Monday, September 8, 2014

အမျိုးသမီးလေးဦးအား အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့သူ အာဖဂန်နိုင်ငံသား ခုနစ်ဦး သေဒဏ်ချမှတ်ခံရ

afghan-rape
အာဖဂန်နစ္စတန်နိုင်ငံတွင် အမျိုးသမီးလေးဦးအား အုပ်စုဖွဲ့မုဒိမ်းကျင့်ခဲ့သူ လေးဦးကို တရားရုံးက စက်တင်ဘာ ၇ ရက်တွင် သေ ဒဏ်ချမှတ်လိုက်ကြောင်း သိရ သည်။တာလီဘန်ခေတ်ကျော်လွန် သွားပြီးနောက် အာဖဂန်နစ္စတန်နိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများ လုပ် ဆောင်နေသော်လည်း အဆိုပါ အုပ်စုဖွဲ့မုဒိမ်းကျင့်မှုဖြစ်စဉ်က အမျိုး သမီးများ အကြမ်းဖက်ခံရမှုများ ရှိနေဆဲဖြစ်ကြောင်းကို ပြသလျက် ရှိသည်။

ဂျပန်သွားမည့် လုပ်သားများ လိမ်လည်ခံရသည့် ငွေကြေးပြန်ရရေး ဆရာတော် ဦးဝီရသူ လုပ်ဆောင်

ဂျပန်နိုင်ငံသို့ ပို့ဆောင်ပေးမည်ဟုဆိုကာ အလုပ်သမား ၁၀၀ ကျော်ထံမှ ငွေကျပ် သိန်းသုံးထောင်ကျော် လိမ်လည်ခဲ့သည့် တရားဝင် ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီထံမှ ငွေပြန်ရရန် ဆရာတော် ဦးဝီရသူ ညွှန်ကြားချက်ဖြင့် လုပ်ဆောင်နေကြောင်း ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေး သံတမန်ကွန်ရက်မှ ဦးရွှေကြည်က ပြောကြားသည်။

လိုင်စင်ရ ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ ဖြစ်သည့် ကျော်ကျော်နိုင် ကုမ္ပဏီထံမှ

ပြည်သူ့ဆန္ဒပေါ်မူတည်၍ သမ္မတနောက်တစ်ကြိမ် ထပ်လုပ်ရန် ဆုံးဖြတ်သွားမည်ဟု ဦးသိန်းစိန်ပြောကြား

Photo: ပြည်သူ့ဆန္ဒပေါ်မူတည်၍ သမ္မတနောက်တစ်ကြိမ် ထပ်လုပ်ရန် ဆုံးဖြတ်သွားမည်ဟု ဦးသိန်းစိန်ပြောကြား
Monday, September 8, 2014

တိုင်းပြည်အခြေအနေ နှင့် ပြည်သူလူထု၏ စိတ်ဆန္ဒရှိမှု အပေါ်မူတည်၍ သမ္မတသက် တမ်းနောက်တစ်ကြိမ်လုပ်ကိုင် ရန် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က ပြောကြား လိုက်သည်။

သမ္မတဦးသိန်းစိန်အနေဖြင့် ဒုတိယ သက်တမ်းဆက်လက် လုပ်ကိုင်ရန် ရှိ၊ မရှိ သမ္မတသက်တမ်း သုံးနှစ်ကျော်လာသည်အထိ တ ရားဝင် တိတိကျကျပြောကြားခဲ့ ခြင်းမရှိခဲ့ဘဲ ယခုဥရောပခရီးစဉ် အတွင်း ဥရောပခေါင်းဆောင် များနှင့် ဥရောပသတင်းဌာနများ ၏ မေးမြန်းမှုများကို ပထမဆုံး ပြောကြားလိုက်ခြင်းလည်း ဖြစ် သည်။

ဂျာမနီ ဝန်ကြီးချုပ်နှင့် သမ္မတ၊ ဆွစ်ဇာလန်သမ္မတတို့နှင့် တွေ့ဆုံရာ၌ ၂၀၁၅ တွင် သမ္မတ ဦးသိန်းစိန်အနေဖြင့် မည်သို့ဆက် လက်လုပ်ဆောင်မည်နည်း ဆို သည့်မေးခွန်းများကို အထက်ပါ အတိုင်း ဖြေကြားခဲ့ခြင်းဖြစ် ကြောင်း သမ္မတပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က အီးမေးလ်မှတစ်ဆင့် ဖြေကြားခဲ့ခြင်းဖြစ်သည်။

‘‘ဂျာမနီမှာရော ဆွစ်ဇာလန် မှာပါ ခေါင်းဆောင်တွေ၊ မီဒီယာ တွေက သမ္မတကြီး ၂၀၁၅ မှာ ဘာဆက်လုပ်မလဲဆိုတဲ့အချက် ကို အရမ်းသိချင်ကြတယ်။ ဒါပဲ မေးနေတယ်။ ၂၀၁၅ မှာ သမ္မတ အဖြစ်ဆက်ပြီးတာဝန်ယူဖို့ စိတ် ဆန္ဒရှိ၊ မရှိမေးတဲ့မေးခွန်းတွေနဲ့ ကြုံတိုင်း သမ္မတကြီးက တိုင်း ပြည်ရဲ့အခြေအနေနဲ့ ပြည်သူတွေ ရဲ့ ဆန္ဒပေါ်မူတည်ပြီး ဆုံးဖြတ် မယ်လို့ဖြေခဲ့တယ်’’ဟု ၎င်းက ပြောကြားသည်။

ယခင်က သမ္မတဦးသိန်းစိန် အား ၂၀၁၅ အလွန် နိုင်ငံရေး မျှော်မှန်းချက်ကို မေးမြန်းတိုင်း လက်ရှိအစိုးရအဖွဲ့၏ ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းစဉ်များကို အကောင်းဆုံးအာရုံစိုက်ထားပြီး ၂၀၁၅ အတွက် ကြိုတင်စဉ်းစားထားခြင်းမရှိဟု မကြာခဏဖြေကြားခဲ့ သည်။

ယခု ဥရောပခရီးစဉ်တွင်မူ သမ္မတဒုတိယသက်တမ်းအတွက် တိုင်းပြည်နှင့် ပြည်သူလူထုဆန္ဒ ပေါ်မူတည်ဆုံးဖြတ်မည်ဟု ပြော ကြားလာခြင်းဖြစ်သည်။

ထို့အပြင် သမ္မတဦးသိန်းစိန် သည် ယခုဥရောပခရီးစဉ်အတွင်း ဖက်ဒရယ်ပြည်ထောင်စုစနစ် အကြောင်းကိုလည်း စိတ်ဝင် တစားလေ့လာနေပြီဖြစ်သည်။ အထူးသဖြင့် စီရင်ပိုင်ခွင့်အာဏာ ကို အစိုးရနှင့် ဖက်ဒရယ်ကောင်စီ တို့ပူးပေါင်းဆောင်ရွက်သည့် ဆွစ်ဇာလန်နိုင်ငံ၏ ဖက်ဒရယ် စနစ်အပေါ် စက်တင်ဘာ ၅ ရက်နံနက်တွင် အချိန်သီးသန့်ပေး၍ ဆွေးနွေးလေ့လာခဲ့သည်။

‘‘ဖက်ဒရယ်ကိစ္စမှာ မှတ် သားစရာကတော့ ဆွစ်ဇာလန်မှာ ၁၈၄၈ လောက်ကစပြီး အဆင့် ဆင့်ပြောင်းခဲ့ရတယ်။ နောက်ဆုံး ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပြည် ထောင်စုဖွဲ့စည်းပုံကို ၂၀၀၈ မှာ အကြီးဆုံးအပြောင်းအလဲလုပ်ခဲ့ တယ်။ အဲဒီလိုလုပ်ဖို့အတွက် ၁၅ နှစ်လောက်ပြင်ဆင်ရတယ်။ ဒါ တောင်မှ ပြင်ပြီးသားအချက် တချို့ကို ချက်ချင်းမလုပ်နိုင်ဘူး။ ဘဏ္ဍာရေးကိစ္စတချို့ကို ဆယ် နှစ်ကျော်လောက်အချိန်ဇယားဆွဲ ပြီး လုပ်ရမယ်လို့ပြောတယ်။ သူ တို့ဆိုလိုတာက ကျွန်တော်တို့ဆီ မှာလည်း ရေတိုချက်ချင်းလုပ်ရ မယ့်ကိစ္စ၊ ရေရှည်အဆင့်ဆင့် လုပ်ရမယ့်ကိစ္စစသဖြင့် စဉ်းစား သင့်တယ်လို့ဆိုတယ်’’ဟု ဦးရဲ ထွဋ်က ဆွစ်ဇာလန်ဖက်ဒရယ် ကောင်းမှုကို ပြောကြားသည်။

ပြီးခဲ့သည့် အာဇာနည်နေ့က အာဇာနည်ခေါင်းဆောင်များအား သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ် တို့ဆွမ်းကပ်လှူပွဲတွင် သမ္မတဦးသိန်းစိန်က အနားယူသည့်အခါ စိုက်ပျိုးရေးလုပ်ငန်းများလုပ်ကိုင်သွားမည်ဖြစ်ကြောင်း ဆွမ်းကပ်ပွဲသို့ တက်ရောက်ခဲ့သည့် နိုင်ငံရေးအသိုင်းအဝိုင်းအား ပြောကြားခဲ့သည်။

၂၀၁၅ တွင် သမ္မတဖြစ်လို ကြောင်း ပြောကြားထားသည့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရ ဦးရွှေမန်းက သမ္မတဦးသိန်းစိန် အနေဖြင့် နောက်တစ်ကြိမ်သက် တမ်းအတွက် ဝင်ရောက်လုပ်ကိုင် မည်မဟုတ်ကြောင်း ပြောကြား စဉ်ကလည်း နောက်သက်တမ်း ဆက်လုပ်၊ မလုပ်ကို သမ္မတကိုယ် တိုင်သာ ပြည်သူသို့ အသိပေး မည်ဖြစ်ကြောင်း သမ္မတပြောခွင့် ရပုဂ္ဂိုလ်မှတစ်ဆင့် သမ္မတဦးသိန်း စိန်က တုံ့ပြန်ခဲ့သည်။

ပြည်ပခရီးစဉ်သွားတိုင်း ဝေ ဖန်ခံရသည့် ဘင်္ဂါလီဒုက္ခသည်များအရေးနှင့်ပတ်သက်၍ ယခုဥရောပခရီးစဉ်မတိုင်မီကတည်းက ဒုက္ခသည်နှစ်ထောင်ကျော် ပြန်လည်စိစစ်လက်ခံရန် ဘင်္ဂလားဒေ့ရှ်နှင့် သဘောတူလိုက်ခြင်းကလည်း ယခုဥရောပခရီးစဉ်အတွင်း ဆွေးနွေးပွဲများ ကို ပိုမိုချောမွေ့စေခဲ့သည်။

‘‘ဒီတစ်ခေါက်ခရီးစဉ်မှာ နှစ် နိုင်ငံလုံးမှာ မြန်မာလို့ပဲသုံးတယ်။ ရခိုင်ကိစ္စ ဆွေးနွေးတဲ့အခါမှာ လည်း ရိုဟင်ဂျာစကားလုံးမသုံး ဘူး။ ရခိုင်ပြည်နယ်မှာရှိတဲ့ မွတ် စလင်ဘာသာဝင်တွေလို့ပဲသုံး တာ သတိထားမိတယ်’’ဟု ဦးရဲ ထွဋ်က ဆိုသည်။

လာမည့်ရွေးကောက်ပွဲအ တွင်း သမ္မတဖြစ်လိုကြောင်း ပြောကြားထားသူများမှာ ပြည်ထောင် စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်တို့ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉(စ) ကြောင့် သမ္မတဖြစ်ခွင့် ကန့်သတ်ခံနေရသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်ကို ဆွစ်ဇာလန်သမ္မတနှင့်အတူစက်တင်ဘာ ၅ ရက်ကတွေ့ရစဉ်(PETER SCHNEIDER/ EPA)
7Day Daily
တိုင်းပြည်အခြေအနေ နှင့် ပြည်သူလူထု၏ စိတ်ဆန္ဒရှိမှု အပေါ်မူတည်၍ သမ္မတသက် တမ်းနောက်တစ်ကြိမ်လုပ်ကိုင် ရန် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က ပြောကြား လိုက်သည်။

သမ္မတဦးသိန်းစိန်အနေဖြင့် ဒုတိယ သက်တမ်းဆက်လက် လုပ်ကိုင်ရန် ရှိ၊ မရှိ သမ္မတသက်တမ်း သုံးနှစ်ကျော်လာသည်အထိ တ ရားဝင် တိတိကျကျပြောကြားခဲ့ ခြင်းမရှိခဲ့ဘဲ ယခုဥရောပခရီးစဉ် အတွင်း ဥရောပခေါင်းဆောင် များနှင့် ဥရောပသတင်းဌာနများ ၏ မေးမြန်းမှုများကို ပထမဆုံး ပြောကြား လိုက်ခြင်းလည်း ဖြစ် သည်။

ဓမ္မစေတီခေါင်းလောင်းနှင့်ပတ်သက်၍ ဝင်ပူးခြင်းများရှိခဲ့သော်လည်း သိပ္ပံနည်းဖြင့်သာ ရှာဖွေသင့်ကြောင်း ဒေါက်တာချစ်စံဝင်းပြော

Photo: ဓမ္မစေတီခေါင်းလောင်းနှင့်ပတ်သက်၍ ဝင်ပူးခြင်းများရှိခဲ့သော်လည်း
သိပ္ပံနည်းဖြင့်သာ ရှာဖွေသင့်ကြောင်း ဒေါက်တာချစ်စံဝင်းပြော 
Monday, September 8, 2014

ဓမ္မစေတီခေါင်းလောင်းနှင့်ပတ်သက်၍ ဝင်ပူးခြင်းများ ရှိခဲ့ သော်လည်း ခေါင်းလောင်းဆယ်ယူရန် သိပ္ပံ နည်းပညာများကို အသုံးပြုရှာဖွေသင့်ကြောင်း မြန်မာသမိုင်းအဖွဲ့ဝင်၊ ရှေးဟောင်းသုတေ သီ ဒေါက်တာချစ်စံဝင်းက ပြောသည်။

အဆိုပါ ခေါင်းလောင်းဆယ်ယူ ရာတွင် ခေါင်းလောင်းကိုစိတ်စွဲပြီး သေဆုံး သူများမှာ မကျွတ်မလွတ်ဘဲ ပူးကပ်ခြင်း များရှိခဲ့ကြောင်း သိရသည်။
''ပူးတာတွေတော့ ဖြစ်ခဲ့ဖူးတယ်။ ဓမ္မစေတီခေါင်းလောင်း ရှာဖွေခွင့်ရခဲ့တဲ့ ဒေါ်ခင်အေးသိန်းကတော့ သူ့ကိုယ်တွေ့ အဖြစ်အပျက်ကို ပြောပြဖူးတယ်။ အမျိုးသမီး တစ်ယောက်က ညောင်လေးပင်မှာ ပူးပြီး ပြောတယ်။ ပြင်သစ်လိုလဲ မဟုတ်၊ စပိန်လို လဲမဟုတ်ဘူး။ ပေါ်တူဂီစကားနဲ့ ပြောတာ။ ဝင်ပူးတာက ငဇင်ကာဖြစ်တယ်လို့ ပြော တယ်။ ခေါင်းလောင်းကြီးကိုစွဲပြီး မကျွတ် ဘူးလို့ပြောတယ်။ အဲဒီလို အဖြစ်အပျက်တွေ ကတော့ အများကြီးပဲ၊ ယုံကြည်လို့တော့ မရပါဘူး။ ဆရာကတော့ နဂါးမေးပြီး ဗေ ဒင်မေးပြီးတော့ ရှာလို့မရဘူး။ ရိုးရာနည်း တွေနဲ့အတူ သိပ္ပံနည်းကျ ရှာဖွေဖို့လိုတယ်'' ဟု ဒေါက်ချစ်စံဝင်းက ပြောသည်။

သိပ္ပံနည်းပညာများဖြစ်သော ရူပ ဗေဒနည်းပညာဖြင့် အသံလှိုင်းအား ထုတ် လွှင့်ရှာဖွေခြင်းနှင့် ဓာတုဗေဒနည်းပညာ များဖြစ်သော ကြေးဓာတ်များသော ရေပြင် နေရာတွင် ရှာဖွေခြင်းများ ဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် လက်ရှိဆယ်ယူရေးအ ဖွဲ့အား လေးစားအသိအမှတ်ပြုကြောင်း ပြောသည်။
''ဦးစံလင်းတို့ ရှာဖွေနေတယ်။သူတို့ရှာဖွေတာကို လေးစားတယ်။ ရှာတွေ့ ရင်ကောင်းမယ်။ နဂါးတွေနဲ့ရှာရင်တော့ မရနိုင်ဘူး။ သံတုံးက ရေထဲကျသွားတာကို ခေတ်မီ ရူပဗေဒ၊ ဓာတုဗေဒနည်းပညာ မပါဘဲ ဒီခေါင်းလောင်းကြီး ဘယ်လိုမှမရ နိုင်ဘူး''ဟု ယင်းက ဆက်ပြောသည်။

ခေါင်းလောင်းဆယ်ယူရေးအ တွက် သတင်းများထုတ်ပြန်ရာတွင် နဂါး များ ပါလာသောကြောင့် ဝေဖန်မှုများခံရ ကြောင်း သိရသည်။ ယင်းကိစ္စနှင့် ပတ်သက် ၍ ဓမ္မစေတီခေါင်းလောင်းဆယ်ယူရေး အ ထောက်အကူပြု ပြန်ကြားရေးတာဝန်ခံ ဦးကြည်ဝင်းက ''အန်ကယ့်ကို အချို့တွေ က နဂါးပြန်ကြားရေး ဦးကြည်ဝင်းလို့တောင် ပြောကြတယ်။ အန်ကယ် သည်းခံပါတယ်။ အန်ကယ်တို့က ဝိပဿနာသမားတွေဆို တော့ သည်းခံပါတယ်''ဟု ပြောသည်။

ဓမ္မစေတီခေါင်းလောင်း ဆယ် ယူရေးကို ယခင်ယဉ်ကျေးမှုဝန်ကြီးဦးကျော် ဆန်းလက်ထက်တွင် စာတမ်းဖတ်ပွဲများပြု လုပ်ကာ စင်ကာပူမှပညာရှင်များ၊ ရေကြောင်း ကျွမ်းကျင်ပညာရှင်များ၊ အလှူရှင်များနှင့် ဆွေးနွေးခဲ့ဖူးကြောင်းနှင့် ယဉ်ကျေးမှုဝန်ကြီး အပြောင်းအလဲဖြစ်သွားပြီးနောက် ယဉ် ကျေးမှုဝန်ကြီးဌာနမှ နှုတ်ဆိတ်သွားခြင်း ဖြစ်ကြောင်း သိရသည်။

YangonMediaGroup
ဓမ္မစေတီခေါင်းလောင်းနှင့်ပတ်သက်၍ ဝင်ပူးခြင်းများ ရှိခဲ့ သော်လည်း ခေါင်းလောင်းဆယ်ယူရန် သိပ္ပံ နည်းပညာများကို အသုံးပြုရှာဖွေသင့်ကြောင်း မြန်မာသမိုင်းအဖွဲ့ဝင်၊ ရှေးဟောင်းသုတေ သီ ဒေါက်တာ ချစ်စံဝင်းက ပြောသည်။

အဆိုပါ ခေါင်းလောင်းဆယ်ယူ ရာတွင် ခေါင်းလောင်းကိုစိတ်စွဲပြီး သေဆုံး သူများမှာ မကျွတ်မလွတ်ဘဲ ပူးကပ်ခြင်း များရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက် တိုက်ခိုက်မည့် သတင်းများကြောင့် မောင်တောနယ်စပ် လုံခြုံရေးတိုးမြှင့်

အကြမ်းဖက်တိုက်ခိုက် မှုများ ပြုလုပ်မည့် သတင်းများ ထွက်ပေါ်နေမှုကြောင့် ရခိုင်ပြည် နယ် မောင်တော နယ်စပ်လုံခြုံရေးကို အထူးတင်းကျပ်ထားကြောင်း သတင်းရရှိသည်။

တစ်ဖက်နိုင်ငံ နယ်စပ်အ ခြေစိုက် ရိုဟင်ဂျာသွေးစည်းညီ ညွတ်ရေးအဖွဲ့ (RSO) မှ အ ကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ် မည့်သတင်းများ ထွက်ပေါ်နေမှု ကြောင့် နယ်စပ်လုံခြုံရေးကို တိုး မြှင့်ထားခြင်းဖြစ်ပြီး ဌာနဆိုင်ရာ ၀န်ထမ်းများကိုလည်း လုံခြုံရေး သတိထားရန် သက်ဆိုင်ရာမှ ညွှန်ကြားထားကြောင်း ရခိုင်ပြည် နယ် ရဲတပ်ဖွဲ့ အရာရှိတစ်ဦးက ပြောသည်။ အသေးစိတ်အချက် အလက်များကိုမူ နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် သက်ဆိုင်သည့်အ တွက် ပြောဆိုနိုင်ခြင်း မရှိဟု ၎င်း က ဆိုသည်။

မေမြတ်နိုးကို ရဲတိုင်ပြီးအရေးယူမည်ဟု Miss Asia Pacific World ကော်မတီ သတိပေး

ကိုရီးယားနိုင်ငံ Miss Asia Pacific World ကော်မတီက မြန်မာအလှမယ်မေမြတ်နိုးကို လိမ် ညာမှုများအတွက် ကိုရီးယားနှင့် မြန်မာရဲတပ်ဖွဲ့များထံသို့ ရာဇ၀တ်မှုနှင့် အရေးယူရန် တောင်းဆို သွားမည်ဟု ကြေညာချက် ထုတ်ပြန်ထားသည်။

ကိုရီးယား အော်ဘဇာဘာ သတင်းစာတွင် စက်တင်ဘာ ၆ ရက် ဖော်ပြထားသော အဆိုပါအဖွဲ့အစည်း၏ ကြေညာ ချက်၌ ယင်းကဲ့သို့ ရေးသားထား ခြင်းဖြစ်သည်။ ထိုကြေညာ ချက်တွင် မေမြတ်နိုးအား အချက် သုံးချက်ကြောင့် မယ်ပွဲဆုရှင် အဖြစ်မှ ဖယ်ရှားခဲ့ရသည်ဟု ဆို သည်။

ခါးနာသက်သာစေမည့် သဘာဝကုထုံး

Photo: ခါးနာသက်သာစေမည့် သဘာဝကုထုံး
----------------------------------------------

အထိုင်များ၍သော်၎င်း၊ အားကစားတစ်ခုခုကြောင့်သော်၎င်း ခါးနာနေလျှင် အောက်ပါ သဘာဝကုထုံးနည်းဖြင့် သက်သာအောင် ကုသနိုင်ကြပါတယ်။ 

အဲဒီနည်းကတော့ သင်္ဘောရွက်ဖြင့် ကုသတဲ့နည်း ဖြစ်ပါတယ်။ 

ညမအိပ်ခင် သင်္ဘောရွက် လတ်လတ်ဆတ်ဆတ်နဲ့ ခပ်သန့်သန့်လေးကို တစ်ရွက် ခူးယူပြီး အကျီ င်္အတွင်း နာနေတဲ့ ခါးပေါ်ကို ကပ်ထားပြီး ပက်လက်လန်ပြီး အိပ်ပါ။ 

ခန္ဓာကိုယ်မှ အပူများကို သင်္ဘောရွက်မှ သဘာဝဓါတ်သဘောဖြင့် စုပ်ယူပေးပါည်။ ပူရှိန်းရှိန်းလေး ခံစားရပါမည်။ ခါးနာသက်သာတဲ့အထိ တစ်ပတ် ၁၀ ရက်ခန့် ညစဉ် လုပ်ပေးနိုင်ပါတယ်။ 

မနက်အိပ်ယာထတဲ့အချိန် ရေတစ်ခွက်သောက်ပြီးလျှင် နောက်ဖေးမ၀င်မီ ခါးနာသက်သာစေမည့် လေ့ကျင့်ခန်းကို အရင်လုပ်ပေးပါ။ 

လုပ်ရမယ့် လေ့ကျင့်ခန်းကတော့ ပုံထဲမှာ ပြထားပေးတဲ့အတိုင်း တည့်တည့် မတ်သပ်ရပ်ပြီး ခါးကို ရှေ့သို့ အနည်းငယ် ကိုင်းပြီးလျှင် ခါးကို အားပြုပြီး ဖြေးဖြေးချင်းစီ စကောဝိုင်းသလိုမျိုး ဘယ်ပြန်ညာပြန် ၁၀ ကြိမ်ခန့် လှည့်ပေးပါ။ 

ဒီလိုလေ့ကျင့်ခန်းကို လုပ်ပေးခြင်းအားဖြင့် ခါးရိုးခါးဆစ်မှ အပူများထွက်သွားပြီး အကျောများလည်း ပွင့်သွားသလို အညောင်းအညာများလည်း ပြေသွားစေပါတယ်။ 

ညနေပိုင်း ရေချိုးခါနီးမှာလည်း နောက်တစ်ကြိမ် လေ့ကျင့်ပေးနိုင်ပါတယ်။ တစ်နေ့ကို ၂ ကြိမ်ခန့် ပြုလုပ်နိုင်ပါတယ်။ 

သတိပြုရန်။ ။ ခါးလှည့်သည့်အခါ ဖြေးညှင်းစွာ လှည့်ရပါမည်။ ခွန်အားထည့်ပြီး အလျှင်အမြန်လုပ်ပါက အခန့်မသင့်လျှင် ပိုနာသွားတတ်ပါသည်။ 

လူသားတိုင်း ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။ 

စောနွဲ့ နေဆိုင်(ပူတာအို)

ကျန်းမာရေးသတင်းများ
အထိုင်များ၍သော်၎င်း၊ အားကစားတစ်ခုခုကြောင့်သော်၎င်း ခါးနာနေလျှင် အောက်ပါ သဘာဝကုထုံးနည်းဖြင့် သက်သာအောင် ကုသနိုင်ကြပါတယ်။ 

အဲဒီနည်းကတော့ သင်္ဘောရွက်ဖြင့် ကုသတဲ့နည်း ဖြစ်ပါတယ်။ 

ညမအိပ်ခင် သင်္ဘောရွက် လတ်လတ်ဆတ်ဆတ်နဲ့ ခပ်သန့်သန့်လေးကို တစ်ရွက် ခူးယူပြီး အကျီ င်္အတွင်း နာနေတဲ့ ခါးပေါ်ကို ကပ်ထားပြီး ပက်လက်လန်ပြီး အိပ်ပါ။ 

ခန္ဓာကိုယ်မှ အပူများကို သင်္ဘောရွက်မှ သဘာဝဓါတ်သဘောဖြင့် စုပ်ယူပေးပါည်။ ပူရှိန်းရှိန်းလေး ခံစားရပါမည်။ ခါးနာသက်သာတဲ့အထိ တစ်ပတ် ၁၀ ရက်ခန့် ညစဉ် လုပ်ပေးနိုင်ပါတယ်။ 

သတိသမ္ပဇဉ် အသိဉာဏ်ယှဉ် မာယာများတဲ့ စစ်မြေပြင်

အယ်လ်ကေဒါ ခေါင်းဆောင် အေမင် အယ်လ်ဇာဝါဟီရီက အိန္ဒိယတိုက်ငယ်မှာ Qaedat al – Jihad ဆိုတဲ့ အကြမ်းဖက်အဖွဲ့ အစည်းအသစ်တစ်ခုထူထောင် လိုက်ပြီး မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှာ တိုက်ခိုက်မှုတွေပြုလုပ်သွားမယ်ဆိုတဲ့ သတင်း ကို စက်တင်ဘာ ၅ ရက်နေ့ထုတ် သတင်းစာ/ ဂျာနယ်တွေမှာတွေ့ရပါတယ်။
ဒါ့အပြင် ကက်ရှ်မီးယားနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ မငြိမ်မသက်မှုတွေကို အသုံးချပြီး အသစ်ဖွဲ့စည်းလိုက်တဲ့အဖွဲ့ ရေပန်းစား လာအောင်လုပ်ဆောင်သွားမှာဖြစ်ပြီး အာဖဂန် တာလီဘန်ခေါင်းဆောင် မူလာ မူဟာမက်အိုမာနဲ့ ပါကစ္စတန်ထိပ်တန်း စစ်သွေး ကြွခေါင်းဆောင် အဆင်အူမာတို့ရဲ့ ခေါင်းဆောင်မှုတွေကို အဲဒီအဖွဲ့သစ်က အသိအမှတ်ပြုသွားမယ်လို့ ဇာဝါဟီရီက ပြောခဲ့ ကြောင်း စက်တင်ဘာ ၅ ရက်ထုတ် Daily Eleven သတင်းစာမှာဖေါ်ပြထားပါတယ်။

Saturday, September 6, 2014

မြန်မာနှင့် ဖိလစ်ပိုင်တို့၏ ဗိုလ်လုပွဲစဉ်ကို MRTV မှ တိုက်ရိုက်ပြသမည်


Photo: မြန်မာနှင့် ဖိလစ်ပိုင်တို့၏ ဗိုလိလုပွဲစဉ်ကို MRTV မှ တိုက်ရိုက်ပြသမည်
Saturday, September 6, 2014

မြန်မာလက်ရွေးအသင်း၏ ဖိလစ်ပိုင်ငြိမ်းချမ်းရေးဖလားပြိုင်ပွဲဗိုလ်လုပွဲစဉ်ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV မှ စက်တင်ဘာ ၆ရက် မြန်မာစံတော်ချိန် ညနေ ၅း၁၅ မိနစ်တွင် တိုက်ရိုက်ထုတ်လွှင့်ပေးသွားမည်ဖြစ်သည်။ မြန်မာအသင်းသည် ယင်းပြိုင်ပွဲကို ဆီမီးဖိုင်နယ်အဆင့်မှစတင်ယှဉ်ပြိုင်ကစား ခဲ့ကြပြီး ပါလက်စတိုင်း အသင်းကို (၄-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည်ဗိုလ်လုပွဲစဉ်တွင် တရုတ်တိုင်ပေ အသင်းအား(၅-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သော အိမ်ရှင်ဖိလစ် ပိုင်အသင်းနှင့်ရင်ဆိုင်ရမည်ဖြစ်သည်။ ယင်းပွဲစဉ်ကို ထုတ်လွှင့်ပြသနိုင်ရန်အတွက် အမေရိကန်ဒေါ်လာ ၉၅၀၀ ခန့်သုံးစွဲခဲ့ရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာ ဒါရိုက်တာ ဦးစိုးမိုးကျော်က"ကျွန်တော်တို့ မြန်မာအသင်းရဲ့ဗိုလ်လုပွဲစဉ်ကို မြန်မာအသံကနေ ထုတ်လွှင့်ပြသ ဖို့ သေချာ သွားပါပြီ။ကျွန်တော်တို့ မြန်မာ့လက်ရွေးစင်အသင်း ရဲ့ဗိုလ်လုပွဲစဉ်ကို ကြည့်ရှုနိုင်ဖို့အတွက် ဘောလုံးအဖွဲ့ချုပ်အနေနဲ့ ဒေါ်လာ၉၅၀၀ကို အသုံးပြုခဲ့ရပါတယ်။

ဖိလစ်ပိုင်ရုပ်သံလိုင်းကို ဒေါ်လာ၇၀၀၀ ပေးခဲ့ရပြီး satellite အတွက် ဒေါ်လာ၂၅၀၀ပေးခဲ့ရပါတယ်"ဟု မဇ္စျိမဟု ပြောသည်။မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် သည် မြန်မာယူ-၁၉အသင်း ချန်ပီယံဆုရယူနိုင်ခဲ့သော ဘရူနိုင်းဘုရင့်ဖလားဖိတ်ခေါ်ပြိုင်ပွဲကိုလည်း MRTV နှင့် ပူးပေါင်း၍ဆီးမီးဖိုင်နယ်အဆင့်မှစတင်ထုတ် လွှင့်ပေးခဲ့ပြီး ထိုစဉ်က မြန်မာအသင်း၏ ပွဲစဉ်နှစ်ပွဲအတွက် အမေရိကန်ဒေါ်လာ ၁၀၀၀၀ ၀န်းကျင်ခန့်အသုံးပြုခဲ့ဖူးသည်။

Mizzima - News in Burmese

ြ မြန်မာလက်ရွေးအသင်း၏ ဖိလစ်ပိုင်ငြိမ်းချမ်းရေးဖလားပြိုင်ပွဲဗိုလ်လုပွဲစဉ်ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV မှ စက်တင်ဘာ ၆ရက် မြန်မာစံတော်ချိန် ညနေ ၅း၁၅ မိနစ်တွင် တိုက်ရိုက်ထုတ်လွှင့်ပေးသွားမည်ဖြစ်သည်။ မြန်မာအသင်းသည် ယင်းပြိုင်ပွဲကို ဆီမီးဖိုင်နယ်အဆင့်မှစတင်ယှဉ်ပြိုင်ကစား ခဲ့ကြပြီး ပါလက်စတိုင်း အသင်းကို (၄-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည်ဗိုလ်လုပွဲစဉ်တွင် တရုတ်တိုင်ပေ အသင်းအား(၅-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သော အိမ်ရှင်ဖိလစ် ပိုင်အသင်းနှင့်ရင်ဆိုင်ရမည်ဖြစ်သည်။ ယင်းပွဲစဉ်ကို ထုတ်လွှင့်ပြသနိုင်ရန်အတွက် အမေရိကန်ဒေါ်လာ ၉၅၀၀ ခန့်သုံးစွဲခဲ့ရသည်။

အသုံးချခံ ယန္တရားနဲ့ ကလေးတယောက်ရဲ့ ဘ၀အိပ်မက်


ပါးလွှာပေါက်ပြဲစ ပြုနေသော ရာဘာဖိနပ်ကို စီးထားတဲ့ ၁၂ နှစ် အရွယ် ကလေးငယ်လေးဟာ ဆူညံစည်ကားနေတဲ့ လက်ဖက်ရည် ဆိုင်ထဲမှာ ထိုင်နေလျက်က မကြာခဏဆိုသလို လမ်းဘက်ကို မျှော်ကြည့်ရင်း မျက်နှာပေါ်က စိုးရိမ်မှုတွေကို လူမသိအောင် ခိုးဝှက် လုပ်ဆောင်နေတာဟာ မြစ်ကြီးနားမြို့က လက်ဖက်ရည်ဆိုင်ထဲမှာရှိတဲ့ လူတိုင်းနီးပါးက သတိထားမိပါတယ်။
ဆီလိမ်းမထားတဲ့ နီရဲနေတဲ့ သူ့ရဲ့ဆံပင်၊ စုတ်ပြဲမနေပေမယ့် ကြေမွှနေတဲ့ အင်္ကျီနွမ်းလေးကို ၀တ်ဆင်ထားတဲ့ ဒီကလေးငယ်ဟာ လူများတဲ့ လက်ဖက်ရည်ဆိုင်ထဲမှာ ထိုင်နေရပေမယ့် သူ့ကိုယ်သူ မလုံခြုံဘူးလို့ ခံစားနေရတဲ့စိတ်က မျက်နှာပေါ်မှာ အထင်းသား ပေါ်လွင်နေပါတယ်။

ဦးဆန်းဆင့် ၀မ်းကိုက်ရောဂါ ပြင်းထန်စွာ ခံစားနေရဟုဆို

 နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ယုံကြည်အပ်နှံအလွဲသုံးမှုတို့ဖြင့် နေပြည်တော်၊ ဒက္ခိဏခရိုင်တွင် တရား ရင်ဆိုင်နေရသော ဦးဆန်းဆင့်သည် ရမည်းသင်းအကျဉ်းထောင်တွင် ၀မ်းကိုက်ရောဂါပြင်း ထန်စွာခံစားခဲ့ ရသည်ဟု ၎င်း၏ရှေ့နေ ဦးတင်ထွန်းက အတည်ပြုပြောကြားသည်။ဦးဆန်းဆင့်၏ အမှုများကို ရှေ့နေအဖြစ်ဆောင်ရွက်နေသူ တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းက “မနေ့ ကရမည်းသင်း အကျဉ်းထောင်မှာ အကြိမ်ကြိမ်ဝမ်းသွားတယ်၊ အခုရုံးတော်မှာလဲ ခဏခဏသွားတော့ အင်အားမရှိဖြစ်သွားတယ်” ဟု မီဒီယာများသို့ ပြောသည်။
ဒက္ခိဏခရိုင်တရားရုံးတွင်လည်း ၀မ်းခဏခဏဆက်သွားနေသဖြင့် ခရိုင်တရားသူကြီးထံ တင်ပြရာ တရားသူကြီးက အနားယူရန် နားနေခန်းတွင် ထားပေးသည်ဟု ဦးတင်ထွန်းက ဆိုသည်။

ရန်ကုန်တွင် အကြမ်းဖက်မှု ဖြစ်ပါက အချိန်မီထိန်းနိုင်ရန် ရဲအင်အား အသင့်ပြင်ထားဟုဆို

မြန်မာနိုင်ငံ၏ လူဦးရေ အများဆုံး နေထိုင်သော ရန်ကုန်မြို့တော်တွင် အကြမ်းဖက်မှုများ ဖြစ်ပွားလာပါက အချိန်မီ ထိန်းသိမ်းနိုင်ရန် ရဲတပ်ဖွဲ့ အင်အားကို အသင့်ပြင်ဆင်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် ရဲကွပ်ကဲမှု အဖွဲ့ခွဲမှူး ရဲမှူးကြီး သက်လွင်က ပြောကြားသည်။
စက်တင်ဘာလ ၃ ရက်နေ့က အယ်လ်ကေဒါ အကြမ်းဖက် စစ်သွေးကြွ လှုပ်ရှားသူများ၏ အွန်လိုင်းဖိုရမ်၌ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများကို အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဟု ထုတ်ပြန်ခဲ့မှုနှင့် ပတ်သက်၍ The Voice က ဆက်သွယ်မေးမြန်းမှုအပေါ် ၎င်းက ယင်းသို့ ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။“မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်ရအောင် အချိန်မီထိန်းနိုင်ဖို့ ရဲအင်အားကို အသင့်ပြင်ထားပါတယ်။ ပြည်သူတွေ စိုးရိမ်နေသလို ထွက်ပေါ်နေတဲ့ သတင်းရင်းမြစ်က ဘယ်လောက် သေချာလဲဆိုတာ စုံစမ်းစစ်ဆေးဖို့ လိုအပ်တယ်။ ဒီသတင်းက မလိုလားအပ်တဲ့ ဆိုးကျိုးတွေကို ဆွပေးသလို ဖြစ်နိုင်တာကြောင့်ပါ” ဟု ၎င်းက ရှင်းပြသည်။

ငါးကြီးဆီ၏ ကောင်းကျိုးများ

 Photo: ငါးကြီးဆီ၏ ကောင်းကျိုးများ

စက်တင်ဘာ ၆ ရက်၊ ၂၀၁၄ ခုနှစ်

ငါးကြီးဆီဟာ အစားအသောက် စားချင် စိတ်ကို လှုံ့ဆော်ပေးတဲ့ Appetideကို မြင့်မား စေပါတယ်။
အထူးသဖြင့် ငါးကြီးဆီဟာ အစာအိမ်ထဲ ရောက်တဲ့အခါ red corpuscles လို့ခေါ်တဲ့ သွေးနီဥ တွေကို များလာ စေတယ် ။ အစားအသောက် စားချင်စိတ်ကို မြင့်မားစေပြီး ကိုယ်ခံ အားကို တက်စေတယ်။ သွေးခုန်နှုန်းက သန်စွမ်းပြီး လူကလည်း ကျန်းမာ သန်စွမ်းလို့ အာဟာရ ဓါတ်တွေ ပြည့်ဝစေမှာ ဖြစ်ပါတယ်။
အကယ်၍ ကိုယ်ဝန်ဆောင်သည် တွေနဲ့ နို့တိုက်မိခင် တွေဟာ နေ့စဉ် စားသောက် နေတဲ့ အာဟာရ ဓါတ်တွေ ထဲမှာ ငါးကြီးဆီဓါတ်ကို ဖြည့်လိုက် မယ်ဆိုရင် ကလေးငယ် တွေရဲ့ ဦးနှောက်နဲ့ မျက်ကြည်လွှာကို ပိုမိုဖွံ့ဖြိုးလာ စေတဲ့ အပြင် ဥာဏ်ရည် ပိုင်းကိုလည်း တိုးတက် မြင့်မား စေပါတယ် ။
ငါးကြီးဆီမှာ ပါဝင်တဲ့ ဗီတာမင်ဒီဟာ ကလေးငယ် တွေမှာ ricket လို့ခေါ်တဲ့ ကလေး အရိုးပျော့ ရောဂါ မဖြစ်အောင် ကာကွယ် တားဆီး နိုင်ပါတယ် ။ လေ့လာ စမ်းသပ်မှု တစ်ခုအရ ငါးကြီးဆီ ပေးထားတဲ့ ကလေး ၃၇ ယောက်ကို ၆ လလောက် ပေးကြည့်တဲ့ အခါ ကလေး အရိုးပျော့ ရောဂါ မဖြစ်အောင် ကာကွယ်နိုင်တဲ့ နှုန်းက ၉၂ % ရှိတာ တွေ့ရပါတယ်။ ရောဂါပိုးမွှား တွေကြောင့် ဖြစ်ပေါ်လာတဲ့ ရောင်ရမ်းခြင်း တွေကို ကာကွယ် ပေးနိုင်ပြီး အဆိပ် အတောက် တွေကို ခုခံ ပေးနိုင်ပါတယ် ။
ကိုယ်ဝန် ဆောင်သည် တွေမှာ ငါးကြီးဆီ သောက်သုံးမယ် ဆိုရင် အသက် လေးနှစ် အရွယ်မှာ ကလေးတွေရဲ့ IQလို့ ခေါ်တဲ့ ဥာဏ်ရည် တိုးတက် လာတာ တွေ့ရပါတယ်။ ကလေးငယ် တွေကို လည်းပေါင်ချိန် တိုးတက် စေပါတယ် ။ ဒါ့အပြင် လေ့လာ စမ်းသပ်မှုတွေ အရလည်း ကင်ဆာ၊ ဆီးချို သွေးချို၊ အရိုးကျိုးခြင်း၊ အရိုးနှင့် ကြွက်သားနာခြင်း၊ သွေးတွင်း အဆီစတာ တွေကိုပါ ကောင်းမွန် စေတယ် ဆိုတာ တွေ့ရပါတယ် ။
Cod Liver Oil နဲ့ Fish Oil ဘာကွာလဲ
ငါးကြီးဆီလို့ ခေါ်နေကြပေမယ့် တကယ်တော့ Cod Liver Oil ကပိုပြီး ဗီတာမင်အေ ပမာဏ ဗီတာမင် ဒီပိုများပြီး ကျန်းမာရေးကို ပိုပြီးအထောက် အကူပြု ပါတယ် ။
သက်တန့်ချို
ငါးကြီးဆီဟာ အစားအသောက် စားချင် စိတ်ကို လှုံ့ဆော်ပေးတဲ့ Appetideကို မြင့်မား စေပါတယ်။
အထူးသဖြင့် ငါးကြီးဆီဟာ အစာအိမ်ထဲ ရောက်တဲ့အခါ red corpuscles လို့ခေါ်တဲ့ သွေးနီဥ တွေကို များလာ စေတယ် ။ အစားအသောက် စားချင်စိတ်ကို မြင့်မားစေပြီး ကိုယ်ခံ အားကို တက်စေတယ်။ သွေးခုန်နှုန်းက သန်စွမ်းပြီး လူကလည်း ကျန်းမာ သန်စွမ်းလို့ အာဟာရ ဓါတ်တွေ ပြည့်ဝစေမှာ ဖြစ်ပါတယ်။

စားပွဲထိုးဘဝက မော်ဒယ်လ် ဖြစ်လာသူ ရှမ်းမလေး နန်းနွတ်နဲ့ အင်တာဗျူး

Photo: စားပွဲထိုးဘဝက မော်ဒယ်လ် ဖြစ်လာသူ ရှမ်းမလေး နန်းနွတ်နဲ့ အင်တာဗျူး
Saturday,September 6, 2014 

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရဲ့ လက်ပ်ယန်းဆိုတဲ့ စားသောက်ဆိုင်မှာ ငါးနှစ်နီးပါးကြာအောင် စားပွဲထိုး အလုပ်လုပ်နေရင်း အခုအခါမှာတော့ စားပွဲထိုးအလုပ်အပြင် ထိုင်းနိုင်ငံရဲ့ အွန်လိုင်းရှော့ပင်း (Online shopping) တွေမှာ မော်ဒယ်လ် တယောက်အနေနဲ့ လူသိများ ထင်ရှားလာသူ နမ်းနွတ်ဆိုတဲ့ ရှမ်းတိုင်းရင်းသူလေးဟာ မြန်မာနိုင်ငံကနေ လွန်ခဲ့တဲ့          ၇ နှစ်ကျော် ၈ နှစ်ကာလ၊ သူ့အသက် ၁၇ နှစ်အရွယ်ကတည်းက ချင်းမိုင်မြို့မှာ အလုပ်လုပ်ကိုင်ဖို့ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ အခုအချိန်မှာ အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ နမ်းနွတ်ဟာ သူ့ရဲ့ သဘာဝကပေးတဲ့ ချောမောလှပတဲ့ ရုပ်သွင်ပြင် ကြောင့်အပြင် အခုလို ထိုင်းနိုင်ငံမှာ အောက်ခြေ အလုပ်သမားဘ၀နဲ့ ရပ်တည်ခဲ့ရာကနေ အွန်လိုင်းစာမျက်နှာထက် နာမည်ကျော်ကြားလာမှု တွေကြောင့် ထိုင်းနိုင်ငံရဲ့ နာမည်ကြီး ရုပ်သံသတင်းဌာနတွေရဲ့ အင်တာဗျူးကဏ္ဍတွေမှာပါ သူ့အကြောင်းကို တွေ့ဆုံမေးမြန်းခြင်းတွေ လက်ခံလာရပါတယ်။ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးနဲ့ ဆီဆိုင် ကြားမှာရှိတဲ့ ကွန်နန်းရွာလေးမှာ မွေးဖွားခဲ့ပြီး မြန်မာနိုင်ငံမှာ ဆယ်တန်းပညာအထိ သင်ကြားခဲ့ကာ ဆယ်တန်း ကျတဲ့အခါမှာတော့ မိသားစုစီးပွားရေး အခြေအနေကြောင့် သူအသက် ၇ နှစ်အရွယ်ကတည်းက ချင်းမိုင်မြို့မှာ လာရောက် အလုပ်လုပ်ကိုင်နေတဲ့ သူ့မိခင်ထံ လိုက်လာပြီး အလုပ်လုပ်ခဲ့တာလို့ သိရပါတယ်။ မွေးချင်းညီအမ ၃ ယောက်မှာ အငယ်ဆုံးသမီးဖြစ်တဲ့ နမ်းနွတ်ဟာ မြန်မာပြည်နဲ့ အလှမ်းဝေးကွာခဲ့ရတဲ့အပြင် တိုင်းရင်းသူလည်း ဖြစ်တဲ့အတွက် မြန်မာစကားကို ကြိုးစားအားယူပြီး မစပ်စု မေးမြန်းခဲ့သမျှ ပြောပြသွားခဲ့ပါတယ်။ နမ်းနွတ်ရဲ့ ရုန်းကန်ခဲ့ရတဲ့ အတိတ်အကြောင်းတွေနဲ့ သူ့ရဲ့လက်ရှိဘ၀ တစိတ်တဒေသ အကြောင်းတွေကို သူ့စကားတွေအတိုင်း ဖော်ပြ ပေးလိုက် ပါတယ်။

မေး။     ။ ဘယ်လိုစိတ်ကူး ဘယ်လိုအကြောင်းတွေကြောင့် ဒီ ချင်းမိုင်ကို လာဖြစ်ခဲ့ရတာလဲ။

ဖြေ။     ။ အမေက ဒီမှာနေပြီးတော့ ပိုက်ဆံပို့ပေးရတယ်။ ကျမ ကျောင်းတက်ဖို့ အမေက ပိုက်ဆံပို့ပေးရတယ်။ အဲဒီတော့  အမေ့ကိုသနားတယ်။ အမေက အလုပ်အရမ်းလုပ်ပြီး ပို့ပေးနေရတော့ ကိုယ်ကိုယ်တိုင်ကလည်း အသက် ကြီးပြီပေါ့။ ဆယ်တန်းလည်း ကျရော ၁၇ နှစ်ဆိုတော့ အလုပ်လုပ်ရတော့မယ်ဆိုပြီး ထွက်လာတာ။ အလုပ်အကိုင်ကောင်းရင် ပိုက်ဆံကို အိမ်ပို့ပေးမယ်ဆိုတဲ့ စိတ်ကူးနဲ့ လာခဲ့တာပါ။ သိတဲ့အတိုင်းပဲလေ အဲဒီဘက်မှာက အလုပ်တွေ ရှားပါးတယ်။ ပိုက်ဆံတွေ ရှားပါးတယ်ဆိုတော့ ဒီကိုပဲ လာကြတယ်။

မေး။     ။ ချင်းမိုင်ကို စစရောက်ချင်းမှာ ဘယ်လို အလုပ်အကိုင်မျိုးတွေကို လုပ်ကိုင်ခဲ့ရလဲ။

ဖြေ။     ။ စစ ရောက်ရောက်ချင်း တလလောက်အကြာမှ အိမ်ဖော် စလုပ်ရတယ်။ သူများနိုင်ငံရဲ့ အတန်းစာလည်း မတတ်ဘူး။ စကားလည်း မတတ်ဘူးဆိုတော့ အခက်အခဲတွေရှိတယ်။ သူများနဲ့ စကားပြောတော့လည်း နားမလည်ဘူးဆိုတော့ အိမ်ဖော်ပဲ သွားလုပ်ပါတယ်။ အိမ်ဖော်က စကားသိပ်မပြောရဘူးလေ။ သူများ ခိုင်းတာတော့ နည်းနည်း နားလည် တယ်ပေါ့။ နားမလည်ရင်လည်း အမေ့ကိုမေးတယ်။ အိမ်ဖော်အလုပ်ကို တနှစ်လောက်ကြာတယ်။ ပြီးတော့ စားသောက်ဆိုင် မှာလည်း ထမင်းဟင်းချက်ရတယ်။ အလုပ်အစုံပဲ လုပ်ဖူးပါတယ်။

မေး။     ။ ဒီလို အလုပ်တွေ လုပ်ရတဲ့အခါမှာ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရလဲ။

ဖြေ။     ။ အခက်အခဲ ဆိုတာတော့ အားလုံးပဲ တွေ့ကြမှာပေါ့နော်။ ပန်းကန်ဆေးတာရော၊ ငှက်တူးတာရော အကုန်လုံးပေါ့၊ အစစအရာရာ အကုန်လုံး လုပ်ရတယ်။ သူများရဲ့အင်္ကျီအ၀တ်အစား၊ အတွင်းခံကအစ အကုန်လုံး လျှော်ပေးခဲ့ရတယ်။ သူများခိုင်းတာ အကုန်လုံး လုပ်ရတယ်။ ပိုက်ဆံ ရချင်တာကိုး။ တခါတလေ အလုပ်က မကောင်းဘူး။ အိမ်ဖော် သွားလုပ် တာလည်း အိမ်ရှင်က နှိမ်ပြီးဆက်ဆံတယ်။ သူတို့က ဘယ်ကလာတုန်း မေးရင် မြန်မာပြည်က လာတယ်ဆိုရင် သူတို့က တအား ခိုင်းချင်တယ်။ မလုပ်နိုင်တာတွေလည်း ခိုင်းတယ်။ မကောင်းတဲ့သူနဲ့ သွားတွေ့ရင် အဲဒီလိုခံရပါတယ်။ ဒါပေမယ့် ကျမက ကံကောင်းချင်တော့ ဒီဆိုင်မှာ အလုပ်ရတယ်။ ဒီဆိုင်က သူဌေးက သဘောကောင်းတယ်။ အခု ဒီဆိုင်မှာ ငါးနှစ်ရှိပြီ။ မိသားစုလိုဖြစ်နေပြီ။ သူဌေးကိုလည်း ကျမတို့က အမေ၊ အဖေ လို့ပဲ ခေါ်တယ်။

မေး။     ။ အခု ဒီလက်ပ်ယန်း စားသောက်ဆိုင်မှာ တနေ့ ဘယ်နှနာရီ အလုပ်လုပ်ရလဲ။ ပိုက်ဆံဘယ်လောက်ရလဲ။

ဖြေ။     ။ ဆိုင်အလုပ်က မနက် ၁၁ နာရီကနေ ည ၉ နာရီ အထိပါ။ တနေ့ကို ဘတ်သုံးရာရပါတယ်။ သင်္ကြန်တို့၊ သီတင်းကျွတ်၊ တန်ဆောင်မုန်း အချိန်တို့ဆိုလည်း မုန့်ဖိုး တထောင် နှစ်ထောင် အဲလိုပေးပါတယ်။

မေး။     ။ အဲလို အလုပ်တွေလုပ်ကိုင်ခဲ့ရာကနေ ထိုင်းနိုင်ငံရဲ့ ဓာတ်ပုံမော်ဒယ်လ်အဖြစ် ဘယ်လိုကြောင့် လုပ်ဖြစ်ခဲ့ ရတာလဲ။ ဘယ်လောက်ကြာပြီလဲ။

ဖြေ။     ။ ဒီဆိုင်ကိုလာတဲ့ ဧည့်သည်တွေက များတယ်လေ။ အဲဒီမှာမှ လာတဲ့ အစ်ကိုကြီးတယောက်က ငါ ဓာတ်ပုံတွေ ရိုက်နေတယ်တဲ့၊ သူက ချင်းမိုင်က ဓာတ်ပုံဆရာ။ ကျမကို ဓာတ်ပုံရိုက်ဖို့ စိတ်ဝင်စားသလားပေါ့။ အဲဒီလို လာမေးတယ်။ ကျမက အဲဒီအလုပ်တွေကို ၀ါသနာပါတယ်လေ။ ငယ်ငယ်လေးကတည်းက ၀ါသနာပါတယ်။ ဓာတ်ပုံရိုက်ချင်တယ်၊ လှလှ ချောချော လေးလည်းဖြစ်ချင်တယ်။ အဲဒါကြောင့် စိတ်ဝင်းစားတယ်လို့ ဆိုတော့ သူက ဘယ်မှာသွားမရိုက်မလဲဆိုပြီး လုပ်ရင်းနဲ့က သူကလည်း ချင်းမိုင်က ဓာတ်ပုံဆရာအဖွဲ့တွေ၊ လူကြီးတွေနဲ့ မိတ်ဆက်ပေးတယ်။ ကျမက ဓာတ်ပုံ ရိုက်ချင်တယ်၊ ၀ါသနာပါတယ်ဆိုပြီး လာရိုက်ကြည့်လို့ ရမလားပေါ့။ အဲဒီလို မိတ်ဆက်ပေးရင်းနဲ့ အခုလိုဖြစ်လာတာပါ။ တလကို သုံးလေးရက်လောက် သွားရိုက်ရတယ်။ ဆိုင်က တလကို တရက်ပဲ ပိတ်ပါတယ်။ ဒါပေမယ့် ကျမက ဓာတ်ပုံသွား ရိုက်မယ်ဆိုရင် တလကို လေးရက်လောက် ဆိုင်အလုပ်ကို နားရပါတယ်။ ဓာတ်ပုံ မော်ဒယ်လ် အလုပ်လုပ် လာတာ ၂ နှစ်ကျော်ပါပြီ။

မေး။     ။ ဘယ်လိုကြော်ငြာတွေအတွက်  ဓာတ်ပုံတွေ ဓာတ်ပုံတွေရိုက်ပေးခဲ့ရလဲ။

ဖြေ။     ။ ဒီမှာက အွန်လိုင်းက တအား ခေတ်စားတယ်လေ။ အွန်လိုင်းမှာရောင်းတဲ့ အ၀တ်အစားတွေ၊ ကလစ်တွေ အစုံပေါ့။ အဲဒီလိုမျိုးအတွက် မော်ဒယ်လ်အနေနဲ့ ရိုက်ပေးရတာပါ။ ဒီ ချင်းမိုင်မှာရှိတဲ့ သတင်းစာတွေ၊ ဂျာနယ်တွေက လာပြီးတော့ ဓာတ်ပုံရိုက်တယ်။ သတင်းလာလုပ်တယ်။ အင်တာဗျူးတွေ လာလုပ်ကြတယ်။

မေး။     ။ သတင်းဌာနတွေက အင်တာလာဗျုးကြတယ်ဆိုတော့ ဘယ်သတင်းဌာနတွေလဲ။ သူတို့က ဘာတွေမေးကြလဲ။ ဘာတွေပြန်ဖြေဖြစ်လဲ။

ဖြေ။     ။ ထိုင်းတီဗီ Channel 3 နဲ့ Channel 7 ၊ Channel 9 … နောက် TNN Channel … အစုံပါပဲ။ သူတို့က ဘယ်ကလာတုန်း၊ ဒီမှာ အလုပ်လုပ်တာ ဘယ်လောက်ကြာပြီတုန်းလို့ မေးကြတယ်။ ဒီလို ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီး အခက်အခဲတွေ ဘယ်လို ဖြတ်ကျော်သွားနိုင်လဲပေါ့။ ဘာကြောင့် ဒီထက်ပိုပြီး  ကောင်းတဲ့အလုပ်တွေ သွားမလုပ် ဘူးလားပေါ့။ ဘီယာငှဲ့ပြီး ရောင်းရတဲ့ မိန်းကလေးတွေလို မလုပ်ဘူးလားပေါ့၊ အဲဒီမှာ ပိုက်ဆံ များများရတယ်လေပေါ့။ အဲဒီလိုတွေ မေးကြတယ်။ ကျမက ကိုယ့်အင်ကိုယ့်အားနဲ့ပဲ လုပ်ချင်တယ်လို့။ ဒီလိုလုပ်နေလည်း ထမင်းစားနေရတယ်လို့၊ မပင်ပန်းပါဘူးလို့၊ ဒီလိုလုပ်လည်း လုပ်နိုင်ပါတယ်လို့ ပိုက်ဆံအများကြီးလည်း မမျှော်လင့်ပါဘူးလို့၊ ဒီအလုပ်ကိုပဲ ကျေနပ်ပါတယ်လို့ ပြောဖြစ်ပါတယ်။ ဘီယာငှဲ့တဲ့ မိန်းကလေးတွေက အ၀တ်အစားတိုတိုလေးတွေ ၀တ်ပြီး ဧည့်သည် ယောက်ျားနဲ့လည်း ထိုင်ပေးရတယ်။ ပြီးတော့ မုန့်ဖိုးရတယ်ပေါ့။ ကျမတို့ ကျောင်းနေတုန်းကဆိုရင် ထမီတောင် အရှည်ကြီး ၀တ်ခဲ့ရတာ။ ဒီလိုအ၀တ်အစားတွေ မရှိဘူးပေါ့နော်။ သူများ လက်ကိုင်တာ ဖက်တာ နမ်းတာလည်း မကြိုက်ဘူးပေါ့။ မလုပ်နိုင်ပါဘူးပေါ့။ နောက် ကျမတို့နိုင်ငံမှာ ဒီလိုမျိုးတွေ မသင်ထားခဲ့ဘူးလို့ ပြောလိုက်ပါတယ်။

မေး။     ။ အွန်လိုင်းကြော်ငြာ ဓာတ်ပုံတွေကြောင့် သတင်းဌာနတွေက အခုလိုလာပြီး အင်တာဗျုးတာတွေ ရှိလာတော့ နမ်းနွတ်ကို ထိုင်းပရိတ်သတ်တွေက ဘယ်လောက်အထိ သိလာကြပြီလဲ။ သူတို့ကရော ဘယ်လောက်အထိ အားပေး ကြလဲ။

ဖြေ။     ။ အခုက လူသိပိုများလာပါတယ်။ ဒီထိုင်းနိုင်ငံက တီဗီချန်နယ်တွေ အကုန်ုလုံးက သူတို့ကြားသိလာတော့ ဒီဆိုင်မှာ မြန်မာနိုင်ငံက ရှမ်းပျိုမေတယောက် အလုပ်လုပ်တယ်ပေါ့၊ မော်ဒယ်လ်လည်း ဖြစ်နေတယ်ပေါ့၊ သူများတွေက လူသိများလာတဲ့ အခါကျတော့ လာကြတယ်။ ဧည့်သည်တွေ အကုန်လုံးလာပြီး ဒီဆိုင်မှာလာပြီး ဓာတ်ပုံတွေရိုက်ကြတယ်။ ဓာတ်ပုံ လာရိုက်တာတော့ နေ့တိုင်းပဲရှင့်။ သူတို့က မြန်မာပြည်ကလာတဲ့ ကောင်မလေးလား ဓာတ်ပုံရိုက်ချင်လို့ပါ ဆိုပြီးတော့ပေါ့။ လှတယ်ပေါ့။ ဒီမှာ အလုပ်ကြိုးစားပေါ့ ဆိုပြီး အားပေးကြတယ်။ ဒီ့ထက် ကြိုးစားရင် ဒီ့ထက် အောင်မြင်မယ်ပေါ့။ အခုလိုမျိုးက ထိုင်းလူမျိုးတောင် မဖြစ်နိုင်ဘူးလို့ သူတို့က ပြောတယ်။ သမီးက ဒီမှာလာနေပြီး ကြိုးစားနေတာ ဂုဏ်ယူဖို့ကောင်းတယ်ပေါ့။ အားပေးပါတယ်။ တခြားသူတွေက ဓာတ်ပုံမြင်ဖူးကြတဲ့သူတွေ။ အွန်လိုင်းမှာ ဒီအင်္ကျီလေး ကြော်ငြာပေးလို့ရမလား၊ ဒီကလစ်လေး ကြော်ငြာပေးလို့ရမလား၊ ဒီဆိုင်လေး ကြော်ငြာပေးလို့ရမလားဆိုပြီး ရောက်လာကြတယ်။ ဆိုင်ကိုလာကြပြီး ဘယ်ကြော်ငြာမှာ တွေ့ဖူးတယ်ပေါ့။ ဘာလေး ကြော်ငြာထားတာမဟုတ်လားဆိုပြီး မိတ်ဆက်ကြတာလည်းရှိတယ်။ သူတို့ကိုယ်တိုင်လည်း မိတ်ဆက်သလို တခြားသူတွေနဲ့လည်း မိတ်ဆက်ပေးတယ်။ အပေါင်း အသင်းတွေ ရလာပါတယ်။

မေး။     ။ ဒီလို လူသိများ ကျော်ကြားလာတဲ့အပေါ် ဘာပြောချင်လဲ။

ဖြေ။     ။ မလွယ်ပါဘူး။ ဘယ်နိုင်ငံမှာပဲနေနေ ကိုယ့်နိုင်ငံမှာပဲနေနေပေါ့၊ အခက်အခဲရှိတာပေါ့လေ။ ဒါပေမယ့် ကိုယ့်နိုင်ငံမှာကတော့ ထမင်းနဲ့ဟင်း ၀ယ်မစားရဘူးပေါ့။ ကိုယ်စိုက်ပျိုးထားတာတွေ စားလို့ရတာပေါ့။ ဒီနိုင်ငံမှာလာနေတော့ အလုပ်မလုပ်ရင် ထမင်းမစားရဘူးရှင့်။ ဒီနေ့အထိ ရောက်လာဖို့ဆိုတာ အကုန်လုံး ကြုံတွေ့ခဲ့ရဖူးပြီးပြီ။ ပိုက်ဆံတပြားမှ မရှိဘဲနဲ့လည်း ကြုံတွေ့ခဲ့ရတယ်။ သူများတွေက မကောင်းတဲ့စကားတွေ လာပြောခဲ့တာတွေလည်း ကြားဖူးခဲ့ရပြီးပြီ။ ဒီနေ့အထိ ရောက်လာဖို့ မလွယ်ခဲ့ပါဘူး။

မေး။     ။ အခုလို ကျော်ကြားလာတာ အောင်မြင်လာတာဟာ နမ်းနွတ်ရဲ့ ငယ်ဘ၀ အိပ်မက်နဲ့ တထပ်တည်းပဲလား။

ဖြေ။     ။ ငယ်ငယ်တုန်းက အိမ်မက် တခုပဲရှိခဲ့တယ်။ မင်းသမီး ဖြစ်ချင်တယ်။ ကိုယ့်နိုင်ငံမှာ ဖြစ်ရင်လည်းဖြစ် သူများနိုင်ငံမှာပဲ ဖြစ်ဖြစ် မင်းသမီးဖြစ်ချင်ခဲ့တယ်။ ကျောင်းနေတုန်းက သူများအင်္ကျီလှလှပပလေး ၀တ်တယ်ဆိုရင် ၀တ်ချင် လိုက်တာပေါ့။ တီဗီထဲမှာ မင်းသမီးတွေ ကောင်းကောင်းလေး စားတာနေတာကို ကြည့်နေခဲ့ရတော့ အဲဒီလို အစားအစာ၊ အဲဒီလို မင်းသမီးတွေ ၀တ်တဲ့ လှတာလေးတွေဆို ၀တ်ချင်လိုက်တာပေါ့။ အသက်ကြီးလာရင် ကိုယ့် အင်ကိုယ့်အားနဲ့ ပိုက်ဆံရှာပြီး ၀တ်မယ်ပေါ့။ အဲဒီလို သဘောနဲ့ပဲ ဒီနေ့အထိ ကြိုးစားနေရတာ။

မေး။     ။ သူများနိုင်ငံမှာပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံမှာပဲဖြစ်ဖြစ် မြန်မာအမျိုးသမီးငယ်တွေဟာ သူတို့ဘ၀ ရပ်တည်ရေးအတွက် ဘဝနဲ့ရင်းပြီး ရုန်းကန်နေကြရတာ ဒီဘက်ခေတ်မှာ ပိုများလာနေပါတယ်။ သူများနိုင်ငံကို  အသက်ငယ်ငယ်နဲ့ ရောက်လာပြီး ဘ၀ကို အောက်ခြေသိမ်းကစ ရုန်းကန်ခဲ့ရတဲ့ နမ်းနွတ်အနေနဲ့ ကိုယ့်ဘ၀ ပျက်စီးယိုယွင်းမသွားအောင် ဘယ်လို ထိန်းသိမ်းနေထိုင်ခဲ့ရလဲ။

ဖြေ။     ။ စိတ်ငြိမ်အောင်ပေါ့၊ ကိုယ့်စိတ်နဲ့ ကိုယ့်ကို ထိန်းရပါတယ်။ တခါတလေလည်း ပိုက်ဆံ တပြားမှ မရှိဘူး။ ဒီက ထိုင်းသူဌေးတွေက အလုပ်ရမယ်လေ။ တလကို ဘတ်နှစ်သောင်း သုံးသောင်းပေးမယ်။ အတူတူလိုက်နေမလားဆိုပြီး မိန်းကလေးငယ်တွေကို လာပြီး ပြောခဲ့ဖူးတာတွေလည်း ကြားခဲ့ရဖူးတယ်။ ဒါပေမယ့် ကျမကတော့ စိတ်ကိုတည်ငြိမ်အောင် ထားတယ်။ ကိုယ့်သဘောနဲ့ကိုယ် ထိန်းတယ်။ အမေရော အဖေရော ရှိတယ်။ အဖေ အမေ မျက်နှာမပျက်ရအောင် အလုပ်ကို တနေ့ ဘတ် ၂၀၀၊ ၃၀၀ ပဲရရင်လည်း ရပါစေ။ ဒီအလုပ်နဲ့ပဲ ပျော်တယ်။ ကိုယ့်အင်ကိုယ့်အားနဲ့ပဲ လုပ်ချင်တယ်။ ကြိုးစားတယ်။ မနေ့က ပိုက်ဆံမရှိဘူး၊ ဒါပေမယ့် ကိုယ်ကြိုးစားရင် ဒီကနေ့ ပိုက်ဆံရှိလာမယ်ဆိုပြီး အလုပ်ဆိုရင် ဘယ်အလုပ်မှ မရွေးဘူး။ အလုပ်အားလုံးဟာ  ဘယ်အလုပ်ဖြစ်ဖြစ် ပိုက်ဆံရတာပဲဆိုပြီး ကြိုးစားရင် အောင်မြင်တဲ့နေ့ ရှိမှာပဲလို့ အစကတည်းက အဲလို စိတ်မျိုး ထားပါတယ်။

မေး။     ။ နမ်းနွတ် ကြိုးစားရုန်းကန်ခဲ့ရသလို မြန်မာပြည်က မော်ဒယ်လ်လောကမှာရော၊ အပြင်လောကမှာပါ ရပ်တည်နေနိုင်အောင် ကြိုးစား ရုန်းကန်နေရဆဲ  မြန်မာမိန်းကလေးတွေကိုရော ဘယ်လို အကြံဉာဏ်မျိုးတွေ ပေးချင်လဲ။

ဖြေ။     ။ မြန်မာပြည်မှာပဲနေနေ၊ ထိုင်းနိုင်ငံမှာပဲနေနေ ကိုယ့်စိတ်ကိုယ် ထိန်းရမယ်။ သူများမယားငယ် သွားဖြစ် နေရင်လည်း လေးငါးနှစ် မကြာဘူး။ သူတို့လည်း ကြာလာရင် အသစ်လူကို ရှာသွားမှာပဲလေ။ အဲဒါကြောင့် ကိုယ့်အင် ကိုယ့်အားနဲ့ ကြိုးစားရင် ကိုယ့်ပစ္စည်း ကိုယ့်ဥစ္စာလိုပဲ ရနိုင်ပါတယ်။ ဒီကနေ့ မကောင်းဘူးဆိုပြီး ကြိုးစားလိုက်ရင် မနက်ဖြန် ဒီ့ထက်ပိုကောင်းလာမယ်။ အဲဒီလို စိတ်ထားသဘောမျိုးနဲ့ ကိုယ့်စိတ်ကို သေချာထိန်းပြီးတော့နေရင် ပိုကောင်းမလားလို့ ကိုယ့်စိတ်ကို သေချာမေးကြည့်ပေါ့နော်။ ဒီနေ့နည်းနည်းပဲရတာ နည်းနည်းပဲစားမယ်။ မနက်ဖြန် များများရမှ များများ စားမယ်ဆိုတဲ့ သဘောနဲ့နေရင် ပိုကောင်းမလားပေါ့။ အရှက်မရဘူးပေါ့။ ရှက်စရာလည်း မလိုတော့ဘူးပေါ့။ ကိုယ့်အင်ကိုယ့်အားနဲ့လုပ်တယ် ကိုယ့်အင်ကိုယ့်အားနဲ့ ရလာတဲ့ပိုက်ဆံနဲ့ပဲ အ၀တ်အစား ၀ယ်နိုင်တယ်ဆိုရင် အဲဒီလောက်ပဲ ၀တ်ပေါ့နော်။ ဒီလောက်ပဲစားနိုင်တယ်ဆိုရင် ဒီလောက်ပဲစားပေါ့။ အဲလို သဘောထားရင် အကုန်လုံး မြန်မာပြည်မှာပဲနေနေ ဒီထိုင်းမှာပဲနေနေ ပျက်စီးမယ့်အကြောင်းဆိုတာ မရှိပါဘူးရှင့်။ အခုလို နာမည် မကျော်ကြားလာဘူး ဆိုရင်တောင် မိဘတွေ မျက်နှာပျက်စရာမဖြစ်ဘူးပေါ့။ ကိုယ့်အင်ကိုယ့်အားနဲ့ နိုင်သလောက် ၀တ်မယ် စားမယ်ဆိုရင် ကိုယ့်မိဘတွေအတွက် အရှက်ရစရာမဖြစ်ဘဲ ဂုဏ်ယူရပါမယ်။

မေး။     ။ အခုလို ထိုင်းနိုင်ငံရဲ့ ဓာတ်ပုံမော်ဒယ်လ်အဖြစ် ရပ်တည်နေရင်းကနေ ထိုင်းနိုင်ငံရဲ့ မင်းသမီးအဖြစ် ထုတ်လုပ်သူတွေ ဒါရိုက်တာတွေက ကမ်းလှမ်းလာမယ်ဆိုရင်ရော လုပ်သွားဖို့ ရှိလား။ ဘယ်လောက်အထိ အောင်မြင်လာအောင် လုပ်ဖို့စိတ်ကူးထားလဲ။

ဖြေ။     ။ စိတ်ကူးဖူးပါတယ်။ ဒါပေမယ့် ကို်ယ်လုပ်နိုင်သလောက် လုပ်မယ်။ ကိုယ်မလုပ်နိုင်လည်း ဘာမှမဖြစ်ဘူးပေါ့။ ကိုယ့်အင်အား ဒီလောက်ပဲ ရှိတယ်ဆိုရင် ဒီလောက်ပဲပေါ့။ နေ့တိုင်းတော့ ကြိုးစားပါတယ်။ ဒါပေမယ့် အဝေးကြီးကို မမျှော်မှန်း၊ မမျှော်လင့်ပါဘူး။ ဒီနေ့ အကောင်းဆုံးလုပ်မယ်ဆိုရင် မနက်ဖြန်လည်း ကောင်းလာမှာပဲလို့ အဲဒီလိုပဲ သဘောထားလိုက်တယ်။

မေး။     ။ တနေ့ ဒီ့ထက် အောင်မြင်ကျော်ကြားတဲ့ သူတယောက် ဖြစ်လာခဲ့ရင်ရော ကိုယ်နေခဲ့တဲ့ ကိုယ့်ရပ်ကိုယ့်ရွာ၊ ကိုယ့်နိုင်ငံကို ပြန်အကျိုးပြုချင်တဲ့ စိတ်မျိုးရှိလား။

ဖြေ။     ။ ရှိတယ်ရှင့်။ အစတုန်းက ဒီကိုလာတာကတော့ ပိုက်ဆံရှိရင် ကိုယ့်ရွာကိုပြန်ပြီး အကျိုးပြုမယ်။ ကိုယ့်မိသားစုနဲ့ ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကို ကောင်းအောင် လုပ်ချင်တယ်ပေါ့။ အဲဒီလိုစိတ်ကူးမျိုး ရှိခဲ့ပါတယ်။ တကယ်လို့ ကျမက ဒီမှာ နာမည်ကြီးသွားပြီး ရုပ်ရှင်မင်းသမီးဖြစ်သွားပြီဆိုရင် ပိုပြီးတော့ ကိုယ့်အိမ်ကို ပြန်ချင်တယ်။ သူများတွေ ကိုယ့်အိမ်ကိုယ် ပြန်သွားလည်ကြသလိုမျိုးပဲ သွားကြည့်မှာပေါ့။ ကိုယ့်အိမ်ဘယ်လို နေနေလဲပေါ့။ ကိုယ့်ပတ်ဝန်းကျင်ကို ကောင်းအောင် လုပ်မှာပေါ့နော်။ ရွာဝင်လမ်းတွေဆိုရင်လည်း ဖုန်တွေအများကြီးပဲလေ။ တနေ့ ပိုက်ဆံရှိလာရင် ကိုယ့်ရွာလေးကို ပြန်ပြီး ပြုပြင်ချင်တယ်။ အဲလိုစိတ်ကူးမျိုး စိတ်ကူးခဲ့ဖူးတယ်။ ကျမတို့ကို စာသင်ပေးခဲ့ဖူးတဲ့ ဆရာ၊ ဆရာမတွေကိုလည်း သတိရတယ်။ အောင်မြင်တဲ့နေ့ ရောက်လာမယ်ဆိုရင် ကိုယ့်ကို စာသင်ပေးဖူးတဲ့ ဆရာ ဆရာမတွေအကုန်လုံးကို ပြန်ပြီး ကန်တော့မယ်။

မေး။     ။ ထိုင်းနိုင်ငံမှာ တသက်လုံးနေသွားမှာလား။ မြန်မာပြည်ပြန်ဖို့ စိတ်ကူးရှိလား။

ဖြေ။     ။ ကျမတို့အိမ်က မြန်မာပြည်မှာပါ။ အိမ်ပဲပြန်ချင်ပါတယ်။ ဒီမှာ အလုပ်လာလုပ်တာ ဘယ်နှစ်နှစ် ဆက်လုပ်ရမယ်ဆိုတာ မသိသေးပါဘူး။ ကိုယ့်အစွမ်းအစနဲ့ ကိုယ့်အင်ကိုယ့်အား ဘယ်လောက်ရှိမယ်ဆိုတာ မသိသေးပါဘူး။ အဲဒီတော့ အခုလည်း ပိုက်ဆံအများကြီးရအောင် စုနေတယ်။ အခုလို ငယ်တုန်းမှာပေါ့။ အသက်ကြီးလာရင် ကိုယ့်အိမ်ကိုပဲ ပြန်ချင်ပါတယ်။
irrawaddy
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရဲ့ လက်ပ်ယန်းဆိုတဲ့ စားသောက်ဆိုင်မှာ ငါးနှစ်နီးပါးကြာအောင် စားပွဲထိုး အလုပ်လုပ်နေရင်း အခုအခါမှာတော့ စားပွဲထိုးအလုပ်အပြင် ထိုင်းနိုင်ငံရဲ့ အွန်လိုင်းရှော့ပင်း (Online shopping) တွေမှာ မော်ဒယ်လ် တယောက်အနေနဲ့ လူသိများ ထင်ရှားလာသူ နမ်းနွတ်ဆိုတဲ့ ရှမ်းတိုင်းရင်းသူလေးဟာ မြန်မာနိုင်ငံကနေ လွန်ခဲ့တဲ့          ၇ နှစ်ကျော် ၈ နှစ်ကာလ၊ သူ့အသက် ၁၇ နှစ်အရွယ်ကတည်းက ချင်းမိုင်မြို့မှာ အလုပ်လုပ်ကိုင်ဖို့ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။

Friday, September 5, 2014

ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်း သမ္မတထောက်ခံရန် ထိုင်းကုမ္ပဏီ တိုက်တွန်း

 ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ
ထိုင်းနိုင်ငံ အခြေစိုက် ကော်ပိုရေးရှင်းတခုက မွန်ပြည်နယ်တွင် တည်ဆောက်မည့် ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံ စီမံကိန်းနှင့် ပတ်သက်၍ ဒေသခံလူထုက ကန့်ကွက်ဆန္ဒပြခဲ့သဖြင့် မြန်မာအစိုးရ၏ ခွင့်ပြု ထောက်ခံမှု ရရှိရေး ထိုင်းကုမ္ပဏီက တောင်းခံလိုက်သည်။
Toyo-Thai Corporation Public Company Limited (TTLC) သည် ရေးမြို့နယ် အင်ဒင်ကျေးရွာ၌ ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံ တန်ဖိုးရှိ ၁၂၈၀ မဂ္ဂါဝပ် အင်အားရှိ ဓာတ်အားပေးစက်ရုံတခု တည်ဆောက်ပေးနိုင်ရန် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနသို့ ဆက်သွယ်၍ သမ္မတရုံး ခွင့်ပြုချက်ရရှိရန် ဩဂုတ်လ အစောပိုင်းက ပြောဆိုခဲ့ကြောင်း သိရသည်။

ဗန္ဓုလဦးထုပ်များရဲ့နောက်ကွယ်မှ ဇာတ်လမ်းတစ်ပုဒ်


ရှေ့တွင် အရောင်ရဲရဲတောက်နေသော ဗန္ဓုလဦးထုပ်ကလေးများ၊ ငွေရောင်တ၀င်းဝင်း တောက်ပနေသည့် ဗန္ဓုလဓားကလေးများနှင့် လှံကလေးများ အစီအရီခင်းကျင်းထားသည့်နောက်တွင် အဘွားအိုတစ်ဦးထိုင်နေသည်။ ဗန္ဓုလအသုံးအဆောင်ပစ္စည်းလေးများ၏ အနားတွင် ကြက်ဥပြုတ်လေးငါးလုံးခန့်နှင့် အချိုရည်ဘူးလေးများကို တင်ထားသည်။ မင်းကြီးမင်းလေး ကိုယ်တော်နှစ်ပါးနှင့် အခြားဆိုင်ရာပိုင်ရာနတ်များကို ပူဇော်ပသထားခြင်းဖြစ်သည်ဟု အဘွားအိုက ပြောပြသည်။

ခွင့်ပြုချက်မဲ့ ဆောက်လုပ်ခဲ့သော ကန်ထရိုက်တိုက် ခြောက်လုံးကို ဖြိုချမည်



ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်သော သင်္ဃန်းကျွန်းမြို့နယ်မှ ကန်ထရိုက်တိုက် ခြောက်လုံးကို စက်တင်ဘာလမှစ၍ ဖြိုချမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ) အရှေ့ပိုင်းခရိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဘော့စ်နီးယားတွင် ငလျင်လှုပ်ပြီး မိုင်းတွင်းပြိုမှုကြောင့် မိုင်းလုပ်သား (၃၄)ဦး ပိတ်မိနေ



ဘော့စ်နီးယား နိုင်ငံတွင် ငလျင်တစ်ခု လှုပ်ခတ်သွားပြီးနောက် မိုင်းတွင်းပြိုကျရာမှ မိုင်းလုပ်သား (၃၄)ဦး ပိတ်မိနေကြောင်း သတင်းရရှိသည်။
စက်တင်ဘာ (၅)ရက်က လှုပ်ခတ်သော ငလျင်ကြောင့် ဓာတ်ငွေ့ပိုက်လိုင်းတစ်ခု ပေါက်ကွဲမှု ဖြစ်ပွားပြီး မိုင်းတွင်းနံရံများ ပြိုကျရာမှ ဥမင်ကို နှစ်ပိုင်းခွဲခြား ပိတ်ဆို့သည့်နှယ် ဖြစ်သွားခဲ့သည်။ ထိုအခြေအနေတွင် မိုင်းတွင်းထဲ၌ လူ(၃၄)ဦး ကျန်ရှိနေခဲ့ကြောင်း ဒေသခံ မီဒီယာများက ဆိုသည်။

ကွယ်လွန်ပြီးမှ ထိပ်ဆုံးနေရာ ရောက်သွားတဲ့ အွန်ဘီရဲ့သီချင်း

Photo: ကွယ်လွန်ပြီးမှ ထိပ်ဆုံးနေရာ ရောက်သွားတဲ့ အွန်ဘီရဲ့သီချင်း
Friday, September 5, 2014

ကိုရီးယားမိန်းကလေး အဆိုရှင်အဖွဲ့ Ladies' Code အဖွဲ့ဝင်အွန်ဘီ   ယာဉ်မတော် တဆမှုဖြင့်   သေဆုံးခြင်းသည်ကိုရီးယားဂီတလုပ်ငန်းကြီးတစ်ခု လုံးကိုတုန်လှုပ်စေခဲ့ပြီး ယင်းအဖွဲ့ ၏   ပရိသတ်များနှင့် ပရိသတ် မဟုတ်သူများပါ   ပူးပေါင်းကာ အွန်ဘီ၏တစ်သက်တာ ဆန္ဒကို ဖြည့်ဆည်း ခဲ့ကြသည်။

အွန်ဘီသေဆုံးမှုသတင်းပျံ့ နှံ့ခဲ့ပြီးနောက် Ladies' Code အဖွဲ့ ပရိသတ်များက ‘‘အွန်ဘီရဲ့ တစ်သက်တာဆန္ဒက လူကြိုက် အများဆုံးသီချင်းတွေစာရင်း နံပါတ်(၁)နေရာရောက်ရှိဖို့ပါ။ ကျေးဇူးပြုပြီး 'I'm Fine Thank You' သီချင်းကို နားထောင်ပေး ကြပါ။  ဒီသီချင်း နိဗ္ဗာန်ဘုံကို ရောက်သွားမယ်လို့မျှော်လင့်ပါ တယ်’’ဟူသောစာသားကို အွန် လိုင်းနှင့် SMS များဖြင့်ဖြန့်ဝေခဲ့ ကြသည်။

အခြားဂီတအဖွဲ့များက လည်း ယင်းတွင်ပူးပေါင်းပါဝင် မျှဝေခဲ့ကြ၍ အဆိုပါသီချင်းမှာ လက်ရှိအချိန်၌အကောင်းဆုံးသီ ချင်းစာရင်းတွင် နံပါတ်(၁)နေရာ ရောက်ရှိသွားခဲ့သည်။

သီချင်း၏စာသားများမှာ လည်း အဓိပ္ပာယ်ပြည့်ဝနေခဲ့သည်။

‘ဒီနေ့ ငါငိုနေတယ်။ မင်း ပျော်ပါစေလို့ဆုတောင်းတယ်။ အမြဲတမ်းပဲ ဂွတ်ဘိုင်’ဟု ဆိုထား ပြီး နောက်တစ်နေရာ၌ ‘တစ်ခါ တလေ ငါ့အကြောင်းစဉ်းစားပြီး ပြုံးလိုက်ပါတယ်’ဟု စာသားကဖော်ပြသည်။ 'I'm Fine ThankYou' သီချင်းမှာ အခြားဂီတဝက်ဘ် ဆိုက်အများအပြားတွင်လည်း နံပါတ်(၁)နေရာ ရောက်ရှိသွားခဲ့ သည်။

Ref: All K pop
7Day DAILY
ကိုရီးယားမိန်းကလေး အဆိုရှင်အဖွဲ့ Ladies' Code အဖွဲ့ဝင်အွန်ဘီ   ယာဉ်မတော် တဆမှုဖြင့်   သေဆုံးခြင်းသည် ကိုရီးယားဂီတလုပ်ငန်းကြီး တစ်ခု လုံးကိုတုန်လှုပ်စေခဲ့ပြီး ယင်းအဖွဲ့၏   ပရိသတ်များနှင့် ပရိသတ်မဟုတ်သူများပါ   ပူးပေါင်းကာ အွန်ဘီ၏တစ်သက်တာ ဆန္ဒကို ဖြည့် ဆည်း ခဲ့ကြသည်။

NNERနှင့် အရပ်ဘက်အဖွဲ့အစည်းများ ရှေ့ဆက်သွားမည့်ပညာရေးစနစ် ဆွေးနွေးမည်

အခြေခံပညာအထက်တန်းကျောင်းသား၊ ကျောင်းသူလေးများ (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))
  မြန်မာနိုင်ငံ၏ ရှေ့ဆက်သွားမည့် ပညာရေးစနစ်နှင့် ပတ် သက်၍ ပညာရေးစနစ် ပြုပြင် ပြောင်းလဲရေးကွန်ရက် (NNER) နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်း များ စက်တင်ဘာ ၆ ရက်တွင် တွေ့ဆုံဆွေးနွေးသွားကြမည်ဖြစ် ကြောင်း သတင်းရရှိသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲ ကို ဦးဝိစာရလမ်းရှိ Local Reso-urce Center တွင် ကျင်းပပြုလုပ် သွားမည်ဖြစ်သည်။

""ဧရာဝတီ ရေလုပ်သားအချို့ အဆင်မပြေ၍ မိရိုးဖလာ အလုပ် စွန့်ခွာ""

ဧရာဝတီတိုင်းမှ ရေလုပ်သား အချို့သည် လုပ်ငန်းအဆင်မပြေသော ကြောင့် မိရိုးဖလာ အသက်မွေးဝမ်း ကျောင်း အလုပ်ကို စွန့်ခွာခြင်းများ ရှိ လာကြောင်း ပုသိမ်မြို့ နယ် ရေလုပ်သား များကွန်ရက်မှ သိရသည်။
ပုသိမ်နှင့် ငပုတောရှိ ရေလုပ်သား များသည် ငါးဖမ်းလုပ်ငန်း အဆင်မပြေ သောကြောင့် ၂ဝ၁၃ ခုနှစ်မှစကာ ရန် ကုန်သို့ ပြောင်းရွှေ့ပြီး ဆောက်လုပ်ရေး လုပ်ငန်းများ တွင် လာရောက်အလုပ် လုပ်ကြကြောင်း ယခုနှစ်ထဲတွင် လည်း ရေလုပ်သား အလုပ်ကိုစွန့်ခွာသူများ ရှိနေကြောင်း အထက်ပါ ကွန်ရက်မှ ဦးမြင့်လွင်က ပြောသည်။
”ငါးရစ်၊ ငါးသန် သုံးလမဖမ်းရ ဘူးဆိုလို့ ကျွန်တော်တို့ နားတယ်။ ဒါ ပေမဲ့ ကျွန်တော်တို့ လွှတ်ပေးလိုက်တဲ့ ငါးတွေကြီးမယ့်အချိန်မှာ လုပ်ငန်းရှင် ကြီးတွေက ငါးသေး၊ ငါးမွှားက အစမိတဲ့ ပိုက်တွေနဲ့ ဖမ်းကြတော့ ကျွန်တော်တို့ ဒုက္ခရောက်တာပေါ့” ဟု ငါးဖမ်းလုပ် သက် ၂၅ နှစ်ရှိ ၄င်းက ပြောသည်။

မူပိုင်ခွင့်ချိုးဖောက်မှုကြောင့် Samsung နှင့် Qualcomm ကို Nvidia တရားစွဲဆို



Nvidia သည် ကုမ္ပဏီ၏ ဂရပ်ဖစ် နည်းပညာနှင့် ပတ်သက်၍ မူပိုင်ခွင့်ချိုးဖောက်ခဲ့သော Samsung နှင့် Qualcomm ကုမ္ပဏီတို့အား ကြာသပတေးနေ့က တရားစွဲဆိုခဲ့ကြောင်း သိရသည်။
ကွန်ပျူတာများအတွက် ဂရပ်ဖစ်ချစ်ပ်များ ထုတ်လုပ်ပေးနေသော Nvidia ကုမ္ပဏီသည် Samsung နှင့် Qualcomm တို့အား ဒယ်လာဝဲပြည်နယ်ရှိ အမေရိကန်ခရိုင် တရားရုံးနှင့် နိုင်ငံတကာကုန်သွယ် ကော်မရှင်(ITC) တွင် မူပိုင်ခွင့် ၇ ခုချိုးဖောက်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ သီးခြားစီ တရားစွဲဆိုခဲ့သည်။

မြင်သမျှ ကြားသမျှ ဖူးကြမယ်တဲ့ဗျာ


ဒီတစ်ပတ်မှာ လူပြော အများဆုံး သတင်းကတော့ ဓမ္မစေတီခေါင်းလောင်း ကြီးအကြောင်းပါပဲ။ ခေါင်းလောင်းကြီး ကို တွေ့ရပြီဆိုတော့လည်း ပြောတဲ့သူ ကလည်း   ပြောတာပေါ့။ ယုံတဲ့သူလည်း ယုံတာပေါ့။ တကယ်တွေ့ရှိပြီ ဆိုရင်ဖြင့် တော့ ဝမ်းသာစရာပါပဲ။
ဒါပေမဲ့ ဒီခေါင်းလောင်းကြီးကို ကုန်းပေါ်ဆယ်ယူတင်ဖို့ အစိုးရကို တင်ပြ ရမယ့်အပြင် ဆိုင်ရာ ဝိဇ္ဇာတွေဆီ ခွင့် တောင်းရဦးမယ်လို့လည်း ဆိုထားပြန် တာကြောင့် ဒီခေါင်းလောင်းကြီး ဘယ် အချိန်မှာ လူတွေ မျက်ဝါးထင်ထင် တွေ့မြင်ရမယ်ဆိုတာကလည်း ရေရာလှ သေးတာမဟုတ်ပါဘူး။ ဒါပေမဲ့ အရာရာ ကို သိချင်စပ်စုချင်တဲ့သူေ တွကတော့ သူများ ခေါင်းလောင်းဆယ်ယူတာကို ကုန်းပေါ်ကတစ်မျိုး၊ ရေထဲလှေနဲ့ သွား ပြီး ဘာမှမမြင်ရသေးတာကို လှည့်ပတ် ကြည့်ရှုနေသူတွေလည်း မနည်းလှပါဘူး။ ယခင်က လှေခသုံးထောင်လောက်က နေ ငါးထောင်ကျော်ကနေ တစ်သောင်း ဝန်းကျင်အထိ ဖြစ်လာတာတော့ ခေါင်းလောင်းကြီး ကောင်းမှုလို့ပဲ ဆိုရ မှာပါ။

ယူကရိန်းကို စစ်ရေးအသုံးစရိတ် ထောက်ပံ့ကူညီရန် NATO ခေါင်းဆောင်များ သဘောတူ



ဝေလတွင် ပြုလုပ်သည့် NATO မဟာမိတ်အဖွဲ့ ညီလာခံ၌ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်များက ရုရှားကို ရှုတ်ချပြီး ယူကရိန်းကို ထောက်ပံ့ပေးသွားရန် စုပေါင်း ဆုံးဖြတ်ခဲ့ကြသည်။
ဝေလရှိ နယူးပို့တ်တွင် ကျင်းပသော ညီလာခံ၌ အနောက်အုပ်စု ထိပ်သီးနိုင်ငံများ၏ ခေါင်းဆောင်များ စုပေါင်းခဲ့ကြပြီး ရုရှားသည် ယူကရိန်းတွင် ငြိမ်းချမ်းရေး အမှန်တကယ် ရရှိမည့် ခြေလှမ်းများကို ပျက်ကွက်ခဲ့ကြောင်း သဘောတူခဲ့သည်။ စက်တင်ဘာ(၄)ရက် ညီလာခံ ဆုံးဖြတ်ချက်အရ ရုရှားလိုလားသော သူပုန်တပ်များကို တိုက်ခိုက်နေသည့် ယူကရိန်းသမ္မတ ပက်ထရို ပိုရိုရှန်ကို၏ အစိုးရကိုလည်း NATO က ဘဏ္ဍာရေးအရ ထောက်ပံ့ ကူညီသွားမည် ဖြစ်သည်။

သားလေးသမီးလေးကို ဘယ်လိုနာမည်ပေးမလဲ

 
ယနေ့ခေတ်မှာ ခေတ်မီတဲ့ မိဘတွေပဲ ကိုယ့်သားသမီးကို နာမည်လှလှတွေ ပေးတာမဟုတ်ပါဘူး။ အခြေခံလူတန်းစား၊ လက်လုပ်လက်စားမိဘ တွေကအစ လူတန်းစားစုံက မိဘတွေဟာ ကိုယ့်သားသမီး အဖူးအညွန့်လေးတွေကို ခေတ်နဲ့အညီ နာမည်ဆန်းဆန်းလှလှလေးတွေ ရွေးပြီးပေးလာကြပါပြီ။အရင်ကတော့ နာမည်နောက်မှာ အဖေနာမည်ထည့် မှည့်တာမျိုး၊ နေ့သင့်နံသင့်အက္ခရာကို ယူပြီး ဗေဒင်ပညာရှင်တွေနဲ့ တွက်ချက်ပေးတာမျိုး၊ ကိုးကွယ်ဆည်းကပ်တဲ့ ဘုန်း တော်ကြီးတွေဆီမှာ မေးမြန်းပြီး ရွေးချယ်ပေးတာမျိုး၊ မွေးဖွားချိန်မှာ တိုက်ဆိုင်သွားတဲ့ အဓိပ္ပာယ်တစ်မျိုးမျိုးကို ကောက်ယူပြီးပေးတာမျိုးစသဖြင့် နည်းမျိုးစုံနဲ့ ပေးကြပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေး စက်တင်ဘာ ၂၂ ရက်နေ့တွင် ပြုလုပ်မည်



ဥပဒေကြမ်းနှစ်ခု ဆွေးနွေးရန်အတွက် ရပ်နားလိုက်သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးကို စက်တင်ဘာ ၂၂ ရက်နေ့တွင် အထူးအစည်းအဝေး အဖြစ် ပြန်လည်ပြုလုပ်မည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။
စက်တင်ဘာ ၄ ရက်နေ့တွင် အငြင်းပွားဖွယ်ရာ ဖြစ်နေသော ပုဂ္ဂလိကပိုင် မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် ရေယာဉ်များ ပြေးဆွဲခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဥပဒေကြမ်း ကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်ပြင်ပတွင် တွေ့ဆုံဆွေးနွေးရေး ယင်းသို့ ရပ်နားလိုက်ခြင်း ဖြစ်သည်။

Bi မွန်းတည့်နေဂျာနယ် ထုတ်ဝေသူများ အာမခံ ပယ်ချခံရ၊ ဆက်မလျှောက်တော့ဟု ဆို

 
Bi မွန်းတည့်နေဂျာ နယ်၏ ငါးကြိမ်မြောက် ရုံးချိန်း တွင် ဂျာနယ်ထုတ်ဝေသူများကို မြ၀တီမြို့တွင် ဖမ်းဆီးခဲ့သော မြ၀တီရဲစခန်းမှ စခန်းမှူးနှင့် ရာအိမ် မှူးတို့ကို တရားလိုပြသက်သေအ ဖြစ် ပန်းဘဲတန်းမြို့နယ် တရားရုံး ၌ စက်တင်ဘာ ၄ ရက်တွင် စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
ထို့အပြင် စွပ်စွဲခံရသူများ၏ အာမခံပယ်ချခံခဲ့ရပြီး အာမခံပေး ရန် အထက်သို့ အယူခံဆက်တက် ပါက အမှုမှာ ပိုမိုကြန့်ကြာနိုင်ခြင်းကြောင့် အာမခံကို ဆက်လက်မ လျှောက်ထားတော့ကြောင်း Bi မွန်းတည့်နေဂျာနယ်ဘက်မှ လိုက်ပါဆောင်ရွက်သူ ရှေ့နေ ဦးကျော် ၀င်းက ပြောသည်။
‘‘ဒီနေ့ရုံးချိန်းကတော့ ထုတ် ဝေသူတွေကို မြ၀တီမြို့မှာ သူတို့ ဘယ်လိုဖမ်းဆီးခဲ့သလဲဆိုတာ အ သေးစိတ်ထွက်ချက်ကို မြ၀တီက ရဲမှူးနဲ့ ရာအိမ်မှူးတို့ လာပြီးထွက် ဆိုတာ ဖြစ်တယ်။ လောလော ဆယ်တော့ တရားလိုပြသက်သေ တွေပဲ စစ်နေဦးမှာ ဖြစ်တယ်။ အာ မခံတော့ ထပ်မလျှောက်တော့ ဘူး။ ပယ်တဲ့ အမိန့်ကိုအပေါ် ရုံး ဆက်တက်ရင် အမှုတွဲစောင့်မှာနဲ့ ဥပဒေလုပ်ထုံးလုပ်နည်းအရ ကြန့်ကြာမှာစိုးလို့’’ဟု ၎င်းက ဆိုသည်။

Google ဒုဥက္ကဋ္ဌ မီဂန်စမစ်ကို အမေရိကန် နည်းပညာအရာရှိချုပ်အဖြစ် အိုဘားမား ခန့်အပ်

Google ဒုဥက္ကဋ္ဌနှင့် နည်းပညာနယ်ပယ်တွင် အထင်ကရ အမျိုးသမီးတစ်ဦး ဖြစ်သူ မီဂန်စမစ်သည် အမေရိကန်၏ နည်းပညာအရာရှိချုပ်သစ် အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။ MIT အင်ဂျင်နီယာ တစ်ဦးဖြစ်သည့် စမစ်သည် လက်ရှိတွင် အလိုအလျောက် မောင်းနှင်နိုင်သည့် ကားနှင့် အနာဂတ် စက်ရုပ်များကဲ့သို့သော ပရောဂျက်များအတွက် Google X လက်တွေ့စမ်းသပ်ခန်းတွင် လုပ်ကိုင်နေသူ ဖြစ်သည်။ ၎င်းသည် ယခင်က Google ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အဖွဲ့တွင် ၉ နှစ်ကြာ ဦးဆောင်ခဲ့သူ ဖြစ်သည်။

ဒီလူ . . ဒီကား . . ဒီလမ်းများနှင့် ရှေ့မရောက်နိုင်သေးသည့် ရန်ကုန်

နိစ္စဓူဝ မြင်ကွင်း(၁)
ခေါက်ရိုးကျအောင် မီးပူတိုက် လာသော စတစ်ကော်လံအင်္ကျီဖြူ လည်း ကြေမွပိတ်လှောင်နေသည့် လူငွေ့များကြောင့် ချွေးများလည်း စိုလျက်။ လက်ပတ်နာရီကို ဘယ် နှကြိမ်မြောက် မှန်းမသိ ငုံ့ကြည့် ရင်း ကိုကျော်လတ် စိတ်တွင်းမှ ကျိန်ဆဲနေမိသည်ကအခါခါ။ ဒီ နေ့လည်း အလုပ်နောက်ကျဦးတော့ မည်။ နေ့စဉ် အလုပ်အသွား ဘတ်စ်ကားစီးရတိုင်း သူ့ကိုယ်မှာ ပြုတ်စော်နံနေရစမြဲ။ အင်းစိန်ပန်း ခြံမှတ်တိုင်မှာက နာရီဝက်နီးပါး။

"ခင်ဇာခြည်ကျော် ပြောတဲ့ အောင်မြင်မှုနဲ့ ကျော်ကြားမှု"



အနုပညာလောကမှာ ကြာရှည်စွာ လျှောက်လှမ်းနေသူ အကယ်ဒမီ ခင်ဇာခြည်ကျော် က အောင်မြင်မှု အကြောင်းကို ယခုလို ပြောပြသည်။
အောင်မြင်ခြင်းရဲ့ နောက်ကွယ်
 အောင်မြင်ခြင်း နောက်ကွယ်မှာ ကြိုးစားခြင်း၊ ပေးဆပ် အနစ်နာခံခြင်းကို လုပ်နိုင်မှ ရမှာပါ။ အလုပ် တစ်ခုကို လက်ခံရင် ဘယ်နေရာ၊ ဘယ်လိုဝတ် စားရမယ်။ ကာရိုက် တာ ပီပြင်အောင် လုပ်ရတဲ့ အခါမှာ အသေးစိတ် လေ့လာ ဖို့လိုတယ်။ သေသေ ချာချာ စီစဉ်ဖို့ လို အပ်တယ်။ သရုပ်ဆောင် ပီပြင်မှု အပြင် အဝတ်အစား တင်ပြမှုဟာ လည်း အရေးကြီးတယ်။ ခင်ဇာခြည်ကျော် လို့ ဖြစ်လာအောင် သေချာ ဂရုစိုက်ကြိုးစား ခဲ့လို့သာ ဖြစ်လာတာပါ။