အစိုးရနှင့် နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ် ကိစ္စနှင့် ပတ်သက်ပြီး
ဆွေးနွေးရန် နိုဝင်ဘာ ၃ ရက်က မြစ်ကြီးနားမြို့သို့ ရောက်ရှိလာသော
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင် များကို ထောင်ချီသည့်
ကချင်ဒေသခံများက ကြိုဆိုခဲ့သည်။
Monday, November 4, 2013
ရဲတပ်ဖွဲ့ဝင်များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ တိုင်ကြားမှု များပြားနေသော်လည်း လူ့အခွင့်အရေးဆိုင်ရာ ပညာပေးမှု ကဏ္ဍတွင် အားနည်းနေ
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သို့ မြန်မာနိုင်ငံ
ရဲတပ်ဖွဲ့ဝင်များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍
တတိယအများဆုံး တိုင်ကြားနေသော်လည်း လက်ရှိကာလအထိ ရဲ တပ်ဖွဲ့ဝင်များအား
လူ့အခွင့်အရေးဆိုင်ရာ ပညာပေးမှုများ အားနည်းနေ ဆဲဖြစ်ကြောင်း
ကျောက် တံတားမြို့နယ် ရဲတပ်ဖွဲ့မှ စခန်းမှူးဖြစ်သူ ဒုရဲမှူး
မျိုးမြင့်ကြိုင်က ပြောကြားသည်။
Sunday, November 3, 2013
NLD ပါတီ၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့သဘောထား ရယူပွဲကို တောင်ဥက္ကလာပ၊ မရမ်းကုန်းနှင့် စမ်းချောင်းမြို့နယ်တို့်တွင် တစ်ရက်တည်း ပြုလုပ်
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒသဘောထား ကောက်ယူရေး ဟောပြောပွဲ ကျင်းပနေသည်ကို တွေ့ရစဉ်
နိုဝင်ဘာ ၂ ရက်တွင် NLD ပါတီ ပြုလုပ်လျက်ရှိသည့် ၂၀၀၈ ဖွဲ့စည်းပုံ
အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ ဆန္ဒ သဘောထား ကောက်ယူရေး ဟောပြောပွဲ များအား
တောင်ဥက္ကလာပမြို့နယ်၊ မရန်းကုန်းမြို့နယ်ရှိ မျက်မမြင်ကျောင်းနှင့်
စမ်းချောင်းမြို့နယ်တို့တွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
ထိုးစစ်ဆင် တိုက်ခိုက်မှုများ ဆက်ရှိနေခြင်းက တွေ့ဆုံဆွေးနွေးရေး ဖြစ်စဉ်ကို အဟန့်အတား ဖြစ်စေနိုင်ကြောင်း လိုင်ဇာထိပ်သီး ဆွေးနွေးပွဲက ကြေညာချက်ထုတ်ပြန်
ပြည်တွင်း ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး ပြဿနာများအား
တွေ့ဆုံဆွေးနွေးရေး နည်းလမ်းဖြင့် ဖြေ ရှင်းဆောင် ရွက်နေသည့် အချိန်တွင်
တိုင်းရင်းသား နယ်မြေများအတွင်း မြန်မာ့တပ်မတော်မှ ထိုးစစ်ဆင်
တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပေါ်နေခြင်းသည် တွေ့ဆုံဆွေးနွေးရေး ဖြစ်စဉ်အား
အဟန့်
အမေရိကန်ပြည်ထောင်စု အနေဖြင့် အခြားနိုင်ငံများ၏ အချုပ်အခြာ အာဏာကို လေးစားဖို့လိုကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် ပြောကြား
ရန်ကုန်မြို့ရှိ အမေရိကန် သံရုံးမှတစ်ဆင့် လျှို့ဝှက်ထောက်လှမ်းမှုများ
ပြုလုပ်သည့် အပေါ် နိုင်ငံတော် သမ္မတ ပြောရေးဆိုခွင့်ရှိသူ
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က နိုင်ငံတစ်နိုင်ငံ အနေဖြင့်
မိမိနိုင်ငံ၏ လုံခြုံရေးအတွက် ဆောင်ရွက်ခွင့် ရှိသလို အခြားနိုင်ငံ
တစ်နိုင်ငံ အချုပ်အခြာ အာဏာ ကိုလည်း လေးစားဖို့လိုကြောင်း ပြောကြားခဲ့သည်။
အဝေးကွင်း ရှုံးပွဲ (၂)ပွဲရှိခဲ့ရတဲ့ ချယ်လ်ဆီးအသင်းအပေါ် နည်းပြ၏ သုံးသပ်ချက်
မနေ့ညက ပရီးမီးယားလိဂ် ဗွေဆော်ဦး ပွဲစဉ်ဖြစ်သည့် နယူးကာဆယ် အသင်းနှင့်
ချယ်လ်ဆီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာတွင် အိမ်ရှင် နယူးကာဆယ်မှ ၂ ဂိုး
ဂိုးမရှိရလဒ်ဖြင့် အနိုင်ရရှိခဲ့ပါတယ်။ ထို့အတူ အဆုံးဖြတ်
အနိုင်ဂိုးသွင်းခဲ့တဲ့ ရီမီ (Loic Remy) က သူ့ရဲ့  ပရီးမီးယားလိဂ် (၆)
လုံးမြောက် ဂိုးအဖြစ်ရ ယူသွားနိုင်ခဲ့ပါတယ်။ ချယ်ဆီးအသင်းဟာ
ပထမပွဲစဉ်ကစားရတာမို့ နိုင်ခဲ့ရင် ဇယားထိပ်ကို တက်လှမ်းနိုင်ပေမည့်လည်း
ဒုတိယပိုင်းခြေစွမ်းမပြနိုင်မှုနဲ့အတူ မော်ရင်ညို၏ ချယ်ဆီး အသင်းသား များဟာ
အိမ်ရှင် နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့ပြီး အဖိုးတန်အနိုင် (၃) မှတ်ကို
လက်လွတ်ခဲ့ရပါတယ်။
နိုင်ငံရေး ဆွေးနွေးပွဲအတွက် ကတိပြု မှုရရှိပြီးမှ ဒုတိယအဆင့် အပစ်ရပ် လက်မှတ်ထိုးရန် အချက်ပါဝင်သော တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘောတူညီချက်အား RCSS/SSA မှလွဲ၍ တိုင်းရင်းသား လက်နက်ကိုင် ၁၇ ဖွဲ့ လက်မှတ်ရေးထိုး
နိုဝင်ဘာ ၂ ရက်က အပစ်အခတ် ရပ်စဲရေး စာချုပ်အပေါ် တိုင်းရင်းသား
လက်နက်ကိုင်များ၏ ဘုံသဘောတူညီချက်အား လက်မှတ် ရေးထိုးနေကြစဉ် (ဓာတ်ပုံ -
အောင်ဇော်ထွန်း )
အစိုးရဘက်က နိုင်ငံရေး ဆွေးနွေးပွဲအတွက် ကတိပြုမှု ရရှိပြီးမှ
ဒုတိယအဆင့်အနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာအရ
အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးရန် အချက်ပါဝင်သော တိုင်းရင်းသား
လက်နက်ကိုင်များ၏ ဘုံသဘောတူညီချက်ကို ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ
(RCSS/SSA) အဖွဲ့မှလွဲ၍ လိုင်ဇာထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့်
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၇ ဖွဲ့က လက်မှတ် ရေးထိုးခဲ့ကြောင်း
သိရသည်။
မြန်မာနိုင်ငံအပေါ် တရုတ်၏ မဟာဗျူဟာ လွှမ်းမိုးမှုကို ထိန်းညှိနိုင်ရန်အတွက် အိန္ဒိယက မြန်မာကို စစ်ရေးအကူအညီ တိုးမြှင့်ပေးမည်
မြန်မာနိုင်ငံအပေါ် တရုတ်၏ မဟာဗျူဟာ လွှမ်းမိုးမှုကို
ထိန်းညှိနိုင်ရန်အတွက် အိန္ဒိယက မြန်မာနှင့် ပိုမိုပူးပေါင်းကာ စစ်ရေးအကူအညီ
တိုးမြှင့် ပေးအပ်သွားမည်ဖြစ်ကြောင်း The Times of India သတင်းစာ၏
ဖော်ပြချက်အရ သိရသည်။
တစ်ဦးလျှင် ကျပ် ၃၀၀ နှုန်းဖြင့် မြို့ပတ်အထူး ရထားတွဲသစ် စတင်ပြေးဆွဲ
စတင်ပြေးဆွဲသော အဆင့်မြှင့်တင် ထားသည့် မြို့ပတ်ရထားဖြင့် ခရီးသွားနေသော ကမ္ဘာ့လှည့် ခရီးသွား များ အား တွေ့ရစဉ် (ဓာတ်ပုံ -ကြည်နိုင်)
ပြည်တွင်းရထားများကို အဆင့်မြှင့်တင် ထားသော ၃၀၀ တန် မြို့ပတ်အထူး
ရထားတွဲသစ်ကို နိုဝင်ဘာ ၁ ရက် နံနက်ပိုင်းတွင် စတင်ပြေးဆွဲခဲ့ပြီး
ခရီးသည်များ စိတ်ဝင်တစား လိုက်ပါစီးနင်းခဲ့ကြောင်း သိရသည်။
ခြောက်လမ်းသွား လမ်းမများနှင့် လမ်းမကြီးများပေါ်တွင် စည်းကမ်းမဲ့ ရပ်နားသည့် ယာဉ်များအား ကရိန်းယာဉ်ဖြင့်ဆွဲပြီး အရေးယူမှု ယခုလအတွင်း စတင်မည်
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခြောက်လမ်းသွား လမ်းမကြီးများနှင့်
လမ်းမကြီးများပေါ်တွင် စည်းကမ်း မဲ့စွာ ရပ်နားနေသည့် မော်တော်ယာဉ်များအား
ယခုလအတွင်း ကရိန်းယာဉ်ဖြင့် ဆွဲပြီးဖယ်ရှား အရေးယူမည့် အစီစဉ်ကို
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမှတ်(၂)ယာဉ်ထိန်း ဒုတိယ တပ်ဖွဲ့မှူး
ဒုတိယရဲမှူးကြီး လင်းထွဋ်က နိုဝင်ဘာ ၂ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။
Saturday, November 2, 2013
နိုင်ငံရေး ဆွေးနွေးပွဲအတွက် အစိုးရနှင့် တစ်ဖွဲ့ချင်းစီအလိုက် ဆွေးနွေးဆုံးဖြတ်မည် မဟုတ်ဘဲ အားလုံးပါဝင်သော ပူးတွဲကော်မတီဖြင့် လုပ်ဆောင်ရန် တိုင်းရင်းသား လက်နက်ကိုင်များ စီစဉ်
နိုင်ငံရေး ဆွေးနွေးပွဲအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက
အစိုးရနှင့် တစ်ဖွဲ့ချင်းစီအလိုက် ဆွေးနွေးဆုံးဖြတ်မည် မဟုတ်ဘဲ
အဖွဲ့ဝင်အားလုံး ပါဝင်သော ပူးတွဲကော်မတီဖြင့်သာ လုပ်ဆောင်ရန် တိုင်းရင်းသား
လက်နက်ကိုင်များက စီစဉ်နေကြောင်း သိရသည်။
ထိုသို့ ပြုလုပ်ရန်အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ
ကိုယ်စားလှယ်များ ပါဝင်သော ပူးတွဲကော်မတီတစ်ရပ် ဖွဲ့စည်းရေး ကိစ္စကို
နိုဝင်ဘာ ၁ ရက်တွင် ပြုလုပ်သည့် လိုင်ဇာထိပ်သီး ဆွေးနွေးပွဲ တတိယနေ့၌
ဆွေးနွေးခဲ့ကြောင်း သိရသည်။
၂၀၁၅ ခုနှစ် မတိုင်မီ နိုင်ငံရေး ဆွေးနွေးပွဲ စတင်နိုင်ရေး အပါအ၀င် တစ်နိုင်ငံလုံး အပစ်ရပ် စာချုပ်အပေါ် တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘော တူညီချက်ကို နိုဝင်ဘာ ၂ ရက် (ယနေ့) တွင် လက်မှတ်ရေးထိုး အတည်ပြုမည်
၂၀၁၅ ခုနှစ် မတိုင်မီ နိုင်ငံရေး ဆွေးနွေးပွဲ စတင်နိုင်ရေး
အချိန်သတ်မှတ်ချက် အပါအ၀င် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်
စာချုပ်အပေါ် တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘော တူညီချက်ကို နိုဝင်ဘာ ၂
ရက်(ယနေ့)တွင် လက်မှတ်ရေးထိုးပြီး အတည်ပြုချက် ရယူ မည် ဖြစ်ကြောင်း သိရသည်။
ချေးငွေများ ထုတ်ချေးရာတွင် သမ၀ါယမ စနစ်ဟောင်း၊ ခေတ်ဟောင်းက ကျင့်သုံးခဲ့သည့် မူများကို ရှောင်ပြီး အမှန်တကယ် လိုအပ်သော သူများကို ဦးစားပေးရန် လိုအပ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များ အကြံပြု
ချေးငွေများ ထုတ်ချေးရာတွင် သမ၀ါယမ စနစ်ဟောင်း၊ ခေတ်ဟောင်းက
ကျင့်သုံးခဲ့သည့် မူများကို ရှောင်ပြီး အမှန်တကယ် လိုအပ်သောသူ၊
ချေးငွေအသုံးပြုပြီး ဘ၀မြင့် မားအောင် ဆောင် ရွက်နိုင်သူကို မူအရ
ဦးစားပေးရန် အရေးကြီးကြောင်း ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် များက
အောက်တိုဘာ ၃၀ ရက်က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် ၂၀၁၃-၂၀၁၄
ဘဏ္ဍာရေးနှစ် ဖြည့် စွက်ရန်ပုံငွေများနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် အကြံပြု
ပြောကြားခဲ့သည်။
မြန်မာအပါအ၀င် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကင်ဆာကြောင့် သေဆုံးနှုန်း နှစ်ဆတိုးမြင့်လာနိုင်
ဦးလှထွန်း မေတ္တာရိပ်မွန်(ကင်ဆာ) ဖောင်ဒေးရှင်းတွင် တက်ရောက် ကုသနေသည့် ဝေဒနာရှင် များအား တွေ့ရစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်)
မြန်မာနိုင်ငံ အပါအ၀င် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လာမည့်နှစ်နှစ်အတွင်း
ကင်ဆာကြောင့် သေ ဆုံးနှုန်း နှစ်ဆတိုးမြင့် လာနိုင်ဟု ''ကင်ဆာရောဂါ
ကင်းစင်ရေး အသိပညာဖြင့် ကာကွယ်ပေး'' ကျန်းမာရေး ဟောပြောပွဲတွင် ကင်ဆာအထူးကု
ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာစိုးအောင်က ဆိုသည်။
ဆီးဂိမ်းစ်အတွက် ငွေဆောင်တွင် ရဲတပ်ရင်း၊ စီအိုင်ဒီနှင့် အထူးရဲတပ်ဖွဲ့ဝင် ၅၀၀ ခန့် လုံခြုံရေး ဆောင်ရွက်မည်
Friday, November 1, 2013
မိုးစက်ဝိုင် ပေါ်ပြူလာ ဖြစ်နေသော မယ်စကြာဝဠာ ပြိုင်ပွဲကြီးစတင်
ရုရှားနိုင်ငံတွင် ကျင်းပမည့် (၂၀၁၃)ခုနှစ်၊ မယ်စကြာဝဠာ ပြိုင်ပွဲအတွက်
နိုင်ငံအရပ်ရပ်မှ ကိုယ်စားပြု အလှမယ်အားလုံး စုံလင်စွာ ရောက်ရှိလာပြီဟု
သိရှိရသည်။ အစောပိုင်းက မယ်စကြာဝဠာ ပြိုင်ပွဲအတွက် လူရွေးချယ်မှုတွင်
မမျှတကြောင်း ဝေဖန်စကားများ ပြောဆိုခဲ့သည့်အတွက် ဒုတိယဆုရ အလှမယ်နှင့်
အစားထိုးမည်ဟု သတင်းထွက်ခဲ့သည့် ဂါနာကိုယ်စားပြု ဟာနီရယ်လ် ဂျာမင်သည်လည်း
မော်စကိုသို့ ချောမောစွာ ရောက်ရှိလာခဲ့သည်။ သူမသည် အခြားသော
နိုင်ငံ(၈၅)ခုမှ ကိုယ်စားပြု အလှမယ်များနှင့် ပူးပေါင်းခွင့် ရခဲ့သည်။
အသတ်ခံရသူအမျိုးသမီး၏အလောင်း အိပ်မက်ပေးခဲ့ရာ နေရာတွင် ရှာဖွေတွေ့ရှိ
ရန်ကုန်၊ အောက်တိုဘာလ ၃၁
လူပျောက် တိုင်ချက်ဖွင့်ကာ ကိုးရက်ကြာ ရှာဖွေခဲ့ရသော အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး၏ အလောင်းကို အိပ်မက်ပေးခဲ့သည့် နေရာအတိုင်း သွားရောက် ရှာဖွေရာမှ ဒဏ်ရာများဖြင့် ပုပ်ပွ သေဆုံးနေသည်ကို အောက်တိုဘာလ ၂၉ ရက် မွန်းလွဲပိုင်းက တွေ့ရှိခဲ့ကြောင်း လှည်းကူးမြို့နယ် ငါးဆူတောင် နယ်မြေရဲစခန်းမှူး ရဲအုပ်ကျော်ဆန်းလင်းက The Voice သို့ ပြောကြားသည်။
လူပျောက် တိုင်ချက်ဖွင့်ကာ ကိုးရက်ကြာ ရှာဖွေခဲ့ရသော အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး၏ အလောင်းကို အိပ်မက်ပေးခဲ့သည့် နေရာအတိုင်း သွားရောက် ရှာဖွေရာမှ ဒဏ်ရာများဖြင့် ပုပ်ပွ သေဆုံးနေသည်ကို အောက်တိုဘာလ ၂၉ ရက် မွန်းလွဲပိုင်းက တွေ့ရှိခဲ့ကြောင်း လှည်းကူးမြို့နယ် ငါးဆူတောင် နယ်မြေရဲစခန်းမှူး ရဲအုပ်ကျော်ဆန်းလင်းက The Voice သို့ ပြောကြားသည်။
iPhone 5S ရဲ့ Touch ID ကို ယုံကြည်သင့်ပြီလား
စက်တင်ဘာ ၁၀ ရက် နေ့တုန်းက Cupetrino ကနေ iPhone အသစ်တွေ ဖြစ်တဲ့ iPhone 5C
နဲ့ iPhone 5S တို့ကို ထုတ်ဖော်ပြသခဲ့ပြီးနောက် iPhone တွေနဲ့ ပတ်သက်တဲ့
ပြောစရာစကားတွေ အများအပြား ထွက်ပေါ်လာခဲ့ကြပါတယ်။ iPhone 5 ကိုပဲ ဒီအတိုင်း
အဆင့်မြှင့်တင် ထားတာလား၊
အချိန်ပို ခိုင်းတဲ့ အလုပ်ရှင်တွေကို အရေးယူဖို့ လွှတ်တော်မှာ ဆွေးနွေး

နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေး အတွင်းမှာ
အစိုးရကနေ သတ်မှတ် ထားတဲ့ အလုပ်ချိန်ထက်ပိုပြီး အချိန်ပိုခိုင်းတဲ့
အလုပ်ရှင်တွေကို အရေးယူသွားမှာ ဖြစ်တယ်လို့ အလုပ် သမား၊ အလုပ်အကိုင်နဲ့
လူမှုဖူလုံရေး ဒုဝန်ကြီးဦးထင်အောင်က အောက်တိုဘာ ၃၀ရက်နေ့ မှာ ပြောကြားခဲ့
ပါတယ်။
ရှုံးနိမ့်မှုပေါင်း (၁ဝဝ၉) ကြိမ်ကို ဖြတ်သန်းခဲ့ပြီး ဘဝရဲ့နောက်ဆုံး နေဝင်ချိန် ကျမှ အောင်မြင်ခဲ့သူ

ရှုံးနိမ့်မှုပေါင်း (၁ဝဝ၉) ကြိမ်ကိုဖြတ်သန်းခဲ့ပြီး
ဘဝရဲ့နောက်ဆုံးနေဝင်ချိန်ကျမှ အောင်မြင်ခဲ့တဲ့
လူသားတစ်ယောက်အကြောင်းကိုပြောပြချင်ပါတယ်။
သူ့အကြောင်းကတော့ဒီလိုပါ။ လူ့လောကမှာသူ့ကိုမွေးဖွားလိုက်ပြီး-
သူ့အကြောင်းကတော့ဒီလိုပါ။ လူ့လောကမှာသူ့ကိုမွေးဖွားလိုက်ပြီး-
သွေးစုပ်ဖုတ်ကောင် Vampire
သွေးစုပ်ဖုတ်ကောင်
Vampire ဆိုတာကို အားလုံး ရင်းနှီးပြီး သားပါ။ သူတို့တွေက
တစ်ကယ်ရှိလို့လား။ Edward လိုမင်း သား ချောလေးတွေလား? ဒရက် ကူလာလို
လူဆိုးကြီးတွေလား? ဖတ်ကြည့်လိုက် ရအောင်။
သွေးစုပ်ဖုတ်ကောင်
ဆိုတာ လူတွေရဲ့ အသက်သွေးကို မှီဝဲတတ်တဲ့ ဒဏ္ဍာရီထဲက မသေနိုင်တဲ့ လူသဏ္ဍာန်
သတ္တ၀ါ တစ်မျိုးပါ။ သွေးစုပ်ဖုတ် ကောင်တွေ တကယ် ရှိသလား။ သူတို့ဟာ Twilight
ထဲက Edward လိုစိတ်ကူး ယဉ်စရာ မင်းသား ချောလေးတွေလား။ ဒရက်ကူလာလို
ကြောက်စရာ လူဆိုးကြီး တွေဖြစ်မလား။

သွေးစုပ်ဖုတ်ကောင်
Vampire ဆိုတဲ့ စကားဟာ ၁၈ ရာစု နှစ်မှ စပြီး ပေါ်ပေါက် လာတယ်လို့ ဆိုပါတယ်။
ပြင်သစ် စာလုံး vampyre သို့မ ဟုတ် ဂျာမန်စာလုံး Vampir ကနေ လာတာ
ဖြစ်နိုင်ပါတယ်။
အပစ်အခတ်ရပ်စဲရေး ဘုံသဘောတူညီချက် ယနေ့ဆုံးဖြတ်ချက်ချမည်
ကေအိုင်အိုဌာနချုပ် လိုင်ဇာတွင်ကျင်းပပြုလုပ်သော တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့များ၏ ဆွေးနွေး ပွဲမှတစ်နိုင်ငံလုံးအတိုင်းအတာ
အပစ်အခတ်ရပ်စဲရေး ဘုံသဘောတူညီချက်ကို နိုဝင်ဘာ ၁ ရက် (ယနေ့)
တွင်ထုတ်ပြန်မည်ဖြစ်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ မှ
အတိုင်ပင်ခံ ဦးခွန်ဆိုင်း က အောက်တိုဘာ ၃၁ ရက် အစည်းအဝေးပြီးနောက်
သတင်းမီဒီယာများကို ပြောသည်။
Facebook ၏ အန္တရာယ်

လူအများစုဟာ Facebook ရဲ့ အန္တရာယ်ကို သတိမမူမိကြဘဲ
ဒီလူမှုကွန်ရက်ဆိုက်ထဲမှာ သူတို့ရဲ့ Profile တွေကို ဖန်တီးခဲ့ကြပါတယ်...
Facebook ဟာ ကမ္ဘာအနှံကလူတွေကို မိတ်ဆွေဟောင်းတွေ နဲ့ပြန်ဆက်
သွယ်နိုင်ဖို့... ပြီးတော့ မိတ်ဆွေသစ်တွေရရှိစေဖို့အတွက် ဆက်သွယ်ပေးတဲ့
ကြားခံစနစ်တစ်ခုအနေနဲ့ လုပ်ဆောင် ပေးနေပါတယ်... ဒါပေမဲ့
ဒီလူမှုကွန်ရက်ဆိုက်ဟာ အကျိုးကျေးဇူးတွေရှိနေသလို အန္တရာယ် တစ်ချို့နဲ့လည်း
ဆက်နွယ်ပတ်သက်နေပါတယ်....
သရဲခြောက်ခဲ့တယ် ဆိုတဲ့ အိမ်ကို အိမ်ဝယ်သူ အများအပြား ပိုမိုစိတ်ဝင် တစားဝယ်ယူ
ယခုလက်ရှိ အိမ်ဝယ်ယူသူအများအပြားမှ တစ်ဝက်ခန့်သော ၀ယ်ယူ သူတွေဟာ
သရဲခြောက်ခဲ့တယ် ဆိုတဲ့ အိမ်ကိုမှ ၀ယ်ယူကာ နေထိုင်ရတာ ပိုနှစ်သက်
နေကြတယ်လို့ နယူးယောက် အိမ်ခြံမြေ ၀က်ဆိုဒ်တစ်ခု ဖြစ်တဲ့ realtor.com ရဲ့
သတင်းထုတ်ပြန်ချက်အရသိရှိရပါတယ်။
ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည် စီးပွားရေး လုပ်ကိုင်ရန် အခက်ခဲဆုံး နိုင်ငံများထဲ၌ ပါဝင်နေ
၂၀၁၄ ခုနှစ်အတွက် အောက်တိုဘာ ၂၉ ရက်က ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့သည့်
စီးပွားရေး လုပ်ကိုင်ရန် အကောင်းဆုံး နိုင်ငံများ စာရင်းတွင်
မြန်မာနိုင်ငံသည် အောက်ဆုံးနေရာအနီး ရပ်တည်ခဲ့ပြီး စီးပွားရေး လုပ်ကိုင်ရန်
အခက်ခဲဆုံး နိုင်ငံတစ်ခုအဖြစ် သတ်မှတ်ခံရသည်။ အရှေ့တောင်အာရှ
နိုင်ငံများထဲတွင်
ဓာတ်အားခနှုန်းထား တိုးမြှင့်မှုမှာ ရန်ကုန်မြို့ရှိ စက်မှုလုပ်ငန်းနှင့် စီးပွားရေး လုပ်ငန်းရှင် ၄၀၀၀ ကိုသာ ထိခိုက်မည်ဟု လျှပ်စစ်တာဝန်ရှိသူ ပြောကြား
ဓာတ်အားခနှုန်းထား တိုးမြှင့်မှုနှင့် ပတ်သက်၍ ရန်ကုန်ရှိ
စက်မှုလုပ်ငန်းနှင့် စီးပွားရေး လုပ်ငန်းရှင် ၄၀၀၀ (၀ ဒသမ ၃၉ ရာခိုင်နှုန်း)
သာ ထိခိုက်နိုင်ကြောင်း ရန်ကုန်မြို့ရှိ ဇေကမ္ဘာ စက်မှုဇုန်တွင်
ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ခိုင်က ရှင်းလင်း
ပြောကြားသည်။
အပစ်ရပ်စာချုပ်အတွက် မူကြမ်းလေးခု ရှိနေသဖြင့် မူတစ်ခုတည်းဖြစ်ရန် တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘောထားကို နိုဝင်ဘာ ၁ ရက် (ယနေ့)တွင် ဆွေးနွေးပြီး ဆုံးဖြတ်ချက်ချမည်
တိုင်းရင်းသား လက်နက်ကိုင်များ၏ လိုင်ဇာထိပ်သီး ဆွေးနွေးပွဲ ဒုတိယနေ့ ကျင်းပနေစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး စာချုပ်အတွက်
မူကြမ်းလေးခု ရှိနေသဖြင့် မူတစ်ခုတည်းဖြစ်ရန် ညှိနှိုင်းပြီး တိုင်းရင်းသား
လက်နက်ကိုင်များ၏ ဘုံသဘောထားကို နိုဝင်ဘာ ၁ ရက် (ယနေ့) တွင် ဆွေးနွေးပြီး
ဆုံးဖြတ်ချက်ချမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ နေ့စဉ်ထွက် အမှိုက်များမှ ထုတ်လုပ်မည့် လျှပ်စစ်ဓာတ်အားကို ၁ ယူနစ်လျှင် ကျပ် ၁၅၀ ဖြင့် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့မှ ပြန်ဝယ်၍ စက်မှုဇုန်များသို့ အဓိကဖြန့်ဖြူးမည်
ရန်ကုန်မြို့အတွင်း စည်ပင်သာယာမှ အမှိုက်သိမ်းလုပ်ငန်း ဆောင်ရွက်နေသည်ကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ နေ့စဉ်ထွက်ရှိသော အမှိုက်များမှ လျှပ်စစ်ဓာတ်အား
ထုတ်လုပ်ရန်အတွက် ပြည် တွင်းနှင့် ပြည်ပဖက်စပ် ကုမ္ပဏီနှစ်ခုအား
ရွေးချယ်ခဲ့ပြီး ယင်းကုမ္ပဏီများမှ ထွက်ရှိလာသော လျှပ်စစ် ဓာတ်အားကို
တစ်ယူနစ်လျှင် ကျပ် ၁၅၀ ဖြင့် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား
ပေးရေး အဖွဲ့မှ ပြန် ၀ယ်ပြီး စက်မှုဇုန်များသို့ အဓိကပြန်လည်
ဖြန့်ဖြူးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၊
ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဌာနမှူး ဦးသန်းလွင်ဦး က
အောက်တိုဘာ ၃၁ ရက်က ပြောကြားသည်။
Subscribe to:
Posts (Atom)





