Thursday, May 22, 2014

၅၉(စ)ပြင်ရန် လိုက်လျောပါက လူထုအားနှင့် ကန့်ကွက်မည်ဟု တစည ပြော

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါသည့် ပုဒ်မ ၅၉(စ)ကို လွှတ်တော်က ပြင်ဆင်ပေးရန်လိုက်လျောပါ က မိမိတို့က လူထုနှင့်ကန့်ကွက်သွားမည်ဖြစ်ပြီး ယခုအချိန်သည် ပုဒ်မ၅၉(စ) မပြင်ရန် လမ်းပေါ်ထွက် ကန့်ကွက်စရာမလိုသေးကြောင်း တစည ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဟန်ရွှေက အခမ်းအနားအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
“အသွင်ကူးပြောင်းရေးကာလကို သွားနေတယ်။ သုံးနှစ်ဆိုတဲ့ သက်တမ်းက နုနယ်သေးတော့ တကယ်ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ရှိဖို့လိုသေးတယ်။ လမ်းကျဉ်းတဲ့ နိုင်ငံရေးမျိုး၊ တစ်ဖက်ပိတ်နိုင်ငံရေးကို မသွားဘဲ ဒီမိုကရေစီစနစ်ကို လက်ခံရမယ်။ PR စနစ်ကို လက်ခံရမယ်” ဟု ၎င်းက ပြောသည်။
တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ(တစည) ဗဟိုကော်မတီ ဥက္ကဋ္ဌက မန္တလေးတိုင်းအတွင်းရှိ ပါတီဝင်များနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကို မေလ ၂၀ ရက်က ယူတိုးပီးယားခန်းမတွင် ပြုလုပ်ရာ မန္တလေးခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်၊ ညောင်ဦးခရိုင်နှင့် မိတ္တီလာခရိုင်စသည်တို့မှ ပါတီဝင် ၄၅၀ ကျော် တက်ရောက်သည်။

မြောက်ဥက္ကလာက ဗိုလ်ချုပ်ကြေးရုပ် ပြန်ပြင်ပြီ

မြောက်ဥက္ကလာပမြို့နယ်၊ ကန်သာယာပန်းခြံတွင်းရှိ ဗိုလ်ချုပ်ကြေးရုပ်အား ငွေကျပ်သိန်း ၃၀၀ အကုန်ကျခံကာ ပြင်ဆင်နေပြီဖြစ်ကြောင်း ကြေးရုပ်ကို တာဝန်ယူပြင်ဆင်သည့် ဖူးပွင့်စံကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဦးညီညီအောင်က ပြောသည်။“ပြန်လည်ထိန်းသိမ်းရေး လုပ်တာပါ။ ဗိုလ်ချုပ် အတ္တုပ္ပတ္တိကိုလည်း ကြေးရုပ် ပတ်ဝန်းကျင်မှာနံရံကာပြီး နံရံတွေပေါ်မှာ ထပ်ထည့် သွားမှာပါ” ဟု ပြောသည်။“ဗိုလ်ချုပ်ကြေးရုပ်မှာ မြင်းရုပ်ပုံသဏ္ဌာန် ပီပြင်စေဖို့အတွက် ကြောင်ခြစ်ပုံဖော်မယ်” ဟု ဖူးပွင့်စံကုမ္ပဏီမှ ငှားရမ်းထားသည့် ကြေးရုပ်ပြုပြင်ရေး တာဝန်ယူထားသူ ဦးအေးနိုင်က ပြောသည်။“ဗိုလ်ချုပ်ရုပ်တုရှိတဲ့နံရံပတ်လည်မှာ ဗိုလ်ချုပ်မိန့်ခွန်းတွေ အတ္တုပ္ပတ္တိတွေထည့် သွင်းဖို့ရှိပါတယ်။ နောက်ရေ ပန်းတွေလည်း ထည့်မယ်။ ရုပ်တုကိုလူတွေ ကိုင်လို့ဆော့လို့ မရအောင် ဘေးပတ်လည်ကို ကာရံထားမှာ ပါ” ဟု ပန်းခြံပြုပြင်ရေးတာဝန်ယူထားသည့် ဖူးပွင့်စံကုမ္ပဏီမန်နေဂျာ ဦးမိုးသီးက ပြောသည်။
အဆိုပါ ဗိုလ်ချုပ်ကြေးရုပ်ပြင်ဆင်မှုကို ဧပြီ ၂၈ ရက်က စတင်ခဲ့သည်။ ယခုအခါပန်းခြံအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ခွင့်ပြုချက်ဖြင့် ကုမ္ပဏီကလုပ်ဆောင် နေပြီး ပန်းခြံအတွင်း မြေဖို့ရန်အတွက်ပင် သိန်း ၁,၀၀၀ ကုန်ကျမည်ဖြစ်ကြောင်း မန်နေဂျင်းဒါရိုက်တာ ဦးညီညီအောင်က ပြောသည်။ကန်သာယာပန်းခြံကြီး အဆင့်မြှင့်တင် ရာတွင် ကားပါကင်၊ ဂိမ်းစင်တာ၊ ရေကူးကန်၊ စားသောက်ဆိုင် အစရှိသည်တို့ကိုတည်ဆောက်မည်ဖြစ်ပြီး ၂၀၁၅ ခုနှစ်၊ သြဂုတ်လတွင် အပြီးသတ်လုပ်ဆောင်သွား ရန်စီ စဉ်ထားသည်။ မြောက်ဥက္ကလာပ၊ ကန်သာယာပန်းခြံကို ၁၉၅၀ ကျော်က တည်ဆောက်ခဲ့ပြီး ဗိုလ်ချုပ်ကြေး ရုပ်ကိုမူ ၁၉၉၀ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။

Mizzima - News in Burmese

အမြန်လမ်းယာဉ်တိမ်းမှောက်မှုလျော့စေရန် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး အကြံပြု.

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွ
င် ယာဉ်တိမ်းမှောက်မှု လျော့နည်းစေရန်နှင့် မတော်တဆထိခိုက်မှုများ မရှိစေရန် မန္တလေးတိုင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်းက သက်ဆိုင်ရာဌာနများထံသို့ အကြံပြုချက်များ ထုတ်ပြန်ပေးပို့ထားသည်။
အချိန်ထိန်းဇယား (၁၀၀ကီလိုမီတာ) မောင်းနှင်လျှင် ၁မိနစ်၁မိုင်နှုန်း ခရီးရောက်ရှိသဖြင့် ယာဉ်များ စတင်ထွက်ခွာသည့် အမြန်လမ်းမကြီး တိုးဂိတ်တွင် စထွက်ချိန်နှင့် ရောက်ရမည့်အချိန်တို့ကို သတ်မှတ်ပေးကာ လမ်းတစ်လျှောက် ကီလိုမီတာ မပိုစေရန် ထိန်းချုပ်ခြင်းနှင့် တိုးဂိတ်အလိုက် အရေးယူသည့် အဖွဲ့ထားရှိရန်၊ မိုင် ၁၀၀ အရှည်လမ်းတွင် အနည်းဆုံးလေးနေရာ၌ ယာဉ်၏ မြန်နှုန်းတိုင်းကိရိယာတပ်ဆင်ပြီး ၁၀၀ ကီလိုမီတာကျော်သော ယာဉ်များကို အရေးယူရန် လိုအပ်ကြောင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ တိုင်းအစိုးရအဖွဲ့နှင့်သက်ဆိုင်ရာအဖွဲ့အစည်းများထံသို့ ပေးပို့သည့် ယင်း အကြံပြုစာ၌ ပါရှိသည်။တဖန်အမြန်လမ်းမကြီးယာဉ်များ ညာလမ်းမောင်းပြီး ကျော်တက်လျှင် ဘယ်လမ်းမှ ကျော်တက်ရုံမှလွဲ၍ အခြားလမ်းယူ မောင်းနှင်ခြင်းမပြုရန်၊ ညပိုင်းလမ်းကြောင်းပြအမှတ်အသား (အချက်ပြမီးဝါ တပ်ဆင်ထားသည့် လမ်းကြောင်း)မှ မောင်းနှင်စေပြီး နောက်ကားလမ်းတောင်းပါက ညာဖယ်သည့်စနစ်ကို ကျင့်သုံး မောင်းနှင်ရန်လည်း အကြံပြုထားသည်။

မုန်တိုင်းသတင်း


၂၀၁၄ခုနှစ်၊ မေလ(၂၂)ရက်နေ့ မြန်မာစံတော်ချိန်( ၀၇း၀၀) နာရီ အချိန်ထုတ်ပြန်ချက်
ယနေ့မြန်မာစံတော်ချိန်(၀၆း၃၀)နာရီအချိန်တိုင်းထွာချက်များအရ
ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည်၊ မြန်မာနိုင်ငံ ၊ဂွမြို့၏ အနောက်တောင်ဘက် မိုင်(၂၂၀)ခန့်၊ ပုသိမ်မြို့၏ အနောက်-အနောက်တောင်ဘက် (၂၂၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
အဆိုပါမုန်တိုင်းငယ်သည်မြောက်-အရှေ့မြောက်သို့ဆက်လက် ဦးတည်ရွေ့လျားမည်ဟုခန့်မှန်းရပါသည်။
မုန်တိုင်းငယ်၏လက်ရှိအခြေအနေမှာအဝါရောင်အဆင့်သာရှိသော်လည်းလာမည့်(၂)ရက်အတွင်းမြန်မာဘင်္ဂလားဒေ့ရှ်ကမ်းခြေဒေသများသို
့ဦးတည်ရွေ့လျားနိုင်ပါသည်။

Facebook က Relationship status နှင့် ပတ်သက်သော် feature မိတ်ဆက်

လူသုံးအများဆုံး လူမှုကွန်ရက် ၀က်ဘ်ဆိုဒ်တစ်ခုဖြစ်သည့် Facebook က feature သစ်များ အဆက် မပြတ် ထုတ်လုပ်နေရာ မေလ ၂၀ ရက်က သုံးစွဲသူများ၏ Relationship status အား မေးမြန်းနိုင်မည့် feature သစ်တစ်မျိုးကို မိတ်ဆက်ခဲ့သည်။Facebookက လွန်ခဲ့သောအချိန်များတွင် အသုံးပြုသူများအချင်းချင်း အလုပ်ကိုင်နေရာ၊ တက်ရောက်ခဲ့ သည့် ကျောင်းအစရှိသည်တို့ကို မေးမြန်းနိုင်သည့် “Ask” ဟူသည့် feature အား ထုတ်လုပ်ခဲ့ပြီး မေလ ၂၀ ရက်တွင် Relationship status နှင့် ပတ်သက်ပြီး ထပ်မံမိတ်ဆက်ခြင်း ဖြစ်သည်။အဆိုပါ feature သစ်မှာ အသုံးပြုသူတစ်ဦးက မိမိ၏ Relationship status အား ဖော်ပြမထားသေးပါက အခြားအသုံးပြုသူတစ်ဦးမှ မိမိအားချိန်းတွေ့ကာ မိမိတွင် Relationship ရှိ၊ မရှိကို မေးမြန်းနိုင်ခြင်းဖြစ် သည်။ ယင်း “Ask” button မှာ အသုံးပြုသူ၏ Relationship ဖော်ပြမည့်နေရာတွင် ပေါ်လွင်နေမည်ဖြစ် သော်လည်း ကာယကံရှင်ကိုယ်တိုင်ကမူ မြင်တွေ့နိုင်ခြင်းရှိမည် မဟုတ်ချေ။

မေလအတွင်း ဖုန်းဆင်းမ်ကတ် လေးသိန်း ချပေးမည်

မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းအသုံးပြုသူသည် ၈ ဒသမ ၄၅ သန်းအထိ ရောက်ရှိနေပြီး မေလအတွင်း တန်ဖိုးနည်း မိုဘိုင်းဆင်းမ်ကတ် လေးသိန်း ထပ်မံချထားပေးမည်ဟု မြန်မာ့ဆက်သွယ်ရေးက မေ ၂၁ ရက်တွင် ထုတ်ပြန်ကြေငြာခဲ့ရာ အသုံးပြု သူ ၈ ဒသမ ၈၅ သန်းအထိ ရောက်ရှိလာနိုင်မည်ဖြစ်သည်။
ယင်းသို့ မေလအတွက် ထပ်မံချထားပေးလိုက်သောကြောင့် မြန်မာနိုင်ငံရှိ အိမ်ထောင်စုပေါင်း ၈ ဒသမ ၇ သန်းအထိရှိရာ အိမ်ထောင်စုတစ်စုလျှင် မိုဘိုင်းဖုန်းတစ်လုံး အသုံးပြုနိုင်သည့်အနေအထားသို့ ရောက်ရှိလာနိုင်မည် ဖြစ်သည်။
ကိန်းဂဏန်းအားဖြင့် ယင်းသို့ ရှိနေသော်လည်း အိမ်တိုင်းဖုန်းတစ်လုံးကိုင်နိုင်သည့် အခြေအနေကို အမှန်တကယ်ရောက်ရှိခြင်း မရှိသေးဟု Mr.Htet Computer ဆိုင်၏ ဒါရိုက်တာ ကိုထက်လင်းစိုးက ပြောသည်။
ကိုထက်လင်းစိုးက“အရေအတွက်အရ အိမ်တစ်အိမ်မှာ ဖုန်းတစ်လုံးအသုံးပြုနိုင်ရမှာဖြစ်ပေမယ့် အမှန်တကယ် အိမ်တိုင်းဖုန်း အသုံးမပြုနိုင်သေးပါဘူး။ မြန်မာ့ဆက်သွယ်ရေးအနေနဲ့လည်း မဲနှိုက်ရောင်းချ ပေးတဲ့စနစ်နဲ့ ရောင်းချပေးတာမျိုး မဟုတ်ပဲ လိုအပ်သူတွေ အမှန်တကယ်ဝယ်ယူ အသုံးပြုနိုင်တဲ့ အနေအထားမျိုး ပြုလုပ်ပေးသင့်တယ်။ သူတို့အနေနဲ့လည်း ပြည်ပအော်ပရေတာတာ မရောင်းချခင်တည်းက ဆင်းမ်ကတ် အရေအတွက်ကို အများအပြားတောင်ချထားပေးသင့်တယ်”ဟု သုံးသပ်ပြောကြားသည်။

အစိုးရတပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်များ တိုက်ပွဲထပ်ဖြစ်

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ် မုံးကိုးမြို့နယ်ခွဲအတွင်း အစိုးရစစ်တပ်နှင့် တိုင်းရင်းသားပူးပေါင်းတပ်ဖွဲ့များသည် မေလ၂၀ ရက် နံနက်ပိုင်းက တိုက်ပွဲများ ထပ်မံဖြစ်ပွားနေသည်ဟု တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ အတွင်းရေးမှူး ဗိုလ်မှူးကြီး မိုင်းဘုန်းကျော်က ပြောသည်။ မုံးကိုးမြို့နယ်၊ ခွဲကောင်းမူးလိုင် ကျေးရွာအတွင်းအစိုးရ၏ တပ်မ ၈၈ လက်အောက်ခံတပ်ဖွဲ့များ လှုပ်ရှားလာသဖြင့် ကချင်လွတ်မြောက်ရေး တပ်မတော် KIA ၊တအာင်းတပ်မတော် TNLA နှင့် MNDAA (ကိုးကန့်တပ်မတော်)တို့ ပူးပေါင်းတပ်ဖွဲ့တို့နှင့် ယနေ့ မေလ ၂၀ ရက် နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ “ဒီမနက် ၆ နာရီက တိုက်ပွဲဖြစ်တာ။ သတင်းပို့တဲ့ အချိန် ၇ နာရီထိ တိုက် ပွဲကမပြီးသေးဘူး။ အဲဒီမှာက ကျွန်တော်တို့ အဖွဲ့သုံးဖွဲ့က နယ်မြေစိုးမိုးရေး ကွင်းဆင်းရင်းနဲ့ သွားတဲ့အချိန် မြန်မာစစ် ကြောင်းထိုးလာတယ်။ အဲဒီလမ်းမှာဘဲ ထိပ်တိုက်တွေ့ကြတာ” ဟု ဗိုလ်မှူးကြီး မိုင်းဘုန်းကျော်က ပြောသည်။

ယာဉ်နှင့် ယာဉ်မောင်းကို ထိန်းချုပ်ပေးနိုင်သောစနစ် အဝေးပြေး ယာဉ်များတွင် တပ်ဆင်မည်

အဝေးပြေး အမြန်လမ်းမကြီးများပေါ်တွင် အကြောင်းအမျိုးမျိုးကြောင့် ယာဉ်မတော်တဆမှုများ ဖြစ်ပေါ်ကာ လူအများအပြား သေဆုံးမှုများ ဖြစ်ပေါ်လျက် ရှိရာ အဝေးပြေး ယာဉ်လိုင်းအချို့သည် ဂြိုဟ်တုနှင့် ချိတ်ဆက်ကာ အဝေးပြေးယာဉ်နှင့် ယာဉ်မောင်းကို ထိန်းချုပ်၊ ညွှန်ကြားပေးနိုင်သော B-smart GPRS network system အသုံးပြုရန် စီစဉ်လျက်ရှိကြောင်း JJ express အဝေးပြေးယာဉ်လိုင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ “အခုလက်ရှိ ကားတွေမှာတော့ မိုင်နှုန်း စစ်ဆေးတဲ့ စက်တွေ တပ်ဆင်ထားပြီးတော့ အထူးကားတွေ ပေါ်မှာတော့ Skynet ရုပ်သံလိုင်း တပ်ဆင် အသုံးပြုထားပါတယ်။ ဒီ GRPS network တပ်ဆင် အသုံးပြုဖို့ကတော့ အထက်လူကြီးတွေကို တင်ပြသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ်တွင် ဖက်ဒရယ် ဖွင့်ဆိုချက် ထည့်ရန် တပ်မတော် သဘောတူ

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်အတွက် ဆွေးနွေး ရာ၌ အဓိက ကွဲလွဲမှုတစ်ရပ် ဖြစ်နေသော ဖက်ဒရယ်စနစ် ဖွင့်ဆိုချက်ကို တပ်မတော်က သဘောတူ လက်ခံလိုက်ပြီ ဖြစ်ကြောင်း တိုင်းရင်းသားများ ကိုယ်စားပြု အပစ်ရပ် ညှိနှိုင်းရေးအဖွဲ့ (NCCT) ခေါင်းဆောင်များက ပြောကြားသည်။

သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် တိုင်းရင်းသား လက်နက်ကိုင်များ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာ၌ မေလ ၂၁ ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးမှုအပြီး ယင်းသို့ သဘောတူလိုက်ခြင်း ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

ဘက္ထရီအိုး(၂)လုံးအား မသင်္ကာဖွယ်လိုက်လံရောင်းချနေသည်ကို တွေ့ရှိသဖြင့် အရေးယူစစ်ဆေးရာမှ မော်တော်ယာဉ်များမှ ဘက္ထရီအိုး ခိုးယူခဲ့မှုများပေါ်ပေါက်


Photo: ဘက္ထရီအိုး(၂)လုံးအား မသင်္ကာဖွယ်လိုက်လံရောင်းချနေသည်ကို
တွေ့ရှိသဖြင့် အရေးယူစစ်ဆေးရာမှ မော်တော်ယာဉ်များမှ ဘက္ထရီအိုး ခိုးယူခဲ့မှုများပေါ်ပေါက်
Thursday, May 22, 2014

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊
အထူးမှုခင်းနှိမ်နင်းရေးဌာနစုမှတပ်ဖွဲ့ဝင်များသည်၁၇.၅.၂၀၁၄ရက်နေ့ ၀၇၀၀အချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ တောင်လုံးပျံ ရပ်ကွက်၊ အထည်အဟောင်းဆိုင်များအနီး၌ ခိုးမှုပြစ်ချက်ဟောင်းရှိသူ ခေါလေး
(ခ)ဇော်ဝင်း၊(၃၅)နှစ်၊ (ဘ)ဦးမောင်မောင်၊ သာကေတမြို့နယ်နေသူမှ ဘက္ထရီအိုး(၂)လုံးအား မသင်္ကာဖွယ်လိုက်လံရောင်းချ နေသည်ကို
တွေ့ရှိရပြီး ၎င်းထံမှ ကွင်း၊ဂွ(၂)ချောင်းတို့ကိုလည်းတွေ့ရှိရသဖြင့် စစ်မေးရာ အဆိုပါ ဘက္ထရီအိုးများကို ၎င်းပိုင်ဆိုင်ကြောင်းခိုင်လုံစွာ
ပြောပြနိုင်ခြင်းမရှိသည့်အပြင် ကွင်း၊ဂွများမှာ မော်တော်ယာဉ်များမှ
ဘက္ထရီအိုးများဖြုတ်ခိုးရာတွင်အသုံးပြုသော ပစ္စည်းများဖြစ်ကြောင်း
သိရှိရသဖြင့် မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း (ပ)၃၂၈/၂၀၁၄၊ ပြစ်မှု
ပုဒ်မ-၃၇၉/၅၄ဖြင့် အမှုဖွင့်ကာ စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

၎င်းအား အခြားခိုးမှုများကျူးလွန်ထားခြင်းရှိ/မရှိ ဆက်လက်စစ်ဆေး
ရာ ၂၀၁၄ ခုနှစ်၊ (၅)လပိုင်း အတွင်းက ရန်ကင်းမြို့နယ်၊ မိုးကောင်း
လမ်းတွင်ရပ်ထားသော ဒိုင်နာယာဉ်(၄)စီးမှ ဘက္ထရီအိုး(၇)လုံးနှင့်
သစ္စာလမ်း မီးရထားလမ်းကူးအနီးတွင်ရပ်ထားသောဒိုင်နာယာဉ်
(၁)စီးမှ ဘက္ထရီအိုး(၁)လုံးတို့ကို ခိုးယူခဲ့ကြောင်းပေါ်ပေါက်သဖြင့် ရန်ကင်းမြို့မရဲစခန်းတွင် အမှုများဖွင့်လှစ်ကာ အရေးယူဆောင်ရွက်
လျက်ရှိပါသည်။

ထို့ပြင် ၂၀၁၄ ခုနှစ်၊ (၄)လပိုင်းအတွင်းကလည်း တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်းတွင်ရပ်ထားသော ဒိုင်နာယာဉ်(၁)စီးမှ ဘက္ထရီအိုး
(၂)လုံး၊ သမိန်ဗရမ်းလမ်းတွင်ရပ်ထားသော ဒိုင်နာယာဉ်(၁)စီးမှ 
ဘက္ထရီ အိုး(၁)လုံး၊ စက်ရုံလမ်းဘေးတွင်ရပ်ထားသော ဒိုင်နာယာဉ်
(၁)စီးမှ ဘက္ထရီအိုး(၁)လုံး၊ ဣစ္ဆာသယ လမ်းတွင်ရပ်ထားသော ဒိုင်နာယာဉ်(၂)စီးမှဘက္ထရီအိုး(၃)လုံး၊ သြဘာလမ်းတွင်ရပ်ထားသော
ဒိုင်နာ ယာဉ်(၁)စီးမှ ဘက္ထရီအိုး(၂)လုံးနှင့် (၅)လပိုင်းအတွင်းက သမိန်ဗရမ်းလမ်းတွင်ရပ်ထားသော ဒိုင်နာယာဉ်(၃)စီးမှ ဘက္ထရီအိုး
(၅)လုံးတို့ကို ခိုးယူခဲ့ကြောင်းပေါ်ပေါက်သဖြင့် တာမွေမြို့မရဲစခန်းတွင် အမှုများအသီးသီးဖွင့်လှစ်ကာ အရေးယူဆောင်ရွက်လျက်ရှိပါသည်။

ယင်းအမှုများမှသက်သေခံပစ္စည်းများအား ပြန်လည်သိမ်းဆည်းခဲ့ပြီး
ပြစ်မှုကျုးလွန်သူခေါလေး(ခ) ဇော်ဝင်းအား ဆက်လက်စစ်ဆေး အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အထူးမှုခင်းနှိမ်နင်းရေးဌာနစုမှတပ်ဖွဲ့ဝင်များ သည်၁၇.၅.၂၀၁၄ရက်နေ့ ၀၇၀၀အချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ တောင်လုံးပျံ ရပ်ကွက်၊ အထည် အဟောင်းဆိုင်များအနီး၌ ခိုးမှုပြစ်ချက်ဟောင်းရှိသူ ခေါလေး (ခ)ဇော်ဝင်း၊(၃၅)နှစ်၊ (ဘ)ဦးမောင်မောင်၊ သာကေတမြို့နယ်နေသူမှ ဘက္ထရီအိုး(၂)လုံးအား မသင်္ကာဖွယ်လိုက်လံရောင်းချ နေသည်ကို တွေ့ရှိရပြီး ၎င်းထံမှ ကွင်း၊ဂွ(၂)ချောင်းတို့ကိုလည်းတွေ့ရှိရသဖြင့် စစ်မေးရာ အဆိုပါ ဘက္ထရီအိုးများကို ၎င်းပိုင်ဆိုင်ကြောင်းခိုင်လုံစွာ ပြောပြနိုင်ခြင်းမရှိသည့်အပြင် ကွင်း၊ဂွများမှာ မော်တော်ယာဉ်များမှ
ဘက္ထရီအိုးများဖြုတ်ခိုးရာတွင်အသုံးပြုသော ပစ္စည်းများဖြစ်ကြောင်း သိရှိရသဖြင့် မင်္ဂလာတောင် ညွန့်မြို့မရဲစခန်း (ပ)၃၂၈/၂၀၁၄၊ ပြစ်မှု ပုဒ်မ-၃၇၉/၅၄ဖြင့် အမှုဖွင့်ကာ စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

ဘင်္ဂလာဒေ့ရှ် အစိုးရမှ သူတို့နိုင်ငံအတွင်း RSO အကြမ်းဖက်သောင်းကျန်းသူများမရှိဟု ငြင်းဆို မြန်မာဘက် မှ တင်းမာမှုများရှိခဲ့


 
ယနေ့နေ့လည် ၁၁ နာရီတွင် ပြုလုပ်ခဲ့သော နှစ်နိုင်ငံနယ်စပ်လုံခြုံရေးဆိုင်ရာ အလံတင်ဆွေးနွေး ပွဲတွင် မြန်မာနိုင်ငံ အမှတ်(၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့ကွပ်ကဲရေးမှူးမှ မကြာသေးမီက ဖြစ်ပွားသွားခဲ့သော အကြမ်း ဖက်မှုများတွင် တစ်ဘက်နိုင်ငံမှ တာဝန်များစွာရှိကြောင်း၊ အဆိုပါသောင်းကျန်းသူများသည် တစ်ဘက်နိုင်ငံ တွင် အခြေပြုလှုပ်ရှားနေသူများဖြစ်ကြောင်း၊
မိမိတို့အနေဖြင့် အဆိုပါ သောင်းကျန်းသူများအား ပူးပေါင်း နှိမ် နှင်းပေးစေလိုကြောင်း ပြောကြားရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ BGB တပ်ရင်းမှ (လက်ထောက်ညွှန်ကြားရေးမှူးချုပ်)တပ်ရင်းမှူး ရာဖိခ်ဟာစိန်မှ ဆိုပါသောင်းကျန်းသူများသည် မိမိနိုင်ငံတွင် ရှိသူများမဟုတ်ကြောင်း အတိအလင်းငြင်းဆိုခဲ့ပါသည်။

အသက် ၈၂ နှစ်ရှိသက်ကြားအိုနှင့် ၁၇ နှစ်အရွယ် မိန်းကလေးတို့ ၏ မုဒိမ်းမှု နောက်ဆက်တွဲပြဿနာ

အသက် ၈၂ နှစ်ရှိ သက်ကြားအိုက အသက် ၁၇ နှစ်အရွယ် မိန်းကလေးအား မုဒိမ်းမှုကျူးလွန်ပြီး အမှု ဖွင့်အရေးယူသည့်အခါ ထောင်မချရန် အ ကြိမ်ကြိမ်တောင်းပန်သဖြင့် နစ်နာကြေး ၁ဝ သိန်းဖြင့် သဘောတူကျေနပ်ပြီး ငါးသိန်းကို ပထမပေးကာ ကျန်ငါးသိန်းကို မပေးဘဲ တ ရားခံက ခြိမ်းခြောက်ပြောဆိုသဖြင့် တရား လိုက ရဲစခန်းတွင် ပြန်လည်အမှုဖွင့် အရေး ယူရသည့်ဖြစ်ရပ်တစ်ခု ဖြစ်ပွားကြောင်းသိ ရသည်။

မင်းဘူးခရိုင် ဆောမြို့နယ်နေ ဒေါ်------၏သမီးဖြစ်သူ အသက် ၁၇ နှစ် အရွယ် မိန်းကလေးသည် ၂ဝ၁၂ ခုနှစ် နိုဝင်ဘာ ၇ ရက်က နေအိမ်တွင်းတစ်ဦး တည်းအိပ်ပျော်နေစဉ် တစ်ရပ်ကွက်တည်း နေ ဦးထန်းရှိန် အသက် ၈၂ နှစ်အရွယ်က အိမ်ပေါ်သို့ရောက်ရှိလာပြီး မိန်းကလေး မျက်နှာအား စောင်ဖြင့်အုပ်၍ သားမယား အဖြစ် ပြုကျင့်ခဲ့ပြီးနောက် ဦးထန်းရှိန်မှ ဓားဦးချွန်ကိုင်၍ ထိုမိန်းကလေးအား ခြိမ်း ခြောက်ခဲ့ကြောင်း သိရသည်။

အထူးသက်သာသော နှုန်းထားဖြင့် မိုဘိုင်းဖုန်းတွင် အင်တာနက်သုံးနိုင်မည်

Photo: အထူးသက်သာသော နှုန်းထားဖြင့် မိုဘိုင်းဖုန်းတွင် အင်တာနက်သုံးနိုင်မည်
Thursday, May 22, 2014

မြန်မာ့ဆက်သွယ်ရေးစနစ်က လျင်မြန်စွာ တိုးတက်ဖွံ့ဖြိုးလာသည်။ နိုင်ငံတော်ကလည်း လစဉ်ဆင်းကတ် များကို ရောင်းချပေးနေသည်။ ပင်စင် စားများကိုလည်း လစဉ်ရောင်းချပေးနေပြီဖြစ်သည်။ ဆက်သွယ်ရေး လုပ်ငန်းကို ပြည်ပကုမ္ပဏီများအား ရင်းနှီးမြှုပ်နှံမှုခွင့်ပြုခဲ့သဖြင့် တယ်လီနောနှင့် အော်ရီဒူးကုမ္ပဏီများလည်း လုပ်ငန်းများစတင်နေပြီဖြစ်ရာ ပြည်သူများ နောက်ဆုံးပေါ် ခေတ်မီ ဆက်သွယ်ရေးနယ်ပယ်တွင် လူတိုင်းနီးပါးစီးမျော အသုံးပြုနိုင်ကြတော့မည်ဖြစ်သည်။ “လူတန်းစားမရွေး အင်တာနက်စနစ်ပူးတွဲပါရှိတဲ့ မိုဘိုင်းဆင်းကတ်တွေကို ဈေးနှုန်းသက်သက် သာသာနဲ့ ရောင်းချပေးနိုင်ဖို့ စီစဉ်နေပါတယ်။ မြန်မာပြည်သူတွေ အဆင့်မြင့်ဆက်သွယ်ရေးစနစ် ထည့်သွင်းထားတဲ့ လက်ကိုင်ဖုန်းတွေ သုံးစွဲနိုင်ဖို့ ငွေကြေးပမာဏ ပူပင်စရာ မရှိတဲ့ ဈေးနှုန်းမျိုးနဲ့ရောင်းချပေးမှာပါ” ဟု တယ်လီ နောကုမ္ပဏီမှ စီအီးအို Mr.Petter Furbersက မီဒီယာ သမားများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။ ယခုအခါ မိုဘိုင်းဖုန်းများနှင့် အင်တာနက်သုံးစွဲရာတွင် ငွေကုန်ကျ မှုများရှိနေသဖြင့် ငွေကြေးကုန်ကျမှု အတွက် စိုးရိမ်ပူပင်စွာခံစားပြီး သုံးစွဲနေကြရသည့် လက်ကိုင် ဖုန်းဖြင့်စကားပြောဆိုခြင်းနှင့် အင်တာနက် အသုံးပြုခြင်းတို့အတွက် ပြည်သူ အများစု သည် စိတ်လိုက်ကိုယ်ပါ အသုံးမပြုနိုင်ဘဲ အချိန်အနည်းငယ်သာပြောဆိုသုံးစွဲမှုများရှိနေကြရသည်။

“လက်ကိုင်ဖုန်းနဲ့ အင်တာနက် အသုံးပြုနေတဲ့အချိန်မှာ ငွေကုန်ကျမှု အတွက် စိုးရိမ်စရာမရှိနိုင်တဲ့နှုန်းထားနဲ့ ကျွန်တော်တို့ တယ်လီနောကဝန်ဆောင်မှုပေးသွားမှာပါ။ လက်ကိုင်ဖုန်းသုံးစွဲသူတိုင်း အင်တာနက်ကို စိတ်အေးချမ်းသာစွာအသုံးပြုနိုင်မှာပါ” ဟု Mr. Petter Furbers က ပြောသည်။

တယ်လီနောသည် မြန်မာနိုင်ငံတွင် မြန်နှုန်းမြင့်အင်တာနက်စနစ်ကို အသုံးပြုနိုင်ရန် ကြိုးစားနေပြီး မြန်မာ နိုင်ငံတစ်ဝန်း တာဝါတိုင်ပေါင်း ၈၀၀နှင့် ၁၀၀၀ ကြား ထူထောင်သွားရန် စီစဉ်နေပြီဖြစ်သည်။ သို့သော်လည်း ယင်းဆက်သွယ်ရေး တာဝါတိုင်များထူထောင်ရာတွင် အခက်အခဲတစ်ရပ်မှာ မြေနေရာရှာဖွေနေရခြင်း ဖြစ်သည်။ တယ်လီနောသည် 3G ကွန်ရက် နှင့်အတူ 2G ကွန်ရက်များကို စတင် ဝန်ဆောင်မှုများပေးရန် စီစဉ်နေ သည်။ 2G သည် ပုံမှန်အသုံးပြုနေ သော အီးမေးလ်နှင့် ဖေ့စ်ဘွတ်ခ် တို့အပြင် အခြား Application များ ကို အသုံးပြုနိုင်ပြီး 3G ကွန်ရက်မှာ ဗီဒီယိုစနစ်ဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။ တယ်လီနောသည် အင်တာနက်စနစ် တွဲဖက်ပါသော ဆင်းကတ်များကို ရောင်းချရာတွင် အသုံးပြုသည့်အခါ အဆင်ပြေမည့် ဟန်းဆက်များကိုလည်း ရောင်းချသွားရန် စီစဉ်လျက်ရှိသည်။
မြန်မာနိုင်ငံတွင် လောလောဆယ်တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက လည်း နိုင်ငံတစ်ဝန်းသို့ ၂၀၁၃ ခုနှစ် ဧပြီလမှ ၂၀၁၄ ခုနှစ် ဧပြီလအထိ တန်ဖိုးနည်း CDMA 800 MHz တယ်လီဖုန်း၂၄၉၀၀၀၀၊ GSM တယ် လီဖုန်း ၁၅၄၉၇၀၀နှင့် WCDMA တယ်လီဖုန်း၆၁၀၃၀၀ စုစုပေါင်းတန်ဖိုး နည်းတယ်လီဖုန်း ၄ ဒသမ ၆၅ သန်း ရောင်းချပေးနိုင်ခဲ့ပြီဖြစ်သည်။

ယင်းတယ်လီဖုန်းများ အပါအဝင် မြန်မာ နိုင်ငံတစ်ဝန်း မိုဘိုင်းတယ်လီဖုန်းပေါင်း ၈ ဒသမ ၄၅ သန်းကျော်ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ရောင်းချပေး နိုင်ခဲ့ရာ ပြည်သူအများအပြား မိုဘိုင်း ဖုန်းများ ဈေးနှုန်းသက်သာစွာဖြင့်သုံးစွဲနိုင်ခဲ့ကြသည်။

MOI Webportal Myanmar 
 မြန်မာ့ဆက်သွယ်ရေးစနစ်က လျင်မြန်စွာ တိုးတက်ဖွံ့ဖြိုးလာသည်။ နိုင်ငံတော်ကလည်း လစဉ်ဆင်းကတ် များကို ရောင်းချပေးနေသည်။ ပင်စင် စားများကိုလည်း လစဉ်ရောင်းချပေးနေပြီဖြစ်သည်။ ဆက်သွယ်ရေး လုပ်ငန်းကို ပြည်ပကုမ္ပဏီများအား ရင်းနှီးမြှုပ်နှံမှုခွင့်ပြုခဲ့သဖြင့် တယ်လီနောနှင့် အော်ရီဒူးကုမ္ပဏီများလည်း လုပ်ငန်းများစတင်နေပြီဖြစ်ရာ ပြည်သူများ နောက်ဆုံးပေါ် ခေတ်မီ ဆက်သွယ်ရေးနယ်ပယ်တွင် လူတိုင်းနီးပါးစီးမျော အသုံးပြုနိုင်ကြတော့မည်ဖြစ်သည်။ “လူတန်းစားမရွေး အင်တာနက်စနစ်ပူးတွဲပါရှိတဲ့ မိုဘိုင်းဆင်းကတ်တွေကို ဈေးနှုန်းသက်သက် သာသာနဲ့ ရောင်းချပေးနိုင်ဖို့ စီစဉ်နေ ပါတယ်။ မြန်မာပြည်သူတွေ အဆင့်မြင့် ဆက်သွယ်ရေးစနစ် ထည့်သွင်းထားတဲ့ လက်ကိုင်ဖုန်းတွေ

ပုဂံယဉ်ကျေးမှုနယ်မြေအနီး တုရင်တောင်တွင် ရေနံတူးမည်

ပုဂံယဉ်ကျေးမှုနယ်မြေအနီး တုရင်တောင် အဖျားတွင် ရေနံ တူးဖော်ရန် ဆောင်ရွက်မှုများ ပြုလုပ် သည့်အတွက် ရှေးဟောင်းတုရင်တောင် စွယ်တော်စေတီ အခြားအမွေအနှစ် ပျက်စီးဆုံးရှုံးမှုများ ရှိလာနိုင်သည်ဟု ဒေသခံများက စိုးရိမ်လျက်ရှိကြောင်း ပုဂံချစ်သူအဖွဲ့နာယက ဦးမင်းနိုင်က မဇ္ဈိမကိုပြောသည်။

ရေနံတူးဖော်ရန်ပြင်ဆင်သောနေရာသည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေနှင့် ၁၀ မိုင်ကျော်အကွာ သဲပြင်တော ကျေးရွာတွင်ဖြစ်သည်။ အဆိုပါစီမံကိန်းသည် ယဉ်ကျေးမှုနယ်မြေအနီးရှိ တုရင်တောင်ဖျားတွင်

အစိုးရတပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်များ တိုက်ပွဲထပ်ဖြစ်

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ် မုံးကိုးမြို့နယ်ခွဲအတွင်း အစိုးရစစ်တပ်နှင့် တိုင်းရင်းသား ပူးပေါင်းတပ်ဖွဲ့များသည် မေလ၂၀ ရက် နံနက်ပိုင်းက တိုက်ပွဲများ ထပ်မံဖြစ်ပွားနေသည်ဟု တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ အတွင်းရေးမှူး ဗိုလ်မှူးကြီး မိုင်းဘုန်းကျော်က ပြောသည်။

မုံးကိုးမြို့နယ်၊ ခွဲကောင်းမူးလိုင် ကျေးရွာအတွင်းအစိုးရ၏ တပ်မ ၈၈ လက်အောက်ခံတပ်ဖွဲ့များ လှုပ်ရှားလာသဖြင့် ကချင်လွတ်မြောက်ရေး တပ်မတော် KIA ၊တအာင်းတပ်မတော် TNLA နှင့် MNDAA

ကျောင်းများကို ဒေါ်လာသန်း ၈၀ ကမ္ဘာ့ဘဏ်ကူညီ

မြန်မာနိုင်ငံရှိ ကျောင်းသူကျောင်းသား ၈ ဒသမ ၂ သန်း တက်ရောက်ပညာသင်ကြားနေသည့် စာသင်ကျောင်းများသို့ ကျောင်းရန်ပုံငွေထောက်ပံ့ခြင်း အစီအစဉ်နှင့် ဆင်းရဲနွမ်း ပါးသော ကျောင်းသူကျောင်းသား တစ်သိန်းခန့်အား ပညာသင်ထောက်ပံ့ပေးခြင်း အစီအစဉ်များကို တိုးချဲ့ဆောင်ရွက်နိုင်ရန် မြန်မာအစိုးရအား ကမ္ဘာ့ဘဏ်က ကန်ဒေါ်လာသန်း ၈၀ ကူညီသွားမည်ဖြစ်ကြောင်း မေလ ၂၁ ရက်တွင် ထုတ်ပြန် ကြေညာလိုက်သည်။

“အခွင့်အလမ်းတွေ နည်းပါးပြီး ဝေးလံတဲ့ဒေသက ဆင်းရဲနွမ်းပါးတဲ့ ကလေးငယ်တွေအတွက် ပညာရေးကောင်း မွန်စေဖို့ ဆောင်ရွက်တာဟာ မြန်မာနိုင်ငံအတွက် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးနဲ့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျပါတယ်” ဟု ကမ္ဘာ့ဘဏ် မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စား လှယ် မစ္စတာ ခန်သန်ရှန်ကာက ပြောသည်။

သတင်းထောက်၏ဖုန်းကို လုယူထွက်ပြေးသူအားဖမ်းမိ

လမ်းလျှောက်ရင်း ဖုန်းပြောနေသော သတင်းထောက်ထံမှ ဖုန်းကို နောက်မှလိုက်ကာ လုယူထွက်ပြေး သူအား ဖမ်းဆီးရမိလိုက်ကြောင်း သိရသည်။

ပဲ့တင်သံဂျာနယ်သတင်းထောက်တစ်ဦးဖြစ်သူ မဘေဘီနီလုံဦး ၃၄ နှစ် မှာ မေ ၁၃ ရက်တွင် ဂျာနယ်တိုက်မှ လိုင်းကားစီး၍ ဗဟန်းမြို့နယ်ရှိ နေအိမ်သို့ပြန် ရန် ည ၈ နာရီခွဲတွင် ဗဟန်း(၃)လမ်း ကားမှတ်တိုင်၌ဆင်းပြီး ဟွာဝေး ၆၁ဝ ဖုန်းဖြင့် ဖုန်းပြောလမ်းလျှောက်လာ စဉ် နောက်မှလိုက်လာသော

အပစ်ရပ်မူကြမ်းပါ ညှိနှိုင်းရခက်သည့် စကားလုံးများကို ပထမနေ့တွင်ပင် ဆွေးနွေးအောင်မြင်ဟုဆို

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင် ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ အပစ်ရပ်မူကြမ်း တစ်ခုတည်းအတွက် ဒုတိယအကြိမ် ဆွေးနွေးမှုတွင် ယခင်ညှိနှိုင်းရခက်သည့် ဖက်ဒရယ်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်စသော စကားလုံးများကို ဆွေးနွေးမှုအဆင်ပြေလာပြီဟု တိုင်းရင်းသား ခေါင်းဆောင်များက ပြောသည်။

မေ ၂၁ ရက်တွင် ရန်ကုန်မြို့၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန၌ အပစ်ရပ်မူကြမ်းတစ်ခုတည်းအတွက် ဆွေးနွေးပွဲပြီးနောက် သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

သမ္မတနှင့် အစိုးရအဖွဲ့ ထည့်ဝင်ငွေဖြင့် ဆင်းရဲသူများကူညီရေးကော်မတီ ဖွဲ့မည်

သမ္မတအပါအ၀င် ပြည်ထောင်စုအစိုးရ အဖွဲ့ဝန်ကြီးများ ထည့်ဝင်ငွေဖြင့် ဆင်းရဲသူများကူညီရေး ကော်မတီ များကို ဇွန်လတွင် စတင်ဖွဲ့စည်းကာ ဆောင်ရွက်သွားမည်ဖြစ်သည်ဟု သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က မဇ္ဈိမကို မေ၂၁ ရက်တွင် ပြောသည်။
သမ္မတအပါအ၀င် ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီးများ လစာ၏ ၂၅ ရာခိုင်နှုန်းကို ဆင်းရဲသူများ ကူညီစောင့်ရှောက် ရေးရန်ပုံငွေကို မေလအကုန်တွင် စတင်ကာ သတ်မှတ် ထားသည့် နေပြည်တော်ရှိ မြန်မာစီးပွားရေးဘဏ်အတွင်းသို့ ထည့်ဝင်ပြီး အကောင်အထည်ဖော် သွားမည်ဟု ဆိုသည်။
“ပြည်ထောင်စုအဆင့်ဝန်ကြီးတွေပဲ ပါတယ်။ ဒါကဥပဒေအရဆောင်ရွက်တာ မဟုတ်ပါဘူး။ ဆင်းရဲ သူတွေကို ကူညီဖို့ သမ္မတကြီး အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောတော့အားလုံးက ၀ိုင်းထည့်ကြ မှာပါ။

မုန်တိုင်းသတင်း

၂၀၁၄ခုနှစ်၊ မေလ(၂၂)ရက်နေ့ မြန်မာစံတော်ချိန်( ၀၇း၀၀) နာရီ အချိန်ထုတ်ပြန်ချက် ယနေ့မြန်မာ စံတော်ချိန်(၀၆း၃၀)နာရီအချိန်တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည်၊ မြန်မာနိုင်ငံ ၊ဂွမြို့၏ အနောက်တောင်ဘက် မိုင်(၂၂၀)ခန့်၊ ပုသိမ်မြို့၏ အနောက်-အနောက်တောင်ဘက် (၂၂၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
အဆိုပါမုန်တိုင်းငယ်သည်မြောက်-အရှေ့မြောက်သို့ဆက်လက် ဦးတည်ရွေ့လျားမည်ဟုခန့်မှန်းရပါသည်။
မုန်တိုင်းငယ်၏လက်ရှိအခြေအနေမှာအဝါရောင်အဆင့်သာရှိသော်လည်း လာမည့်(၂)ရက် အတွင်းမြန်မာ

လွှတ်တော် ကိုယ်စားလှယ်လောင်း မှတ်ပုံတင်ကြေး ကျပ်သုံးသိန်း ပြောင်းလဲသတ်မှတ်

ရွေးကောက်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၏ မှတ်ပုံတင်ကြေးကို မူလ ကျပ်ငွေ ငါးသိန်း သတ်မှတ်ထားရာမှ ကျပ်ငွေ သုံးသိန်းသို့ လျှော့ချ သတ်မှတ် လိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က The Voice သို့ ပြောကြားသည်။
အဆိုပါ ရွေးကောက်ပွဲ မှတ်ပုံတင်ကြေးနှင့် ပတ်သက်ပြီး မေလ ၁၅ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး Sky Star ဟိုတယ်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပြီးနောက် ယင်းသို့ လျှော့ချသတ်မှတ်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း ၎င်းကပြောကြားသည်။
“တချို့ ပါတီတွေ ဆိုရင် တစ်သိန်းအထိ လျှော့ပေးဖို့ ပြောတာပဲ၊ သုံးသိန်းက အသင့်တော်ဆုံး သတ်မှတ်ပေးတာပါ။ မကြာခင် ပြင်ဆင်ချက် နည်းဥပဒေ မူကြမ်းကို ထုတ်ပြန်သွားမှာပါ” ဟု ဦးသောင်းလှိုင်က ဆိုသည်။

သီလရှင်ကို အမျိုးသားတွေ ရှိခိုးသင့်ပါသလား ??

Photo: သီလရှင်ကို အမျိုးသားတွေ ရှိခိုးသင့်ပါသလား ??
Thursday, May 22, 2014

``သီလရှင်´´ စတင်ဖြစ်ပေါ်လာပုံ သမိုင်း အကျဉ်းကို အရင်သိထားဖို့လိုပါတယ်။ မြတ်စွာဘုရား လက်ထက်တော်အခါကာလမှာ မိထွေးတော် ဂေါတမီကို အကြောင်းပြုပြီး ``အမျိုးသမီးသာသနာ´´ စတင်ပေါ်ထွန်း ခဲ့ပါတယ်။

စာလိုပေလို့တော့ ``ဘိက္ခူနီ သာသနာ´´ လို့ခေါ်တာပေါ့။
အဲဒီသာသနာဟာ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်ပြီး နှစ်ပေါင်းငါးရာလောက်မှာပဲ အပြီးတိုင် ပျောက်ကွယ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသမီးတွေ မြတ်စွာဘုရားရဲ့ ဝိနည်းသိက္ခာပုဒ်တွေကို ထိန်းသိမ်းနိုင်သူ မိမိကိုယ်ကို ကာကွယ် စောင့်ရှောက်နိုင်စွမ်း ရှိသူတွေ မပေါ်ထွန်းတော့လို့ပါပဲ။
မြန်မာနိုင်ငံတွင် သာသနာနှစ် ``၉၀၀-၁၄၀၀´´ အတွင်းမှာ အမျိုးသမီးတွေ သာသနာတွင်း ဝင်ရောက်လာခြင်းမှစ၍ ``သီလရှင် သာသနာ´´ စတင် ပေါ်ထွန်းခဲ့ပါတယ်။ ကုန်းဘောင်ခေတ် အရောက်မှာတော့ သာသနာပိုင် ရှမ်းကလေးကျွန်း ဆရာတော်ရဲ့ ညီမအရင်းဖြစ်ပြီး အလွန်နာမည်ကြီးတဲ့ သီလရှင် ``မယ်ကင်း´´(ဘွဲ့အမည်ကတော့ ``မယ်ခေမာ´´)ရဲ့ ကြိုးစားအားထုတ်မှုကြောင့် မြန်မာနိုင်ငံ သီလရှင် သာသနာဟာ ထွန်းတောက်လာခဲ့ ပါတော့တယ်။ ဒါဟာ ``သီလရှင် သာသနာသမိုင်း´´ အကျဉ်းချုပ်ပါ။

အမျိုးသမီးတွေဟာ သီလရှင် ဝတ်ပြီဆိုတာနဲ့ ရဟန်းတော် တစ်ပါးပါးထံမှာ ရှစ်ပါး သို့မဟုတ် ကိုးပါးသီလကို ခံယူ ဆောက်တည်ကြရပါတယ်။ သီလရှင် အချင်းချင်းထံမှာ သီလရှင်ဝတ်လို့ မရပါဘူး။ သီလရှင်ဖြစ်ပြီ ဆိုတာနဲ့ လိင်ဆယ်ပါး ဒဏ်ဆယ်ပါး သေခိယ(၇၅)ပါးစတဲ့ ကျင့်ဝတ်တရားတွေကို စောင့်ထိန်းကြဖို့ ဆရာတော်က မိန့်ကြားရပါတယ်။ 

ဒါဆိုရင် ``သီလရှင်ကို အမျိုးသားတွေ ရှိခိုးသင့် မသင့်´´ ဆိုတာ ရိပ်မိလောက်ပြီ ထင်ပါတယ်။ ဗုဒ္ဓသာသနာတော်မှာ ရှိခိုး ပူဇော်ခြင်း ဆိုတာဟာ သီလနဲ့ သာသနာတော်ကိုသာ ရှိခိုးပူဇော်တာဖြစ်ပြီး ပုဂ္ဂိုလ်ကို အဓိကထားတာ မဟုတ်ပါဘူး။ ပုဂ္ဂိုလ်ကို ကြည့်မယ်ဆိုရင်တော့ သူလည်း ခန္ဓာငါးပါး ကိုယ်လဲခန္ဓာငါးပါး ထူးခြားမှုမရှိပါဘူး။ များသောအားဖြင့် ငါးပါးသီလသာ စောင့်ထိန်းကြတဲ့ အမျိုးသားတွေဟာ သီလရှင်တွေကို သူတို့ပြုစုနေတဲ့ သာသနာတော်နဲ့ သူတို့စောင့်ထိန်းထားတဲ့ သီလသိက္ခာတွေ ကျင့်ဝတ်တရားတွေကို ပူဇော်တယ်လို့ သဘောထားပြီး ရှိခိုးပူဇော်မယ်ဆိုရင် ကုသိုလ်တွေ ပွားနိုင်ပါတယ်။ ထို့အပြင် မိန်းမတွေဟာ ယောက်ျားတွေထက် ယုတ်ညံ့တယ်ဆိုတာလည်း မဖြစ်နိုင်တဲ့အတွက် ကိုယ့်ထက် အသက် သိက္ခာကြီးမားတဲ့ အမျိုးသမီးတွေ သီလရှင်တွေကို ကန့်တော့ခြင်းဟာ ဘုန်းနိမ့်တယ်ဆိုတာ မမှန်ကန်ပါဘူး။ တစ်ချို့အမျိုးသမီးတွေတောင် မရှိခိုးကြပါဘူး။ သီလရှင် ရှိခိုးရင် ဘုန်းနိမ့်သလို လိုဘာလို့လိုနဲ့ မရှိခိုးကြဘူး တစ်ကယ်တော့ သီလရှင်မှာ လဲ သိက္ခာပုတ်တွေအများကြီးရှိပါတယ် လူတွေမှာက ငါးပါးသီလပဲ စောင့်ကြတယ်။ 

ငါးပါးသီလတောင် လူတိုင်းမမြဲကြပါဘူး။ဆရာတော်ပြောသလိုပေါ့ ပုဂ္ဂိုလ်ကို အဓိကထားတာမဟုတ်ပါဘူး သီလကို အဓိကထားတာပါ ဒါကြောင့် အမှန်တကယ် သီလရှင်ကို ရှိခိုးသင့်ပါတယ်။ ကိုယ်ရဲ့ အမေ အမတွေတောင် ရှစ်ခိုးသေးတာပဲ သိက္ခာပုတ်စောင့်ထိန်းပြီး ဘုရား သာသနာတွင်းမှာနေတဲ့ သီလရှင်ဆိုတော့ ပိုပြီးတော့တောင် ရှိခိုးရမှာပါ ။ သီလရှင်တွေကို ရှိခိုးရင် ဘုန်းနိမ့်သလိုလို ကံနိမ့်သလိုလိုနဲ့ မရှိခိုးပဲ လူနဲ့ တန်းတူ ဆက်ဆံ တာတွေ တွေ့ရမြင်ရတာ တကယ် စိတ်မချမ်းသာစရာတွေပါ ။ အားလုံး တရားအမှန်ကို သိကြပါစေလို့ ရှင်းပြရင်း နိဂုံးချုပ်လိုက်ရပါတယ်……။

မေတ္တာဖြင့်
ရွှေဘုန်း(စေတနာပန်းခင်းဆရာတော်)
စာအုပ်မြို့တော် မှ ပြန်လည်မျှဝေသည်
``သီလရှင်´´ စတင်ဖြစ်ပေါ်လာပုံ သမိုင်း အကျဉ်းကို အရင်သိထားဖို့လိုပါတယ်။ မြတ်စွာဘုရား လက်ထက်တော်အခါကာလမှာ မိထွေးတော် ဂေါတမီကို အကြောင်းပြုပြီး ``အမျိုးသမီးသာသနာ´´ စတင်ပေါ် ထွန်း ခဲ့ပါတယ်။

စာလိုပေလို့တော့ ``ဘိက္ခူနီ သာသနာ´´ လို့ခေါ်တာပေါ့။
အဲဒီသာသနာဟာ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်ပြီး နှစ်ပေါင်းငါးရာလောက်မှာပဲ အပြီးတိုင် ပျောက်ကွယ် ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသမီးတွေ မြတ်စွာဘုရားရဲ့ ဝိနည်းသိက္ခာပုဒ်တွေကို ထိန်းသိမ်းနိုင်သူ မိမိကိုယ်ကို ကာကွယ် စောင့်ရှောက်နိုင်စွမ်း ရှိသူတွေ မပေါ်ထွန်းတော့လို့ပါပဲ။
မြန်မာနိုင်ငံတွင် သာသနာနှစ် ``၉၀၀-၁၄၀၀´´ အတွင်းမှာ အမျိုးသမီးတွေ သာသနာတွင်း ဝင်ရောက်လာခြင်းမှစ၍ ``သီလရှင် သာသနာ´´ စတင် ပေါ်ထွန်းခဲ့ပါတယ်။ ကုန်းဘောင်ခေတ်

NDF ပါတီ ခေါင်းဆောင် ဒေါက်တာသန်းငြိမ်း အသည်းကင်ဆာဖြင့် ကွယ်လွန်

Photo: NDF ပါတီ ခေါင်းဆောင် ဒေါက်တာသန်းငြိမ်း အသည်းကင်ဆာဖြင့် ကွယ်လွန် 

ရန်ကုန်၊ မေ ၂၁

အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီကို စတင်တည်ထောင်သူ ဥက္ကဋ္ဌဟောင်း ဒေါက်တာသန်းငြိမ်းသည် မေလ ၂၁ ရက်နေ့ နံနက် ၆ နာရီခွဲတွင် အသည်းကင်ဆာဖြင့် ကွယ်လွန်သွားကြောင်း NDF ပါတီ ပြန်ကြားရေးဌာန တာဝန်ခံ ဦးတိုးတိုးက ပြောကြားသည်။

ဒေါက်တာသန်းငြိမ်းသည် အသည်းကင်ဆာ ကုသရန်အတွက် ဒဂုံမြို့သစ်မြောက်ပိုင်း ပင်လုံဆေးရုံတွင် တက်ရောက်နေစဉ် ကွယ်လွန်ခြင်း ဖြစ်ပြီး မေလ ၂၃ ရက်နေ့ ရေဝေးသုဿန်တွင် သဂြိုဟ်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“ကျွန်တော်တို့ ပါတီအတွက်တော့ အစားထိုးလို့ မရတဲ့ ဆုံးရှုံးမှု တစ်ခုပါပဲ” ဟု ၎င်းကဆိုသည်။

ဒေါက်တာသန်းငြိမ်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင် တစ်ဦးဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲကို NLD က သပိတ်မှောက်ချိန်တွင် ခွဲထွက်ကာ NDF ပါတီကို တည်ထောင်၍ ရွေးကောက်ပွဲ ဝင်ခဲ့သည်။ 

NLD ပါတီမှ ခွဲထွက်သွားသော်လည်း ပုဂ္ဂိုလ်ရေးအရ ခင်မင်ရင်းနှီး နေသောကြောင့် ဝမ်းနည်းမိပါကြောင်း NLD ပါတီ အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ပြောကြားသည်။
“သူ့ကို နိုင်ငံရေးအရ မဟုတ်ဘဲ ပုဂ္ဂိုလ်ရေးနဲ့ ပတ်သက်ပြီး ဆေးရုံတက်နေစဉ်မှာ သွားမေးမြန်းခဲ့ပါတယ်။ နောက်ဆုံးခရီးကိုလည်း NLD ပါတီက လိုက်ပို့မှာပါ” ဟု ၎င်းကဆိုသည်။

ဒေါက်တာသန်းငြိမ်းသည် ရန်ကုန်ဆေးတက္ကသိုလ်မှ ဆေးပညာဘွဲ့ကို ၁၉၆၃ ခုနှစ်တွင် ရရှိခဲ့ပြီး ကုလသမဂ္ဂ စေတနာ့ဝန်ထမ်း ဆရာဝန်အဖြစ် သီရိလင်္ကာနိုင်ငံတွင် (၁၉၈၄-၈၆ အထိ) ဆောင်ရွက်ခဲ့သော်လည်း ၁၉၈၈ အရေးတော်ပုံတွင် ပါဝင်မှုဖြင့် ဖယ်ခုံရဲစခန်းတွင် အချုပ်ခံရပြီးနောက် ပင်စင်အပေးခံခဲ့ရသည်။

စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နှင့်လည်း ယောက်ဖတော်စပ်သူ ၎င်းသည် ကျောက်တန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီသို့ ပါတီဝင် တစ်ဦးအဖြစ် စတင်ဝင်ရောက်ခဲ့ပြီး မြို့နယ်ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ခဲ့ကာ ၁၉၉၀ ရွေးကောက်ပွဲတွင် ကျောက်တန်းမြို့နယ် မဲဆန္ဒနယ်မြေမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် တင်မြှောက်ခံရသည်။

၁၉၉၇ ခုနှစ် အောက်တိုဘာလတွင် မရမ်းကုန်းမြို့နယ် လူငယ်ဖွဲ့စည်းရေးကိစ္စ ဆောင်ရွက်မှုဖြင့် ထောင်ဒဏ် ၁၀ နှစ်နီးပါး ကျခံခဲ့ရပြီး ၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်ခဲ့သည်။

ထို့နောက် NLD ပါတီ ရန်ကုန်တိုင်း ဒုတိယဥက္ကဋ္ဌအဖြစ် လုပ်ဆောင်ခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အဖြစ် တာဝန်ပေးအပ်ခံရသည်။

၂၀၁၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကို NLD ပါတီက ဝင်ရောက် ယှဉ်ပြိုင်ခြင်း မပြုသောကြောင့် နုတ်ထွက်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ် ဇွန်လအတွင်း တည်ထောင်ခဲ့သော အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီတွင် ဗဟိုအလုပ်အမှုဆောင် ကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သော်လည်း ၂၀၁၂ ခုနှစ်တွင် ကျန်းမာရေး အခြေအနေအရ ပါတီခေါင်းဆောင် တာဝန်ကို ပြောင်းလဲ ထမ်းဆောင်ခဲ့သည်။

ကွယ်လွန်သွားချိန်တွင် အသက် ၇၆ နှစ်ရှိပြီ ဖြစ်သော အမျိုးသားဒီမိုကရေစီ အင်အားစု NDF ပါတီ ဥက္ကဋ္ဌဟောင်း ဒေါက်တာသန်းငြိမ်းသည် အချိုးကျ ကိုယ်စားပြု မဲပေးစနစ် (PR) ကို မြန်မာပြည်တွင် ကျင့်သုံးသင့်ကြောင်း စတင် အရေးဆိုခဲ့သူ တစ်ဦးဖြစ်ကာ နိုင်ငံရေးစာပေများကို ရေးသားခဲ့ပြီး ရွှေဂုံတိုင် ရှင်းတမ်း စာတမ်းနှင့် တောဆရာဝန်ဘဝ အတွေ့အကြုံ စာအုပ်ကို ထုတ်ဝေခဲ့သည်။
အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီကို စတင်တည်ထောင်သူ ဥက္ကဋ္ဌဟောင်း ဒေါက်တာ သန်းငြိမ်းသည် မေလ ၂၁ ရက်နေ့ နံနက် ၆ နာရီခွဲတွင် အသည်းကင်ဆာဖြင့် ကွယ်လွန်သွားကြောင်း NDF ပါတီ ပြန်ကြားရေးဌာန တာဝန်ခံ ဦးတိုးတိုးက ပြောကြားသည်။

ဒေါက်တာသန်းငြိမ်းသည် အသည်းကင်ဆာ ကုသရန်အတွက် ဒဂုံမြို့သစ်မြောက်ပိုင်း ပင်လုံဆေးရုံတွင် တက်ရောက်နေစဉ် ကွယ်လွန်ခြင်း ဖြစ်ပြီး မေလ ၂၃ ရက်နေ့ ရေဝေးသုဿန်တွင် သဂြိုဟ်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“ကျွန်တော်တို့ ပါတီအတွက်တော့ အစားထိုးလို့ မရတဲ့ ဆုံးရှုံးမှု တစ်ခုပါပဲ” ဟု ၎င်းကဆိုသည်။

ဂြိုလ်သားတွေရဲ့ UFO ယာဉ်တစီး ပျက်ကျတယ်လို့ ဒေသခံတွေပြော

အာကာသထဲက ကျလာတဲ့ ပစ္စည်း ၃ ခုဟာ တရုတ်နိုင်ငံ၊ ဟိုင်လောင်ဂျန်း ခရိုင်က မြေပြင်ကို ရိုက်ခတ် ကာ ကြီးမားတဲ့ ပေါက်ကွဲ သံကြီး တခု ပြီးခဲ့တဲ့ သောကြာနေ့က ကြားခဲ့ရပြီး ရွာသားတွေက ဒါဟာ ဂြိုလ် သားတွေ စီးတဲ့ အမည်မသိယာဉ်ပျံ ( UFO ) ပျက်ကျခဲ့တာလို့ ပြောဆို ယူဆနေကြပါတယ်။

ဒေသဆိုင်ရာ သတင်းမီဒီယာတွေကလည်း ဂြိုလ်သားတွေရဲ့ UFO ယာဉ်ပျက်ကျရာက အပိုင်းအစတခု လို့ပဲ ပြောဆိုရေးသားနေကြပါတယ်။

ဘက္ထရီအိုး(၂)လုံးအား မသင်္ကာဖွယ်လိုက်လံရောင်းချနေသည်ကို တွေ့ရှိသဖြင့် အရေးယူစစ်ဆေးရာမှ မော်တော်ယာဉ်များမှ ဘက္ထရီအိုး ခိုးယူခဲ့မှုများပေါ်ပေါက်

Photo: ဘက္ထရီအိုး(၂)လုံးအား မသင်္ကာဖွယ်လိုက်လံရောင်းချနေသည်ကို
တွေ့ရှိသဖြင့် အရေးယူစစ်ဆေးရာမှ မော်တော်ယာဉ်များမှ ဘက္ထရီအိုး ခိုးယူခဲ့မှုများပေါ်ပေါက်
Thursday, May 22, 2014

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊
အထူးမှုခင်းနှိမ်နင်းရေးဌာနစုမှတပ်ဖွဲ့ဝင်များသည်၁၇.၅.၂၀၁၄ရက်နေ့ ၀၇၀၀အချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ တောင်လုံးပျံ ရပ်ကွက်၊ အထည်အဟောင်းဆိုင်များအနီး၌ ခိုးမှုပြစ်ချက်ဟောင်းရှိသူ ခေါလေး
(ခ)ဇော်ဝင်း၊(၃၅)နှစ်၊ (ဘ)ဦးမောင်မောင်၊ သာကေတမြို့နယ်နေသူမှ ဘက္ထရီအိုး(၂)လုံးအား မသင်္ကာဖွယ်လိုက်လံရောင်းချ နေသည်ကို
တွေ့ရှိရပြီး ၎င်းထံမှ ကွင်း၊ဂွ(၂)ချောင်းတို့ကိုလည်းတွေ့ရှိရသဖြင့် စစ်မေးရာ အဆိုပါ ဘက္ထရီအိုးများကို ၎င်းပိုင်ဆိုင်ကြောင်းခိုင်လုံစွာ
ပြောပြနိုင်ခြင်းမရှိသည့်အပြင် ကွင်း၊ဂွများမှာ မော်တော်ယာဉ်များမှ
ဘက္ထရီအိုးများဖြုတ်ခိုးရာတွင်အသုံးပြုသော ပစ္စည်းများဖြစ်ကြောင်း
သိရှိရသဖြင့် မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း (ပ)၃၂၈/၂၀၁၄၊ ပြစ်မှု
ပုဒ်မ-၃၇၉/၅၄ဖြင့် အမှုဖွင့်ကာ စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

၎င်းအား အခြားခိုးမှုများကျူးလွန်ထားခြင်းရှိ/မရှိ ဆက်လက်စစ်ဆေး
ရာ ၂၀၁၄ ခုနှစ်၊ (၅)လပိုင်း အတွင်းက ရန်ကင်းမြို့နယ်၊ မိုးကောင်း
လမ်းတွင်ရပ်ထားသော ဒိုင်နာယာဉ်(၄)စီးမှ ဘက္ထရီအိုး(၇)လုံးနှင့်
သစ္စာလမ်း မီးရထားလမ်းကူးအနီးတွင်ရပ်ထားသောဒိုင်နာယာဉ်
(၁)စီးမှ ဘက္ထရီအိုး(၁)လုံးတို့ကို ခိုးယူခဲ့ကြောင်းပေါ်ပေါက်သဖြင့် ရန်ကင်းမြို့မရဲစခန်းတွင် အမှုများဖွင့်လှစ်ကာ အရေးယူဆောင်ရွက်
လျက်ရှိပါသည်။

ထို့ပြင် ၂၀၁၄ ခုနှစ်၊ (၄)လပိုင်းအတွင်းကလည်း တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်းတွင်ရပ်ထားသော ဒိုင်နာယာဉ်(၁)စီးမှ ဘက္ထရီအိုး
(၂)လုံး၊ သမိန်ဗရမ်းလမ်းတွင်ရပ်ထားသော ဒိုင်နာယာဉ်(၁)စီးမှ 
ဘက္ထရီ အိုး(၁)လုံး၊ စက်ရုံလမ်းဘေးတွင်ရပ်ထားသော ဒိုင်နာယာဉ်
(၁)စီးမှ ဘက္ထရီအိုး(၁)လုံး၊ ဣစ္ဆာသယ လမ်းတွင်ရပ်ထားသော ဒိုင်နာယာဉ်(၂)စီးမှဘက္ထရီအိုး(၃)လုံး၊ သြဘာလမ်းတွင်ရပ်ထားသော
ဒိုင်နာ ယာဉ်(၁)စီးမှ ဘက္ထရီအိုး(၂)လုံးနှင့် (၅)လပိုင်းအတွင်းက သမိန်ဗရမ်းလမ်းတွင်ရပ်ထားသော ဒိုင်နာယာဉ်(၃)စီးမှ ဘက္ထရီအိုး
(၅)လုံးတို့ကို ခိုးယူခဲ့ကြောင်းပေါ်ပေါက်သဖြင့် တာမွေမြို့မရဲစခန်းတွင် အမှုများအသီးသီးဖွင့်လှစ်ကာ အရေးယူဆောင်ရွက်လျက်ရှိပါသည်။

ယင်းအမှုများမှသက်သေခံပစ္စည်းများအား ပြန်လည်သိမ်းဆည်းခဲ့ပြီး
ပြစ်မှုကျုးလွန်သူခေါလေး(ခ) ဇော်ဝင်းအား ဆက်လက်စစ်ဆေး အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

့Yangon Police
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊အထူးမှုခင်းနှိမ်နင်းရေးဌာနစုမှတပ်ဖွဲ့ဝင်များသည်၁၇.၅.၂၀၁၄ရက်နေ့ ၀၇၀၀အချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ တောင်လုံးပျံ ရပ်ကွက်၊ အထည်အဟောင်းဆိုင်များအနီး၌ ခိုးမှုပြစ်ချက်ဟောင်းရှိသူ ခေါလေး(ခ)ဇော်ဝင်း၊(၃၅)နှစ်၊ (ဘ)ဦးမောင်မောင်၊ သာကေတမြို့နယ်နေသူမှ ဘက္ထရီအိုး(၂)လုံးအား မသင်္ကာဖွယ်လိုက်လံရောင်းချ နေသည်ကိုတွေ့ရှိရပြီး ၎င်းထံမှ ကွင်း၊ဂွ(၂)ချောင်းတို့ ကိုလည်းတွေ့ရှိရသဖြင့် စစ်မေးရာ အဆိုပါ ဘက္ထရီအိုးများကို ၎င်းပိုင်ဆိုင်ကြောင်း ခိုင်လုံစွာပြောပြနိုင်ခြင်း မရှိသည့်အပြင် ကွင်း၊ဂွများမှာ မော်တော်ယာဉ်များမှ ဘက္ထရီ အိုးများဖြုတ်ခိုးရာတွင်အသုံးပြုသော ပစ္စည်းများဖြစ်ကြောင်းသိရှိရသဖြင့် မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း (ပ)၃၂၈/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၇၉/၅၄ဖြင့် အမှုဖွင့်ကာ စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

ဘန်ကောက်နားက စမွတ်စခုံမှာ လက်နက်ခဲယမ်းတွေဖမ်းမိ

အာဆီယံထဲမှာ မြန်မာက ကျန်းမာရေး အသုံးစရိတ် အနိမ့်ဆုံး

Photo: အာဆီယံထဲမှာ မြန်မာက ကျန်းမာရေး အသုံးစရိတ် အနိမ့်ဆုံး
Thursday, May 22, 2014

မြန်မာနိုင်ငံရဲ့ ၂၀၁၄-၂၀၁၅ ကျန်းမာရေး အသုံးစရိတ်ဟာ အာဆီယံနိုင်ငံတွေထဲမှာ တတိယအနိမ့်ဆုံးဖြစ်နေပေမယ့် ကာကွယ်ရေးအသုံးစရိတ်ကတော့ အာဆီယံနိုင်ငံထဲမှာ အများဆုံးဖြစ်နေတယ်လို့ သိရပါတယ်။အာဆီယံနိုင်ငံတွေထဲမှာ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ မြန်မာတို့ဟာ ကျန်းမာရေးအတွက် ငါးရာခိုင်နှုန်းဝန်းကျင်သာသုံးစွဲ ထားတယ်ဆို ပေမယ့် လာအိုနိုင်ငံကတော့ လေးရာခိုင်နှုန်းပဲ သုံးစွဲထား တယ်လို့ သိရပါတယ်။ တခြားနိုင်ငံတွေကတော့ ၁၀ ရာခိုင်နှုန်းနဲ့ အထက် သုံးစွဲကြတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ကျန်းမာရေးကဏ္ဍမှာ ဘတ်ဂျက်နည်းနေပေမယ့် ကာကွယ်ရေးအတွက် အသုံးစရိတ် ကတော့ အာဆီယံနိုင်ငံတွေထဲမှာ အများဖြစ်နေတယ်လို့လည်း သိရပါတယ်။

Action Aid Myanmar က စီးပွားရေးသုတေသနပညာရှင် Mr- Bart Robertson ကတော့ မြန်မာနိုင်ငံအနေနဲ့  ပြည်သူ့သဘောထား ဆန္ဒနဲ့ကိုက်ညီတဲ့ ဘတ်ဂျတ်တစ်ခုဖြစ်လာစေဖို့အတွက် အာဆီယံ ဒေသတွင်း နိုင်ငံတွေနဲ့ ချိန်ညှိပြီး ပညာရေးနဲ့ ကျန်းမာ ရေး ကဏ္ဍတွေမှာ ဘတ်ဂျတ်တိုးပြီး ရင်းနှီးမြုပ်နှံသင့်တယ် လို့ ပြောသွားခဲ့ပါတယ်။  

မြန်မာဝန်ကြီးဌာနတွေရဲ့ အသုံးစရိတ်က  စုစုပေါင်း ကျပ် ၄၃ ဘီလီယံလောက်ရှိပြီး အဲဒီအပေါ် စောင့်ကြည့်ဖို့ ပြည်သူ့ငွေစာရင်းကောင်စီလိုအပ်တဲ့အကြောင်း ဒီလို လုပ်ဆောင်မှသာ နိုင်ငံတော်အသုံးစရိတ်နဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု ရှိလာမယ့်အကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းကလည်း ပြောပါတယ်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်ရဲ့ ကျန်းမာရေးကဏ္ဍ အသုံးစရိတ်ဟာ ၆.၄၁ ရာခိုင်နှုန်းခန့်ရှိပြီး ကာကွယ်ရေး အသုံးစရိတ်ကတော့ နိုင်ငံတော်ဘတ်ဂျက်ရဲ့ ၂၃.၂၃ ရာခိုင်နှုန်း ရှိတဲ့အတွက် အာဆီယံဒေသတွင်းမှာ ကာကွယ်ရေးအသုံးစရိတ်အများဆုံး နိုင်ငံ ဖြစ်နေတဲ့အကြောင်း မြစ်မခသတင်းအရ သိရပါတယ်။

ABC Radio Australia

နိုင်ငံတကာ အန်ဂျီအို အဖွဲ့တခုက ရန်ကုန် မျက်စိဆေးရုံကြီးမှာ အခမဲ့ မျက်စိ ကုသပေးနေစဉ် (ဓာတ်ပုံ- Fred Hollows Foundation)
မြန်မာနိုင်ငံရဲ့ ၂၀၁၄-၂၀၁၅ ကျန်းမာရေး အသုံးစရိတ်ဟာ အာဆီယံနိုင်ငံတွေထဲမှာ တတိယအနိမ့်ဆုံးဖြစ်နေပေမယ့် ကာကွယ်ရေးအသုံးစရိတ်ကတော့ အာဆီယံနိုင်ငံထဲမှာ အများဆုံးဖြစ်နေတယ်လို့ သိရပါတယ်။အာဆီယံနိုင်ငံတွေထဲမှာ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ မြန်မာတို့ဟာ ကျန်းမာရေးအတွက် ငါးရာခိုင်နှုန်းဝန်းကျင်သာသုံးစွဲ ထားတယ်ဆို ပေမယ့် လာအိုနိုင်ငံကတော့ လေးရာခိုင်နှုန်းပဲ သုံးစွဲထား တယ်လို့ သိရပါတယ်။ တခြားနိုင်ငံတွေကတော့ ၁၀ ရာခိုင်နှုန်းနဲ့ အထက် သုံးစွဲကြတယ်လို့ ဆိုပါတယ်။

နှစ်နိုင်ငံနယ်စပ်တွင် ခိုအောင်းနေသည့် RSO သောင်းကျန်းသူအဖွဲ့အား ပူးပေါင်းနှိမ်နင်းရန် မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် ဆွေးနွေး

နှစ်နိုင်ငံ နယ်စပ်တွင် ခိုအောင်းနေသည့် RSO သောင်းကျန်းသူအဖွဲ့အား ပူးပေါင်းနှိမ်နင်းရန် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ် လုံခြုံရေး အရာရှိများ၏ အလံတင်ဆွေးနွေးပွဲအား နယ်စပ်မှတ်တိုင် ၅၀ တွင် မေ ၂၁ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲအား မြန်မာနိုင်ငံ အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကိုနှင့် ရဲအရာရှိများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အမှတ် ၄၂ နယ်ခြားစောင့်တပ်ရင်းမှ တပ်ရင်းမှူး Hassan နှင့်အရာရှိများ တက်ရောက်ခဲ့ကြောင်း သိရသည်။

လိုင်ဇာညီလာခံကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ ထပ်မံတွေ့ဆုံနိုင်ရေး အစိုးရမှ ခွင့်ပြုကူညီပေးရန် NCCT မေတ္တာရပ်ခံ

လိုင်ဇာညီလာခံကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ ထပ်မံတွေ့ဆုံနိုင်ရေး အစိုးရမှ ခွင့်ပြုပေးရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) မှ မေတ္တာရပ်ခံထားကြောင်း မေ ၂၁ ရက်က ရန်ကုန်မြို့ရှိ Myanmar Peace Center တွင်ပြုလုပ်သော အစိုးရနှင့် NCCT တို့၏ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ စာချုပ်မူကြမ်းရေးဆွဲရေး ညှိနှိုင်းမှု ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် NCCT ခေါင်းဆောင် များက ပြော ကြားသည်။

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ်အဆင့်သို့ ပြောင်းလဲခဲ့ပြီး မြန်မာနိုင်ငံသို့ ၀င်ရောက်နိုင်မှုအခြေအနေအား စောင့်ကြည့်လျက်ရှိ

Photo: ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ်အဆင့်သို့ ပြောင်းလဲခဲ့ပြီး မြန်မာနိုင်ငံသို့ ၀င်ရောက်နိုင်မှုအခြေအနေအား စောင့်ကြည့်လျက်ရှိ 
Thursday, May 22, 2014

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် မေ ၂၁ နေ့လယ် ၁ နာရီခွဲခန့်က လေဖိအားနည်းရပ်ဝန်းအဆင့်မှ မုန်တိုင်းငယ်အဆင့်သို့ ပြောင်းလဲခဲ့ပြီး မြန်မာနိုင်ငံသို့ ဝင်ရောက်နိုင်မူအခြေအနေအား စောင့်ကြည့်လျက်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

“အခု ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်းက ပိုမိုအားကောင်းလာပြီးတော့ အဝါရောင်အဆင့်ရှိတဲ့ မုန်တိုင်းငယ်တစ်ခုဖြစ်သွားပြီ။ ခုလောလောဆယ် မုန်တိုင်းငယ်ဖြစ်ရင် မြောက်ဘက်ကနေ အရှေ့မြောက် ရွေ့လျားနိုင်တယ်ဆိုတော့ ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတော့ နည်းနည်း သတိထားဖို့လိုတယ်” ဟု ဦးကျော်မိုးဦးက ပြောကြားသည်။

အဆိုပါ မုန်တိုင်းငယ်သည် ကိုးကိုးကျွန်းမြို့၏ အနောက်၊ အနောက်မြောက်ဘက် ၁၈၅ မိုင်ခန့်အကွာ၊ ပုသိမ်မြို့၏ အနောက်၊ အနောက်တောင်ဘက် ၂၅၅ မိုင်ခန့် အိန္ဒိယနိုင်ငံ ပုတ်ပလေယမြို့၏ အနောက်မြောက်ဘက် ၂၆၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုလျက် ရှိသည်။

မုန်တိုင်းငယ်သည် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနေရာမှ နှစ်ရက်ခန့်အကြာတွင် မြောက်၊ အရှေ့မြောက်ဘက်သို့ ဦးတည်ရွေ့လျားမည်ကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

လာမည့်နှစ်ရက်အတွင်း အဆိုပါ မုန်တိုင်းငယ်သည် မြန်မာ၊ ဘင်္ဂလားဒေရှ်ကမ်းခြေများသို့ ဦးတည် ရွေ့လျားနိုင်ပါသည်။

မုန်တိုင်းအရှိန်ကြောင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးများတွင် နေရာအနှံအပြား မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းကျရောက်ကာ လှိုင်းကြီးနိုင်ပြီး မိုးသက်လေပြင်းကျရောက်စဉ် လေတိုက်နှုန်းသည် တစ်နာရီ မိုင် ၄ဝ မှ ၄၅ မိုင်အထိ တိုက်ခိုက်နိုင်ကြောင်းလည်း ထုတ်ပြန်ထားသည်။

“မုန်တိုင်းသတိပေးချက်တွေကို ကမ်းရိုးတန်းတစ်လျှောက်မှာ ထုတ်ပြန်ပေးထားတယ်။ စက်လှေတွေ ငါးဖမ်းလှေတွေ ပင်လယ်ပြင်ကို မထွက်ဖို့အတွက် ဆိပ်ကမ်းတွေ၊ ရေကြောင်းဦးစီးတွေကို သတင်းတွေ ပို့ထားတယ်။ မုန်တိုင်းနဲ့အတူ မြစ်ဝကျွန်းပေါ်ကိုလည်း မုတ်သုံဆက်ဝင်သွားပြီ ပုံမှန်ဆို မုတ်သုံက တောင်ပိုင်းကိုဝင်ပြီးရင် ၅ ရက်၊ ၁ဝ ရက်လောက် ခြားတယ်။ အခု မုန်တိုင်းကြောင့် မုတ်သုံနည်းနည်း စောဝင်သွားတယ်” ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မိုးဦးကာလနှင့် မိုးနှောင်းကာလများသည် မြန်မာနိုင်ငံသို့ မုန်တိုင်းသက်ရောက်မှု အများဆုံးကာလဖြစ်သဖြင့် မုန်တိုင်းအခြေအနေများအား အမြဲသတိပြုရန် လိုအပ်ကြောင်းလည်း သိရသည်။

“မုန်တိုင်း ကြိုတင်သတိပေးချက်တွေ သိရတဲ့အတွက် မြောင်းမြ၊ လပွတ္တာ၊ ပုသိမ်၊ ဟင်္သာတမှာရှိတဲ့ သစ်တောက ဝန်ထမ်းတွေကို မုန်တိုင်းဒဏ်ကာကွယ်ဖို့နဲ့ ကြိုတင်ပြင်ဆင်မှုတွေလုပ်ဖို့ အသိပေးကြေညာထားပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ရှိ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မိုးဦးကာလတွင် ဘင်္ဂလားပင်လယ်အော်၌ အကြီးမားဆုံးဖြစ်ပွားခဲ့သော မုန်တိုင်းများသည် ၂ဝဝ၆ ခုနှစ်တွင် မာလာမုန်တိုင်း၊ ၂ဝဝ၇ ခုနှစ်တွင် အကာ့ရှ်မုန်တိုင်း၊ ၂ဝဝ၈ ခုနှစ်တွင် နာဂစ်မုန်တိုင်း၊ ၂ဝဝ၉ ခုနှစ်တွင် ဘစ်ဂ်ျလီမုန်တိုင်း၊ ၂ဝ၁ဝ ပြည့်နှစ်တွင် ဂီရိမုန်တိုင်းတို့ အသီးသီး သက်ရောက်ခဲ့ပြီး မေ ၂ ရက်နှင့် ၃ ရက်များက တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းမှာ မြန်မာနိုင်ငံ၏ သမိုင်းတွင် အဆိုးရွားဆုံး ပျက်စီးမှုများကို ရင်ဆိုင်ခဲ့ရသည့် မုန်တိုင်းလည်း ဖြစ်သည်။ 

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပွားသော မုန်တိုင်းများသည် သုံးနှစ်လျှင် မုန်တိုင်း နှစ်လုံးခန့် မြန်မာနိုင်ငံသို့ သက်ရောက်နိုင်ကြောင်းလည်းသိရသည်။

မုန်တိုင်းသက်ရောက်မှုများကို သတိပြုရသော ဒေသများသည် ရခိုင်ပြည်နယ်တည်ရှိသည့် ရခိုင်ကမ်းရိုးတန်းဒေသ၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့ ပါဝင်သည့် မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းဒေသတို့ ဖြစ်သည်။ မုတ်သုံဝင်ရောက်ပြီး မိုးဦး၊ မိုးလယ်၊ မိုးနှောင်းကာလများတွင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း အနည်းဆုံးခုနစ်ကြိမ်ခန့်ဖြစ်ပေါ်ကာ သုံးကြိမ်သည် မုန်တိုင်းငယ်အဖြစ်သို့ ပြောင်းလဲနိုင်ကြောင်းလည်း သိရသည်။

Eleven Media Group
ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် မေ ၂၁ နေ့လယ် ၁ နာရီခွဲခန့်က လေဖိအားနည်းရပ်ဝန်းအဆင့်မှ မုန်တိုင်းငယ် အဆင့်သို့ ပြောင်းလဲ ခဲ့ပြီး မြန်မာနိုင်ငံသို့ ဝင်ရောက်နိုင်မူအခြေအနေအား စောင့်ကြည့်လျက်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

“အခု ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်းက ပိုမိုအားကောင်းလာပြီးတော့ အဝါရောင်အဆင့်ရှိတဲ့ မုန်တိုင်းငယ်တစ်ခုဖြစ်သွားပြီ။ ခုလောလောဆယ် မုန်တိုင်းငယ်ဖြစ်ရင် မြောက် ဘက် ကနေ အရှေ့မြောက် ရွေ့လျားနိုင်တယ်ဆိုတော့ ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတော့ နည်းနည်း သတိထားဖို့လိုတယ်” ဟု ဦးကျော်မိုးဦးက ပြောကြားသည်။