေါင်းကိုက်တာကို သက်သာ စေပါတယ်။ နေ့စဉ် အနည်းဆုံး ရေ (၈) ဖန်ခွက် သောက်ပါ။

၈။လဲလျောင်း နေပါ။ ပြီးရင် လည်ပင်း၊ ပခုံးနဲ့ နားထင်တွေမှာ ရေခဲကပ်ပါ။ ဒါဟာ သင့်ကို ဖြေလျှော့ အနားရစေပြီး ခေါင်းကိုက် သက်သာ စေပါတယ်။

၉။အကိုက်အခဲ ပျောက်ဆေး တွေက ခေါင်းကိုက် သက်သာ စေပါတယ်။ ဒါပေမယ့် ခဏခဏ ခေါင်းကိုက်တိုင်း အကိုက်အခဲ ပျောက်ဆေး အမြဲလိုလို သောက်နေတာဟာ မကောင်းပါဘူး။ သင့်မှာ အစာအိမ် အနာရောဂါ အပါအဝင် တခြား ကျန်းမာရေး ပြဿနာတွေ ရှိရင် ဆရာဝန် ညွှန်ကြားမှသာ အကိုက်အခဲ ပျောက်ဆေး သောက်ပါ။

၁၀။ခေါင်းတစ်ခြမ်းကိုက် ရောဂါ ရှိသူတွေ ကတော့ သူတို့စားတဲ့ အစာတွေကို မှတ်တမ်း ထားဖို့ လိုပါတယ်။ တစ်ချို့ အစားအစာ တွေကြောင့် ခေါင်းတစ်ခြမ်း ကိုက်တာကို ဖြစ်စေ နိုင်တဲ့ အတွက် ဘယ်လို အစားအစာ တွေကြောင့် သင့်ခေါင်းကိုက် တတ်တယ်ဆိုတာ မှတ်သားပြီး ရှောင်ကြဉ်ဖို့ လိုပါတယ်။

Ref: Shade The Mandalay Hill
မြ၀တီ
ခေါင်းကိုက်ခြင်းဟာ အလွန် အဖြစ်များတဲ့ နာကျင်မှု ဖြစ်ပြီး လူတိုင်း လိုလို ခေါင်းကိုက် ဖူးကြ ပါတယ်။
ခေါင်းကိုက်ခြင်းကို ဖြစ်စေ နိုင်တဲ့ အကြောင်းရင်းတွေ အများကြီးရှိပြီး ဖိစီးမှုကတော့ အဓိကကျတဲ့

အစိုးရ သတင်းစာတွင် နိုင်ငံသား အကျဉ်းသားဟု သုံးနှုန်းခြင်းမှာ ပြန်ကြားရေး ၀န်ကြီးဌာန၏ သုံးနှုန်းခြင်းဖြစ်ကြောင်း သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း ပြောသည်ဟုဆို

ဇူလိုင်၂၄ ရက်ထုတ် အစိုးရ သတင်းစာများတွင် နိုင်ငံရေး အကျဉ်းသားများကို နိုင်ငံသား အကျဉ်းသား ဟု သုံးနှုန်းခြင်းမှာ ပြန်ကြားရေး ၀န်ကြီးဌာန၏ သုံးနှုန်းခြင်းဖြစ်ကြောင်း လက်ကျန်နိုင်ငံရေး အကျဉ်း

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး၊ လူ့အခွင့်အရေးနှင့် ပတ်သက်ပြီး သံသယရှိသည့် ဗြိတိန်နိုင်ငံအောက်လွှတ်တော် ဥက္ကဋ္ဌ မြန်မာနိုင်ငံသို့ တစ်ပတ်ကြာလာရောက်မည်

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး၊ လူအခွင့်အရေးနှင့် ပတ်သက်ပြီး သံသယရှိသည့် ဗြိတိန်နိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ Mr.John Bercow ခေါင်ဆောင်းသော ကိုယ်စားလှယ် အဖွဲ့သည် တစ်ပတ်ကြာ လာရောက်မည်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြို့ပြနှင့်ကျေးလက် လူနေမှု အဆင့်အတန်း ကွာဟချက် အလွန်ကြီးမားလာသည်ဟု သမ္မတဦးသိန်းစိန် ပြောကြား

7.28.3
ဇွန် ၂၇ ရက်က နေပြည်တော် ကောင်စီနယ်မြေရှိ စက်မှုလယ်ယာ စံပြစိုက်ခင်းသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သွားရောက်လေ့လာစဉ် (ဓာတ်ပုံ-သမ္မတရုံးဝက်ဘ်ဆိုက်)
မြို့ပြနှင့် ကျေးလက်လူနေမှု အဆင့်အတန်း ကွာဟချက် အလွန်ကြီးမားလာသည်ဟု သမ္မတဦးသိန်းစိန်

Sunday, July 28, 2013

စူပါဖလားပွဲတွင် ချန်ပီယံလိဂ် ရှုံးကြွေးပြန်ဆပ်ခဲ့တဲ့ ရဲရဲတောက် ဒေါ့မွန်

ဂျာမန် စူပါဖလားပွဲမှာ ရှုံးကြွေးပြန်ဆပ်ခဲ့တဲ့ ရဲရဲတောက် ဒေါ့မွန်ဂွာဒီယိုလာနဲ့ ဘိုင်ယန်အတွက် အဖွင့်ကြမ်းခဲ့တယ်လို့ ဆိုရ မလောက်အောင် ဂျာဂျန်ကလော့နဲ့ ဒေါ့မွန်ရဲ့ ရဲရဲတောက် တိုက်ကွက်က
အလုပ်ဖြစ်ခဲ့ပါတယ်။ ဂျာမန် ဘောလုံးပြိုင်ပွဲရဲ့ ချိန်ခွင်လျာအတွက် ပထမဆုံး ပြိုင်ပွဲဖြစ်တဲ့ ဘိုင်ယန်နဲ့ ဒေါ့မွန်တို့ရဲ့ စူပါဖလားပွဲမှာ ဒေါ့မွန်တို့ ဂိုးပြတ်အနိုင်ရခဲ့တာဟာ မာကိုရက်စ်ရဲ့ ပွဲချိန်အစပိုင်းသွင်းဂိုးနဲ့ သက် ဆိုင်ခဲ့ပြီး ဒီဂိုးကို မာကိုရက်စ်က အပိုင်ခေါင်းတိုက် သွင်းခဲ့တာဖြစ်ပါတယ်။

စာမေးပွဲဖြေသော ကျောင်းသား၏ဖုန်း လုံခြုံရေးခိုးယူဟုဆို

လှိုင်မြို့နယ် တက္ကသိုလ်များနယ်မြေ MICT Park ဝင်းတွင် MCC-AIT အင်ဂျင်နီယာသင်တန်း စာမေးပွဲ ဖြေဆိုနေသော ကျောင်းသားတစ်ဦး၏ လက်ကိုင်ဖုန်းကို တာဝန်ကျ လုံခြုံရေးက ခိုးယူ ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

သင်္ကန်းဝတ်ဖြင့် အရက်သောက်သူနှစ်ဦးကို လူဝတ်လဲ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့တွင် သင်္ကန်းဝတ်ဖြင့် အရက်သောက် မူးယစ်နေသူ နှစ်ဦးကို လူဝတ်လဲ အရေးယူထားကြောင်း မိတ္ထီလာမြို့ ဂိုဏ်းပေါင်းစုံ သာသနာတော် ထိန်း သိမ်း စောင့်ရှောက်ရေး အဖွဲ့မှ တာဝန်ရှိ ဆရာတော်တစ်ပါးက The Voice သို့ မိန့်ကြားသည်။

Saturday, July 27, 2013

ငွေ ၁၀ သိန်းစီဖြင့် ခေါင်းဖြတ် လူသတ်ခဲ့သူများ စရန် တစ်သိန်းစီသာ ရပြီး အဖမ်းခံရ

တွံတေးမြို့နယ် ကြည်တန်းကျေးရွာ ကွမ်းခြံ စိုက်ခင်းအတွင်း အသက် ၅၇ နှစ် အရွယ် ဒေါ်သန်းစိန် (ခ) ဒေါ်သန်းမြင့် ခေါင်းဖြတ် အသတ်ခံရမှုတွင် ပြစ်မှု ကျူးလွန်ခဲ့သည်ဟု ယူဆရသည့် လူ နှစ်ဦးမှာ ငွေကျပ် ၁၀ သိန်းစီ ရမည်ဟု ဆို၍ လူသတ်ရန် သဘောတူခဲ့သော်လည်း စရန်ငွေ တစ်သိန်း စီသာ လက်ခံ ရရှိသေးသည်ဟု ထွက်ဆိုခဲ့ကြောင်း တွံတေးမြို့နယ် ရဲစခန်းထံမှ စုံစမ်းသိရှိ ရ သည်။

ဆက်သွယ်ရေးဝန်ကြီး အယောင်ဆောင်ပြီး ငွေကျပ် ၅၁ သိန်း လိမ်လည်

သူ့ကိုယ်သူ ဆက်သွယ်ရေးဝန်ကြီးဟု မိတ်ဆက်ပြီး ဖုန်းဆက်ကာငွေကျပ် ၅၁သိန်း လိမ်လည်ရယူ သွားခဲ့မှုကို ဒေါပုံရဲစခန်းတွင် ဇူလိုင် ၂၄ ရက်က အမှုဖွင့်တိုင်တန်းထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ မှုခင်းသတင်းထုတ်ပြန်သည်။

လိင်တူချစ်သူတွေ အရှက်ခွဲခံရမှု လူ့အခွင့်အရေး ကော်မရှင်ထံတိုင်ကြား

မန္တလေးမြို့မှာ လိင်တူချစ်သူတွေကို ရဲကဖမ်းဆီးခဲ့ပြီး ဥပဒေမဲ့လုပ်ရပ်တွေ ကျူးလွန်တာကြောင့် လိင်တူ ချစ်သူ ကိုယ်စားလှယ်တွေဟာ ရန်ကုန်မြို့မှာရှိတဲ့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော် မရှင်ကို ဒီနေ့ လာရောက်တိုင်ကြားခဲ့ကြပါတယ်။

အာဆင်နယ်သို့ပြောင်းရွှေ့ပါက မှားလိမ့်မည်ဟု ဆွာရက်ဇ်အား ရော့ဂျာ သတိပေး



Photo: အာဆင်နယ်သို့ပြောင်းရွှေ့ပါက မှားလိမ့်မည်ဟု ဆွာရက်ဇ်အား ရော့ဂျာ သတိပေး
Saturday, July 27, 2013

အသက်(၂၆)နှစ်ရှိ ဥရုဂွေး လက်ရွေးစင်သည် လီဗာပူးလ်နှင့် ချုပ်ဆိုထားသော စာချုပ်အရ ပေါင်စတာလင် သန်း(၄၀)နှင့်အထက် ကမ်းလှမ်းမှု တစ်ခုရှိလာလျှင် အဆိုပါ အသင်းနှင့် ဆွေးနွေးခွင့်ရမည်ဆိုသော အချက်ကို ထည့်သွင်း သဘောတူညီထား

လီဗာပူးလ်အသင်း မန်နေဂျာ ဘရန်ဒန် ရော့ဂျာက တိုက်စစ်မှူး လူးဝစ်ဆွာ ရက်ဇ် အနေဖြင့် အ သင်းကို ကျောခိုင်းပြီး အာဆင်နယ်သို့ ပြောင်းရွှေ့ပါက အမှားကြီး မှားလိမ့်မည်ဟု သတိပေး ပြောဆိုလိုက်သည်။ အသက်(၂၆)နှစ်ရှိ ဥရုဂွေး လက်ရွေးစင်သည် လီဗာပူးလ်နှင့် ချုပ်ဆိုထားသော စာချုပ်အ ရ ပေါင် စတာလင် သန်း(၄၀)နှင့်အထက် ကမ်းလှမ်းမှု တစ်ခုရှိလာလျှင် အဆိုပါ အ သင်းနှင့် ဆွေးနွေးခွင့်ရမည်ဆိုသော အချက်ကို ထည့်သွင်း သဘောတူညီထား သည်။အာဆင်နယ်သည် အဆိုပါ အချက်ကို အခွင့်ကောင်းယူ ကာ ပေါင်စ တာလင် သန်း(၄၀)အပြင် ငွေသား(၁)ပေါင် ထပ်ပေးကာ ဆွာရက်ဇ်ကို ကမ်းလှမ်းထားသည်။ လီဗာပူးလ်က ဆွာရက်ဇ်ကို မရောင်းနိုင်ဟု ငြင်းဆို ထားသော်လည်း အကယ်၍ ကစားသမားကသာ အသင်းပြောင်းခွင့် တောင်း ဆိုလာလျှင် စာချုပ်သတ်မှတ်ချက် စတင်အကျုံးဝင်ပြီး လီဗာပူးလ်အတွက် ယခုကိစ္စကို ကိုင်တွယ်ရန် ခက်ခဲသွားမည် ဖြစ်သည်။

ကျွန်တော်က အသင်းကို ဘယ်လို တည်ဆောက်ရမယ်၊ ဘယ်လို မြှင့်တင် ကြိုးစားရမယ် ဆိုတာကို သိပါတယ်။ ရိုးရိုးသားသား ပြောရအောင်။ လီဗာပူးလ်က ကစားသမားတစ်ယောက် အာဆင်နယ်ကို ပြောင်းသွားတာ တိုးတက်မှုတစ်ခုပဲလား။ ကျွန်တော်တို့ မသေချာဘူးလေ။ အာဆင်နယ်ဟာ သူတို့ရဲ့ ကိုယ်ပိုင် သမိုင်းကြောင်းနဲ့ ခန့်ထည်မှု ရှိခဲ့တယ်။ ဒါပေမဲ့ လီဗာပူးလ်ဟာ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး အသင်းတစ်ခုပါ။ လောလောဆယ် ကျွန်တော်တို့ ချန်ပီယံလိဂ် ကစားခွင့် မရထားဘူး။ ဒါပေမဲ့ အဲဒီအဆင့်နဲ့ ဝေးကွာလွန်းနေတာ မဟုတ်ပါဘူး။ ရှေ့တစ်လှမ်း တိုးပြီး စိန်ခေါ်မှု တစ်ခုအတွက် အသင့်ဖြစ်နေပါပြီဟု ပြောကြားခဲ့သည်။

၎င်းက ချန်ပီယံလိဂ် ကစားခွင့် မရတာဟာ ဆွာရက်ဇ်အတွက် ခက်ခဲပါတယ်။ ဒါကို ကျွန်တော် နားလည်တယ်။ အထူးသဖြင့် တခြားအသင်းတစ်ခုက ကိုယ့်ကို လိုချင်နေတာ သိရင် ပိုခက်ခဲလာတတ်တယ်။ ဒါပေမဲ့ ဆွာရက်ဇ်ဟာ လီဗာပူးလ် ရဲ့ ရပ်တည်မှုနဲ့ အခြေအနေကို နားလည်ဖို့လိုတယ်။ ဘာတွေ ဖြစ်လာမယ် ဆိုတာကိုတော့ ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ။ ဒါပေမဲ့ ကိစ္စတစ်ခုခုကို အကြာကြီး အချိန်ဆွဲနေတာမျိုးတော့ မဖြစ်စေချင်ဘူးဟုလည်း ဆိုသည်။ ဆွာရက်ဇ်သည် လက်ရွေးစင် အသင်းနှင့်အတူ ကွန်ဖက်ဒရေးရှင်းဖလား ကစားခဲ့ရသည့်အတွက် အပိုဆောင်း နားရက်ယူခဲ့ပြီး ယခုအခါတွင်မူ ဩစတြေးလျတွင် လေ့ကျင့်ခန်း ဆင်းနေသည့် အသင်းတွင် ပြန်လည် ပူးပေါင်းနေပြီ ဖြစ်သည်။

သတင်းထောက်များက ဆွာရက်ဇ် အနေဖြင့် အသင်းပြောင်းရန် အတင်းအ ကျပ် တောင်း ဆိုမှု ရှိလာပါက အမှားတစ်ခု ဖြစ်နိုင် မဖြစ်နိုင် မေးမြန်း ရာ ရော့ဂျာက (၁၀၀)ရာခိုင်နှုန်း သေချာတာပေါ့။ ဆွာရက်ဇ်ဟာ သူ့ကို ဝန်းရံပြီး တည်ဆောက်ထားတဲ့ အသင်းတစ်ခုအတွက် ကစားနေရတာပါ။ သူ့ရဲ့ စွမ်းအားကို မြှင့်တင်ပေးနိုင်မယ့် ကစားသမားသစ် တချို့ကိုလည်း ကျွန်တော် ခေါ်ပေးခဲ့တယ်။ ကျွန်တော်တို့ကတော့ သူ့ကို အသင်းမှာ ဆက်ရှိစေချင်ပါတယ်။ ခုချိန်မှာ ဆွာရက်ဇ်ဟာ လီဗာပူးလ် ကစားသမားတစ်ယောက် ဖြစ်နေဆဲပါ။ ဒါကို ကျွန်တော်တို့ဘက်က အလေးအနက် တန်ဖိုးထားပါတယ်ဟု ဖြေဆိုသွားသည်။

Planet Myanmar Network
အသက်(၂၆)နှစ်ရှိ ဥရုဂွေး လက်ရွေးစင်သည် လီဗာပူးလ်နှင့် ချုပ်ဆိုထားသော စာချုပ်အရ ပေါင် စတာလင် သန်း(၄၀)နှင့်အထက် ကမ်းလှမ်းမှု တစ်ခုရှိလာလျှင် အဆိုပါ အသင်းနှင့် ဆွေးနွေးခွင့် ရမည် ဆိုသော အချက်ကို ထည့်သွင်း သဘောတူညီထား

ထိုင်းနိုင်ငံသားအဖြစ် ခံယူထားပြီး တရားမ၀င် ပြန်ဝင်လာသည့် ယခင်မြန်မာ နိုင်ငံသားအား ဥပဒေအရ အရေးယူပြီး၍ ပြည်နှင်ဒဏ်ပေး

7.26.18
စိုင်းဆုတ်အား ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့သို့ ပြန်လည်လွှဲပြောင်း ပေးအပ်နေစဉ် (ဓာတ်ပုံ-မျိုးမင်းထက်)
ထိုင်းနိုင်ငံသားအဖြစ် ခံယူထားပြီး တရားမ၀င် ပြန်လည်ဝင်လာသည့် Somchai Rakyodying (ခ)

ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်တွင် ယာဉ်မတော်တဆမှုကြောင့် ခုနစ်လအတွင်း ၈၄ ဦးအထိ သေဆုံး

ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်တွင် ယာဉ်မတော်တဆမှုများကြောင့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီမှ ဇူလိုင် လ နှောင်းပိုင်းအထိ ခုနှစ်လတာ ကာလအတွင်း သေဆုံးသူ ၈၄ ဦးထိ ရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ ထုတ်ပြန်ချက်များအရ သိရသည်။

ပြိုင်ပွဲဖျက်သိမ်းလိုက်လို့ အသက် ၃၉ နှစ်အရွယ် ပရိသတ်တစ်ဦးနဲ့ မတွေ့ဆုံခဲ့ရတဲ့ တေလာဆွစ်ဖ်



Photo: ပြိုင်ပွဲဖျက်သိမ်းလိုက်လို့ အသက် ၃၉ နှစ်အရွယ် ပရိသတ်တစ်ဦးနဲ့ မတွေ့ဆုံခဲ့ရတဲ့ တေလာဆွစ်ဖ်
Saturday, July 27, 2013

အမေရိကန်ကျေးလက်အဆိုတော်မလေး တေလာဆွစ်ဖ်ဟာ FM တစ်ခုကပြုလုပ်တဲ့ တေလာဆွစ်ဖ်နဲ့ အကြီးကျယ်ဆုံးပရိသတ်များ တွေ့ဆုံပွဲ ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြုလုပ်ခဲ့တဲ့ပွဲမှာ ပြိုင်ပွဲဖျက်သိမ်းလိုက်လို့ အသက် ၃၉ နှစ်အရွယ် ကျေးလက်သူဌေးသားတစ်ဦးနဲ့ လွဲချော်ခဲ့ရတယ်လို့ သိရပါတယ်။

ဘော်စတွန်မြို့က KISS FM ကနေပြုလုပ်တဲ့ ဒီအစီအစဉ်မှာ ကံထူးတဲ့ပရိသတ်တစ်ဦးဟာ တေလာဆွစ်ဖ် ကိုကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံခွင့်ရမှာဖြစ်တာကြောင့် ပရိသတ်များစွာပါဝင်ခဲ့ကြပါတယ်။
အသက် ၃၉ နှစ်အရွယ်ရှိ အဆိုပါပရိသတ်ဟာ တေလာရဲ့ဆံပင်တွေကို ကင်မရာတွေရှေ့မှာ နမ်းရှုပ်ချင် တယ်လို့ဆိုခဲ့တယ်လို့ သိရပါတယ်။ 

ဒါ့ကြောင့်ဒီပွဲကို ကမကထပြုလုပ်တဲ့ KISS FM က သူတို့ရဲ့စည်းမျဉ်း စည်းကမ်းနဲ့ ကိုက်ညီမှုမရှိတာကြောင့် ဒီပွဲကိုဖျက်သိမ်းဖို့ ဆုံးဖြတ် ရခြင်းဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပြီး အမြဲ တမ်းအားပေးနေတဲ့ပ ရိသတ်တွေနဲ့ ပါဝင်ယှဉ်ပြိုင်ကြတဲ့ ပရိသတ်တွေအားလုံးကို အနူးအညွတ်တောင်း ပန် ကြောင်းထုတ်ပြန်ခဲ့ပါတယ်။

အောင်သုတ
မဇ္ဈိမ
အမေရိကန်ကျေးလက်အဆိုတော်မလေး တေလာဆွစ်ဖ်ဟာ FM တစ်ခုကပြုလုပ်တဲ့ တေလာဆွစ်ဖ်နဲ့ အကြီးကျယ်ဆုံးပရိသတ်များ တွေ့ဆုံပွဲ ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြုလုပ်ခဲ့တဲ့ပွဲမှာ ပြိုင်ပွဲဖျက်သိမ်းလိုက်လို့ အသက် ၃၉ နှစ်အရွယ် ကျေးလက်သူဌေးသားတစ်ဦးနဲ့ လွဲချော်ခဲ့ရတယ်လို့ သိရပါတယ်။

ရာဇာမင်း ခရီးသည်တင်ယာဉ်ကို လက်နက်ကိုင် ဓားပြတိုက်မှုတွင် ဦးဆောင်သူနှင့် အပေါင်းပါ သုံးဦးအား ရုံးတင်စစ်ဆေးတော့မည်

7.25.19
ဇူလိုင် ၁၃ ရက်တွင် ဖမ်းဆီးရမိခဲ့သော ရာဇာမင်း ခရီးသည်တင်ကားတွင် မျက်နှာဖုံးစွပ် လက်နက်ကိုင် ဓားပြတိုက် လူသတ်မှုတွင် ဦးဆောင်သူနှင့် အပေါင်းအပါ သုံးဦးအား မကြာမီ တရားရုံးတင် စစ်ဆေးတော့မည် ဖြစ်ကြောင်း မွန်ပြည်နယ်၊ သထုံမြို့နယ် ရဲတပ်ဖွဲ့မှူး အောင်သန်းက ဇူလိုင် ၂၅ ရက် တွင် Eleven Media သို့ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ကူမင်းမြို့တွင် ကျင်းပခဲ့သော ကျောက်မျက်ပြပွဲ၌ မြန်မာကုန်သည်များ ခွဲခြားဆက်ဆံခံရ

ဇူလိုင် ၁၀ ရက်မှ ၁၉ ရက်ထိ တရုတ်နိုင်ငံ ကူမင်းမြို့တွင် ကျင်းပခဲ့သော ကျောက်မျက်ပြပွဲ၌ မြန်မာ ကုန်သည်များ ခွဲခြားဆက်ဆံ ခံခဲ့ရကြောင်း ယင်းပြပွဲသို့ သွားရောက်ရောင်းချ ၀ယ်ယူခဲ့ကြသည့် ကုန်သည်များက ပြောကြားသည်။

တာမွေမြို့နယ် ဦးချစ်မောင်လမ်းပေါ်တွင် ယာဉ်သုံးစီး ဆင့်တိုက်ရာမှ ခြောက်ဦးဒဏ်ရာရ

7.25.2
ယာဉ်သုံးစီး ဆင့်တိုက်မှု မြင်ကွင်းအား ဇူလိုင် ၂၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ဝေလင်းအောင်)
တာမွေမြို့နယ်၊ ဦးချစ်မောင်လမ်းပေါ်တွင် ဇူလိုင် ၂၆ရက် နံနက် ၁၀ နာရီ ၀န်းကျင်ခန့်က ယာဉ်သုံးစီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့သည်။

မြန်မာနိုင်ငံအတွင်း ဘာသာရေး၊ လူမျိုးရေးခွဲခြားမှု ပြဿနာများ ပိုမိုရှုပ်ထွေး နိုင်သည်ကို သတိထားပြီး ညီညွတ်စွာ နေထိုင်သွားရန် အစိုးရမှ နိုင်ငံသားများအား မေတ္တာရပ်ခံ

မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ဖြစ်စဉ်များသည် လက်ရှိအချိန်တွင် ပြန်လည် တည်ငြိမ်နေ ပြီ ဖြစ်သော်လည်း ပြည်တွင်း၊ ပြည်ပမှ အချို့အဖွဲ့အစည်းများ အနေဖြင့် မြန်မာနိုင်ငံအတွင်း ဘာသာရေး၊ လူမျိုးရေး ခွဲခြားမှုများ ပြင်းထန်စွာ ဖြစ်ပွားနေသကဲ့သို့ စွပ်စွဲမှုများက ပြဿနာများ ပိုရှုပ်ထွေးနိုင်သည်ကို သတိထားပြီး ညီညွတ်စွာ နေထိုင်သွားရန် အစိုးရက နိုင်ငံသားများအား ဇူလိုင် ၂၆ ရက်က သတင်း ထုတ်ပြန်ချက် (၁၀/၂၀၁၃) ဖြင့် မေတ္တာရပ်ခံခဲ့သည်။

Friday, July 26, 2013

အထက်ပိုင်းဒေသများတွင် မိုးပိုလာမည် ....




Photo: အထက်ပိုင်းဒေသများတွင် မိုးပိုလာမည် ....
Friday, July 26, 2013

မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
နေ့စဉ်မိုးလေ၀သသတင်း၊ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ(၂၆)ရက်နေ့
ညေ န(၄း၀၀)နာရီအချိန် ထုတ်ပြန်ချက်မှ ကောက်နှုတ်တင်ပြပါသည်။

ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀)နာရီအချိန်တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေပါသည်။

မနက်ဖြန်ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင်နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊ ရခိုင်ပြည်နယ်တွင်ဒေသအလိုက်နှင့် ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါမိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင်မိုးပိုလာနိုင်ပါသည်။

MMweather Page
မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန နေ့စဉ်မိုးလေ၀သသတင်း၊ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ(၂၆)ရက်နေ့ ညေ န(၄း၀၀)နာရီအချိန် ထုတ်ပြန်ချက်မှ ကောက်နှုတ်တင်ပြပါသည်။

လက်ခုပ်တီး၍ ချိတ်ဖြုတ်နိုင်သည့် ဘရာစီယာ အမေရိကန်ပညာရှင် တီထွင်

Photo: လက်ခုပ်တီး၍ ချိတ်ဖြုတ်နိုင်သည့် ဘရာစီယာ အမေရိကန်ပညာရှင် တီထွင်
Friday, July 26, 2013

လက်ခုပ်တီး၍ ချိတ်ဖြုတ်နိုင်သည့် ဘရာစီယာကို အဆစ်ရောင် ဝေဒနာသည်များအတွက် ရည်ရွယ် ဖန်တီးထားခြင်းဖြစ်

လက်ခုပ်တီးလိုက်သည်နှင့် အလိုလို ချိတ်ဖြုတ်ပြီးသား ဖြစ်သွားသည့် အမျိုးသမီး အတွင်းခံ ဘရာစီယာ တစ်မျိုးကို အမေရိကန် ပညာရှင်တစ်ဦးက တီထွင်လိုက်ကြောင်း သိရသည်။ ဆန်ဖရန် ဆစ္စကိုတွင် နေထိုင်သည့် အမျိုးသား ဒီဇိုင်းပညာရှင် တစ်ဦးသည် ယခုလို ထူးထူးဆန်းဆန်း အတွင်းခံမျိုးကို တီထွင် ဒီဇိုင်းထုတ်လိုက်ခြင်း ဖြစ်သည်။ ဘက်ထရီ စွမ်းအင် ဖြည့်ထားရသည့် ဘရာစီယာသည် တစ်ဦးဦးက လက်ခုပ်တီးလိုက်သည့် အသံကို တုံ့ပြန်ကာ လျှပ်စစ်သံလိုက်လှိုင်း တစ်ခု တွန်းကန်ခြင်းဖြင့် ချိတ်ကို ပြုတ်သွားစေသည်ဟု ဆိုသည်။

လက်ခုပ်သံကို အာရုံခံသည့် စနစ်သည် သံလိုက်ကို အလှည့်အပြောင်း ဖြစ်စေပြီး ယခုလို ဖြစ်စဉ်တစ်ရပ်ထံ ဦးတည်စေရန် ဖန်တီးထားခြင်း ဖြစ်သည်။ အဆိုပါ ဘရာစီယာကို အဆစ်ရောင် ဝေဒနာသည်များအတွက် ရည်ရွယ် ဖန်တီးထားခြင်း ဖြစ်သည်။ ထိုအခြေအနေကြောင့် အဆစ်အမြစ်များ ရောင်ရမ်းနာကျင်တတ်သည့် အမျိုးသမီး တစ်ဦးသည် သူမ၏ အတွင်းခံကို ချွတ်ရာတွင် အခက်အခဲ ကြုံရနိုင်တော့မည် မဟုတ်ဟု ဆိုသည်။ ဒီဇိုင်းပညာရှင် ရန်ဒီ ဆာရာဖန်သည် ဆီးရီးယား ဈေးတန်းတစ်ခုတွင် အဆင့်မြင့် နည်းပညာသုံး ဘရာစီယာ အချို့ကို တွေ့ရှိပြီးနောက် ၎င်းကိုယ်ပိုင် စိတ်ကူးဖြင့် ဘရာစီယာသစ် တစ်မျိုးကို တီထွင်ခဲ့ခြင်းဟု သိရသည်။

အနောက်နိုင်ငံတွေ အနေနဲ့ အာရပ်ကမ္ဘာမှာ လိင်ပိုင်းဆိုင်ရာ ချုပ်တည်းပိတ်ပင်တဲ့ လူ့အဖွဲ့အစည်း တစ်ခုလို ရှုမြင်ကြပါတယ်။ ဒါပေမဲ့ အမျိုးသမီး အတွင်းခံ နည်းပညာတွေအတွက် ကြော်ငြာရာမှာတော့ သူတို့က ရှေ့တန်းကနေ ပွင့်ပွင့်လင်းလင်း မြင်သာလွန်းတယ်။ ဒီတော့ ကျွန်တော်ကလည်း အနောက်ကမ္ဘာရဲ့ ပထမဆုံး နည်းပညာသုံး ဘရာစီယာ တီထွင်သူ ဖြစ်လာဖို့ စဉ်းစားလိုက်ပါတယ်။ လက်ခုပ်တီးရုံနဲ့ ချိတ်ပြုတ်သွားတဲ့ ဘရာစီယာဆိုတာ အနောက်ကမ္ဘာရဲ့ ဘရာစီယာ နည်းပညာ ထိုးထွင်းဖန်တီးမှု တစ်ခုလို့ပဲ ယူဆကြပါစို့"ဟု ဆာရာဖန်က ပြောကြားသွားသည်။ ဆာရာဖန်၏ နည်းပညာသည် အဆစ်အမြစ်ရောင် ဝေဒနာရှင်များအပြင် ရုပ်ပိုင်းဆိုင်ရာ သန်စွမ်းမှု ချို့တဲ့နေသူများ အတွက်ပါ အသုံးဝင်မည်ဟု မျှော်လင့်ထားသည်။ လက်ခုပ်တီးခြင်းဖြင့် မီးခလုတ် အဖွင့်အပိတ် လုပ်နိုင်သော နည်းပညာမျိုးသည် (၁၉၈၀)ပြည့်လွန် နှစ်များကတည်းက တီထွင် အသုံးပြုပြီး ဖြစ်သည်။

Planet.com.mm
လက်ခုပ်တီး၍ ချိတ်ဖြုတ်နိုင်သည့် ဘရာစီယာကို အဆစ်ရောင် ဝေဒနာသည်များအတွက် ရည်ရွယ် ဖန်တီးထားခြင်းဖြစ်

ဦးဝီရသူတရားပွဲ ဗုံးပေါက်ကွဲမှု NDF ပါတီ ကြေညာချက်ထုတ်

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ရတနာဘုမ္မိ အနောက်ရပ်ကွက် ၃၆ လမ်း ၈၄x၈၅ လမ်းကြားတွင် ဇူလိုင်လ၂၁ ရက်နေ့က ကျင်းပသော မစိုးရိမ်ကျောင်းတိုက် ဆရာတော်ဦးဝီရသူ တရား

ဗီဒီယိုရိုက်ကွင်း ဖြစ်လာတဲ့ ဦးခင်ညွန့်ရဲ့ ကော်ဖီဆိုင်

Photo: ဗီဒီယိုရိုက်ကွင်း ဖြစ်လာတဲ့ ဦးခင်ညွန့်ရဲ့ ကော်ဖီဆိုင် 
Friday, July 26, 2013

ထောက်လှမ်းရေးဗိုလ်ချုပ်ဟောင်း ဦးခင်ညွန့်ရဲ့ ကော်ဖီဆိုင် နဲ့ တခြားလုပ်ငန်းများရဲ့ မြင်ကွင်းတွေကိုမကြာခင် မြန်မာပြည် တဝန်းကနေ ကြည့်နိုင်ကြတော့မှာပါ။

ဘာကြောင့်လဲလို့ ဆိုတော့ ရန်ကုန်အခြေစိုက်  ဗီဒီယိုရိုက်ကူးထုတ်လုပ်တဲ့အဖွဲ့တခုက အဲဒီနေရာကို ရိုက်ကွင်းအဖြစ် ကြာသပတေးနေ့အတွက် တနေ့တာ ငှားရမ်းလိုက်လို့ပါပဲ။

ရိုက်ကွင်းအဖြစ် တနေ့တာ အသုံးပြုခ ကျပ် ငါးသောင်း ပေးရတယ်လို့ ရိုက်ကူးရေးအဖွဲ့မှာ ပါဝင်သူတဦးက ဆိုပါတယ်။
မနက်ကနေ ညနေအထိ ကြာမယ့် ပြင်ဆင် ရိုက်ကူးမှုအတွက် ဒီငွေပမာဏက နည်းပါးလွန်းမနေဘူးလား။
ဗိုလ်ချုပ်ဟောင်းက ဗီဒီယိုလောကသားတို့နဲ့ မိတ်ဖြစ်ဆွေဖြစ်သဘောမျိုး ခွင့်ပြုလိုက်တာလည်း ဖြစ်နိုင်တာပေါ့။
မေလလယ်ပိုင်းက ဧရာဝတီမှာ ဖော်ပြခဲ့တဲ့ ဗိုလ်ချုပ်ဟောင်းဦးခင်ညွန့်နဲ့ အင်တာဗျူးကို http://www.irrawaddy.org/archives/34854 နဲ့ http://burma.irrawaddy.org/archives/39785 တို့မှာ ဖတ်နိုင်ပါတယ်။

ဦးခင်ညွန့်ရဲ့ ကော်ဖီဆိုင်နဲ့အတူ တွဲနေတဲ့ လှလှပပသစ်ခွခြံ၊ ပန်းချီပြခန်း၊ အမှတ်တရပစ္စည်း အရောင်းဆိုင်တွေကိုပါ ဗီဒီယိုရိုက်ကွင်းအဖြစ် သုံးနိုင်မှာဖြစ်လို့ ဒီရှူတင်က အင်မတန် ဟန်ကျပန်ကျ ရှိပါတယ်။

ရန်ကုန်ရဲ့ စိတ်ဝင်စားဖွယ်နေရာတခု ဖြစ်လာတဲ့ ဒီနေရာကို ဗီဒီယိုရိုက်ကွင်းအဖြစ် အသုံးပြုခွင့် ရခြင်းဟာ ဒါ ပထမဆုံးအကြိမ်ပါပဲ လို့  ရိုက်ကွင်းမှာ ပါဝင်သူတဦးက ဆိုပါတယ်။

ရိုက်ကူးတဲ့ ဇာတ်ကားက တိမ်နီလာသမ်းပါလို့၊ ဒါရိုက်တာက မောင်မောင်ဦး (Snow White)၊ ဇာတ်ညွှန်းက ကိုလွင်၊ အဓိက သရုပ်ဆောင်သူများက အောင်ရဲလင်း၊ ၀တ်မှုန်ရွှေရည်တို့ ဖြစ်ပါတယ်။
ပြီးတော့ အထက်က ဓာတ်ပုံမှာ တွေ့ရတဲ့ နှင်းယမုံဦးလည်း ပါဝင်ပါတယ်။ 

ရိုက်ကွင်းအကြောင်း ပြန်ဆက်ရရင် နေရာငှားရမ်းသူဟာ မင်းသမီး၊ မင်းသားတို့နဲ့ ထိတွေ့နီးစပ်ခွင့်ရခြင်း ဆိုတဲ့ အခွင့်အရေးမျိုး ရကြပါတယ်။

သို့သော်လည်း ဗီဒီယိုရိုက်ကူးရေးအတွက် နေရာငှားရမ်းသူ အများစုက စီးပွားရေးအရ တွက်ခြေကိုက်လွန်းလို့ လုပ်ကြတာ မဟုတ်ပါဘူး တဲ့။
ပြီးတော့ ရိုက်ကွင်းကို ရောက်လာသူက အင်နဲ့အားနဲ့ပါ။ ရိုက်ကူးရေးအဖွဲ့မှာ လူဦးရေ သုံးလေးဆယ်မက ပါဝင်တတ်တာကြောင့် ရှူတင်တွေ ပြီးသွားရင် ကိုယ့်အိမ်က နွမ်းကြေရှုပ်ပွပြီး ကျန်ရစ်တတ်ပါတယ် လို့ ဗီဒီယိုလောကသားတဦးက ရှင်းပြပါတယ်။

ဧရာဝတီ
နှင်းယမုံဦး (ဓာတ်ပုံ - စည်သူလင်း/ဧရာဝတီ)
ထောက်လှမ်းရေးဗိုလ်ချုပ်ဟောင်း ဦးခင်ညွန့်ရဲ့ ကော်ဖီဆိုင် နဲ့ တခြားလုပ်ငန်းများရဲ့ မြင်ကွင်းတွေကို မကြာခင် မြန်မာပြည် တဝန်းကနေ ကြည့်နိုင်ကြတော့မှာပါ။