နိုင်ငံတစ်ဝန်းရှိ လမ်းမ ကြီးများဘေးတွင် တည်ဆောက် ထားသော နေအိမ်အဆောက်အအုံများအား လမ်းများ တိုးချဲ့ရန် ဖျက်သိမ်းဖို့ စီစဉ်ခဲ့သော်လည်း ယခုအခါ မူလအတိုင်း ထားရှိတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ယခု အစိုးရသစ်လက်ထက် တွင်ပင် ပြည်ထောင်စုလွှတ်တော် က အတည်ပြု ပြဋ္ဌာန်းထားသော လမ်းမကြီးများ ဥပဒေတွင် ချွတ် ယွင်းချက်များ ပါရှိသဖြင့် ယင်း ဥပဒေအား ပြင်ဆင်သည့် ဥပဒေ ကို လွှတ်တော်နှစ်ရပ်တွင် တင် သွင်းခဲ့ပြီး ယခုလ ၉ ရက်ကကျင်းပသည့် ပြည်ထောင်စုလွှတ်တော်၌ အတည်ပြုခဲ့ခြင်း ဖြစ်သည်။