တရုတ်အစိုးရသည် နိုင်ငံ၏ ကျေးလက်ဒေသများရှိ အစိုးရတာဝန်ရှိသူ ၂၀,၀၀၀
ကျော်အား ပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း သိရသည်။
Tuesday, December 3, 2013
ကုမ္ပဏီလုပ်ငန်းများတိုးချဲ့နိုင်ရန် အတွက် FMI Co., Ltd. မှ ကျပ် ၂၅ ဘီလျံဖိုး ရှယ်ယာများ

မြန်မာနိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုဖြစ်သည့် First Myanmar Investment Co., Ltd. ("FMI") သည် ကုမ္ပဏီ၏ လက်ရှိ ရှယ်ယာရှင်များအတွက် ကျပ်(၂၅) ဘီလျံသို့မဟုတ် အမေရိကန်ဒေါ်လာ(၂၅.၆)သန်း တန်ဖိုးရှိသော rights issue များကို စတင် ရောင်းချခဲ့ပါသည်။ ၎င်းရောင်းချရသော ငွေများကို ကုမ္ပဏီလုပ်ငန်း များ အသစ်တိုးချဲ့ရန်နှင့် လက်ရှိ လုပ်ငန်းများကို တိုးချဲ့နိုင်ရန် ငွေကြေးအထောက်အပံ့အဖြစ် အသုံးပြုသွား မည် ဖြစ်သည်။
လူကိုကူးစက်သည့် ပထမဆုံး ကြက်ငှက်တုပ်ကွေး ဟောင်ကောင်တွင် တွေ့ရှိ

H7N9 ကြက်ငှက်တုပ်ကွေးရောဂါက ပထမဆုံး လူကိုကူးစက်မှု ဟောင်ကောင်မှာ တွေ့ရှိခဲ့တယ်လို့ ဟောင်ကောင် အစားအစာနဲ့ ကျန်းမာရေးဌာနက ဒီဇင်ဘာ ၂ ရက်နေ့မှာ အတည်ပြုပြောကြားခဲ့ပါတယ်။
ဥပဒေ နှင့်ဘဝများကြား လက်တစ်လုံးသာ ခြားသည်
ပျောက်သောသူ ရှာလျှင်တွေ့ သေ သောသူ ကြာလျှင်မေ့ ဆိုသော်လည်း ခေတ်
စနစ်နှင့် လူ့အခွင့်အရေး ဆုံးရှုံးမှု အောက် စိတ်ဒဏ်ရာ ဖြစ်နေသော ပြည် သူများ
အဖို့ မမေ့နိုင်သော ဖြစ်ရပ် များစွာ အနက်
ရခဲ လှသော လူ့ဘဝနှင့် အသက် ကို ကြက် ကလေး၊ ငှက်ကလေး များကဲ့သို့ သဘောထားကာ
ဇီဝိန်ချွေ ခဲ့ကြသော လူ သတ်မှု များနှင့် ရာဇဝတ်မှု များကလည်း တငွေ့ငွေ့
လှိုက်လောင်နေဆဲ ဖြစ်သည်။
မူးယစ်ဆေးဝါး သုံးတာနဲ့ ပတ်သက်ပြီး န၀ရတ် ဘာပြောသလဲ
လတ်တလောမှာ အင်တာနက်ပေါ်မှာတက်နေတဲ့ န၀ရတ်ရဲ့ သတင်းအချို့နဲ့ပတ်သတ်ပြီး
သူမကို အားပေးနေတဲ့ ပရိသတ်တွေ စိုးရိမ်နေကြမှာ အမှန်ပါပဲ။ အဲဒီသတင်းဟာ
လွန်ခဲ့တဲ့၅နှစ်ခန့်က စစ်ဆေး ထားတဲ့ စစ်ချက်ဖြစ်နေတာကြောင့်
စိုးရိမ်စရာဘာမှမရှိဘူးလို့ သိရပေမယ့် သူမကို သွားရောက် တွေ့ဆုံပြီး
မေးမြန်းကြည့်တဲ့အခါ ဒါဟာဘာမှမဟုတ်တဲ့အကြောင်း၊ အချိန်ကြာနေပြီဖြစ်တဲ့
အတွက် အားပေး နေတဲ့ ပရိသတ်တွေ သူမအတွက် မစိုးရိမ်ကြဖို့နဲ့ သူမဟာ ခု
နေအိမ်မှာပဲရှိနေပြီး ပရိသတ်တွေအတွက် အနုပညာ အလုပ်တွေကို
ဆက်လက်လုပ်ကိုင်နေတဲ့ အကြောင်း၊ အကယ်ဒမီပွဲအတွက်
ရင်ခုန်နေပြီဖြစ်တဲ့အကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။
The Gods Must Be Crazy မှ မင်းသား N!xau

Nixau ( Gcao Tekene Coma ) လို့အမည်ရတဲ့ တော်အာဖရိက လူရိုင်း မင်းသား ကို တော်တော်များများ သိကြ ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်၏ တွေ့ဆုံရန် ကမ်းလှမ်းချက် သမ္မတငြင်းပယ်ခြင်း မဟုတ်ဟု သမ္မတပြောရေးဆိုခွင့် ရှိသူဆို

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် နိုင်ငံတော်သမ္မတ အပါအဝင် ကာကွယ်ရေး ဦးစီးချုပ်၊ လွှတ်တော် ဥက္ကဋ္ဌများနှင့် တွေ့ဆုံရန် ကမ်းလှမ်းချက်ကို နိုင်ငံတော်သမ္မတက ငြင်းပယ်ခြင်း မဟုတ်ကြောင်း နိုင်ငံတော် သမ္မတ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။
သံလျင်နှင့် မှော်ဘီမြို့တွင် ရဟတ်ယာဉ် ထုတ်မည့် စက်ရုံများ ဆောက်လုပ်မည်
အမေရိကန် အခြေစိုက် ရဟတ်ယာဉ် ကုမ္ပဏီ ဖြစ်သည့် Robinson Helicopter
ကုမ္ပဏီသည် မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီး သံလျင်မြို့နှင့်
မှော်ဘီမြို့နယ်များတွင် ရဟတ်ယာဉ်ထုတ်လုပ်မည့် စက်ရုံများတည်ဆောက်
မည်ဖြစ်ကြောင်း ယနေ့ထုတ် ရန်ကုန် တိုင်းမ် သတင်းစာ၌ ဖော်ပြထားသည်။
ရှေးဦးစွာ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနနှင့်
ဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြေင်း၊ ထို့နောက် မိတ်ဆက် ပြပွဲများ
ပြုလုပ်ပြီး
ဖခင်ကို ထောင်ချလိုက်သည့်အတွက် သမီးဖြစ်သူအဆိပ်သောက်
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်တွင် ဖခင်ဖြစ်သူကို လူသတ်မှုဖြင့်
ထောင်ဒဏ်ချလိုက်သည့်အတွက် အသက် ၁၆ နှစ်အရွယ်သမီးဖြစ်သူက စိတ်ဓာတ်ကျကာ
ကြွက်သတ်ဆေးသောက်၊ သေကြောင်းကြံ စည်ခဲ့သည်ဟု ကောလင်းမြို့နယ်
ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဒီဇင်ဘာ ၂ ရက်တွင် မဇ္ဈိမကို ပြောသည်။
လက်ရှိတွင် အဆိပ်သောက်ခဲ့သည့် ဆယ်တန်းကျောင်းသူကို ကောလင်းမြို့နယ် ပြည်သူ့ဆေးရုံကြီး တွင် ဆေးကု သမှုခံယူလျက်ရှိပြီး ဆေးရုံကြီးမှ ဖုန်းဆက်သွယ်အကြောင်းကြားခဲ့ရာမှတစ်ဆင့် ရဲဌာနမှသိရှိ ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် အဆိပ်သောက်ခဲ့သည့် ဆယ်တန်းကျောင်းသူကို ကောလင်းမြို့နယ် ပြည်သူ့ဆေးရုံကြီး တွင် ဆေးကု သမှုခံယူလျက်ရှိပြီး ဆေးရုံကြီးမှ ဖုန်းဆက်သွယ်အကြောင်းကြားခဲ့ရာမှတစ်ဆင့် ရဲဌာနမှသိရှိ ခဲ့ခြင်းဖြစ်သည်။
ဘုန်းကြီးတစ်ပါး သင်္ကန်းကို ကြိုးပြုပြီး အမြင့်ပေ နှစ်ဆယ်ခန့်ရှိ သစ်ပင်ပေါ် တက်၍ ဆွဲကြိုးချ သေဆုံး

ဒီဇင်ဘာ(၂)ရက်နေ့ နံနက်(၇)နာရီအချိန်ခန့်တွင် မကွေးမြို့
နံကပ်ကျွန်းကျေးရွာအုပ်စု ချမ်းမြေ့ သာယာ ကျေးရွာ စက်မှု ၀န်ကြီးဌာန
မြန်မာ့အထည်အလိပ်လုပ်ငန်း ဆေးဆိုးပန်းရိုက်စက်ရုံရှေ့ရှိ ဂန္ဓာရသစ်ပင်
ပေါ်တွင် ဘုန်းကြီးတစ်ပါး အမြင့်ပေနှစ်ဆယ်ခန့်ရှိ သစ်ပင်ပေါ်တက်၍
သင်္ကန်းကိုကြိုးပြုပြီး ဆွဲကြိုးချသေ ဆုံးကြောင်း သတင်းရရှိသည်။
ကိုယ်ဝန်ဆောင်စဉ် ခင်ပွန်းနှင့် အတူနေလျှင် ဘာဖြစ်မလဲ
Q 1: ဆရာရှင့် ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသား(ခင်ပွန်း)နဲ့ ဆက်ဆံလို့ ရပါသလား။ တကယ်လို့ ဆက်ဆံခဲ့ရင် ဗိုက်ထဲက ကလေးကို ထိခိုက်နိုင်ပါသလား။
Q 2: ဆရာ Post တခုမှာ ဖတ်လိုက်ရတဲ့ ကိုယ်ဝန် ပထမ ၃ လမှာ ယောက်ကျားနဲ့ အတူတူနေလို့ မရဘူးဆိုပြီး။ အခု ကိုယ်ဝန်က ၂ လ လောက် ရှိနေပါပြီ။ သားဦးဆိုတော့ အတွေ့ အကြုံမရှိဘူး ဖြစ်နေလို့ပါ။
တကယ်လို့ အတူတူနေလို့ ရတယ်ဆိုရင် ဘယ်လို ပုံစံမျိုးက ကိုယ်ဝန်ဆောင်တွေ အတွက် အဆင်ပြေနိုင်မလဲ ဆိုတာပါ ပြောပြပါနော်။
မြဝတီမြို့ ဂျာနယ်လစ်တစ်ဦးအိမ်သို့ ပြောင်းရှည်သေနတ်ကိုင်ဆောင်သူ သူခိုးဝင်ရောက်ခိုးယူမှုဖြစ်ပွား
မြဝတီမြို့တွင် သတင်းရေးသားနေသော ဂျာနယ်လစ်ဖြစ်သူ ကိုသက်ဦးနိုင်၏အိမ်သို့
နိုဝင်ဘာ ၂၈ ရက် နံနက် ၃းဝ၀ နာရီအချိန်က သူခိုးတစ်ဦးက ၀င်ရောက်ပြီး
ကိုသက်ဦးနိုင်၏ ကင်မရာ၊ အသံ ဖမ်းစက် ၊ မြန်မာဖုန်းတစ်လုံးနှင့်
ထိုင်းဖုန်းတစ်လုံး ခိုးယူသွားခဲ့သည်။ ထို့ နောက် ယင်းနေ့ည ၇းဝ၀ နာရီ အချိန်
တွင် အဆိုပါသူခိုးသည် အဆိုပါအိမ်အပေါ်ထပ်သို့
တိတ်တဆိတ်ထပ်မံဝင်ရောက်ခဲ့ပြီးလျှင် အိမ်ခန်းတစ်ခုအတွင်း
ဝင်ရောက်ပုန်းခိုနေရာ ကိုသက်ဦးနိုင်မှာ သူခိုးဝင် ရောက်နေသည်ကို
မသိရှိလိုက်ဘဲ အိမ်အပေါ်ထပ်ရှိ တံခါးများအားလုံး ပိတ်ပြီး အောက်ထပ်တွင်
မိသားစုနှင့်အတူ ထမင်းစားနေခဲ့သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အသေအချာ ရှင်းပြခွင့်ရပါက အခြေခံဥပဒေ ပြင်ဆင်ရေးကို တပ်မတော်သား အများစုက ထောက်ခံလိမ့်မည်ဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
![ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အသေအချာ ရှင်းပြခွင့်ရပါက အခြေခံဥပဒေ ပြင်ဆင်ရေးကို တပ်မတော်သား အများစုက ထောက်ခံလိမ့်မည်ဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Tuesday, December 3, 2013
မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ အဘယ့်ကြောင့် ပြင်ဆင်ရန် လိုအပ်သည်ဆိုသည့် အချက်ကို တပ်မတော်သားများအား အသေအချာ ရှင်းပြခွင့် ရနိုင်မည်ဆိုလျှင် အခြေခံဥပဒေ ပြင်ဆင်ရေးကို တပ်မတော်သား အများစုက ထောက်ခံလိမ့်မည်ဟု ယုံကြည်ကြောင်း သြစတြေးလျ နိုင်ငံရောက် ဒေါ်အောင်ဆန်းစုကြည်က ရေဒီယို သြစတြေးလျ မြန်မာပိုင်းနှင့် ဒီဇင်ဘာ ၁ ရက် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားသည်။
ရေဒီယို သြစတြေးလျ မြန်မာပိုင်းနှင့် တွေ့ဆုံမေးမြန်းခန်းတွင် မေးမြန်းသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ တပ်မတော်၏ သဘောထားကို ဘယ်လိုခန့်မှန်း ထားပါသလဲ ဆိုသည့် မေးခွန်းနှင့် ပတ်သက်၍ အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
''တပ်မတော် တစ်ခုလုံးကို ပြောဖို့ဆိုတာက အင်မတန်ခက်ပါတယ်။ တပ်မတော်မှာ ရိုးရိုးသာမန် တပ်မတော်သားတွေ အများကြီး ရှိပါတယ်။ အရာရှိ အရာခံတွေ ရှိသလို အဆင့်အမြင့်ဆုံး အရာရှိတွေလည်း ရှိပါတယ်။ သူတို့အားလုံး တစ်သဘောတည်း ဖြစ်မလား ဆိုတာတော့ ကျွန်မ မပြောတတ်ပါဘူး။ ဒါပေမဲ့ အများစုဟာ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ ဘာကြောင့် ပြောင်းလဲဖို့ လိုအပ်တာလဲ ဆိုတာကို အသေအချာ ရှင်းပြခွင့် ရခဲ့မယ်ဆိုရင် ဒါကို ထောက်ခံကြမယ်လို့ ကျွန်မယုံကြည်ပါတယ်'' ဟု အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
''တပ်မတော်ရဲ့ ကဏ္ဍကလည်း အရေးကြီးပါတယ်။ အခုလေးပွင့်ဆိုင် ဆိုတာကလည်း အုပ်ချုပ်ရေးရယ်၊ လွှတ်တော်လို ဥပဒေပြုရေးရယ်၊ တပ်မတော်ရယ် တွေ့ဆုံဖို့ပါ။ နိုင်ငံရေးပါတီ တစ်ခုတည်းနဲ့ တွေ့တာ မသင့်တော်ဘူးဆိုတဲ့ အကြောင်းပြချက်လည်း ကြားမိပါတယ်။ အဲဒီမှာ သွားသတိရမိတာက ၁၉၈၈ မှာ န၀တနဲ့ တွေ့ဆုံဆွေးနွေးဖို့ ပြောတုန်းကလည်း ဒီလိုပဲ တုံ့ပြန်ခံခဲ့ရတယ်။ ပါတီပေါင်း ၂၀၀ ကျော်ရှိတဲ့ အထဲမှ ဒီတစ်ခုတည်းနဲ့ တွေ့ဖို့မသင့်တော်ဘူးလို့ပဲ အပြောခံခဲ့ရတယ်။ အခုကျွန်မတို့ အကြီးဆုံး အတိုက်အခံပါတီ အနေနဲ့ ပြည်သူကို ကိုယ်စားပြုပြီး တွေ့ဆုံဆွေးနွေးဖို့ ကိစ္စဟာ အင်မတန်မှ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စပါ။ ဒီလိုလုပ်ခြင်းအားဖြင့် တပ်မတော်ရဲ့ အနေအထားကို ကျွန်မတို့ နားလည်လာမယ်။ ကျွန်မတို့ရဲ့ အနေအထားကိုလည်း တပ်မတော်က နားလည်နိုင်မှာပါ'' ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ပြောကြားသည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်အား ယခုမြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးသည် မည်မျှစစ်မှန်သည် ထင်ပါသလဲဟု မေးမြန်းခဲ့ရာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို မည်သို့ သဘောထားသလဲ ဆိုသည့် အချက်ကို ကြည့်ပြီး ဆုံးဖြတ်ရမည် ဖြစ်ကြောင်း၊ ဘယ်လိုပဲ ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်လှမ်း နေပါသည် ပြောပြော၊ ပြုပြင်ပြောင်းလဲရေးကို လုပ်နေပါသည်ပြောပြော ဖွဲ့စည်းပုံဥပဒေ ပြုပြင်ပြောင်းလဲရေးကို မထောက်ခံဘူးဆိုလျှင် တကယ်ဒီမိုကရေစီကို လိုလားသည်ဟု မသုံးသပ်နိုင်ကြောင်း ပြောကြားခဲ့ပြီး ယခုလို တွေ့ဆုံဆွေးနွေးရေးကို ငြင်းဆန်လိုက်သည့် အစိုးရ၏ တုံ့ပြန်ချက်သည် အုပ်ချုပ်ရေးပိုင်း အနေဖြင့် ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေးအပေါ် မလိုလားဘူးလို့ ထင်သွားစရာ ရှိကြောင်း ဆက်လက် ပြောကြားခဲ့သည်။
@[114803668557265:274:Eleven Media Group]
တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များအား နေပြည်တော်ရှိ လွှတ်တော်တွင် တွေ့ရစဉ်](https://fbcdn-sphotos-g-a.akamaihd.net/hphotos-ak-frc3/s403x403/1450135_677113825662592_1062743457_n.jpg)
မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ အဘယ့်ကြောင့် ပြင်ဆင်ရန် လိုအပ်သည်ဆိုသည့် အချက်ကို တပ်မတော်သားများအား အသေအချာ ရှင်းပြခွင့် ရနိုင်မည်ဆိုလျှင် အခြေခံဥပဒေ ပြင်ဆင်ရေးကို တပ်မတော်သား အများစုက ထောက်ခံလိမ့်မည်ဟု ယုံကြည်ကြောင်း သြစတြေးလျ နိုင်ငံရောက် ဒေါ်အောင်ဆန်းစုကြည်က ရေဒီယို သြစတြေးလျ မြန်မာပိုင်းနှင့် ဒီဇင်ဘာ ၁ ရက် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားသည်။
မင်းသားကြီး မလုပ်ရသဖြင့် ပတ်မကြီး ထိုးဖောက်သည့် နိမ့်ကျသည့် စိတ်ဓာတ်များကို ဖျောက်ဖျက်ရန် သမ္မတဦးသိန်းစိန် ပြောကြားကြောင်း အစိုးရ သတင်းစာတွင် ဖော်ပြ
မင်းသားကြီး
မလုပ်ရသဖြင့် ပတ်မကြီး ထိုးဖောက်သည့် နိမ့်ကျသည့် စိတ်ဓာတ်များကို
ဖျောက်ဖျက်ရန် လိုအပ်ကြောင်း နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က
ပြောကြားကြောင်း ဒီဇင်ဘာ ၂ ရက်ထုတ် အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။
ဒီဇင်ဘာ ၁ ရက်က ဧရာဝတီတိုင်း ဒေသကြီး ငွေဆောင်မြို့နယ် ခွဲမှ
ကျောင်းကုန်းမြို့နယ် အောင်မင်္ဂလာ အဆင့်မြင့်စံပြ လယ်ယာဧက ၁၀၀ တွင်
ပြောကြား ခဲ့ခြင်း ဖြစ်သည်။
အတိုက်အခံခေါင်းဆောင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သြစတြေးလျ ခရီးစဉ်မှ ပြန်လည်ရောက်ရှိ
သြစတြေးလျနိုင်ငံမှ
ပြန်လည် ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန် အပြည်ပြည် ဆိုင်ရာ
လေဆိပ်တွင် ဒီဇင်ဘာ ၂ ရက် ညပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-ငြိမ်းဇော်လင်း)
နိုဝင်ဘာလ ၂၆ ရက်မှစ၍ သြစတြေးလျ နိုင်ငံသို့ သွားရောက်နေသော အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာ ၂ ရက် ည ၆ နာရီ
၄၀ မိနစ် အချိန်က မြန်မာနိုင်ငံ သို့ ပြန် လည် ရောက်ရှိခဲ့ကြောင်း သိရသည်။
Monday, December 2, 2013
WY ဆေးပြားသုံးစွဲသည်ဆိုခြင်းကိစ္စရုပ်ရှင်ဥက္ကဋ္ဌလူမင်းစတင်ရှင်းပြီ

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေသူသရုပ်ဆောင်လူမင်းအပါအ၀င်ရုပ်ရှင်လောကအတွင်းမူးယစ်
ဆေးသုံးစွဲသူများအဖြစ် WY ဆေးပြားသုံးစွဲသူ(၁၃)ဦးစာရင်းနှင့်အဆိုတော်လောက WY ဆေးပြားသုံး စွဲသူ(၃)ဦးစာရင်းတို့ ကို(၃ဝ-၄-၂ဝဝ၈)နေရက်စွဲပါအစစ်ခံချက်အဖြစ်“ရန်ကုန်မူးယစ်အရှေ့ အထူး အဖွဲ့ စစ်ဆေးချက်” ဆိုသည့်အမူမှတ်တမ်း တစ်စောင်အွန်လိုင်းတွင်ပျံ့ နှံလျှက် ရှိပါသည်။ အဆိုပါ အစစ်ခံချက်
ရွှေဂုံတိုင်တံတား ဖြတ်သန်းမောင်းနှင်ခွင့်ပြု မိုင် ၃၀ ထက် ပိုမမောင်းရန် သတိပေး
ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ရွှေဂုံတိုင်ခုံးကျော် တံတားပေါ်သို့
ဖြတ်သန်းမောင်းနှင်ခွင့်ကို ဒီဇင်ဘာ ၁ရက် နေ့လယ် ၁၂နာရီတွင်
စတင်ခွင့်ပြုလိုက်ပြီး တံတားပေါ်တွင် မြို့တွင်းမောင်းနှင်ခွင့်မိုင် ၃၀ ထက်
ကျော် လွန်မမောင်းရန် ရွှေဂုံတိုင် ခုံးကျော်တံတား စီမံကိန်း အင်ဂျင်နီယာ
ဦးအုန်းလှိုင်က သတိပေးလိုက်သည်။
ဘရာဇီး၌ ဒီဇင်ဘာ ၃ ရက်တွင် မွေးဖွားသည့် ကလေးငယ်တိုင်းအား ကမ္ဘာ့ဖလားပြိုင်ပွဲ အသုံးပြု ဘောလုံးများ လက်ဆောင် ပေးမည်

ဘရာဇီးနိုင်ငံတွင် လာမည့် သီတင်းပတ် အင်္ဂါနေ့ ဒီဇင်ဘာ ၃ ရက်တွင် မွေးဖွားသည့် ကလေးငယ် တစ်ဦးစီ တိုင်းအား ကမ္ဘာကျော် အားကစား ကုန်ပစ္စည်း ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Adidas ကုမ္ပဏီက ၂ဝ၁၄ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် အသုံးပြုမည့် ဘောလုံး တစ်လုံးစီကို လက်ဆောင်အဖြစ် ပေးအပ်သွားမည်ဟု ယင်း ကုမ္ပဏီကြီးက နိုဝင်ဘာ ၂၉ ရက်တွင် တရားဝင် ကြေညာခဲ့ကြောင်း သိရသည်။
လေးပွင့်ဆိုင်တွေ့ဆုံရန် သမ္မတနှင့် ကာချုပ် သဘောထားတုန့်ပြန်မှု တွေ့ဆုံပွဲကို မလိုလားခြင်းဟု ဒေါ်စုယူဆ
သမ္မတ၊
လွှတ်တော်နှင့် တပ်မတော်သို့ ကမ်းလှမ်းထားသည့် ဖွဲ့စည်းပုံပြင်ဆင်ရန်
လေးပွင့် ဆိုင် တွေ့ ဆုံ ရေးကို အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ
အစီရင်ခံစာ ထွက်ပေါ်လာချိန် အထိ စောင့် ဆိုင်းရန် နိုင်ငံတော်သမ္မတနှင့်
ကာကွယ်ရေးဦးစီးချုပ်တို့က သဘောထားရှိသည်ဟု တုံ့ပြန် လိုက်သည်မှာ
တွေ့ဆုံပွဲကို မလိုလားခြင်းကြောင့်ဟု ယူဆကြောင်း ဒေါ်အောင်ဆန်းစုကြည်က
ဒီဇင်ဘာ ၁ ရက် ရေဒီယို သြစတြေးလျ အထူးအစီအစဉ် တွေ့ဆုံမေးမြန်းခန်းတွင်
ထည့်သွင်း ပြောဆိုလိုက်သည်။
အလုပ်မှာ ခေါင်းကိုက်လျှင်
(၁) အလုပ်ပတ်ဝန်းကျင်ကိုပြုပြင်ပါ
ခေါင်းကိုက်စေတဲ့ အမွှေးနံ့၊ ရေမွှေး၊ ဆပ်ပြာစသည်တို့ကို ဖယ်ရှားပါ။
အလုပ်ထဲမှာ ကော်ဖီ အလွန် အကျွံ သောက်ခြင်းရှောင်ပါ။ ရေများများသောက်ပါ။
အစာစားချိန်ထက်မကျော်ပါစေနှင့်။ ကွန်ပျူတာမော်နီတာ ရှေ့မှာ
အလင်းပြန်မှုလျှော့ချနိုင်တဲ့ မှန်တစ်ချပ်တစ်ဆင်ပါ။
ဗမာလူများစုက လူလည်းများတော့ အမှားတွေလည်း ပိုများတယ်͋

ဒီဇင်ဘာလ
(၁) ရက်နေ့က သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့၌ မြန်မာမိသားစုများနှင့်
ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံစဉ် ပြောကြားသည့် မိန့်ခွန်း။
ဒီလှိုင်းဂျာနယ်
ဖေ့စ်ဘုတ်စာမျက်နှာကနေ ကူးယူ ဖော်ပြပါတယ်။ "မြန်မာ့နိုင်ငံရေးအတွက်
အထူးအရေး ပါသည့် မိန့်ခွန်း" လို့ ဒီလှိုင်းက ညွှန်းထားပါတယ်။
ပထမပိုင်း
နိုင်ငံတကာ ရွှေဈေး တစ်အောင်စလျှင် ဒေါ်လာ ၁၂၀၀ အထိ စံချိန်တင် ဆက်လက်ကျဆင်းပြီး ပြည်တွင်းရွှေဈေး ၁၁ လအတွင်း တစ်ကျပ်သား ကျပ် ၉၉၀၀၀ အထိ ပြုတ်ကျ
နိုင်ငံတကာ ဈေးကွက်အတွင်း၌ ရွှေဈေးနှုန်းမှာ တစ်အောင်စ ၁၂၀၀
အမေရိကန်ဒေါ်လာအထိ ဆက်လက် ကျဆင်း နေခဲ့ပြီး ပြည်တွင်းရွှေဈေးမှာလည်း ၁၁
လအတွင်း တစ်ကျပ်သားလျှင် ကျပ် ၉၉၀၀၀ အထိ ပြုတ် ကျနေပြီး ဈေးကွက်အတွင်း
အ၀ယ်အေးနေကြောင်း သိရသည်။
နိုင်ငံတကာ ရွှေဈေးမှာ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ အတွင်းက တစ်အောင်စလျှင်
အမေရိကန်ဒေါ်လာ ၁၆၅၆ အထိ ရှိခဲ့ရာမှ ယခုအခါ တစ်အောင်စလျှင် ၁၂၅၂
အမေရိကန်ဒေါ်လာ ၀န်းကျင်သာ ရှိတော့သည်အထိ စံချိန်တင် ကျဆင်းနေခြင်း ဖြစ်သည်။
နိုင်ငံရေး ဆွေးနွေးပွဲတွင် တိုင်းရင်းသားများ တောင်းဆိုမည့် အချက်များကို ကြိုတင်တွက်ထားပြီးဖြစ်ကာ အာဏာခွဲဝေရေး၌ တိုင်းရင်းသားများ ကိုယ့်ပြည်နယ် ကိုယ်အုပ်ချုပ်နိုင်ရန် အာဏာပြန်အပ်မည်ဟု ၀န်ကြီးဦးအောင်မင်းဆို
နိုင်ငံရေး ဆွေးနွေးပွဲတွင် တိုင်းရင်းသားများ တောင်းဆိုမည့်
အချက်များကို ကြိုတွက်ထားပြီးဖြစ်ကာ အာဏာ ခွဲဝေရေးတွင် တိုင်းရင်းသားများ
ကိုယ့်ပြည်နယ် ကိုယ်အုပ်ချုပ်နိုင်ရန် အာဏာပြန်အပ်မည်ဟု သမ္မတရုံး
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက နိုဝင်ဘာ ၃၀ ရက်က
ပြောကြားသည်။
အပြောတွေပဲ ဖြစ်နေသလား၊ သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်း ပြောကြားချက်များအား လေ့လာဆန်းစစ်ခြင်း
သမ္မတ ဦးသိန်းစိန်အား လူထုမိန့်ခွန်းနှင့် လူထုတွေ့ဆုံ ပွဲများ၌ တွေ့ရစဉ် (ဓာတ်ပုံ- သမ္မတရုံး ၀က်ဘ်ဆိုက်)
၂၀၁၁ ခုနှစ် မတ် ၃၀ ရက်က စတင်ပြီး သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရ
အဖွဲ့က မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး မဏ္ဍိုင်ကို စတင်တာဝန် ယူခဲ့သည်။
ထိုသို့ တာဝန်ယူခဲ့ပြီး နှစ်နှစ်ကျော်-သုံးနှစ် နီးပါးသို့
ရောက် ရှိလာချိန်အထိ သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံ၏
ပြုပြင်ပြောင်းလဲရေးနှင့် ဆက်စပ်ပြီး ပြည်သူလူထု (သို့မဟုတ်)
ပြည်သူလူထုနှင့် သက်ဆိုင်သော မိန့်ခွန်းအရေအတွက် (၆၇) ကြိမ်ထက်မနည်း
ပြော ကြား ခဲ့ပြီး ဖြစ်ပါသည်။
Sunday, December 1, 2013
ရခိုင်ပါတီဥက္ကဋ္ဌ လာဘ်စားသည်ဟု စွပ်စွဲချက် ဥပဒေနှင့်အညီ တုံ့ပြန်မည်ဟု RNDP ထုတ်ပြန်
ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် ရခိုင်တိုင်းရင်းသားများ
တိုးတက်ရေးပါတီ (RNDP) ဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်
ဒေါက်တာအေးမောင်သည် တရုတ်နိုင်ငံမှ လာဘ်ငွေ ရယူထား သည်ဟု စွပ်စွဲမှုကို ဥပဒေ
နှင့်အညီ တုံ့ပြန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း RNDP က နိုဝင်ဘာလ ၂၉ရက်
နေ့တွင် သဘောထား ထုတ်ပြန်လိုက်သည်။
ရဲတပ်ဖွဲ့ဝင် နှစ်ဦးအပါအဝင် လူတစ်စု ရိုက်နှက်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံး
လှိုင်သာယာမြို့နယ် ကျန်စစ်သားလမ်းနှင့် နဝဒေးပတ်လမ်းဆုံ အနီးတွင်
နိုဝင်ဘာလ ၂၉ ရက် ည ၈နာရီ ခန့်က လမ်းပေါ် ဆိုင်ကယ်ရပ်ခဲ့သော အမျိုးသား
သုံးဦးနှင့် ရဲတပ်သားနှစ်ဦး အပါအဝင် လူငါးဦး စကားများရာမှ ရဲတပ်ဖွဲ့ဟု
ပြောသူက လက်ထိတ်၊ သံတုတ်၊ လက်နက်ပုန်း တို့ဖြင့် ထိုးကြိတ် ရိုက်နှက်ခဲ့ရာ
အသက် ၂၇နှစ် အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ အချို့က ပြောကြားသည်။
တစ်မှတ်စီ ခွဲယူခဲ့ကြရတဲ့ ဝှိုက်ဟတ်လိန်းက ပွဲကောင်းတစ်ခု။ (စပါး ၂ -၂ မန်ယူနိုက်တက်)

ပရီးမီးယားလိဂ် ပွဲစဉ် ၁၃ ရဲ့ အစောဆုံး စူပါဆန်းဒေး ပွဲစဉ်အဖြစ် စပါးအသင်းနှင့် မန်ချက်စတာယူနိုက်တက် အသင်းတို့ဟာ စပါးအသင်းရဲ့ ဝှိုက်ဟတ်လိန်း ကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့ကြပါတယ်။ ဒီနှစ် ဘောလုံးရာသီမှာ လာဒ်ညံ့ဖျင်းနေတဲ့ အသင်း ၂ သင်း ယှဉ်ပြိုင်ကြတဲ့ ပွဲစဉ် ဖြစ်တဲ့အတွက် ဒီပွဲကို ကျားနာခဲ ခဲကြမယ့် တစ်ပွဲ ဖြစ်တဲ့အတွက် ပွဲကြမ်းတစ်ပွဲလည်း ဖြစ်လာနိုင်ပါတယ်။
Subscribe to:
Posts (Atom)
![မြန်မာနိုင်ငံရှိ ဆယ်ကျော်သက်အရွယ် လူငယ်များအကြား စစ်တမ်းအရ အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ပျံ့နှံ့မှုမှာ စိုးရိမ်ဖွယ် အနေအထားတွင်ရှိနေ
Tuesday, December 3, 2013
မြန်မာနိုင်ငံရှိ အသက် ၂၅ နှစ်အောက် ဆယ်ကျော်သက် လူငယ်များအကြား အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ပျံ့နှံ့မှု မြင့်တက်လျက်ရှိပြီး စိုးရိမ်ဖွယ် အနေအထားတွင် ရှိနေကြောင်း WHO၊ UNAIDS နှင့် UNICEF တို့ ပူးပေါင်း စစ်တမ်း ကောက်ယူထားပြီး သတင်းထုတ်ပြန်ချက် တစ်ရပ်ကို နိုဝင်ဘာ ၂၉ ရက်က ထုတ်ပြန်ခဲ့သည်။
ယင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံရှိ အိပ်ခ်ျအိုင်ဗွီရောဂါပိုး ကူးစက်ခံရသော အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ အခြေအနေမှာ ကောင်းမွန်နေသော်လည်း ဆယ်ကျော်သက် လူငယ်များမှာ အိပ်ခ်ျအိုင်ဗွီအေ့ဒ်(စ်) ရောဂါကူးစက်မှု အန္တရာယ် ဆိုးရွားစွာ ကြုံတွေ့နေရကြောင်း ဖော်ပြထားသည်။
လက်ရှိ ရန်ကုန်မြို့တွင် ကူးစက်မှုမြင့်မားသည့် အသက် ၂၅ နှစ်အောက် လူငယ်များအကြား အိပ်ခ်ျအိုင်ဗွီရောဂါ ဖြစ်ပွားနှုန်း မြင့်တက်နေပြီး မူးယစ်ဆေးထိုးမှုကြောင့် ကူးစက်မှု ၁၃ ဒသမ ၃ ရာခိုင်နှုန်း၊ လိင် လုပ်သားများ အတွင်း ကူးစက်မှု ၅ ဒသမ၉ ရာခိုင်နှုန်းနှင့် အမျိုးသား အချင်းချင်း လိင်တူဆက်ဆံမှုကြောင့် ကူးစက်မှု ၄ ဒသမ ၅ ရာခိုင်နှုန်း အသီးသီးရှိကြောင်း သိရသည်။
အသက် ၂၅ နှစ်အောက် အိပ်ခ်ျအိုင်ဗွီ ရောဂါဖြစ်ပွားမှု အန္တရာယ်များသည့် အသိုင်းအ၀ိုင်းအတွင်း ကွန်ဒုံးသုံးစွဲမှုမှာ မြင့်မားလာသော်လည်း လူဦးရေ အချိုးအစား အနည်းငယ်သာ အိပ်ခ်ျအိုင်ဗွီ ရောဂါပိုး စစ်ဆေးမှု ခံယူခဲ့ကြောင်း၊ မူးယစ်ဆေးဝါး သုံးစွဲသူ သုံးဦးလျှင် တစ်ဦးနှုန်း၊ လိင်လုပ်သား သုံးဦးတွင် နှစ်ဦးနှုန်း၊ အမျိုးသား အချင်းချင်း လိင်တူဆက်ဆံ သူများတွင် ထက်ဝက်နှုန်းခန့် ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
''မြန်မာအစိုးရဟာ အိပ်ခ်ျအိုင်ဗွီရောဂါပိုး စမ်းသပ်စစ်ဆေးမှု အတွက် ၀န်ဆောင်မှုတွေ တိုးမြှင့်ရမှာ ဖြစ်တယ်။ ရောဂါပိုး အဓိက ကူးစက်နေတဲ့ လူ့အဖွဲ့အစည်းတွင်းမှာ ဆယ်ကျော်သက် လူငယ်များကို အထူးဦးစားပေးထားတဲ့ ၀န်ဆောင်မှုတွေ လက်လှမ်းမီရရှိရာမှာ ဖြစ်ပေါ်နေတဲ့ အတားအဆီးတွေကို အစိုးရပိုင်းက လျှော့ချပေးရမှာပါ'' ဟု ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (မြန်မာ)မှ ဌာနေကိုယ်စားလှယ် မစ္စတာဘက်ထရန် ဗိန်းဘဲ(လ်)က ဆိုသည်။
ယင်းထုတ်ပြန်ချက်တွင် ကမ္ဘာတစ်ဝန်း အသက် ၁၀ နှစ်မှ ၁၉ နှစ်အရွယ် ဆယ်ကျော်သက် လူငယ်များအကြား အေ့ဒ်(စ်)ရောဂါ ဖြစ်ပွားမှုကြောင့် သေဆုံးမှုနှုန်းမှာ ၂၀၀၅ ခုနှစ်တွင် လူဦးရေ ၇၁၀၀၀ မှ ၂၀၁၂ ခုနှစ်တွင် ၁၁၀၀၀၀ အထိ (ရာခိုင်နှုန်းအားဖြင့် ၅၀ ရာခိုင်နှုန်း) မြင့်တက်ခဲ့ကြောင်းနှင့် ၂၀၁၂ ခုနှစ်တွင် အိပ်ခ်ျအိုင်ဗွီ ရောဂါပိုး ကူးစက်ခံရသည့် ဆယ်ကျော်သက် လူငယ် ၂ ဒသမ ၁ သန်းခန့် ရှိကြောင်း ခန့်မှန်းထားသည်။
@[114803668557265:274:Eleven Media Group]
World AIDS Day ၂၀၁၃ အထိမ်းအမှတ်အဖြစ် နိုဝင်ဘာ ၃၀ ရက်က စုပေါင်း လမ်းလျှောက်ပွဲမှ လူငယ်များအား တွေ့ရစဉ် (ဓာတ်ပုံ-ထွယ်ဆန်အောင်)](https://fbcdn-sphotos-g-a.akamaihd.net/hphotos-ak-prn2/s403x403/1471763_677117415662233_722304340_n.jpg)