Tuesday, October 8, 2013

တိုတိုထွာထွာ လူ့ ခန္ဓာ

Photo: တိုတိုထွာထွာ လူ့ ခန္ဓာ
Tuesday, October 8, 2013

- လူတစ်ယောက်ရဲ့ခန္ဓာကိုယ်မှာ အကြီးဆုံးဆဲလ်ဟာ "မ"မျိုးဥဖြစ်ပြီး
အသေးဆုံးဆဲလ်ကတော့ ဖို သုတ်ပိုးဖြစ်ပါတယ်။

- ဆီးအိမ်ကိုက်ခဲတဲ့အချိန်မှာ ဆီးအိမ်ရဲ့အရွယ်ဟာ ကရစ်ကတ်ဘောလုံးထက်
ပိုကြီးလာလေ့ရှိပါတယ်။

- သင်စားလိုက်တဲ့အစာကိုပါးစပ်မှနေပြီးအစာအိမ်သို့ ရောက်ရန်အချိန်
(၇ စက္ကန့် )ကြာပါတယ်။

- လူ့ ခန္ဓာကိုယ်မှာ အရေခွံခွါကြည့်ရင်မြင်ရတဲ့ကြွက်သားပေါ်ကအချိုင့်
တွေဟာအဲ့ဒီ့ကြွက်သားနဲ့ အရေပြားတို့ ဆက်တဲ့နေရာပဲဖြစ်ပါတယ်။

- ပျှမ်းမျှအားဖြင့်အရွယ်ရောက်ပြီးအမျိုးသားတွေရဲ့ လိင်အင်္ဂါဟာ
သူတို့ လက်မထက် ၃ဆခန့် ပိုကြီးလေ့ရှိပါတယ်။

- အမျိုးသ္မီးတွေရဲ့နှလုံးခုံနှုန်းဟာအမျိုးသားတွေပိုမြန်ပါတယ်။

- အမျိုးသားတစ်ယောက်ဟာ သူတို့ မုတ်ဆိတ်မွှေးကို ၁၃ပေရှည်တဲ့အချိန်
ထိမရိတ်ပဲဆက်ထားရင် အဲ့ဒီ့အမျိုးသားသေနိုင်ပါတယ်။

- ရင်ဘက်မှာအမွှေးမရှိတဲ့အမျိုးသားတွေဟာ အမွှေးရှိတဲ့အမျိုးသားတွေထက်
ပိုပြီး အသဲမှာအမာရွတ်ဖြစ်နိုင်ခြေပိုများပါတယ်။

- သင့်ခြေဖ၀ါးကိုလှန်ပြီး အနုကြည့်မှန်ပြောင်နဲ့ ကြည့်ရင်
သန်းပေါင်း 1 Trillion ရှိတဲ့ ဘက်တီးရီးယားတွေကိုတွေ့ နိုင်ပါတယ်။

- အမျိုးသ္မီးတွေဟာ အမျိုးသာတွေထက်အကြိမ်ရေ ၂ဆလောက်မျက်တောင်
ခတ်လေ့ရှိကြပါတယ်။

- သင်မက်တပ်ရပ်နေချိန်မှာ ကြွက်သားပေါင်း ၃၀၀လောက် ဟန်ချက်ညီဖို့ 
လိုအပ်ပါတယ်။

- ပျှမ်းမျှအားဖြင့်ကမ္ဘာပေါ်မှာ ရှိသမျှအမျိုးသ္မီးတိုင်းဟာ ရွယ်တူအမျိုးသား
တွေထက် အရပ် 5လက်မပိုပုကြပါတယ်။

ZK(ကနောင်)
Scientist Myanmar
- လူတစ်ယောက်ရဲ့ခန္ဓာကိုယ်မှာ အကြီးဆုံးဆဲလ်ဟာ "မ"မျိုးဥဖြစ်ပြီး အသေးဆုံးဆဲလ်ကတော့ ဖို သုတ်ပိုးဖြစ်ပါတယ်။

လိင်ပြောင်းခွဲစိတ်ကုသမှုအဆင်မပြေ၍ ကိုယ့်ကိုယ်ကို အဆုံးစီရင်

ပြီးခဲ့တဲ့တနင်္လာနေ့ က အသက် ၄၄ နှစ်အရွယ် လိင်ခွဲစိတ်ပြုပြင်ထားတဲ့ ဘယ်လ်ဂျီယံအမျိုးသား တဦးဟာတရားဝင် သူ့ ကိုယ်သူသတ်သေသွားခဲ့ ပါတယ်။

မန်းတွင် မူးယစ်ဆေးဝါး ဆက်စပ်ရောင်းဝယ်ဖောက်ကားသူများ ဖမ်းမိ

မန္တလေးတွင် မူးယစ်ဆေးဝါးရာင်းဝယ်ဖောက်ကားသုံးစွဲသူနှင့်ဆက်စပ်ရောင်း သူ များ အားအောက် တိုဘာ ၆ရက်က ဖမ်းဆီးရမိ ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရ ရှိသည်။

မျက်စိ ကျန်းမာရေး အတွက် ပြုလုပ်သင့်သည့် အချက် ၅ ချက်


၁။ ကန်စွန်းဥစားပါ ကန်စွန်းဥမှာ ညဘက် အမြင် အာရုံ အားကောင်းစေတဲ့ ဗီတာမင်အေ များစွာ ပါဝင်ပြီး မုန်လာဥ (Beetroot)မှ ပါဝင်တဲ့ Anthocyanin တွေဟာ မျက်စိမှ သွေးကြော ငယ်တွေ သွေးယို စိမ့်မှု မဖြစ်အောင် ကာကွယ်နိုင်တဲ့ အတွက် Retinopathy (မျက်စိ မမြင်ရတဲ့ အကြောင်းရင်း တစ်ခု) မဖြစ်အောင်လည်း ကာကွယ် ပေးနိုင်ပါတယ်။

ပန်ကာနှင့်အိပ်စက်ခြင်း

အိပ်မပျော်သူများအတွက် ပန်ကာနှင့်အိပ်စက်ခြင်းက ညင်သာစွာ လှုပ်သိပ်စေသလိုဖြစ်သည်။ သို့သော် ဘေးထွက်ဆိုးကျိုးများက လူတစ်ယောက်၏ ကျန်းမာရေးကိုထိခိုက်စေသည်။ အိပ်စက်သူ၏ အသက်အရွယ် ပေါ်မူတည်ပြီး ကွဲပြားသောကျန်းမာရေးဆိုးကျိုးများကို ဖြစ်ပေါ်စေ သည်။ အချို့ကလက်ကပ်ခြင်း၊ နှာစေးခြင်း၊ ကျောအောင့်ခြင်း၊ အဆုတ်အအေး မိခြင်း၊ ခေါင်းကိုက် ခြင်း၊ ဇက်ခိုင်ခြင်း၊ ခြေထောက်များ လေးခြင်း စသည်ဖြင့် အမျိုးမျိုးကွဲပြားတတ်သည်။ ထို့အပြင်-

အဆုတ်ရောဂါ အကြောင်းသိကောင်းစရာ

တီဘီ ရောဂါအစ ..................
သွေးကြောလေး ဆိုတာ သွေး ကြောကနေရိုက်လိုက်တဲ့အခါ vascular end-on effect လို့ခေါ် တယ်။ သွေးကြော လေးပေါ်လာတယ်။ အဆုတ်မှာရှိတဲ့ အကျိတ်( gland ) တကယ်လို့ ထုံးဓာတ်( CALCIFY )၀င် သွားရင် လည်း အစက်ပေါ်တယ်။ ဒါ တွေက ရောဂါ မဟုတ်ဘူး။ နောက် တစ်ခု အဆုတ်မှာ အစက်ကလေး ( spot )နှင့်စပြီး တီဘီဖြစ်တာရှိသလို တီဘီ ရောဂါဖြစ်ပြီးလို့ ကောင်းသွား ရင်လည်း အစက် ကလေးကျန်ရစ်ခဲ့ တတ်တယ်။ အဲဒါကြောင့် spot လို့ ပြောလိုက်တဲ့ အချက်က အစက် ကလေး တစ်ခုတွေ့တာဖြစ်တဲ့အတွက် အဲဒီအစက် ကလေးက ဘာမှမဖြစ် တာကနေ အသက် အန္တရာယ်ရှိနိုင် သည်အထိ သူများကို ကူးစက်နိုင်တဲ့ ရောဂါထိဖြစ်နိုင် တယ်။

ယာဉ်ထိန်းရဲရုံးမှ အမှုဟောင်း ရှစ်သိန်းကျော်ကို ပယ်ဖျက်ပေးလိုက်

ရန်ကုန်မြို့တွင်း ယာဉ်စည်းကမ်းဖောက်ဖျက်ခြင်းနှင့်ဆိုင်သော နှစ်ဟောင်းမှ အရေးမယူရသေး ဘဲ ကြွေး ကျန်နေ သည့် ရဲမှုရှစ်သိန်းကျော်ကို ပယ်ဖျက်ပေးလိုက်ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောသည်။

ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို အလွဲသုံးစားမှုဖြင့် တိုင်ကြားထားသည့် ဖြစ်စဉ်အတွက် စစ်ဆေးမှုများ ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် ကျောက်ထုံးကြီးကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးတစ်ဦးကို အလွဲ သုံးစားမှုများ ဖြင့် တိုင်ကြားထားရာ ယင်းတိုင်ကြားမှုနှင့်ပတ်သက်ပြီး ဒေသခံများကို လာရောက် စစ်ဆေး ခြင်းများ ပြုလုပ်သည်ဟု ယင်းဒေသခံများက အောက်တိုဘာ ၇ ရက်တွင် မဇ္ဈိမကို ပြောသည်။

မျိုးစောင့်ဥပဒေ ထောက်ခံလက်မှတ် လေးသန်းကျော် ရရှိပြီးဖြစ်ဟု ဆို

“မျိုးစောင့်ဥပဒေ”ဟု လူသိများသည့် မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အရေးပေါ် ဥပဒေကြမ်းကို ထောက်ခံသည့် လက်မှတ်များကို တစ်နိုင်ငံလုံး အနှံ့ ကောက်ခံ မှုများ ပြုလုပ်နေရာ အောက်တိုဘာ ၇ ရက် အထိ လက်မှတ်လေးသန်းကျော် ရရှိထားပြီး ဖြစ်သည်ဟု အဆိုပါ လက်မှတ်များ ကောက်ခံသော ဆရာတော်တစ်ပါး ဖြစ်သည့် ဦးဝီရသူက မဇ္ဈိမကို မိန့်သည်။

မူဆယ်တွင် အမှုများ မကြာခဏဖြစ်သော်လည်း တရားခံများ တရုတ်နိုင်ငံသို့ ထွက်ပြေးသောကြောင့် အကုန်မဖမ်းမိ

ကူးသန်းရောင်းဝယ်မှု စည်ကားသော နယ်စပ်မြို့ဖြစ်သည့် မူဆယ်တွင် လူသတ်မှုအပါအ၀င် အခြားအမှုများ မကြာခဏဖြစ်ပွားလေ့ရှိသော်လည်း ပြစ်မှုကျူးလွန်သူများမှာ တရုတ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် အမှုဖြစ်စဉ် အချို့သာပြန်ဖမ်းနိုင်သည်ဟု ပြည်ထဲရေးဒု-၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က အောက်တိုဘာ ၇ ရက်တွင် ပြောဆိုလိုက်သည်။

အစားမလျှော့ဘဲ ကိုယ်အလေးချိန်ကျစေရန်

အစားအသောက်ကို အလွန်အမင်း လျှော့စရာမလိုဘဲ ကိုယ်အလေးချိန် လျော့ကျလိုပါသလား။
အစားအသောက် မလျှော့ဘဲ ၀ိတ်ကျချင်သူတွေအတွက် ဘ၀နေထိုင်မှုပုံစံတချို့ ပြောင်းလဲလိုက်ရုံနဲ့ အဆင်ပြေသွားစေမယ့် နည်းလမ်းကောင်းတွေပါ။
၁။ အိပ်ရေး၀၀အိပ်ပါ

အခြေခံ ဥပဒေနှင့် ဒို့တာဝန် အရေး(၃)ပါး

 
ဦးသိန်းစိန်ဦးဆောင်သော အရပ်သားအစိုးရသစ် တက်လာခဲ့သည်မှာ ယခုဆိုလျှင် သက်တမ်း အားဖြင့် တ၀က်ရှိပြီဟု ဆိုနိုင်ပြီဖြစ်သည်။ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ စတင်ကူးပြောင်းလာ သည့်သမ္မတကြီးဦးသိန်စိန်ဦးဆောင်သော အစိုးရအဖွဲ့အနေဖြင့် မြစ်ဆုံကိစ္စအပါအ၀င်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များ၊ လူမျိုးရေးပဋိပခများအပါအ၀င် အဖျက်အမှောင့်များ စွာကြုံတွေ့ခဲ့ရသော် လည်းစေ့စပ် ညှိနှိုင်းမှု များဖြင့် အဖြေရှာ၍ ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးဆီသို့ လွှတ်တော်နှင့် အုပ်ချုပ်ရေးအဖွဲ့ ဟန်ချက်ညီ စွာဖြင့် လျှောက်လမ်းနေသည်ကိုလည်း တွေ့မြင်ရမည်ဖြစ်သည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ပတ်သက်၍ ပြည်သူများသို့ အသိပညာပေးရေး ဆောင်ရွက်ရန် အမြန်ဆုံး ဆောင်ရွက်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Photo: ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ပတ်သက်၍ ပြည်သူများသို့ အသိပညာပေးရေး ဆောင်ရွက်ရန် အမြန်ဆုံး ဆောင်ရွက်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Tuesday, October 8, 2013

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် ပြည်သူများအား အသိပညာပေးရေး လုပ်ငန်းများ လုပ်ဆောင်ရန် ဗဟိုမှ ညွှန်ကြားချက်များကို အမြန်ဆုံး ထုတ်ပြန်သွားမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အောက်တိုဘာ ၇ ရက်က ပြည်သူ့လွှတ်တော်သို့ လာရောက် လေ့လာသော အဖွဲ့ချုပ် အဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ''ကော်မတီကို ဒါတွေမြန်မြန်လုပ်ဖို့ တိုက်တွန်းသွားပါ့မယ်'' ဟု အဖွဲ့ဝင်များကို ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြည်ထောင်စု လွှတ်တော်တွင် လေ့လာသုံးသပ်ရေး ကော်မတီတစ်ရပ် ဖွဲ့စည်းရာတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် ခုနစ်ဦးပါဝင်ပြီး အဖွဲ့ချုပ်တွင်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီတစ်ရပ် ဖွဲ့စည်းထားကြောင်း သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန်အတွက် အဖွဲ့ချုပ်နှင့် တိုင်းရင်းသားပါတီများ ပူးပေါင်း၍ ပြည်သူလူထု၏ ဆန္ဒသဘောထား ရယူသွားမည်ဖြစ်ကာ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြမည်ဖြစ်ပြီး ပြည်သူလူထုသို့လည်း ထုတ်ပြန်သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ ပြည်သူလူထု၏ ဆန္ဒသဘောထား ကောက်ယူရန်အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် တိုင်းရင်းသားပါတီများ စက်တင်ဘာလက တွေ့ဆုံဆွေးနွေးခဲ့ပြီး ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကာ ပြည်သူလူထုအား ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ ရှင်းလင်းမှုများကို အောက်တိုဘာလအတွင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ပြည်သူလူထုအား ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ ရှင်းလင်းမှုများကို အဖွဲ့ချုပ်မှ အဖွဲ့ခုနစ်ဖွဲ့ဖွဲ့၍ တစ်ပြိုင်နက် ကွင်းဆင်းလုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေ ဖြင့် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ခဲ့စဉ်က ချမှတ်ခဲ့သော မူဝါဒသုံးချက်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဟူသည့် အချက်လည်း ပါဝင်သည်။

Eleven Media Group

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား အောက်တိုဘာ ၇ ရက်က ပြည်သူ့လွှတ်တော်သို့ လာရောက် လေ့လာသော ပါတီဝင်များနှင့်အတူ တွေ့ရစဉ်

http://www.myanmaronlinenews.net/2013/10/blog-post_808.html
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် ပြည်သူများအား အသိပညာပေးရေး လုပ်ငန်းများ လုပ်ဆောင်ရန် ဗဟိုမှ ညွှန်ကြားချက်များကို အမြန်ဆုံး ထုတ်ပြန်သွားမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

လက်ပန်းတောင်းမြေသိမ်းမှု မကျေနပ်သူတွေ ထပ်မံဆန္ဒပြ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်ဆားလင်းကြီးမြိ့နယ်ထဲက လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး မြေယာအသိမ်းခံခဲ့ရတဲ့ ရွာပေါင်း ၁၄ ရွာက ဒေသခံ ၃၀၀ လောက်ဟာ ဒီကနေ့ လက်ပန်းတောင်းတောင်မှာ အစိုးရ ဖွင့်ထားတဲ့ ဆက်ဆံရေးရုံးကို ညှိနှိုင်းဖို့သွားရောက်ခဲ့ပါ တယ်။ ပြေလည်မှုမရတဲ့ အတွက် တရုတ်ကုမ္ပဏီဖြစ်တဲ့ ဝမ်ပေါင်ကုမ္ပဏီကို ချီတက် ဆန္ဒပြဖို့ သွားရာမှာ ရွှေလှေဆိုတဲ့နေရာမှာ ရဲအင်အားအလုံးအရင်းနဲ့ ပိတ်ဆို့တာခံခဲ့ရတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေ ပို့ထားပါတယ်။

ပရဟိတမယ် ခင်ဝင့်ဝါ

Photo: ပရဟိတမယ် ခင်ဝင့်ဝါ

(၇) ရက်သော သားသမီးများတို့အား အမှူးထားပြီး Miss Supranational Internet ဆု၊ Missosology Website မှ ပေးအပ်သည့် People Choice Award, Face of Miss Supranational 2013, Belarus Webste မှ ပေးအပ်သည့် Most Beautiful Girl in the World အစရှိသည့် ဆု (၄) ဆု ဆွတ်ခူး ရယူခဲ့သူ ခင်ဝင့်ဝါသည် အမိမြန်မာပြည်သို့ ပြန်လည်ရောက်ရှိခဲ့ချိန်၌ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ၆.၁ဝ.၂ဝ၁၃ ရက်နေ့တွင် မိသားစုနှင့်အတူ အလှူငွေ ၅ဝဝဝဝဝိ/- (ငါးသိန်းကျပ်) တိတိတို့အား လာရောက် လှူဒါန်းခဲ့ရာ ဥက္ကဋ္ဌ ဦးကျော်သူမှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

ဦးကျော်သူမှ အသင်း၏ လုပ်ဆောင်ပေးဆပ်မှုများ (နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေး ကူညီမှုနှင့် အရေးပေါ်ကယ်ဆယ်ရေး) အစရှိသည်တို့အား လိုက်လံရှင်းလင်း ပြသခဲ့ပြီး ၇.၁ဝ.၂ဝ၁၃ ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ၂ဝ၁၃ ခုနှစ် တစ်နှစ်တာအတွင်း နာရေးကူညီမှု (တစ် သောင်းပြည့်) အစီအစဉ်အား ကျင်းပပြုလုပ်ရန်ရှိကြောင်း ပြောကြားခဲ့ရာ ခင်ဝင့်ဝါမှ ယင်းနေ့တွင် စာမေးပွဲ တစ်ခု ဖြေဆိုရန်ရှိနေသည့်အတွက် စာမေးပွဲဖြေဆိုပြီးချိန်တွင် လာရောက်၍ ကိုယ်တိုင်ကိုယ်ကျ ယင်း တစ်သောင်းပြည့် နာရေးဈာပနအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ၊ အသင်းသား/ သူများ၊ လူမှုရေးမောင်နှမများ၊ ပရဟိတ အနုပညာမောင်နှမများနှင့်အတူ လက်တွဲ၍ ကုသိုလ်ယူမည် ဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။

ထိုကဲ့သို့သော နုငယ်လှပသည့် မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင် အလှမယ်ကလေးများဖြစ်ကြသော နန်းခင်ဇေယျာ၊ ခင်ဝင့်ဝါ၊ ဂုဏ်ရည်အေးကျော်တို့ကဲ့သို့ လူသားတိုင်း မလွန်ဆန်နိုင်သော သေခြင်းတရား ဖြစ်သည့် နာရေးတည်းဟူသော နောက်ဆုံးခရီးစဉ်အား မိမိတို့ပိုင်ဆိုင်မှု မှတ်တိုင်ထူထားသော ဘွဲ့ထူး၊ ဂုဏ်ထူး၊ ဆုတံဆိပ်များနှင့် မသက်ဆိုင်သည်ဟု အများထင်မြင် ယူဆထားသော အယူသည်းမှုတို့ကို ရိုက်ချိုးတိုက်ဖျက်မှုအတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှများစွာ လေးစားဂုဏ်ယူမိကာ သံသရာဘဝ မှ စောင့်မျှော်နေကြသော သမ္မာဒေဝါ နတ်ကောင်းနတ်မြတ်များတို့မှလည်း သာဓု .. သာဓု .. သာဓု ဟု ခေါ်ဆိုနေမည်မှာ မလွဲတော့ပေ။

Kyaw Thu
(၇) ရက်သော သားသမီးများတို့အား အမှူးထားပြီး Miss Supranational Internet ဆု၊ Missosology Website မှ ပေးအပ်သည့် People Choice Award, Face of Miss Supranational 2013, Belarus Webste မှ ပေးအပ်သည့် Most Beautiful Girl in the World အစရှိသည့် ဆု (၄) ဆု ဆွတ်ခူး ရယူခဲ့သူ ခင်ဝင့်ဝါသည် အမိမြန်မာပြည်သို့ ပြန်လည်ရောက်ရှိခဲ့ချိန်၌ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ၆.၁ဝ.၂ဝ၁၃ ရက်နေ့တွင် မိသားစုနှင့်အတူ အလှူငွေ ၅ဝဝဝဝဝိ/- (ငါးသိန်းကျပ်) တိတိတို့အား လာရောက် လှူဒါန်းခဲ့ရာ ဥက္ကဋ္ဌ ဦးကျော်သူမှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

ပြည်လုံးကျွတ်အပစ်ရပ်ရေး တိုင်းရင်းသားတွေ အရေးပေါ်စည်းဝေးနေ



တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့က ခေါင်းဆောင်တွေဟာ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရေး အပါအ၀င် နိုင်ငံရေးဆုံးဖြတ်ချက်တွေ ချမှတ်ဖို့အတွက် အရေးပေါ် ဖယ်ဒရယ်ကောင်စီ အစည်းအဝေး ကျင်းပနေတယ်လို့ သိရပါတယ်။

ဗဟိုဘဏ်အနေနှင့် ဘဏ်များမှအပ ကျန်ငွေရေးကြေးရေး အဖွဲ့အစည်းများကို ထိန်းချုပ်မည် မဟုတ်ဘဲ ဘဏ္ဍာရေး ၀န်ကြီးဌာနကသာ ထိန်းချုပ်မည်

သီးခြားလွတ်လပ်စွာ ရပ်တည်နိုင်သည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေနှင့် ဘဏ်များမှအပ ကျန်ငွေရေးကြေးရေး အဖွဲ့အစည်းများကို ထိန်းချုပ်မည် မဟုတ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဒေါ်ခင်စောဦးက ပြောကြားသည်။

သီတဂူ ဆရာတော်ကြီး သံတွဲမြို့သို့ ရောက်ရှိစဉ် ဒေသခံများ ဒေါသစိတ်လျှော့ကြရန် တရားဟောကြားပြီး ယနေ့တွင် အစ္စလာမ် ဘာသာဝင်များနှင့် တွေ့ဆုံမည်

8.1.1
သံတွဲမြို့နယ်ခန်းမတွင် သီတဂူ ဆရာတော်ကြီးက တရားဟောပြောနေစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)
သံတွဲမြို့တွင် နေထိုင်နေကြသည့် ပြည်သူများ ဒေါသစိတ် လျှော့ကြရန် သီတဂူ ဆရာတော်ကြီးက သံတွဲမြို့သို့ ရောက်ရှိလာပြီး တရားဟောကြား ခဲ့ကြောင်း သိရသည်။ သီတဂူ ဆရာတော်ကြီးသည် အောက်တိုဘာ ၇ ရက် မွန်းလွဲပိုင်းက လေယာဉ်ဖြင့် သံတွဲမြို့သို့ ရောက်ရှိလာပြီး မွန်းလွဲ ၃ နာရီခွဲ အချိန်တွင် သံတွဲမြို့နယ်ခန်းမ၌ တရားဟောပြောခဲ့ကြောင်း သိရသည်။

မန္တလေးမြို့တွင် ယာဉ်မတော်တဆမှု ဖြစ်စဉ်များကြောင့် အလုံးစုံ မော်တော်ယာဉ်အာမခံ လျှောက်ထားသည့် ကားအစီးရေ မြင့်တက်လာ

10.7.20
မန္တလေးမြို့တွင်း ယာဉ်မတော်တဆမှု ဖြစ်စဉ်တစ်ခုအား တွေ့မြင်ရစဉ်
မန္တလေးမြို့တွင် ယာဉ်မတော်တဆမှု ဖြစ်စဉ်များကြောင့် အလုံးစုံ မော်တော်ယာဉ် အာမခံ လာရောက် လျှောက်ထားသည့် ကားအစီးရေ မြင့်တက်လာကြောင်း သိရသည်။

ပဋိပက္ခဇစ်မြစ်ကို သေချာစွာလေ့လာဖို့ အစိုးရကို တိုက်တွန်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး ဖမ်းဆီး ထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ပေးဖို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP နဲ့ ရခိုင်ပြည်နယ်ကိုယ်စားပြု အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့က ဒီကနေ့ ကြေငြာချက် ထုတ်ပြီး တောင်းဆိုလိုက်ပါတယ်။

ကျောင်းကုန်းပဋိပက္ခ တည်ငြိမ်မှု ပြန်လည်ရရှိ နေပြီဖြစ်ပြီး ဆူပူမှုဖြစ်စေရန် ဖန်တီးသူဟု ယူဆရသူအချို့ကို ဖမ်းဆီးထား

ကျောင်းကုန်းမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ပြဿနာများ လက်ရှိတွင် တည်ငြိမ်မှု ရရှိနေပြီဖြစ်ပြီး ဆူပူမှုများ ဖြစ်ပေါ်အောင် ဖန်တီးသူများဟု ယူဆရသူ ငါးဦးအား ဖမ်းဆီးထိန်းသိမ်း ထားကြောင်း သိရသည်။

Monday, October 7, 2013

သံတွဲ ပဋိပက္ခ ဖြစ်စဉ်ကို နောက်ကွယ်မှ အကွက်ချစီမံ ခန့်ခွဲသူများအဖြစ် ယူဆခံရသူများ အပါအ၀င် ပါဝင်ကျူးလွန်သူဟု ယူဆခံရသူ ၄၈ ဦးကို ဖမ်းဆီး စစ်ဆေးနေ



Photo: သံတွဲ ပဋိပက္ခ ဖြစ်စဉ်ကို နောက်ကွယ်မှ အကွက်ချစီမံ ခန့်ခွဲသူများအဖြစ် ယူဆခံရသူများ အပါအ၀င် ပါဝင်ကျူးလွန်သူဟု ယူဆခံရသူ ၄၈ ဦးကို ဖမ်းဆီး စစ်ဆေးနေ
Monday, October 7, 2013

သံတွဲမြို့နယ်အတွင်း စက်တင်ဘာ ၂၉ ရက်က စတင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ဖြစ်စဉ်ကို နောက်ကွယ်မှ အကွက်ချစီမံ ခန့်ခွဲသူများအဖြစ် ယူဆခံရသူများ အပါအ၀င် ပြစ်မှုကျူးလွန်သူဟု ယူဆခံရသူ ၄၈ ဦးကို ဖမ်းဆီးစစ်ဆေးနေပြီး ဆက်လက်ဖော်ထုတ် သွားမည်ဖြစ်ကြောင်း သံတွဲခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်တင့်က အောက်တိုဘာ ၆ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

အဆိုပါ သံတွဲပဋိပက္ခ ဖြစ်စဉ်ကို အောက်တိုဘာ ၂၉ ရက်က မြို့နယ်ခန်းမရှေ့တွင် ကမန်လူမျိုးတစ်ဦး ဖွင့်ထားသည့် ဈေးဆိုင်ရှေ့၌ ရခိုင်လူမျိုး တစ်ဦးက သာသနာ့အလံ ထောင်ထားသည့် သုံးဘီးဆိုင်ကယ်ကို ခေတ္တရပ်ထားပြီး ဈေးဝယ်နေစဉ် ဆိုင်ပိုင်ရှင် ကမန်လူမျိုးက "သာသနာ့အလံ ထောင်ထားတဲ့ သုံးဘီးဆိုင်ကယ် ငါ့ဆိုင်ရှေ့မှာ လုံးဝမရပ်နဲ့။ ဘာဖြစ်တယ် ညာဖြစ်တယ်" ဆိုကာ ခိုင်းနှိုင်းဆဲဆို လိုက်သည့်အပေါ် ရခိုင်လူမျိုးက ရဲစခန်း၌ သွားရောက်အမှုဖွင့်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ဆဲဆိုခဲ့သည့် ကမန်လူမျိုးအား သံတွဲမြို့မ ရဲစခန်းမှ အာမခံ ပေးခဲ့သဖြင့် ကျေနပ်မှု မရှိသည့် ဒေသခံ ရခိုင်လူမျိုးများနှင့် သံဃာတော် အချို့မှ ရဲစခန်းသို့ စုံစမ်းမေးမြန်းခဲ့ကြောင်း သိရသည်။ အာမခံ ပေးခဲ့မှုနှင့် ပတ်သက်၍ ရဲစခန်းက လာရောက်စုံစမ်းသူများကို ပြန်လည်ရှင်းပြခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်အပေါ် မကျေနပ်သည့် ရခိုင်လူမျိုး အချို့က သာသနာ့အလံကို ခိုင်းနှိုင်းပြောကြားခဲ့သည့် ကမန်လူမျိုး နေထိုင်သည့် နေအိမ်အား ခဲနှင့်ပစ်ပေါက်ခဲ့သည်မှ အစပြုပြီး ယခုကဲ့သို့ လူသေဆုံးမှုနှင့် နေအိမ်အများအပြား မီးလောင်ကျွမ်း ခဲ့သည်အထိ ပဋိပက္ခဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။

ယင်းကဲ့သို့ ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများ၊ ပါဝင်ခြင်း မရှိသော်လည်း အားပေးအားမြောက် ပြုလုပ်သူများနှင့် နောက်ကွယ်မှ အဆိုပါဖြစ်စဉ် ဖြစ်ပွားအောင် စနစ်တကျ အကွက်ချ စီမံခန့်ခွဲသူများဟု ယူဆခံရသူ စုစုပေါင်း ၄၈ ဦးအား အောက်တိုဘာ ၆ ရက်နေ့ နံနက်ပိုင်းအထိ ဖမ်းဆီးစစ်ဆေးနေကြောင်း သံတွဲခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကြီးကျော်တင့်က ပြောကြားသည်။

"ဖြစ်စဉ်အစကတော့ သာမန်ဖြစ်ရိုး ဖြစ်စဉ်လေးပါပဲ။ ဒါပေမဲ့ နောက်ဆုံးထိ ဖြစ်သွားတဲ့ အခြေအနေကတော့ ကြီးမားပါတယ်။ အခုလို ကြီးမားတဲ့ ဆုံးရှုံးမှုတွေ နစ်နာမှုတွေ ဖြစ်သွားခဲ့တဲ့အတွက် နှစ်ဖက်စလုံး အနေနဲ့ စိတ်ပိုင်းဆိုင်ရာတွေ၊ ရုပ်ပိုင်းဆိုင်ရာတွေ ထိခိုက်သွားတယ်။ ဒါကြောင့် ထပ်မံပြီးဖြစ်ပွားဖို့၊ ဆက်ဖြစ်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလို့ သုံးသပ်ရတယ်။ ဒီဖြစ်စဉ်ရဲ့ နောက်ကွယ်မှာ ဦးနှောက်ကောင်းကောင်းနဲ့ အိမ်မှာထိုင်ပြီး စနစ်တကျ အကွက်ချပြီး စီစဉ်တဲ့သူတွေ ပါဝင်နေတယ်။ ဒီဖြစ်စဉ် ဖြစ်ပွားခဲ့တဲ့ အကြောင်းရင်းတွေထဲက အကြောင်းအချို့ကတော့ ၉၆၉ အခွေတွေ ၀င်လာတယ်။ အင်တာနက်ကနေ လှုံ့ဆော်မှုတွေ ရှိလာတာတွေကြောင့်လို့ ယူဆရတယ်။ ဒါကြောင့် တစ်ဖက်နဲ့တစ်ဖက် မုန်းတီးမှုက ပိုမိုကြီးထွားလာတယ်လို့ သုံးသပ်ရတယ်။ နောက်ကွယ်က ဖန်တီးသူတွေ ရှိသလို ပံ့ပိုးသူတွေလည်း ရှိပါတယ်။ ဒါကို ဖမ်းဆီးပြီးတော့ စစ်ဆေးနေတယ်။ ဥပဒေအတိုင်း စစ်ဆေးလို့ ရရှိတဲ့ အဖြေအပေါ် မူတည်ပြီးတော့ ဆက်လက်လုပ်ဆောင် သွားပါမယ်" ဟု အောက်တိုဘာ ၆ ရက် နံနက်ပိုင်းက ဒုတိယရဲမှူးကြီး ကျော်တင့်က ပြောကြားသည်။

ယခု ဖြစ်စဉ်ကို နောက်ကွယ်မှ ဖန်တီးခဲ့သူများကို ဇာစ်မြစ်အဆုံးထိ စစ်ဆေးဖော်ထုတ် အရေးယူသွားမည်ဟု သိရသည်။

Eleven Media Group

(ရခိုင်လူမျိုး လေးဦးကို ဓားဖြင့်ခုတ်ရာတွင် ကျူးလွန်သူဟု ယူဆခံရသူများအား အောက်တိုဘာ ၆ ရက် မွန်းလွဲ ၂ နာရီက သံတွဲမြို့နယ် တရားရုံးသို့ ရုံးထုတ်လာသည်ကို တွေ့ရစဉ်)
သံတွဲမြို့နယ်အတွင်း စက်တင်ဘာ ၂၉ ရက်က စတင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ဖြစ်စဉ်ကို နောက်ကွယ်မှ အကွက်ချစီမံ ခန့်ခွဲသူများအဖြစ် ယူဆခံရသူများ အပါအ၀င် ပြစ်မှုကျူးလွန်သူဟု ယူဆခံရသူ ၄၈ ဦးကို ဖမ်းဆီးစစ်ဆေးနေပြီး ဆက်လက်ဖော်ထုတ် သွားမည်ဖြစ်ကြောင်း သံတွဲခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ကျော်တင့်က အောက်တိုဘာ ၆ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

ဆန်းဒါးလန်းနှင့် ပွဲစဉ်တွင် ချန်ပီယံတို့၏ အရည်အသွေးကို ပြသနိုင်ခဲ့ဟု ဂျုံးစ်မှတ်ချက်ပြု

ဆန်းဒါးလန်းနှင့် ပွဲစဉ်တွင် မန်ချက်စတာ ယူနိုက်တက် အနေဖြင့် ချန်ပီယံတို့၏ အရည်အသွေး ကို ပြသနိုင်ခဲ့ကြောင်း နောက်ခံလူ ဖီးလ်ဂျုံးစ်က ပြောကြားခဲ့သည်။

ရင်ခေါင်းပူခြင်းကို ပျောက်စေသော လွယ်ကူသည့် နည်းလမ်းများ



(၁) ပီကေ၀ါးပါ
ပီကေ (chewing gum) ကို အစာစားပြီးသောအချိန်တွင် မိနစ် (၃၀)ခန့် ၀ါးပေးပါ။ အူတွင် အက်ဆစ် စုဆောင်းမှုကို လျင်မြန်စွာ ဖြေရှင်းပေးနိုင်သည်။

ဆံပင် ကျန်းမာသန်စွမ်းအောင် စွမ်းဆောင်ပေးမယ့် ဒန်းပင် (henna)



ဒန်းပင်ဆိုတာဟာ အာယုဗေဒ ဆေးပညာမှာသာမက တိုင်းရင်းသား လူမျိုးအချို့မှာ ရိုးရာအလှ အပ အတွက် အရေပြားပေါ်မှာ ရေးဆွဲကြရာမှာ အသုံးပြုတဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် ဆံပင်သန်စွမ်း ကျန်းမာဖို့ အတွက်လည်း အသုံးပြုနိုင်တယ်ဆို တာတော့ လူသိနည်းနေပါသေး တယ်။

အရွယ်မရောက်သေးသူ မိန်းကလေးငယ် အဓမ္မကျင့်ခံရ၍ ကျောင်းကုန်းတွင် ပဋိပက္ခဖြစ်

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျောင်းကုန်းမြို့နယ် အမှတ်(၂)ရပ်ကွက်တွင် အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရရာမှအောက်တိုဘာ ၅ ရက်နေ့ ည ၈ နာရီခန့်က ပဋိပက္ခ ဖြစ် ပွားခဲ့ကြောင်း ယင်းရပ်ကွပ် အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းက ပြောကြားသည်။

အဝေးသင် စနစ်သည် နိုင်ငံရေးကို အခြေခံပြီး ပုံဖော်ခဲ့ခြင်း မဟုတ်ဟုဆို

အဝေးသင်စနစ်သည် နိုင်ငံရေး ကို အခြေခံ၍ ပုံဖော်ခဲ့သည်ဆိုခြင်း မှာ မှားယွင်းသော ယူဆချက်ဖြစ် ကြောင်း ရန်ကုန် အဝေးသင်တက္က သိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ လှတင့်က တုံ့ပြန်ပြောဆိုလိုက် သည်။

ဆရာတော် ဦးဝီရသူ ပတ်စ်ပို့မရသေး

ဆရာ တော်ဦးဝီရသူ၏ နိုင်ငံကူး လက် မှတ်လျှောက်ထားမှုမှာ သက်တမ်း တစ်နှစ်ခြောက်လကျော် ရှိပြီဖြစ် သော်လည်း နိုင်ငံကူးလက်မှတ် ရုံးမှ ပတ်စ်ပို့စာအုပ်ထုတ်ပေးခြင်း မရှိသေးကြောင်း ဆရာတော် ဦးဝီရသူက ရန်ကုန်တိုင်းမ်နေ့စဉ် သို့ အောက်တိုဘာ၆ရက်က မိန့် ကြားလိုက်သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဒေသခံများ ရဲတပ်ဖွဲ့တားဆီး

Photo: လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဒေသခံများ ရဲတပ်ဖွဲ့တားဆီး
Monday, October 7, 2013

ဝမ်ပေါင်ကုမ္ပဏီနှင့် တိုက်ရိုက် ဆွေးနွေးခွင့်ရရန် လူစုလူဝေး စီတန်း လမ်းလျှောက်လာသော လက်ပံတောင်းတောင် စီမံကိန်း ဧရိယာမှ ဒေသခံ ၂၀၀ ကျော်ကို အောက်တိုဘာလ ၆ ရက်နေ့ ညနေပိုင်း အချိန်တွင် ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးလမ်း တုံရွာနှင့် ရွှေလှေရွာကြားတွင် ရဲတပ်ဖွဲ့ဝင်များက တားဆီးခဲ့ကြောင်း လမ်းလျှောက်မှုတွင် ပါဝင်ခဲ့သည့် လက်ပံတောင်းတောင် ဒေသခံတစ်ဦးက ပြောကြားသည်။

စက်တင်ဘာလ ၃၀ ရက်နေ့တွင် ဝမ်ပေါင် ကုမ္ပဏီက လုပ်ငန်းအချို့ စတင်ရန်၊ ယာမြေများတွင် သွပ်ဆူးကြိုးခတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ဒေသခံများက သွပ်ဆူးကြိုး ခတ်ခြင်းကို ဖယ်ရှားပေးရေး၊ ထိုက်တန်သော မြေယာလျော်ကြေး ရရှိရေး၊ လိပ်ခွံတောင်တွင် တပ်စွဲထားသော ရဲတပ်ဖွဲ့အား ဖယ်ရှားပေးရေးနှင့် လယ်ယာမြေများ လုပ်ကိုင်ခွင့် ရရှိရေးစသည့် အချက်များကို ကုမ္ပဏီနှင့် တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးရန် သွားရောက်စဉ် ရဲတပ်ဖွဲ့၏ တားဆီးခြင်းခံခဲ့ရခြင်း ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
“ဆည်တည်း ရွာသစ်မှာ ဆက်ဆံရေးရုံး ရှိပေမယ့် ညှိနှိုင်းမှုတိုင်းမှာ ဒေသခံတွေရဲ့ တောင်းဆိုမှုတွေကို လူကြီးကို တင်ပြပေးမယ်။ အထက်ကို ပြောပေးမယ် ဆိုတာတွေနဲ့ပဲ ပြီးခဲ့ရတာပါ။ အခု စက်တင်ဘာ ၃၀ မှာလည်း နောက်ဆုံး ထုတ်ရမယ်ဆိုတဲ့ အမိန့်လိုစာကြီး ထုတ်ထားတယ်။ လယ်ယာတွေထဲမှာ သွပ်ဆူးကြိုးတွေ ခတ်နေတယ်။ အားလုံးက လျော်ကြေး ထုတ်ယူ မထားသေးဘူး။ စီမံကိန်းက ပြန်စဖို့ ပြင်နေပါပြီ။ ဒါကြောင့် ကုမ္ပဏီနဲ့ တိုက်ရိုက်တွေ့ဖို့ သွားမှာပါ” ဟု တုံရွာဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာ ထွက်ပေါ်ပြီး နောက်ပိုင်း လက်ပံတောင်း ဒေသတွင် တရားဝင် ခွင့်ပြုမိန့်ဖြင့် ဆန္ဒထုတ်ဖော်မှုပေါင်း ၃၀ အထိရှိခဲ့ကာ ယနေ့ဆန္ဒ ထုတ်ဖော်မှုတွင် တရားဝင် ခွင့်ပြုချက်ရယူပြီး ဆန္ဒထုတ်ဖော်ခြင်း မဟုတ်သည့်အတွက် တားဆီးရခြင်း ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ဝင် ရဲအရာရှိတစ်ဦးက ဆိုသည်။

The Voice Weekly

ဝမ်ပေါင်ကုမ္ပဏီနှင့် တိုက်ရိုက် ဆွေးနွေးခွင့်ရရန် လူစုလူဝေး စီတန်း လမ်းလျှောက်လာသော လက်ပံတောင်းတောင် စီမံကိန်း ဧရိယာမှ ဒေသခံ ၂၀၀ ကျော်ကို အောက်တိုဘာလ ၆ ရက်နေ့ ညနေပိုင်း အချိန်တွင် ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးလမ်း တုံရွာနှင့် ရွှေလှေရွာကြားတွင် ရဲတပ်ဖွဲ့ဝင်များက တားဆီးခဲ့ကြောင်း လမ်းလျှောက်မှုတွင် ပါဝင်ခဲ့သည့် လက်ပံတောင်းတောင် ဒေသခံတစ်ဦး က ပြောကြား သည်။

သုံးလခံဆင်းမ်ကတ် ကျပ်နှစ်သောင်းဖြင့် ရောင်း

ဆီး ဂိမ်းပြိုင်ပွဲတွင် လာရောက်မည့် ပြည်ပအားကစားသမားများ အတွက် ဆင်းမ်ကတ်တစ်ကတ် လျှင် ကျပ်နှစ်သောင်းဖြင့် ရောင်း ချပေး မည်ဖြစ်ကြောင်း ဆက်သွယ် ရေးနှင့် သတင်းအချက် အလက် ကော်မတီမှ သိရသည်။