မြန်မာနိုင်ငံတစ်ဝန်းရှိတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များကို ဆေးလိပ်နှင့် ဆေးရွက်ကြီး
ကြော်ငြာများ
Wednesday, July 31, 2013
ကိုရီးယားစစ်ပွဲ နှစ် ၆၀ ပြည့် စစ်ရေးပြအခမ်အနား မြောက်ကိုရီးယားတွင် ပြုလုပ်

သိန်းရှစ်ဆယ်ကျော် တန်ဖိုးရှိဘိန်းများ ဖမ်းဆီးရမိ

သြဂုတ်လအတွက် (၇) ရက်သားသမီး ဟောစာတမ်း
ရန်ကုန်နှင့် မန္တလေး တက္ကသိုလ်များတွင် တက်ရောက်ခွင့်ပြုမည့် ထူးချွန်ကျောင်းသားများ၏ အနိမ့်ဆုံး ၀င်ခွင့်သတ်မှတ်ချက် အမှတ်များမှာ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များ၏ ယခင်နှစ် အမှတ်များထက် မြင့်မား
၂၀၁၃ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသည့် ကျောင်းသားကျောင်းသူများအား တွေ့ရစဉ် (ဓာတ်ပုံ - အေးပပ)
ရန်ကုန်နှင့် မန္တလေးတက္ကသိုလ်များတွင် တက်ရောက်ခွင့်ပြုမည့်
ထူးချွန်ကျောင်းသား များ၏ ကျောင်း ၀င်ခွင့် လျှောက်ထားရန် အနိမ့်ဆုံးဝင်ခွင့်
သတ်မှတ်အမှတ်များမှာ အသက်မွေးဝမ်းကျောင်း တက္ကသိုလ် များထက် မြင့်မားကြောင်း
သိရသည်။
ရဲတပ်ဖွဲ့ဝင် အချို့က ပြည်သူအပေါ် ဆက်ဆံရေး အဆင်မပြေမှုများ ရှိနေ၍ ပြည်သူ့ဆန္ဒ ၀န်ဆောင်မှုပေးရေး အဖွဲ့အား ရဲစခန်းများတွင် ဖွဲ့စည်း
ဇူလိုင် ၃၀ ရက်က အင်းစိန်မြို့မ ရဲစခန်းရှိ ပြည်သူ့ဆန္ဒ ၀န်ဆောင်မှုပေးရေး အဖွဲ့သို့ လာရောက်တိုင် ကြားနေစဉ် (ဓာတ်ပုံ-ကောင်းသန့်)
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်ရဲစခန်းများသို့ အမှုလာရောက်
တိုင်တန်းသည့် ပြည်သူ အချို့ အပေါ် တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များက ဆက်ဆံရေး
အဆင်မပြေမှုများ ရှိနေသည့်အတွက် မြို့နယ်ရဲစခန်း များတွင် ပြည်သူ့ဆန္ဒ
ဝန်ဆောင်မှုပေးရေး အဖွဲ့အား ရဲစခန်းများတွင် စတင်ဖွဲ့စည်းခဲ့ကြောင်း
ရန်ကုန် တိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးမြင့်ထွေးက ပြောကြားသည်။
အိန္ဒိယ မြန်မာ ရေတပ် ပူးပေါင်း ဆောင်ရွက်ဖို့ ဆွေးနွေး

ကမာရွတ်မြို့နယ်တွင် ဆိုင်ကယ်နှစ်စီးဖြင့် အုပ်စုဖွဲ့၍ မင်းမဲ့စရိုက်ဆန်သော ၀ိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွား
ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြော အရေးပေါ်ဌာနတွင် ဆေးကုသမှုခံနေသာ အရိုက်ခံရသူကို ဇူလိုင် ၃၀ ရက် နံနက်ပိုင်းတွင် တွေ့ရစဉ်
ကမာရွတ်မြို့နယ်၌ ဇူလိုင် ၂၉ ရက် မွန်းလွဲပိုင်းက မင်းမဲ့စရိုက်ဆန်စွာ
ဆိုင်ကယ်နှစ်စီးဖြင့် အုပ်စုဖွဲ့ ရိုက်နှက်မှုကြောင့် အသက် ၂၅ နှစ်အရွယ်
အမျိုးသားတစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။
Tuesday, July 30, 2013
ခိုလှုံသူတွေထိန်းသိမ်းဖို့ ပါပူဝါနယူးဂနီမှာ စခန်းဆောက်မယ်
သြစတြေးလျ နိုင်ငံကို ခိုလှုံခွင့်တောင်းဖို့ လှေတွေနဲ့ လာနေတာတွေကို
တားမြစ် နိုင်ဖို့ သြစတြေးလျ အစိုးရက ပါပူဝါနယူးဂနီ PNG နိုင်ငံနဲ့
သဘောတူညီချက် ရယူခဲ့ပြီး၊ အခုအခါမှာ ခိုလှုံခွင့်တောင်းလို သူတွေကို ထိန်းသိမ်းဖို့စခန်းကို PNG ပိုင် မားနက်ကျွန်းမှာ အပူတပြင်းတည်ဆောက် တော့မှာဖြစ် ပါတယ်။
ငွေသိန်းခြောက်ဆယ်ကျော်ပျောက်ဆုံးမှု ရှာဖွေဖမ်းဆီးရာမှ မန္တလေးဆေးရုံကြီးတွင် လှည့်လည်ခိုးယူနေသူအား ဖမ်းမိ
ကချင်ပြည်နယ် အမှတ်(၂)သတ္တုတွင်းဌာနမှ အထွေထွေမန်နေဂျာ၏ ငွေသိန်းခြောက် ဆယ်ကျော်ပျောက်ဆုံးမှု ရှာဖွေဖမ်းဆီးရာမှ မန်းဆေး ရုံကြီးတွင် ယခင်ကထဲက လှည့်လည် ခိုးယူနေသောအမှု များပါ ပေါ်ပေါက်ခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရ ရှိသည်။
မိုးသည်း ထန်မှုကြောင့် ထိုင်း-မြန်မာ အရှည်ဆုံး သစ်သား တံတားကျိုး
ထိုင်းနိုင်ငံရဲ့ အရှည်လျားဆုံး နာမည်ကျော် စံခလဘူရီသစ်သားတံတားဟာ
မိုးသည်းထန် ရွာ သွန်းပြီး ရေတိုက်စားမှုကြောင့် မနေ့ညက
ပြိုကျပျက်စီးသွားခဲ့ပါတယ်။ အရှည်(၄၄၀) မီတာကျော် ရှည်လျားတဲ့ ဒီတံတား
ပျက်စီးသွားတဲ့အတွက် ဒေသခံ ကျောင်းသားကျောင်းသူတွေ၊ အလုပ်သမားတွေ
သွားလာရေးမှာ အခက်တွေ့နိုင်သလို ဒီတံတားဟာ ခရီးသည်အများအပြား လာရောက်လည်ပတ် တဲ့ နေရာဖြစ်လို့ ထိုင်းနိုင်ငံအတွက် ၀င်ငွေထိခိုက်နိုင်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ရန်ကုန် တိုင်းမှ အာဏာပိုင် အဖွဲ့အချို့ အမတ်များ ကို အသိ အမှတ် မပြုဟု စွပ်စွဲခံရ
ရန်ကုန်တိုင်းအတွင်းရှိ အုပ်ချုပ်ရေးအာဏာပိုင် အဖွဲ့အစည်းများအချို့သည်
လွှတ်တော်အမတ်များကို အများပြည်သူ အကျိုးစီးပွားအတွက် လုပ်ဆောင်ရာတွင်
အသိအမှတ် မပြုမှုများရှိကြောင်း မြောက် ဥက္ကလာ မဲဆန္ဒနယ်မှ အောက်လွှတ်တော်အမတ်
ဒေါက်တာသန်းဝင်းက ဇူလိုင် ၂၉ ရက်က စွပ်စွဲပြော ကြားလိုက်သည်။
ထိုင်း-မြန်မာနယ်စပ်မှာ ရေကြီးနေ

အခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် ထိုင်းမြန်မာနယ်စပ်တစ်လျောက် က သောင်ရင်းမြစ်မှာ ရေလျှံတက်လာပြီး မြစ်ကမ်းအနီးမှာရှိတဲ့ မြန်မာနိုင်ငံ မြ၀တီမြို့နဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့တွေမှာ ရေကြီးမှု ဖြစ်နေတဲ့အတွက် နေအိမ်တွေနဲ့ စာသင်ကျောင်းတွေ ရေနှစ်မြုပ် ပြီး ထောင်နဲ့ချီတဲ့ ဒေသခံ ပြည်သူတွေဟာ ရေဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
Monday, July 29, 2013
ညစ်ညမ်း ဗီဒီယိုဖိုင်ကို ပရိုဂျက်တာနှင့် ပြသသည့် သတင်း မဟုတ်မှန်ဟု သန်လျင် နည်းပညာ တက္ကသိုလ် ကျောင်းသား/သူများ ရှင်းလင်း
ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ နည်းပညာတက္ကသိုလ်တွင်
ဖြစ်ပွားခဲ့သည့် ကျောင်းသား/
အစိုးရ သတင်းစာတွင် နိုင်ငံသား အကျဉ်းသားဟု သုံးနှုန်းခြင်းမှာ ပြန်ကြားရေး ၀န်ကြီးဌာန၏ သုံးနှုန်းခြင်းဖြစ်ကြောင်း သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း ပြောသည်ဟုဆို
ဇူလိုင်၂၄ ရက်ထုတ် အစိုးရ သတင်းစာများတွင် နိုင်ငံရေး အကျဉ်းသားများကို
နိုင်ငံသား အကျဉ်းသား ဟု သုံးနှုန်းခြင်းမှာ ပြန်ကြားရေး ၀န်ကြီးဌာန၏
သုံးနှုန်းခြင်းဖြစ်ကြောင်း လက်ကျန်နိုင်ငံရေး အကျဉ်း
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး၊ လူ့အခွင့်အရေးနှင့် ပတ်သက်ပြီး သံသယရှိသည့် ဗြိတိန်နိုင်ငံအောက်လွှတ်တော် ဥက္ကဋ္ဌ မြန်မာနိုင်ငံသို့ တစ်ပတ်ကြာလာရောက်မည်
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး၊ လူအခွင့်အရေးနှင့် ပတ်သက်ပြီး
သံသယရှိသည့် ဗြိတိန်နိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ Mr.John Bercow
ခေါင်ဆောင်းသော ကိုယ်စားလှယ် အဖွဲ့သည် တစ်ပတ်ကြာ လာရောက်မည်ဖြစ်ကြောင်း
နိုင်ငံပိုင်မီဒီယာ၏ ထုတ်ပြန်ချက်အရ သိရသည်။
Sunday, July 28, 2013
စူပါဖလားပွဲတွင် ချန်ပီယံလိဂ် ရှုံးကြွေးပြန်ဆပ်ခဲ့တဲ့ ရဲရဲတောက် ဒေါ့မွန်
အလုပ်ဖြစ်ခဲ့ပါတယ်။ ဂျာမန် ဘောလုံးပြိုင်ပွဲရဲ့ ချိန်ခွင်လျာအတွက်
ပထမဆုံး ပြိုင်ပွဲဖြစ်တဲ့ ဘိုင်ယန်နဲ့ ဒေါ့မွန်တို့ရဲ့ စူပါဖလားပွဲမှာ
ဒေါ့မွန်တို့ ဂိုးပြတ်အနိုင်ရခဲ့တာဟာ မာကိုရက်စ်ရဲ့ ပွဲချိန်အစပိုင်းသွင်းဂိုးနဲ့ သက် ဆိုင်ခဲ့ပြီး ဒီဂိုးကို မာကိုရက်စ်က
အပိုင်ခေါင်းတိုက် သွင်းခဲ့တာဖြစ်ပါတယ်။
စာမေးပွဲဖြေသော ကျောင်းသား၏ဖုန်း လုံခြုံရေးခိုးယူဟုဆို
လှိုင်မြို့နယ်
တက္ကသိုလ်များနယ်မြေ MICT Park ဝင်းတွင် MCC-AIT အင်ဂျင်နီယာသင်တန်း
စာမေးပွဲ ဖြေဆိုနေသော ကျောင်းသားတစ်ဦး၏ လက်ကိုင်ဖုန်းကို တာဝန်ကျ
လုံခြုံရေးက ခိုးယူ ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ
စုံစမ်းသိရှိရသည်။
သင်္ကန်းဝတ်ဖြင့် အရက်သောက်သူနှစ်ဦးကို လူဝတ်လဲ
မန္တလေးတိုင်းဒေသကြီး
မိတ္ထီလာမြို့တွင် သင်္ကန်းဝတ်ဖြင့် အရက်သောက် မူးယစ်နေသူ နှစ်ဦးကို လူဝတ်လဲ
အရေးယူထားကြောင်း မိတ္ထီလာမြို့ ဂိုဏ်းပေါင်းစုံ သာသနာတော် ထိန်း သိမ်း
စောင့်ရှောက်ရေး အဖွဲ့မှ တာဝန်ရှိ ဆရာတော်တစ်ပါးက The Voice သို့
မိန့်ကြားသည်။
Subscribe to:
Posts (Atom)



