လက်ထောက် နည်းပညာအရာရှိချုပ် အဖြစ် Twitter ၏ ထိပ်တန်း ရှေ့နေဟောင်းဖြစ်သူ အဲလက်ဇ် မက်ဂီလီဗရေးကို အိုဘားမား အစိုးရက ရွေးချယ်ခဲ့သည်။
အမေရိကန်၏ ပထမဦးဆုံး နည်းပညာအရာရှိချုပ်သည် အန်နစ်ရှ်ချော့ပရာ ဖြစ်ပြီး ၎င်းသည် ၂၀၀၉ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ တာဝန်ယူခဲ့ပြီးနောက် တော့ဒ်ပက်ခ်က ဒုတိယမြောက် အမေရိကန် နည်းပညာအရာရှိချုပ် အဖြစ် တာဝန်ယူခဲ့သည်။ မီဂန်စမစ်မှာ တတိယမြောက် အမေရိကန် နည်းပညာအရာရှိချုပ် ဖြစ်လာခဲ့သည်။
“စမစ်က အစိုးရရဲ့ အချက်အလက် နည်းပညာ ပေါ်လစီနဲ့ ခြေလှမ်းသစ်များအတွက် လမ်းညွှန်ပေးရပါမယ်။ နောက်ပြီး အရင်တာဝန်ယူခဲ့သူတွေရဲ့ အလုပ်ကို ဆက်လက်လုပ်ဆောင်ပြီး စီးပွားရေးကဏ္ဍ အသီးသီးနဲ့ လူသားတိုင်းကို အကျိုးပြုစေမယ့် အဆင့်မြင့် အချက်အလက်နဲ့ ဆက်သွယ်ရေး နည်းပညာတွေကို အရှိန်အဟုန်မြင့် လုပ်ဆောင်ရပါမယ်” ဟု နည်းပညာဆိုင်ရာ သမ္မတ အကြံပေးဖြစ်သူ ဂျွန်ဟိုဒရန်၏ ပြောကြားချက်ကို The Washington Post မှ ဖော်ပြခဲ့သည်။
ယခင် အမေရိကန် နည်းပညာအရာရှိချုပ် တော့ဒ်ပက်ခ်သည် ဆီလီကွန်တောင်ကြားတွင် အကြံပေးအနေဖြင့် ပြောင်းရွှေ့သွားခဲ့သည်။ ပက်ခ်သည် အမေရိကန် နည်းပညာအရာရှိချုပ် အဖြစ် တာဝန်ယူခဲ့စဉ်က Presidential Innovation Fellows အစီအစဉ်ကို စတင်ခဲ့ပြီး အိမ်ဖြူတော်သို့ နည်းပညာဆိုင်ရာ ပင်ကိုစွမ်းရည်ထူးချွန်သူ လူငယ်များကို ခေါ်ဆောင်နိုင်ခဲ့သလို Healthcare.gov တွင်လည်း နည်းပညာဆိုင်ရာ ပြုပြင်မှုများကို ညှိနှိုင်းဆောင်ရွက်ကာ အကူအညီ ပေးနိုင်ခဲ့သည်။
Ref: TheVerge
No comments:
Post a Comment