Tuesday, October 22, 2013

ငြိမ်းချမ်းရေးကိစ္စ ကရင်လူထုနဲ့ ကေအဲန်ယူ တွေ့ဆုံမည်


ကရင်အမျိုးသားအစည်းအရုံး KNU အဖွဲ့က သူတို့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ဒေသခံ ကရင်တိုင်းရင်းသားတွေရဲ့ သဘောထားကို သိနိုင်ဖို့အတွက် လာမယ့်အောက်တိုဘာ လ ၂၄ ရက်နေ့မှာ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့က ဒေသခံပြည်သူတွေ နဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများ ပြီးပြည့်စုံရန် ဥရောပသမဂ္ဂနှင့် ကမ္ဘာ့ခေါင်းဆောင်များက ဖိအားပေးရန် လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Photo: မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများ ပြီးပြည့်စုံရန် ဥရောပသမဂ္ဂနှင့် ကမ္ဘာ့ခေါင်းဆောင်များက ဖိအားပေးရန် လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Tuesday, October 22, 2013

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများ ပြီးပြည့်စုံရန်အတွက် လက်ရှိအစိုးရအပေါ် ဥရောပသမဂ္ဂနှင့် ကမ္ဘာ့ခေါင်းဆောင်များက ဖိအားပေးရန် လိုအပ်ကြောင်း Luxembourg နိုင်ငံသို့ ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အနာဂတ်အပြင် တိုင်းရင်းသား ပဋိပက္ခများအား ဖြေရှင်းနိုင်မှုသည် အခြေခံဥပဒေပေါ်တွင် မူတည်ကြောင်း သတင်းထောက်များအား ပြောကြားသည်။

''ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဘဲနဲ့ လုပ်ဆောင်နိုင်တဲ့ အတိုင်းအတာအထိ ပြုပြင်ပြောင်းလဲ မှုတွေကို ဖော်ဆောင်ခဲ့ပြီးပါပြီ။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင်ဘူးဆိုရင် လက်ရှိအာဏာရ အစိုးရအနေနဲ့ ရှေ့ဆက်ပြီး ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ မလိုလားတဲ့ အဓိပ္ပာယ်ပါပဲ။ ဥရောပသမဂ္ဂ အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ လိုအပ်ကြောင်း ပြတ်ပြတ်သားသား ထောက်ခံဖို့ လိုပါတယ်'' ဟု ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ခြင်း မရှိပါက တိုင်းရင်းသား ပဋိပက္ခများအား ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း၊ သို့သော်လည်း လက်ရှိအစိုးရ အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်ရန် ကြိုးပမ်းမှုများ မတွေ့ရသေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အခြေခံဥပဒေ ပြင်ဆင်ရန် လွှတ်တော်အမတ် ၇၅ ရာခိုင်နှုန်း၏ ထောက်ခံမှုရရှိရန် လိုအပ်သော်လည်း လက်ရှိတွင် လွှတ်တော်၏ ၂၅ ရာခိုင်နှုန်းအား တပ်မတော်မှ ရရှိထား ပြီး လစ်လပ်နေရာများကြောင့် အရပ်သား အမတ်ဦးရေသည် ၇၅ ရာခိုင်နှုန်း ပြည့်မီခြင်း မရှိကြောင်း သိရသည်။ ''ဒီနေရာမှာ နည်းနည်းတော့ မူမမှန်ပါဘူး။ ကောင်းမွန်တဲ့ အရာလည်း မဟုတ်ပါဘူး'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

နိုင်ငံတကာ အသိုင်းအ၀ိုင်းကို မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများ ရှေ့ဆက်ပြုလုပ်ရန် ဖိအားပေးဖို့ ပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်က ''နိုင်ငံတကာရဲ့ အကူအညီတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို လိုအပ်နေတဲ့အတွက် မြန်မာနိုင်ငံအတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ အစိုးရအပေါ် ရှုမြင်ပုံဟာ အရေးကြီးပါတယ်'' ဟု ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် Luxembourg တွင်ရောက်ရှိနေသည့် EU နိုင်ငံခြားရေး ၀န်ကြီးများနှင့် နေ့လယ်စာ အတူစားခဲ့ပြီးနောက် လွန်ခဲ့သည့် ၂၃ နှစ်ခန့်က ၎င်းအား ချီးမြှင့်ခဲ့သည့် EU ၏ Sakharov လူ့အခွင့်အရေးဆု လက်ခံရယူရန် Strasbourg သို့ ဆက်လက် ထွက်ခွာခဲ့သည်။

Eleven Media Group

ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပခရီးစဉ်အတွင်း ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ ဥရောပကော်မရှင်သို့ ရောက်ရှိစဉ် (Photo:AFP)
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများ ပြီးပြည့်စုံရန်အတွက် လက်ရှိအစိုးရအပေါ် ဥရောပသမဂ္ဂနှင့် ကမ္ဘာ့ခေါင်းဆောင်များက ဖိအားပေးရန် လိုအပ်ကြောင်း Luxembourg နိုင်ငံသို့ ရောက် ရှိနေ သည့် ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက် များနှင့် တွေ့ ဆုံစဉ် ပြောကြားသည်။

ရခိုင်ပြည်သူ လူထု၏ ဆန္ဒမပါဘဲ ရခိုင်ပြည်နယ်အတွင်း လုပ်ကိုင်နေသည့် ကျောက်ဖြူ-ကူမင်း ရထားလမ်း စီမံကိန်း အပါအ၀င် စီမံကိန်းကြီး ၁၀ ခုအား ရပ်ဆိုင်းပေးရန် တောင်းဆို

8.1.1
မဒေးကျွန်း ရေနက်ဆိပ်ကမ်း စီမံကိန်း လုပ်ငန်းခွင်အား တွေ့ရစဉ်
ရခိုင်တစ်မျိုးသားလုံး၏ ဆန္ဒမပါဘဲ ရခိုင်ပြည်နယ်အတွင်း လုပ်ကိုင်နေသည့် ကျောက်ဖြူ-ကူမင်း ရထား လမ်း စီမံကိန်း အပါအ၀င် ရခိုင်ပြည်နယ်အတွင်း လုပ်ကိုင်နေသည့် စီမံကိန်းကြီး ၁၀ ခုအား ရပ်ဆိုင်းပေးရန် ရခိုင်ပါတီများနှင့် ရခိုင်ပြည်နယ် မြို့နယ် ၁၇ ခုမှ အရပ်ဘက် အဖွဲ့အစည်းများနှင့် အမျိုးသမီး အဖွဲ့အစည်း များက အောက်တိုဘာ ၂၁ ရက်က တောင်းဆိုချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ကျိုက်ထီးရိုး ဘုရားဖူးရာသီ အဖွင့်၌ ၁၀ နှစ်တာ ကာလအတွင်း ဘုရားဖူး လာရောက်မှု အများဆုံးဖြစ်ပြီး တည်းခိုခန်း ဈေးနှုန်းများ ပုံမှန်ထက် နှစ်ဆမှ သုံးဆအထိ မြင့်တက်

8.1.1
လာရောက်ဖူးမြော် သူများဖြင့် စည်ကားနေသော ကျိုက်ထီးရိုး စေတီတော်ကို အောက်တိုဘာ ၁၉ ရက်က ဖူးတွေ့ရစဉ် (ဓာတ်ပုံ- ဉာဏ်ဝင်းရှိန်)
ယခုနှစ် ကျိုက်ထီးရိုးဘုရား ရာသီအဖွင့်၌ ဘုရားဖူး ခရီးသည်များမှာ ယခင်နှစ်များထက် များပြားခဲ့ပြီး ဘုရားဖူးများမှာ တည်းခိုရန်နေရာ မလုံလောက်သည့် အခက်အခဲများနှင့် ကြုံတွေ့ခဲ့ရပြီး တည်းခို ခန်းခ နှုန်းထားများမှာ လပြည့်နေ့၌ ပုံမှန်ထက်နှစ်ဆမှ သုံးဆအထိ မြင့်တက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။
ယခုနှစ် သီတင်းကျွတ် လပြည့်နေ့ မတိုင်မီကပင် မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူး ခရီးသည် အများအပြား စတင်ရောက်ရှိခဲ့ကြပြီး သီတင်းကျွတ် လပြည့်နေ့ အောက်တိုဘာ ၁၉ ရက်၌ ပိုမိုများပြားခဲ့ကာ ကျိုက်ထီးရိုး တောင်ပေါ်ရှိ တည်းခိုခန်းများ၊ ထမင်းဆိုင်များမှာ အခန်းလွတ် မရှိသလောက် ဖြစ်သွားခဲ့ပြီး ယခုနှစ်တွင် လာရောက်သည့် ဘုရားဖူးများမှာ ယခင်နှစ်ရာသီ အဖွင့်ပွဲကထက် ပိုမိုများပြား ခဲ့ကြောင်းကို ဂေါပက အဖွဲ့ဝင်များနှင့် ဒေသခံများထံမှ သိရသည်။

Monday, October 21, 2013

မလေးရောက် 6P မြန်မာများကို တရားဝင်နေထိုင်ခွင့် ထပ်လုပ်ပေးမည်


မလေးရှားနိုင်ငံမှာ လွတ်ငြိမ်းချမ်းသာခွင့် 6P အစီအစဉ်နဲ့ မှတ်ပုံတင်ခဲ့ပြီး တရားဝင် အလုပ်လုပ်ခွင့် ပါမစ်မရသေးတဲ့ နိုင်ငံခြားသားတွေအတွက် တရားဝင်ဖြစ်အောင် ဒုတိယအကြိမ်အဖြစ် လုပ်ဆောင်ပေးမယ် လို့ မလေးရှားအစိုးရက ကြေညာပါတယ်။

သီတင်းကျွတ်လပြည့်နေ့တွင် မီးကြိုးသွယ်ရာမှ အဖိုးအိုတစ်ဦး ဓာတ်လိုက်သေဆုံး

စစ်ကိုင်းမြို့၊ စိန်ကုန်းရပ်ကွက်တွင် သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာလ ၁၉ ရက်)က မီးထွန်းရန် မီးသီးကြိုးများ သွယ်တန်းရာမှ အဘိုးအိုတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ကြောင်း စစ်ကိုင်းမြို့ ပြည်သူ့ဆေးရုံရှိ အရေးပေါ် လူနာ ဌာနမှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက မဇ္ဈိမကို ပြောသည်။

သုံးခွတွင် တစ်ရွာတည်းသားချင်း လှံဖြင့်ထိုး

သုံးခွမြို့နယ်ရှိ ကျေးရွာတစ်ခုတွင် တစ်ရွာတည်းသားချင်း စကားများရန်ဖြစ်ရာမှ လှံဖြင့် ထိုးခဲ့မှု တစ်ခု အောက်တိုဘာ ၁၉ ရက်က ဖြစ်ပွားခဲ့သည်။

အမှုတွင် ယင်းနေ့ညနေ ၅ နာရီခွဲက မုဒိတာကျေးရွာနေ ကျော်မျိုးဦးသည် တစ်ရွာတည်းနေ အေးရွှေဆို သူ၏ နေအိမ် အနောက်ဘက်တွင် ငါးပိုက်ဖော်နေ ခဲ့ပြီး အေးရွှေနှင့် မောင်ဇော် (စုံစမ်းဆဲ) တို့က ၎င်းတို့ အိမ်ရှိ ၀ါးကိုင်းများအား ခုတ်ချခဲ့ရာ ကျော်မျိုးဦး ငါးဖော်သည့် နေရာသို့ ၀ါးကိုင်းများ ကျခဲ့သည်ဟုလည်း ဆိုထားသည်။

မန်း NLD ၁၅၀ ကျော် နှုတ်ထွက်၊ ၁၂ ဦး ပါတီပြောင်း

Photo: မန်း NLD ၁၅၀ ကျော် နှုတ်ထွက်၊ ၁၂ ဦး ပါတီပြောင်း
Monday, October 21, 2013

မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပါတီဝင် ၁၂ ဦးမှာ NLD ပါတီဝင်အဖြစ်မှ နှုတ်ထွက်ကာ ဒီမိုကရက်တစ် ပါတီ (မြန်မာပြည်သို့) ပါတီ ကူးပြောင်းသွားကြောင်း သတင်းရရှိပါတယ်။ အောက်တိုဘာလ ၂၀ ရက်နေ့ တနင်္ဂနွေနေ့က မန္တလေးတိုင်းဒေသကြီး NLD ပါတီဝင် ၁၂ ဦးဟာ ပါတီဝင်အဖြစ်မှ အပြီးအပိုင် နှုတ်ထွက်ခဲ့ပြီး ချမ်းအေးသာစံရှိ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) သို့ ဝင်ရောက်သွားကြောင်း သိရပါတယ်။ 

လက်တလောအားဖြင့် ဒီမိုကရက်တစ်ပါတီမှ အဆိုပါ ပါတီပြောင်းလဲသူ ၁၂ ဦးအား မိမိသဘောအတိုင်း NLD ပါတီမှ နှုတ်ထွက်ခြင်း ဖြစ်သည့် ထောက်ခံချက်များ တောင်းဆိုထားကြောင်း ဒီမိုကရက်တစ်ပါတီမှ တာဝန်ရှိသူတစ်ဦးမှ အခုလိုပြောပါတယ်။

“ဟုတ်ပါတယ်… ပါတီပြောင်းချင်လို့ဆိုပြီး ပြောပါတယ်.. ၁၂ ယောက် ပါ.. နောက်ထပ် ၁၅၀ ထပ်ပြောင်းမယ်လို့လည်း ပြောပါတယ်.. လောလောဆယ်တော့ သူတို့ဆန္ဒအတိုင်း နှုတ်ထွက်တယ် ဆိုတဲ့ ထောက်ခံချက်တွေ တောင်းထားတယ်… ကျွန်တော်တို့ပါတီက တစ်ယောက်ယောက် က တိုက်တွန်းလို့၊ စည်းရုံးလို့ ပြောင်းလာတာ မဟုတ်ဘူး ဆိုတဲ့ သဘောပါ..” လို့ ဆိုပါတယ်။

နောက်ထပ် မန္တလေးတိုင်းဒေသကြီး NLD ပါတီမှ ၁၅၀ ကျော် နှုတ်ထွက်မယ်လို့ သိရသော်လည်း ၎င်းတို့ အားလုံး ဒီမိုကရက်တစ်ပါတီ သို့ ပါတီပြောင်း မပြောင်းဆိုတာကိုတော့ အတိအကျ မပြောနိုင်သေးကြောင်း အဆိုပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

NLD ပါတီ ပြန်လည်မှတ်ပုံတင်ပြီးနောက်ပိုင်း ပါတီဝင် တစ်သိန်း ရရှိရေးအစီအစဉ်ဖြင့် စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ပေမယ့် ဗဟိုဦးစီးမှု လွန်ကဲခြင်း၊ မြို့နယ်ပါတီ ကိုယ်စားလှယ်များအပေါ် မကျေနပ်ကြခြင်း များကြောင့် နှုတ်ထွက်သူများ နှင့် ပါတီကူးပြောင်းသူများ တစ်နှစ်အတွင်း အများအပြားပေါ်ပေါက်ခဲ့ပါတယ်။ နှုတ်ထွက်လာသူ အများစုမှာ ဒေါက်တာသန်းငြိမ်း နှင့် ဦးခင်မောင်ဆွေ ဦးစီးသည့် NDF ပါတီသို့လည်းကောင်း၊ ဦးသိန်းညွန့် ဦးဆောင်သည့် ဒီမိုကရေစီ ပါတီသစ် သို့လည်းကောင်း၊ ဦးသုဝေ ဦးဆောင်သည့် ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) သို့လည်းကောင်း အသီးသီး ပြောင်းလဲသွားကြကြောင်း သိရပါတယ်။

ကိုစိုးကြီး
မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပါတီဝင် ၁၂ ဦးမှာ NLD ပါတီဝင်အဖြစ်မှ နှုတ်ထွက်ကာ ဒီမိုကရက်တစ် ပါတီ (မြန်မာပြည်သို့) ပါတီ ကူးပြောင်းသွားကြောင်း သတင်းရရှိပါတယ်။ အောက်တိုဘာလ ၂၀ ရက်နေ့ တနင်္ဂနွေနေ့က မန္တလေးတိုင်းဒေသကြီး NLD ပါတီဝင် ၁၂ ဦးဟာ ပါတီဝင်အဖြစ်မှ အပြီးအပိုင် နှုတ်ထွက်ခဲ့ပြီး ချမ်းအေးသာစံရှိ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) သို့ ဝင်ရောက်သွားကြောင်း သိရပါတယ်။

စင်ကာပူတွင် ဆောက်လုပ်ရေးလုပ်သား ရှားပါးနေ


စင်ကာပူနိုင်ငံတွင် ဆောက်လုပ်ရေးလုပ်ငန်းများ အရှိန်အဟုန် မြင့်မားလာသော်လည်း အလုပ်သမား လုံလောက်မှုမရှိခြင်း ပြဿနာနှင့် ရင်ဆိုင်နေရသည်ဟုသိရသည်။ဆောက်လုပ်ရေးလုပ်ငန်းများ တိုးတက် လာခဲ့ပြီး အလုပ်သမားမလုံလောက်မှုကြောင့် စင်ကာပူဆောက်လုပ်ရေး လုပ်ငန်းများသည် ကုန်ကျ စရိတ်မြင့်မားခြင်းနှင့် လုပ်ငန်းပြီးဆုံးရန်အတွက် အချိန်ကြာမြင့်စွာယူနေရသည့် အခြေအနေတွင် ဆိုက်ရော က် နေ သည်။

အိနိ္ဒယတွင်အဆိပ်အတောက်ပါသည့် အရက်များ သောက်သုံးမိခြင်းကြောင့်လူပေါင်း ၃၂ ဦးသေဆုံး

အိနိ္ဒယနိုင်ငံမြောက်ပိုင်းတွင် အဆိပ်အတောက်ပါသည့် အရက်များကြောင့် လူပေါင်း ၃၂ ဦး သေဆုံးခဲ့ရပြီး ဒါဇင်ပေါင်းများစွာလည်း နာမကျန်းဖြစ်ခဲ့ရသည်ဟု ရဲဌာနမှစနေနေ့ တွင် ပြောကြား လိုက်ကြောင်း အောက်တိုဘာ ၂၀ ရက်က အေအက်ဖ်ပီ သတင်းဌာနမှ ဖော်ပြထားသည်။

ရွှေတိဂုံဘုရား၌ ဗုံးခွဲရန်ကြံစည်သော်လည်း မအောင်မြင်ခဲ့ဟုဆို

Photo: ရွှေတိဂုံဘုရား၌ ဗုံးခွဲရန်ကြံစည်သော်လည်း မအောင်မြင်ခဲ့ဟုဆို
Monday, October 21, 2013

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ရန်ကုန်မြို့ ကုန်သယ်ကြီးများဟိုတယ်နှင့် စားသောက်ဆိုင်အချို့ တွင် ဗုံးဖောက် ခွဲရန်ကြိုးစားခဲ့သူများသည့်
 မြန်မာနိုင်ငံတွင် လူမျိုးရေး ပဋိပက္ခဖြစ်ပေါ်စေရန်အတွက် ကြိုတင်ကြံစည်
ကာ အစ္စလာဒ်ဘာသာဝင်များ၏ အစ်နေ့တွင် ရွှေတိဂုံဘုရား၌ ဗုံးဖောက်
ရန်ကြံစည်ခဲ့ကြောင်း တရားခံဟု ယူဆရယူ (စောမြင့်လွင်)အား စစ်ဆေးစဉ် ထွက်ဆိုချက်များအရ သိရသည်။

ယင်းကဲ့သို့ ဗုံးဖောက်ခွဲရန်အတွက် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ KNU မြို့နယ်အဆင့် စီးပွားရေးတာဝန်ခံ စောနေတိုး (ခေါ်)စောရွှေထူးက
စောမြင့်လွင်ဆိုသူအား ( ငွေငါသိန်းတိတိ) ပေးခဲ့ကြောင်း တရားခံဟု ယူဆရသူ စောမြင့်လွင်၏ပြောကြားချက်အား KNU အဖွဲမှ CEC အဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်က ပြောသည်။

“သူရဲ့ ပြောကြားချက်မှာတော့ ရန်ကုန်မြို့ကုန်သယ်ကြီးများ ဟိုတယ်ကို ဗုံးခွဲတဲ့အပြင်ကို အစ္စလာဒ်ဘာသာဝင်တွေရဲ့ အစ်နေမှာ လူမျိုးရေးပဋိ
ပက္ခ ဖြစ်အောင်လို့ ဆိုပြီး ရွှေတိဂုံဘုရားကိုလည်း ဗုံးခွဲဖို့ လည်းကြံခဲ့သေး
တယ် ဒါပေမယ့် စောမြင့်လွင်က အဲ့လိုလုပ်ရမှာကို ကြောက်တဲ့အတွက် ဒီအကြံဟာ မအောင်မြင်ခဲ့ပါဘူး ”ဟု တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ KNU ဖဒိုမန်းငြိမ်းမောင်က တရားခံဟုယူဆရယူ စောမြင့်လွင်၏ ထွက်ဆိုချက်အား ပြောသည်။

ယခင်ကဗုံးဖောက်ခွဲမူများသည် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များက လုပ်ဆောင်ခဲ့သော်လည်း ယခုအစိုးလက်ထက်တွင် အစိုးရနှင့်ငြိမ်းချမ်းရေး
 ဆွေးနွေးပြီးနောက်ပိုင်းတွင် ယင်းကဲ့သို့ကိစ္စများ မလုပ်တော့ကြောင်း အထက်ပါပုဂ္ဂိုလ် ဖဒိုမန်းငြိမ်းမောင်က ဆက်လက်ပြောသည်။

“စောမြင့်လွင်ဆိုသူက အရင်က တပ်သားအဖြစ်နဲ့ မြို့ နယ်အဆင့် KNU
 ပြည်သူစစ်အဖွဲ့ မှာ တာဝန်ထမ်း ဆောင်ဘူးပါတယ်။ ဒါပေမယ့် ၂၀၀၈ ခုနှစ်မှာသူဟာ KNU အဖွဲ့ကနေပြီးတော့ ထွက်သွားပါပြီ ကျွန်တော်တို့ တပ် မှာ တာဝန်မထမ်းဆောင်တော့ပါဘူး။  KNU မြို့နယ်အဆင့် စီးပွားရေး
တာဝန်ခံ စောနေတိုး (ခေါ်)စောရွှေထူးဟာ လည်း သူဆန္ဒနဲ့သူ လုပ်တာပါ။ ကျွန်တော်တို့  KNU ဗဟိုအဖွဲနဲ့  ဘာမှမဆိုင်ပါဘူး အစိုးရက ငြိမ်းချမ်းရေးကို တည်ဆောက်တဲ့ အခါမှာကျွန်တို့ အနေနဲ့ သိက္ခာရှိရှိနဲ့ ငြိမ်းချမ်းရေး 
လမ်းစဉ်ကို သွားမှာပါ ”ဟု  ဖဒိုမန်းငြိမ်းမောင်က ထပ်လောင်း ပြော
ဆိုသည်။

ရန်ကုန်မြို့ ကုန်သယ်ကြီးများ ဟိုတယ်၊ စားသောက်ဆိုင် အချို့ နှင့်
 ရွှေတိဂုံဘုရားတွင် ဗုံးဖောက်ခွဲရန် စောနေတိုး (ခေါ်)စောရွှေထူးက
 စောမြင့်လွင် ဆိုသူအား ( ငွေငါသိန်းတိတိ)ပေးခဲ့သော်လည်း၎င်း တို့နှစ်နောက်တွင်ကြိုး ကိုင်ချယ်လှယ်သူများ ရှိနေသေးကြောင်း ဖဒိုမန်းငြိမ်းမောင်က သုံးသပ် ပြောဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ KNU အနေဖြင့်  ဗုံးပေါက်ကွဲမှု ကိစ္စ
များကြောင့် ဒဏ်ရာ ရရှိသူများနှင့် မိဘပြည်သူများအား အနူးအညွှတ်
 တောင်းပန်ကြောင်း KNU ဗဟို အနေဖြင့်  ဗုံးပေါက်ကွဲရန် ကြံစည်ခဲ့ သူများနှင့် နောက်ကွယ်မှကြိုးကိုင်ချယ်လှယ်သူများအား ဖော်ထုတ်
ကာ ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ KNU ကသဘောထားထုတ်ပြန်သည်။

နှင်းနွယ်
The Myanma Age

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ရန်ကုန်မြို့ ကုန်သယ်ကြီးများဟိုတယ်နှင့် စားသောက်ဆိုင်အချို့ တွင် ဗုံးဖောက် ခွဲရန်ကြိုးစားခဲ့သူများသည့်မြန်မာနိုင်ငံတွင် လူမျိုးရေး ပဋိပက္ခဖြစ်ပေါ်စေရန်အတွက် ကြိုတင်ကြံ စည်ကာ အစ္စလာဒ်ဘာသာဝင်များ၏ အစ်နေ့တွင် ရွှေတိဂုံဘုရား၌ ဗုံးဖောက်ရန်ကြံ စည် ခဲ့ကြောင်း တရားခံဟု ယူဆရယူ (စောမြင့်လွင်)အား စစ်ဆေးစဉ် ထွက်ဆိုချက်များအရ သိရသည်။

ဗြိတိန်မှ လူသိထင်ရှား မွတ်စလင်များကို ဆိုမာလီစစ်သွေးကြွများက ဗီဒီယိုဖိုင်မှတစ်ဆင့် ခြိမ်းခြောက်


ဗြိတိန်ရဲ့က နိုင်ငံအတွင်းရှိ လူသိများထင်ရှားသည့် မွတ်စလင်များကိုသည် အန္တရာယ်ရှိနေကြောင်း၊ သူတို့ကို အစ္စလာမ်၏ ရန်သူများအဖြစ် ဆိုမာလီ Shebab စစ်သွေးကြွများ၏ ဗီဒီယိုဖိုင်တွင် အမည်စာရင်းနှင့်တစ်ကွ ဖော်ပြထားသည်။ ယင်းဗီဒီယိုဖိုင်ကို အောက်တိုဘာ ၁၆ရက် အိစ်ဒ်နေ့က YouTube တွင် တင်ခဲသည်။ ဖိုင်သည် နာရီနှင့်ချီကြာမြင့်ခဲ့ပြီး နောက်ဝက်ဘ်ဆိုဒ်မှ ဖယ်ရှားပစ်လိုက်ကြောင်း လန်ဒန်မြို့တော်ရဲတပ်ဖွဲ့က ဆိုသည်။

iPhone ၀ယ်ရန် အကြံနှင့် သမီးငယ်ကိုရောင်းသော တရုတ်စုံတွဲ

Photo: iPhone ၀ယ်ရန် အကြံနှင့် သမီးငယ်ကိုရောင်းသော တရုတ်စုံတွဲ
Monday, October 21, 2013

ရှန်ဟိုင်းရုံးတော်က တရုတ်လင်းမယားကို မိမိ၏ ရင်သွေးအား အွန်လိုင်းမှတဆင့်ရောင်းချသဖြင့် လူကုန်ကူးမှု ဥပဒေအရ ဖမ်းဆီးလိုက်ကြောင်း ရှန်ဟိုင်းနေ့စဉ်ထုတ် Jiefang သတင်းစာတွင် ရေးသားထားသည်။

အောက်တိုဘာ ၁၈ရက် ရက်စွဲဖြင့် ထုတ်ဝေသည့် ယင်းသတင်းစာတွင် Mr. Teng နှင့် Ms. Zhang  ဟု အမည်ပါသော ထိုတရုတ်လင်မယားသည် iPhone အပါအ၀င် အခြားပစ္စည်းများ ၀ယ်ယူရန် သူတို့၏ သမီးငယ်ကို ထိုသို့ ပြုလုပ်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ သူတို့က ငွေကြေး အကျိုးအမြတ်အတွက် မဟုတ်ဘဲ ကလေးငယ်၏ အနာဂတ် ပိုမိုတည်ငြိမ်ရန် ယင်းသို့ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ပြန်လည်ချေပလျှက် ရှိသည်။

သို့သော်လည်း  စစ်ဆေးသည့်အခါ iPhone နှင့် ဈေးကြီးသည့် ဖိနပ်များ ၀ယ်ယူထားသည့် စာရင်းများ ထွက်လာခဲ့သည်။ သူတို့ ဈေးဝယ်ထွက်ခဲ့သည့် ကုန်ကျစရိတ်ကို ကြည့်သောအခါ ဒေါ်လာ ၄၉၀၀ မှ ဒေါ် ၈၀၀၀ ကြားသုံးစွဲထားသည်ကို တွေ့ရပြန်၏။ ထိုမျှမက သူတို့၏ အိမ်နီးချင်းများကိုလည်း ကိုယ်ဝန်အကြောင်းကို လျှို့ဝှက်ထားကာ မေးသည့်အခါတိုင်း Ms . Zhang ၏ ဗိုက်တွင် အကြိတ်လုံး တစ်လုံး ရှိနေသည်ဟုသာ လိမ်ညာပြောဆိုခဲ့ကြသည်။ သူတို့တွင် ကလေးနှစ်ယောက် ၇ှိနေပြီး ယခုကလေးသည် တတိယမြောက် ရင်သွေးဖြစ်သည်။

Mr. Teng နှင့် Ms. Zhang  တို့သည် ကလေးမွေးပြီး အချိန်တိုအတွင်း ဈေးဝယ်ထွက်ကြခြင်း ဖြစ်ကြောင်း စစ်ဆေး တွေ့ရှိရသည် ဟု ဆိုသည်။ မည်သို့ ပြစ်ဒဏ်ချမှတ်သည်ကိုမူ ယင်းသတင်းစာတွေ မဖော်ပြသေးပါ။

မြန်မာ့ခေတ်


ရှန်ဟိုင်းရုံးတော်က တရုတ်လင်းမယားကို မိမိ၏ ရင်သွေးအား အွန်လိုင်းမှတဆင့်ရောင်းချသဖြင့် လူကုန် ကူးမှု ဥပဒေအရ ဖမ်းဆီးလိုက်ကြောင်း ရှန်ဟိုင်းနေ့စဉ်ထုတ် Jiefang သတင်းစာတွင် ရေး သား ထားသည်။

အောက်တိုဘာ ၁၈ရက် ရက်စွဲဖြင့် ထုတ်ဝေသည့် ယင်းသတင်းစာတွင် Mr. Teng နှင့် Ms. Zhang ဟု အမည်ပါသော ထိုတရုတ်လင်မယားသည် iPhone အပါအ၀င် အခြားပစ္စည်းများ ၀ယ်ယူရန် သူတို့၏ သမီးငယ်ကို ထိုသို့ ပြုလုပ်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ သူတို့က ငွေကြေး အကျိုးအမြတ်အတွက် မဟုတ်ဘဲ ကလေးငယ်၏ အနာဂတ် ပိုမိုတည်ငြိမ်ရန် ယင်းသို့ လုပ်ဆောင်ခြင်းဖြစ် သည်ဟု ပြန် လည်ချေပလျှက် ရှိသည်။

အခုရက်ပိုင်းတွေမှာ ဘာလို့မိုးတွေရွာ....

အခုရက်ပိုင်းတွေမှာ ဘာလို့မိုးတွေရွာ....
Monday, October 21, 2013

Weather News Update
21-10-2013
2:37 am

ပြီးခဲ့တဲ့ရက်တွေမှာ မြန်မာတစ်နိုင်ငံလုံးလိုလိုမှာ မိုးတွေရွာခဲ့ပါတယ်။ ဖြစ်ချင်တော့ သီတင်းကျွတ်အခါသမယ အဘိဓမ္မာအခါတော်နေ့ ထူးနေ့မြတ်ကြီးမှာ နိုင်ငံနဲ့အ၀ှမ်း မီးထွန်းပွဲတော်တွေ၊ တရားပွဲတွေ ဆင်နွဲနေတဲ့အခါသမယမို့ အားလုံးအတွက် အမှတ်တယ ရှိစေရုံမက စိတ်အနှောက်အယှက်လည်းဖြစ်စေခဲ့ရပါတယ်။

မုတ်သုံမရှိ၊ မုန်တိုင်းမရှိ၊ အရှေ့လေပွေလှိုင်းမရှိ၊ ဘာမှမရှိပါဘဲလျက် ကိုရွှေမိုးက အငြိုးကြီးစွာ ရွာနေလေတော့ ဘာကြောင့်လည်းလို့ အဖြေရှာကြည့် မိပါတယ်။ တွေ့ဘူးတဲ့ ကိစ္စတစ်ရပ်ကြောင့် ရွာခဲ့တာကိုတွေ့ရပါတယ်။

ွှဲဒါကတော့ လက်ရှိအချိန်မှာ စောစောပိုင်းကဖြစ်သွားခဲ့တဲ့ Phailin ဆိုင်ကလုန်း မုန်တိုင်း အပါအ၀င် မုန်တိုင်းတွေ မကြာမကြာဖြစ်နေတဲ့အတွက် မြန်မာနိုင်ငံ ရဲ့လေထုထဲမှာရေငွေ့တွေဟာ မုတ်သုံလေဆုတ်ခွာခဲ့ပြီးဖြစ်ပေမယ့် များများစားစား ရှိနေကြဆဲဖြစ်ပါတယ်။ အဲဒီအချိန်မှာ တရုတ်ပြည်မကြီးအပေါ်မှာ ရာသီအလိုက်ဖြစ်ပေါ်ရတဲ့ လေဖိအားများရပ်ဝန်းကြီး(High Pressure Area) တစ်ခု ဟာ အားကောင်းကောင်းနဲ့ဖြစ်နေပါတယ်။

ဖြစ်ချင်တော့ အဲဒီလေဖိအားများရပ်ဝန်းကြီးက အရှေ့မြောက်လေအေးတွေ ဟာ မြန်မာနိုင်ငံအွင်းကို တိုးဝင်လာလိုက်တာ ကပ္ပလီပင်လယ်ပြင်အထိရောက် ခဲ့ပါတယ်။ ဒီတော့ ပူနွေးစွတ်စိုနေတဲ့လေထု အခံနဲ့ အေးပြီးခြောက်သွေ့တဲ့ တိုးဝင်လာတဲ့လေအေးတွေ တွေ့ကြတဲ့အခါ သဘာဝအရ လေထုနှစ်ခုရောစပ်မှု(Two Air Masses Mixing) ဖြစ်ခဲ့ပြီး တိမ်တွေဖြစ်။ မိုးတွေရွာ ဖြစ်ခဲရကြောင်းပါ။

ရွာတဲ့မိုးကလည်း နေရာတော်တော်များများ အချိန်တော်တော်ကြာကြာ ရွာခဲ့ပါတယ်။ အရင်ကလည်း ဒါမျိုးဖြစ်ခဲ့ဘူးပါတယ်။ ၂၀၁၁ မတ်လ (၁၅-၁၆-၁၇) သုံးရက် တိတိ နွေခေါင်ခေါင်မတ်လကြီးမှာ မိုးတွင်းလိုမိုးတွေရွာ၊ ဆောင်းတွင်းလိုအေး ခဲ့တာ မိတ်ဆွေတွေမှတ်မိဦးမှာပါ။ အဒီတုံးကပေါ့ ဖျာပုံမြစ်ဝက ကျားဖေါင်တွေ မျောပါကုန် လို့ အသက်မသေဘဲ ကျန်ရစ်သူတွေကို သီရိလင်္ကာနိုင်ငံအထိ သွားကယ်ခဲ့ရတာလေ။
အဲဒီတုံးကလည်း အခုလို အရှေ့မြောက်လေအေးတွေတိုးဝင်ခဲ့တာပေါ့။

အဲဒိတုံးကတော့လေအေးတွေဟာ တိုးဝင်လာလိုက်တာ မြန်မာပြည် နယ်နမိတ်ကိုကျော်ပြီး ဘင်္ဂလားပင်လယ်ကြီးကိုတောင် လွန်သွားကာ သီရိလင်္ကာနိုင်ငံအထိရောက်သွားခဲ့လို့ ရာသီဥတုက ဒီထက်အများကြီး ပိုဆိုးခဲ့တာပေါ။

မိုးလေ၀သဆိုတာ အကြောင်းမရှိဘဲ အကျိုးမဖြစ်ပါဘူးဗျာ။ အဲ...အရေးကြီးတာက အဲဒီအကြောင်းကို ကြိုမြင်တတ်ကြဖို့ပါဘဲ။

ဒေါက်တာထွန်းလွင်
Weather News Update
21-10-2013
2:37 am

ပြီးခဲ့တဲ့ရက်တွေမှာ မြန်မာတစ်နိုင်ငံလုံးလိုလိုမှာ မိုးတွေရွာခဲ့ပါတယ်။ ဖြစ်ချင်တော့ သီတင်းကျွတ် အခါသမယ အဘိဓမ္မာအခါတော်နေ့ ထူးနေ့မြတ်ကြီးမှာ နိုင်ငံနဲ့အ၀ှမ်း မီးထွန်းပွဲတော်တွေ၊ တရားပွဲတွေ ဆင်နွဲနေတဲ့အခါသမယမို့ အားလုံးအတွက် အမှတ်တယ ရှိစေရုံမက စိတ်အနှောက် အယှက်လည်းဖြစ်စေခဲ့ရပါတယ်။

၂၀၁၄ အတွက် Lamborghini Veneno အရေအတွက် သတ်မှတ်ချက်ဖြင့်သာ ထုတ်လုပ်ရောင်းချ သွားမည်

Photo: ၂၀၁၄ အတွက် Lamborghini Veneno အရေအတွက်သတ်မှတ်
ချက်ဖြင့်သာ ထုတ်လုပ်ရောင်းချသွားမည်
Monday, October 21, 2013

ကမ္ဘာကျော်ပြိုင်ကားများကို ငွေကြေးချမ်းသာသူများနှင့် ပြိုင်ကားစွဲလမ်း သူများက နှစ်စဉ်ကားသစ်ဝယ်ယူစီးမှုများရှိနေရာ ယခု ၂၀၁၄ ခုနှစ်အတွက်
 မော်ဒယ်သစ်ပြိုင်ကားတစ်စီးဖြစ်သည့် Lamborghini Veneno ကို ဂျာမနီ
 နိုင်ငံမှ မိတ်ဆက်ပြသလိုက်သည်။ 

ကား၏တန်ဖိုးမှာ ဒေါ်လာမီလီယံနှင့်ချီ၍ရှိသောကြောင့် အရေအတွက်ကန်
့သတ်ချက်ဖြင့် ထုတ်လုပ်ရောင်းချသွား ဖွယ်ရှိသည်ဟု Lamborghini ၏ စာမျက်နှာများတွင် တွေ့ရသည်။

တစ်နာရီလျှင် 220 mph အထိမောင်းနှင်နိုင်သောကြောင့် ဆီစားနှုန်း ပိုမိုလာနိုင်ကြောင်း သိရသည်။ ကား၏ကိုယ်ထည် အပြင်အဆင်ပိုင်းကို ကာဗွန်ဖိုက်ဘာအသုံးပြုထားပြီး ဒီဇိုင်းပိုင်းမှာ ရုပ်ရှင်ဇာတ်ကောင်များမှ စက်ရုပ်တစ်ကောင်သဖွယ် သက်ဝင်လှုပ်ရှားသွားလာနိုင်မည်ဖြစ်သည်။

 လေအဟုန်ကိုခွင်းကာ သက်ဝင်လှုပ်ရှားသွားလာနိုင်စေရန် မြင်းကောင်ရေ ၇၄၀ အထိ စွမ်းအင်ရှိသော အင်ဂျင်ပါဝင်မည်ဖြစ်သည်ဟု သိရသည်။ အဆိုပါပြိုင်ကား၏ တန်ဖိုးမှာ လက်ရှိအနေအထား အတွက် အမေရိကန်
 ဒေါ်လာ လေးဘီလီယံအထိရှိနိုင်ကြောင်း နည်းပညာသတင်းစာမျက်နှာ များတွင် တွေ့ရသည်။ 

သုံးစက္ကန့်အတွင်း ဂီယာ ခုနစ်ချက်ဖြင့် 60 mph အထိ အမြန်နှုန်းမြှင့်နိုင်ပြီး
 ပေါ့ပါးသော ကာဗွန်ဖိုက်ဘာကိုယ်ထည်ဖြင့် အင်ဂျင်စွမ်းအင်ကြီးမားမှု
တို့ကြောင့် ငွေကြေးချမ်းသာသူများနှင့် ပြိုင်ကား စွဲလမ်းသူများက အထူးပင်စိတ်ဝင်စားလျက် ရှိကြောင်း ဆိုထားသည်။ အဆိုပါ ပြိုင်ကားကို ယခုနှစ်အတွက် ဒီဇိုင်းထုတ်လုပ်သော အရည်အသွေးမြင့် ဈေးကွက် အတွင်းဆန်းသစ်နိုင်စေရန် ရည်ရွယ်ထားသည်ဟု သိရသည်။ 

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း 
ကမ္ဘာကျော်ပြိုင်ကားများကို ငွေကြေးချမ်းသာသူများနှင့် ပြိုင်ကားစွဲလမ်း သူများက နှစ်စဉ်ကားသစ်ဝယ် ယူစီးမှုများ ရှိနေရာ ယခု ၂၀၁၄ ခုနှစ်အတွက် မော်ဒယ်သစ်ပြိုင်ကား တစ်စီးဖြစ်သည့် Lamborghini Veneno ကို ဂျာမနီ နိုင်ငံမှ မိတ်ဆက်ပြသလိုက်သည်။ 

ဘရာဇီးလ်မြို့တော် ရီယိုသို့ ထောင်နှင့်ချီသော မိကျောင်းများ ကျူးကျော်လာ

ဘရာဇီးလ်နိုင်ငံ၊ ရီယိုဒီဂျနေရိုးမြို့ရှိ သဘာဝ ရေကန်နှင့် အင်းအိုင်များအတွင်း ကိုင်မန် (Caiman) မိကျောင်းများ ထောင်နှင့်ချီ ကျူးကျော် ရောက်ရှိလာသည့်အတွက် တာဝန်ရှိသူများ ဗျာများလျှက် ရှိနေကြောင်း သိရသည်။ ကိုင်မန်ဆိုသည်မှာ မိကျောင်းခေါင်းတို (Alligator) အဆက်အနွယ် ဖြစ်သော် လည်း ယဉ်ပါးအေးဆေးပြီး အရွယ်အစားအားဖြင့် မကြီးမားလှသလို တောင်အမေရိကတိုက်တွင်သာ အဓိက ရှင်သန် ကျက်စားသည့် မျိုးနွယ်တစ်ခု ဖြစ်သည်။ ယခုအခါ ကိုင်မန်မိကျောင်း (၅၀၀၀)မှ (၆၀၀၀)ခန့် အရေအတွက်သည် ရီယိုမြို့သို့ ကျူးကျော်ဝင်ရောက်လာပြီး ၎င်းတို့ကို တာဝန်ရှိသူများက လိုက်လံ ဖမ်းဆီးနေရသည်။ ညစ်ညမ်းသည့် ပတ်ဝန်းကျင်ကို ကြိုက်နှစ်သက်သည့် ကိုင်မန်တို့သည် မိလ္လာကန်ကဲ့သို့ နေရာများတွင် ဝင်ရောက် ကျက်စားလေ့ ရှိသလို အချို့ ကလည်း ရေ သန့် ရေကြည် ကန်များထဲ ရောက်ရှိနေသည်။

ဗုံးကွဲမှုတွေဟာ ပဋိပက္ခ မပြေငြိမ်းအောင် ရည်ရွယ်တာလို့ KNU ပြောဆို

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ရန်ကုန်၊ မန္တလေး၊ တောင်ငူ၊ စစ်ကိုင်းနဲ့ နမ့်ခမ်းမြို့တွေမှာ ပေါ်ပေါက်ခဲ့တဲ့ ဗုံးကွဲမှုတွေ ၊ ဗုံးတွေ့မှုတွေဟာ ဘာသာရေး လူမျိုးရေး ပဋိပက္ခတွေ ဖြစ်ပွားအောင်၊ အစိုးရနဲ့ တိုင်းရင်းသား အင်အားစုတွေ အကြား တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေ ပျက်ပြားအောင် စီစဉ်ဆောင်ရွက် ခဲ့တာသာဖြစ်တယ်လို့ KNU ကရင်အမျိုးသား အစည်းရုံးမှ တာဝန်ရှိသူတွေက ဒီကနေ့ပြောကြားပါတယ်။

နန်းခင်ဇေယျာ ဦးဆောင်မယ့် နိုင်ငံခြား မယ်တွေနဲ့ မြန်မာဝတ်စုံ၊ သနပ်ခါး


 
နန်းခင်ဇေယျာနဲ့ နိုင်ငံခြားသူ Miss တချို့၊ ဓာတ်ပုံ- နန်းခင်ဇေယျာ  
အခုဓာတ်ပုံထဲမှာ တွေ့ရတဲ့ မြန်မာဝတ်စုံတွေ၊ မြန်မာ့သနပ်ခါးတွေတွေ့ရသူတွေကနန်းခင်ဇေယျာနဲ့ နိုင်ငံခြားသူ မယ်တချို့ပါ။ မြန်မာနိုင်ငံမှာ နိုင်ငံကိုယ်စားပြု မယ်ပြိုင်ပွဲမှာ ပြန်လည်ဆန်းသစ်မှုရဲ့ အဖွင့်စာ မျက်နှာကို ပိုင်ဆိုင်ခဲ့သူ ကတော့ နန်းခင်ဇေယျာပါဘဲ။

ဗုံးဖောက်သူများ၏ ရည်ရွယ်ချက်အပေါ် အစိုးရနှင့် KNU တို့ ရှင်းလင်းချက်ကွဲလွဲနေ

အောက်တိုဘာ ဒုတိယပတ်မှ စတင်ဖြစ်ပေါ်ခဲ့သည့် ဗုံးဖောက်ခွဲမှုများမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို နှောင့်ယှက်ဖျက်ဆီးလိုသည့် သဘောဖြင့် ပြုလုပ်သည်ဟု အစိုးရဘက်က ပြောဆိုထားသော်လည်း ဘာသာရေး၊ လူမျိုးရေးပဋိပက္ခများ ကြီးထွားအောင်လုပ်ဆောင်သည်ဟု KNU (ကရင်အမျိုးသား အစည်းအရုံး)က သုံးသပ် ပြောဆိုလိုက်သည်။

၂၀၁၅ ခုနှစ် မတိုင်မီ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရမည်ဟု ပြောကြားခဲ့ပြီးနောက် အောက်တိုဘာ ၂၁ (ယနေ့) တွင် ဒေါ်အောင်ဆန်းစုကြည် ဥရောပသမဂ္ဂ နိုင်ငံများမှ နိုင်ငံခြားရေး ၀န်ကြီးများ ပါဝင်မည့် ဆွေးနွေးပွဲသို့ တက်ရောက်မည်

Photo: ၂၀၁၅ ခုနှစ် မတိုင်မီ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရမည်ဟု ပြောကြားခဲ့ပြီးနောက် အောက်တိုဘာ ၂၁ (ယနေ့) တွင် ဒေါ်အောင်ဆန်းစုကြည် ဥရောပသမဂ္ဂ နိုင်ငံများမှ နိုင်ငံခြားရေး ၀န်ကြီးများ ပါဝင်မည့် ဆွေးနွေးပွဲသို့ တက်ရောက်မည်
Monday, October 21, 2013

၂၀၁၅ ခုနှစ်မတိုင်မီ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရမည်ဟု ပြောကြားခဲ့ပြီးနောက် အောက်တိုဘာ ၂၁ ရက် (ယနေ့) တွင် ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပသမဂ္ဂ နိုင်ငံများမှ နိုင်ငံခြားရေး ၀န်ကြီးများ ပါဝင်မည့် ဆွေးနွေးပွဲသို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

ဥရောပ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာ ၁၉ ရက်က ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်ပြီး ဘရပ်ဆဲလ်မြို့၌ ဥရောပ ကော်မရှင်ဥက္ကဋ္ဌနှင့် တွေ့ဆုံစဉ် ပြောကြားသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်မှုများ မရှိလျှင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲသည် ဒီမိုကရက်တစ်နည်းကျ ရွေးကောက်ပွဲ ဖြစ်လာမည် မဟုတ်ကြောင်း ၎င်းကပြောကြားသည်။

ထို့ပြင် ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘရပ်ဆဲလ်မြို့ရှိ ဥရောပကော်မရှင် ရုံးချုပ်၌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုအပြီး ထုတ်ပြန်ခဲ့သည့် ကြေညာချက်၌ ဥရောပကော်မရှင် ဥက္ကဋ္ဌ ဟိုဆေးမန်နျူရယ် ဘာရိုဆိုက မိမိအနေဖြင့် ယမန်နှစ် နိုဝင်ဘာလ အတွင်းက မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့စဉ် သမိုင်းတွင်မည့် ပြောင်းလဲမှုများကို ဆက်လက်ဖြစ်ပေါ်နေသည်ကို တွေ့မြင်ခဲ့ရကြောင်း၊ အီးယူအနေဖြင့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများ ဖယ်ရှားခဲ့ခြင်း အပါအ၀င် ဆက်ဆံရေးကို သိသာစွာ တိုးမြှင့်ခဲ့ကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းစဉ်များသည် ပြည့်စုံမှု မရှိသေးဘဲ လုပ်ဆောင်ရန် များစွာလိုနေသေးသည်ကို အီးယူအနေဖြင့် ကောင်းစွာ သတိထားမိသော်လည်း မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ ဆက်လက်ဖြစ်ပေါ်စေရန်အတွက် မြန်မာနိုင်ငံအတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်း၏ အားပေးထောက်ပံ့မှုများနှင့် ထိုက်တန်နေပါကြောင်း၊ ယင်းသို့ ကူညီမှုများတွင် နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့်အတူ အီးယူကလည်း အဓိက အခန်းကဏ္ဍမှ ဆက်လက်ပါဝင် သွားမည်ဖြစ်ကြောင်း ဘာရိုဆိုက ပြောကြားသည်။

အီးယူအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားများ ပြန်လည်ရင်ကြားစေ့ရေးကို ထောက်ခံပါကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က လူထုအုံကြွမှုများအပေါ် ကိုင်တွယ်ထိန်းသိမ်းရေးနှင့် ပတ်သက်၍လည်း စွမ်းရည်မြှင့်တင်မှုများကိုလည်း ကူညီလုပ်ဆောင် ပေးသွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာ ၂၁ ရက်တွင် လူဇင်ဘတ်နိုင်ငံ၌ ဥရောပသမဂ္ဂ ၂၈ နိုင်ငံမှ နိုင်ငံခြားရေး ၀န်ကြီးများနှင့် ကျင်းပမည့် ဆွေးနွေးပွဲသို့ တက်ရောက်မည် ဖြစ်သည့်အပြင် အောက်တိုဘာ ၂၂ ရက်တွင် စထရက်ဘွန်မြို့ရှိ ဥရောပ ပါလီမန်၌ ၁၉၉၀ ပြည့်နှစ်က ရရှိထားသော ဥရောပသမဂ္ဂ၏ လူ့အခွင့်အရေး ဂုဏ်ပြုဆုအား လက်ခံရယူမည် ဖြစ်သည်။

Eleven Media Group

အောက်တိုဘာ ၁၉ ရက်က ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့တွင် ဒေါ်အောင်ဆန်းစုကြည်အား ဥရောပကော်မရှင် ဥက္ကဋ္ဌ ကြိုဆိုနေစဉ် (Photo:AFP)
၂၀၁၅ ခုနှစ်မတိုင်မီ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရမည်ဟု ပြောကြားခဲ့ပြီးနောက် အောက်တိုဘာ ၂၁ ရက် (ယနေ့) တွင် ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပသမဂ္ဂ နိုင်ငံများမှ နိုင်ငံခြားရေး ၀န်ကြီးများ ပါဝင်မည့် ဆွေးနွေးပွဲသို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

အိုးထရက်ဖို့ဒ်မှာ သရေတစ်မှတ်သာ ရယူနိုင်ခဲ့တဲ့ မန်ယူနိုက်တက် (မန်ယူနိုက်တက် ၁-၁ ဆောက်သမ်ပ်တန်

ပရီးမီးယားလိဂ် ပွဲစဉ် ၈ အဖြစ် မန်ချက်စတာ ယူနိုက်တက်အသင်းနှင့် ဆောက်သမ်ပ်တန် အသင်းတို့ဟာ အိုးထရက်ဖို့ဒ် ကွင်းကြီးမှာ ကစားခဲ့ကြပါတယ်။ ရာသီအဖွင့် ဆိုးနေတဲ့ မန်ယူနိုက်တက်အနေနဲ့ အနိုင်ရဖို့ ကြိုးစားလာမှာ ဖြစ်သလို ဆောက်သမ်ပ်တန်ဟာလည်း ဒီနှစ် ပရီးမီးယားလိဂ်မှာ ရလာဒ်ကောင်းတွေနဲ့ တာထွက်လှနေတဲ့ အသင်း ဖြစ်တာကြောင့် အကြိတ်အနယ် ရှိနိုင်တဲ့ ပွဲတစ်ပွဲ ဖြစ်ပါတယ်။ အထူး သဖြင့် ဆောက်သမ်ပ်တန်ရဲ့ ခံစစ်ဟာ ပရီးမီးယားလိဂ်မှာ အကောင်းဆုံး ခံစစ် ဖြစ်နေပြီး တစ်ရာသီလုံးမှာ ပေးဂိုး ၂ ဂိုးတည်းသာ ရှိခဲ့ပါတယ်။

ဗုံးဖောက်ခွဲသူများသည် KNU အောက်ခြေမှ လူငယ်များ၏ လုပ်ရပ်ဖြစ်ပြီး ထိုသူများကို နောက်ကွယ်မှ ကြိုးကိုင်စေခိုင်းသူများရှိကာ ရွှေတိဂုံစေတီ၌ ဖောက်ခွဲရန်ပါ ကြံစည်မှုရှိခဲ့

U-21-10
KNU ဗဟိုအလုပ်အမှုဆောင် ပဒိုမန်းငြိမ်းမောင်က သတင်းထောက်များအား ဖြေကြားနေစဉ်
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြန်မာနိုင်ငံ အနှံ့အပြား၌ ဖြစ်ပေါ်ခဲ့သော ဗုံးဖောက်ခွဲမှု၊ ဗုံးတွေ့ရှိမှုများတွင် ဗုံးဖောက်ခွဲ ခဲ့သူများသည် KNU အောက်ခြေမှ လူငယ်များ၏ လုပ်ရပ်ဖြစ်ပြီး ထိုသူများ၏ နောက်ကွယ်တွင် ကြိုးကိုင်စေခိုင်း သူများရှိကာ ရွှေတိဂုံစေတီ၌ ဗုံးဖောက်ခွဲရန်ပါ ကြံစည်မှုများ ရှိခဲ့ကြောင်း KNU ဗဟို အလုပ်အမှုဆောင် ပဒိုမန်းငြိမ်းမောင်က အောက်တိုဘာ ၂၀ ရက်က မြန်မာ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးဗဟို (MPC) ၌ ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
KNU က စီစဉ်ပြုလုပ်သော အဆိုပါ သတင်းစာ ရှင်းလင်းပွဲသို့ KNU ဗဟိုအလုပ် အမှုဆောင်များဖြစ်သော ပဒိုမန်းငြိမ်းမောင်၊ ပဒိုစောရွှေမောင်းနှင့် KNU ကာကွယ်ရေးဌာနမှ ပဒိုစောရော်ဂျာခင်တို့ တက်ရောက်ရန် စီစဉ်ခဲ့သော်လည်း ပဒိုမန်းငြိမ်းမောင်နှင့် ပဒိုစောရွှေမောင်းတို့ နှစ်ဦးသာ တက်ရောက်ခဲ့ပြီး ပဒိုမန်းငြိမ်းမောင် တစ်ဦးတည်းက ရှင်းလင်းသွားခဲ့ခြင်း ဖြစ်သည်။

ဒေးဗစ် မိုယေးစ်ကို ကူညီဖို့ အသင့်ရှိနေသည့် ဖာဂူဆန်

မန်ချက်စတာယူနိုက်တက် မန်နေဂျာဟောင်း ဆာ အဲလက်စ် ဖာဂူဆန်ဟာ အနားယူခဲ့သည့် ဆုံးဖြတ်ချက် အပေါ် ကျေနပ်လျက်ရှိနေပြီး လက်ရှိ မန်ယူနိုက်တက် နည်းပြဖြစ်သူ ဒေးဗစ်မိုယေးစ်အနေနဲ့ အကူအညီ လိုအပ်မည် ဆိုပါက ကူညီဖို့ အသင့်ရှိနေကြောင်း ပြောကြားလိုက်သည်။ ဖာဂူဆန်ဟာ မန်နေဂျာ ရာထူးမှ အနားယူလိုက်သော်လည်း အသင်း၏ သံတမန်အဖြစ်၊ ဒါရိုက်တာ အဖြစ်ဆက်လက် ရှိနေအုံးမည် ဖြစ်သည်။

Sunday, October 20, 2013

အိမ်တွင်းဖြစ် သဘာဝ အကိုက်အခဲပျောက်ဆေးများ

Photo: အိမ်တွင်းဖြစ် သဘာဝ အကိုက်အခဲပျောက်ဆေးများ
Sunday, October 20, 2013

ဂျင်း
သူက ကြွက်သား ကိုက်ခဲခြင်းကို ပျောက်ကင်း စေပါတယ်။ နေ့စဉ် ချက်ပြုတ်စားသောက်တဲ့ ဟင်းလျာထဲမှာ ဂျင်းအခြောက်မှုန့် လက်ဘက်ရည်ဇွန်း တစ်ဇွန်းသို့မဟုတ် ယင်းနှင့် ညီမျှသော ပမာဏကို ထည့်သွင်း စားသုံးသင့်ပါတယ်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူကတော့ နားကိုက်တာကို ပျောက်ကင်းစေပါတယ်။ နားကိုက် ဝေဒနာ ခံစားရသူများ အနေနဲ့ ကြက်သွန်ဆီ ကို တစ်နေ့ ၂ ကြိမ် နားထဲ ၅ ရက်တိတိ သင့်လျော်သော ပမာဏ ထည့်ပေးခြင်းဖြင့် ပျောက် ကင်းစေပါတယ်။ ကြက်သွန်ဆီဆိုလို့ အခြားမဟုတ်ပါဘူး။ သံလွှင်ဆီသန့်နဲ့ ကြက်သွန်ထောင်း ကို စိမ်ထည့်ပြီး အအေးခန်းထဲထည့်ရင် ကြက်သွန်ဆီ ရပါတယ်။
လေးညှင်းပွင့်
သွားကိုက် ဝေဒနာ ခံစားရသူများအနေနဲ့ လေးညှင်းပွင့်ခြောက်မှုန့် နဲ့ သွားတိုက်ခြင်းက ကိုက်ခဲမှု ပျောက်ကင်းစေပါတယ်။

ပင်စိမ်းရွက်/ ပက်ပါမင့်ရွက်
Peppermint လို့ခေါ်တဲ့ အရွက်တစ်မျိုးက မြန်မာခေါ် ပင်စိမ်းရွက်နဲ့ နီးစပ်ပါတယ်။ သူ့မှရတဲ့ဆီကလည်း ကြွက်သား နာကျင်ကိုက်ခဲမှုကို ပျောက်ကွင်း စေပါတယ်။
စပျစ်သီး
စပျစ်သီး တစ်ခိုင်စာ နေ့စဉ် စားသုံးသူများအနေနဲ့ ကျောရိုးတစ်လျှောက်  ဆက်စပ်တဲ့ ရောဂါများကို ပျောက်ကင်းစေတယ်လို့ လေ့လာတွေ့ရှိထားကြ ပါတယ်။
နာနတ်သီး
နာနတ်သီးက အစာအိပ် နာတာတို့၊ ဗိုက်ကြွက်သား နာကျင်မှုတို့ ကို ပျောက်ကင်းစေ တယ်လို့ ဆိုပါတယ်။
ချယ်ရီသီး
ချယ်ရီသီးကတော့ ဦးခေါင်းကိုက်ဝေဒနာကို ပျောက်ကင်းစေပါတယ်။
ခရမ်းချဉ်သီး
ခါးအောက်ပိုင်း အကြော၊ ကြွက်သား နာကျင်မှုကို ပျောက်ကင်း စေပါတယ်။ ခရမ်းချဉ်သီးဖျော်ရည် နေ့စဉ်စားသုံးခြင်းဖြင့် ခြေထောက် ကိုက်ခဲတာတို့၊ ထုံကျင်တဲ့ ဖြစ်လေ့ဖြစ်ထကို ပျောက်ကင်းစေပါတယ်။

Ref: medic facts
Yoyarlay
ဂျင်း
သူက ကြွက်သား ကိုက်ခဲခြင်းကို ပျောက်ကင်း စေပါတယ်။ နေ့စဉ် ချက်ပြုတ်စားသောက်တဲ့ ဟင်းလျာ ထဲမှာ ဂျင်းအခြောက်မှုန့် လက်ဘက်ရည်ဇွန်း တစ်ဇွန်းသို့မဟုတ် ယင်းနှင့် ညီမျှသော ပမာဏကို ထည့် သွင်း စားသုံးသင့်ပါတယ်။

ဒိုက်ဦးတွင် ဗုံးလန့်

Photo: ဒိုက်ဦးတွင် ဗုံးလန့်
Sunday, October 20, 2013

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် အမှတ် (၃) ဝါဆိုရပ်ကွက် မြို့ပတ်လမ်း အမှတ် (၁၀) အခြေခံပညာ အထက်တန်း ကျောင်းရှေ့ လမ်းဘေးမြက်တောတွင် အောက်တိုဘာလ ၁၈ ရက် နံနက် ၉ နာရီ ခန့်က ကြွပ်ကြွပ်အိတ် အနက်ရောင်ဖြင့် ထည့်ထားသော အထုပ်ကြောင့် ယင်းမြို့ တွင် ပထမဦးဆုံးအကြိမ် ဗုံးလန့်မှုဖြစ်ပွားခဲ့ကြောင်း ယင်းရပ်ကွက် နေထိုင်သူများထံမှ သိရှိရသည်။

လမ်းဘေးတွင် ငါးမျှားသူတစ်ဦးက ငါးထည့်ထားသောအထုပ်ဖြင့် ယင်း အနက်ရောင်အိတ်ထုပ်ကို မှားယူမိ၍ ဖွင့်ကြည့်ရာမှ အိတ်အထပ်ထပ် ထုပ်ထားသော အထုပ်ဖြစ်ကာ ဝါယာကြိုးနှစ်စ ထွက်နေသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ထံ အကြောင်းကြားခဲ့ကြောင်း စတင်တွေ့ရှိသူ ဦးမောင်ဌေးက ပြောကြားသည်။

အဆိုပါ မသင်္ကာဖွယ်အိတ် တစ်ထုပ်ကို သက်ဆိုင်ရာ နယ်မြေ တာဝန်ရှိသူများက လာရောက်စစ်ဆေးခဲ့ရာ သစ်သားတုံးပေါ် တွင် ပိုးသတ်ဆေးအခွံကို တိပ်ဖြင့် ပတ်ကာ သံမှိုတစ်ချောင်း ရိုက်ပြီး ဖုန်းကြိုးဖြင့် ပတ်၍ ဝါယာကြိုးစ ထုတ်ထားသည့် ပစ္စည်းတစ်ခုသာ ဖြစ်ပြီး ပြည်သူများ စိုးရိမ်ဖွယ်ရာ မရှိကြောင်း၊ ယင်းပစ္စည်းကို တာဝန်ရှိသူများက မွန်းလွဲ ၂နာရီတွင် အပြီးသတ် ရှင်းလင်းခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရှိရသည်။

"ဗုံးလို့ ထင်ရအောင် ပြည်သူတွေကို အထိတ်တလန့်ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာ၊ နောက်တာတော့ မဟုတ်ဘူး" ဒိုက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင်အုန်း က ပြောကြားသည်။

The Voice Weekly
ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် အမှတ် (၃) ဝါဆိုရပ်ကွက် မြို့ပတ်လမ်း အမှတ် (၁၀) အခြေခံပညာ အထက်တန်း ကျောင်းရှေ့ လမ်းဘေးမြက်တောတွင် အောက်တိုဘာလ ၁၈ ရက် နံနက် ၉ နာရီ ခန့်က ကြွပ်ကြွပ်အိတ် အနက်ရောင်ဖြင့် ထည့်ထားသော အထုပ်ကြောင့် ယင်းမြို့ တွင် ပထမဦးဆုံးအကြိမ် ဗုံးလန့်မှုဖြစ်ပွားခဲ့ကြောင်း ယင်းရပ်ကွက် နေထိုင်သူများထံမှ သိရှိရသည်။

ပန်းဆိုးတန်းလမ်းတွင် မီးလောင်မှုဖြစ်ပွား

Photo: ပန်းဆိုးတန်းလမ်းတွင် မီးလောင်မှုဖြစ်ပွား
Sunday, October 20, 2013

ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်း အလယ်ဘလောက်မှာရှိတဲ့ Samsung Show Room မှာ အောက်တိုဘာ ၁၈ ရက်နေ့ ည ၈ နာရီကျော်လောက်က မီးလောင်မှု ဖြစ်ပွားခဲ့ပြီး မီးသတ်သမားတွေ ဒဏ်ရာရရှိခဲ့ကြပါတယ်။

မီးအားအတက်အကျကြောင့် ၀ါယာရှော့ဖြစ်ရာကနေ စတင် မီးလောင်ကျွမ်းတာဖြစ်တယ်လို့ မီးသတ်အရာရှိတဦးက ပြောပါတယ်။

မီးလောင်မှုဖြစ်စဉ်အတွင်း ဆိုင်အောက်ဘက်မှာ လောင်ကျွမ်းနေတဲ့ မီးကို ငြှိမ်းသတ်နေစဉ်မှာ ဆိုင်ရဲ့ ထပ်ခိုးခန်းကို မီးကူးစပ်ခဲ့ပြီး အပေါ်ထပ်ကို တက်တဲ့ လှေခါး မီးလောင်ကျွမ်းခဲ့တာကြောင့် မီးသတ်ဝန်ထမ်းတဦး လှေကားပေါ်ကနေပြုတ်ကျပြီး ပခုံးအဆစ်ပြုတ်ထွက်တဲ့ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

မီးခိုးငွေ့တွေ အဆက်မပြတ် ထွက်နေတာကြောင့်လည်း မီးခိုးမွှန်ပြီး မေ့လဲခဲ့တဲ့ မီးသတ်သမားတွေနဲ့ အရပ်သားအချို့ကို ရန်ကုန်ပြည်သူ့ ဆေးရုံကြီးကို ပို့ဆောင်ခဲ့ပါတယ်။

ဆိုင်အတွင်းမှာ တီဗွီ၊ ရေခဲသေတ္တာစတဲ့ လျှပ်စစ်အသုံးအဆောင်ပစ္စည်းတွေနဲ့ ပြည့်နေတဲ့ အတွက် မီးငြှိမ်းသတ်ဖို့ အခက်အခဲဖြစ်ခဲ့ပြီး အောက်တိုဘာ ၁၉ ရက် မနက် ၁ နာရီလောက်မှာ မီးလောင်မှုကို ထိန်းချုပ်နိုင်ခဲ့ပြီး အချိန် ၅ နာရီလောက် မီးငြှိမ်းသတ်ခဲ့ရပါတယ်။ မီးလောင်မှုဖြစ်စဉ်ကို ထိန်းချုပ်နိုင်ဖို့ မီးသတ်ကား အစီးရေ ၃၀ လောက်ကို အသုံးပြုခဲ့တယ်လို့ မီးသတ်အရာရှိတဦးက ပြောပါတယ်။

“မီးက များတာမဟုတ်ပါဘူး။ ထပ်ခိုးပေါ်မှာ ပစ္စည်းတွေအများကြီးထည့်ထားတော့ ရေခဲသေတ္တာတွေ ဘာတွေက လှိုက်ပြီး လောင်နေတာပါ။ လှေခါးကလည်း တက်လို့ မရဘူး ပိတ်နေတယ်။ ဘယ်ကမှ ၀င်လို့မရဘဲ မီးက အထဲမှာ လှိုက်လောင်နေတာပါ။ ရှေ့ကဖောက်၊ နောက်ကဖောက်နဲ့ တော်တော်လုပ်ယူရတယ်။ ဒုက္ခပေးတာက မီးခိုးပါ။

ပန်းဆိုးတန်း မီးလောင်မှုကို မီးငြှိမ်းသတ်နေစဉ် အောက်တိုဘာလ ၁၉ ရက် မနက် ၁ နာရီလောက်မှာလည်း ရွှေဘုံသာလမ်း အောက်ဘလောက် အိမ်အမှတ် ၅၆ မှာလည်း မီးအားမြှင့်စက် ၀ါယာလျှော့ဖြစ်ရာမှ မီးလောင်မှုတခု ထပ်မံဖြစ်ပွားခဲ့ပြီး အဲဒီမီးကိုတော့ မိနစ်ပိုင်းအတွင်း ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီမီးလောင်မှု ဖြစ်စဉ်တွေကနေ ဆုံးရှုံးခဲ့တဲ့ တန်ဖိုးကို သက်ဆိုင်ရာက တွက်ချက်နေဆဲ ဖြစ်ပါတယ်။

ကောင်းထက်ကျော်
(ဒီဗွီဘီ)
ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်း အလယ်ဘလောက်မှာရှိတဲ့ Samsung Show Room မှာ အောက်တိုဘာ ၁၈ ရက်နေ့ ည ၈ နာရီကျော်လောက်က မီးလောင်မှု ဖြစ်ပွားခဲ့ပြီး မီးသတ်သမားတွေ ဒဏ်ရာရရှိခဲ့ကြပါတယ်။

ဗုံးခွဲမှု မူလတရားခံဖေါ်ထုတ်ရေး အစိုးရနဲ့ KNU ဆွေးနွေး

Photo: ဗုံးခွဲမှု မူလတရားခံဖေါ်ထုတ်ရေး အစိုးရနဲ့ KNU ဆွေးနွေး
Sunday, October 20, 2013

ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်၊ မန္တလေး၊ တောင်ငူစတဲ့ မြို့ကြီးတွေမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးဖောက်ခွဲမူတွေရဲ့ အဓိကတရားခံကို ဖော်ထုတ်နိုင်ဖို့အတွက် ပြည်ထောင်စု အစိုးရအဖွဲ့နဲ့ KNU ကရင်အမျိုးသား အစည်းအရုံးက ထိပ်တန်းခေါင်းဆောင်တွေဟာ နေပြည်တော်မှာ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

KNU နယ်မြေတွေထဲမှာ ဗုံးခွဲသမားတွေရှိနေရင် ဖမ်းဆီးပြီး အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ကရင်အမျိုးသား အစည်းအရုံး ဗဟိုကော်မတီဝင် ပဒို မန်းငြိမ်းမောင်က ပြောပါတယ်။

“ဗုံးခွဲတဲ့သူနဲ့ပတ်သက်လို့ တချို့အထောက်အထားတွေ ကျနော်တို့ပေးပါတယ်၊ ပူးပေါင်းဆောင်ရွက်ဖို့လည်း သဘောထားရှိပါတယ်၊ တချို့ရတဲ့အချက်အလက်တွေပေါ်မှာ ကျနော်တို့ဘက်က ကူညီနိုင်တာတွေရှိပါတယ်၊ ဗုံးခွဲတဲ့သူ ကျနော်တို့နယ်မြေထဲမှာ ရှိနေတယ်ဆိုရင် အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်”

ဗုံးဖောက်ခွဲမူတွေကို ကြိုးကိုင်နေသူလို့ အစိုးရက ကြေညာထားတဲ့ စောနေတိုးဟာ KNU တပ်မဟာ ၅ လက်အောက်ခံတပ်ရင်းရဲ့ ဒုတပ်ရင်းမှူး အဆင့်ရှိသူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

ဗုံးပေါက်ကွဲမှုတွေကြောင့် KNU နဲ့ အစိုးရကြား ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းစဉ် ထိခိုက်သွားမှာမဟုတ်ဘူးဆိုတာ နှစ်ဘက်လုံးကလက်ခံကြတယ်လို့ ပဒို မန်းငြိမ်းမောင်က ပြောပါတယ်။

“ကျနော်တို့ရဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုဟာ လုံးဝထိခိုက်မှုမဖြစ်ဘူးဆိုတာကို နှစ်ဦးနှစ်ဖက်လက်ခံပြီးတော့ ယုံကြည်ချက်အပြည့်အဝဖွင့်ပြပါတယ်၊ ရှုပ်ထွေးနေတဲ့ကာလကြီးမှာ နိုင်ငံတော်အစိုးရနဲ့ ကရင်အမျိုးသား အစည်းအရုံးရဲ့ ငြိမ်းချမ်းရေးခရီးစဉ်ဟာ ပိုမိုခိုင်မာတယ်ဆိုတာကို လက်တွေ့ဖော်ပြတာပဲဖြစ်ပါတယ်”

ဒီနေ့ဆွေးနွေးပွဲကို ပြည်ထောင်စု အစိုးရဘက်က သမ္မတရုံး ပြည်ထောင်စု ဝန်ကြီးတွေဖြစ်တဲ့ ဦးစိုးသိန်း၊ ဦးအောင်မင်းနဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)က ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းတို့ တက်ရောက်ခဲ့ပြီး၊ ကရင်အမျိုးသား အစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနဲ့ ကာကွယ်ရေးဌာနက ဗိုလ်မှူးကြီး စောရောဂျာခင်၊ ဗိုလ်မှူးကြီး တူးတူးလေးနဲ့ ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်တို့ တက်ရောက်ခဲ့ကြပါတယ်။

ဗုံးကွဲမှုတွေနဲ့ပတ်သက်ပြီး KNU ကရင်အမျိုးသား အစည်းအရုံး က တနင်္ဂနွေနေ့မှာ သတင်းစာရှင်းလင်းပွဲ ခေါ်ယူကျင်းပမယ်လို့ သိရပါတယ်။

RFA Burmese
ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်၊ မန္တလေး၊ တောင်ငူစတဲ့ မြို့ကြီးတွေမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးဖောက်ခွဲမူတွေရဲ့ အဓိက တရားခံကို ဖော်ထုတ်နိုင်ဖို့အတွက် ပြည်ထောင်စု အစိုးရအဖွဲ့နဲ့ KNU ကရင်အမျိုးသား အစည်းအရုံးက ထိပ်တန်းခေါင်းဆောင်တွေဟာ နေပြည်တော်မှာ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြားများနှင့် လက်နက်/ ခဲယမ်းများ ဖမ်းဆီးရမိ

Photo: WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြားများနှင့် လက်နက်/ ခဲယမ်းများ ဖမ်းဆီးရမိ 

Sunday, October 20, 2013

တာချီလိတ်မြို့နယ် ဟောင်လိတ်အုပ်စု တော်ကော့ (အပြင်)ရွာ အိမ်အမှတ် (တကပ/၂၄) အခန်း (၂၄)နေ ဒေါ်နန်းအွေ့ ၃၃ နှစ်(ဘ) ဦးအိုက်ဆိုက်၏ နေအိမ်အား လုံခြုံရေး တပ်ဖွဲ့ဝင်များက သတင်းအရ အောက်တို ဘာ ၁၈ ရက် နံနက်ပိုင်းက ဝင်ရောက်ရှာဖွေ စစ်ဆေးရာ နန်းအွေ့ ဝတ်ဆင်ထားသည့် ညအိပ်ဝတ် ဘောင်းဘီရှည် အတွင်းမှ WY စာတန်းပါ လိမ္မော်ရောင် စိတ်ကြွ ရူးသွပ်ဆေးပြား ၃ ပြား၊ လက်ဆွဲအိတ် အတွင်းမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၅၅ ပြား စုစုပေါင်း ၁၅၈ ပြား ဒေသတန်ဖိုး ၃၁၆ဝဝဝ ကျပ်နှင့် အိုက်စ် (သုည ဒသမ ဝဝ၂) ကီလိုဂရမ် ဒေသတန်ဖိုး ၄ဝဝဝဝ ကျပ်အား သိမ်းဆည်း ရမိသည်။

Yangon Police
တာချီလိတ်မြို့နယ် ဟောင်လိတ်အုပ်စု တော်ကော့ (အပြင်)ရွာ အိမ်အမှတ် (တကပ/၂၄) အခန်း (၂၄)နေ ဒေါ်နန်းအွေ့ ၃၃ နှစ်(ဘ) ဦးအိုက်ဆိုက်၏ နေအိမ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်း

ကျိုက်ထီးရိုး ဘုရားဖူး ရာသီအဖွင့်တွင် ဘုရားဖူးလာသူများဖြင့် စည်ကား

မြန်မာနိုင်ငံ မြို့ကြီးများတွင် ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များနှင့် ဗုံးတွေ့ရှိမှု ဖြစ်စဉ်များ ဆက်တိုက် ဖြစ် ပွားေ နသော် လည်း ယခုနှစ် ကျိုက်ထီးရိုးဘုရားသို့ လာရောက်ဘုရားဖူးသူများမှာ ပုံမှန်နှစ်စဉ်အတိုင်း စည်ကားနေကြောင်း သတင်းရရှိသည်။

သီတင်းကျွတ် လပြည့်နေ့မှစ၍ ရွှေတိဂုံ စေတီတော်၌ CID၊ ရဲတပ်ရင်း အပါအ၀င် ရဲတပ်ဖွဲ့အားလုံး ပူးပေါင်းပြီး လုံခြုံရေး ဆောင်ရွက်မည်

အောက်တိုဘာ ၁၉ ရက်တွင် ကျရောက်သည့် သီတင်းကျွတ် လပြည့်နေ့မှ စတင်၍ ရွှေတိဂုံစေတီတော်၌ လုံခြုံရေးဆောင်ရွက်မှုကို CID ရဲတပ်ဖွဲ့၊ ရဲတပ်ရင်း အပါအ၀င် ရဲတပ်ဖွဲ့အားလုံး ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက အောက်တိုဘာ ၁၈ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။