Thursday, August 22, 2013
ရခိုင်ပြည်နယ် လုံခြုံရေးတိုးမြှင့်

ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနား နေပြည်တော်၌ တွေ
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်
သောမတ်စ်ကင်တားနားတို့ သြဂုတ် ၂၀ ရက်က နေပြည်တော်ရှိ ဒေါ်အောင်ဆန်းစုကြည်
နေအိမ်၌ တွေ့ဆုံခဲ့သည်။
လှည်းကူးမြို့နယ်၌ အမျိုးသမီးငယ်တစ်ဦးအား အဓမ္မပြုကျင့်မှုဖြစ်ပွား
လှည်းကူး-ဖောင်ကြီးကားလမ်းပေါ်၌
အစ်ကိုဖြစ်သူ အား ထွက်ရှာသည့် အမျိုးသမီးငယ်တစ်ဦးအား အမည်မသိ
အမျိုးသားတစ်ဦးက အသုတ်ဆိုင်ပေါ်သို့ဆွဲခေါ်၍ သားမယားအဖြစ် အဓမ္မပြုကျင့်
ခဲ့မှုဖြစ် ပွားခဲ့ကြောင်းသိရသည်။
မြိတ်မြို့သို့ ၀င်ရောက်လာနိုင်သော ဖောက်ခွဲရေးသမား သုံးဦး၏ပုံကို သက်ဆိုင်ရာက ထုတ်ပြန်
မာမက် (ခ) သိန်းအောင် အာဇတ် ယူနွတ် (ခ) လှမြင့်
မြိတ်မြို့သို့ ၀င်ရောက်လာနိုင်သော ဖောက်ခွဲရေးသမား သုံးဦး၏ပုံကို
သက်ဆိုင်ရာက ထုတ်ပြန် ခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ ဖောက်ခွဲရေးသမားများ
သတင်းကြောင့် မြို့အ၀င်အထွက် လမ်းကြောင်းများ အပါအ၀င် ပင်လယ်ပိုင်းရှိ
ကျွန်းများနှင့် ကျေးရွာများအထိ စနစ်တကျ စောင့်ကြည့် စစ်ဆေးခြင်းများ
ပြုလုပ်လျက်ရှိကြောင်း သိရသည်။
Wednesday, August 21, 2013
ဝန်ချီစက်ဖြင့် မ၍ လေယာဉ်ဖြင့် သယ်ဆောင် ခဲ့ရသည့် ဆော်ဒီလူငယ် ဆေးကုသမှု ခံရပြီ
ရီယက် သြဂုတ် ၂၀
ဆော်ဒီအာရေဗျ နိုင်ငံမှ ကိုယ်အလေးချိန်
၁၃၄၅ ပေါင်ရှိသည့် ခါလက်မိုဆင် ရှေရီအမည်ရှိ လူငယ်တစ်ဦးသည် ရီယက်မြို့ရှိ
King fahd ဆေးရုံသို့ သွားရောက် ကုသမှုခံယူရန် ၎င်းအား ၀န်ချီ စက်ဖြင့် မ၍
လေယာဉ်ဖြင့် သယ်ဆောင်ရန် ဆော်ဒီ ဘုရင်က အမိန့်ထုတ်ပြန် ခဲ့ပြီးနောက်
ယခုအခါ တွင် ဆေးရုံ၌ ဆေးဝါး ကုသခွင့် ရရှိပြီ ဖြစ်ကြောင်း သိရသည်။
ငွေချေးချွတ်ဆေးကို သောက်ရေအထင်ဖြင့် သောက်မိသူသေဆုံး
ငွေထည်ပစ္စည်းများကို ချေးချွတ်ရာတွင် အသုံးပြုသော ဆေးရည်ကို
သောက်ရေအထင်ဖြင့် မှားသောက်မိသူ တစ်ဦးသေဆုံးခဲ့မှု
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် သြဂုတ် ၁၉ ရက်တွင် ဖြစ်ပွား ခဲ့ကြောင်း
ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။
တစ်ရက်အတွင်း အဓမ္မကျင့်မှု နှစ်ခု အမှုဖွင့်
ရန်ကုန်တိုင်းတွင်
အဓမ္မကျင့်ခံရသည့်အမှု သြဂုတ် ၁၉ ရက် တစ်ရက်တည်း နှစ်မှုရှိခဲ့ပြီး
သက်ဆိုင်ရာ ရဲစခန်းများ စစ်ဆေးဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်း
ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။
တရုတ်ကောလိပ် ကျောင်းသား နှစ်သိန်းကျော် တပ်မတော်သို့ ဝင်ရန် စာရင်းပေး

တရုတ်နိုင်ငံမှ ကောလိပ် ကျောင်းသား နှစ်သိန်းကျော်ခန့်သည် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် PLA သို့ ဝင်ရောက်ရန် အတွက် အွန်လိုင်းမှတစ်ဆင့် စာရင်းပေးသွင်းမှု ပြုလုပ်ခဲ့ကြောင်း ပညာရေး ဝန်ကြီးဌာနက သြဂုတ် ၂ဝ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
Salmonella ဗက်တီးရီးယား ပိုးကူးစက်မှု မွေးမြူရေး ခြံများနှင့် ဆက်စပ်မှုရှိ

အမေရိကန် နိုင်ငံတစ်ဝန်းတွင် ဖြစ်ပွားလျက်ရှိသော တိရစ္ဆာန်များနှင့် လူများ၏ အူလမ်းကြောင်း
" အမြန် သီးသန့်ယာဉ် လိုင်းစနစ် ကန်ဒေါ်လာ ခုနစ်သန်း ရင်းနှီးမြှုပ်နှံမည်ဟု အဆိုပြု"
ရန်ကုန်မြို့၌ အမြန်သီးသန့် ယာဉ်လိုင်းစနစ် (BRT) ဆောင်ရွက်ရာတွင် Omni Focus ကုမ္ပဏီက ကန်ဒေါ်လာခုနစ်သန်း ရင်းနှီးမြှုပ်နှံရန် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ အဆိုပြုတင်ပြ ထားကြောင်း သိရသည်။
နိုင်ငံတကာ သတင်းတိုများ
ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားအိမ်ခြေရာမဲ့ ၂၀၀ ကျော်ရှိနေပြီး၊ အများစုမှာအရက်စွဲနေသူများဖြစ်ေ ကြာင်း
သြဂုတ် ၂၀ ရက်က ဘန်ကောက်ပို့စ်သတင်းစာမှ ဖော်ပြထားသည်။
ထိုင်းလူမျိုးအိုးအိမ်မဲ့ ၃၀၀၀၀ ကျော် ရှိနေပြီး၊ အများစုမှာ
စိတ်ကျဝေဒနာခံစားရကြောင်းလည်း သတင်းစာမှ ဖော်ပြထားသည်။
မလေးရှားတွင် မုဒိမ်းကျင့်ခံရသူနှင့် အတူနေသည့် မြန်မာအမျိုးသမီးများ အတွက် လုံခြုံရေး ချထား
မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်တွင် မုဒိမ်းကျင့်ခံခဲ့ရသည့် မြန်မာ
အမျိုးသမီးနှင့် အတူ နေထိုင်သည့် အမျိုးသမီး အလုပ်သမား၂၀၀ ကျော်ကို
လုံခြုံသော နေရာသို့ ပြောင်းရွှေ့ပေးရန် အလုပ်ရှင်နှင့် သဘော တူညီမှု
ရရှိထားပြီး လက်ရှိ နေထိုင်နေသည့် အဆောင်တွင်လည်း လုံခြုံရေးများ ချပေး ထားကြောင်း အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်
ဦးမျိုးအောင် က ပြောကြား သည်။
ရင်သားကြီး၍ အမှုနိုင်သွားသူ မိန်းကလေး
ဘီကီနီ မော်ဒယ်မှ သရုပ်ဆောင်ဖြစ်လာသည့် ဂျပန် လှပျိုဖြူ တစ်ဦးဟာ တံခါးကို
ချိုးဖျက်၍ ဖြစ်ပေါ် လာသော အပေါက်မှ တိုးဝင်၍ ပြစ်မှု ကျူးလွန်ခဲ့သည်ဟု
စွပ်စွဲခံခဲ့ရသည့် အမှုတွင် အဆိုပါ အပေါက်တွင် သူမ၏ ဖွံ့ထွားလှသော
ရင်သားများ ဝင်ဆံ့နိုင်ခြင်းမရှိဟု သက်သေပြနိုင်ခဲ့ခြင်းကြောင့် အမှုမှ တရားသေ လွတ်ခဲ့ကြောင်း သိရှိရပါတယ်။
ပြည်တွင်းတွင် မိုဘိုင်းဖုန်းအသုံးပြုသူ ၅ ဒသမ ၂ သန်းကျော်ရှိ အိမ်ထောင်တစ်စုလျှင် မိုဘိုင်းဖုန်းတစ်လုံး အသုံးမပြုနိုင်သေး
ပြည်တွင်းတွင် မိုဘိုင်းဖုန်းအသုံးပြုသူ ၅ ဒသမ ၂
သန်းကျော်ရှိလာပြီဖြစ်ပြီး ပြည်တွင်းအိမ်ထောင်စု တစ်စုလျှင်
မိုဘိုင်းဖုန်းတစ်လုံးသုံးစွဲနိုင်သည့်အခြေအနေ မရှိသေးကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ သြဂုတ် ၁၈ ရက် ထုတ်ပြန်ချက်အရ သိရသည်။
ပြည်ထောင်စု ၀န်ကြီးများအား အမည်တပ်ကာ ပုဂ္ဂိုလ်ရေးအရ ဝေဖန်မှုများသည် အဆင့်မြင့်သည့် နိုင်ငံရေး မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
ပြည်ထောင်စု ၀န်ကြီးများအား အမည်တပ်ကာ ပုဂ္ဂိုလ်ရေးအရ ဝေဖန်မှုများသည်
အဆင့်မြင့် သည့် နိုင်ငံရေး မဟုတ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သြဂုတ် ၂၀ ရက်တွင်
ပြောကြားသည်။
သမ္မတ၏ နိုင်ငံပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ နှောင့်နှေးနေရခြင်းမှာ ၎င်း၏ လက်အောက်ငယ်သားများကြောင့်ဟု လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် ဝေဖန်
ပြည်သူ့လွှတ်တော် အစည်းအဝေး မစတင်မီ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်အား တွေ့ရစဉ် (ဓာတ်ပုံ-ငြိမ်းဇော်လင်း)
နိုင်ငံတော်သမ္မတ၏ နိုင်ငံပြုပြင်ရေးလုပ်ငန်းများ နှောင့်နှေးရခြင်းမှာ
သမ္မတ၏ လက်အောက်ရှိ အုပ်ချုပ်ရေး တာဝန်ရှိသူများကြောင့် ဖြစ်သည်ဟု
သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က
ဝေဖန်ပြောကြားသည်။
သံတွဲမြို့ပေါ်ရပ်ကွက်အားလုံး ရေနစ်မြုပ်

ရခိုင်ပြည်နယ် သံတွဲမြို့တွင် လွန်ခဲ့သည့် သုံးရက်ကတည်းက
မိုးသည်းထန်စွာရွာသွန်း ခဲ့ပြီးနောက် မြို့ပေါ်ရပ်ကွက်များနှင့်
ကျေးရွာအချို့၌ ရေကြီးမှု များဖြစ်နေကြောင်း ဒေသခံ များက ပြော သည်။"မနေ့က
ညနေမှာ ရေစတက်တယ်။ ရေတက်တာကလည်းမြန် တယ်။ ဒီနေ့နေ့လယ် အထိ
ရေပြန် ကျတာလေးလက်မလောက်ပဲ ရှိသေးတယ်"ဟု သံတွဲမြို့ အမှတ်(၂)
ရပ်ကွက်မှဒေသခံပြည်သူတစ်ဦးက ပြောသည်။ရေကြီးမှုကြောင့် သံတွဲမြို့ပေါ် ရပ်ကွက် အားလုံး ရေနစ်မြုပ်ခဲ့ကြောင်း ၎င်းက ပြောသည်။
ထိုင်းထိန်းသိမ်းရေးစခန်းရှိ ရိုဟင်ဂျာတွေ လွှတ်ပေးရေး HRW တောင်းဆို

ထိုင်းနိုင်ငံ လူဝင်မှုစခန်းတွေမှာ ထိန်းသိမ်းထားတဲ့ လှေစီးပြေး ရိုဟင်ဂျာ
ဒုက္ခသည်တွေကို ထိုင်း အစိုးရ က ပြန်လွှတ်ပေးဖို့ လူ့အခွင့်အရေး
စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က တောင်းဆိုလိုက်ပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်း လူဝင်မှု ထိန်းသိမ်းရေးစခန်း တစ်ခုကနေ ရိုဟင်ဂျာ
၈၀ ကျော် ထွက်ပြေးသွားတယ် ဆိုတဲ့သတင်း ထွက်လာချိန်မှာပဲ HRW အဖွဲ့က အဲဒီလို တောင်းဆိုလိုက်တာပါ။
ပုသိမ်ခရိုင် ငရုတ်ကောင်းမြို့တွင် ခိုးဝင်လာသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၅ ဦး အပါအ၀င် ဘင်္ဂါလီ ၅၂ ဦး ဖမ်းမိ
ပုသိမ်ခရိုင် ငပုတောမြို့နယ် ငရုတ်ကောင်းမြို့ နံသာပုကျေးရွာ
ဂေါ်ယံဂျီကျွန်း အနီးတွင် သြဂုတ် ၁၉ ရက်က ဘင်္ဂလားပင်လယ်အော်မှ ခိုးဝင်လာသော
ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၃၅ ဦးအပါအ၀င် ဘင်္ဂါလီ ၅၂ ဦးကို
ဖမ်းဆီးရမိခဲ့ကြောင်း ကနဦး သတင်းများအရ သိရသည်။
နယ်စပ်ဒေသများတွင် လက်နက်ခဲယမ်းများနှင့် ရဲတပ်ဖွဲ့ဝင် အင်အားကို အသင့်ပြင်ဆင်ထားပြီး လုံခြုံရေး သတိထား လုပ်ဆောင်ရန် ညွန်ကြား
ယခုနှစ် ဇူလိုင်လအတွင်း ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်တွင် လုံခြုံရေး
တာဝန်ယူနေသော ရဲတပ်ဖွဲ့ဝင် တစ်ဦးကို တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)
မြန်မာနိုင်အတွင်း လုံခြုံရေး ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့များ အနေဖြင့်
ယခင်ကထက် ပိုမို သတိ ထား ဆောင်ရွက်ရန် ညွှန်ကြားထားပြီး နယ်စပ်ဒေသများတွင်
လက်နက်ခဲယမ်းများနှင့် ရဲတပ်ဖွဲ့ အင်အားကို အသင့်ပြင်ထားကြောင်း သြဂုတ် ၂၀
ရက် နံနက်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ လုံခြုံရေး ဌာနနှင့်
နယ်စပ်ဒေသမှ လုံခြုံရေး တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။
Subscribe to:
Posts (Atom)

