ပုဂ္ဂလိ က သတင်းစာ များ အပေါ် အစိုးရက နှစ် ငါးဆယ်ကျော်ကြာ ပိတ် ပင်မှုကို
ရုပ်သိမ်း ပေးလိုက်သည့် အခါ မြန်မာ သတင်းစာ ဆရာ များအဖို့ ယခု နှစ်သည်
အထိမ်း အမှတ် နှစ်တစ်နှစ် ဖြစ်လာသည်။
Friday, December 6, 2013
မြန်နှုန်းမြင့် အင်တာနက်လိုင်း တည်ဆောက်မှု ပြီးစီးဟုဆို

ဂျပန်အကူအညီဖြင့် Sumitomo Corporation၊ NEC Corporation နှင့် NTT Communications Corporation တို့ ပူးတွဲ တည်ဆောက်နေသော မြန်နှုန်းမြင့် အင်တာနက်လိုင်း တည်ဆောက်မှု ပြီးစီးပြီ ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီများက ထုတ်ပြန် ကြေညာသည်။
ရေကျော်၌ ဧည့်သည်ကို ဓားဖြင့်ခုတ်သူအား ရပ်ကွက်သားများ ဝိုင်းပိတ်ဖမ်း
ပုဇွန်တောင်မြို့နယ်
အမှတ် (၉) ရပ်ကွက်၊ ရေကျော် သဇင်လမ်း၊ တိုက်အမှတ် (၉) ရှိ ငါးလွှာအခန်းတွင်
ဒီဇင်ဘာလ ၄ ရက် ည ၈ နာရီခွဲခန့်က အသက် ၃၅ နှစ်အရွယ် စိတ်ကျန်းမာရေး
ချို့တဲ့သူက ၎င်း၏အိမ်၌ လာရောက် တည်းခိုသူ အမျိုးသားကို အသားလှီးဓားဖြင့်
ဝင်ခုတ်ပြီး ထွက်ပြေးစဉ် ရပ်ကွက်နေသူများက လူသတ်မှု ဖြစ်ပွားရာ တိုက်၏
တံခါးကို ပိတ်ထားသောကြောင့် အဆိုပါဓားဖြင့် ခုတ်သူကို ဖမ်းမိခဲ့ကြောင်း
ပုဇွန်တောင်မြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။
လှိုင်သာယာတွင် ကျူးကျော်နေထိုင်သူ မိသားစုပေါင်း ၃၀,၀၀၀ ကျော်ကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် စည်ပင်တို့ တရားစွဲရန်ပြင်
လှိုင်သာယာမြို့နယ်တွင် ကောက်ယူထားပြီးစာရင်းရှိ ကျူးကျော်တဲအလုံးပေါင်း
သုံးသောင်းကျော်ကို ဥပဒေ အရ အရေးယူ ဆောင်ရွက်တော့မည်ဟု လှိုင်သာယာမြို့နယ်
အုပ်ချုပ်ရေးမှူး ဦးထိပ်စိုးက ဒီဇင်ဘာ ၅ ရက် တွင် မဇ္ဈိမကို ပြောသည်။
“တစ်ဆင့်ပြီးတစ်ဆင့် တရားစွဲသွားမယ်၊ လှိုင်သာယာမှာတော့ အသစ်ကို လုံးဝ အကျူးမခံတော့ဘူး။ မနေ့ ကကျူးတဲ့သူလဲ တိုင်ဆွဲနုတ်လိုက်ပြီ။ ညောင်ပင်ရွာ မြေနုကျွန်းက တဲခုနစ်လုံးကို သောကြာနေ့ စစ်ဆေး မယ်”ဟု ဦးထိပ်စိုးက ပြောသည်။
“တစ်ဆင့်ပြီးတစ်ဆင့် တရားစွဲသွားမယ်၊ လှိုင်သာယာမှာတော့ အသစ်ကို လုံးဝ အကျူးမခံတော့ဘူး။ မနေ့ ကကျူးတဲ့သူလဲ တိုင်ဆွဲနုတ်လိုက်ပြီ။ ညောင်ပင်ရွာ မြေနုကျွန်းက တဲခုနစ်လုံးကို သောကြာနေ့ စစ်ဆေး မယ်”ဟု ဦးထိပ်စိုးက ပြောသည်။
အရေးကြောင်း ကင်းစေသော နည်းလမ်းများ
၁။ ပက်လက်အိပ်ပါ
သင်အိပ်တဲ့ ပုံစံကလည်း မျက်နှာအရေးကြောင်း ဖြစ်ပေါ်မှုနဲ့ ဆက်စပ်နေပါတယ်။ အမေရိကန် အရေပြား အကယ်ဒမီက ဘေစောင်း အိပ်စက်ပါက သင့်ပါးပြင်မှာ အရေးကြောင်းတွေကို ဖြစ်ပေါ် စေနိုင်တာကြောင့် အိပ်စက်ချိန်မှာ အရေးကြောင်း မဖြစ်အောင် ပက်လက် အိပ်စက်ဖို့ အကြံပြုထားပါတယ်။
သင်အိပ်တဲ့ ပုံစံကလည်း မျက်နှာအရေးကြောင်း ဖြစ်ပေါ်မှုနဲ့ ဆက်စပ်နေပါတယ်။ အမေရိကန် အရေပြား အကယ်ဒမီက ဘေစောင်း အိပ်စက်ပါက သင့်ပါးပြင်မှာ အရေးကြောင်းတွေကို ဖြစ်ပေါ် စေနိုင်တာကြောင့် အိပ်စက်ချိန်မှာ အရေးကြောင်း မဖြစ်အောင် ပက်လက် အိပ်စက်ဖို့ အကြံပြုထားပါတယ်။
နိုင်ငံရေး မတည်ငြိမ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရ၍ ချင်းလူမျိုးဒုက္ခသည် တစ်သိန်းကျော် ပြည်ပနိုင်ငံများ၌ ရောက်ရှိနေဟုဆို
နိုင်ငံရေး မတည်ငြိမ်မှုများနှင့် လူ့အခွင့်အရေး
ချိုးဖောက်ခံရမှုများကြောင့် မြန်မာနိုင်ငံ အတွင်းမှ ချင်းလူမျိုးဒုက္ခသည်
တစ်သိန်းကျော် ပြည်ပနိုင်ငံများ၌ ရောက်ရှိနေကြောင်း ဒီဇင်ဘာ ၅ ရက်က
ကျင်းပခဲ့ သည့် ချင်းအမျိုးသား ညီလာခံ သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ Chin Human Right Organization (CHRO) မှ ဦးလျန်ဘွေဆန်းက ချင်းအမျိုးသား ညီလာခံမှ ထုတ်ပြန်ချက်များတွင် တစ်ခုအပါအ၀င်ဖြစ်သည့် ချင်းလူမျိုး ဒုက္ခသည်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ယခုကဲ့သို့ ပြေကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ Chin Human Right Organization (CHRO) မှ ဦးလျန်ဘွေဆန်းက ချင်းအမျိုးသား ညီလာခံမှ ထုတ်ပြန်ချက်များတွင် တစ်ခုအပါအ၀င်ဖြစ်သည့် ချင်းလူမျိုး ဒုက္ခသည်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ယခုကဲ့သို့ ပြေကြားခဲ့ခြင်း ဖြစ်သည်။
မန်ချက်စတာ ယူနိုက်တက် နှင့် အဲဗာတန်တို့ ပွဲအပြီး နည်းပြ နှစ်ဦးရဲ့ ပြောစကား
ယနေ့မနက် အစောပိုင်းက ကစားခဲ့သည့် ပရီးမီးယားလိဒ်ပွဲစဉ် (14)အပြီးတွင်
မန်ချက်စတာ ယူနိုက်တက် သည် အဲဗာတန် အသင်းကို အိမ်ကွင်း အရှုံးနှင့် အတူ
ဇယားထိပ်မှာ ဦးဆောင်နေသည့် အာဆင်နယ်နှင့် (12)မှတ် အကွာသို့ ရောက်ရှိ
သွားခဲ့ပြီဖြစ်သည်။အဲဗာတန်အား ရှုံးခဲ့သည့် ပွဲအပါအ၀င်လက်ရှိ ချန်ပီယံသည်
ပရီးမီးယားလိဒ် နောက်ဆုံး (3)ပွဲတွင် (2)မှတ်သာ ရခဲ့သည် သလို
ဝေဖန်မှု့များ ကိုလည် ဒေးဗစ်မိုယက်စ် ရင်ဆိုင်လာခဲ့ရပြီဖြစ်သည်။
လိုင်ဇာသို့ လမ်းလျှောက်ခဲ့သူ နှစ်ဦးကို လှိုင်မြို့နယ်တရားရုံးမှ ငွေဒဏ်ချမှတ်ခဲ့ပြီး လမ်းလျှောက်သူနှစ်ဦးက ထောင်ဒဏ်ကျခံ
ကချင်ပြည် နယ်ငြိမ်းချမ်းရေးအတွက် ရန်ကုန်မှ လိုင်ဇာသို့ ငြိမ်းချမ်းရေး
လမ်းလျှောက်သူများ အနက် နှစ်ဦး ကို ဒီဇင်ဘာ ၅ ရက် မွန်းလွဲပိုင်းတွင်
လှိုင်မြို့နယ် တရားရုံးမှ ပုဒ်မ-၁၈ ဖြင့် လှိုင်မြို့နယ် တရားရုံး အပါအ၀င်
ကျန်မြို့နယ် တရားရုံး ခုနစ်ရုံးတွင် ဒဏ်ငွေတစ်သောင်းစီ သီးခြားပေးဆောင်ရန်
ချမှတ်ခဲ့ပြီး ပျက်ကွက် ပါက ထောင်ဒဏ်တစ်လစီ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။
သံဃာတော်များ ဆန္ဒထုတ်ဖော်ခြင်း၊ စီတန်းလှည့်လည်ခြင်းမှာ ဥပဒေနှင့် မညီညွတ်သဖြင့် နိုင်ငံတော် သံဃနာယကသို့ တင်ပြရန်နှင့် ဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်ရန် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ဆုံးဖြတ်
ရဟန်းသံဃာတော်များ ဆန္ဒထုတ်ဖော်ခြင်း၊ စီတန်းလှည့်လည်ခြင်းများမှာ
ဥပဒေနှင့် မညီညွတ် သဖြင့် နိုင်ငံတော် သံဃနာယကသို့ တင်ပြရန်နှင့်
ဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်ရန် ရန်ကုန် တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ
အစည်းအဝေး ပြုလုပ်ကာ ဆုံးဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။
ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်းရှိ မန်ဖွရွာမှ ရွာသား ၂၀ ကျော်ကို KIA တပ်ရင်း ၁ က ခေါ်ဆောင်သွားခြင်းကို KIO ဗဟိုက မသိရှိသေးကြောင်း တုံ့ပြန်
ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်း ရှိ မန်ဖွကျေးရွာမှ ရွာသား ၂၀
ဦးကျော်ကို KIA တပ်ရင်း ၁ က ခေါ်ဆောင်သွားခြင်း ကို KIO ဗဟိုက
မသိရှိရသေးကြောင်း သိ ရှိရပါသည်။
" ကျွန်တော်တို့ရဲ့ ပေါ်လစီမှာ ပေါ်တာဆွဲတာ မရှိဘူး။ မန်စီ၊ မန်ဖွဆိုတော့
KIA တပ်ရင်း ၁ လှုပ်ရှားတဲ့ နယ်မြေပေါ့။ အဲဒီ နယ်မြေမှာ ရွာသားတွေကို
ခေါ်ဆောင်သွားတယ်ဆိုတဲ့ သတင်း ကျွန်တော်တို့ဆီရောက် တာ မရှိသေးဘူး " ဟု KIO
ဗဟိုမှ တာဝန် ရှိသူတစ်ဦးက ဒီဇင်ဘာ ၅ ရက်တွင် The Daily Eleven သို့
ပြောကြားခဲ့သည်။
Thursday, December 5, 2013
မွေးသာမွေး၍ မကျွေးနိုင်ရှာသူ မိခင် လေးမြွှာပူး ရင်းသွေးလေးများအတွက် နို့မှုန့် အလှူခံ
ကျွန်မတို့လင်မယား မစားရင်နေပါစေ ကလေးတွေအတွက် နို့မှုန့်ဘူးလေး
လှူပေးကြဖို့ မေတ္တာ ရပ်ခံပါတယ်'' အထက်ပါစကားကို ညှိုးငယ်သောမျက်လုံး
တုန်ယင်သော အသံနဲ့ ပြောလာသူကတော့ မွန်ပြည် နယ် ပေါင်မြို့နယ်
ဝတ်ကြီးကျေးရွာ မှ မသီတာဖြစ်သည်။ သူမသည် လွန်ခဲ့သော ခုနစ်လ ခန့်က
ထူးထူးခြားခြား လေးမြွှာပူးကို မွေးဖွားခဲ့သော (တိုးတိုး၊ နှင်းနှင်း၊ ထွန်း
ထွန်းနဲ့ နွေးနွေး) လေးမြွှာပူးမောင်နှမ တို့၏ မွေးသမိခင်ဖြစ်သည်။ မသီတာ
သည် ၂၀၀၀ ပြည့်နှစ်တွင် တစ်ရွာ တည်းနေသူ ကိုမြင့်ထွေးနှင့်အိမ်ထောင်
ကျခဲ့ပြီး နောက်တစ်နှစ်တွင် သားဦး အမြွှာညီအစ်ကိုနှစ်ဦးကို မွေးဖွားခဲ့ သည်။
အသတ်ခံရသူ အမျိုးသမီးက အိပ်မက်ပေး အလောင်းနေရာ ပြခဲ့သည့် လူသတ်မှု အမျိုးသားသုံးဦးကို ဖမ်းဆီးစစ်ဆေး
လှည်းကူးမြို့နယ် ငါးဆူတောင် ကျေးရွာအုပ်စုတွင် သေဆုံးသူ အမျိုးသမီးက
အိပ်မက်ပေးကာ ရှာဖွေခိုင်းသော ၎င်း၏ ရုပ်အလောင်းနှင့် ပတ်သက်၍
ရဲတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးခဲ့ရာ အဆိုပါ အမျိုးသမီး ပျောက်ဆုံးသည့်
ရက်မှစ၍ ရက်ပေါင်း ၄၀ ကျော်အကြာ ဒီဇင်ဘာလ ၃ ရက်နေ့တွင် အဓမ္မကျင့် လူသတ်ကာ
အလောင်းဖျောက်သည်ဟု ယူဆရသူ အမျိုးသား သုံးဦးကို ဖမ်းဆီး စစ်ဆေးလျက်
ရှိကြောင်း ငါးဆူတောင် နယ်မြေ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
သတိရှိပါမတော်တဆမှုတွင် ပရုတ်ဆီလိမ်းရုံဖြင့် သင့်အသက် ပြန်မရပါ
အင်းစိန်မြို့နယ်ရှိ ရပ်ကွက်တစ်ခု၏
လမ်းထဲတွင် ရုတ်တရက် လူများစုပြုံ ရောက်လာသည်။ ”ဟာ .. ဖြစ်မှဖြစ်ရလေ”၊
”ဘယ် လိုဖြစ်တာလဲ”၊ ”မြန်မြန်ဆွဲထုတ်မှ ဖြစ် မယ်”၊
”ငယ်ငယ်လေးပဲ ရှိသေးတယ်” ဆို သော အာမေဋိတ်နှင့် မေးခွန်းတွေက လူ အယောက် ၂ဝ
ခန့် ရှိသော နေရာမှပေါ် ထွက်လာခြင်းဖြစ် သည်။ သူလည်း ဈေးရောင်းလက်စကိုထား
ခဲ့ကာ ထိုနေရာသို့ ပြေးသွားခဲ့သည်ဟု အသီးအနှံရောင်း ချသည့် ဒေါ်သန်းသန်း က
ပြန်ပြောင်းပြောကြားသည်။ ဘာဖြစ် တာလဲလို့ သူမေးကြည့်တော့ ကလေးတစ် ယောက်ကို
ကားဘီးနဲ့ကြိတ်မိသွားလို့ဆို သည့် အသံကလူအုပ်ထဲက ပြောခြင်းဖြစ် သည်။
ပွင့်လင်းရာသီ အိမ်၊ ခြံ၊ မြေ ဈေးကွက် ၇၀ ရာခိုင်နှုန်းခန့် အရောင်းကျ
စံနှုန်းသတ်မှတ်အပြီး
အောက်တိုဘာလမှ စ၍ သုံးလဆက်တိုက် အရောင်းအဝယ် အေးစက်သွားသော အိမ်၊ ခြံ၊
မြေဈေးကွက်မှာ ယခုနှစ် ပွင့်လင်းရာသီ ရောက်သော်လည်း ယခင်နှစ်ကထက် ၇၀
ရာခိုင်နှုန်းခန့် အရောင်းအဝယ် ကျဆင်းနေဆဲ ဖြစ်ကြောင်း အိမ်၊ ခြံ၊ မြေ
ဈေးကွက် အတွင်းမှ သိရသည်။
ဒီဇင်ဘာလ အတွက် (၇) ရက်သားသမီး ဟောစာတမ်း
တနင်္ဂနွေသား သမီး ။ ။ မိတ်ဆွေကောင်း များနှင့် တွေ့ မည် ။ စပ်တူ
လုပ်ငန်းများ အထူးအောင် မြင်မည် ။ ပညာရေး ပညာပေး အတတ်ပညာ နှင့်ပတ်သက်သော
လုပ်ငန်းများ အကျိုးပေးမည် ။ လူငယ်များ ပညာရေးနှင့် ပတ်သက်ပြီး
စိတ်ချမ်းသာမှုရမည် ။ အမွေရသကဲ့သို့  မမျှော်လင့်ပဲ ငွေဝင်မည် ။
ငယ်ရွယ်သူများ အောင်သွယ်ကောင်း မှုကြောင့် ချစ်သူရလိမ့်မည် ၀မ်းဗိုက်နှင့်
ပတ်သက်သောရောဂါများ ခံစားရတတ်သည် ။
အနုပညာရှင်များ မူးယစ်ဆေးသုံးစွဲမှု စွပ်စွဲဖော်ပြခဲ့သည့် ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင် မိုးဇေငြိမ်းကို ဖော်ထုတ်မည်
နာမည်ကျော်
အနုပညာရှင်များဖြစ်သော စိုးမြတ်သူဇာ၊ န၀ရတ်တို့၏ မူးယစ်ဆေးဝါးနှင့်
ဆက်နွှယ်ခဲ့ သည်ဟုဆိုသော ရဲစစ်ချက်မှတ်တမ်းများဟု ယူဆရသော အချက်အလက်များကို
လူမှုကွန်ရက် စာမျက် နှာ ဖေ့စ်ဘွတ်တွင် ဖော်ထုတ်ခဲ့သော Moe Zay Nyein
(မိုးဇေငြိမ်း) အကောင့်ပိုင်ရှင်ကို စုံစမ်း စစ်ဆေး ဖော်ထုတ်သွားမည်ဟု
ရန်ကုန်အနောက်ပိုင်းခရိုင် မူးယစ်အထူးအဖွဲ့မှ ဒု-ရဲမှူး ခင်မောင်သိန်းက
ဒီဇင် ဘာ ၄ ရက်တွင် မဇ္ဈိမကို ပြောသည်။
လက်ရှိအချိန်တွင် နိုင်ငံရေးနှင့်ဆက်နွှယ်ပြီး တရားရင်ဆိုင်နေရသူ ၂၅၀ ရှိ

ကမ္ဘာ့ထိပ်တန်း တွေးခေါ်သူများစာရင်းတွင် မြန်မာနိုင်ငံသား ထပ်မံရွေးချယ်ခံရ
အမေရိကန်အခြေစိုက် Foreign Policy မဂ္ဂဇင်းပါ ၂၀၁၃ခုနှစ်
ကမ္ဘာ့ထိပ်တန်းတွေးခေါ်သူများ စာရင်းတွင် ရန်ကုန်မြို့ပြအမွေအနှစ်
ထိန်းသိမ်းရေးဥက္ကဋ္ဌ ဒေါက်တာသန့်မြင့်ဦး ရွေးချယ်ခြင်း ခံခဲ့ရကြောင်း
ယင်း အဖွဲ့၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ဒေါက်တာသန့်မြင့်ဦးသည် ရန်ကုန်မြို့ပြစီမံကိန်းရေးဆွဲခြင်းနှင့် မြို့ပြအမွေအနှစ်များထိန်းသိမ်းစောင့်ေ ရှာက်ခြင်းနှင့်ပတ်သက်ပြီး အများပြည်သူ အာရုံစိုက်မှုရရန် ကြိုးပမ်းခဲ့မှုကြောင့် ယင်းသို့ရွေးချယ်ခံ ခဲ့ရခြင်းဖြစ် သည်။
ဒေါက်တာသန့်မြင့်ဦးသည် ရန်ကုန်မြို့ပြစီမံကိန်းရေးဆွဲခြင်းနှင့် မြို့ပြအမွေအနှစ်များထိန်းသိမ်းစောင့်ေ ရှာက်ခြင်းနှင့်ပတ်သက်ပြီး အများပြည်သူ အာရုံစိုက်မှုရရန် ကြိုးပမ်းခဲ့မှုကြောင့် ယင်းသို့ရွေးချယ်ခံ ခဲ့ရခြင်းဖြစ် သည်။
ကျားမ မရွေးဖြစ်ပွားတတ်သောခါးနာရောဂါ

ခါးနာရောဂါသည် ကျားမ မရွေးဖြစ်ပွား တတ်ပြီး ခါးနာခြင်းကြောင့် တခြားသောအရိုး ရောဂါများ ဆက်စပ်ဖြစ်ပွားတတ်သဖြင့်ခါးနာခြင်း ရောဂါမဖြစ်စေရန်အတွက် ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်နိုင် ရန် ဒေါက်တာအောင်ခင်ဆင့်က ယခုလိုပြောပြခဲ့သည်။
ဒီဇင်ဘာ ၄ ရက်ညက ပုဇွန်တောင်မြို့နယ် ရေကျော်၊ သဇင်လမ်းတွင် လူသတ်မှုဖြစ်ပွား
ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်၊ ရေကျော် သဇင်လမ်း၊ တိုက်အမှတ် ၉၊ ၅လွှာ
(B)တွင် ဒီဇင်ဘာ ၄ ရက် ည ၈နာရီဝန်းကျင်က လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း
သတင်းရရှိသည်။
"အဲဒီတိုက်ခန်းပေါ်မှာ ၀ုန်းဝုန်းဒိုင်းဒိုင်းသံကြားတော့ ရန်ဖြစ်နေကြပြီဆိုပြီး ဘေးခန်းက လှမ်းအော်ပါတယ်။ လူသတ်တယ်လို့လည်း ကြားလိုက်ရတော့ ပတ်ဝန်းကျင်က အတက်အဆင်းလုပ်တဲ့ လှေကားတံခါးကို ပိတ်လိုက်ပါတယ်။ ရဲတွေရောက်လာကြပြီး တက်ကြည့်တဲ့အခါမှာ လူသုံးယောက်ရှိတယ်၊ လူတစ်ဦး က သေနေပြီး နောက်တစ်ဦးက ဒဏ်ရာရသွားပါတယ်။ နောက်တစ်ယောက်ကတော့ သတ်တဲ့ လူပါ။ သေတဲ့ လူက အိပ်နေချိန် စတီးဓားနဲ့ လည်ပင်းကို အလှီးခံရတယ်လို့ ပြောပါတယ်"ဟု လူသတ်မှု ဖြစ် ပွားသည့်လမ်းတွင် နေထိုင်သူတစ်ဦးက ဆိုသည်။
"အဲဒီတိုက်ခန်းပေါ်မှာ ၀ုန်းဝုန်းဒိုင်းဒိုင်းသံကြားတော့ ရန်ဖြစ်နေကြပြီဆိုပြီး ဘေးခန်းက လှမ်းအော်ပါတယ်။ လူသတ်တယ်လို့လည်း ကြားလိုက်ရတော့ ပတ်ဝန်းကျင်က အတက်အဆင်းလုပ်တဲ့ လှေကားတံခါးကို ပိတ်လိုက်ပါတယ်။ ရဲတွေရောက်လာကြပြီး တက်ကြည့်တဲ့အခါမှာ လူသုံးယောက်ရှိတယ်၊ လူတစ်ဦး က သေနေပြီး နောက်တစ်ဦးက ဒဏ်ရာရသွားပါတယ်။ နောက်တစ်ယောက်ကတော့ သတ်တဲ့ လူပါ။ သေတဲ့ လူက အိပ်နေချိန် စတီးဓားနဲ့ လည်ပင်းကို အလှီးခံရတယ်လို့ ပြောပါတယ်"ဟု လူသတ်မှု ဖြစ် ပွားသည့်လမ်းတွင် နေထိုင်သူတစ်ဦးက ဆိုသည်။
ဧရာဝဏ်နှင့် ရတနာ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကြောင့် ရွှေ့ပြောင်းပေးရမည့်သူများ ဆီးဂိမ်းစ်ကာလ ဒီဇင်ဘာ ၇ ရက်တွင် မဟာဗန္ဓုလ ပန်းခြံနံဘေး၌ ငါးကြိမ်မြောက် ဆန္ဒပြမည်
အောက်တိုဘာ ၂၆ ရက်က လေးကြိမ်မြောက် ဆန္ဒပြနေကြသော ၆၇ ရပ်ကွက် နေထိုင်သူများကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ဧရာဝဏ်နှင့် ရတနာ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကြောင့်
ရွှေ့ပြောင်းပေးရမည့်သူများ ဒီဇင်ဘာ ၇ ရက်၌ မဟာဗန္ဓုလ ပန်းခြံနံဘေးတွင်
လူအင်အားတစ်ရာခန့်ဖြင့် ငါးကြိမ်မြောက် ဆန္ဒပြမည်ဖြစ်ကြောင်း သိရသည်။
Subscribe to:
Posts (Atom)


![တိုင်ကြားချက်အရ သာကေတစက်မှုဇုန်ရှိ ဂိုဒေါင်တစ်ခုအား ၀င်ရောက်စစ်ဆေးရာ ၀ိုင်ပုလင်းဖာပေါင်း ထောင်ဂဏန်းမျှ တွေ့ရှိ၍ တရားဝင် ဟုတ်-မဟုတ် စစ်ဆေးနေ
Thursday, December 5, 2013
တိုင်ကြားချက်အရ သာကေတစက်မှုဇုန်ရှိ Premium Food Service ကုမ္ပဏီပိုင် ဂိုဒေါင်အား ၀င်ရောက်စစ်ဆေးရာ ၀ိုင်ပုလင်းဖာပေါင်း ထောင်ဂဏန်းတွေ့ရှိထားကာ တရားဝင်ဟုတ်- မဟုတ်ကို စစ်ဆေးနေကြောင်း တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့ Mobile Team မှ သိရသည်။
တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီသို့ ၂၀၁၃ အောက်တိုဘာ ၂၈ ရက်ပါ ရက်စွဲဖြင့် သာကေတမြို့နယ်၊ မြမာလာလမ်းရှိ ဂိုဒေါင်ခြံတစ်ခု၌ တရားမ၀င် ကုန်ပစ္စည်းများ သိုလှောင်၊ ဖြန့်ဖြူး၊ ရောင်းချနေကြောင်း သတင်းပေးပို့ တိုင်ကြားလာသည့်အတွက် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ခဲ့ပြီး ဒီဇင်ဘာ ၃ ရက်တွင် တိုင်ကြားချက်မှာ ပေါ်လွင်သဖြင့် ဒီဇင်ဘာ ၄ ရက်တွင် ၀င်ရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။
စစ်ဆေးမှုအတွင်း ၀ိုင်ပုလင်းများမှာ အမျိုးပေါင်း ၆၀ ခန့်ရှိပြီး ၀ိုင်ပုလင်းဖာများကို အလုံပိတ်အခန်းများ၊ ကွန်တိန်နာဘောက်များနှင့် ဂိုဒေါင်များကို အခန်းဖောက်ကာ ထည့်သွင်းထားပြီး ခန့်မှန်းပေ ၂၀၀ ပတ် လည်ခန့် အပြည့်ရှိကြောင်းနှင့် နိုင်ငံခြားမှ တင်သွင်းထားသော ကြက်ဆင်သားအပါအ၀င် ဟိုတယ်သုံး အေးခဲအသားများကို စစ်ဆေးတွေ့ရှိထားကြောင်း သိရသည်။
ယခုဖြစ်စဉ်အတွင်း တွေ့ရှိထားသော ၀ိုင်းပုလင်းအရေအတွက်နှင့် အေးခဲအသားများမှာ Mobile Team မှဝင်ရောက် ရှာဖွေစစ်ဆေးသည့် ကာလတစ်လျှောက်တွင် အများဆုံးအဖြစ် သတ်မှတ်နိုင်ပြီး ၀ိုင်ပုလင်းများမှာ တန်ဖိုးကြီး အမှတ်တံဆိပ်များဖြစ်ကာ အမေရိကန်၊ ပြင်သစ်၊ အီတလီ၊ သြစတြေးလျ၊ တောင်အာဖရိကနိုင်ငံထုတ်များ ဖြစ်ကြောင်းသိရသည်။
လက်ရှိတွေ့ရှိထားသော ၀ိုင်ပုလင်း အရေအတွက်မှာ များပြားသောကြောင့် တရားဝင်- မ၀င်ကို ဆုံးဖြတ်စစ်ဆေးရန်အချိန် နှစ်ပတ်ခန့် ကြာမြင့်နိုင်ကြောင်း၊ ၀င်ရောက်စစ်ဆေးခံရသည့် ဂိုဒေါင်မှာ Premium Food Service ကုမ္ပဏီ ပိုင်ဆိုင်ခြင်းမဟုတ်ဘဲ ဦးစိန်ဝင်းဆိုသူထံမှ ယခုနှစ်အောက်တိုဘာ နောက်ဆုံးပတ်အတွင်းမှ ငှားရမ်းထားခြင်းဖြစ်ကြောင်း Mobile Team မှ သိရသည်။ အစစ်ဆေးခံရသည့် ဂိုဒေါင်ကို ဦးစီးဆောင်ရွက်နေသည့် ဒေါ်ဝင်းဝင်းတင့်က" ကျွန်မတို့က အထောက်အထား အပြည့်အစုံနဲ့ ရှင်းပြမှာ ဖြစ်တယ်"ဟု ပြောကြားသည်။
Mobile Team အဖွဲ့မှ လက်ရှိစစ်ဆေးနေသော ဂိုဒေါင်မှာ သုံးလအတွင်း ငါးခုမြောက် တိုင်ကြားချက်အရ စစ်ဆေးနေခြင်းဖြစ်ပြီး ယင်းမတိုင်မီ စစ်ဆေးခံခဲ့ရသော စက်ရုံများမှာ ပို့ကုန်-သွင်းကုန် ဥပဒေပုဒ်မများဖြင့် တရားစွဲဆိုထားခြင်း ခံထားရကြောင်း သိရသည်။
@[114803668557265:274:Eleven Media Group]
တိုင်ကြားချက်အရ ၀င်ရောက်စစ်ဆေးနေသော Mobile Team မှ တာဝန်ရှိသူတစ်ဦးကို ဒီဇင်ဘာ ၄ ရက်က တွေ့ရစဉ်](https://fbcdn-sphotos-h-a.akamaihd.net/hphotos-ak-prn2/s403x403/1470020_678163635557611_1406189542_n.jpg)