Saturday, August 31, 2013

တရားမ၀င် ကျွန်းသစ် သယ်ဆောင် လာသူများအား ဖမ်းဆီးရမိ

Photo: တရားမ၀င် ကျွန်းသစ်သယ်ဆောင်လာသူများအားဖမ်းဆီးရမိ

ရန်ကုန်၊ သြဂုတ် ၃၁

၃၀.၈.၂၀၁၃ ရက်နေ့ ၀၄၁၅ အချိန်ခန့်တွင် လှည်းကူးမြို့နယ်၊ သစ်တောဦးစီးဌာနမှဦးစီးအရာရှိနှင့် အဖွဲ့သည် လှည်းကူးမြို့နယ်၊ အင်းတိုင်ရွာရှိ သစ်တောနှင့်သစ်တောထွက်ပစ္စည်း စစ်ဆေးရေးစခန်း 
တွင် တာဝန်ဆောင်ရွက်နေစဉ် ရန်ကုန်-မန္တလေး၊အမှတ်(၁)လမ်းမကြီး
အတိုင်း ရန်ကုန်ဘက်သို့ ယာဉ်မောင်း ဇေယျာမင်း၊(ဘ)ဦးဝင်းစိုး၊
(၇)ရပ်ကွက်၊ပခုက္ကူမြို့နယ်၊ ယာဉ်နောက်လိုက် စိုးမင်း (ဘ)ဦးသန်းဦး၊ သွေးနက်ရွာ၊ ချောက်မြို့နယ် နှင့် ယာဉ်ပေါ်ပါသူ မြို့ပိုင်(ဘ)ဦးငွေထွန်း၊ (၆)ရပ်ကွက်၊ မြိုင်မြို့နယ်နေသူတို့မောင်းနှင်
လာသည့် ယာဉ်အမှတ် ၃ဃ/---- (၂၂)ဘီး၊နစ်ဆန်းUD အ၀ါရောင်ယာဉ်
အား ရပ်တန့်စစ်ဆေးရာ  တာလပတ်ဖြင့်ဖုံးအုပ်၍သယ်ဆောင်လာသော ကျွန်းခွဲသားဆိုဒ်စုံ (၅၃)ချောင်း၊ (၃.၇၃၈၈)တန်၊ ကာလတန်ဘိုး
ငွေကျပ်(၄၄၈၆၅၆၀) တို့အားတွေ့ရှိသိမ်းဆည်း ရမိသဖြင့်စစ်ဆေးရာ သစ်ပိုင်ရှင်မှာ ဇော်ထိုက်(စုံစမ်းဆဲ)နှင့် ယာဉ်ပိုင်ရှင်မှာ သိန်းဝင်း(စုံစမ်းဆဲ) တို့ဖြစ်ကြောင်းသိရှိရသဖြင့် ဇေယျာမင်းပါ (၅)ဦးအား မြို့နယ်သစ်တောဦးစီးဌာနမှ အရေးယူပေးရန် တိုင်တန်းခဲ့သဖြင့် လှည်းကူးမြို့မရဲစခန်း(ပ)၃၂၇/၂၀၁၃၊ သစ်တောဥပဒေပုဒ်မ ၄၃(က)ဖြင့်
အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
၃၀.၈.၂၀၁၃ ရက်နေ့ ၀၄၁၅ အချိန်ခန့်တွင် လှည်းကူးမြို့နယ်၊ သစ်တောဦးစီးဌာနမှဦးစီးအရာရှိနှင့်

ရန်ကုန် ကွန်ပျူတာတက္ကသိုလ်တွင် ဒီဂျစ်တယ်စာကြည့်တိုက် ဖွင့်လှစ်

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်တွင် သြဂုတ်လ(၃၀ ရက်နေ့က ဒီဂျစ်တယ် စာကြည့်တိုက်ဖွင့်လှစ်ခဲ့သည်။

အခြေခံပညာရာထူးအပြောင်းအရွှေ့ ပညာရေးမှူးများကို တာဝန်ပေးတော့မည်

ယခုနှစ် အခြေခံပညာကဏ္ဍ၏ ရာထူးအပြောင်းအရွှေ့ကိစ္စရပ်များတွင် လာဘ်ပေးလာဘ်ယူမှုများ မရှိစေရန် အတွက် အဆိုပါကိစ္စရပ်များကို ပညာရေးမှူးရုံးများကို ဆုံးဖြတ်လုပ်ပိုင်ခွင့်ပေးထားပြီး ကိုင်တွယ်စေ တော့ မည်ဖြစ်ကြောင်း အမှတ် (၃) အခြေခံပညာဦးစီးဋ္ဌာနမှတစ်ဆင့် သိရသည်။

အမျိုးသမီးများကို ကာကွယ်သည့်ဥပဒေ ဆော်ဒီတွင် ပထမဆုံးအကြိမ်ပြ ဋ္ဌာန်း


လူ့အခွင့်အရေး လှုပ်ရှားသူ တစ်ဦးက အရှေ့အလယ်ပိုင်း ဒေသရှိ ဩဇာကြီးမားသော နိုင်ငံ အတွင်း ပထမဆုံး အကြိမ်အဖြစ် အမျိုးသမီးများ၊ ကလေးငယ်များနှင့် ပြည်တွင်း လုပ်သား

Samsaungလည်း မြန်မာစာရပြီ

မြန်မာ့ဈေးကွက်အတွင်း လူကြိုက်များသော Samsung စမတ်ဖုန်း အ ချို့၌ မြန်မာစာစနစ် အသင့် ထည့်သွင်းခြင်းအား စတင် လုပ်ဆောင်နေ ပြီဖြစ်ကြောင်း Samsung ကုမ္ပဏီ၏ မန်နေဂျာ ဦးဇော်မိုးအောင်က သြဂုတ် ၂၉ရက်နေ့ ညနေ ၄နာရီက junction Square၌ ပြု လုပ်သော စာနယ်ဇင်း ရှင်းလင်းပွဲ၌ ပြောဆိုသည်ဟု သိရသည်။

ဝက်ခြံအမာရွတ်တွေနှုတ်ဆက်ဖို့ အချိန်တန်ပြီ

ဆယ်ကျော်သက်ရွယ်ကစလို့ ၊ သွေးဆုံးပြီးနောက် ၃-နှစ်ခန့် တိုင်အောင် ဟိုမုန်းတွေပြောင်း လဲမှုကြောင့် အမျိုးသား၊ အမျိုးသမီး ၁၀ ဦးမှာ ပျမ်းမျှ အားဖြင့် ၉.၉၉ ဦးခန့်  အနည်းနဲ့ အများဆိုသလို ၀က်ခြံမပေါက်ဖူးတဲ့ သူရယ်လို့ မရှိကြပါဘူး။ ကျန် ၀.၀၁ ဦး က တော့ရှားပါး

ဥက္ကံတွင် ကောလာဟလထွက်ပေါ်ပြီး ကျောင်းများသို့ လူရာချီ သွားရောက်သဖြင့် လုံခြုံရေးတိုးမြှင့်

တိုက်ကြီးမြို့နယ် ဥက္ကံမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် သြဂုတ်လ ၃၀ ရက် နံနက် ၁၀ နာရီကျော်က ဗုဒ္ဓဘာသာနှင့် ဘာသာခြားတို့ ရိုက်နေသည်ဟူသော ကောလာဟလ ထွက်ပေါ်ခဲ့သဖြင့် အဆိုပါမြို့ရှိ မူလတန်းကျောင်းနှင့် အထက်တန်းကျောင်း များသို့ လူရာချီစုဝေး ရောက်ရှိ ခဲ့သောကြောင့် လုံခြုံရေး တိုးမြှင့်ဖြေရှင်းခဲ့ရကြောင်း ကျောင်းသားမိဘ များနှင့် မြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။


အမေရိကန် အကျဉ်းသားကိုလွတ်ပေးဖို့အား မြောက်ကိုရိးယားတို့ ငြင်းဆန်

 

 မြောက်ကိုရီးယားတို့ ဖမ်းဆီးထားတဲ့ အမေရိကန် အကျဉ်းသားတစ်ဦးကို လွတ်ပေးဖို့ တောင်း ဆိုချက်ကို မြောက်ကိုရီးယား (DPRK) မှ ငြင်းဆန်ခဲ့ကြောင်း သိရပါတယ်။

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီးယားနှင့် တွေ့ဆုံ

Photo: ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီးယားနှင့် တွေ့ဆုံ
Saturday, August 31, 2013

ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ကုလသမဂ္ဂ မြန်မာနိုင်ငံ ဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီးယားကို သြဂုတ် ၃၀ ရက် က နေပြည်တော်ရှိ သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

တွေ့ဆုံရာတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်အတူ ဒုတိယ ၀န်ကြီး ဦးတင်ဦးလွင်၊ ဗိုလ်ချုပ်မောင်မောင်အုန်းနှင့် ဦးကျော်ကျော်ဝင်းတို့ လည်း ပါဝင်ခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း အချင်းချင်း အပြန်အလှန် သဟ ဇာတဖြစ်စွာ နေထိုင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့် ယင်းအပေါ် မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက် မှုများအပေါ် ကုလသမဂ္ဂမှ ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးသွားနိုင်ရေး ဆိုင်ရာများကို ဆွေးနွေး ခဲ့ကြောင်း သိရသည်။

ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီးယား သည် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းနှင့်လည်း ဆက်လက်တွေ့ဆုံခဲ့ပြီး လွှတ်တော်ရေးရာများ၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဗီဂျေးနမ်ဘီးယားသည် ယခုအကြိမ် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်ရှိ ဒုက္ခသည် စခန်းများသို့ သွားရောက်ခြင်း၊ မြစ်ကြီးနားမြို့ရှိ မြို့ခံပြည်သူလူထုနှင့် တွေ့ဆုံခြင်း၊ စစ်ဘေးရှောင် ဒုက္ခသည် စခန်းများသို့ သွားရောက်ခြင်း၊ လိုင်ဇာရှိ ကေအိုင်အို ဌာနချုပ်သို့ သွားရောက်ခြင်း များ ပြုလုပ်ခဲ့သည်။

Eleven Media Group

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ကုလသမဂ္ဂ မြန်မာနိုင်ငံ ဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီးယားကို သြဂုတ် ၃၀ ရက် က နေပြည်တော်ရှိ သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ တွင် တွေ့ရစဉ် (ဓာတ်ပုံ-သမ္မတရုံးဝက်ဘ်ဆိုက်)
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ကုလသမဂ္ဂ မြန်မာနိုင်ငံ ဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီးယားကို သြဂုတ် ၃၀ ရက် က နေပြည်တော်ရှိ သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ တွင် တွေ့ရစဉ် (ဓာတ်ပုံ-သမ္မတရုံးဝက်ဘ်ဆိုက်)

ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ကုလသမဂ္ဂ မြန်မာနိုင်ငံ ဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီးယားကို သြဂုတ် ၃၀ ရက် က နေပြည်တော်ရှိ သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

အခြေခံဥပဒေ ပြင်ဆင်ရေးသည် မိမိသမ္မတဖြစ်ရေးနှင့် မဆိုင်ဘဲ ဒီမိုကရေစီ စံနှုန်းနှင့် မကိုက်ညီ သောကြောင့်သာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးမှာ မိမိသမ္မတ ဖြစ်ရေးမဖြစ်ရေးနှင့် မသက်ဆိုင်ဘဲ ဥပဒေ သည် ဒီမိုကရေစီ စံနှုန်းများနှင့် မကိုက်ညီ သောကြောင့်သာ ဖြစ်သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဖားခြေထောက်ဖြင့် မွေးလာသော မိန်းကလေး လမ်းလျှောက်နိုင်ပြီ


အခုချိန်မှာ အသက်လေးနှစ်အရွယ် ရှိပြီဖြစ်တဲ့ Lilliaဆိုတဲ့ သမီးငယ်ဟာ မွေးခါစမှာ ခြေတစ်ဖက်စီမှာ ကြွက်သားနှစ်ခုပဲ ပါဝင်လာတာကြောင့် တခြားကလေးတွေ လမ်းလျှောက်

ရေကြီးရေလျှံ ခြင်းတို့ကြောင့် မြန်မာနိုင်ငံ တစ်ဝန်းရှိ လူဦးရေ ငါးသောင်းနီး ပါး ခိုလှုံနေရသော ကယ်ဆယ်ရေး စခန်းများ ရုပ်သိမ်း



မန်မာနိုင်ငံတစ်ဝန်း မိုးရွာသွန်းမှုများပြားခြင်းနှင့် မြစ်ရေကြီး၊ ရေလျှံခြင်း တို့ကြောင့် လူဦးရေ ငါးသောင်းနီးပါး ခိုလှုံနေရသော ကယ်ဆယ်ရေး စခန်းများရုပ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာ ချထားရေး ၀န်ကြီးဌာနမှ သိရသည်။လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထွဋ်ဆွေက ''မိုးရွာသွန်းမှုကြောင့် ဖွင့်ထားတဲ့ ကယ်ဆယ်ရေး စခန်းတွေ အကုန်လုံး ပိတ်လိုက်ပါပြီ'' ဟု ဆိုသည်။

ရန်ကုန်မြို့တွင် Day Club များ လုံးဝမဖွင့်ရန် ညွှန်ကြားချက်ကို လိုက်နာခြင်း မရှိပါက ပုဒ်မ ၁၈၈ ဖြင့် အရေးယူမည်


Photo: ရန်ကုန်မြို့တွင် Day Club များ လုံးဝမဖွင့်ရန် ညွှန်ကြားချက်ကို လိုက်နာခြင်း မရှိပါက ပုဒ်မ ၁၈၈ ဖြင့် အရေးယူမည်
Saturday, August31, 2013

ရန်ကုန်တိုင်း ဒေသကြီးအတွင်း Day Club များ လုံးဝမဖွင့်ရန် ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်းနှင့် ယင်းညွှန်ကြားချက်အား လိုက်နာမှု မရှိသူများအား ပုဒ်မ ၁၈၈ ဖြင့် အရေးယူ သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း Night Club များသာမက ယခုနောက်ပိုင်း Day Club များပါ ဖွင့်လှစ်မှု ရှိလာကြောင်း၊ ထိုသို့ ဖွင့်လှစ်မှုများမှာ အကျင့် စာရိတ္တ ပျက်ပျားစေကြောင်း၊ ထို့ပြင် အချို့မိဘများမှာ Day Club များနှင့် ပတ်သက်၍ တိုင်းတန်းမှု အချို့ပင် ပြုလုပ်လာကြခြင်းကြောင့် ၎င်းတို့အား အရေးယူရန် တရားဝင် ညွှန်ကြားထားပြီး ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေ သကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦး က ပြောကြားချက်အရ သိရသည်။

Day Club တွေကို အရေးယူဖို့ တရားဝင် ညွှန်ကြားထားပြီး ဖြစ်တယ်။ ရဲတပ် ဖွဲ့ကနေ အုပ်ချုပ်ရေးပိုင်းနဲ့ ပူးပေါင်းပြီး အရေးယူမှာ ဖြစ်ပါတယ်'' ဟု ရန်ကုန် တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
''ပုဒ်မ ၁၈၈ ဆိုတာ တားမြစ်ထားတဲ့ ညွှန်ကြားချက် တစ်ခုကို လိုက်နာခြင်း မရှိသူတွေကို အရေးယူနိုင်တဲ့ ပုဒ်မဖြစ်ပြီး အခုလို Day Club များ ဖွင့်လှစ်ခြင်း မပြုရန် ညွှန်ကြားချက်ကို မလိုက်နာရင် ပုဒ်မ ၁၈၈ နဲ့ အရေးယူမှာ ဖြစ်ပါတယ်'' ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူက ဆက်လက် ပြောကြားသည်။

ပုဒ်မ ၁၈၈ ဆိုသည်မှာ ပြည်သူ့ဝန်ထမ်းက နည်းလမ်းတကျ ထုတ်ပြန်ကြေ ညာသော အမိန့်ကို ဖီဆန်ခြင်းဖြစ်ပြီး ပြစ်ဒဏ်အနေဖြင့် အလုပ်မဲ့ ထောင် ဒဏ် ၁ လ ဖြစ်စေ၊ ငွေနှစ်ရာဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်ကြောင်း၊ အကယ်၍ ထိုသို့ ဖီဆန်မှုသည် လူ့အသက်ကိုသော် လည်းကောင်း၊ ကျန်းမာရေးကိုသော် လည်းကောင်း၊ လုံခြုံရေးကို သော် လည်းကောင်း၊ ဘေးဖြစ်စေသော် ခြောက်လအထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေတစ်ထောင်ထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

သို့သော် လက်ရှိအထိ Day Club ဖွင့်လှစ်ရန် တားမြစ်ချက်အား မလိုက်နာ၍ ပုဒ်မ ၁၈၈ ဖြင့် အရေးယူမှု မရှိသေးကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်မြို့အတွင်းရှိ Day Club တစ်ခုအား မေလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
Eleven Media Group
ရန်ကုန်တိုင်း ဒေသကြီးအတွင်း Day Club များ လုံးဝမဖွင့်ရန် ညွှန်ကြားချက် ထုတ်ပြန် ထားကြောင်းနှင့် ယင်းညွှန်ကြားချက်အား လိုက်နာမှု မရှိသူများအား ပုဒ်မ ၁၈၈ ဖြင့် အရေးယူ သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

ရုရှားတွင် နှစ်ပေါင်း ၁၂၀ အတွင်း အဆိုးရွားဆုံး ရေကြီးမှုဖြစ်ပေါ် Amur မြစ်ရေမှာ စက်တင်ဘာလအထိ ဆက်လက်မြင့်တက်ဖွယ်ရှိနေ ရာ ရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံးမှု ပမာဏမှာလည်း ပိုမို တိုးမြင့် လာနိုင်ကြောင်း သိရ

ရုရှားနိုင်ငံတွင် နှစ်ပေါင်း ၁၂၀ အတွင်း အဆိုးရွားဆုံး ရေကြီးမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။ ရုရှား အရှေ့စွန်းပိုင်းဒေသတွင် Amur မြစ်ရေမှာ ပြီးခဲ့သည့် ၂၄ နာရီအတွင်း ၁၄

စည်းကမ်းမဲ့ မောင်းနှင်မှုကြောင့် အရေးယူ ခံရသည့် ခရီးသည်တင် ယာဉ်မောင်းက ယာဉ်ထိန်းရဲ နှစ်ဦးကို ဓားဖြင့်ထိုး

တာမွေမြို့နယ် လေးထောင့်ကန်လမ်းနှင့် ပင်ရွှေညောင် လမ်းထောင့်၌ သြဂုတ် ၂၉ ရက် မွန်းလွဲပိုင်းတွင် ၁၈၇ ခရီးသည်ယာဉ် ကားတစ်စီး၏ ယာဉ်မောင်း ဖြစ်သူက ၎င်း၏ကားကို ချလန်ဖြတ် အရေးယူခြင်းနဲ့ ပတ်သက်၍ မကျေမနပ်ဖြစ်ကာ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်နှစ်ဦးကို ဓားဖြင့်ထိုးခဲ့ကြောင်း သိရသည်။

ဒေါ်စိုးစိုးခိုင်အား အလုပ်မှ ထုတ်ပယ်ခြင်းမှာ ခွင့်မဲ့ပျက်ကွက်ခြင်း၊ ကျောင်းချိန် နောက်ကျခြင်းကြောင့် ဖြစ်ကြောင်း အပါအ၀င် ပညာရေး ၀န်ကြီးဌာနက ၀န်ထမ်းနှင့် ဆိုင်သော အချက်အလက်များအား အသေးစိတ် ထုတ်ပြန်

8.1.1
ဒေါ်စိုးစိုးခိုင် တာဝန်ထမ်းဆောင်ခဲ့သည့် အ.ထ.က (၅) နေပြည်တော်အထက(၅) နေပြည်တော်မှ အလယ်တန်းပြ ဆရာမ ဒေါ်စိုးစိုးခိုင်အား အလုပ်မှ ထုတ်ပယ်ခြင်းအပေါ် ပညာရေး ၀န်ကြီးဌာနက သြဂုတ် ၃၀ ရက်တွင် ၀န်ထမ်းနှင့် ဆိုင်သည့် အချက်အလက် များအား တရားဝင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုများကို၂၀၁၄-၂၀၁၅ ခုနှစ်တွင် ၁၆ ရာခိုင်နှုန်း အထိ လျှော့ချသွားနိုင်ရန် ပြုပြင်ပြောင်းလဲသွားမည်

မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုကို ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ၁၆ ရာခိုင်နှုန်းအထိ လျှော့ချသွားနိုင်ရန် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သမ၀ါယမ ၀န်ကြီးဌာနနှင့် ကိုရီးယား နိုင်ငံတို့အကြား ကျေးလက်ဒေသ ဖွံ့ဖြိုးရေး မူဝါဒနှင့် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ဗဟုသုတ ဖလှယ်ရေး ဖိုရမ်အခမ်းအနားတွင် သိရသည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်များ ပြန်လည်ဖြစ်လာစေရေး အကြံပြုချက်များပါသည့် တက္ကသိုလ်အက် ဥပဒေကြမ်း ရေးဆွဲနိုင်ရန် စစ်တမ်းကောက်ယူမည်

8.1.1
လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ ကျော်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စနစ်ကို ကျင့်သုံးခဲ့သည့် လက်ရှိ ရန်ကုန် တက္ကသိုလ်၏ ဘွဲ့နှင်းသဘင် အဆောက်အအုံအား တွေ့ရစဉ် (ဓာတ်ပုံ-တိုးအောင်)
မြန်မာနိုင်ငံရှိ တက္ကသိုလ်များအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်များ ပြန်လည် ဖြစ်ပေါ်လာစေရေးအတွက် အကြံပြုတက္ကသိုလ် အက်ဥပဒေကြမ်း ရေးဆွဲနိုင်ရန် အကြံပြုချက် များအား စစ်တမ်းကောက်ယူ သွားမည်ဖြစ်ကြောင်း တက္ကသိုလ် ဆရာ၊ ဆရာမများ သမဂ္ဂမှ သိရသည်။

မြန်မာ့လေကြောင်းမှ ပျံသန်းမှု ရပ်နားခဲ့သည့် တရုတ်နိုင်ငံထုတ် MA-60 လေယာဉ်များနေရာတွင် အစားထိုး ပြေးဆွဲရန် ပြင်သစ်နိုင်ငံထုတ် ATR လေယာဉ်သုံးစင်း ၀ယ်ယူမည်

8.1.1
ကော့သောင်း လေဆိပ်၌ ၂၀၁၃ ခုနှစ် ဇွန် ၁၀ ရက်က ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့သည့် MA-60 လေယာဉ်ကို တွေ့ရစဉ် (ဓာတ်ပုံ-ရွှန်းလဲ့)
မြန်မာ့လေကြောင်းမှ ပျံသန်းမှု ရပ်နားခဲ့သည့် တရုတ်နိုင်ငံထုတ် MA-60 အမျိုးအစား လေယာဉ် သုံးစင်းနေရာတွင် အစားထိုး ပြေးဆွဲရန် ပြင်သစ်နိုင်ငံထုတ် ATR 72-500 လေယာဉ်သုံးစင်း ထပ်မံဝယ်ယူမည် ဖြစ်ကြောင်း သတင်းရရှိသည်။

နိုင်ငံရေး လှုပ်ရှားသူများကို အရေးယူနေခြင်းသည် နှစ်ကုန်တွင် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးမည် ဟူသည့် သမ္မတပြောကြားမှု ဖြစ်လာရန် မလွယ်ဟုဆို

နိုင်ငံရေး တက်ကြွလှုပ်ရှား သူများအား အရေးယူနေ ခြင်းများသည် ယခုနှစ်ကုန်တွင် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးမည် ဟူသည့် နိုင်ငံတော် သမ္မတ၏ ပြောကြားမှု ဖြစ်လာရန် မလွယ်ဟု လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီအဖွဲ့ဝင်၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) မှ ဦးဘိုကြည်က ပြောကြားသည်။

တည်ဆဲဥပဒေ အချို့သည် ပြည်သူများ လိုက်နာရန် ခက်ခဲသောကြောင့် အလိုအလျောက် ဥပဒေချိုးဖောက် သကဲ့သို့ ဖြစ်နေကြောင်း တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

8.1.1
ဒေါ်အောင်ဆန်းစုကြည် မီဒီယာများနှင့် နေပြည်တော်၌ သြဂုတ် ၃၀ ရက်က တွေ့ဆုံစဉ် (ဓာတ်ပုံ-ငြိမ်းဇော်လင်း)
တည်ဆဲဥပဒေ အချို့သည် ပြည်သူများ လိုက်နာရန် ခက်ခဲသောကြောင့် အလိုအလျောက် ဥပဒေချိုးဖောက် သကဲ့သို့ ဖြစ်သွားကြောင်း တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြား သည်။

Friday, August 30, 2013

ယခုပညာသင်နှစ်တွင် အဝေးသင်တက္ကသိုလ်တက်ရောက်နေသော ကျောင်းသား အရေ အတွက်မှာ ယခင်ပညာသင်နှစ်ထက် နှစ်သောင်းကျော် မြင့်တက်သွားကြောင်း ပညာရေး ဝန်ကြီးဌာနအဆင့်မြင့် ပညာဦးစီးဌာန (အောက်မြန်မာပြည်) မှသတင်းရရှိသည်။

အမျိုးသမီးပါးကို ဓားဖြင့်ခြစ်မှုအတွက် ၅ ဦးကို ဖမ်းဆီး


တောင်ဥက္ကလာပမြို့နယ်တွင် ကျောင်းကြိုသွားသည့် အမျိုးသမီး၏ပါးကို ဓါးဖြင့် ခြစ်ခဲ့သည့် တရားခံများအား (၃)ရက်အတွင်းဖေါ်ထုတ်ဖမ်းဆီးရမိ
ရန်ကုန်၊ သြဂုတ် ၃၀


ရန်ကုန်မြို့က အမျိုးသမီးတယောက်ရဲ့ပါးကို ဓားနဲ့ခြစ်မှုအတွက် သံသယဖြစ်ဖွယ် ၅ ယောက်ကို စစ်ဆေးဖမ်းဆီးခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ Facebook မှာ ရေးထားတာကို ကူးယူ ဖော်ပြလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက် ပရိသတ်ကို ရွန်နီ ကျေးဇူးစကားဆို

ယခုနွေရာသီ တစ်လျှောက်လုံး အသင်းနှင့် ပတ်သက်သည့် သဘောထားကို တစ်စုံတစ်ရာ မဖွင့်ဟခဲ့သည့် ဝိန်းရွန်နီသည် ယခုအခါ မန်ချက်စတာ ယူနိုက်တက် ပရိသတ်များကို ကျေးဇူးတင်စကား ပြောဆိုလိုက်ပြီ ဖြစ်သည်။ ယူနိုက်တက်မှ ထွက်ခွာမည်ဟု သတင်းကြီး ခဲ့သော်လည်း လက်ရှိအခြေအနေတွင်မူ အသက်(၂၇)နှစ်ရှိ အင်္ဂလန် လက်ရွေးစင်သည် ပရီးမီးယားလိဂ် ချန်ပီယံ အသင်းနှင့်အတူ အနာဂတ် ဆက်လက်ဖြတ် သန်းရန် ပြင်ဆင်နေပြီ ဖြစ်သည်။

ကွန်ဂိုတွင်သူပုန်များနှင့် ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ တိုက်ပွဲဖြစ်ပွား

ကွန်ဂိုနိုင်ငံအရှေ့ပိုင်းရှိ သူပုန်များနှင့် တိုက်ခိုက်နေသည့် ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် တစ် ဦးကျဆုံးခဲ့ပြီး သုံးဦးဒဏ်ရာရခဲ့သည်ဟု ကုလသမဂ္ဂအဖွဲ့မှ ပြောကြား လိုက်ကြောင်း သြဂုတ် ၂၉ ရက်က ဘီဘီစီသတင်းဌာနမှ ဖော်ပြထားသည်။



မြန်မာ့ရွှေဈေးအတက်အကျမြန်ပြီး ဆက်လက်မြင့်တက်လျက်ရှိနေ

DSC_0012 copy
မြန်မာ့ရွှေဈေးသည်ယခုလအတွင်းအတက်အကျမြန်ပြီးရက်ပေါင်းဆယ်ရက်အတွင်းကျပ်နှစ်သောင်းခန့် မြင့်တက်နေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

ဆီးရီးယားကိုစစ်ရေးအရ အရေးယူတိုက်ခိုက်ရန် အမေရိကန်နှင့် မဟာမိတ်များပြင်ဆင်နေ

ပြည်တွင်းစစ်ဒဏ်ကို အလူးအလဲခံနေခဲ့ရသည့် ဆီးရီးယားနိုင်ငံတွင် အစိုးရကဓာတုဗေဒလက်နက်များ အသုံးပြုခဲ့သည်ဆိုသော စွပ်စွဲချက်များနှင့်ပတ်သက်၍ အမေရိကန်နှင့် မဟာမိတ်များအနေဖြင့် ဆီးရီး ယားနိုင်ငံအပေါ် စစ်ရေးအရအရေးယူဆောင်ရွက်ဖွယ်ရှိနေရာ ထိုကိစ္စနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှု များပြုလုပ်ခဲ့ကြကြောင်း သြဂုတ် ၂၉ ရက်က အေအက်ဖ်ပီ သတင်းဌာနမှဖော်ပြထားသည်။

တန်ဖိုးနည်းဖုန်း ပျက်စီးမှုများ၍ သုံးစွဲသူများ စိတ်ပျက်

SIM Card

ညောင်တုန်းမြို့နယ်တွင် ထုတ်ရောင်းပေးခဲ့သော တန်ဖိုးနည်း ၁,၅၀၀ ကျပ်တန် CDMA 800 MHz ၀ယ်ယူ ရရှိသော သူများမှာ သုံးစွဲပြီး မကြာမီတွင် ပျက်စီးမှုများဖြင့် ကြုံတွေ့ ကြရသဖြင့် စိတ်ပျက် နေကြကြောင်း ဖုန်းဝယ်ယူသူများက ပြောသည်။

လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ရုပ်သိမ်းသည့် ဥပဒေ ပြန်ဆွေးနွေးရန် ကော်မရှင် တောင်းဆို

ပည်သူ့လွှတ်တော်က ဆက်ဆွေးနွေးရန် ဆိုင်းငံ့ထားသည့် ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ ပြန်လည် ရုပ်သိမ်းခြင်း ဥပဒေကို ဆက်လက် ဆွေးနွေးပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ စာပို့ တောင်းဆို ထားကြောင်း လွှတ်တော် ကိုယ်စားလှယ် များထံမှ စုံစမ်း သိရှိရသည်။

နားထဲကို ရေ သို့မဟုတ် ဆီထည့်လျှင် နားမှိုစွဲသည့် ရောဂါ ဖြစ်နိုင်

 
ရာသီဥတု ပူပြင်းတာကြောင့် နားဆီ ခန်းခြောက်တယ် ထင်ပြီး နားထဲကို ရေ ဒါမှမဟုတ် ဆီတစ်မျိုးမျိုး ထည့်တာက နားမှိုစွဲ ရောဂါအပြင် နားကိုက်တာပါ ဖြစ်နိုင်ပါတယ်။
နားဆီက နားပြွန်ထဲမှာ ရှိသလို နားထဲမှာ အဆီကျိတ်တွေနဲ့ နားဖာချေး ထုတ်တဲ့ အကျိတ်တွေလည်း ရှိပါတယ်။ အကျိတ်တွေက ရာသီဥတု ပူလာရင် အဆီ ခြောက်တတ် ပါတယ်။