ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ပြည်ထောင်စု
လမ်းမကြီးပေါ်တွင် ဒီဇင်ဘာလ ၁၁ ရက် နံနက် ၆နာရီခန့်က မောင်းလာသော
ကွန်တိန်နာနှင့် ကုန်တင်ယာဉ် ရှစ်စီးသည် ဗို့အား ၁၁၀၀၀ ရှိ ပင်မလျှပ်စစ်
ဓာတ်ကြိုးများကို ဝင်တိုက်ပြီး ဝါယာရှော့ခ်ဖြစ်ကာ ထရမ်စဖော်မာ၊
ဓာတ်အားထိန်းစနစ်တို့ ပျက်စီး ဆုံးရှုံးမှုကြောင့် ကွန်တိန်နာ ယာဉ်မောင်း
ရှစ်ဦးကို ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် အမှုဖွင့်ထားကြောင်း အဆိုပါ မြို့နယ် လျှပ်စစ် ဓာတ်အားပေး အဖွဲ့ထံမှ သိရှိရသည်။
Monday, December 16, 2013
မြန်မာ-အင်ဒိုနီးရှားပွဲစဉ် ဂိုးပြတ် မပြတ်သာ စောင့်ကြည့်ရမည်
အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် ၁၆ ရက်နေ့ ညနေ ၆း၄၅ နာရီတွင် ပရိသတ်
သုံးသောင်းကျော်ဆံ့ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကြမည့် အမျိုးသား
ဘောလုံးပြိုင်ပွဲ အုပ်စု (ခ) ၏ မြန်မာအသင်းနှင့် အင်ဒိုနီးရှားတို့၏
ပွဲစဉ်၌ မြန်မာအသင်း အနိုင်သေချာပြီး ဂိုးပြတ်မပြတ်သာ စောင့်ကြည့်ရမည်
ဖြစ်ကြောင်း ဝါရင့် အားကစား ကလောင်ရှင် ဦးခင်မောင်ထွေး (ပျဉ်းမနား) က သုံးသပ်ပြော ကြားသည်။
မြန်မာအသင်း၏ လက်ရှိ ခြေစွမ်းမှာ ဒေသတွင်း နိုင်ငံများ၊ တောင်ကို ရီးယားနှင့် ဂျပန် တို့တွင် ကစားခဲ့သည့် ခြေစွမ်းထက် တိုးတက်ကောင်းမွန် လာမှုကြောင့် ယင်းသို့ ပြောနိုင်ခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။
မြန်မာအသင်း၏ လက်ရှိ ခြေစွမ်းမှာ ဒေသတွင်း နိုင်ငံများ၊ တောင်ကို ရီးယားနှင့် ဂျပန် တို့တွင် ကစားခဲ့သည့် ခြေစွမ်းထက် တိုးတက်ကောင်းမွန် လာမှုကြောင့် ယင်းသို့ ပြောနိုင်ခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။
ထိုင်း-မြန်မာ ဘောလုံးပွဲ လက်မှတ်မှောင်ခိုဈေး ကမ္ဘာကျော် အဆိုတော် ရှိုးပွဲလက်မှတ်ခထက်ပင် မြင့်မား
မြန်မာ အမျိုးသားဘောလုံးအသင်းအတွက် ဆီမီးအဆင့် တက်ရောက်နိုင်ရေးအရေးပါသည့်
ပွဲစဉ် တစ်ပွဲ ဖြစ်သော ထိုင်းအသင်းနှင့်ပွဲစဉ်ကို ဒီဇင်ဘာ ၁၄ ရက်က
ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်း၌ ယှဉ်ပြိုင် ကစားရာ ရိုးရိုးတန်း၊
အထူးတန်း ပွဲကြည့်စင် လက်မှတ်များသာမက VIP တန်းလက်မှတ်များပါမကြုံ
ဖူးသည့်ဈေးနှုန်းများဖြင့် မှောင်ခိုလက်မှတ်များထွက်ပေါ်ခဲ့ သည်။
မှောင်ခိုဈေးနှုန်းများမှာ ရိုးရိုးတန်း ၂၅,၀၀၀ကျပ်၊ အထူးတန်း ၃၅,၀၀၀
ကျပ်၊ VIPတန်း ၇၅၀၀၀ ကျပ်အထိပေါက်ဈေးရှိကြောင်း ထိုင်း-မြန်မာပွဲ ကို
လာရောက်ကြည့်ရှုသည့် သာကေတမြို့နယ်မှ မြန်မာဘောလုံးပရိသတ် ကိုကျော်ကျော်က
ပြောသည်။ “အခုပဲမှောင်ခိုရောင်းနေတာတွေ့ခဲ့တယ်။
လက်မှတ်လိုလား၊ ရိုးရိုးတန်းလား၊အထူးတန်း လား၊ VIP တန်းလားဆိုပြီး
လိုက်မေးနေတယ်။ ဈေးတွေက ၂၅,၀၀၀၊ ၃၅,၀၀၀၊ ၇၅,၀၀၀တဲ့။ ကျွန်တော်ကတော့
မနက် မိုးမလင်းခင်ကတည်းက တန်းစီပြီး ၀ယ်ထားတဲ့လက်မှတ်နဲ့ ၀င်ကြည့်မှာပါ” ဟု
ကိုကျော်ကျော် က ပြောသည်။
ပေ ၃၀၀ ထက် ကျော်လွန် ပါက လျှပ်စစ်ကြိုးသွယ်တန်း ပေးမည် မဟုတ်ဟုဆို
မိမိနေအိမ်သို့ လျှပ်စစ်မီးသွယ် တန်းရန် လျှောက်ထားလာပါက ပေ ၃၀၀အထက်
ကျော်လွန်သောအိမ်များ ကို လျှပ်စစ်မီးသွယ်တန်းပေးမည် မဟုတ်ကြောင်း၊
ဒလမြို့နယ် လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
စားဆီများကို ပီပါအဟောင်းများနှင့် မထည့်ရန် စီးပွား/ကူးသန်း ပြည်ထောင်စုဝန်ကြီး တိုက်တွန်း
စားအုန်းဆီများကို
ကြုံရာပီပါခွံများဖြင့်ထည့်သွင်းနေခြင်းသည် စားသုံးသူများအတွက်
အန္တရာယ်ရှိနိုင် သဖြင့် ပြည်ပမှပီပါများ တင်သွင်းအသုံးပြုရန်
ဆီကုန်သည်များအား စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ် ရေး ၀န်ကြီး ဌာန
ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က တိုက်တွန်း ပြောကြားလိုက်သည်။
ခန္တီးတွင် ငြိမ်းချမ်းရေးယူ နာဂလက်နက်ကိုင်တပ်ဖွဲ့ ဆက်ကြေးထပ်တောင်း
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် ကျားကိုက် ကျေးရွာတွင်
ငြိမ်းချမ်းရေး ရယူထားသည့် နာဂ လက်နက်ကိုင် တပ်ဖွဲ့က ဒီဇင်ဘာလ ၁၂ ရက်နေ့
နံနက်ပိုင်းက ဆက်ကြေး တောင်းခံမှုတစ်ခု ထပ်မံဖြစ်ပွား ခဲ့ကြောင်း
ယင်းကျေးရွာ ဒေသခံများထံမှ သိရသည်။
နာဂ လက်နက်ကိုင်တပ်ဖွဲ့ (NSCNK) သည် မြို့နယ်အဆင့်ရှိ အရာရှိနှစ်ဦး ရောက်လာပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့က ငွေကျပ် သိန်းသုံးဆယ် လာရောက် တောင်းခံခဲ့ကြောင်း ကျားကိုက်ကျေးရွာ အုပ်ချုပ် ရေးမှူး ဦးတင်ညိုက ဆိုသည်။
နာဂ လက်နက်ကိုင်တပ်ဖွဲ့ (NSCNK) သည် မြို့နယ်အဆင့်ရှိ အရာရှိနှစ်ဦး ရောက်လာပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့က ငွေကျပ် သိန်းသုံးဆယ် လာရောက် တောင်းခံခဲ့ကြောင်း ကျားကိုက်ကျေးရွာ အုပ်ချုပ် ရေးမှူး ဦးတင်ညိုက ဆိုသည်။
မြန်မာ့ဖွံ့ဖြိုးရေး ဆက်လက် ထောက်ပံ့သွားမည်ဟု ဂျပန်ဝန်ကြီးချုပ်ပြော
မြန်မာနိုင်ငံ၏ဖွံ့ဖြိုးရေးနှင့် အခြေခံအဆောက်အအုံများ
စတင်တည်ဆောက်ခြင်းဆိုင်ရာ လုပ်ငန်းများကို ဆက်လက် ထောက်ပံ့သွားမည်ဟု
တိုကျိုမြို့တွင် ဒီဇင်ဘာ ၁၅ ရက်၌ သမ္မတ ဦးသိန်းစိန်နှင့် တွေ့ ဆုံပြီး နောက်
ဝန်ကြီးချုပ်ရှင်ဇိုအာဘေးက ပြောကြားလိုက်သည်။
“မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေနဲ့ အခြေခံအဆောက်အအုံတွေ စတင်တည်ဆောက်ရေး တို့ အတွက် ပုဂ္ဂလိကနဲ့ ပြည်သူပိုင်ကဏ္ဍ နှစ်ရပ်စလုံးကို ကျွန်တော်တို့က ဆက်လက် ထောက်ပံ့သွားမှာ ပါ”ဟု မစ္စတာအာဘေးက ပြောသည်။
“မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေနဲ့ အခြေခံအဆောက်အအုံတွေ စတင်တည်ဆောက်ရေး တို့ အတွက် ပုဂ္ဂလိကနဲ့ ပြည်သူပိုင်ကဏ္ဍ နှစ်ရပ်စလုံးကို ကျွန်တော်တို့က ဆက်လက် ထောက်ပံ့သွားမှာ ပါ”ဟု မစ္စတာအာဘေးက ပြောသည်။
အစိုးရနှင့် တိုင်းရင်းသားတို့၏ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ်မူကြမ်း ၅၀ ရာခိုင်နှုန်းခန့် တူညီမှုရှိဟုဆို
တိုင်းရင်းသားများဘက်မှ
ပထမအဆင့် ရေးဆွဲပြီးသည့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်
စဲရေးဆိုင်ရာ မူကြမ်းကို ဦးအောင်မင်းခေါင်းဆောင်သည့်
အစိုးရကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေး ရာတွင် နှစ်ဘက်သဘောတူညီမှု ၅၀
ရာခိုင်နှုန်းခန့်ရှိသည်ဟု တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်း
ရေး အဖွဲ့ (NCCT)၏ ဒုတိယခေါင်းဆောင် စောကွယ်ထူးက ဒီဇင်ဘာ ၁၅ ရက်တွင်
မဇ္ဈိမ ကို ပြော သည်။
မကြာခဏ နုံးချည့်ညောင်းညာ တတ်သူတို့ စွမ်းအင် တိုးစေမည့် နည်းများ
မကြာခဏ နုံးချည့် ညောင်းညာပြီး ပင်ပန်း သလိုလို စွမ်းအင် မရှိသလိုလို ဖြစ်နေ ပါသလား။
ရိုးစင်းတဲ့ ဘဝ နေထိုင်မှု ပုံစံကို ပြောင်းလဲ ပေးလိုက်ရုံနဲ့ သင့်ဘဝမှာ စွမ်းအင်တွေ ပြန်ရှိ လာပါ လိမ့်မယ်။
(၁) ရေများများသောက်ပေးပါ
ရေဓာတ် ခန်းခြောက်မှု ဖြစ်ရင် ခန္ဓာကိုယ်ရဲ့ လုပ်ငန်း ဆောင်တာတွေကို ထိထိ
ရောက်ရောက် လုပ်ဆောင်စွမ်း ကျစေတာကြောင့် နုံးချည့် ပင်ပန်း နေတတ်ပါတယ်။
ဒါကြောင့် မကြာ ခဏ ရေသောက် ပေးရပါမယ်။
ဖွဲ့စည်းပုံပြင်ပြီး ပြန်လည် သင့်မြတ်ရေးရဖို့ ဒေါ်စု မျှော်မှန်း
မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်တာဟာ တိုင်းပြည်ကို
မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင် တာမဟုတ်ဘဲ အမျိုးသားပြန်လည် သင့်မြတ်ရေးကို
ဦးတည်တာဖြစ်တာဖြစ်တယ်လို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ
ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်က ပြောဆို လိုက်ပါ တယ်။
ဒီကနေ့ ပဲခူးတိုင်း သာယာဝတီခရိုင်မှာ ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး
လူထု သဘောထားကောက်ခံမှု အတွင်း ဒေါ်အောင်ဆန်းစုကြည်က အဲ့ဒီလို ပြောဆိုခဲ့တာပါ။
အသေးစိတ်ကိုတော့ မနန္ဒာချမ်းက တင်ပြပေး ထားပါတယ်။
မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်တာဟာ တိုင်းပြည်ကို မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင် တာမဟုတ်ဘဲ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဦးတည်တာဖြစ်တာဖြစ်တယ်လို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်က ပြောဆို လိုက်ပါ တယ်။ ဒီကနေ့ ပဲခူးတိုင်း သာယာဝတီခရိုင်မှာ ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး လူထု သဘောထားကောက်ခံမှု အတွင်း ဒေါ်အောင်ဆန်းစုကြည်က အဲ့ဒီလို ပြောဆိုခဲ့တာပါ။ အသေးစိတ်ကိုတော့ မနန္ဒာချမ်းက တင်ပြပေး ထားပါတယ်။
လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေး ကော်မတီ အတွက် မေးခွန်းတစ်ခု . . .၊ ၀န်ကြီးဌာန ၁၉ ခု၊ ကြွေးကျန်ငွေ ကျပ် ၁၁၂၅ ဘီလျံကျော်နှင့် ပြည်ထောင်စု အစိုးရအဖွဲ့၏ ငွေကြေးအရှုပ်အရှင်းကို ဘယ်လိုကိုင်တွယ် ဆောင်ရွက်မလဲ
ရန်ကုန်မြို့ရှိ တရားရုံးတစ်ရုံးတွင် လာဘ်ငွေပေးရန် မလိုကြောင်း အသိပေးစာ ထုတ်ပြန်ထား သည် ကို တွေ့ရစဉ် (ဓာတ်ပုံ - နေထွန်းနိုင်)
၂၀၁၃ ခုနှစ် နိုဝင်ဘာလအတွင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက အစီရင်ခံစာ တစ်ရပ်ကို တင်သွင်းခဲ့သည်။ ထိုအစီရင်ခံစာသည် ပြီးခဲ့သည့် မတ်လက ပြည်ထောင်စု စာရင်းစစ်ချုပ်က တင်သွင်းခဲ့သည့် အစီရင်ခံစာအပြီး ဒုတိယမြောက် ထွက်ပေါ်လာသည့် အစီရင် ခံစာ ဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ မပြင်ဆင်ပါက တပ်မတော်နှင့်ပြည်သူ ရင်ကြားစေ့ရေး အကြီးမားဆုံး အဟန့်အတား ဖြစ်နေဦးမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
သာယာဝတီမြို့တွင် ပြုလုပ်သော လူထုဆန္ဒသဘောထား ရယူပွဲ၌ ဒေါ်အောင်ဆန်းစုကြည် ရှင်း လင်းပြောကြားစဉ်
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ မပြင်ဆင်ပါက တပ်မတော်နှင့်ပြည်သူ
ရင်ကြားစေ့ရေးအတွက် အကြီးမား ဆုံးသော အဟန့်အတား ဖြစ်နေဦးမည်ဟု အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ဖွဲ့စည်းပုံ
အခြေခံဥပဒေဆိုင်ရာ လူထုသဘောထားရယူပွဲ အခမ်းအနားတွင် ပြောကြားသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပဲခူးတိုင်းဒေသကြီး ဒေသလုံးဆိုင်ရာ
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် စပ်လျဉ်း၍ လူထုသဘောထား ရယူပွဲ
အခမ်းအနားကို သာယာဝတီမြို့ အားကစားကွင်းအတွင်း ဒီဇင်ဘာ ၁၅ ရက် နံနက်က
ပြုလုပ်ခဲ့ရာ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ နာယက ဦးတင်ဦးနှင့် ၂၀၀၈
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီ အဖွဲ့ဝင်များ တက်ရောက်၍
ဖွဲ့စည်းပုံ ပြင်ဆင်ရေး သိကောင်း စရာ များကို ဆွေးနွေးပြောဆိုစဉ်
ယင်းသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
Sunday, December 15, 2013
ဇနီးဖြစ်သူကို ကွန်ဒုံးမပါဘဲ လိင်ဆက်ဆံလို့ ထောင်ကျသွားသူအမျိုးသား
စင်ကာပူ
အမျိုးသား တဦးကို အရွယ်မရောက်သေးသူကို ကွန်ဒုံမပါဘဲ လိင်ဆက်ဆံမှု
ပြုခဲ့တာကို ပြစ်မှု ထင်ရှားရှိလို့ မနေ့က ထောင်သွင်း အကျဉ်းချ
ပြစ်ဒဏ်ပေးလိုက်ပါတယ်။
ခရိုင်တရားသူကြိး မက်သရူး ဂျိုးဆက်ပြောတာကတော့ ဒီ အခင်းဖြစ်မှုဟာ သာမန် သမရိုးကျမဟုတ်ပဲ ထူးဆန်း တယ်လို့ ပြောတာကို စင်ကာပူ အခြေစိုက်
The Straits Times သတင်းတပုဒ်က ဖော်ပြပါတယ်။

ညည တောက်ခေါက်သံတွေထွက်တဲ့ သစ်ကိုနိုင်တဲ့ သစ်မင်း
သစ်မင်း
ပုံပါ။ သစ်ဆိုးဝါးဆိုးတွေကိုနိုင်နင်းတယ်လို့ဆိုပါတယ်။ အိမ်တွေမှာ
သစ်ဆိုတာ မပါမဖြစ်ပါ။ သစ်ဝါးတွေ ဆိုတာကလည်း တောမှာပေါက်ကြတယ်။
အချို့သစ်ဝါးတွေက
အန္တရာယ်ဖြစ်စေတတ်တဲ့ ကမ္မစိဒ္ဓိရှင်တွေရဲ့
အရိပ်အငွေ့တွေပါလာတတ်ကြပါတယ်။ အဲလိုသစ်ဝါးမျိုးနဲ့ ဆောက်မိရင်
အဲဒီအိမ်မှာနေကြသူများအတွက် မကောင်းတော့ ပါဘူး။
ပြဿနာဖြစ်တာ များလာ ပါတယ်။ သတိပြုမိရင် ညညတောက်ခေါက်သံလိုမျိုး
ကြာရတတ်ပါတယ်။ ဒါကတကယ်ပါ လက်သမားတွေသိကြပါတယ်။

Facebook တွင် ပျံ့နှံ့နေသည့် အနုပညာရှင်များ မူးယစ်ဆေးဝါး ဆက်နွှယ်နေမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့မှ ဆက်လက်စုံစမ်းစစ်ဆေး
Facebook လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် အနုပညာရှင်များ
မူးယစ်ဆေးဝါးဆက်နွယ်နေမှုများနှင့် ပတ်သက်၍ အဆိုပါဖြစ်စဉ်များကို
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဆက်လက် စုံစမ်းစစ်ဆေးနေကြောင်း
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ တာဝန်ရှိသူရဲမှူးကြီး ကိုကိုအောင် က
ဒီဇင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။
ယင်းကဲ့သို့
မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ပတ်သက်၍ လူမှုကွန်ရက်အင်တာနက် စာမျက်နှာများတွင်
၂၀၀၈ ခုနှစ် ဧပြီ ၃၀ ရက်တွင် စိုးမြတ်သူဇာ(ခ)မစိုးအား အစစ်ခံချက်နှင့်
၂၀၀၈ ခုနှစ် မေ ၂၈ ရက်တွင် စံပယ်ကိုကို (ခ)မဇာဇာသိမ့်(ခ)န၀ရတ်တို့၏
အစစ်ခံချက်များကို ဖော်ပြထားသည်။
တောင်ကြီး လက်လုပ်အသံမြည်ဗုံး တရားခံမိပြီ
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ မြို့မရပ်ကွက်ရှိနေအိမ်တစ်လုံး၌
လက်လုပ် ဗုံးပေါက် ကွဲမှု ဖြစ် စဉ်နှင့် ပတ်သက်၍ နောက်ဆုံးထပ်မံ
စစ်ဆေးတွေ့ရှိချက်အရ လက်လက်ဗုံးတရားခံ စစ်ဆေး ရာ၌ တောင်ကြီးမြို့
၊ကံသာရပ်၊ဂျိုးဖြူလမ်းတွင်နေထိုင်သူ ဦးရရှစ်ခန်း(ခ)ဦးရဲလွင်၊
(၅၃)နှစ်၊ (ဘ)ဦးရဲမြင့်က ပြုလုပ်ပေးခဲ့သည်ဟု စစ်ဆေးတွေ့ရှိရကြောင်း
ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။
မြန်မာဘီယာကုမ္ပဏီမှ ကုန်ကြမ်းဟုယူဆရသော ဖွဲနုများကြောင့် ယာဉ်တန်း များစလစ်ဖြစ်ကာ ခရီးသည်တင်ယာဉ်တစ်စီး ခုံးကျော်တံတားပေါ်မှထိုးကျ
ဒီဇင်ဘာ ၁၄ ရက် နံနက် ၅ နာရီခွဲ အချိန်တွင် မင်္ဂလာဒုံမြို့နယ် မင်္ဂလာဒုံဈေး
ရပ်ကွက်ရှိ နိုင်ငံရေးမှတ်တိုင်အနီးပြည် လမ်းမပေါ် ရထားလမ်းကူး ခုံးကျော်
တံတားပေါ်တွင် မြန်မာဘီယာကုမ္ပဏီ၏ ကုန်ကြမ်းများဟု ယူဆရသော ဖွဲ့နုများ
ကြောင့် ယာဉ်တန်းများစလစ်ဖြစ်ကာ ရန်ကုန်-မှော်ဘီဟိုင်းလတ်ယာဉ် အမျိုး အစား
ခရီးသည်တင်ယာဉ်သည် ခုံးကျော် တံတားမှတစ်ဆင့် ရထားသံလမ်းပေါ်သို့
ထိုးကျခဲ့သောကြောင့် ၂ ဦးသေဆုံး၍ ၁၁ ဦး
အရေးပေါ်ရောက် ရထားသံလမ်းပေါ် သို့ ထိုးကျခဲ့သောကြောင့် မင်္ဂလာမြို့နယ်
မီးသတ်ဌာနမှ တာဝန်ကျ တပ်ကြပ်တစ်ဦး News Watch သို့ အတည်ပြုပြောကြားခဲ့သည်။တပ်မတော်နဲ့ NLD ကြား သွေးထိုးစကားတွေ သတိထားဖို့ ဒေါ်စုပြော

ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေခိုင်မာဖို့ အရေးတကြီး လိုအပ်ပြီး ပြည်သူ၊ တပ်မတော်နဲ့ NLD ကြား စိတ်ဝမ်း ကွဲအောင် သွေးခွဲနေမှုတွေကို သတိထားကြဖို့နဲ့ မြန်မာနိုင်ငံတွင်း အမျိုးသားပြန်လည် သင့်မြတ်ရေး ရရှိအောင် အဓိက ကြိုးပမ်းနေ တယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြော ဆိုလိုက်ပါတယ်။ သူမရဲ့ မဲဆန္ဒနယ်မြေဖြစ် တဲ့ ကော့မှူးမြို့နယ်မှာ ဒီကနေ့ ပြုလုပ်တဲ့ အခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒသဘောထားရယူပွဲမှာ အဲဒီလို ပြောသွားခဲ့တာပါ။ အသေးစိတ်ကို ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။
Saturday, December 14, 2013
ဒဏ်ရာ ပြဿနာ ဖြင့် ၂၀၁၃ကို ဗန်ပါစီ အဆုံး သတ်ရ တော့မည်
မန်ယူ တိုက် စစ်မှူး ဗန်ပါစီမှာ ပေါင်ကြွက်သား ဒဏ်ရာ ရရှိ မှုကြောင့် တစ်လ အထိ အနား ယူရ တော့မည်ဟု သိရ သည်။ ရှက်တာ ဒိုးနက်ကို တစ်လုံး တည်းသော ဂိုးဖြင့် အနိုင်ရ ခဲ့သော ပွဲစဉ်တွင် အနိုင်ဂိုး ရစေမည့် ထောင့် ကန်ဘော ကန် တင်ရာမှာတစ်ဆင့် ဗန်ပါစီ ဒဏ်ရာ ရခဲ့ခြင်း ဖြစ်သည်။ ယင်း အတွက် ကြောင့် ၎င်းအ နေဖြင့် မန်ယူ အသင်း ၏ပွဲစဉ် (၇) ပွဲအထိ အနား ယူရဖွယ်ရှိ နေသည်။ ထို့အပြင် မန်ယူ နည်းပြ မိုရက်စ် ကလည်း ရွန်နီနှင့် တွဲဖက်၍ ခြေစွမ်း ပြနေသည့် ဗန်ပါစီ အနား ယူရ ခြင်းမှာ မိမိတို့ အသင်း အတွက် ကံဆိုးမှု တစ်ရပ် ဖြစ်ကြောင်း ဖွင့်ဟ သွားသည်။
မြန်မာ့ဖွံ့ဖြိုးရေး ဂျပန် ကူညီမည်
မြန်မာနိုင်ငံ အပါအ၀င် အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) နဲ့
ဂျပန်နိုင်ငံတို့ကြား ထိပ်သီး အစည်းအဝေး ပွဲမှာ မြန်မာနိုင်ငံ
ဖွံ့ဖြိုးရေးအတွက် ဘဏ္ဍာရေး အကူအညီတွေနဲ့ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ
ကိစ္စရပ်တွေ လည်း ဆွေးနွေး ဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။ အာဆီယံနိုင်ငံ
ခေါင်းဆောင်တွေ အတွက် ဒီကနေ့ အစောပိုင်းက ဂျပန်ဧကရာဇ် Akihito တည်ခင်းတဲ့
ဘုရင့်နန်းတော်က လဘက်ရည်ဝိုင်းကိုတော့ သမ္မတဦးသိန်းစိန်လည်း
တက်ရောက်ခဲ့တာပါ။
ထိုင်းအသင်းနဲ့ ကစားမယ့် မြန်မာဘောလုံး အသင်း အခြေအနေ
မြန်မာအသင်းအနေနဲ့ ထိုင်းအသင်းနဲ့ ကစားဖို့ အဆင်သင့်ဖြစ်နေပြီး၊
အနိုင်ကစား သွားမှာဖြစ် တယ် လို့ မြန်မာဘောလုံးအသင်း တာဝန်ရှိသူ
ပြောလိုက်ပါတယ်။ ဒါပေမဲ့လည်း မြန်မာအသင်းအနေနဲ့ အရင် ပွဲတွေထက် ပိုပြီးတော့
ကြိုးစား ကစားရမယ်လို့ လည်း ဘောလုံး ကျွမ်းကျင်သူတွေက သုံးသပ် လိုက်ပါတယ်။
ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းမှာ ဒီကနေ့ ကစားမယ့် မြန်မာ နဲ့
ထိုင်းတို့ရဲ့ ဘောလုံးပွဲ အခြေအနေနဲ့ ပတ်သက်ပြီးတော့ ကိုရန်နိုင်က
တင်ဆက်ပေးထားပါတယ်။
လွတ်မြောက်လာသူ ကိုဒီငြိမ်းလင်းကို နောက်ထပ်အမှုဖွင့်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းမှာ အကြမ်းဖက်ခံခဲ့ရတဲ့ သံဃာတော်တွေအရေးနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ၂၀၁၂ ဒီဇင်ဘာလက ရန်ကုန်မြို့ ပြည်ထောင်စုရိပ်သာလမ်းမှာရှိတဲ့ တရုတ်သံရုံးရှေ့ကို လမ်းလျှောက်ချီတက်ရာမှာ ပါဝင်ခဲ့တဲ့အတွက် ကိုဒီငြိမ်းလင်းကို ဒီကနေ့ ဒဂုံမြို့နယ်ရဲစခန်းက ပုဒ်မ ၁၈ နဲ့ အမှုဖွင့် လိုက်ပါတယ်။
ကင်ဂျုံအွန်၏ ဦးလေးကို သစ္စာဖောက်မှုဖြင့် ကွပ်မျက်ခဲ့ကြောင်း မြောက်ကိုရီးယား ထုတ်ပြန်
ဒီဇင်ဘာ ၁၃
ရက်တွင် ကိုရီးယားသတင်းအေဂျင်စီ ယွန်ဟပ်က ထုတ်ပြန်ပေးခဲ့သည့် ဒီဇင်ဘာ ၁၂
ရက်တွင် ဂျန်ဆောင်သက်အား တရားရုံးသို့ ခေါ်ဆောင်လာသည့် ဓာတ်ပုံ
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ သြဇာကြီးဦးလေး
ဂျန်ဆောင်သက်သည် နိုင်ငံ့ခေါင်းဆောင် ကို ဖြုတ်ချ အာဏာသိမ်းရန် ကြိုးပမ်းသော
နိုင်ငံတော် သစ္စာဖောက်သူ ဖြစ်သည့်အတွက် ဒီဇင်ဘာ ၁၂ ရက်တွင်
ကွပ်မျက်ခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာ (KCNA)က ဒီဇင်ဘာ ၁၃
ရက် တွင် ကြေညာ ခဲ့သည်။
Subscribe to:
Posts (Atom)




