အလုပ်လက်မဲ့နှုန်းနှင့်ပတ်သက်၍ မှန်ကန်တိကျသည့် ကိန်းဂဏန်းများရရှိရန်အတွက် ၂၀၁၄-၂၀၁၅ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် (ILO) ၏အကူအညီဖြင့် လုပ်သားအင်အား စစ်တမ်းတစ်ရပ်ကို ကောက်ယူသွားမည်ဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီးဒေါ်လဲ့လဲ့သိန်းက စက်တင်ဘာ ၂၄ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ပြောကြားသည်။
Thursday, September 25, 2014
အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းအချို့တွင် တားဆီးပိတ်ပင်ထားသောပစ္စည်းများ တင်သွင်းနေသည်ကို Mobile Team ကစစ်ဆေးတွေ့ရှိနေသော်လည်း အကောက်ခွန်ဌာနမှ ဒဏ်ကြေးဖြင့် ထုတ်ယူခွင့်ပြုနေဟုဆို
အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းအချို့တွင် တားဆီးပိတ်ပင်မှုပြုလုပ် ထားသည့်ပစ္စည်းများ တင်သွင်းမှုပြုလုပ်နေသည်ကို Mobile Team မှစစ်ဆေးတွေ့ရှိသော်လည်း အကောက်ခွန်ဌာနမှ ဒဏ်ကြေးဖြင့် ထုတ်ယူခွင့်ပေးနေဟု တရားမ၀င်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးအဖွဲ့ Mobile Team မှတာဝန်ရှိသူအချို့က ပြောကြားသည်။
တားဆီးပိတ်ပင်ထားသည့်ပစ္စည်းများတင်သွင်းမှုကိုစစ်ဆေးတွေ့ရှိမှုမှာ အေးရှားဝေါလ်၊ မြန်မာ့စက်မှုဆိပ်ကမ်းနှင့် ထီးတန်းဆိပ်ကမ်းတို့တွင်ဖြစ်ကြောင်း ကျန်ဆိပ်ကမ်းများမှာမူ ကုန်ထုတ်ယူမှုနည်းပါးသောကြောင့် စစ်ဆေးတွေ့ရှိမှုမရှိသေးကြောင်း သိရသည်။

လယ်ဧက ၆ ထောင်ပြန်ပေးဖို့ ကာ/ချုပ်ထံ တောင်းဆိုဖို့ ပြင်ဆင်
ပဲခူးမြို့နယ် သာယာကုန်းကျေးရွာအုပ်စုအတွင်း စစ်တပ်ကသိမ်းယူထားတဲ့ လယ်ဧက ခြောက်ထောင် နီးပါးကို ပြန်ပေးဖို့ တောင်သူလယ်သမားတွေက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ တင်ပြတောင်းဆို သွားဖို့ ပြင်ဆင်နေကြပါတယ်။
ဒေသခံလယ်သမားတွေ စာရေးသားပေးပို့နိုင်ဖို့အတွက် ကူညီပေးနေတဲ့ မြန်မာနိုင်ငံတောင်သူ လယ်သမားသမဂ္ဂတာဝန်ခံ မစုစုနွေးက အခုလိုပြောပါတယ်။
"အုပ်တံတိုင်းကြီးက ရွှေလေးရွာကိုပိတ်ထားလိုက်တော့ ရွှေလေးရွာကနှစ်ခြမ်းကွဲသွားတယ်၊ တစ်ခြမ်းက

အိန္ဒိယတွင် ရေကြီးမှုကြောင့် သုံးသိန်းခန့်ကို ဘေးကင်းရာသို့ ရွှေ့ပြောင်းခဲ့ရ
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး
ရေကြီးမှုများ ဖြစ်ပေါ်ခဲ့သောကြောင့် ရာနှင့်ချီသော လူ များ ဘေး လွတ်ရာ သို့
ပြောင်းရွှေ့ခဲ့ရပြီး ၅၅ ဦးထက်မနည်း သေဆုံးခဲ့ကြကြောင်း အာဏာပိုင်များက
ပြောကြားခဲ့သည်ဟု အေအက်ဖ်ပီ စက်တင်ဘာလ ၂၄ ရက်က သတင်း တစ်ရပ်တွင်
ဖော်ပြထားသည်။
လူပေါင်း ၃၅ ဦး သေဆုံးခဲ့သည့် အရှေ့မြောက်ပိုင်း ပြည်နယ်ဖြစ်သည့်
မဟာလေရာ ပြည်နယ်
Wednesday, September 24, 2014
ဂျပန်အတွက် မြန်မာက အမှိုက်ပုံဖြစ်လာပြီလား
လွန်ခဲ့သည့်သုံးနှစ်ကျော်က အစိုးရသစ်၏ ကားတင်သွင်းခွင့်မူဝါဒသစ်
ထုတ်ပြန်ပြီးနောက် မြန်မာ ပရိသတ်အကြိုက် ဂျပန်ကားအများစုကို
တင်သွင်းလာကြပြီး ပြည်တွင်းဈေးကွက်တွင် အစားထိုးနေရာ ယူထားကြပြီဖြစ်သည်။
မြန်မာနိုင်ငံတွင် ယခင်လူဦးရေ တစ်သိန်းလျှင် ကားသုံးစီးဝယ်စီးနိုင်သည့် အခြေအနေမှ ယခု လူဦးရေတစ်သိန်းလျှင် ကား ၁၀ စီး ၀ယ်စီးနိုင်သည့် ခေတ်သို့ရောက်ရှိလာပြီဖြစ်သည်။
ဂျပန်တစ်ပတ်ရစ်လေလံဈေးကွက်မှ အလုံးအရင်းဖြင့် တင်သွင်းလာချိန်တွင် အများစုက ဈေးသက်သာသည့် သက်တမ်းလွန်ကားများထဲမှ အပြစ်အနာအဆာ အများဆုံးကားများ ဖြစ်လာသည်။ မူလက မောင်းနှင် ထားသည့် ကီလိုများကိုပင်လျှော့၍ မြန်မာနိုင်ငံ ကားဈေးကွက်သို့ အလုံးအရင်းဖြင့် ၀င်ရောက်လာခြင်းကို အစိုးရက လျစ်လျူရှုထားကြောင်း ပြည်တွင်းကားအရောင်းပြခန်းပိုင်ရှင်များက ဝေဖန်လိုက်သည်။
‘‘မြန်မာနိုင်ငံက ဂျပန်ကားအမှိုက်ပုံလိုဖြစ်နေပြီ’’ဟု ရောင်နီဦးကားအရောင်းပြခန်းပိုင်ရှင် ဦးအောင်ဝင်းက ဆိုသည်။

အိတ်ဇောသံဆူညံစွာ မောင်းနှင်သည့်ဆိုင်ကယ်များအား မန္တလေးမြို့တွင် စည်ပင်ဥပဒေအရ အရေးယူမည်
ဆိုင် ကယ်စီးလူငယ်တချို့မှာ အိတ်ဇော သံဆူညံစွာဖြင့် မန္တလေးမြို့တွင်း မောင်းနှင်လျက်ရှိသည်ကို စစ်ဆေး တွေ့ရှိရသောကြောင့် နဂိုအိတ်ဇော မဟုတ်ဘဲ အသံဆူညံစေသည့် အိတ် ဇောများဖြင့် အစားထိုးပြောင်းလဲ တပ်ဆင်ထားသော ဆိုင်ကယ်များ ကို စည်ပင်သာယာရေးဥပဒေပုဒ်မ -၂၆ဖြင့် အရေးယူသွားမည်ဖြစ် ကြောင်း အမှတ်(၁၁)ယာဉ်ထိန်း ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။
အိတ်ဇောသံဆူညံစွာဖြင့် မောင်း နှင်ခြင်းသည် အများပြည်သူအား စိတ်အနှောင့်အယှက်ဖြစ်စေနိုင်သည့်
အိတ်ဇောသံဆူညံစွာဖြင့် မောင်း နှင်ခြင်းသည် အများပြည်သူအား စိတ်အနှောင့်အယှက်ဖြစ်စေနိုင်သည့်
ပြိုင်ကားစုရပ်များကို ဝင်ဖမ်းမည်
ရန်ကုန်မြို့တော်အတွင်း ညဥ့်နက် အချိန်တွင် ပြိုင်ကားများ အရှိန်မြှင့် မောင်းနှင်မှုများ ပျောက်ကွယ်သွားခြင်း မရှိသောကြောင့် ပြိုင်ကားများ စုဝေးသော နေရာများကို ဝင်ရောက် ဖမ်းဆီးမှုများ စတင်လုပ်ဆောင်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောကြားသည်။
စက်တင်ဘာလ ၂၃ ရက်နေ့တွင် ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူးအစည်း အဝေးတွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။
“ပြိုင်ကားက အရှိန်အဟုန်နဲ့ မောင်းလာတာကို တားဆီးဖမ်းဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အဲဒီတော့စပြီး ပြိုင်ဖို့စုဝေးတဲ့ နေရာတွေကို အဖွဲ့ဖွဲ့ပြီး ဝင်ဖမ်းမယ်။ ဥပဒေနဲ့ ပတ်သက်ရင် ဘယ်သူ့မျက်နှာမှ ကြည့်မှာ မဟုတ်ပါဘူး။ သိပ်မကြာခင် စတင်မယ်” ဟု ၎င်းကဆိုသည်။

ခြောက်နှစ်အရွယ် ဂျပန်မိန်းကလေး၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ပလစတစ်အိတ်များအတွင်း တွေ့ရှိ
ဂျပန်နိုင်ငံ အနောက်ပိုင်း ကိုဘေးမြို့တွင် စက်တင်ဘာ ၁၁ ရက်က
ပျောက်ဆုံးသွားခဲ့သော အသက် ခြောက်နှစ်အရွယ် မိန်းကလေးတစ်ဦး၏ ခန္ဓာ ကိုယ်
အစိတ် အပိုင်းများကို ထည့်ထားသည့် ပလတ်စ တစ်အိတ်များကို သူမ၏ အိမ်အနီးတွင်
တွေ့ရှိခဲ့ရကြောင်း နယ်မြေရဲတပ်ဖွဲ့က စက်တင်ဘာ ၂၄ ရက် တွင် ထုတ်ပြန်လိုက်သည်။
ဒီအင်န်အေ စစ်ဆေးမှုများအရ အဆိုပါ မိန်းကလေးသည် မီရီအီကူတာ ဆိုသူဖြစ်ပြီး
၎င်းအသတ်ခံရမှု နှင့်ပတ်သက်၍ အိမ်နီးချင်းတစ်ဦးဖြစ်သူ အသက် ၄၇ နှစ် အရွယ်
အမျိုးသားတစ်ဦးအား ရဲများက စစ် ဆေးလျက်ရှိကြောင်း သိရသည်။
အီဘိုလာရောဂါပိုး လူ ၅ သိန်းထက်ထိ ကူးစက်လာနိုင်
အီဘိုလာရောဂါကို ဟန့်တားထိန်းချုပ်မှု မလုပ်နိုင်ဘူးဆိုရင် ဇန်န၀ါရီလအရောက်မှာ အနောက် အာဖရိကမှာ နေထိုင်တဲ့ လူပေါင်း ၅ သိန်းကနေ ၁ ဒဿမ ၄ သန်းကြား အရေအတွက်အထိ ကူးစက်သွားနိုင်တယ်လို့ အမေရိကန် သုတေသနပြုသူတွေက ပြောဆိုပါတယ်။
Liberia နဲ့ Sierra Leone စတဲ့ တိုင်းပြည်တွေမှာ ရောဂါဖြစ်ပွားနေတဲ့နှုန်းဟာ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ နှစ်ဆ တိုးများလာနေကြောင်း၊ အခု WHO က ရရှိထားတဲ့ ရောဂါဖြစ်ပွားမှုနှုန်းဟာ
Liberia နဲ့ Sierra Leone စတဲ့ တိုင်းပြည်တွေမှာ ရောဂါဖြစ်ပွားနေတဲ့နှုန်းဟာ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ နှစ်ဆ တိုးများလာနေကြောင်း၊ အခု WHO က ရရှိထားတဲ့ ရောဂါဖြစ်ပွားမှုနှုန်းဟာ
မဖြူနှင်းထွေးကို အမြန်ဆုံး ပြန်လွှတ်ပေးရန် ဗ.က.သ ကျောင်းသားများ ဆန္ဒထုတ်ဖော်
လက်ပံတောင်းဒေသ ဆည်တည်း ကျေးရွာအနီးတွင် မေလအတွင်း တရုတ်
ဝန်ထမ်းနှစ်ဦးအား ပြန်ပေး ဆွဲသည်ဟု ဆိုသည့် စွဲချက်ဖြင့် ဖမ်းဆီးခံထားရသည့်
အဝေးသင်တက္ကသိုလ် မြန်မာစာ ဒုတိယနှစ်မှ ကျောင်းသူ ဖြူနှင်းထွေးကို
အမြန်ဆုံး ပြန်လွှတ်ပေးရန် ဗ.က.သ ကျောင်းသားများက စက်တင်ဘာလ ၂၃ ရက်
မွန်းလွဲပိုင်းတွင် ယင်းမာပင်ခရိုင် တရားရုံး၌ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
မဖြူနှင်းထွေးကို ဝမ်ပေါင်ကုမ္ပဏီမှ တရုတ်ဝန်ထမ်း နှစ်ဦး ဖမ်းဆီးခံရမှုတွင် ဆည်တည်းရွာ ဒေသခံများနှင့်
မဖြူနှင်းထွေးကို ဝမ်ပေါင်ကုမ္ပဏီမှ တရုတ်ဝန်ထမ်း နှစ်ဦး ဖမ်းဆီးခံရမှုတွင် ဆည်တည်းရွာ ဒေသခံများနှင့်
အရွယ်မရောက်သေးတဲ့ လူငယ်တွေ ဖျက်ဆီးခံနေရပြီလား
ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းအရ မြန်မာနိုင်ငံမှာ အရွယ်မရောက်သေးတဲ့ လူငယ်တွေ ဆေးလိပ်၊ အရက်၊ ဘီယာ သုံးစွဲမှု မြင့်တက်လာပါတယ်။
တိုးတက်လာတဲ့ ခေတ်အခြေအနေအရ လူငယ်တွေ သွားလာနေထိုင်မှု ပုံစံတွေ ပြောင်းလဲလာတယ် ဆိုတာ နားလည်ပေးနိုင်ပေမယ့် ကိုယ်နိုင်ငံနဲ့ မကိုက်ညီတဲ့ လူမှုကျင့်ဝတ်တွေကို ထိန်းချုပ်ဖို့ လိုတယ်လို့ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောပါတယ်။
အရွယ်မရောက်သေးတဲ့ လူငယ်တွေကို တည်းခိုခန်းတွေမှာ တည်းခိုခွင့်ပြုတာ၊ အရက်ဘီယာ ဆေးလိပ် အရောင်းအဝယ် လုပ်နေတာတွေကို ထိန်းချုပ်ဖို့ စက်တင်ဘာလ ၂၃ ရက်နေ့မှာ ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေးမှာ လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ထူးက အဆိုတင်လိုက်ပါတယ်။

ဘာပဲစားစား သင့်ဗိုက်သားပြားချပ်နေအောင် ထိန်းသိမ်းဖို့ အလွယ်ကူဆုံး နည်းလမ်းများ
စိန်ခေါ်မှုများစွာ ကြုံတွ့နေရတဲ့ ခုခေတ်အချိန်အခါမှာ ဘယ်သူက ကိုယ့်ဗိုက်ကို ဆယ့်နှစ်ရာသီ ပြားချပ်နေတာ မလိုချင်ဘဲ ဘယ်ရှိပါ့မလဲ။ အထူးသဖြင့် နည်းနည်းကျပ် အဝတ်အစားတွေနဲ့ အဝတ်အစားအတိုအပြတ်တွေ အရှိန်အဟုန်နဲ့ ခေတ်စားလို့လာတဲ့ ဒီအချိန်မှာလေ။ ရိုးရိုးရှင်းရှင်းနည်းနဲ့ပဲ သင့်ဗိုက်သားပြားချပ်နေအောင် ထိန်းသိမ်းဖို့ အလွယ်ဆုံးနည်းလမ်းတွေရှိပါတယ်။(၁) ညမအိပ်မီ လေးနာရီအတွင်း အစာမစားပါနဲ့
လေးတန်းအောင် စာမတတ်သူများရှိဟု သမ္မတသုံးသပ်
ရန်ကုန် (မဇ္ဈိမ)။ ။ လေးတန်း(စတုတ္ထတန်း) အောင်သော်လည်း စာမဖတ် တတ်သည့် ကျောင်းသား ၊ ကျောင်းသူများ ဖြစ်နေသည့်အတွက် သင်ခန်းစာပိုင်နိုင်သည့် ဆရာ၊ ဆရာမများ မွေးထုတ်ပေးရန် လိုအပ်သည်ဟု စက်တင်ဘာ ၂၁ ရက်က သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံစဉ်မှာကြား လိုက်သည်ဟု ပညာရေး မြှင့်တင်မှုကော်မတီ နာယက ဦးသန်းဦးက ပြောသည်။
ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ဆင်ဇလုပ်ကျေးရွာရှိ မူလတန်းလွန် ကိုယ်ထူကိုယ်ထကျောင်းရှိ မူလတန်း ကလေးငယ်များ စာသင်ကြားနေသည်ကို သြဂုတ်လ ၂၅ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)
ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ဆင်ဇလုပ်ကျေးရွာရှိ မူလတန်းလွန် ကိုယ်ထူကိုယ်ထကျောင်းရှိ မူလတန်း ကလေးငယ်များ စာသင်ကြားနေသည်ကို သြဂုတ်လ ၂၅ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)
ဗုဒ္ဓဘာသာဘုန်းတော်ကြီးများပို့သသည့်မေတ္တာကြောင့် မန်ယူကို လက်စတာအနိုင်ရခဲ့ဟု ဒေးလီးမေးလ်သတင်းစာ ဖော်ပြ
ဓာတ်ပုံ-ဒေးလီးမေးလ်
ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ၏ပို့သသည့်မေတ္တာကြောင့် လက်စတာအသင်းသည် မန်ယူအသင်းကို ၅-၃ ဂိုးဖြင့် အနိုင်ရခဲ့ကြောင်းဗြိတိန်နာမည်ကြီးသတင်း စာ ဒေးလီးမေးလ်က ဖော်ပြခဲ့သည်။
လက်စတာ အသင်းနည်းပြပီယာဆန်နှင့် အသင်းသားများသည် မန်ယူအသင်းနှင့်
မယှဉ်ပြိုင်မီ ထိုင်းဗုဒ္ဓ ဘာသာ ဘုန်းတော်ကြီးများနှင့် King Power အားက
စားကွင်းကြီးတွင် တွေ့ဆုံခဲ့ကြပြီး ဘုန်းတော်ကြီးများက မန်ယူကို
အနိုင်ရစေရန်အတွက် ဆုတောင်းမေတ္တာများ ပို့သခဲ့ကြသည်။
ထိုင်းလူမျိုး တစ်ဦးဖြစ်သည့် လက်စတာ အသင်းပိုင်ရှင် ဆရီဗရာနန် ပရာဟာသည်
မန်ယူ အသင်းနှင့် ပွဲစဉ်ကို ကြည့်ရှုရန်အတွက် ထိုင်းဘုန်းတော်ကြီးများကို
ပင့်ဖိတ်ခဲ့ခြင်းဖြစ်သည်။ ဘုန်းတော်ကြီး များသည် လက်စတာအသင်း၏လေ့ကျင့်ရေးကွင်းနှင့်KingPowerအားကစားကွင်းများသို့သွားရောက်ခဲ့ပြီးဆုတောင်း
မေတ္တာပို့သပေးခဲ့သည်။
အဖေ့မှာတမ်း
အဖေမှာမယ်..... သားရယ်လူလေး
ငယ်မူသွေးကြွ နုထွေးပျိုမျစ် အရွယ်ဖြစ်လို့
ချစ်သူရည်းစား ထားချင်ငြားလည်း
ရင်ထဲမျိုသိပ်လွမ်းအတိတ်နှင့်
ဆွေးစိတ်ကိုဖျောက် ခြင်္သေ့ဟောက်သို့
ယောက်ျားဇာနည် ပညာရည်မွန်
လူရည်ချွန်ဘွဲ့ သားယူခဲ့၍
သားရဲ့ဇာတိ ဆရာမိဘ
ငယ်မူသွေးကြွ နုထွေးပျိုမျစ် အရွယ်ဖြစ်လို့
ချစ်သူရည်းစား ထားချင်ငြားလည်း
ရင်ထဲမျိုသိပ်လွမ်းအတိတ်နှင့်
ဆွေးစိတ်ကိုဖျောက် ခြင်္သေ့ဟောက်သို့
ယောက်ျားဇာနည် ပညာရည်မွန်
လူရည်ချွန်ဘွဲ့ သားယူခဲ့၍
သားရဲ့ဇာတိ ဆရာမိဘ
ဘီလူးစီးခြင်း
ပြောပြောနေကြတဲ့ ဘီလူးစီးတယ်ဆိုတာကိုယ်တိုင် မကြုံဖူးရင်တောင် လူတိုင်းကြားတော့ကြားဖူး လိမ့်မယ် ထင်ပါတယ်။
လူက နိုးနေရက်နဲ့ ခြေတွေ လက်တွေ လှုပ်မရ၊ အော်မရပာစ်မရနဲ့ အတော်ကြီးကို စိတ်ဒုက္ခရောက်ရတဲ့ အချိန်ပါ။
အင်္ဂလိပ်လို Sleep Paralysis လို့ခေါ်ပြီးမြန်မာလိုဘီလူးစီးတယ်လို့ခေါ်တဲ့အခြေအနေတစ်ရပ်ကို တစ်ခါလောက်ကြုံဖူး သွားတာနဲ့ နောက်ထပ်ကြုံဖို့ လန့်သွားလောက်တဲ့ အတွေ့အကြုံတစ်ရပ်ပါ။
လူက နိုးနေရက်နဲ့ ခြေတွေ လက်တွေ လှုပ်မရ၊ အော်မရပာစ်မရနဲ့ အတော်ကြီးကို စိတ်ဒုက္ခရောက်ရတဲ့ အချိန်ပါ။
အင်္ဂလိပ်လို Sleep Paralysis လို့ခေါ်ပြီးမြန်မာလိုဘီလူးစီးတယ
အပစ်ရပ်ဆွေးနွေးပွဲ ဒုတိယနေ့ နှစ်ဖက် သဘောတူထားသည့် အချက်အချို့ကို ပြန်လည်ဆွေးနွေး

တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေး ဆွေးနွေးပွဲတွင် ယခင် နှစ်ဖက်သဘောတူညီ ထားသည့် အချက်အချို့ကို ပြန် လည်ဆွေးနွေးခဲ့ပြီး တပ်မတော်ဘက်မှ သဘော ထားတင်းမာမှု များရှိနေကြောင်း သတင်းရရှိသည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မ တီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိ နှိုင်းရေးအဖွဲ့(NCCT) တို့ စက် တင်ဘာ ၂၃ ရက် ဆွေးနွေးပွဲ ဒု တိယနေ့တွင် ယခင်သဘောတူ ညီချက်အချို့ကို ပြန်လည်ဆွေး နွေးနေရခြင်းဖြစ်သည်။ ယင်းအ တွက်ကြောင့် အပစ်ရပ်မူကြမ်းမှ နှစ်ဖက်ညှိနှိုင်းရန် ကျန်ရှိနေသည့် အချက်များကို ဆက်လက်ဆွေးနွေးခြင်း မပြုနိုင်သေး ကြောင်း NCCT အဖွဲ့ခေါင်း ဆောင်နိုင်ဟံသာက ပြောကြားသည်။
ဗြိတိန်စုံတွဲအသတ်ခံရမှုနှင့်ပတ်သက်၍ မြန်မာလုပ်သားများကို ရိုက်နှက်စစ်ဆေးလျှင် ဥပဒေအရတုံ့ပြန်မည်ဟု မြန်မာသံအမတ်ပြော
ထိုင်းနိုင်ငံတွင် ဗြိတိန် နိုင်ငံသားစုံတွဲအသတ်ခံရမှုနှင့်
ပတ်သက်၍ စုံစမ်းစစ်ဆေးစဉ် ထိုင်းရဲတပ်ဖွဲ့က မြန်မာလုပ်သား များကို
ရိုက်နှက်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်နေပြီး
ထိုသို့ရိုက်နှက် ပါက ဥပဒေအရ တုံ့ပြန်သွားမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်း မောင်က ပြောကြားသည်။
လိုအပ်နေသည့် အမျိုးသမီးများ၏ အာသာဆန္ဒကိုဖြည့်ဆည်းပေးရသည့် မြန်မာပြည်မှ ယောင်္ကျား Sex Worker
လှုပ်လီလှုပ်လဲ့ဖြင့် မြွေတစ်ကောင်က ခါးလယ်မှဖြတ်ကာ တစ်ဆင့်ချင်း
တစ်ရစ်ချင်းတက်လာနေသလို ခံ စားရသည်။ ခန္ဓာကိုယ်ပေါ် မှိန်ပြပြမီးရောင်
အောက်တွင် သိုင်းဖက်ထားသော လက်တစ်စုံ က မြွေတစ်ကောင်လို
သူ့ကိုရစ်ပတ်သိုင်းဖက် ထားသည်။ သူမျက်လုံးလေး မှေးပြီးကြည့်တော့
သူမ၏မျက်လုံးများက ရမ္မက်ခိုးများဖြင့်
တောက် ပနေသည်။ သူ့မျက်နှာပေါ်တွင် သူမ၏ဆံပင်များ က ဝေ့ဝဲဖုံးအုပ်နေသည်။
မသိမသာမှုတ်ထုတ် မိသော သူ၏သက်ပြင်းခိုးတွင် သူမဆံသားတချို့ လှုပ်ခါသွားသည်။
အူရီးဒူး ဖုန်းပြောခ ပြန်လျှော့

ရန်ကုန်မြို့ရှိ ဖုန်းအရောင်းဆိုင်တစ်ခုတွင် အူရီးဒူးဆင်းမ်ကတ်များ ၀ယ်ယူနေစဉ်(ဓာတ်ပုံ−ကျော်ဇင်သန်း)
အူရီးဒူးမြန်မာအနေဖြင့် ဖုန်းခေါ်ဆိုခနှုန်းထားများကို ယခင်က မိနစ်အလိုက် ကောက် ယူနေသော်လည်း စက်တင်ဘာ ၂၃ ရက်မှစ၍ ဖုန်းပြောဆိုသည့် စက္ကန့်အလိုက်သာ တွက်ချက်၍ ကောက်ယူ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အူရီးဒူး၏ ဖုန်းခေါ်ဆိုခမှာ တစ်မိနစ်လျှင် ၂၅ ကျပ်သတ် မှတ်ထားပြီး ယခင်က ကောက်ယူ သည့် ပုံစံအရ ဖုန်းပြောချိန်မှာ တစ်မိနစ်မပြည့်သော်လည်း ၂၅ ကျပ်ကို ဖုန်းဘီလ်ထဲမှာ ဖြတ် တောက်ခဲ့ခြင်းဖြစ်သည်။
လျှပ်စစ်ဖြန့်ဖြူးမှုစနစ် ချို့ယွင်းမှုကြောင့် ထိခိုက်နစ်နာမှုများအား ထိုက်တန်သည့်လျော်ကြေး၊ ၀န်ဆောင်မှုပေးသည့် ဌာနအနေဖြင့် လုံခြုံမှုမပေးနိုင်ပါက ပြည်သူများ၏ ဘေးအန္တရာယ်လုံခြုံမှုကို အလေးမထားရာရောက်ကြောင်း ဒုဝန်ကြီးဦးအောင်သန်းဦး ပြောကြား
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုစနစ် ချို့ယွင်းမှုကြောင့် ထိခိုက်နစ်နာမှုများအား ထိုက်တန်သည့်လျော်ကြေးများ၊ ၀န်ဆောင်မှုပေးသည့် ဌာနအနေဖြင့် လုံခြုံမှုမပေးနိုင်ပါက ပြည်သူများ၏ ဘေးအန္တရာယ်လုံခြုံမှုကို အလေးမထားရာရောက်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်သန်းဦးက ပြော ကြားသည်။
နိုင်ငံသားဖြစ်ခွင့်ရ ဘင်္ဂါလီများကို နိုင်ငံသားအခွင့်အရေးအရ အခြားပြည်နယ်နှင့်တိုင်းများသို့ လွတ်လပ်စွာသွားလာခွင့်ပြုမည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောကြား
နိုင်ငံသားဖြစ်ခွင့်ရ ဘင်္ဂါလီများကို အခြားပြည်နယ်နှင့် တိုင်းများသို့ လွတ်လပ်စွာသွားလာခွင့်ပြုသွားမည
၁၉၈၂ ဥပဒေနှင့်အညီ နိုင်ငံသားဖြစ်ခွင့် ရသူများကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုပြီး ဖြစ်သဖြင့် ယင်းနိုင်ငံသား ဖြစ်ခွင့်ရသူများအနေဖြင့် နိုင်ငံသားအခွင့်အရေးကို အပြည့်အ၀ ရရှိမည်ဖြစ်ပြီး ခရီး သွားလာခွင့်ကို လွတ်လပ်စွာ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က “နိုင်ငံသားဖြစ်သွားတော့ နိုင်ငံသားအခွင့်အရေး ပေးရမှာပေါ့။ ရခိုင်ပြည်နယ်မှအပ တခြားတိုင်းနဲ့ပြည်နယ်တွေကို သွားလာခွင့်ပေးရမယ်။ လေကြောင်းနဲ့ သွားမယ်ဆိုရင်လည်း သွားခွင့်ပြုမယ်။ ရခိုင်ပြည်နယ်အတွင်းမှာတော့ ပြဿနာနည်းနည်း ရှိနိုင်သေးတဲ့အတွက် သွားလာခွင့်ကို ခွင့်မပြုသေးဘူး။ နိုင်ငံသားဖြစ်တဲ့သူတွေနဲ့ မဖြစ်တဲ့သူတွေကို ခွဲတော့ခွဲရမယ်။ ခွဲပြီးမှ ဥပဒေအတိုင်း ဆောင်ရွက်သွားရမှာပေါ့” ဟု ပြောကြားသည်။
မိုဘိုင်းဖုန်း သုံးသူများအတွက် သီးသန့် ပလက်ဖောင်း
အမေရိကန် ပြည်ထောင်စု၊ ဝါရှင်တန် ဒီစီမှာ စမ်းသပ်ပြီးတော့ မိုဘိုင်းဖုန်း သီးသန့် အသုံးပြုသူများအတွက် ပလက်ဖောင်းလမ်း ဆိုပြီးတော့ ဖန်တီးခဲ့ကြပါ သေးတယ်။ ယင်း ဖန်တီးမှုကို တကယ် အသက်သွင်းလိုက်တာ ကတော့ တရုတ်ပြည် အနောက်တောင်ပိုင်း Chongqing မြို့မှာ ဖြစ်ပြီး လူသွားလာမှု များတဲ့ လမ်းမတွေမှာ မိုဘိုင်းဖုန်း အသုံးပြုသူများအတွက် သီးသန့် လမ်းကြောင်း တစ်ခု ထားပေးခဲ့ ပါတယ်။
Subscribe to:
Posts (Atom)

.jpg)