နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် အလိုတော်ပြည့် ဆရာ တော်အား သွားရောက်ဖူးမြော်စဉ် ရခိုင်ပြည်နယ် အရေးနှင့် စပ်လျဉ်း ၍ သီးသန့်ဆွေးနွေးခဲ့ကြောင်း သ တင်းရရှိသည်။
သမ္မတ၏ ဒုတိယအကြိမ် ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း ဒီ ဇင်ဘာလ ၂၅ ရက်က သံတွဲမြို့သို့ရောက်ရှိစဉ် ငပလီ ဂျိတ္တောကျေးရွာရှိ အလိုတော်ပြည့်ကျောင်းတိုက်တွင် သွားရောက်ဖူးမြော်ခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ ဖူးမြော်စဉ် နိုင်ငံ တော်သမ္မတက ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး နှင့် ဖွံ့ဖြိုးရေးကိစ္စရပ်များကို သီး သန့်တံခါးပိတ်ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း အလိုတော်ပြည့်ဆရာ တော်၏ ပြောရေးဆိုခွင့်ရှိသူ လက်ထောက်ဆရာတော် ဦးကုမာရက မိန့်ကြားသည်။







