Monday, July 14, 2014

ပြည်မြို့ သီိရိခေတ္တရာဂေါက်ကွင်း တိုးချဲ့ရန်အတွက် သိမ်းယူထားသည့် လယ်ယာမြေများ ပြန်လည်ရရှိရေး ဆန္ဒဖော်ထုတ်

Photo: ပြည်မြို့ သီိရိခေတ္တရာဂေါက်ကွင်း တိုးချဲ့ရန်အတွက် သိမ်းယူထားသည့် လယ်ယာမြေများ ပြန်လည်ရရှိရေး ဆန္ဒဖော်ထုတ်
Monday, July 14, 2014

ပဲခူးတိုင်းအနောက်ပိုင်းဒေသကြီး၊ ပြည်မြို့ ထမကောက်အုပ်စု၊ ပြည်-မန္တလေး ကားလမ်းဘေးရှိ သီရိခေတ္တရာ ဂေါက်ကလပ် တိုးချဲ့ကွင်းအတွက် သိမ်းယူခဲ့သည့် လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် သိမ်းဆည်းခံ တောင်သူလယ်သမား ၁၉ ဦးက ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆန္ဒဖော်ထုတ်မှုကို ဇူလိုင် ၁၃ ရက်တွင် ပြည်-မန္တလေးကားလမ်း နဖားအင်းကျေးရွာတံတားမှ နံနက် ၈ ခွဲခန့်က စတင်ခဲ့ပြီး ဂေါက်ကွင်း၊ တီတွဒ်တာဆုံတို့တွင် ရပ်တန့်ကာ ကြွေးကြော်သံများဖြင့် တောင်းဆိုခဲ့ပြီး ၁၀ နာရီတွင် အဆုံးသတ်ခဲ့သည်။

“သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေနဲ့ ပတ်သက်ပြီး ငါးကြိမ်လောက် စာတင်ခဲ့တယ်။ အကြောင်းတစ်စုံတစ်ရာ ပြန်ကြားခြင်းမရှိဘူး။ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ခဲ့ပါတယ်။ အဲဒီဂေါက်ကွင်းက ပိုင်ရှင်မရှိဘူးလို့ ပြောတယ်။ အထက်ရဲ့ ညွှန်ကြားချက် တစ်စုံတစ်ရာ မရှိသေးဘူးလို့လည်း ပြောတယ်။ အကြောင်းမထူးတဲ့အတွက် ဆန္ဒဖော်ထုတ်ရတာပါ” ဟု လယ်သိမ်းခံတစ်ဦးဖြစ်သည့် ဦးကျော်ဝင်းက ပြောကြားသည်။

သီရိခေတ္တရာဂေါက်ကွင်းအတွက် ၁၉၇၆ ပြည်သူ့ကောင်စီလက်ထက်တွင် ကိုးကျင်းကွင်းနှင့် ၁၉၉၆ ခုနှစ်တွင် တိုးချဲ့ကိုးကျင်း ပြုလုပ်ခဲ့ပြီး စုစုပေါင်း သိမ်းဆည်းလယ်ယာမြေ ၁၉၃ ဧကအနက်မှ ဒုတိယအကြိမ် တိုးချဲ့ကွင်းအတွက် တပ်မ ၆၆ မှ သိမ်းယူခဲ့သည့် လယ်ယာမြေ ၇၂ ဧကကိုသာ ပြန်လည်တောင်းဆိုခြင်းဖြစ်ကြောင်း လယ်ယာသိမ်းဆည်းခံခဲ့ရသည့် ဦးခင်ထွေးက ပြောကြားသည်။

တောင်သူလယ်သမားများ၏ ပြောဆိုချက်များနှင့် ပတ်သက်ပြီး အဆိုပါဂေါက်ကွင်းမှာ လန ၃၉ ပေါက်လျှောက်ထားပြီးဖြစ်ကာ နိုင်ငံတော်ပိုင်လည်း မဟုတ်ကြောင်း တစ်ဦးတစ်ယောက်ပိုင်လည်း မဟုတ်ကြောင်း၊ ကော်မတီအဖွဲ့ဝင်များနှင့် အသင်းဝင် ၂၀၀ ခန့်မှ ပိုင်ဆိုင်သည့်ကွင်းဖြစ်ကြောင်း ယင်း ၂၀၀ ခန့်တွင် အုပ်ချုပ်ရေးပိုင်းမှ နိုင်ငံတော်အဆင့် အရာရှိများလည်း ပါဝင်နေပြီး ပြန်လည်ပေးအပ်ရန် အစီစဉ်မရှိကြောင်း ဂေါက်ကွင်းကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်သိန်းက ပြောကြားသည်။

Eleven Media Group

ဂေါက်ကွင်းတိုးချဲ့ရန်အတွက် သိမ်းယူထားသည့် လယ်ယာမြေများ ပြန်လည်ရရှိရေး တောင်သူများ ဆန္ဒဖော်ထုတ်နေစဉ်
ပဲခူးတိုင်းအနောက်ပိုင်းဒေသကြီး၊ ပြည်မြို့ ထမကောက်အုပ်စု၊ ပြည်-မန္တလေး ကားလမ်းဘေးရှိ သီရိခေတ္တရာ ဂေါက်ကလပ် တိုးချဲ့ကွင်းအတွက် သိမ်းယူခဲ့သည့် လယ်ယာမြေများ ပြန်လည် ရရှိရေးအတွက် သိမ်းဆည်းခံ တောင်သူ လယ်သမား ၁၉ ဦးက ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆန္ဒဖော်ထုတ်မှုကို ဇူလိုင် ၁၃ ရက်တွင် ပြည်-မန္တလေးကားလမ်း နဖားအင်းကျေးရွာတံတားမှ နံနက် ၈ ခွဲခန့်က စတင်ခဲ့ပြီး ဂေါက်ကွင်း၊ တီတွဒ်တာဆုံတို့တွင် ရပ်တန့်ကာ ကြွေးကြော်သံ များဖြင့် တောင်းဆိုခဲ့ပြီး ၁၀ နာရီတွင် အဆုံးသတ်ခဲ့သည်။

ဘွဲ့နှင်းသဘင်ခန်းမကို တယ်လီနော အသုံးပြုမှု ဆန္ဒပြမည်

 Photo: ဘွဲ့နှင်းသဘင်ခန်းမကို တယ်လီနော အသုံးပြုမှု ဆန္ဒပြမည်
Monday, July 14, 2014

ဒဂုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ တယ်လီနော တယ်လီဖုန်းကုမ္ပဏီရဲ့ မိတ်ဆက်ပွဲအခမ်းအနား ကျင်းပခွင့်ပြုတဲ့အပေါ် ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂက ကျောင်းအုပ်ချုပ်ရေးကို ကန့်ကွက်ဆန္ဒပြသွားမယ်လို့ သိရပါတယ်။

တယ်လီနော ကုမ္ပဏီမိတ်ဆက်ပွဲ အခမ်းအနားကို မနက်ဖြန် ဇူလိုင်လ ၁၄ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး စီးပွားရေးလုပ်ငန်းအတွက် ဘွဲ့နှင်းသဘင်ခန်းမကို အသုံးပြုခွင့်ပေးတာကို လက်မခံနိုင်တာကြောင့် ကန့်ကွက်သွားမှာဖြစ်ကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုမင်းသုခက ပြောပါတယ်။

"ကျောင်းသားအရေးလှုပ်ရှားနေတဲ့ သမဂ္ဂကိုကျတော့ ကျောင်းသားအရေးနဲ့ သက်ဆိုင်တဲ့ ဆဲဗင်းဇူလိုင်လို အခမ်းအနားမျိုး၊ နောက်ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့လို အခမ်းအနားမျိုး အဲလိုဟာမျိုးကျတော့ ဘွဲ့နှင်းသဘင်မပြောနဲ့ ကျောင်းရဲ့ပရိဝုဏ်အတွင်းမှာ လုံးဝမပေးတဲ့အပြင် လုပ်ခဲ့ပြီဆိုရင်လည်း ကျောင်းကအင်အားနဲ့လာပြီး နှောင့်ယှက်တာတွေရှိတယ်၊ အခုလိုမျိုး စီးပွားရေးလုပ်ငန်းတစ်ခုနဲ့ ပတ်သက်ပြီးတော့ ဘွဲ့နှင်းသဘင်ခန်းမကို အသုံးပြုခွင့်ပေးလိုက်တာကို ကျောင်းသားတစ်ယောက်အနေနဲ့ရော သမဂ္ဂအနေနဲ့ရော လုံးဝခံပြင်းစရာတစ်ခုဖြစ်တယ်၊ အဲဒီတော့ ကျနော်တို့အနေနဲ့ ဒီဟာနဲ့ပတ်သက်ပြီးတော့ ပြင်းပြင်းထန်ထန်ကို တုန့်ပြန်မှာပါ"

အဲ့ဒီအခမ်းအနားကို စာသင်ခန်းတစ်ခန်းက ကျောင်းသား ၁၀ ဦးစီ တက်ရောက်ဖို့ ကျောင်းအုပ်ချုပ်ရေးက ညွှန်ကြားထားတယ်လို့လည်း ဒဂုံတက္ကသိုလ်ကျောင်းသား သမဂ္ဂအဖွဲ့ဝင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလဲ ဒဂုံတက္ကသိုလ်မှာ ကျောင်းသားနားနေဆောင်မှာ စိုက်ထူထားတဲ့ခွပ်ဒေါင်းအလံကို ကျောင်းအုပ်ချုပ်ရေးက ဖြုတ်ချခဲ့တဲ့ အတွက် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေက ဆန္ဒပြခဲ့ကြပါတယ်။

RFA Burmeseဒဂုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ တယ်လီနော တယ်လီဖုန်းကုမ္ပဏီရဲ့ မိတ်ဆက်ပွဲအခမ်းအနား ကျင်းပခွင့်ပြုတဲ့အပေါ် ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂက ကျောင်းအုပ်ချုပ်ရေးကို ကန့်ကွက်ဆန္ဒပြ သွားမယ်လို့ သိရပါတယ်။

တယ်လီနော ကုမ္ပဏီမိတ်ဆက်ပွဲ အခမ်းအနားကို မနက်ဖြန် ဇူလိုင်လ ၁၄ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး စီးပွားရေးလုပ်ငန်းအတွက် ဘွဲ့နှင်းသဘင်ခန်းမကို အသုံးပြုခွင့်ပေးတာကို လက်မခံနိုင်တာကြောင့် ကန့်ကွက်သွားမှာဖြစ်ကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုမင်းသုခက ပြောပါတယ်။

တက္ကသိုလ် ကျောင်းသားများအား အရက်မူးပြီး အကြောင်းမဲ့ ရိုက်နှက်သူ လေးဦးကို ရဲတပ်ဖွဲ့က စုံစမ်းနေ

တောင်ငူမြို့နယ် ကံလှကျေးရွာနေ မောင်ကောင်းမြတ်ဝေယံ (၂၁နှစ်)သည် ဇူလိုင် ၁၀ ရက် ညနေ ၃ နာရီ မိနစ် ၂၀ ခန့်က ညီမဖြစ်သူ မသက်သက်ခိုင် (၁၅နှစ်) တက္ကသိုလ်ဝင်တန်း ကျောင်းသူကို ကျူရှင်သို့ လိုက်ပို့ရန် နေအိမ်မှ ဆိုင်ကယ်ဖြင့် တောင်ငူ- ညောင်ကိုင်း ကားလမ်းအတိုင်း မောင်းနှင်လာစဉ် ကံလှကျေးရွာ အနီးတွင် ရှေ့မျက်နှာချင်းဆိုင်ဘက်မှ ဆိုင်ကယ်နှစ်စီးဖြင့် အမည်မသိ လူငယ်လေးဦးသည် အရက်များ မူးနေပြီး အရှည် သုံးပေခန့်ရှိ ဝါးရင်းတုတ် နှစ်ချောင်း ကိုင်ဆောင်ကာ မောင်းနှင်လာသည်ကို တွေ့ရပြီးနောက် အနားကို ရောက်စဉ် လူငယ်တစ်ဦးက

ကျပ် ၁,၅၀၀ တန် CDMA ဆင်းမ်ကတ်များ မက်ဆေ့ခ်ျအင်တာနက်အတွက် ဖုန်းဘီလ်ကျပ်တစ်သောင်းခွဲအထက်ရှိရန်လို

MEC Tel အမှတ်တံဆိပ် CDMA ကျပ် ၁,၅၀၀ တန်ဆင်းမ် ကတ်များ မက်ဆေ့ခ်ျဖြင့် အင်တာနက်လျှောက်ထားပါက ဖြည့်သွင်းထားသည့် ဖုန်းဘီလ် ကျပ် ၁၅,၀၀၀ နှင့်အထက် ရှိပါမှ လျှောက်ထားမှုပိုမိုလွယ်ကူနိုင်ကြောင်း သတင်းရရှိသည်။

ထောင် ၁၀ နှစ်ချမှတ်ခံရသည့် ယူနတီအဖွဲ့သားများအား ဦးဝင်းတင်ဖောင်ဒေးရှင်း ထောက်ပံ့မည်


Photo: ထောင် ၁၀ နှစ်ချမှတ်ခံရသည့် ယူနတီအဖွဲ့သားများအား ဦးဝင်းတင်ဖောင်ဒေးရှင်း ထောက်ပံ့မည်
Monday, July 14, 2014

ရန်ကုန်- နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှု အက်ဥပဒေဖြင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခံရ သည့် ယူနတီဂျာနယ်မှ အမှု ဆောင်အရာရှိချုပ်နှင့် သတင်း ထောက်လေးဦးတို့အား ဟံသာ ၀တီဦးဝင်းတင် ဖောင်ဒေးရှင်း က ထောက်ပံ့ငွေပေးအပ်သွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

‘‘ထောက်ပံ့ကြေးပေးအပ်ဖို့ ရှိပါတယ်။ သူတို့ကလည်း ယုံ ကြည်ချက်ကြောင့် အကျဉ်းကျခံ ရတဲ့သူတွေဆိုတော့။ ကိုဇော်ဖေတို့ တုန်းကလည်း ပေးတာပဲ။ နောက်တစ်ကြိမ် အစည်းအဝေးကျရင် အားလုံးကလည်းပေးဖို့အကြံပြုကြမှာပါ’’ဟု ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်းအတွင်းရေးမှူး ဦးကျော်အောင်ကပြောသည်။ ဖောင်ဒေးရှင်း၏ (၁၆) ကြိမ် မြောက်ထောက်ပံ့ငွေပေးအပ်ပွဲ ကို စက်တင်ဘာတွင် ပြုလုပ်မည် ဖြစ်သည်။

ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်း၏(၁၅) ကြိမ်မြောက် ထောက်ပံ့ငွေပေး အပ်ပွဲ အခမ်းအနားကို ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ဇူလိုင် ၁၂ ရက်က ပြုလုပ်ခဲ့ပြီး လက်ရှိနိုင်ငံရေး အကျဉ်းသား သုံးဦး၊ နိုင်ငံရေးအကျဉ်းသား ဟောင်းနှင့် စာနယ်ဇင်းသမား ၂၃ ဦးနှင့် အဖွဲ့အစည်းတစ်ခုတို့အား စုစုပေါင်းထောက်ပံ့ငွေ ကျပ် ၇၆ သိန်း ထောက်ပံ့ပေးအပ်ခဲ့သည်။

ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်းက လက်ရှိနိုင်ငံရေး အကျဉ်းသား၊ နိုင်ငံရေးအကျဉ်း သားဟောင်းနှင့် ဘ၀တူစာနယ် ဇင်းသမားပေါင်း လေးရာကျော် အား ထောက်ပံ့ငွေကျပ် ၁၂၉၂ သိန်း ထောက်ပံ့ပေးအပ်ခဲ့ပြီး ဖြစ်သည်။

နိုင်ငံရေး အကျဉ်းသား ဟောင်း မိသားစုများအတွက် ပညာရေးထောက်ပံ့မှု၊ ကျန်းမာ ရေးစောင့်ရှောက်မှုနှင့် အလုပ် အကိုင်ရှာဖွေပေးရေး လုပ်ငန်းစဉ် များလည်း ဆောင်ရွက်ပေးလျက် ရှိပြီး ပညာရေးထောက်ပံ့မှု အစီ အစဉ် အဖြစ် နိုင်/ကျဉ်းဟောင်းများ၏သားသမီးများကိုလည်း ထောက်ပံ့ပေးလျက်ရှိသည်။

ဟံသာဝတီ ဦးဝင်းတင်နှင့် ဟံသာဝတီဦးဝင်းတင် ဖောင်ဒေး ရှင်းတို့အား ကိုရီးယားနိုင်ငံ The Truth ဖောင်ဒေးရှင်းက လူ့အခွင့် အရေးဆုကို ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ဇွန်လ ၂၆ ရက်၌ ပေးအပ်ချီးမြှင့်ခဲ့သည်။

ယူနတီအဖွဲ့သားများအား ထောင်ဒဏ်ချမှတ်ခြင်းကို ကန့်ကွက်ဆန္ဒပြနေသည့် မီဒီယာသမားများ (ဓာတ်ပုံ- နစ်ကီ)
7Day Daily

ရန်ကုန်- နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှု အက်ဥပဒေဖြင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခံရ သည့် ယူနတီဂျာနယ်မှ အမှု ဆောင်အရာရှိချုပ်နှင့် သတင်း ထောက်လေးဦးတို့အား ဟံသာ ၀တီဦးဝင်းတင် ဖောင်ဒေးရှင်း က ထောက်ပံ့ငွေပေး အပ်သွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
‘‘ထောက်ပံ့ကြေးပေးအပ်ဖို့ ရှိပါတယ်။ သူတို့ ကလည်း ယုံ ကြည်ချက်ကြောင့် အကျဉ်းကျခံ ရတဲ့သူတွေဆိုတော့။ ကိုဇော်ဖေတို့ တုန်း ကလည်း ပေးတာပဲ။ နောက်တစ်ကြိမ် အစည်းအဝေးကျရင် အားလုံးကလည်းပေးဖို့အကြံပြုကြမှာပါ’’ဟု

ရေကြီးရန် တာစူနေသည့် ရန်ကုန်၊ ဧရာဝတီနှင့် ပဲခူးတိုင်းတို့ ကြိုပြင်ထားရန် ဒေါက်တာထွန်းလွင်သတိပေး

ဘင်္ဂလားပင်လယ်အော် တွင် ဖြစ်ပေါ်နေသော လေဖိအား နည်းရပ်ဝန်းကြောင့် ပင်လယ်ပြင် တွင် မုတ်သုံလေအားအလွန် ကောင်းနေပြီး နေရာကွက်၍ မိုး ကြီးနိုင်သည့်အပြင် ပင်လယ်တွင် လှိုင်းကြီးနိုင်သောကြောင့် လိုအပ် သော ကြိုတင်ကာကွယ်မှုများ ပြု လုပ်ရန်လိုအပ်ကြောင်း မိုးလေ၀သ ပညာရှင်ဒေါက်တာထွန်းလွင် နှင့် မိုး/ဇလဌာနက သတိပေးချက် ထုတ်ပြန် ထားသည်။

တာချီလိတ်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း၍ မြေထိန်းနံရံ ပြိုကျမှုကြောင့် လသားအရွယ်ကလေး အပါအ၀င် ခုနစ်ဦးထက်မနည်း သေဆုံး


Photo: တာချီလိတ်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း၍ မြေထိန်းနံရံ ပြိုကျမှုကြောင့် လသားအရွယ်ကလေး အပါအ၀င် ခုနစ်ဦးထက်မနည်း သေဆုံး
Monday, July 14, 2014 

တာချီလိတ်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း၍ မြေထိန်းနံရံ ပြိုကျမှုကြောင့် လသားအရွယ်ကလေး အပါအ၀င် ခုနစ်ဦးထက်မနည်း သေဆုံး ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန (MOI Webportal Myanmar) ၀က်ဘ်ဆိုက်မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါဖြစ်စဉ်မှာ ဇူလိုင် ၁၃ ရက် နံနက် ၂ နာရီအချိန်ခန့်တွင် တာချီလိတ်မြို့နယ်၊ ၀မ်ကောင်းရပ်ကွက်၊ အိမ်အမှတ် ၆/၄၃၃၊ ဦး..... ပိုင်နေအိမ်နှင့် သုံးခန်းတွဲအိမ်တန်းလျား၏ ဘေးနံရံအမြင့်ပေ ၂၀ ခန့်ရှိ ကျောက်ရိုး စီဖို့ မြေပြိုကျမှုကြောင့် နေအိမ်များ ပျက်စီးပြိုကျခဲ့သည်။

အဆိုပါ မြေပြိုကျမှုကြောင့် နေအိမ်တန်းလျားတွင် နေထိုင်ကြသော နေအိမ်တန်းလျားပိုင်ရှင် ဦးကျော်ထွေးလင်း (၃၈)နှစ်၊ ဇနီးဖြစ်သူ ဒေါ်ယဉ်နု (၃၇)နှစ်၊ လသားအရွယ် ကလေးတစ်ဦး၊ အိမ်ငှားနေထိုင်သူ ဦးခင်မောင်သောင်း (၄၅)နှစ်၊ ဇနီးဖြစ်သူ ဒေါ်ဝင်းဆန်း (၂၅)နှစ်နှင့် သားဖြစ်သူမှုံကြီး(၈)နှစ်၊ သမီးဖြစ်သူ မပေါက်တူး(၅)နှစ်တို့မှာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

“မြေပြိုကျမှုကြောင့် အိမ်ထောင်စုလေးစုမှာ နှစ်စုသေတယ်။ မိုးကများသွားလို့ မြေပြိုသွားတာပါ။ လူလေးယောက် အိုးမဲ့ အိမ်မဲ့ ဖြစ်သွားပါတယ်” ဟု ရှမ်းပြည်နယ် ဒုတိယရဲမှူးကြီးဖြစ်သူတစ်ဦးက ပြောသည်။

မြေပြိုကျရာနေရာသို့ တာချီလိတ်တပ်နယ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်သားများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူများက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီး သေဆုံးခဲသူများအား သင်္ဂြိုဟ်နိုင်ရေး၊ အိုးမဲ့ အိမ်မဲ့ ဖြစ်သွားသူများအား ပြန်လည်ထူထောင်နိုင်ရေး လုပ်ငန်းများကို တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Eleven Media Group 

မြေပြိုကျမှုကြောင့် ပြိုကျပျက်စီးခဲ့သော အိမ်များအား တွေ့ရစဉ် (ဓာတ်ပုံ-ပြန်ကြားရေး)
တာချီလိတ်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း၍ မြေထိန်းနံရံ ပြိုကျမှုကြောင့် လသားအရွယ်ကလေး အပါအ၀င် ခုနစ်ဦးထက်မနည်း သေဆုံး ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန (MOI Webportal Myanmar) ၀က်ဘ်ဆိုက်မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါဖြစ်စဉ်မှာ ဇူလိုင် ၁၃ ရက် နံနက် ၂ နာရီအချိန်ခန့်တွင် တာချီလိတ်မြို့နယ်၊ ၀မ်ကောင်းရပ်ကွက်၊ အိမ်အမှတ် ၆/၄၃၃၊ ဦး..... ပိုင်နေအိမ်နှင့် သုံးခန်းတွဲအိမ်တန်းလျား၏ ဘေးနံရံအမြင့်ပေ ၂၀ ခန့်ရှိ ကျောက်ရိုး စီဖို့ မြေပြိုကျမှုကြောင့် နေအိမ်များ ပျက်စီးပြိုကျခဲ့သည်။

တိုင်းပြည်အတွက် မလိုအပ်ဘဲ ရွေးကောက်ပွဲစနစ် ပြုပြင်ပြောင်းလဲခြင်းသည် ပြည်သူများနစ်နာနိုင်၍ PR စနစ် ကျင့်သုံးရေး မကြိုးစားရန် ရခိုင်အမျိုးသားပါတီခေါင်းဆောင်များ တိုက်တွန်း

တိုင်းပြည်အတွက် မလိုအပ်ဘဲ ရွေးကောက်ပွဲစနစ် ပြုပြင်ပြောင်းလဲခြင်းသည် ပြည်သူများနစ်နာနိုင်၍ အချိုးကျကိုယ်စားပြုစနစ် (PR စနစ်) ကျင့်သုံးရေး မကြိုးစားရန် ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်များက တိုက်တွန်းပြောကြားသည်။

မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် ဖဆပလခေတ် အပါအဝင် ၁၉၉ဝ ရွေးကောက်ပွဲ၊ ၂ဝ၁ဝ ရွေးကောက်ပွဲ၊ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲများတွင် ရွေးကောက်ပွဲစနစ်နှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ ပြဿနာမရှိခဲ့ဘဲ မဲခိုးခြင်း၊ မဲလိမ်ခြင်းနှင့် ကြိုတင်မဲနှင့်ပတ်သက်ပြီး ဖြစ်ပွားခဲ့သော ပြဿနာများသာ ရှိခဲ့သည်ဟု ရခိုင်အမျိုးသားပါတီခေါင်းဆောင် ဦးအေးသာအောင်က ပြောကြားသည်။

Sunday, July 13, 2014

ကမ္ဘာ့အချမ်းသာဆုံး စူပါမော်ဒယ်များ


မော်ဒယ်တစ်ဦး၏ ပရော်ဖက်ရှင်နယ် ဘဝတွင် အမြင့်ဆုံး မျှော်လင့်ချက်မှာ ကမ္ဘာ့အကျော်ကြားဆုံး စူပါမော်ဒယ်တစ်ဦးအဖြစ် ရပ်တည်နိုင်ရေး သာ ဖြစ်သည်။ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် အောင်မြင်ထင်ရှားလာသည့် စူပါမော်ဒယ်တစ်ဦး ဖြစ်လာရန်မှာ လွယ်ကူသော အခြေအနေ တစ် ရပ် မဟုတ်ချေ။

လန်ဒန်ရှိုးပွဲမှန်သမျှ မလွတ်တမ်း တက်ရောက်မည့် လင်ဆေးလိုဟန်

Photo: လန်ဒန်ရှိုးပွဲမှန်သမျှ မလွတ်တမ်း တက်ရောက်မည့် လင်ဆေးလိုဟန်
Sunday, July 13, 2014 

လင်ဆေးလိုဟန်သည် ယခုနှစ်ကုန်ပိုင်းတွင် “SpeedThePlow” ပြဇာတ်တွင် သရုပ်ဆောင်ရန် ရှိသော်လည်း လန်ဒန်၌ ကျင်းပမည့်ရှိုးပွဲ မှန်သမျှကို မလွတ်တမ်း တက်ရောက်မည်ဟု ဇူလိုင် (၁၁) ရက်တွင် ဘီဘီစီမှ အနုပညာ အယ်ဒီတာ ဝီလ်ဂွမ်းပတ်ဇ်သို့ ပြောကြားခဲ့သည်ဟု ဘီဘီစီသတင်းဌာနက ကြေညာထားသည်။

“SpeedThePlow” ပြဇာတ်ကို ဒါရိုက်တာ ဒေးဗစ်မမ်မတ်က စီစဉ်ခြင်းဖြစ်ပြီး၊ မူးယစ်ဆေးဝါးသုံးစွဲသူ၊ အရက်စွဲနေသူ ပါတီညလုံးပေါက် တက်သူအဖြစ် ဝေဖန်ခံနေရသော လင်းဆေးကို ၎င်း၏ ပင်ကိုယ်စွမ်းရည်ကြောင့် ယင်းပြဇာတ်တွင် ပါဝင်ရန် ရွေးချယ်ထားခြင်းဖြစ်ကြောင်း သတင်းတွင်ပါရှိသည်။ အဆိုပါပြဇာတ်ကို လန်ဒန်မြို့တွင် စက်တင်ဘာလမှ နိုဝင်ဘာလအထိ သီတင်းပတ်(၁ဝ) ပတ်ကြာကပြမည်ဖြစ်ရာ လင်ဆေးအဖို့ ယင်းကာလအတွင်း နာမည်နှင့် ဂုဏ်သိက္ခာပြန်ဆယ်ရန် အထောက်အကူဖြစ်စေမည်ဟု မျှော်လင့်ကြောင်း လင်ဆေးကအယ်ဒီတာ ဝီလ်ကိုပြောကြားခဲ့သည်။

လန်ဒန်တွင် ဖျော်ဖြေရမည့် အတွက် စိတ်လှုပ်ရှားသလို၊ အဆင့်တစ်ခုချင်း မတူညီမှုကို ခံစားရကြောင်း၊ အဆိုပါ အတွေ့အကြုံသစ်ကိုလည်း လိုချင်ကြောင်း၊ လန်ဒန်မြို့သို့ အပြီးရွှေ့ပြောင်းနေထိုင်ရန်လည်း စဉ်းစားနေသည်ဟု လင်ဆေးက ဆက်လက်ပြောကြားသည်။

Mizzima - News in Burmese
လင်ဆေးလိုဟန်သည် ယခုနှစ်ကုန်ပိုင်းတွင် “SpeedThePlow” ပြဇာတ်တွင် သရုပ်ဆောင်ရန် ရှိသော်လည်း လန်ဒန်၌ ကျင်းပမည့်ရှိုးပွဲ မှန်သမျှကို မလွတ်တမ်း တက်ရောက်မည်ဟု ဇူလိုင် (၁၁) ရက်တွင် ဘီဘီစီမှ အနုပညာ အယ်ဒီတာ ဝီလ်ဂွမ်းပတ်ဇ်သို့ ပြောကြားခဲ့သည်ဟု ဘီဘီစီသတင်းဌာနက ကြေညာထားသည်။

ညစ်ညမ်းပုံများ ပြသ၍ ကျောင်းသူနှစ်ဦးအား မဖွယ်မရာပြုသည့် ဆရာကို အမှုဖွင့်

အသက် (၉) နှစ်အရွယ် စတုတ္တတန်းကျောင်းသူနှစ်ဦးကို အတန်းပိုင်ကျောင်း ဆရာက နှိပ်ခိုင်းကာ လက်ကိုင်ဖုန်းအတွင်းမှ ညစ်ညမ်းဓါတ်ပုံ များပြသ၍ မဖွယ်မရာပြုမှုတစ်ခုအား စစ်ကိုင်းမြို့မရဲစခန်းမှ ဇူလိုင် ၁ဝ ရက် ညနေ ၃ နာရီ ၄၅ မိနစ်အချိန်က အမှုဖွင့်အရေးယူခဲ့သည်။

Saturday, July 12, 2014

ပုဂ္ဂလိက၀န်ထမ်းများလည်း တစ်ပတ်လျှင်တစ်ရက် နားရက်ရတော့မည်

Photo: ပုဂ္ဂလိက၀န်ထမ်းများလည်း တစ်ပတ်လျှင်တစ်ရက် နားရက်ရတော့မည်
Saturday, July 12, 2014

နိုင်ငံ့ဝန်ထမ်းများနည်း တူအလုပ်ပိတ်ရက်ခံစားခွင့် တူ ညီစွာမရသော ပုဂ္ဂလိက လုပ်ငန်း များမှ အလုပ်သမားများအား တစ်ပတ်လျှင် တစ်ရက် မဖြစ်မ နေနားရက်အဖြစ် သတ်မှတ်ပေး ရမည်ဖြစ်ပြီး အဆိုပါနားရက်အ တွက် လုပ်ခလစာအပြည့်အ၀ရရှိ နိုင်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

ယခုလ ၉ ရက်တွင်ပြုလုပ် သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့ သည့် ၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအရ ပုဂ္ဂလိက လုပ်ငန်းများမှ အလုပ် သမားများမှာ အထက်ပါခံစားခွင့် များရရှိမည်ဖြစ်ကြောင်း ပြည် ထောင်စုလွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီအတွင်းရေး မှူး ဦးစောလှထွန်းကပြောသည်။

‘‘ဒီဥပဒေမှာ ထူးခြားချက်က ဘာရှိလဲဆိုတော့ ပြင်ပပုဂ္ဂလိက လုပ်ငန်းက အလုပ်သမားတွေ တော်တော်များများက ပိတ်ရက် ခံစားခွင့်မညီမျှဘူး။ အခုဒီဥပဒေ ပြဋ္ဌာန်းပြီးပြီချင်း ဒီဥပဒေအရတစ် ပတ်ကို တစ်ရက်ပိတ်ရက်ရမယ်။ အဲဒီအတွက် လစာဖြတ်လို့မရ ဘူး။ အပြည့်ပေးရမယ်’’ဟု ဦး စောလှထွန်းကပြောသည်။

နိုင်ငံ့ ၀န်ထမ်းဖြစ်သော အစိုးရ၀န်ထမ်းများ အနေဖြင့်မူ တစ်ပတ်လျှင် ပိတ်ရက်နှစ်ရက်ခံ စားခွင့်ရရှိသည့်အပြင် အစိုးရရုံး ပိတ်ရက်တိုင်းတွင် ပိတ်ရက်ရရှိ နေသော်လည်း ပုဂ္ဂလိကလုပ်ငန်း များမှ ၀န်ထမ်းများမှာမူ ထိုအခွင့် အရေးများရရှိခြင်းမရှိသဖြင့် အ ဆိုပါအချက်ကို ထည့်သွင်းထား ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

‘‘ကျွန်တော်တို့ စက်ရုံက ပိတ်ရက်ဆိုတာ မရှိသလောက်ဘဲ။ တစ်လမှာ တစ်ရက်ပဲပိတ်ရက် ပေးထားတယ်။ အဲဒီပိတ်ရက်က လည်း မသွားရင် လစာအဖြတ်ခံ ရတယ်။ အဲဒါကြောင့် ဆင်းနေ ရတာပဲ။ နေမကောင်းလို့ တောင် မနားရဲဘူး’’ဟု လှိုင်သာယာစက် မှုဇုန်အတွင်းရှိ စက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်သူ ကိုအေးစိုးက ပြောသည်။

ယခု နှစ်ဆန်းပိုင်းတွင် ပြဋ္ဌာန်းခဲ့သော နိုင်ငံဝန်ထမ်းနည်း ဥပဒေနှင့် ကိုက်ညီစေရန် အထက်ပါဥပဒေကို ပြင်ဆင်ရခြင်းဖြစ်ပြီး အချို့သော ခွင့်ရက်များနှင့် ပိတ်ရက်များကို ပြင်ဆင်မှုပြုခဲ့ ကြောင်း ဦးစောလှထွန်းကပင် ပြောသည်။

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေအ ရအစိုးရ၀န်ထမ်းအမျိုးသမီးများ အနေဖြင့် ယခင်က မီးဖွားခွင့် သုံးလသာရရှိရာမှ ယခုနှစ်မတ်လ ၂၆ ရက်မှစတင်ကာ မီးဖွားခွင့် ခြောက်လ တရားဝင်ခံစားခွင့်ရရှိနေပြီဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူ လုံရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး က ယခုလအတွင်းပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေး ၌ ပြောကြားခဲ့သည်။

ကုမ္ပဏီဝန်ထမ်း အမျိုးသမီးငယ်များကို တွေ့ရစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
7Day Daily
နိုင်ငံ့ဝန်ထမ်းများနည်း တူအလုပ်ပိတ်ရက်ခံစားခွင့် တူ ညီစွာမရသော ပုဂ္ဂလိက လုပ်ငန်း များမှ အလုပ်သမားများအား တစ်ပတ်လျှင် တစ်ရက် မဖြစ်မ နေနားရက်အဖြစ် သတ်မှတ်ပေး ရမည်ဖြစ်ပြီး အဆိုပါနားရက်အ တွက် လုပ်ခလစာ အပြည့်အ၀ရရှိ နိုင်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။
ယခုလ ၉ ရက်တွင်ပြုလုပ် သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့ သည့် ၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအရ ပုဂ္ဂလိက

ပြည်တွင်း ဆေးပစ္စည်းဈေးကွက် ကျန်းမာရေး ဝန်ကြီးဌာန အများဆုံး ဝယ်ယူ

Photo: ပြည်တွင်း ဆေးပစ္စည်းဈေးကွက် ကျန်းမာရေး ဝန်ကြီးဌာန အများဆုံး ဝယ်ယူ
Saturday, July 12, 2014

ကျန်းမာရေး အသုံးစရိတ် လေးဆနီးပါး တိုးမြှင့်ပေးခဲ့ပြီးနောက် ပြည်တွင်းပုဂ္ဂလိက ဆေးပစ္စည်း ဈေးကွက်တွင် ပုဂ္ဂလိကဆေးရုံ၊ ဆေးပေးခန်းများထက် ကျန်းမာရေး ဝန်ကြီးဌာနက ဝယ်လိုအား အများဆုံး ဖြစ်လာကြောင်း ပြည်တွင်း ဆေးကုမ္ပဏီများထံ စုံစမ်းသိရှိရသည်။

တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ဆေးရုံသုံး ပစ္စည်းများ ဝယ်ယူ နေရသောကြောင့် ပုဂ္ဂလိကဆေးနှင့် ဆေးပစ္စည်း ဈေးကွက်တွင် ရောင်းအား မြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း Medi-tech Trade Center ကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါက်တာမျိုးမြင့်ဦးက ပြောကြားသည်။

ဝန်ကြီးဌာနက ယခင်က ဆေးပစ္စည်း အရည်အသွေးပိုင်းထက် ဈေးနှုန်း အနည်း၊ အများကို ကြည့်၍ ဝယ်ယူသော်လည်း အသုံးစရိတ် မြင့်တက်လာပြီး နောက်ပိုင်းတွင် အရည်အသွေးမြင့်သော ဆေးနှင့် ဆေးပစ္စည်းများကို ပိုဝယ်ယူလာကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“အရင်က အသုံးစရိတ်ကို ကြည့်ပြီးတော့ အဆင်ပြေတဲ့ ဈေးနှုန်းနဲ့ ဝယ်တာ ဆိုတော့ သိပ်မကောင်းတာတွေလည်း ပါတယ်။ ဈေးသက်သာပေမယ့် အရည်အသွေး မကောင်းတဲ့အတွက် တရုတ်က ပစ္စည်းတွေကို ဝန်ကြီးဌာနက မဝယ်တော့ဘူး” ဟု ဒေါက်တာမျိုးမြင့်ဦးက ဆိုသည်။

ပြည်သူ့ဆေးရုံများ၏ ဆေးပစ္စည်း လိုအပ်ချက်များကို ဗဟိုဆေးပစ္စည်း ထိန်းသိမ်းရေး ဌာနသို့ စာရင်းပေးသွင်းရပြီး ယင်းမှတစ်ဆင့် လုပ်ငန်းရှင်များထံ တင်ဒါခေါ်ယူကြောင်း ရန်ကုန်မြို့တော်ရှိ ဆေးရုံအုပ်ကြီးတစ်ဦးက ပြောကြားသည်။

သို့သော် အခြေခံ ဆေးဝါး လိုအပ်ချက် အတွက်မူ သက်ဆိုင်ရာ ပြည်နယ်ဆေးရုံများကို တာဝန်လွှဲအပ်ထားပြီး ဆေးဝါးဝယ်ယူစရိတ် အသုံးစရိတ်ကို ဘဏ္ဍာနှစ်အလိုက် ခွဲဝေပေးခဲ့သည်။

ကျန်းမာရေး ဝန်ကြီးဌာနသည် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် အသုံးစရိတ် ၃၆၇ ဘီလီယံကျော်အထိ တိုးမြှင့်သုံးစွဲခဲ့ပြီး ယင်းပမာဏသည် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်ထက် လေးဆနီးပါး မြင့်တက်ခဲ့သည်။

The Voice Weekly
ကျန်းမာရေး အသုံးစရိတ် လေးဆနီးပါး တိုးမြှင့်ပေးခဲ့ပြီးနောက် ပြည်တွင်း ပုဂ္ဂလိက ဆေးပစ္စည်း ဈေးကွက်တွင် ပုဂ္ဂလိကဆေးရုံ၊ ဆေးပေးခန်း များ ထက် ကျန်းမာရေး ဝန်ကြီးဌာနက ဝယ်လိုအား အများဆုံး ဖြစ်လာကြောင်း ပြည်တွင်း ဆေးကုမ္ပဏီများထံ စုံစမ်းသိရှိရသည်။

မောင်တောနယ်စပ် မင်္ဂလာညွန့်ကျေးရွာမှ စပါးပျိုးပင်များ ညအချိန် လာရောက်ဖျက်ဆီးခြင်းခံနေရ

မောင်တော၊ ဇူလိုင် ၁၀- မောင်တော မြို့နယ်မြောက်ပိုင်း မင်္ဂလာညွန့်(နတ လ )ကျေး ရွာ မှ တိုင်းရင်းသားများ၏ လယ်ယာမြေများတွင် စပါးစိုက်ရန် ပျိုးထောင်ထားသော ပျိုးပင်များကို ညအချိန်လာရောက်ဖျက်ဆီးမှုများ ရှိ နေ ၍ ဒေသ အာဏာပိုင်များထံ မင်္ဂ လာညွန့်ကျေးရွာမှ ရွာသားများက စာရေးတိုင်ကြားထားကြောင်း သိရ သည်။
''ဇွန် ၁၈ရက်က ဦးစိန်မောင် လယ်မြေမှာ ပျိုးထောင်ထားတဲ့ ပျိုးပင် တွေ ကို နွားတွေသွင်းပြီး စားခိုင်းပါ တယ်။ ဇွန်၂၄ရက်ညကလဲ ပျိုးထောင် ထားတဲ့နေရာေ တွကို လူစုလူဝေးနဲ့ လာပြီး ဖျက်ဆီးတာတွေပြုလုပ်ကြပါ တယ်။ ပြီးတော့ အဲဒီနေ့မှာပဲ ဥယျာဉ် ခြံမြေမှာရှိတဲ့ ပိန­္နဲသီးတွေအကုန်လုံး ကို

မလေးရှားရောက် မြန်မာနိုင်ငံသားတွေကို သံရုံး သတိပေး

Photo: မလေးရှားရောက် မြန်မာနိုင်ငံသားတွေကို သံရုံး သတိပေး
Saturday, July 12, 2014

မလေးရှားနိုင်ငံမှာနေထိုင်တဲ့ မြန်မာနိုင်ငံသားများအနေနဲ့ မိမိတို့လုံခြုံရေးကို အထူးဂရုပြု သွားလာနေထိုင်ဖို့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ မြန်မာသံရုံးမှ သတိပေးစာကို ဇူလိုင်လ ၁၀ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

မလေးရှားနိုင်ငံအတွင်း ဇူလိုင်လ ၁ရက်နေ့ကစပြီး ဇူလိုင်လ ၉ ရက်နေ့အတွင်း မြန်မာနိုင်ငံသား ၄ဦး ဓါးခုတ်ခံပြီး သေဆုံးခဲ့ရတာကြောင့်သံရုံးက ခုလိုသတိပေးစာထုတ်ပြန်ခဲ့တာပါ။

မြန်မာနိုင်ငံသားတွေ အသတ်ခံရတာနဲ့ပတ်သက်ပြီး ဆိုင်ကယ်စီးအုပ်စုတွေက သတ်ဖြတ် တာဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်နေပေမဲ့ အုပ်စုတစ်ခုခုက ရည်ရွယ်ချက်ရှိရှိ နဲ့ ဆောင်ရွက်နေတာလို့ မမြင်မိကြောင်း ကွာလာလမ်ပူမြို့ မြန်မာသံရုံးက အလုပ်သမားရေးရာသံအရာရှိ ဦးမင်းမင်းဝင်းက ပြောပါတယ်။

"အဲ့လို မော်တော်ဆိုင်ကယ်သမား သတ်တယ်ဆိုတာလည်း သိရဆဲပဲရှိတာပါ၊ အကုန်လုံးက မော်တော်ဆိုင်ကယ်သမား သတ်တယ်ဆိုတာမဟုတ်ဘူးဆိုတာ မဟုတ်လောက်ဘူးထင်တယ်၊ ဒီရက်ထဲမှာကြားရသလောက်တော့ မော်တော် ဆိုင်ကယ်သမားချည်းပဲ သတ်နေတဲ့ပုံစံမျိုးတော့မဟုတ်ဘူး၊ ကျနော့် အမြင်ကတော့ အဲ့လိုမြင်ပါတယ်ခင်ဗျ၊ အဖွဲ့တစ်ဖွဲ့တည်းက ရည်ရွယ်ချက်ရှိရှိလုပ်နေတာတော့ မဟုတ်ပါဘူး ကြုံကြိုက်သွားလို့ပဲ ဖြစ်ပါလိမ့်မယ်ဗျ၊ သူတို့ဟာ သူတို့ပတ်သက်မှု ဘာညာတော့ရှိပါလိမ့်မယ် ဒါပေမဲ့ အဲ့လို မလေးရှားနိုင်ငံမှာတော့ နေရာတကာဖြစ်နေတာတော့ လုံးဝမဟုတ်ပါဘူး၊ ကျနော်ထင်တာတော့ ပုဂ္ဂိုလ်ရေးဆက်သွယ်မှုတွေ ပတ်သက်လိမ့်မယ်လို့ ထင်ပါတယ်ဗျ၊ ဒါကတော့ သူတို့ကိုယ်တိုင်မှပဲ သိမှာလေ အမျိုးမျိုးတော့ ပြောနေကြတာပဲ"

ခုလို မြန်မာနိုင်ငံသားတွေ အသတ်ခံရတာနဲ့ပတ်သက်ပြီး မြန်မာသံရုံးက သံအမတ်ကြီးနဲ့ စစ်သံမှူးတို့ဟာ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် လုံခြုံရေးဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနဲ့ သွားရောက်တွေ့ဆုံပြီး မြန်မာနိုင်ငံသားများကို အကြမ်းဖက်တိုက်ခိုက်မှု များမှ ကာကွယ်စောင့်ရှောက်ပေးဖို့နဲ့ ကျူးလွန်တဲ့တရားခံများကို အမြန်ဆုံးဖေါ်ထုတ်အရေး ယူပေးဖို့ မေတ္တာရပ်ခံထားတယ်လို့သိရပါတယ်။

မလေးရှားနိုင်ငံအတွင်း မြန်မာနိုင်ငံသားတွေ အသတ်ခံရမှုတွေဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ဘာသာရေးဆိုင်ရာ အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့ပြီးနောက်ပိုင်းမှာ ပိုမိုများပြားခဲ့တာဖြစ်ပြီး ၂၀၁၂ ခုနှစ် နောက်ပိုင်း အသတ်ခံရတဲ့ မြန်မာနိုင်ငံသား ၃၀ခန့်ရှိပြီး အသတ်ခံရသူအများစုဟာ ကွာလာလမ်ပူနဲ့ ပီနန်းမြို့တွေကဖြစ်တယ်လို့ ကပုန်းနာရေး ကူညီမှုအသင်းကပြောပါတယ်။

မလေးရှားနိုင်ငံမှာ လာရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၅သိန်းလောက်ရှိတယ်လို့ သိရပါတယ်။

RFA
မလေးရှားနိုင်ငံမှာနေထိုင်တဲ့ မြန်မာနိုင်ငံသားများအနေနဲ့ မိမိတို့လုံခြုံရေးကို အထူးဂရုပြု သွားလာနေထိုင်ဖို့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ မြန်မာသံရုံးမှ သတိပေးစာကို ဇူလိုင်လ ၁၀ရက်နေ့စွဲနဲ့ ထုတ်ပြန်ထား ပါတယ်။

မလေးရှားနိုင်ငံအတွင်း ဇူလိုင်လ ၁ရက်နေ့ကစပြီး ဇူလိုင်လ ၉ ရက်နေ့အတွင်း မြန်မာနိုင်ငံသား ၄ဦး ဓါးခုတ်ခံပြီး သေဆုံးခဲ့ရတာကြောင့်သံရုံးက ခုလိုသတိပေးစာထုတ်ပြန်ခဲ့တာပါ။

မြန်မာနိုင်ငံသားတွေ အသတ်ခံရတာနဲ့ပတ်သက်ပြီး ဆိုင်ကယ်စီးအုပ်စုတွေက သတ်ဖြတ် တာဖြစ်တယ်လို့

အဓိက၀င်ငွေရသော ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် သတ္တုကဏ္ဍတို့ကို EITI အဖွဲ့ဝင်လောင်း အစီရင်ခံစာတွင်ပါဝင်ရန် အစိုးရနှင့် သုံးပွင့်ဆိုင် ဆွေးနွေးမည်

EITI  အဖွဲ့ဝင်လောင်းနိုင်ငံဖြစ်ပြီး တင်သွင်းရမည့် အစီရင်ခံစာတွင် အဓိကဝင်ငွေရနေသည့် ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် သတ္တုကဏ္ဍတို့ကို ယင်းအစီရင်ခံစာတွင် မည်သည့်ကဏ္ဍ ထည့်သွင်းမည်ကို ဆုံးဖြတ်ရန်အတွက် အစိုးရအပါအဝင် ကုမ္ပဏီနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ယခုလအတွင်း သုံးပွင့်ဆိုင်ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။

မက္ကဆီကိုနိုင်ငံတွင် ကျင်းပသည့် EITI ဖော်ဆောင်ရေးအဖွဲ့၏ (၂၇)ကြိမ်မြောက် အစည်းအဝေးတွင် မြန်မာနိုင်ငံအား EITI အဖွဲ့ဝင်လောင်းနိုင်ငံအဖြစ် EITI Board မှ ဇူလိုင် ၂ ရက်တွင်

ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ပခုက္ကူမြို့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ယနေ့ဟောပြောမည်

Photo: ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ပခုက္ကူမြို့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ယနေ့ဟောပြောမည်
Saturday, July 12, 2014

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဇူလိုင် ၁၂ ရက် (ယနေ့)တွင် မကွေးတိုင်းဒေသကြီး ပခုက္ကူ မြို့၌ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲကို ပခုက္ကူမြို့ရှောင်လမ်းရှိ ပုဂ္ဂလိက ပိုင် ယာခင်းများအတွင်း ပြုလုပ်သွားမည်ဖြစ်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပုသိမ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်တို့က ဟောပြောမည်ဖြစ်ကြောင်း သိရသည်။

ဟောပြောပွဲတွင် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီး ပါဝင်ဟောပြောရန်စီစဉ်ခဲ့ပြီး နောက်တိုးစာရင်း ထပ်မံတင်ပြခဲ့သော်လည်း မြို့နယ်ရဲတပ်ဖွဲ့က ငြင်းပယ်ခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မကွေးတိုင်းဒေသကြီး အတွင်းရေးမှူး ကိုနေမျိုးကျော်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နံနက်ပိုင်းတွင် ပခုက္ကူမြို့အလယ်တိုက်တွင် ဆရာတော်ကြီးများအား ဖူးမြော်ပြီးမှ ဟောပြောပွဲပြုလုပ်မည်ဖြစ်ကြောင်း၊ ထို့နောက်တွင် ရပ်မိရပ်ဖများ၊ မကွေးတိုင်းဒေသကြီး တိုင်းခရိုင်မြို့နယ် ပါတီတာဝန်ရှိသူများနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။

ပခုက္ကူမြို့သို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်လျှင် ဒေသခံများနှင့် ပါတီဝင်များက ဒေါ်အောင်ဆန်းစုကြည်အား သောင်းသောင်းဖျဖျကြိုဆိုရန် ပြင်ဆင်ထားကြောင်း၊ ဟောပြောပွဲအား အေးအေးချမ်းချမ်း ပြီးဆုံးနိုင်ရန်အတွက် လုံခြုံရေးဆောင်ရွက် ထားကြောင်းနှင့် အဖွဲ့ဝင်များက ၀န်းရံသွား မည်ဖြစ်ကြောင်း၊ လုံခြုံရေးအာဏာပိုင်များ အနေဖြင့်လည်း အေးအေးချမ်းချမ်းဖြင့် ပြီးဆုံးစေရေး ပူးပေါင်းပါဝင်ရန် တိုက်တွန်းကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မကွေးတိုင်းဒေသကြီး အတွင်းရေးမှူး ကိုနေမျိုးကျော်က ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး လက်မှတ်ရေးထိုးလှုပ်ရှားမှုများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်း၍ တစ်နိုင်ငံလုံး၌ မေ ၂၃ ရက်မှ စ၍ ဇူလိုင် ၁၉ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကာ အသက် ၁၈ နှစ်ပြည့်ပြီး စိတ်ပေါ့သွပ်သူ မဟုတ်လျှင် မြန်မာနိုင်ငံသားတိုင်း ပါဝင်လက်မှတ် ရေးထိုးနိုင်ကြောင်း သိရသည်။

ထိုသို့လက်မှတ်ရေးထိုးရာတွင် တပ်မတော်သားများအပါအ၀င် အစိုးရ ၀န်ထမ်းများပါ လက်မှတ်ရေးထိုးနိုင်ကြောင်း၊ လက်မှတ်မရေးထိုးရန် ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း စသည်ပြုလုပ်သူများကို ဥပဒေ အရ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

လက်ရှိတွင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ပြည်သူများအနေဖြင့် လက်မှတ်ရေးထိုးမှု အရေအတွက်မှာ ဇွန် ၂၇ ရက်အထိ ၃၃ သိန်းကျော် ရရှိပြီးဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်ထားသည်။

ဒေါ်အောင်ဆန်းစုကြည် ပခုက္ကူမြို့သို့ သွားရောက်ဟောပြောမည့် ကိစ္စနှင့်ပတ်သက် ၍ ပခုက္ကူမြို့မှ လုပ်ငန်းရှင် ကိုအောင်ဇော်ထက်က “ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောပွဲတွေကို ကိုယ်တိုင် တိုက်ရိုက် နားမထောင် ဖူးဘူး။ အခုလို ပခုက္ကူမှာ လာပြောမယ်ဆိုတော့ တိုက်ရိုက်နားထောင်ခွင့်ရမှာ ဖြစ်တဲ့အတွက် ၀မ်းသာပါတယ်။ အနီးတစ်ဝိုက် မြို့တွေကလည်း ဒေါ်အောင်ဆန်းစုကြည်လာဖို့ မျှော်လင့်နေတဲ့အချိန်မှာ အခုလိုလာရောက်မှာ ဖြစ်တဲ့အတွက် အားလုံးဝမ်းသာနေကြတယ်” ဟု ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောပွဲကို ၂၀၁၄ ခုနှစ် မေ ၁၀ ရက်က မအူပင်မြို့တွင် ကျင်းပစဉ်

Eleven
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဇူလိုင် ၁၂ ရက် (ယနေ့)တွင် မကွေးတိုင်းဒေသကြီး ပခုက္ကူ မြို့၌ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲကို ပခုက္ကူမြို့ရှောင်လမ်းရှိ ပုဂ္ဂလိက ပိုင် ယာခင်းများအတွင်း ပြုလုပ်သွားမည်ဖြစ်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပုသိမ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်တို့က ဟောပြောမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ရွှေ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့များ ထုတ်ယူနိုင်မှု လျော့နည်းလာကြောင်း စီမံ/စီးပွား ဒုဝန်ကြီး ပြောကြား

မြန်မာနိုင်ငံ၏ ရွှေ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့များ ထုတ်ယူနိုင်မှု လျော့နည်းလာကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါ်လဲ့လဲ့သိန်းက ပြော ကြားသည်။

ဇူလိုင် ၉ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ ပြည်ထောင်စုအစိုးရ၏ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်၊ အမျိုးသားစီမံကိန်း ဒုတိယခြောက်လပတ် (အောက်တိုဘာမှ မတ်လအထိ) အကောင်အထည်ဖော်နိုင်မှု အခြေအနေဆိုင်ရာ အစီရင်ခံစာတင်သွင်းစဉ် ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးထက် ဖွဲ့စည်းပုံပြင်ဆင်နိုင်ရန် ပိုမိုအရေးကြီးသည့် အတွက် လေးပွင့်ဆိုင်တွေ့ဆုံရေးဖြစ်ပေါ်ဖို့ လက်မှတ်ရေးထိုး တောင်း ဆိုသင့်ကြောင်း ပြည်သူများသို့ ဒေါက်တာအေးမောင် တိုက်တွန်း

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးထက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ဖို့ ပိုမိုအရေးကြီးသည့် အတွက် လေးပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးရေးဖြစ်ပေါ်ရန် လက်မှတ်ရေးထိုး တောင်းဆို မှုများ ပိုမိုပြုလုပ် သင့်ကြောင်း ဒေါက်တာအေးမောင်က ပြည်သူများအား တိုက်တွန်းပြော ဆိုခဲ့သည်။

ဒေါက်တာအေးမောင်က “ပုဒ်မ ၄၃၆ ကလည်း ပြင်ရမယ့် ပုဒ်မတစ်ခုပါပဲ။ ဒါပေမဲ့အဓိကကျတာက

မြန်မာ့ရေပိုင်နက်ထဲသို့ ၀င်ရောက်လာသည့် ထိုင်းငါးဖမ်းသင်္ဘောနှစ်စင်းကို တပ်မတော်ရေက ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းစာ ဖော်ပြ

မြန်မာ့တပ်မတော်ရေ ကင်းလှည့်ရေယာဉ်တစ်စင်းသည် ဇူလိုင် ၁၁ ရက်တွင် မြန်မာ့ရေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသည့် ထိုင်းငါးဖမ်းသင်္ဘော နှစ်စင်းအနက် တစ်စင်းအား ပစ်ခတ်နှစ်မြှုပ်ခဲ့ပြီး အခြားငါးဖမ်းသင်္ဘော တစ်စင်းကိုအနီးရှိ မြန်မာပိုင်ကျွန်းသို့ ဆွဲယူသွားခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။ အဆိုပါငါးဖမ်းသင်္ဘော နှစ်စင်းစလုံးတွင်

Friday, July 11, 2014

ထောင်ဒဏ်၁၀နှစ် ချမှတ်ခံခဲ့ရသည့် ယူနတီအမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့အတွက် ၀ါဆိုလပြည့်နေ့တွင် ဂျာနယ်လစ်များက ရန်ကုန်မြို့၊ ကြေးသွန်းဘုရား၌ ဆုတောင်းပွဲပြုလုပ်

နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ဖောက်ဖျက်မှုဖြင့် တရားစွဲဆိုကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀နှစ် ချမှတ်ခံခဲ့ရသည့် ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့ ပြန်လည် လွှတ်မြောက်လာစေရန်အတွက် (၀ါဆိုလပြည့်နေ့) ဇူလိုင် ၁၁ ရက်နေ့တွင် ဂျာနယ်လစ်များက ရန်ကုန်မြို့ကြေးသွန်းဘုရား၌ ၀တ်ပြုဆုတောင်းပွဲတစ်ရပ်ကို ပြုလုပ်ခဲ့ကြသည်။

ဆုတောင်းပွဲကို သတင်းမီဒီယာများမှ ဂျာနယ်လစ် ၁၅၀ဦးခန့်မှ "မီဒီယာဖိနှိပ်မှုရပ်"ဟု စာတန်းရေးနှိပ်ထားသည့် တီရှပ်အဖြူ များ ၀တ်ဆင်ကာ နံနက် ၉နာရီခွဲခန့်တွင် ကြေးသွန်းဘုရားကြီး၌ ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ယူနတီဂျာနယ်လစ်များ ပြန်လည်လွတ်မြောက်လာစေရန် ရည်ရွယ်၍ ဇီဝိတဒါနငှက်များကိုလည်း လွှတ်ခဲ့ကြသည်။
မြန်မာဂျာနယ်လစ်ကွန်ရက်မှ ကိုသန်းဌေးက "ယူနတီဂျာနယ်က သတင်းထောက်တွေကို ချမှတ်လိုက်တဲ့ aထာင်ဒဏ်၁၀နှစ်ဆိုတာက အရမ်းပင်းထန်လွန်းပါတယ်။ဒီသတင်းကလည်း ပြည်သူအတွက် သက်ရောက်မှု အများကြီးလည်း မဖြစ်ပါဘူး။အဲ့ဒီသတင်း ရေးသားဖော်ပြမှုအတွက် အစိုးရအနေနဲ့ ဘာကြောင့် ဒီလောက်ပြင်းထန်တဲ့ ပြစ်ဒဏ်ချမှတ်ရတာလဲဆိုတော့ မေးခွန်းထုတ်စရာပါပဲ။ဒါ ဟာ မီဒီယာသမားတွေကို ဖိနှိပ်တယ်လို့ပဲ မြင်ပါတယ်။ထောင်ဒဏ်ချခံခဲ့ရတဲ့ ယူနတီဂျာနယ်လစ်တွေ အပါဝင် မိသားစုဝင်တွေအတွက် တတ်နိုင်သလာက် ကူညီထောက်ပံ့ပေးဖို့ စီစဉ်နပါတယ်" ဟု ပြောကြားသည်။

Thursday, July 10, 2014

ရေနွေးထဲ သံပရာရည် ထည့်သောက်ခြင်းဖြင့် ရရှိနိုင်မည့် ကျန်းမာရေး အကျိုးကျေးဇူးများ

ရေနွေးထဲကို သံပရာသီးတစ်လုံး ညှစ်ထည့်ပြီး သောက်သုံးခြင်းသည် ကျန်းမာရေးအကျိုးကျေးဇူးများ ရှိကြောင်း သိရှိထားကြပြီဖြစ်သည်။ ကျန်းမာရေးအကျိုးကျေးဇူးရှိစေသော အကြောင်းရင်းများကို ဖော်ပြပေး လိုက်ပါ သည်။

အမြန် လမ်းမကြီး ယာဉ်မတော်တဆ ဖြစ်ပွားမှု အခြေ အနေနှင့် ယာဉ်အန္တရာယ် ကင်းရှင်းရေး၊ စည်းကမ်း ထိန်းသိမ်းရေးနှင် အရှိန်လွန် မောင်းနှင်ခြင်း ထိန်းချုပ်ရေး စနစ် B'Smart ဖြင့် စမ်းသပ် ဆောင်ရွက်နေ

အမြန်လမ်းမကြီး ယာဉ်မတော်တဆ ဖြစ်ပွားမှု အခြေအနေနှင့် ယာဉ်အန္တရာယ် ကင်းရှင်းရေး၊ စည်းကမ်း ထိန်းသိမ်းရေးစနစ် B'Smart အကောင်အထည်ဖော် ဆောင်ရွက်ရေးအစည်းအဝေးနှင့် ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ပြည်ထဲရေး ဝန်ကြီး ဌာန၌ ကျင်း ပ သည်။

အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၇ ဦး သေဆုံး

Photo: အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၇ ဦး သေဆုံး
Thursday, July 10, 2014 

အစ္စရေးတွေရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဇူလိုင် ၁၀ ရက်နေ့က ကလေး ၅ ဦးအပါအ၀င် ပါလက်စတိုင်းအရပ်သား ၇ ဦး သေဆုံးခဲ့ပါတယ်။

ဒါဟာ ဂါဇာကမ်းမြောင်ဒေသက ဟားမတ်စ်အဖွဲ့ကို တိုက်ခိုက်မှုစတာ ၃ ရက်အတွင်း အကြီးဆုံး လူသေမှု ဖြစ်တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
ခန်းယွန်းစ်မြို့နားက လူသိပ်သည်းတဲ့ဒေသမှာ ဒေသခံတွေ အိပ်ချိန်အတွင်း အနည်းဆုံး အိမ် ၂ လုံးပေါ်ကို အစ္စရေးလေကြောင်းတိုက်ခိုက်မှုကနေ ဗုံးကြဲချခဲ့တာလို့ ဒေသခံတွေနဲ့ ဆေးဘက်အရာရှိတွေက ပြောပြီး ဒီတိုက်ခိုက်မှုကြောင့် တခြားလူ ၁၆ ယောက် ဒဏ်ရာရတယ်လို့လဲ ၀န်ကြီးဌာနက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်နေ့က စတဲ့ ဂါဇာက ဒုံးကျည်ပစ်ခတ်မှုကို တုံ့ပြန်တဲ့ အစ္စရေး တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်း အယောက် ၆၀ သေဆုံးခဲ့ပြီး အများစုကတော့ အရပ်သား တွေ ဖြစ်ပါတယ်။

အစ္စရေးဘက်ကတော့ သေနတ်သမားတွေက ဒုံးကျည် ၂၀၀ ကျော် ပစ်ခဲ့တယ်လို့ ပြောပါတယ်။ ဒုံးကျည်ပစ်ခတ်မှုကြောင့် ပြင်းထန်တဲ့ ထိခိုက်သေဆုံးမှုတော့ မရှိခဲ့ပါဘူး။

ဒါပေမယ့် အစ္စရေးတောင်ပိုင်း စီးပွားရေးတွေ ရပ်တန့်ကုန်ပြီး ထောင်သောင်းချီတဲ့လူတွေဟာ ခိုလှုံရာအတွက် အလုအယက် ကြိုးပမ်းနေရပါတယ်။

ဟားမတ်အဖွဲ့ဘက်က ၁ နာရီအတွင်း ဒုံးကျည်အလုံး ၃၀ လောက် အစ္စရေး တောင်ပိုင်းမြို့တွေကို ပစ်ခတ်ခဲ့တယ်လို့ အစ္စရေးမီဒီယာတွေက ကြေညာအပြီး ခုလို ပစ်ခတ်မှု စတင်ခဲ့တာ ဖြစ်ပါတယ်။

ဟားမတ်စ်အဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူ အစီရင်ခံမှုတော့ မရှိသေးပါဘူး။

ဒီဗွီဘီ
အစ္စရေးတွေရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဇူလိုင် ၁၀ ရက်နေ့က ကလေး ၅ ဦးအပါအ၀င် ပါလက် စတိုင်းအရပ်သား ၇ ဦး သေဆုံးခဲ့ပါတယ်။

"အဆင်းရဲဆုံးနိုင်ငံဟု လူသိများသည့် အီသီယိုးပီးယားနိုင်ငံက မြန်မာထက် ပိုချမ်းသာနေ"

နိုင်ငံပေါင်း ၂၁၅ နိုင်ငံ ပါဝင်သော နိုင်ငံ၏ ဆင်းရဲ၊ ချမ်းသာ စစ်တမ်းကို ကမ္ဘာ့ဘဏ် က ဖော်ပြခဲ့ ရာတွင် မြန်မာက အဆင့် ၂ဝ၃ တွင် ရပ်တည် နိုင် ခဲ့သည်။

ဆင်းရဲ၍ အိမ်နီးချင်းနိုင်ငံကို အမှီပြုနေရသော မြောက်ကိုရီးယား၊ ပင်လယ် ဓားပြပေါများရာ ဆိုမာလီယာနှင့် ငတ်မွတ်မှုရှိသော အီသီယိုး ပီးယား တို့အောက်တွင် မြန်မာက ရှိနေသည်။

လက်ရှိနိုင်ငံရေးအကျပ်အတည်းနှင့် အခြားပြဿနာများအား အမြန်ဆုံးဖြေ ရှင်းနိုင်ရန် လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးသင့်ဟု NLD နှင့် တိုင်းရင်းသားခေါင်းဆောင်များ ပြောကြား

Photo: လက်ရှိနိုင်ငံရေးအကျပ်အတည်းနှင့် အခြားပြဿနာများအား အမြန်ဆုံးဖြေ ရှင်းနိုင်ရန် လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးသင့်ဟု NLD နှင့် တိုင်းရင်းသားခေါင်းဆောင်များ ပြောကြား
Thursday, July 10, 2014

လက်ရှိ နိုင်ငံရေးအကျပ်အတည်းနှင့် မြန်မာနိုင်ငံ၌ ကြုံတွေ့နေရသည့် အခြားပြဿနာများအား အမြန်ဆုံးဖြေရှင်းနိုင်ရန် နိုင်ငံတော် သမ္မတ ၊ ပြည်ထောင်စုလွှတ်တော် နာယက၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့၏ လေးပွင့်ဆိုင်တွေ့ ဆုံဆွေးနွေးရေး ဆောင်ရွက်သင့်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် တိုင်းရင်းသားခေါင်းဆောင်များက ပြောကြားသည်။

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံဆွေးနွေးခြင်းဖြင့် မြန်မာနိုင်ငံ၏ ပစ္စုပ္ပန်နှင့် အနာဂတ်အရေးတို့တွင် ကြီးစွာအကျိုးဖြစ်ထွန်းနိုင်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် မိတ်ဖက် တိုင်းရင်းသားပါတီများက ဇူလိုင် ၇ ရက်က ပူးတွဲ သဘောထား ကြေညာချက် ထုတ်ပြန်ထားသည်။

NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးထွန်းထွန်းဟိန်က “လေးပွင့်ဆိုင်ဆွေးနွေးမှုက ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းတွေ ရှိတာပေါ့။ နိုင်ငံရေးအကျပ်အတည်းတွေ အခြားပြဿနာတွေရှိတယ်။ နိုင်ငံတစ်ခုကို ဖွံ့ဖြိုးတိုးတက်အောင်လို့ ဆောင်ရွက်မယ်ဆိုလို့ရှိရင် အစိုးရ တစ်ဖက်တည်း ဆောင်ရွက်နေလို့မဖြစ်ပါဘူး။ ထို့အတူ ပြည်သူတစ်ဖက်တည်း ဆောင်ရွက်နေလို့ မဖြစ်ပါဘူး။ ထို့အတူ ပြည်သူ့လွှတ်တော်၊ တပ်မတော်ကရော အားလုံးပူးပေါင်းဆောင်ရွက်နိုင်မယ့် အခြေအနေမျိုးဆိုလို့ရှိရင်တော့ တိုင်းပြည်ဟာ လျင်လျင်မြန်မြန် တိုးတက်သွားမယ့် အနေအထားမျိုးရှိပါတယ်။ ဒါကြောင့်မို့ အရေးပါတဲ့ ပုဂ္ဂိုလ်လေးဦးကတွေ့ဆုံပြီးတော့ ဆွေးနွေးကြမယ် ဆိုရင် ပြည်သူလူထုကလည်း ၀မ်းပန်းတသာရှိမယ်။ နောက်ပြီးတော့ အခက်အခဲပြဿနာတွေကိုလည်း လျင်လျင်မြန်မြန်လေး ဖြေရှင်းနိုင်မယ်ပေါ့” ဟု ပြောကြေားသည်။

မြန်မာနိုင်ငံ၌ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် ကဏ္ဍအသီးသီးတွင် ပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ရွေးကောက်ပွဲ စနစ် ပြုပြင်ပြောင်းလဲရေး ၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးဆိုင်ရာများနှင့် ပတ်သက်၍ အကျပ်အတည်း ကာလကို ရောက်ရှိနေသည့်အပြင် လှုံ့ဆော်မှုများကြောင့် လူမျိုးရေး အသွင်ဆောင် သည့်ပြဿနာများ၊ လယ်ယာမြေပြနာများနှင့် အခြားအခြားသော ပြဿနာ များစွာ ဖြစ်ပေါ်လျက်ရှိနေသည်။

“တိုင်းပြည်အတွက် အပြောင်းအလဲဖြစ်ဖို့ ကြိုးပမ်းတဲ့အခါပဲဖြစ်ဖြစ် ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေးအတွက် ဆွေးနွေးတဲ့အခါပဲဖြစ်ဖြစ်ပြီးတော့ အနာဂတ်တိုင်းပြည်အရေးအတွက်ပဲ ဖြစ်ဖြစ် ဆွေးနွေးတဲ့အခါမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပါသင့်တယ်။ ပြီးတော့ သဘောထားကိုလည်း ထုတ်ဖော်ပြီးတော့ ပြည်သူတွေသိသာအောင် ပြောသင့်တယ်ဆိုတဲ့ သဘောထားရှိတယ်။ ဒါကြောင့် ကဏ္ဍအသီးသီးမှာ တာဝန်ရှိကြတဲ့ပုဂ္ဂိုလ်များဟာ တွေ့ဆုံဆွေးနွေးပြီးတော့ တိုင်းပြည်အရေးအတွက် ဆွေးနွေးသင့်တယ်လို့ ဆုံးဖြတ်ပါတယ်” ဟု ရခိုင်အမျိုးသားပါတီခေါင်းဆောင် ဦးအေးသာအောင်က ပြောကြားသည်။

1ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာတွင် အဆင်ပြေချောမွေ့စေရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရန် ၂၀၁၃ ခုနှစ် နိုဝင်ဘာလအတွင်းက သမ္မတထံသို့ မေတ္တာရပ်ခံစာပေးပို့ခဲ့ရာ သမ္မတက ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာထွက်ရှိပြီးမှသာ လေးပွင့်ဆိုင်တွေ့ဆုံမှုကို စဉ်းစားသင့်ကြောင်း သဘောထားမှတ်ချက်ပေးခဲ့သည်။

နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော်နာယက၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် လူထုခေါင်းဆောင် တို့၏ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်လာစေရန် ပြည်သူများက ဆန္ဒထုတ်ဖော်တောင်းဆိုမှုများပင် ပြုလုပ်ခဲ့ကြပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် မိတ်ဖက်တိုင်းရင်းသားပါတီများ ကလည်း လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ဆောင်ရွက်သင့်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ 

ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားခေါင်းဆောင်များ ဇူလိုင် ၅ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်၌ တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ-NLD)
Eleven Media Group
လက်ရှိ နိုင်ငံရေးအကျပ်အတည်းနှင့် မြန်မာနိုင်ငံ၌ ကြုံတွေ့နေရသည့် အခြားပြဿနာများအား အမြန်ဆုံးဖြေရှင်းနိုင်ရန် နိုင်ငံတော် သမ္မတ ၊ ပြည်ထောင်စုလွှတ်တော် နာယက၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့၏ လေးပွင့်ဆိုင်တွေ့ ဆုံဆွေးနွေးရေး ဆောင်ရွက်သင့်သည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် တိုင်းရင်းသားခေါင်းဆောင်များ က ပြောကြားသည်။

တာဝန်ခံအယ်ဒီတာအပါအ၀င် အယ်ဒီတာသုံးဦးကို ရဲသတင်းတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေသော မွန်းတည့်နေဂျာနယ်နှစ်စောင်စလုံး ထုတ်ဝေမှု တစ်ပတ်ရပ်နားမည်

တာဝန်ခံအယ်ဒီတာအပါအ၀င် အယ်ဒီတာသုံးဦးကို ရဲသတင်းတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေပြီး ၁၉၅၀ ပြည့်နှစ်အရေးပေါ်စီမံမှုအက်ဥပဒေဖြင့် အမှုဖွင့်ခံထားရသော မွန်းတည့်နေဂျာနယ်နှင့် Bi မွန်းတည့်နေဂျာနယ် နှစ်စောင်စလုံး ထုတ်ဝေမှုတစ်ပတ် ရပ်နားသွားမည်ဖြစ်ကြောင်း မွန်းတည့်နေဂျာနယ်မှ

ရိုမီရိုကယ်တင်ခဲ့တဲ့ အာဂျင်တီးနား၏ ကမ္ဘာ့ဖလားမျှော်လင့်ချက်

Photo: ရိုမီရိုကယ်တင်ခဲ့တဲ့ အာဂျင်တီးနား၏ ကမ္ဘာ့ဖလားမျှော်လင့်ချက်
Thursday, July 10, 2014 

ဆီးမီးဖိုင်နယ်ဒုတိယပွဲစဉ်မှာ အာဂျင်တီးနား နှင့် နယ်သာလန်အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ အချိန်ပိုပွဲပြီးသည်အထိ
တစ်ဖက်နှင့်တစ်ဖက် ဂိုးမသွင်းကြသည့်အတွက် ပင်နယ်တီအဆုံးအဖြတ်ဖြင့် နောက်ဆုံးစင်မြှင့်တစ်နေရာအတွက် အဖြေထုတ်ခဲ့ရသည်။ 

အဆိုပါ ပင်နယ်တီအဆုံးအဖြတ်ကန်သွင်းမှုတွင် အာဂျင်တီးနားဂိုးသမား ဆာဂျီအို ရိုမီရို၏ လက်စွမ်းပြကာကွယ်မှုများကြောင့်
အာဂျင်တီးနားတို့ လေးဂိုး နှစ်ဂိုးရလဒ်ဖြင့်အနိုင်ရရှိခဲ့ပြီးနောက်ဆုံးဗိုလ်လုပွဲဆီကိုတက်ရောက်သွားနိုင်ခဲ့သည်။ ရိုမီရိုသည် နယ်သာလန်အသင်းမှ ဗီလာ နှင့် ရှနိုက်ဒါတို့ကန်သွင်းသည့် ပင်နယ်တီနှစ်လုံးကို ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပြီး အာဂျင်တီးနားအသင်းကတော့ ပင်နယ်တီကန်သွင်းမှုတိုင်းမှာ အမှားအယွင်းမရှိခဲ့သည့်အတွက် လေးဂိုးမြောက်ကန်သွင်းအပြီးမှာ ဖိုင်နယ်လှေကားတက်ရောက်ခွင့် အဖြေထုတ်သွားနိုင်ခဲ့သည်။ 

အဆိုပါပွဲစဉ်၏ အကောင်းဆုံးကစားသမားဆုကိုရခဲ့တာကြောင့်ရိုမီရိုအနေဖြင့် ယခုနှစ်ကမ္ဘာ့ဖလား၏ ရွှေလက်အိတ်ဆုအတွက် မျှော်လင့်ချက်အားကောင်းနေသည်။ အာဂျင်တီးနားအနိုင်ကြောင့် ဖိုင်နယ်ပွဲစဉ် နှင့် တတိယလုပွဲ ပွဲစဉ်သည်
ဥရောပ နှင့် တောင်အမေရိကအသင်းများ ထိပ်တိုက်တွေ့ဆုံ ရင်ဆိုင်ရတော့မည်ဖြစ်၏။ အာဂျင်တီးနားအသင်းသည်
ကမ္ဘာ့ဖလား ပင်နယ်တီ အဆုံးအဖြတ် (၅)ကြိမ်တွင် (၄)ကြိမ်အနိုင်ရခဲ့သလို ကမ္ဘာ့ဖလား၏ ဆီးမီးပွဲစဉ်တိုင်းကို ဖြတ်ကျော်နိုင်သည့် 
အသင်းလည်းဖြစ်ခဲ့သည်။ နယ်သာလန်အသင်းသည် ပြီးခဲ့သည့် ၉၈ ကမ္ဘာ့ဖလားတုန်းက ဘရာဇီးကို ပင်နယ်တီမှာရှုံးနိမ့်ခဲ့ဖူးသည့် အတွက် တောင်အမေရိကအသင်းများကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် ဆီးမီးဖိုင်နယ်မှာ ရှုံးခဲ့သည့် အစဉ်အလာဖြစ်သွားသည်။ အာဂျင်တီးနားအသင်းသည် 
ဖိုင်နယ်ပွဲစဉ်အဖြစ် အိမ်ရှင်အသင်းအား ဂိုးပြတ်နဲ့ချေမှုန်းလာသည့် ဂျာမနီအသင်းနဲ့ ရီရိုမြေမှာ ဂျူလိုင်လ ၁၄ ရက်နေ့မနက်မှာ 
ချန်ပီယံမှတ်တမ်းရေးထိုးနိုင်ရေး ထပ်မံအဖြေထုတ်ရတော့မည်ဖြစ်၏။။။။ 

မိုးတိမ်

Football Café
ဆီးမီးဖိုင်နယ်ဒုတိယပွဲစဉ်မှာ အာဂျင်တီးနား နှင့် နယ်သာလန်အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ အချိန်ပို ပွဲပြီးသည်အထိတစ်ဖက်နှင့်တစ်ဖက် ဂိုးမသွင်းကြသည့်အတွက် ပင်နယ်တီ အဆုံး အဖြတ်ဖြင့် နောက် ဆုံးစင်မြှင့်တစ်နေရာအတွက် အဖြေထုတ်ခဲ့ရသည်။
အဆိုပါ ပင်နယ်တီအဆုံးအဖြတ်ကန်သွင်းမှုတွင် အာဂျင်တီးနားဂိုးသမား ဆာဂျီအို ရိုမီရို၏ လက်စွမ်းပြကာ ကွယ်မှု များကြောင့်အာဂျင်တီးနားတို့ လေးဂိုး နှစ်ဂိုး ရလဒ်ဖြင့်အနိုင်ရရှိခဲ့ပြီးနောက်ဆုံး

အ၀လွန်မှုကြောင့် အပေါက်ကျွံပြီး ဖမ်းဆီး ခံလိုက်ရတဲ့ သူခိုး

 တရုတ်နိုင်ငံက သူခိုးတစ်ဦးဟာ အိမ် တစ်အိမ်ကို ဖောက်ထွင်းဖို့ ကြိုးစားရာမှာ အပေါက် ကျွံပြီး ပြန်မထွက်နို င် ခဲ့တာမို့ ဖမ်းဆီး ခံလိုက်ရ တယ်လို့ သိရပါတယ်။ ချန်ဒူးမြို့မှာ ရှိတဲ့ နေအိမ် တစ်အိမ်ကို အသက် (၃၅)နှစ် အရွယ် ရှိပြီဖြစ်တဲ့ ယီဖူက ဖောက်ထွင်းဖို့ ကြိုးစားခဲ့ပါတယ်။ ယီဖူရဲ့ ကိုယ်အလေးချိန်က (၂၆၆) ပေါင်အထိ ရှိပါတယ်။ ယီဖူဟာ ဓား တစ်ချောင်းကို ကိုင်ပြီး ဖောက်ထွင်း ကိရိယာ တွေနဲ့ နေအိမ်ထဲကို ခိုးဝင်ခဲ့ပါတယ်။

အမြန်လမ်းမကြီးများဘေးရှိ လူနေအိမ်များ ဖျက်ပေးရန် မလိုတော့

နိုင်ငံတစ်ဝန်းရှိ လမ်းမ ကြီးများဘေးတွင် တည်ဆောက် ထားသော နေအိမ်အဆောက်အအုံများအား လမ်းများ တိုးချဲ့ရန် ဖျက်သိမ်းဖို့ စီစဉ်ခဲ့သော်လည်း ယခုအခါ မူလအတိုင်း ထားရှိတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ယခု အစိုးရသစ်လက်ထက် တွင်ပင် ပြည်ထောင်စုလွှတ်တော် က အတည်ပြု ပြဋ္ဌာန်းထားသော လမ်းမကြီးများ ဥပဒေတွင် ချွတ် ယွင်းချက်များ ပါရှိသဖြင့် ယင်း ဥပဒေအား ပြင်ဆင်သည့် ဥပဒေ ကို လွှတ်တော်နှစ်ရပ်တွင် တင် သွင်းခဲ့ပြီး ယခုလ ၉ ရက်ကကျင်းပသည့် ပြည်ထောင်စုလွှတ်တော်၌ အတည်ပြုခဲ့ခြင်း ဖြစ်သည်။