ဆိုးရွားသည့်အခွန်ရှောင်တိမ်းမှု များကို ပြန်လည်စစ်ဆေးတွေ့ရှိပါက ကျသင့်အခွန်၏ ၁၀၀ ရာခိုင်နှုန်းအထိ ဒဏ်ကြေးတပ်ရိုက် အရေးယူသွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။
"အခွန်နဲ့ပတ်သက်ပြီး လိုက်နာဆောင်ရွက်မှုအား မကောင်းဘူး။ လိုက်နာဆောင်ရွက်ရန် ပျက်ကွက်သူတွေ ကိုတော့ ၀င်ငွေခွန် ကုန်သွယ်လုပ်ငန်းခွန်ဥပဒေတွေအရ ပြစ်မှုပြစ်ဒဏ်တွေရှိပါတယ်။ ကြေညာလွှာ တင်သွင်းမှု ပျက်ကွက်မယ်၊ နောက်ကျမယ်ဆိုရင် ၁၀ ရာခိုင်နှုန်း ဒဏ်ကြေးဆောင်ရပါမယ်။ မမှန်ကန်တဲ့ကြေညာလွှာတင်သွင်းလို့  လိမ်လည်မှုမြောက်တယ်ဆိုရင်တော့ ၀င်ငွေခွန်မှာ ရာခိုင်နှုန်း ၅၀၊ ကုန်သွယ်လုပ်ငန်းခွန်မှာ ၁၀၀ ရာခိုင်နှုန်းအထိ ပြစ်ဒဏ်ရှိပြီး တရားစွဲဆိုခြင်းလည်း ခံရနိုင်ပါတယ်။










