
နိုင်ငံ၏ ကံကြမ္မာသည် တပ်မတော်၏ လက်ထဲတွင်သာ ရှိသည်မဟုတ်ဘဲ နိုင်ငံသူ နိုင်ငံသားအားလုံး၏ လက်ထဲတွင်ရှိကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
နိုဝင်ဘာလ ၅ ရက်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၌ ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
သတင်းထောက်တစ်ဦး မေးမြန်းသည့် “ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် တပ်မတော်အား ဖိအားပေးပါက တိုင်းပြည်မကောင်းသည့်ဘက်သို့ ရောက်သွားနိုင်ခြင်း ရှိ၊ မရှိ” ဆိုသည့်အချက်အား ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။







