Tuesday, January 13, 2015

မက်ဆီ နျူအာတို့ကို မဲအပြတ်အသတ် အသာယူပြီး ကမ္ဘာ့အကောင်းဆုံးဆု ရော်နယ်ဒို ဆွတ်ခူး


Photo: မက်ဆီ နျူအာတို့ကို မဲအပြတ်အသတ် အသာယူပြီး ကမ္ဘာ့အကောင်းဆုံးဆု ရော်နယ်ဒို ဆွတ်ခူး

ဇန်န၀ါရီလ ၁၃ ရက်၊ ၂၀၁၅

ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ မက်ဆီ နျူအာတို့ကို ကျော်ဖြတ်ပြီး ၂၀၁၄ ခုနှစ်အတွက် ပေးအပ်တဲ့ တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆု ဆွတ်ခူးသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း ၆၁ ဂိုး သွင်းနိုင်ခဲ့ပြီး ရီးရဲလ်နဲ့အတူ ဖလားသုံးလုံး ရခဲ့တဲ့ ရော်နယ်ဒိုဟာ မဲ ၃၇.၆၆ ရာခိုင်နှုန်းနဲ့ မက်ဆီ နျူအာတို့ကို အပြတ်အသာ ရခဲ့တာဖြစ်ပါတယ်။ မက်ဆီက ၁၅ . ၇၆ ရာခိုင်နှုန်းပဲ မဲရခဲ့သလို နျူအာကလည်း ၁၅ . ၇၂ ရာခိုင်နှုန်းပဲ မဲရခဲ့ပါတယ်။

၂၀၁၄ခုနှစ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ရခဲ့တဲ့အတွက် ရော်နယ်ဒိုဟာ ဒီဆုကို နှစ်နှစ်ဆက်တိုက် ဆွတ်ခူးနိုင်သူ ဖြစ်လာခဲ့ပြီး သူ့အတွက် ကစားသမားဘဝမှာ ၃ ကြိမ်မြောက် ဆုရခဲ့ခြင်း ဖြစ်လာပါတယ်။ ရော်နယ်ဒိုကို အာဆင်နယ် တိုက်စစ်မှူးဟောင်း အွန်နရီက ဆုချီးမြင့်ခဲ့ပြီး ရော်နယ်ဒိုက စိတ်ခံစားမှုကို သိမ်းမထားတတ်တဲ့ သူ့အကျင့်အတိုင်း စင်ပေါ်မှာ အော်ဟစ်ပြီး အောင်ပွဲခံခဲ့ပါတယ်။

တစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံး အမျိုးသမီးဘောလုံးသမားဆုကိုတော့ ဝုဖ်ဘတ် ကွင်းလယ်လူ ကက်စလာက ဆွတ်ခူးသွားပါတယ်။ ဂျာမနီအတွက် ကမ္ဘာ့ဖလား ရယူပေးနိုင်ခဲ့တဲ့ နည်းပြ ဂျိုအာချင်လိုက အကောင်းဆုံး အမျိုးသားနည်းပြဆု ရခဲ့ပြီး အသင်းအတွက် ချန်ပီယံလိဂ်ဖလား နှစ်ကြိမ်ဆက် ရယူပေးနိုင်ခဲ့တဲ့ ဝုဖ်ဘတ်နည်းပြ ကယ်လာမန်ကတော့ အကောင်းဆုံး အမျိုးသမီးနည်းပြဆု ရခဲ့ပါတယ်။ ဥရုဂွေးဘက်ကို မြေမကျကန်သွင်းခဲ့တဲ့ ကိုလံဘီယာ တောင်ပံကစားသမား ဂျိမ်းရိုဒရီဂွက်ဇ်ရဲ့ဂိုးက တစ်နှစ်တာ အကောင်းဆုံး သွင်းဂိုးဆုရခဲ့ပါတယ်။

Nz ရိုးရာလေး
ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ မက်ဆီ နျူအာတို့ကို ကျော်ဖြတ်ပြီး ၂၀၁၄ ခုနှစ်အတွက် ပေးအပ်တဲ့ တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆု ဆွတ်ခူးသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း ၆၁ ဂိုး သွင်းနိုင်ခဲ့ပြီး ရီးရဲလ်နဲ့အတူ ဖလားသုံးလုံး ရခဲ့တဲ့ ရော်နယ်ဒိုဟာ မဲ ၃၇.၆၆ ရာခိုင်နှုန်းနဲ့ မက်ဆီ နျူအာ  တို့ကို အပြတ်အသာ ရခဲ့တာဖြစ်ပါတယ်။ မက်ဆီက ၁၅ . ၇၆ ရာခိုင်နှုန်းပဲ မဲရခဲ့သလို နျူအာ ကလည်း ၁၅ . ၇၂ ရာခိုင်နှုန်းပဲ မဲရခဲ့ပါတယ်။

သေနတ်ပစ်ဖောက်မှုဖြင့် တရားစွဲခံရသူအမှု တရားလိုမအား၍ ရက်ချိန်းထပ်ယူ



ဂျီအီးတပ်၏အတွင်း သေနတ်ပစ်ဖောက်မှုဖြင့် တရားစွဲဆိုခံထားရသော ဒုဗိုလ်ချုပ်ကြီးဟောင်း ကျော်ဘ၏သားအမှု ဒုတိ ယမြောက်ရုံးချိန်းတွင် တရားလို ရဲအရာရှိက အလုပ်မအားသဖြင့် ဇန်န၀ါရီ ၂၈ ရက်သို့ ထပ်မံ ရက် ချိန်းယူခဲ့ကြောင်း ဒဂုံမြို့နယ် တရားရုံးမှသတင်းရရှိသည်။

‘‘တရားလိုအမှုစစ်က အလုပ်မအားလို့ ခွင့်ထပ်ယူထား တယ်။ ၂၈ ရက်ပြန်ချိန်းလိုက် တယ်’’ဟု ဒဂုံမြို့နယ် တရားရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

တရားစွဲခံရသော ဘားဆိုင်မန်နေဂျာ၏ အတူနေချစ်သူက အမှုကိုအေးအေးချမ်းချမ်း ပြီးစေလိုကြောင်းလျှောက်လဲ


ပုဒ်မသုံးခုဖြင့်တရားစွဲခံ ထားရသည့် VGastro Bar ဆိုင်မှ အထွေထွေမန်နေဂျာ ဖီးလစ်၏ အတူနေစေ့စပ်ထားသူက ၎င်းတို့ မိသားစုအတွက် မြန်မာနိုင်ငံ သည် အထူးနေရာတစ်ခုဖြစ်သော ကြောင့် ရင်ဆိုင်နေရသောအမှု ကို အေးအေးချမ်းချမ်းပြီးစေလို ကြောင်း ဗဟန်းမြို့နယ်တရားသူ ကြီးထံ တောင်းဆိုလိုက်ကြောင်း သတင်းရရှိသည်။
ဗုဒ္ဓရုပ်ပွားတော်ကို နားကြပ် တပ်ထားသည့်ပုံဖြင့် ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်တင်၍ ကြော်ငြာ ခြင်းကြောင့် ပုဒ်မသုံးခုဖြင့် တရား စွဲဆိုခံထားရသည့် VGastro Bar ဆိုင်မှ အထွေထွေမန်နေဂျာနယူး ဇီလန်နိုင်ငံသားဖီးလစ်၊ ဆိုင်ပိုင် ရှင်ထွန်းသူရိန်နှင့် မန်နေဂျာ ထွဋ် ကိုကိုလွင်တို့ကို ဇန်နဝါရီ ၁၂ ရက်က ငါးကြိမ်မြောက်ရုံးထုတ် စစ်ဆေးခဲ့သည်။

တရုတ်သံရုံးအနီး လက်ပံတောင်းအရေးဆန္ဒပြခေါင်းဆောင်လေးဦးကို ယနေ့ရုံးထုတ်မည်


တရုတ်သံရုံးအနီး လက် ပံတောင်းတောင်ကြေးနီစီမံကိန်း ကန့်ကွက်ဆန္ဒပြမှုတွင် ဦးဆောင် သူ လေးဦးကို ရန်ကုန်အနောက် ပိုင်းခရိုင် ဒဂုံမြို့နယ်တရားရုံး၌ ဇန်နဝါရီ ၁၃ ရက်တွင် ရုံးထုတ် မည်ဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၉ ရက်ညနေက တရုတ်သံရုံးအနီးတွင်လက်ပံတောင်းတောင် စီမံကိန်း ကန့်ကွက်သူများနှင့် လုံခြုံရေးတာဝန်ယူထားသည့် ရဲတပ်ဖွဲ့ဝင်များ ထိပ်တိုက်တွေ့ဆုံမှုများဖြစ်ပွားခဲ့သည်။

ဦးဆောင်သူများဖြစ်သည့် ဗိုလ်ကြီးဟောင်းဦးနေမျိုးဇင်၊ ဒေါ်နော်အုန်းလှ၊ ဒေါ်စိန်ထွေးနှင့် ကိုတင်ထွဋ်ပိုင်တို့ လေးဦးကို နံနက် ၉ နာရီခွဲခန့်တွင် ဒဂုံမြို့နယ် တရားရုံး၌ ရုံးချိန်းဆင့်ခေါ်ထား ကြောင်း တရားစွဲခံရသူများ ဘက် မှ ရှေ့နေလိုက်ပေးမည့် ဦးရော ဘတ်စန်းအောင်က ပြောသည်။

သမ္မတအိမ်တော် တွေ့ဆုံပွဲတွင် ဒေါ်စုနှင့်တိုင်းရင်းသားများ ထိပ်တိုက်တိုး ဟု ဆို


ဇန်နဝါရီလ ၁၂ ရက်နေ့ သမ္မတအိမ်တော် ဆွေးနွေးပွဲတွင် NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ကိုယ်စားလှယ်များ ထိပ်တိုက်တိုး ခဲ့ကြောင်း သတင်းရရှိသည်။ တိုင်းရင်းသား ကိုယ်စားလှယ် များက တည်ငြိမ် အေးချမ်းရေးနှင့် ပြည်သူများ လူမှုစီးပွား တိုးတက်ရေးက အရေးကြီးကြောင်း ပြောကြားခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်နှင့် အချေအတင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Monday, January 12, 2015

MPT ဆင်းမ်ကတ်များ ပျောက်ဆုံး၊ ပျက်စီးခြင်းတို့ အတွက် ပြန်လည် လျှောက်ထားခကို ၁,၅၀၀ ကျပ် သတ်မှတ်


MPT က ၎င်းတို့ ရောင်းချထားသည့် ဆင်းမ်ကတ်များ ပျောက်ဆုံး၊ ပျက်စီးခြင်းများအတွက် ပြန်လည်လျှောက်ထားခကို ၁,၅၀၀ ကျပ်သို့ လျှော့ချသတ်မှတ်လိုက်ပြီဖြစ်သည်။

အထက်ပါ ဆင်းမ်ကတ် အစားထိုး လဲလှယ်ခ နှုန်းထားလျှော့ချသည့် အစီအစဉ်သည် MPT မှ ရောင်းချထားသည့် ဆင်းမ်ကတ်များ အားလုံးတွင် အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ကို ဖြုတ်ချရန် ဆန္ဒပြသူ အုပ်ချုပ်ရေးမှူးနှင့် ဒု-ရဲမှူးတို့ကို ပြန်တရားစွဲမည်

မန္တလေး (မဇ္ဈိမ)။ ။ လက်ပံတောင်အရေးနှင့် ပတ်သက်ပြီး တာဝန်ယူဖြေရှင်းခြင်း မရှိသည့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေး ကို ဖြုတ်ချရန် တစ်ကိုယ်တော် ဆန္ဒပြခဲ့သူကို ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ-၁၉ ဖြင့် အမှုဖွင့် ထားသည့်အတွက် ဆန္ဒပြသူက အမှုဖွင့်ခဲ့သည့် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဒု-ရဲမှူးကို ဥပဒေကို လုပ်ပိုင်ခွင့်ထက် ကျော်လွန် အသုံးပြုသည်ဟုဆိုကာ တရားပြန်စွဲသွားမည် ဖြစ်ကြောင်း တစ်ကိုယ်တော်ဆန္ဒပြခဲ့သူ ဦးသန်းထိုက်ဦးက မဇ္ဈိမကို ပြောသည်။ဇန်နဝါရီလ ၈ ရက်က တစ်ကိုယ်တော် ဆန္ဒပြခဲ့သူ ဦးသန်းထိုက်ဦးကို ဇန်န၀ါရီ ၉ ရက် ညနေပိုင်းတွင် ခွင့်မပြုသည့် လမ်းကြောင်းများ၌ ဆန္ဒထုတ်ဖော်ခဲ့သည့်အတွက် ငြိမ်း၊ စု၊ စီ ပုဒ်မ ၁၉ ဖြင့် စစ်ကိုင်း မြို့မ စခန်းမှူး ဒု-ရဲမှူး သိင်္ခဝင်းက တရားလိုပြု၍ (ပ)၂၃/၂၀၁၅ဖြင့် အမှုဖွင့်ထားခြင်း ဖြစ်သည်။

နိုင်ငံရေးထိပ်သီးခေါင်းဆောင်များ ဆွေးနွေးပွဲ လေးပွင့် ခြောက်ပွင့်ရှောင်ရန်လား အဖြေရှာရန်လား

  နိုင်ငံရေးထိပ်သီးခေါင်း ဆောင်များ၏ တွေ့ဆုံမှုမည်မျှ အောင်မြင်နိုင်မည်ဆိုသည်မှာ ဆွေးနွေးမှုပုံစံနှင့် အချိန်ပေါ်တွင် မူတည်နေကြောင်း ထိပ်သီးဆွေး နွေးပွဲ၌ ပါဝင်ဆွေးနွေးမည့်သူများ က ပြောကြား လိုက်သည်။

၂၀၁၅ ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရန်နှင့် ဒီမိုကရေစီ  အသွင်ကူးပြောင်းမှု အောင်မြင်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေးထိပ်သီးခေါင်းဆောင်များ၊ တိုင်းရင်းသားရေးရာ ၀န်ကြီးများသည် ယနေ့ (ဇန်န၀ါရီ ၁၂ ရက်) တွင် နေပြည်တော်ရှိ သမ္မတအိမ်တော်၌ တွေ့ဆုံ ဆွေးနွေး ကြမည်ဖြစ်သည်။

အဋ္ဌမတန်း စာမေးပွဲရမှတ်နှင့် ဝိဇ္ဇာ၊ သိပ္ပံ ဘာသာတွဲများ ခွဲခြားသွားမည်မဟုတ်


အတန်းတင် စာမေးပွဲစနစ်ကို တိုင်းစစ်အဖြစ် ဖြေဆိုကြရမည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ် အဋ္ဌမတန်း ကျောင်းသား၊ ကျောင်းသူများ နဝမတန်းသို့ ဆက်လက် တက်ရောက်ရာတွင် စာမေးပွဲရမှတ် အဆင့် (Grade) အလိုက် ဝိဇ္ဇာ၊ သိပ္ပံ ဘာသာတွဲများ ခွဲခြားသတ်မှတ်မည် မဟုတ်ကြောင်း မြန်မာနိုင်ငံစာစစ်အဖွဲ့ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်က ပြောကြားသည်။

သိပ္ပံဘာသာတွဲ သင်ကြားရန် ဆရာ၊ ဆရာမ မရှိသော စာသင်ကျောင်းများမှ လွဲ၍ အခြေခံပညာ အထက်တန်းကျောင်းတိုင်းတွင် ကျောင်းသားစိတ်ကြိုက် ရွေးချယ်ခွင့်ပေးရမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

လိုင်စင်မဲ့ ဆိုင်ကယ်များ နေအိမ်တွင် ထားရှိပါက နယ်မြေခံ ရဲတပ်ဖွဲ့များ ဝင်ရောက် ဖမ်းဆီးနိုင်

ရန်ကုန် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်းဒေသကြီး ၃၁ မြို့နယ်ရှိ ဆိုင်ကယ်စီးခွင့် မပြုထားသည့် နယ်မြေ၌ လိုင်စင်မဲ့ ဆိုင်ကယ်များ နေအိမ်တွင် ထိန်းသိမ်းထားပါက နယ်မြေခံရဲတပ်ဖွဲ့ဝင်များသည် ဥပဒေအရ ဝင်ရောက်ဖမ်းဆီးခွင့်ရှိသည်ဟု အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှ ဒု-ရဲမှူး ဝင်းလွင်က ပြောသည်။

ဇန်န၀ါရီ ၉ ရက်က အမှတ် (၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာသမ္မတနေရာ ဘယ်လိုရနိုင်မလဲ


Photo: မြန်မာသမ္မတနေရာ ဘယ်လိုရနိုင်မလဲ
ဇန်န၀ါရီလ ၁၂ ရက်၊ ၂၀၁၅

ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတအဖြစ်ရွေးချယ်ခံရရန် တရားမဝင်သူ အဖြစ်ရှိနေဆဲဖြစ်ပြီး ၂၀၁၅ရွေးကောက်ပွဲမတိုင်မီအထိ သည်အချက်ကိုပြင် နိုင်မည့် ပုံမရှိချေ။

မြန်မာ့နိုင်ငံရေးလောကသို့ တရားဝင် ဝင်ရောက်လာခဲ့ပြီး နောက် ဒေါ်အောင် ဆန်းစုကြည်က တပ်မတော်၏ထောက်ခံအား ပေးမှုကိုရရှိခြင်းသည် တန်ဖိုးရှိ ကြောင်း သိမြင်ခဲ့၏။ ထို့ကြောင့် တပ်မတော်ကိုစည်းရုံးသိမ်းသွင်း သည့်စကား များကို သူကပြော ကြားသည်။ ထို့အတူ တပ်မတော် ကိုတည်ထောင်သူအဖြစ် သူ၏ ဖခင်ဗိုလ်ချုပ်အောင်ဆန်း၏ အခန်းကဏ္ဍကိုလည်း လူတွေကို မကြာခဏ ပြောကြားအသိပေးခဲ့ သည်။ သည်အချက်ကလည်း တပ်မတော်နှင့်သူ တစ်သားတည်း ဆိုသည့်သဘောကို ပြသခြင်းဖြစ် သည်။

တပ်မတော်ကတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဘယ်လိုရှုမြင်သဘောထား လဲဆိုသည်ကိုတော့ ရှင်းရှင်းလင်းလင်းမသိရပါ။ သို့သော် သတင်းအချို့အရ ဒေါ်အောင်ဆန်းစုကြည်အပေါ် သူတို့၏ သဘောထားမှာ ရောထွေးနေဆဲဖြစ်၏။ တပ်မတော်အနေဖြင့် အခြေခံဥပဒေကိုပြုပြင်ရန် စည်းရုံးနေသော ဒေါ်အောင်ဆန်းစုကြည်၏ပါတီကို သဘောမကျဖို့ကများပါသည်။ ထို့ပြင် သူတို့အနေဖြင့် တပ်မတော်၏အာဏာကို မထိပါးမခြိမ်းခြောက်သူ၊ သူတို့နှင့်နီးစပ်သူသမ္မတလောင်းကို ပိုဆန္ဒရှိလိမ့်မည်ဖြစ်သည်။ သူတို့ကို ဒုက္ခရောက်အောင်မလုပ်နိုင်ဟု အာမခံသေချာမှုမပါဘဲ တပ်မတော်အနေဖြင့် အရပ်သား သမ္မတလောင်းကို နွေးထွေးစွာမြင်နိုင်ရန် ခဲယဉ်းပါသည်။

နောက်တစ်ခုကNLDမှာလည်း ဒေါ် အောင်ဆန်းစုကြည်ပြီးလျှင် သူ့နေရာကိုဆက်ခံမည့်သူကိုလည်း ထင်ထင်ရှားရှားမတွေ့ရသေးပါ။ ထိုအချက်ကလည်း တပ်မတော်အတွက်စိုးရိမ်စရာဖြစ်ပါသည်။ အထူးသဖြင့် ဘာဖြစ်နိုင်မလဲဆိုသည်ကမသေချာ။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်က သမ္မတအဖြစ် အခြားသူအား ရွေးချယ်ခဲ့ရပါက သမ္မတသက်တမ်းအတွင်း တာဝန်မထမ်းဆောင်နိုင်ဘဲ NLDကိုမထိန်းနိုင်ခဲ့ပါလျှင် ဘာဖြစ်နိုင်မလဲဆို သည်က မသေချာ။ ဒေါ်အောင်ဆန်းစုကြည်၏ အာဏာ၊ ခေါင်းဆောင်မှုနှင့် လမ်းညွှန်မှုမပါဘဲ ဒေါ်အောင်ဆန်းစုကြည်နေရာမှာအစားထိုးရှာဖို့NLD အနေဖြင့် အပြင်းအထန်ကြိုးပမ်းရန် ရှိပါသည်။ ထို့အပြင် NLD သည် လွှတ်တော်ထဲမှာ အင်အားကြီးပါတီဖြစ်လာမည့်အရေးကို တပ်မတော်က စိုးရိမ်ကောင်းစိုးရိမ်လိမ့်မည်။

ဆန့်ကျင်ဘက်အားဖြင့် တပ်မတော်အတွက် စစ်ဗိုလ်ချုပ် ဟောင်းတွေကသာ ရင်းနှီးပြီးသားဖြစ်နေသလို အခြေခံအားဖြင့်လည်း ယုံကြည်စရာပိုရှိသည်။ ဥပမာ သူရဦးရွှေမန်းသည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်မယူမီမှာ ကြည်းရေလေညှိနှိုင်းကွပ်ကဲရေးမှူးဖြစ်ခဲ့သည်။ စစ်တာဝန် ထမ်းဆောင်နေစဉ်မှာလည်း KNLA ကို နှိမ်နင်းအောင်မြင်ခဲ့သည့် ရဲစွမ်းသတ္တိအတွက် သူရဘွဲ့ကိုလည်း ချီးမြှင့်ခံထားရသည်။ ထို့ကြောင့် ထိုသမိုင်းကြောင်းက သူနှင့်အတူအမှုထမ်းခဲ့သူများအပါအဝင် တပ်မတော်က အရာရှိများ၏ သဘောကျထောက်ခံမှုကိုရဖို့ သေချာစေသည်။

လွှတ်တော်အတွင်းမှာလည်း သူရဦးရွှေမန်းက တပ်မတော်နှင့် တပ်မတော်၏လုပ်ပိုင်ခွင့် အာ ဏာကို ပွင့်ပွင့်လင်းလင်းစိန်မခေါ်၊ထိပ်တိုက်မတိုးပါ။ အခြေခံဥပဒေ ပြောင်းလဲရေးအတွက် လူထု၏ တောင်းဆိုချက်အပေါ်မှာလည်း သတိထားပြီး တုံ့ပြန်ပြောဆို သည်။ လွှတ်တော်ထဲမှာ မြန်မာ့ တပ်မတော်ကို ဝေဖန်နေကြတာ ကို တားမြစ်ပိတ်ပင်ချင်သည်ဟု ပင် သူကပြောကြားခဲ့ဖူးသည်။

သို့သော်လည်း သူရဦးရွှေမန်းသည် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သမ္မတဦးသိန်းစိန်ဆီက စိန် ခေါ်မှုများကို ရင်ဆိုင်နေ ရသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကမကြာမီစစ်တပ်ကနေ အငြိမ်းစား ယူတော့မည်ဖြစ်၏။ နိုင်ငံတကာခရီးစဉ်များထွက်ခြင်း၊ သူ၏ဖေ့စ်ဘွတ်ခ်မှ သတင်းများ ထုတ်ပြန်ပေးပြီး ပြည်တွင်းသတင်းစာများမှလူသိအောင်လုပ် ခြင်းဖြင့် သူ၏လူသိထင်ရှားမှုကို မြှင့်တင်နေသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်၏ လက်ရှိရာထူးဖြစ်သည့် ကာကွယ်ရေး ဦးစီးချုပ်နေရာက လည်း သမ္မတနေရာအတွက် သူ့ အပေါ် တပ်မတော်၏ ထောက်ခံမှု ရရှိစေသည်။ တပ်မတော်က လည်း သူရဦးရွှေမန်းထက် သူ့ကို သာပိုပြီး ခေါင်းဆောင်အဖြစ် အလိုရှိမည်ဖြစ်သည်။ သို့သော် လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က တပ်မတော်၏ထောက်ခံ မှုဖြင့် ထိပ်ဆုံး ကပြေးနေသည်ဟု ထင်ရသော်လည်း သမ္မတအဖြစ် သူ့ကိုသာမဲပေးမည်ဟု မဆိုလိုပါ။ သူ့ကို ဒုတိယသမ္မတအဖြစ်ပေး ခြင်းသာ တပ်မတော်အတွက် အာမခံချက်နှင့် သြဇာအာဏာ လည်းရှိနေပါလိမ့်မည်ဟုတွက် ဆထားကြ မည်ဖြစ်သည်။

သမ္မတဦးသိန်းစိန်က အခြား သမ္မတနေရာ ယှဉ်ပြိုင်သူများအတွက် တပ်မတော် ထောက်ခံမှု ကို ရသည့်နေရာမှာ ခြိမ်းခြောက် မှုတစ်ခုဖြစ်နေ၏။ သူက စစ်တပ် တာဝန်ထမ်းဆောင်စဉ်ကာလမှာ နာမည်ကောင်းရပြီး ဝန်ကြီးချုပ် အဖြစ်ရော သမ္မတအဖြစ်ပါ တာ ဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ သူတာဝန်ထမ်းဆောင်စဉ် တွင် လည်း တချို့ပြဿနာများ၌ လူထုကိုထိန်းချုပ်မှုမလုပ်နိုင်ခြင်းကလွဲပြီး ဦးသိန်းစိန်က တပ်မတော်ကိုခြိမ်းခြောက်မှုမရှိခဲ့ပါ။ သူ၏ လူထုမိန့်ခွန်းများတွင် လည်း သူကမြန်မာ့နိုင်ငံရေးနှင့် နိုင်ငံရေး ပြောင်းလဲမှုမှာ တပ်မတော်၏ အရေးပါပုံနှင့် အခန်းကဏ္ဍကို ထုတ်ဖော်ပြောတတ်သူဖြစ်သည်။

ထို့ပြင် ဦးသိန်းစိန်က မြန်မာ နိုင်ငံ၏ပြုပြင်ပြောင်းလဲရေးများ အတွက် နိုင်ငံတကာမှာ မျက်နှာ ပန်းလှသူလည်းဖြစ်သည်။ ထိုကဲ့ သို့ဦးဆောင်ဦးရွက် နေရာမှာ ပြု ပြင်ပြောင်းလဲရေးသမားသမ္မတ မျိုးကိုရရှိခြင်း၏ တန်ဖိုးကိုလည်း တပ်မတော်ကသဘောကျစရာရှိ သည်။ ထို့အပြင် လောလောလတ် လတ်စစ်တပ်ကနေ အငြိမ်းစားယူ မည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်ကဲ့သို့ လူမျိုးကလည်း ရွေး ကောက်ပွဲ ပြီးပြီးချင်းအချိန်မှာ တပ်မတော်ကတန်းပြီး သမ္မတခန့် အပ်ချင်သည့် အနေအထားပုံရိပ် မျိုးမဟုတ်နိုင်ပါ။

နိုင်ငံတော်တည်ငြိမ်ရေးနှင့် ရှေ့ဆက်ရေးအတွက် သမ္မတ ဦးသိန်းစိန်အနေဖြင့် နောက်ထပ် သမ္မတသက်တမ်းအပြည့် တာဝန် မထမ်းဆောင်ချင်လျှင်ပင် သူက တပ်မတော်၏ထောက်ခံမှုရရန် အခြေအနေကောင်းသူတစ်ဦးဖြစ် သည်။ ထို့ကြောင့် တပ်မတော် အနေဖြင့် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်ကို ဒုတိယသမ္မတနေ ရာအတွက်ထောက်ခံပြီး ဦးသိန်း စိန်က သမ္မတရာထူးမှဆင်း ပေးသည့်အခါမှသာ သူက သမ္မတရာ ထူးကိုဆက်ခံဖို့ စဉ်းစားတာလည်း ဖြစ်နိုင်သည်။

တပ်မတော်၏သြဇာလွှမ်း မိုးမှုကို လျစ်လျူရှုထား၍မရပါ။ တပ်မတော်အနေဖြင့် သူ၏ပြုပြင် ပြောင်းလဲရေးများကို ဆက်လက်လုပ်ဆောင်နေလိုပါက လွှတ် တော်ထဲမှာ စစ်တပ်၏ ၂၅ ရာခိုင် နှုန်းပါဝင်မှုထက်ပိုပြီး ညီမျှအောင်ပြုပြင် ပြောင်းလဲနိုင်သည်။ ထိုသို့ လုပ်ဆောင်ခြင်းက လွှတ်တော်နှင့် နိုင်ငံတော်သမ္မတ ရွေးချယ်ရွေးအဖွဲ့က အရပ်သားအဖွဲ့များ၏ ပါဝင်ဖွဲ့စည်းမှုကိုသက်ရောက်လာ နိုင်သည်။

နိုင်ငံတော်သမ္မတရွေးချယ် ရေးအဖွဲ့ထဲမှာတော့ တပ်မတော် သည် သူ၏အကျိုး စီးပွားကိုလိုလားသောသမ္မတလောင်းကိုသာမဲပေးရွေးချယ်ဖို့ရှိပါသည်။ ထို့ အတူ နောင်သမ္မတလုပ်မည့်သူ မှာ စစ်သားမျက်နှာမဟုတ်သည့် သူကသာ သူတို့အတွက်အကျိုး ပိုရှိပြီး တန်ဖိုးရှိမှန်း သူတို့လည်းသိမြင်သဘောပေါက် နေသည်။

၂၀၀၈ ခုနှစ် အခြေခံဥပဒေ အရ နိုင်ငံတော်သမ္မတရွေးချယ် ရေးအဖွဲ့တွင် အုပ်စုတစ်ခုမှာ စစ် တပ်ကိုယ်စားလှယ်အမတ်များ ဖြစ်သည်။ တခြားအုပ်စုနှစ်ခုမှာ အရပ်သားလွှတ်တော်အမတ်များ ဖြစ်သည်။ ရွေးကောက်ပွဲပြီးသည် အထိ မည်သူတွေအတိအကျပါ မည်ဆိုတာ မသိနိုင်သော်လည်း ၂၀၁၀ နှင့် ၂၀၁၂ ရွေးကောက်ပွဲ အတွေ့အကြုံများအပေါ် အခြေခံ ပြီး တချို့အရာတွေကို မှန်းဆချက်များလုပ်နိုင်ပါသည်။

ရွေးကောက်ပွဲကိုသာ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကသပိတ်မမှောက်ဘဲပါဝင်ခဲ့မည်ဆို လျှင် သူတို့အနေဖြင့် နိုင်ငံတော် သမ္မတရွေးချယ်ရေးအဖွဲ့မှာ အ မတ်နေရာအများစု ရလောက် အောင် ရွေးကောက်ပွဲမှာ သိသိ သာသာနိုင်မည့်အနေအထားရှိ သည်။ သို့သော် ရွေးကောက်ပွဲ သည် တရားမျှတလွတ်လပ်ပြီး နိုင်ငံတော်သမ္မတရွေးချယ်ရေးအ ဖွဲ့ကလည်း တကယ့်လွှတ်တော် ၏ အချိုးအစားပါဝင်ဖွဲ့စည်းမှုကို တိတိကျကျကိုယ်စားပြုသက် ရောက်မည်ဟု ယူဆနိုင်မည့် အ ခြေအနေတွင်မှသာ ဖြစ်လာနိုင်ပါ သည်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီများ အပါအ၀င် စစ်တပ်နှင့် အစိုးရအ ရာရှိဟောင်းများက အရပ်သား လွှတ်တော်အမတ်အုပ်စုထဲတွင် အများဆုံးရှိနိုင်သော အုပ်စုဖြစ် သည်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ပီအာရ်ခေါ်အချိုးကျ ကိုယ်စားလှယ် စနစ်ကို ပယ်ဖျက်ခဲ့သည့်အတွက် တိုင်းရင်းသားအုပ်စုပါတီများက မူ သြဇာရှိသော ကိုယ်စားလှယ်အ ဖြစ် ပါဝင်နိုင်ရန် ဖြစ်နိုင်ခြေနည်း ပါသည်။ ထို့ကြောင့် နိုင်ငံတော် သမ္မတရွေးချယ်ရေးအဖွဲ့သည် အဓိကပါတီကြီးနှစ်ခုမှ လွှတ်တော်အမတ်များသာ ပါဝင်နိုင်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်က တော့ ထင်ရှားသော ကိုယ်စား လှယ်လောင်းတစ်ဦးဖြစ်ပြီး သူ၏ ပါတီ (NLD) နှင့် အခြားဒီမိုကရေ စီပါတီများမှ ထောက်ခံမှုကိုရရှိ မည် ဖြစ်ပါသည်။ တချို့တိုင်းရင်း သားပါတီများက သူ့ကိုသိပ်မ ထောက်ခံသော်လည်း တချို့တိုင်း ရင်းသားပါတီ အနည်းငယ်က ထောက်ခံနိုင်ပါသည်။

သို့သော်လည်း ဒေါ်အောင် ဆန်းစုကြည်က သမ္မတရာထူးကို ရရှိရန် တရားမ၀င်ဖြစ်နေဆဲရှိနေသည်။ လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်း၏ လတ်တလောပြောကြားချက်အရလည်း သည်အချက်သည် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီပြောင်းလဲနိုင်မည် မဟုတ်ပါ။ သည်အချက်က ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဘာတွေဆက်လုပ်မလဲ။ NLD ကကော ဘယ်သူ့ကို အားပေးထောက်ခံမလဲဆိုသည့် မေးခွန်းတွေ ထွက်လာစေပါသည်။

ဘယ်သူက ဒေါ်စုနေရာကို ဆက်ခံမလဲဆိုတာနှင့် ပတ်သက် ပြီး NLD မှာက ကွဲကွဲပြားပြား မသိရသေးပါ။ ထို့ပြင် နောက်ထပ်NLD ကနေ သမ္မတကိုယ်စား လှယ်လောင်းကို ရွေးချယ်ဖို့ ဆို တာကလည်း ခက်ပါသည်။ အ ဘယ်ကြောင့်ဆိုသော် ဒေါ်အောင် ဆန်းစုကြည်ထက် ရာထူးကြီး သော နေရာကိုရမည့်သူတစ်စုံ တစ်ဦးကို လူအများစုက သူမ၏ ရုပ်သေးရုပ်ဟုသာ ထင်မြင်ကြ မည် ဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ တွင် ရိုက်တာသတင်းဌာနက NLDသည် သူရဦးရွှေမန်းကို ထောက်ခံ မည်ဟု သတင်းရေးသားခဲ့သည်။ သို့သော် ချက်ချင်းပင် သူတို့က ငြင်းချက်ထုတ်ပြန်ခဲ့၏။ သို့သော်လည်း မကြာသေးမီက ထပ်မံထွက်ပေါ်လာသော သတင်းများအရ ဒေါ်အောင်ဆန်းစုကြည်က ပုဒ်မ ၅၉ (စ) အရ သမ္မတမဖြစ်နိုင်လျှင် ဦးရွှေမန်းအကူအညီဖြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တာဝန်ယူလိမ့်မည်ဟု ပါတီမှတာဝန်ရှိသူ တစ်ဦးက ပြောသည်ဟု သတင်း ထွက်ပေါ်လာသည်။ သို့သော် ထို သတင်းမှားယွင်းကြောင်း ဒီချုပ် က သတင်းထုတ်ပြန်ထားသည်။

မည်သို့ပင်ဖြစ်စေ ဒေါ် အောင်ဆန်းစုကြည်နှင့် သူရဦးရွှေ မန်းတို့၏ ဆက်ဆံရေးက ပိုတိုး တက်လာပြီး မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ပန်းတိုင်ကိုချီတက် ရာတွင် အတူတကွ ပူးပေါင်းလုပ် ကိုင်ကြမည့် သဘောရှိ၏။ ထို့အ တူ တစ်ယောက်၏ ထောက်ခံမှု တန်ဖိုးကို တစ်ယောက်က အပြန် အလှန်သဘောပေါက်သိမြင်ကြ သည့် သဘောရှိပြီး တစ်ဦးချင်းစီ ၏ ပန်းတိုင်အတွက် တစ်ယောက်ကို တစ်ယောက်က အသုံးပြုနေ ကြသည်။ အဆိုပါ သတင်းသာ မှန်ကန်ခဲ့ပါက ထိုအချက်က ဦးရွှေ မန်းအနေဖြင့် လွှတ်တော်အသစ် နှင့် နိုင်ငံတော်သမ္မတရွေးချယ် ရေးအဖွဲ့ကို ထောက်ခံမှုပေးလာ နိုင်သည်။

သို့သော်လည်း သူရဦးရွှေမန်း အနေဖြင့် ဂုဏ်သိက္ခာ၊ နာမည်သတင်းကိစ္စများကို ရင်ဆိုင်နေရ ပါသည်။ ၂၀၁၀ ရွေးကောက်ပွဲမ တိုင်မီက အကဲခတ်အချို့က ဦး ရွှေမန်းသည် သမ္မတခန့်အပ်ခံရ မည်ဟု ခန့်မှန်းခဲ့သော်လည်း ဦး သိန်းစိန်ကြောင့် လွဲချော်ခဲ့သည်။ အချို့ကမူ စစ်ဗိုလ်ချုပ်များတွင် ဦးသိန်းစိန်က နာမည်အကောင်းဆုံး သူဖြစ်သည့်အတွက်ကြောင့် အစိုး ရအသစ်အတွက် မျက်နှာပန်းလှ သူတစ်ဦး ဖြစ်သည်။ ဦးရွှေမန်းက သူ့ရာထူးကို သူ့မိသားစု၏ စီးပွား ရေးအကျိုးအတွက် အသုံးချခဲ့ သည်ဟု သတင်းများလည်း ထွက် နေသည်။ သူတို့ကတော့ အဆိုပါ သတင်းကို ငြင်းဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ခရိုနီတွေဟု သိကြသော စီးပွား ရေးသမားများကို လက်ခံသည့် ပုံ ပြသော်လည်း စစ်ခေါင်းဆောင် က ပထမအကြိမ်ပွဲထုတ်ရန် မစဉ်းစားခဲ့သူတစ်ဦးကို NLD ကကော ထောက်ခံအားပေးချင်ပါသလား။

သို့ရာတွင် NLD ကလည်း ဦးရွှေမန်းကို တကယ်မယုံကြည် တာလည်း ဖြစ်နိုင်သည်။ သူ၏ လက်တစ်လော ကြေညာချက်က NLD ပါတီဝင်အချို့ကို အနှောင့် အယှက်ဖြစ်စေသည်။ NLD အထူး သဖြင့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဦးရွှေမန်းကို တရားဝင်ဖြစ်လာအောင် လုပ်ပေးနိုင်သူအဖြစ် မြင်နေသည်ဆိုလျှင် တခြားကိုယ်စားလှယ်တစ်ဦးကိုလည်း ရွေးချယ်ပြီးသဘောတူညီ ချက်ရအောင် လုပ်ကောင်းလုပ်နိုင်ပါသည်။

တပ်မတော်ကာကွယ်ရေးဦး စီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ထောက်ခံခြင်းဖြင့် မင်း အောင်လှိုင်အနေဖြင့် NLD နိုင်ငံ ရေးအရင်းအနှီးကို ရလာနိုင်မှာ ဖြစ်သလို စစ်တပ်မှာလည်း တည် ငြိမ်မှုနှင့် သြဇာအာဏာတိုးလာ နိုင်သည်။ ထို့အပြင် ဒေါ်အောင် ဆန်းစုကြည်ကလည်း ယခုအချိန် အထိ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်အပေါ် ဝေဖန်ပြောဆိုမှုလည်းမလုပ်သလောက်ရှိသည်။

ပြည်ခိုင်ဖြိုးပါတီဘယ် ဘက်ယိမ်းမည်ဆိုတာကိုလည်း မှန်းဆရခက်၏။ သို့သော် ဦးသိန်းစိန်ကမူ ခိုင်မာအားကောင်းသည့်ပြိုင်ဘက်တစ်ယောက်ဖြစ်၏။ နိုင်ငံ ရေးပြုပြင်ပြောင်းလဲမှုကာလမှာ ပြုပြင်ပြောင်းလဲရေးကို လုပ်ခဲ့သူ တစ်ဦးအဖြစ် လူထုထောက်ခံမှုကိုဦးရွှေမန်းနှင့် မင်းအောင်လှိုင် ထက်ပိုရရန်ရှိသည်။ ပြည်ခိုင်ဖြိုး ပါတီအတွင်းမှာ စစ်တပ်၏ လွှမ်း မိုးမှုမည်မျှရှိမည်ကို မသိရသေး သော်လည်း သူတို့အလိုရှိလျှင် မဲ က ယိမ်းသွားနိုင်သည်။

ထို့အပြင် သမ္မတဦးသိန်းစိန် က တိုင်းရင်းသားလက်နက်ကိုင် များနှင့် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးကို လုပ်ဆောင်နိုင်ခဲ့ပါက တိုင်းရင်းသားပါတီများနှင့် ဒီမိုက ရေစီအုပ်စုများ၏ ထောက်ခံမှုကို လည်း ရနိုင်သေးသည်။ ထို့အတူ မြန်မာစစ်တပ်က တိုင်းရင်းသား အုပ်စုများကို ဆက်တိုက်တိုက် ခိုက်နေမှုကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် တိုင်း ရင်းသားများ၏ ထောက်ခံမှုရရန် ခက်ပါသည်။

NLD ကတော့ ဦးသိန်းစိန်ကို ထောက်ခံခြင်းရှိချင်မှ ရှိမည်။ ဒေါ် အောင်ဆန်းစုကြည်က ဦးရွှေမန်း နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်ကို လူသိရှင်ကြားမဝေဖန် သော်လည်း ဦးသိန်းစိန်ကို လူသိ ရှင်ကြားဝေဖန်ထားတာရှိသည်။

ဦးသိန်းစိန်အနေဖြင့် နောက် တစ်ကြိမ် သမ္မတအဖြစ် ပြန်လည် ရွေးချယ်ခံရရန် တာဝန်ယူပါက သက်တမ်းအပြည့်မဟုတ်ဘူးဆို လျှင် သည်အချက်က ပြဿနာ မရှိ။ နောက်ထပ် သမ္မတလောင်း တစ်ဦး လက်ထဲသို့ အာဏာမလွှဲ မီမှာ သူ့အနေဖြင့် နှစ်အနည်းငယ် သမ္မတတာဝန်ယူထမ်းဆောင်ရန်အတွက်တော့ အားပေးထောက် ခံမှု လုံလုံလောက်လောက်ရကောင်းရနိုင်ပါလိမ့်မည်။

(The Interpreter စာစောင် ပါ ရိုင်းစ်သော်မဆင်၏ How Myanmar's Presidency Will Be Won အပိုင်း(၂)နှင့် (၃)ကို ထားထားမြင့်က ဘာသာပြန်ဆို၍ ဖော်ပြထားပါသည်။)

7Day News Journal
ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတအဖြစ်ရွေးချယ်ခံရရန် တရားမဝင်သူ အဖြစ်ရှိနေဆဲဖြစ်ပြီး ၂၀၁၅ရွေးကောက်ပွဲမတိုင်မီအထိ သည်အချက်ကိုပြင် နိုင်မည့် ပုံမရှိချေ။

မြန်မာ့နိုင်ငံရေးလောကသို့ တရားဝင် ဝင်ရောက်လာခဲ့ပြီး နောက် ဒေါ်အောင် ဆန်းစုကြည်က တပ်မတော်၏ထောက်ခံအား ပေးမှုကိုရရှိခြင်းသည် တန်ဖိုးရှိ ကြောင်း သိမြင်ခဲ့၏။ ထို့ကြောင့် တပ်မတော်ကိုစည်းရုံးသိမ်းသွင်း သည့်စကား များကို သူကပြော ကြားသည်။ ထို့အတူ တပ်မတော် ကိုတည်ထောင်သူအဖြစ် သူ၏ ဖခင်ဗိုလ်ချုပ်အောင်ဆန်း၏ အခန်းကဏ္ဍကိုလည်း လူတွေကို မကြာခဏ ပြောကြားအသိပေးခဲ့ သည်။ သည်အချက်ကလည်း တပ်မတော်နှင့်သူ တစ်သားတည်း ဆိုသည့်သဘောကို ပြသခြင်းဖြစ် သည်။

အမျိုးသား လွှတ်တော် ဥက္ကဌ ၈၈ ခေါင်းဆောင်များနဲ့ တွေ့ဆုံ


အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တချို့ဟာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ တစ်နိုင်ငံလုံးအပစ် ခတ်ရပ်စဲရေးကိစ္စတွေကို ဒီနေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

အဲအေးရှားလေယာဉ် ပျံသန်းမှုမှတ်တမ်းတင်သေတ္တာ ယနေ့ ဆယ်ယူမည်


QZ8501
အင်ဒိုနီးရှားနိုင်ငံ ဂျာဗားပင်လယ်ပြင်ထဲမှာ ပျက်ကျသွားတဲ့ အဲအေးရှားလေယာဉ်ရဲ့ ပျံသန်းမှုမှတ်တမ်းတင် သေတ္တာကို ရှာဖွေတွေ့ရှိပြီလို့ ရှာဖွေရေး အဖွဲ့ခေါင်းဆောင်က ဇန်န၀ါရီ ၁၁ ရက်နေ့က ပြောဆိုပါတယ်။
လေယာဉ်ပျက်အပိုင်းအစတွေအောက်မှာ နစ်မြှုပ်နေပြီး ရေငုပ်သမားတွေက ဒီနေ့ ဇန်န၀ါရီ ၁၂ ရက်နေ့မှာ သွားရောက်ဆယ်ယူကြမယ်လို့ အဖွဲ့ခေါင်းဆောင် ဘမ်ဘန် ဆူလီစတိုရို က ပြောဆိုတာပါ။
အဲအေးရှားလေယာဉ်ကိုယ်ထည်ပိုင်းကို ရှာဖွေရင်း မှတ်တမ်းသေတ္တာ ရှိနိုင်တဲ့နေရာကို စုံစမ်းတွေ့ရှိ ခဲ့တာလည်း ဖြစ်ပါတယ်။

၁၀၅ မိုင်ကုန်သွယ်ရေးဇုန်တွင် ယာဉ်ကြောပိတ်ဆို့မှုကြောင့် ကုန်စည်တန်ဆာခများ ဆက်တိုက်မြင့်တက်


မူဆယ် ၁၀၅ မိုင်ကုန် သွယ်ရေးဇုန်တွင် ဖြစ်ပေါ်နေ သည့် ယဉ်ကြောကျပ်ကာ ကား လမ်းပိတ်ဆို့မှုကြောင့် ကုန်တင် ကားများ အချိန်ကြာမြင့်စွာ ည အိပ်စောင့်ဆိုင်းနေရပြီး မန္တလေး- မူဆယ်ကုန်ပစ္စည်းတန်ဆာခ ဈေး နှုန်းများရက်ပိုင်းအတွင်း ဆက် တိုက်မြင့်တက်လာကြောင်း ကုန် စည်ပို့ဆောင်ရေး ဂိတ်များမှ သ တင်းရရှိသည်။

တရုတ်သစ်ခိုးထုတ်မှု ပြသနာ ဘယ်လို အဖြေရှာမလဲ


Photo: တရုတ်သစ်ခိုးထုတ်မှု ပြသနာ ဘယ်လို အဖြေရှာမလဲ
ဇန်န၀ါရီလ ၁၂ ရက်၊ ၂၀၁၅

အခုရက်ပိုင်းအတွင်း ပြည်သူတွေ စိတ်အ၀င်စားဆုံး သတင်းတစ်ပုဒ်ကတော့ အစိုးရ စစ်တပ်ကနေ ကချင်ပြည်နယ်မှာ သစ်မှောင်ခို ၀င်လုပ်တဲ့ တရုတ်နိုင်ငံသားတွေ အပါအ၀င် သစ်တင်ကား၊ အခြား ယာဉ်နဲ့ ယန္တယား အများအပြား ဖမ်းဆီးလိုက်တဲ့ သတင်းပါ။ အစိုးရရဲ့ သစ်မှောင်ခို ဖမ်းဆီးမှု သမိုင်းမှာ နိုင်ငံခြားသား အများဆုံးနဲ့ သစ်တင်ကား အများဆုံး ဖမ်းဆီးရမိမှုအဖြစ် မှတ်တမ်းဝင်သွားပါပြီ။ တဆက်တည်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မြန်မာအစိုးရအနေနဲ့ တရုတ် နိုင်ငံသားတွေကို မျှမျှတတ ကိုင်တွယ်ဖို့ တောင်းဆိုလိုက်ပါပြီ။ သစ်မှောင်ခို ဖမ်းဆီးရမိမှု ဘယ်လောက် ကြီးကျယ်သလဲ၊ ဒီ ဖမ်းဆီးမှုဟာ ဘာသဘော ဆောင်သလဲ၊ အစိုးရအနေနဲ့ ဒီကိစ္စ ဘယ်လို ကိုင်တွယ်သင့်သလဲ ဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။

ဇန်န၀ါရီ ၂ ရက်ကနေ ၅ ရက်နေ့အတွင်း ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် ဆဒုံးဒေသမှာ ဖမ်းဆီးရမိတဲ့ သစ်မှောင်ခို သမားတွေနဲ့ ယာဉ်ယန္တယား အရေအတွက် အလွန်များပြားပါတယ်။ ဖမ်းဆီးရမိတဲ့ သစ်တင်ယာဉ် အပါအ၀င် ယာဉ်ယန္တယား စုစုပေါင်း အစီး ၄၇၀ ကျော်ရှိတာကြောင့် တကယ့်တကယ် အဲဒီနယ်မြေထဲ ရောက်နေတဲ့ လူအရေအတွက်ဟာ ယာဉ်မောင်းသက်သက်ပဲ အယောက် ၅၀၀ ၀န်းကျင် ရှိနိုင်ပါတယ်။ သစ်ခုတ်၊ သစ်တင် အလုပ်သမားတွေ၊ သူတို့ကို ချက်ပြုတ်ကျွေးမွေးသူတွေ အားလုံးကိုပါ ထည့်ပေါင်းရင် လူပေါင်း ထောင်ဂဏန်းလောက် ၀င်ရောက် လုပ်ကိုင်နေမယ်လို့ ခန့်မှန်းရပါတယ်။ ဒါပေမယ့် အစိုးရ တပ်ဖွဲ့ စစ်ကြောင်း ၀င်ရောက် စီးနင်းတာကြောင့် တစ်ချို့ နယ်စပ်နဲ့ နီးတဲ့ နေရာတွေမှာ ထွက်ပြေးလွတ်မြောက်သွားတာမျိုး ရှိနိုင်တဲ့အတွက် ပထမ ရက်ပိုင်းမှာ တရုတ် အယောက် ၁၂၀ ကျော်၊ နောက်တစ်ရက်မှာ ၁၇ ယောက် စုစုပေါင်း အယောက် ၁၄၀ ကျော်ပဲ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ ဒီအရည်အတွက်ဟာ အစိုးရအနေနဲ့ ပြီးခဲ့တဲ့ ၄ နှစ်တာကာလ အတွင်း သစ်ခိုးထုတ်မှုနဲ့ ဖမ်းဆီးရမိခဲ့တဲ့ နိုင်ငံခြားသား အယောက် ၁၃၀ နဲ့ နှိုင်းယှဉ်ရင်တောင် များနေပါသေးတယ်။

တကယ်တော့ တရုတ်နိုင်ငံဘက်ကနေ မြန်မာ့ သစ်တွေ ခိုးထုတ်နေတာ နှစ်ပေါင်းများစွာ ကြာမြင့်နေပါပြီ။ အရင် ၁၉၉၀ မတိုင်ခင် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ကေအိုင်အို အဖွဲ့ အခြေချနေစဉ်ကတည်းက တရုတ်ဘက်ကို သစ်ထုတ်ယူနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီအချိန်ကာလ တရုတ်ဘက်က လိုအပ်ချက် နည်းနေသေးတာ၊ လမ်းဖေါက်တာနဲ့ သစ်ထုတ်လုပ်တဲ့ နည်းတွေ ခေတ်မမီသေးတာကြောင့် နောက်ပိုင်းကာလလောက် အများအပြား ထုတ်ယူနိုင်ခြင်း မရှိပါဘူး။ တကယ့်တကယ် သစ်တွေ အလုံးအရင်း အများအပြား ထုတ်ယူနိုင်ခဲ့တာကတော့ ၁၉၉၀ တိုင်းရင်းသား လက်နက်ကိုင်တွေ ဗကပ ခေါင်းဆောင်မှုအောက်ကနေ ခွဲထွက်၊ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲပြီးချိန် နောက်ပိုင်းမှာ ဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေဟာ အစိုးရဆီက ပါမစ်နည်းနည်းယူ သစ်ကို များများထုတ် ဆိုတဲ့ နည်းနဲ့ တရုတ်ဘက်ကို ထုတ်ကြတာ ဖြစ်ပါတယ်။

သစ်ထုတ်လုပ်ရေး လုပ်ငန်း လုပ်ရတာကလည်း လွယ်ကူပါတယ်။ လက်နက်ကိုင် တပ်ဖွဲ့ခေါင်းဆောင်တွေဟာ ဘယ်သစ်ကွက်တွေကို ဘယ်သူယူစေ ဆိုပြီး ခွဲဝေယူကြပါတယ်။ အဲဒီ ရထားတဲ့ သစ်ကွက်တွေက သစ်တွေ ထုတ်ယူဖို့ တရုတ် ကုန်သည်နဲ့ စကားပြော၊ ညှိနှိုင်းထားတဲ့ ငွေကြေးပမာဏ တစ်ခု ရယူပြီး ထုတ်လုပ်ဖို့ ခွင့်ပေးလိုက်တာမျိုးပါ။ တခါတရံ တရုတ်ကုန်သည်ဘက်က ကမ်းလှမ်းတဲ့ သစ်ကွက်တွေကို လက်နက်ကိုင်အဖွဲ့ဘက်က ချပေးတာမျိုးလည်း ရှိပါတယ်။ သစ်ထုတ်လုပ်ခွင့်ရသွားတာနဲ့ တရုတ် ကုမ္ပဏီတွေဟာ တရုတ် နယ်စပ်ဘက်ကနေ သစ်ထုတ်လမ်းတွေ ဖေါက်ပါတယ်။ အဲဒီ သစ်ထုတ်လမ်းရဲ့ နယ်စပ် ထွက်ပေါက်တွေမှာ လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ အကောက်ခွန် စခန်းငယ်လေးတွေ လာရောက်ဖွင့်လှစ်ပြီး သစ်အပေါ် အခွန်ကောက်တာမျိုး ရှိပေမယ့် လာဘ်ပေးလာဘ်ယူ ကိစ္စတွေကြောင့် အဖွဲ့အစည်းအတွက် အခွန်နည်းနည်းပါပါးလောက်ပဲ ရကြပါတယ်။ ဒီလိုနည်းနဲ့ တရုတ် ကုန်သည်တွေဟာ ကချင်ပြည်နယ်ထဲက သစ်တွေ တောပြုန်း တောင်ပြုန်း ဖြစ်လောက်အောင် အမြစ်ပါမကျန် တူးယူ ထုတ်လုပ်ခဲ့ကြပါတယ်။

နောက်ပိုင်း သစ်မှောင်ခို ပြသနာ အဲဒီထက် နက်ရှိုင်းလာပါတယ်။ အစိုးရ ထိန်းချုပ်ထားတဲ့ နယ်မြေက သစ်တွေကိုလည်း အဲဒီ တိုင်းရင်းသား လက်နက်ကိုင်တွေ ထိန်းချုပ်ထားရာ နယ်စပ်တွေကနေပဲ ထုတ်ယူတာမျိုး လုပ်လာပါတယ်။ ဒီလိုနည်းနဲ့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်၊ အထူးသဖြင့် ကချင်ပြည်နယ်ထဲမှာ သစ်တော့ပြုန်းတီးမှု ပြသနာ ဆိုးဆိုးရွားရွားကြုံခဲ့ရတာ ဖြစ်ပါတယ်။ နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေး အဖွဲ့တွေက မြန်မာနိုင်ငံရဲ့ ခေါင်မိုးလို့ ခေါ်နိုင်တဲ့ ကချင်ပြည်နယ်က မိုးသစ်တောတွေ ပြုန်းတီးကုန်လို့ ခေါင်မိုးပေါက်သွားခဲ့ပြီလို့ တင်စား ခေါ်ဝေါ်သည်အထိ ဖြစ်ခဲ့တာပါ။

အင်္ဂလန်နိုင်ငံ အခြေစိုက် သဘာဝ ပါတ်ဝန်းကျင် စုံစမ်းစစ်ဆေးရေး အဖွဲ့ EIA ရဲ့ အစီရင်ခံစာ တစ်စောင်မှာ ၁၀ နှစ်တာကာလအတွင်း တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံက သစ် တန်ဘိုး အမေရိကန်ဒေါ်လာ (၆) ဘီလျံနီးပါးဖိုးလောက် ခိုးထုတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ တကယ်တော့ အဲဒီငွေတွေ လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့ခေါင်းဆောင် တစ်ချို့ကလွဲပြီး ဘယ်သူမှ သိပ်ရကြတာ မဟုတ်ပါဘူး။ အစိုးရက မရသလို၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေက ရတာတွေကလည်း စစ်လက်နက်ပစ္စည်းနဲ့ စစ်အသုံးစားရိတ်တွေထဲပဲ ရောက်သွားတာ များပါတယ်။

အခုဆိုရင် မြန်မာအစိုးရဟာ သစ်တော ပြုန်းတီးမှုကို ကာကွယ်ဖို့၊ သစ်အချောထည် တင်ပို့မှု လုပ်နိုင်ဖို့ အတွက် နိုင်ငံခြားကို သစ်အလုံးလိုက် တင်ပို့မှု ရပ်ဆိုင်းခဲ့ပြီလည်း ဖြစ်ပါတယ်။ ဒါပေမယ့် နယ်စပ်ကနေ မှောင်ခို ထုတ်နေတာတွေကို မတားဆီးနိုင်တဲ့အတွက် အိတ်ပေါက်နဲ့ ဖါးကောက်သလိုပဲ ဖြစ်နေတာပါ။ အခုဖြစ်စဉ်မှာ မြန်မာ့တပ်မတော်ဟာ အရင် နှစ်ပေါင်းများစွာ လျစ်လျူရှုထားခဲ့တဲ့ တရုတ် သစ်မှောင်ခိုကိစ္စ အခုမှ ဘာကြောင့် ဖမ်းဆီးအရေးယူမှု လုပ်ရသလဲ စဉ်းစားစရာပါ။ သိပ်မကြာသေးခင်တုန်းက တရုတ်ကွန်မြူနစ်ပါတီ အာဘော် The Global Times သတင်းစာမှာ ၂၀၀၉ ခုနှစ် မြန်မာနိုင်ငံက ထွက်ပြေးသွားတဲ့ ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့ခေါင်းဆောင် ဖုန်ကြားရှင်းက ကေအိုင်အေ နဲ့ ပေါင်းပြီး သူ့နယ်မြေကို ပြန်တိုက်ယူမယ် ဆိုတဲ့ အင်တာဗျူး ဖော်ပြခဲ့လို့ ဆိုပြီး ထင်မြင်ယူဆ သူတွေလည်း ရှိနေပါတယ်။

ဘယ်လိုအကြောင်းကြောင့် ဖြစ်ဖြစ် နှစ်ပေါင်းများစွာ မြန်မာ့သစ်တွေ ခိုးထုတ်နေတဲ့ တရုတ်သစ်မှောင်ခို ကိစ္စ အစိုးရအနေနဲ့ အရေးယူကိုင်တွယ် ဖြေရှင်းသင့်ပါပြီ။ ဒီ သစ်မှောင်ခိုက ရတဲ့ငွေတွေဟာ လက်နက်ခဲယမ်းတွေအဖြစ် ပြောင်းသွားပြီး ညီအစ်ကိုချင်း တိုက်ခိုက်နေကြတဲ့ မြန်မာပြည် ပြည်တွင်းစစ်ကို ပိုပြီးလည်းရှည်ကြာစေပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ တရုတ်အစိုးရကို ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်နိုင်အောင် အားပေးကူညီဖို့၊ သစ်၊ ကျောက်မျက်နဲ့ သတ္တုသယံဇာတ မှောင်ခို ထုတ်ယူနေတာတွေကို ရပ်ဆိုင်းပေးဖို့ တရားဝင် အရေးဆိုသင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

ဦးစည်သူအောင်မြင့်
VOA
အခုရက်ပိုင်းအတွင်း ပြည်သူတွေ စိတ်အ၀င်စားဆုံး သတင်းတစ်ပုဒ်ကတော့ အစိုးရ စစ်တပ်ကနေ ကချင်ပြည်နယ်မှာ သစ်မှောင်ခို ၀င်လုပ်တဲ့ တရုတ်နိုင်ငံသားတွေ အပါအ၀င် သစ်တင်ကား၊ အခြား ယာဉ်နဲ့ ယန္တယား အများအပြား ဖမ်းဆီးလိုက်တဲ့ သတင်းပါ။ အစိုးရရဲ့ သစ်မှောင်ခို ဖမ်းဆီးမှု သမိုင်းမှာ နိုင်ငံခြားသား အများဆုံးနဲ့ သစ်တင်ကား အများဆုံး ဖမ်းဆီးရမိမှုအဖြစ် မှတ်တမ်းဝင်သွားပါပြီ။ တဆက်တည်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မြန်မာအစိုးရအနေနဲ့ တရုတ် နိုင်ငံသားတွေကို မျှမျှတတ ကိုင်တွယ်ဖို့ တောင်းဆိုလိုက်ပါပြီ။ သစ်မှောင်ခို ဖမ်းဆီးရမိမှု ဘယ်လောက် ကြီးကျယ်သလဲ၊ ဒီ ဖမ်းဆီးမှုဟာ ဘာသဘော ဆောင်သလဲ၊ အစိုးရအနေနဲ့ ဒီကိစ္စ ဘယ်လို ကိုင်တွယ်သင့်သလဲ ဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။

တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး လက်မှတ်ထိုးရာတွင် သက်သေအဖြစ် အစိုးရက သုံးနိုင်ငံပါဝင်ရန် လိုလားပြီး တိုင်းရင်းသား အဖွဲ့များက ခုနစ်နိုင်ငံ ပါဝင်ရန်လိုလား


အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရာတွင် သက်သေအဖြစ် အစိုးရက သုံးနိုင်ငံပါဝင်ရန် လိုလားပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ခုနစ်နိုင်ငံပါဝင်ရန် လိုလားလျက်ရှိရာ ယင်းကိစ္စအပေါ် နှစ်ဖက်ညှိနှိုင်းနေ ဆဲဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) မှ သိရသည်။

လွှတ်တော်ပြင်ပနိုင်ငံရေး အားကောင်းလာစေရန် အရပ်ဘက်လူမှုအဖွဲ့ အစည်းများ၏ လုပ်ဆောင်ချက်များကို အစိုးရက ထောက်ပံ့ကူညီသင့်ဟု လွှတ်တော်ကိုယ်စားလှယ် ပြောကြား

လွှတ်တော်ပြင်ပနိုင်ငံရေး ပိုမိုအားကောင်းလာစေရန် အရပ်ဘက်လူမှု အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များကို အစိုးရက ထောက်ပံ့ ကူညီပေးသင့်ဟု ဇန်န၀ါရီ ၁၀ ရက် ကရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်၌ ပြုလုပ်ခဲ့သော “လွှတ်တော်နိုင်ငံရေးနှင့် လွှတ်တော်ပြင်ပနိုင်ငံရေး” “ဘယ်ဟာက ပြည်သူ့အကျိုး စီးပွားကို ပိုမိုဖော်ဆောင်နိုင်သလဲ”ခေါင်းစဉ်ဖြင့် ဆွေးနွေးငြင်းခုန်မှုအစီအစဉ်တွင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ပြောကြားသည်။

အဆိုပါအစီအစဉ်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ၊ တိုင်းဒေ သကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း၊ ၈၈ မျိုးဆက်ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးနှင့် Triangle Women Group မှ ဒေါ်ခင်လေးတို့ ပါဝင်ဆွေးနွေးငြင်းခုံခဲ့ကြပြီး တက်ရောက်လာသူ များ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားပေးခဲ့ကြသည်။

အခြားအော်ပရေတာအသစ်များ ဈေးကွက်မထိခိုက်စေရန် ဖုန်းခေါ်ဆိုခကို အကန့်အသတ်ဖြင့် လျှော့ချခဲ့ဟု အမ်ပီတီပြော

Photo: အခြားအော်ပရေတာအသစ်များ ဈေးကွက်မထိခိုက်စေရန် ဖုန်းခေါ်ဆိုခကို အကန့်အသတ်ဖြင့် လျှော့ချခဲ့ဟု အမ်ပီတီပြော

ဇန်န၀ါရီလ ၁၂ ရက်၊ ၂၀၁၅

အမ်ပီတီအနေဖြင့် ဖုန်း ခေါ်ဆိုခ နှုန်းထားများကို အများ နှင့် တန်းတူ လျှော့ချမပေးခဲ့ဘဲ သီးခြားအစီအစဉ်တစ်ခု သတ် မှတ်လိုက်ခြင်းမှာ အခြားအော်ပ ရေတာများ အကျပ်အတည်း မဖြစ်စေရန်နှင့် ပြိုင်ဆိုင်မှုဈေး ကွက် ပျက်စီးမသွားစေရန်ဖြစ် ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ အထွေထွေမန်နေဂျာ ဦးခင်မောင် ထွန်းက ပြောသည်။

‘‘၀န်ဆောင်မှုတွေကို တန်း တူမလျှော့ချတာက အခုမှဝင် လာတဲ့ အော်ပရေတာတွေကို အကျပ်အတည်း မဖြစ်အောင် လုပ်ပေးတဲ့သဘောပါ။ ဈေးကွက်ထဲမှာ ပြိုင်ဆိုင်မှုပုံစံပျက်စီး သွားမှာကြောင့်လည်း ဖြစ်ပါတယ်’’ ဟု ဦးခင်မောင်ထွန်းကရှင်းပြသည်။

နိုင်ငံတစ်ဝန်းတွင် ကွန်ရက် အများဆုံး ဖြန့်ကြက်ထားသည့် အားသာချက်ရှိပြီး ပြည်တွင်း၌ မိုဘိုင်းဖုန်းအသုံးပြုသူ၉၀ ရာခိုင်နှုန်းခန့်ကို ပိုင်ဆိုင်ထားသော အမ်ပီတီအနေဖြင့် အထက်ပါ အားသာချက်ကို ရယူပြီး အသုံးပြုခများကိုတန်းတူမလျှော့ချပေးခြင်းဖြစ်ကြောင်း မိုဘိုင်းဖုန်း အသုံးပြုသူများက ဝေဖန်လျက်ရှိသည့်အတွက် ၎င်းက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

‘‘လက်ရှိမှာ အသုံးပြုသူ အ များဆုံးပိုင်ထားတဲ့ အမ်ပီတီအနေ နဲ့ အခုလိုမျိုး လုပ်ပေးလိုက်တာ က ပြိုင်ဘက်တွေအပေါ်မှာ မျှတ တဲ့ ယှဉ်ပြိုင်မူတစ်ခုလုပ် လိုက် တယ်လို့ ပြောလို့ရပါတယ်။ ဈေး ကွက်တိုင်းမှာ ယှဉ်ပြိုင်မူကောင်း လေ သုံးစွဲသူတွေအတွက် ကောင်းလေပါပဲ။ ၀န်ဆောင်မှုပေးတာ လပိုင်းပဲ ရှိသေးတဲ့ ပြည် ပအော်ပရေအနေနဲ့ ပိုမိုကောင်းမွန်တဲ့ ယှဉ်ပြိုင်မူအတွက် လိုအပ်ချက်တွေရှိနေပါသေးတယ်’’ဟု အူရီးဒူးမြန်မာမှ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး မန်နေဂျာ ဒေါ်သီရိကြာညိုက ဆိုသည်။

နိုင်ငံတစ်ခု ဖွံ့ဖြိုးရေးအ တွက် အရေးကြီးဆုံးမှာ ဆက် သွယ်ရေး ကဏ္ဍဖြစ်ပြီး ပေါ်ထွက် လာသော ရလဒ်မှာ ကောင်းသည် ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ပြည်သူ များခံရမည်ဖြစ်သောကြောင့် ကွန်ရက်နှင့် ၀န်ဆောင်မှုကို ပိုမို ကောင်းမွန်အောင် ဆောင်ရွက် နေချိန် အတွင်း၌ ဈေးနှုန်းတန်းတူ လျှော့ချပေးခြင်းကို အမြတ်ရဖို့ အတွက်သာ လုပ်နေသည်ဟု မထင်စေလိုကြောင်း အမ်ပီတီနှင့်ဂျပန်လုပ်ငန်းစုတို့ ပူးပေါင်းထားသော ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်မစ္စတာတာကာရှီနာဂါရှိမာ က ဆိုသည်။

အမ်ပီတီ၏ ၀န်ဆောင်မှုအ သစ် ဆွေသဟာ၏ နှုန်းထားများ မှာ ဖုန်းခေါ်ဆိုခ တစ်မိနစ် ၃၅ ကျပ်၊ SMS တစ်စောင်လျှင် ၁၅ ကျပ်နှင့် အင်တာနက်အသုံးပြုခ 1MB လျှင် ၁၅ ကျပ်တို့ ဖြစ်သည်။

ပြည်ပအော်ပရေတာများ၏ နှုန်းထားများမှာ ဖုန်းခေါ်ဆိုခ တစ်မိနစ်လျှင်၂၅ ကျပ်၊ SMS တစ်စောင်လျှင် ၁၅ ကျပ်ဖြစ်ပြီး အင် တာနက်အသုံးပြုခအနေဖြင့် အူရီးဒူးတွင် 1MB ခုနစ်ကျပ်ခွဲ၊ တယ်လီနောတွင် My Internet အတွက် 1MB လျှင် ခြောက်ကျပ် မြန်နှုန်းဖြင့် စမတ်အင်တာနက်အတွက် 1MB လျှင် ၁၀ ကျပ်တို့ ဖြစ်သည်။

7Day Daily
အမ်ပီတီအနေဖြင့် ဖုန်း ခေါ်ဆိုခ နှုန်းထားများကို အများ နှင့် တန်းတူ လျှော့ချမပေးခဲ့ဘဲ သီးခြားအစီအစဉ်တစ်ခု သတ် မှတ်လိုက်ခြင်းမှာ အခြားအော်ပ ရေတာများ အကျပ်အတည်း မဖြစ်စေရန်နှင့် ပြိုင်ဆိုင်မှုဈေး ကွက် ပျက်စီးမသွားစေရန်ဖြစ် ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ အထွေထွေမန်နေဂျာ ဦးခင်မောင် ထွန်းက ပြောသည်။

‘‘၀န်ဆောင်မှုတွေကို တန်း တူမလျှော့ချတာက အခုမှဝင် လာတဲ့ အော်ပရေတာတွေကို အကျပ်အတည်း မဖြစ်အောင် လုပ်ပေးတဲ့သဘောပါ။ ဈေးကွက်ထဲမှာ ပြိုင်ဆိုင်မှုပုံစံပျက်စီး သွားမှာကြောင့်လည်း ဖြစ်ပါတယ်’’ ဟု ဦးခင်မောင်ထွန်းကရှင်းပြသည်။

ရပ်ကွက်ရေပိုက်သွယ်တန်းမှုငွေစာရင်းရှင်းတမ်းပြုလုပ်ရာမှ ရုန်းရင်းဆန်ခတ်ဖြစ်ပွား


မင်္ဂလာဒုံမြို့နယ်၊ ၃/ခ ရပ်ကွက်တွင် ရေပိုက်သွယ်တန်း မှုကုန်ကျငွေရှင်းတမ်းပြုလုပ်စဉ် အငြင်းပွားရာမှ တာဝန်ရှိသူများ နှင့် ရပ်ကွက်နေပြည်သူအချို့ ကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ ကြောင်း သတင်းရရှိသည်။

ရပ်ကွက်နေပြည်သူများ၏ ထည့်ဝင်ငွေဖြင့် ပုတ်ပြတ်စနစ်ရေပိုက်သွယ်တန်းမှု ပြုလုပ်ခဲ့သည့် ကုန်ကျငွေစာရင်းရှင်းလင်းရာတွင် မသမာမှုများရှိနေသည်ဟု ဆိုကာ ရပ်ကွက်နေပြည်သူအချို့က ဆူပူ အော်ဟစ်ကန့်ကွက်မှုများ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

‘‘သူတို့ရှင်းတာက ပွင့်ပွင့် လင်းလင်းမရှိဘူး။ ဒါကို အစ်မတို့ က မကျေနပ်တာ။ ကောက်ယူရရှိ ငွေဘယ်လောက်၊ အမှန်တကယ် ကုန်ကျငွေဘယ်လောက်ဆိုတာ ရှင်းရှင်းလင်းလင်းမပြောဘူး’’ဟု အဆိုပါရပ်ကွက်နေအမျိုးသမီး တစ်ဦးက ပြောသည်။

အစိုးရ၀န်ကြီးဌာနများအပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့အချို့သည် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို မလိုက်နာသောကြောင့် ပြင်းထန်စွာအရေးယူရန် လွှတ်တော်သို့ တင်မည်


အစိုးရ၀န်ကြီးဌာနများအပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့အချို့သည် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို မလိုက်နာသောကြောင့် ပြင်းထန်စွာအရေးယူရန် လွှတ်တော်သို့တင်ပြမည်ဟု ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်များကို ၀န်ကြီးဌာနများမှ သက်ဆိုင်ရာစီမံကိန်းအလိုက် သုံးစွဲပြီးနောက် ပြည်ထောင်စုစာရင်းစစ်ချုပ်က စစ်ဆေးမှုများပြုလုပ် ခဲ့ကြောင်း၊ စစ်ဆေးပြီးနောက် ၀န်ကြီးဌာနအချို့ကို စာရင်းစစ်ချုပ်မှ ကန့်ကွက်ထားမှုများရှိခဲ့ကြောင်း၊ ထို့သို့ စာရင်းစစ်ချုပ်က ကန့်ကွက်ထားမှုများပြားသည့် ၀န်ကြီးဌာနများအား ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီမှ ခေါ်ယူတွေ့ ဆုံခဲ့သည်။

ကုလဆုံးဖြတ်ချက်နှင့် အဖြူရောင်ကတ် ကိုင်ထားသူများ မဲပေးခွင့်ပြုခြင်းအပေါ် ကန့်ကွက်ဆန္ဒပြမည်

ဘင်္ဂါလီလူမျိုးများကို နိုင် ငံသားအဖြစ် အသိအမှတ်ပြုရန် ကုလ၏ ဆုံးဖြတ်ချက်နှင့်အဖြူ ရောင်ကတ်(White Card)ကိုင် ဆောင်ထားသူများ မဲပေးခွင့်ကို ကန့်ကွက်ကြောင်း ဆန္ဒဖော်ထုတ် ပွဲကို ရန်ကုန်မြို့၌ ပြုလုပ်သွား မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

ဇန်န၀ါရီ ၁၆ ရက်တွင် ရွှေတိဂုံစေတီတော် ကြေးသွန်း ဘုရားကြီးရှေ့မှ ကျိုက္ကဆံ ဟစ် တိုင်ကွင်းအထိ အင်အား ၅၀၀ ဖြင့် လမ်းလျှောက်ဆန္ဒဖော်ထုတ်သွားရန် ဗဟန်းမြို့နယ်ရဲ တပ်ဖွဲ့သို့ ခွင့်ပြုမိန့်တောင်းခံထားပြီ ဖြစ်ကြောင်းဦးဆောင်သူများက ပြောသည်။

MPT ကို စိတ်ပျက်သွားကြပြီလား . . .

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍ သမိုင်းတစ်လျှောက် သုံးစွဲသူများအပေါ် အမြတ်ထုတ်ခဲ့သည့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ အစီအစဉ် အသစ်များမှာ ထူးခြားမှု မရှိဟု အများစုက ဝေဖန်ခဲ့ကြကြောင်း သိရသည်။

ဇန်နဝါရီ ၉ ရက်တွင် ပြုလုပ်သည့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ စာနယ်ဇင်းရှင်းလင်းပွဲ မတိုင်မီက သုံးစွဲသူများ အနေဖြင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက လျှော့ချသတ်မှတ်မည့် နှုန်းထားများအပေါ် အလွန်စိတ်ဝင်တစား ရှိခဲ့သော်လည်း အမှန်တကယ် ထွက်ပေါ်လာချိန်တွင် ယင်းအစီအစဉ်သစ်များကို အလွန်အမင်း စိတ်ပျက်မိကြောင်း သုံးစွဲသူများက ဖွင့်ဟခဲ့ကြသည်။ ယင်းပွဲမတိုင်မီက MPT အနေဖြင့် ဖုန်းခေါ်ဆိုခကို တစ်မိနစ်လျှင် ၁၅ ကျပ်အထိ လျှော့ချမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သေးကြောင်း သိရ သည်။

Sunday, January 11, 2015

လေးဘက်နာ ရောဂါနှင့် ဂေါက်ရောဂါ (လုံးဝ) မတူပါ

Photo: လေးဘက်နာ ရောဂါနှင့် ဂေါက်ရောဂါ (လုံးဝ) မတူပါ

ဇန်န၀ါရီလ ၁၁ ရက်၊ ၂၀၁၅ ခုနှစ်

လူအများစု ရောထွေး နေတတ်သည့် လေးဘက်နာ ရောဂါ (Rheumatic fever) နှင့် ဂေါက်ရောဂါ (Gout) အကြောင်း အနည်းအကျဉ်း ရှင်းပြလိုပါသည်။

ထိုရောဂါနှစ်ခုမှာ အဆစ်အမြစ်ကိုက်ခဲခြင်း (joint pain) တူညီသော်ငြားလည်း ရောဂါဖြစ်ပေါ်ရခြင်း အခြေခံ အကြောင်း တရားချင်း လုံးဝ တူညီမှု မရှိသလို ကုသမှုသည်လည်း ကွဲပြားပါသည်။

လေးဘက်နာရောဂါ (Rheumatic fever)

လေးဘက်နာ ရောဂါသည် Streptococcus ဟုခေါ်သည့် ဘက်တီရီးယား ပိုးကြောင့် ဖြစ်ရသော ရောဂါ ဖြစ်ပါသည်။ ကလေးအသက် ၆နှစ်မှ ၁၅နှစ်အတွင်းတွင် ၎င်းပိုးကြောင့် လည်ချောင်း ခဏခဏ နာခြင်းမှ ဆက်၍ လေးဘက်နာ ရောဂါ ဖြစ်ပေါ် နိုင်ပါသည်။ ထိုရောဂါကြောင့် အဓိက ထိခိုက်နိုင်သော အင်္ဂါများမှာ အဆစ်နှင့် နှလုံးတို့ ဖြစ်ပါသည်။ ရောဂါ လက္ခဏာ များကတော့ ကိုယ်လက် ကိုက်ခဲခြင်း၊ အဆစ်အမြစ် ရောင်ခြင်း၊ အဖျားတက်ခြင်းနှင့် နှာခေါင်းသွေးယိုခြင်း တို့ဖြစ်ပါသည်။ လေးဘက်နာ ရောဂါ ရှိမရှိကို ASO test ( Antistreptolysin O ) စစ်ခြင်းဖြင့် သိနိုင်ပါသည်။ Normal ASO test range သည် ၂၀၀ ဖြစ်ပါသည်။ ထိုထက်များပါက ရောဂါရှိသည်ဟု ဆိုနိုင်ပါသည်။ လေးဘက်နာ ရောဂါသည် ဘက်တီးရီးယား ပိုးကြောင့် ဖြစ်သောရောဂါ ဖြစ်သည့် အားလျော်စွာ ၎င်းကို ပိုးသတ်ဆေး (antibiotics များ) နှင့် ကုသလေ့ ရှိပါသည်။ ရုတ်တရက် ဆိုးရွားစွာ ဖြစ်ပေါ်လာသော လေးဘက်နာ အတွက် အကိုက်အခဲ ပျောက်ဆေး၊ အရောင်ကျဆေး များဖြင့် ကုသတတ်သလို ရောဂါ ပြန်ဖြစ်ခြင်းမှ ကာကွယ်ရန်လည်း antibiotics ဆေးဆ အနည်းငယ်ကို နှစ်ရှည် သောက်ရ တတ်သည်။ ထို့သို့ မသောက်ပါက ပြန်ဖြစ်တတ်သည့် ရောဂါမျိုး ဖြစ်ပါသည်။

ဂေါက်ရောဂါ (Gout)

ဂေါက်ရောဂါ ဖြစ်ရခြင်း အကြောင်းမှာ သွေးထဲတွင် Uric acid များနေခြင်းကြောင့် ဖြစ်ရပါသည်။ အဆစ်အမြစ်များတွင် Uric acid crystal များအနည်ထိုင်ခြင်းမှ အဆစ်အမြစ် ကိုက်ခဲ စေပါသည်။ Uric acid ကိုခန္ဓာကိုယ်တွင်းရှိ purine ပြိုကွဲခြင်းမှ ရရှိပါသည်။ ထိုကြောင့် purine များသော အစားအစာများကို ဂေါက်ရောဂါရှင်များ ရှောင်ရတတ်ပါသည်။ purine များသော အစားအစာအချို့မှာ ကလီစာများ၊ ပန်းဂေါ်ဖီ၊ မှို၊ ပဲ နှင့် beer တို့ဖြစ်ပါသည်။ များသော အားဖြင့်တော့ လူကြီးများက မြေအောက်မှာ ပေါက်သော အစားအစာများဟု မှတ်ထား တတ်ကြပါသည်။ ဂေါက်ရောဂါတွင် အဆစ်အမြစ် များသည် နီ၊ ပူပြီး ရောင်ရမ်းလေ့ ရှိပါသည်။ ကုသမှု အနေဖြင့်တော့ အကိုက်အခဲ ပျောက်ဆေးများ၊ steroid များဖြင့် ကုသလေ့ ရှိပါသည်။ အစားအစာ အနေနှင့် strawberry, cherry, lemonနှင့် ငှက်ပျောသီးတို့သည် ဂေါက်ရောဂါ လက္ခဏာ အတွက် အထူး သင့်လျော်ပါသည်။

နိဂုံးချုပ် အားဖြင့် ရောဂါနှစ်ခုမှာ လက္ခဏာခြင်း တူသော်လည်း ဖြစ်ပေါ်ပုံ အခြေခံ အကြောင်းအရင်းခြင်း မတူသလို ကုသပုံမှာလည်း ကွဲပြားပါသည်။ အစားအစာ အနေနှင့် လေးဖက်နာတွင် ရှောင်ကြဉ်ရန် မလိုသော်လည်း ဂေါက်ရောဂါအတွက်တော့ အစား ရှောင်ခြင်းသည် ကုသမှုအတွက် များစွာ အထောက်အကူ ဖြစ်ပါသည်။

Posted by Candy

from-My freedom

Memory never goes away
လူအများစု ရောထွေး နေတတ်သည့် လေးဘက်နာ ရောဂါ (Rheumatic fever) နှင့် ဂေါက်ရောဂါ (Gout) အကြောင်း အနည်းအကျဉ်း ရှင်းပြလိုပါသည်။

ထိုရောဂါနှစ်ခုမှာ အဆစ်အမြစ်ကိုက်ခဲခြင်း (joint pain) တူညီသော်ငြားလည်း ရောဂါဖြစ်ပေါ်ရခြင်း အခြေခံ အကြောင်း တရားချင်း လုံးဝ တူညီမှု မရှိသလို ကုသမှုသည်လည်း ကွဲပြားပါသည်။

လေးဘက်နာရောဂါ (Rheumatic fever)

သစ်ခိုးထုတ်ရာတွင် အသုံးပြုသော ယာဉ်အစီး ၄၈၀ ကျော်ကို မြစ်ကြီးနားသို့ သယ်ယူ


တရုတ်နိုင်ငံသား တစ်ရာကျော် ပါဝင်သော ကချင်ပြည်နယ် သစ်ခိုးထုတ်မှုတွင် ဖမ်းဆီးရမိခဲ့သော သစ်တင်ယာဉ်နှင့် သစ်ခိုးထုတ်ရာတွင် အသုံးပြုသော ယာဉ်များကို မြစ်ကြီးနားသို့ သယ်ယူနေပြီ ဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

ကချင်ပြည်နယ်တွင် လေကြောင်း ကင်းထောက်မှုများအရ ဝိုင်းမော်မြို့နယ်၊ ဝါရှောင်၊ မံဝိန်း၊ ဆီနီကူး၊ မံတောင်၊ လောခွန်ယန်၊ ဆဒုံးဒေသများတွင် တပ်မတော်စစ်ကြောင်းများက ဇန်နဝါရီလ ၂ ရက်မှ ၅ ရက်အထိ နယ်မြေ ရှင်းလင်းဆောင်ရွက်ခဲ့ရာ သစ်ခိုးထုတ်နေသော တရုတ်နိုင်ငံသား ၁၁၉ ဦးနှင့် မြေကော်ယန္တရား ယာဉ်ငါးစီး၊ ပါဂျဲရိုးလေးစီး၊ ပီကင်းဂျစ်လေးစီး၊ ဝန်ဆွဲယာဉ်လေးစီး၊ နှစ်ခန်းတွဲယာဉ်နှစ်စီး၊

၁၁-၁-၂၀၁၅ ရက် တနင်္လာနေ့တွင် ထွက်ရှိမည့် ပြည်မြန်မာနေ့စဉ်သတင်းစာမှ.

Photo: ၁၁-၁-၂၀၁၅ ရက် တနင်္လာနေ့တွင် 
ထွက်ရှိမည့် ပြည်မြန်မာနေ့စဉ်သတင်းစာမှ.

MPT ဖုန်း တစ်မိနစ် ၂၅ ကျပ်ဖြင့် ပြောရန် Package ဝယ်ယူနိုင်မည်

ဂျပန်ကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ကိုင်နေသော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က ဇန်နဝါရီလ ၁၂ ရက်တွင် စတင်မည်ဖြစ်သည့် ဖုန်းပြောဆိုခ တစ်မိနစ် ၃၅ ကျပ်နှုန်း ကောက်ခံမည် ဆိုသော “ဆွေသဟာ” ဝန်ဆောင်မှု အစီအစဉ်တွင် ဖုန်းခေါ်ဆိုခ တစ်မိနစ်ကို ၂၅ ကျပ်နှုန်းဖြင့် အသုံးပြုလိုပါက ကျပ် ၁၂၀၀၀ ပေးသွင်း၍ Voice Package ဝယ်ယူနိုင်ကြောင်း အဆိုပါ လုပ်ငန်းထံမှ သိရသည်။

ဖုန်းပြောဆိုခ တစ်မိနစ် ၂၅ ကျပ်နှုန်း ပေးရမည့် Voice Package ကို “ဆွေသဟာ” ဝန်ဆောင်မှုအဖြစ် ပြောင်းလဲသုံးစွဲပြီးမှ ဝယ်ယူနိုင်မည်ဖြစ်ပြီး ရက် ၃၀ စာ၊ မိနစ် ၄၈၀ ပါဝင်မည် ဖြစ်ကာ MPT ဖုန်းနံပါတ် အားလုံးသို့ ခေါ်ဆိုအသုံးပြုနိုင်မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က ကြေညာထားသည်။

တပ်မတော် ပြုပြင်ပြောင်းလဲမှု အကူအညီပေးရန် အမေရိကန်အစိုးရနှင့် မြန်မာအစိုးရ တွေ့မည်


ဒီမိုကရေစီစနစ်နှင့် ကိုက်ညီသော အဆင့်မြင့် မြန်မာ့တပ်မတော် ဖြစ်လာစေရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ အကူအညီပေးရန် အမေရိကန်အစိုးရနှင့် မြန်မာအစိုးရ ကိုယ်စားလှယ်များ တွေ့ဆုံမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက သတင်းထုတ်ပြန်သည်။

ထိုတွေ့ဆုံပွဲသို့ အမေရိကန် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး တွမ်မာလင်နောစကီး ဦးဆောင်သည့် အမေရိကန်အစိုးရ ကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီလ ၁၁ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

MPT က ကျပ် ၁၀၀၀၀ ပေးသွင်းမှသာ တစ်မိနစ် ၃၅ ကျပ်သတ်မှတ်ပြီး အင်တာနက် သုံးစွဲခမှာ အူရီဒူး၊ တယ်လီနောတို့ထက်များသော 1MB လျှင် ၁၅ ကျပ် သတ်မှတ်

MPT က ဝန်ဆောင်မှုအသစ်များကို ဇန်နဝါရီ ၉ ရက်တွင် မိတ်ဆက်ခဲ့ပြီး ပုံမှန်နှုန်းထားများ လျှော့ချခြင်းမရှိဘဲ သတ်မှတ်ထားသော အစီအစဉ်သစ်များကို ရယူသုံးစွဲမှသာ တစ်မိနစ်လျှင် ၃၅ ကျပ်၊ ၂၅ ကျပ်နှုန်းထားများကို ရရှိမည်ဖြစ်ကြောင်း သိရသည်။            

MPT ၏ ဆွေသဟာအစီအစဉ်ကို ရယူရန် ကျပ် ၁ဝဝဝဝ ပေးသွင်းရမည်ဖြစ်ပြီး မည်သည့်ဖုန်းကိုမဆို တစ်မိနစ်လျှင် ၃၅ ကျပ်၊ သတ်မှတ်ကာလအတွင်း သတ်မှတ်နံပါတ်သုံးခုသို့ တစ်မိနစ်လျှင် ၂၅ ကျပ်၊ မည်သည့်ဖုန်းသို့မဆို SMS တစ်စောင်လျှင် ၁၅ ကျပ်၊ မြန်နှုန်းမြင့် အင်တာနက်ကို 1MB လျှင် ၁၅ ကျပ်ဖြင့် နှုန်းထားသတ်မှတ်ထားကြောင်း သိရသည်။

အမေကိုကာကွယ်ဖို့ အဖေကို တူနဲ့ထုတဲ့သား ထောင်ခြောက်နှစ်ကျ

Photo: အမေကိုကာကွယ်ဖို့ အဖေကို တူနဲ့ထုတဲ့သား
ထောင်ခြောက်နှစ်ကျ

ဇန်န၀ါရီလ ၁၁ ရက်၊ ၂၀၁၅ ခုနှစ်

အင်္ဂလန်နိုင်ငံအရှေ့မြောက် ပိုင်း မစ်ဒယ်ဘရော့မြို့မှာ ဖခင်ကိုတူနဲ့ထု သတ်ဖို့ကြိုးစားခဲ့တဲ့ သားဖြစ်သူ ဘင်ဂျာ မင်ဝဲလ်ဆန်ကို တရားရုံးက ထောင်ခြောက် နှစ် ချမှတ်လိုက်ပါတယ်။

ဝဲလ်ဆန်(၂၂နှစ်)ဟာ တရားရုံး မှာ မိခင်ကိုကာကွယ်ဖို့အတွက် အခုလိုလုပ် ရခြင်းဖြစ်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။ တရား ရုံးက ဝဲလ်ဆန်ကို ပထမ ထောင်ဒဏ် ၁၂ နှစ်ချမှတ်ခဲ့ပေမယ့် ဖခင်ဖြစ်သူရဲ့ ဆိုးသွမ်း တဲ့ နောက်ကြောင်းရာဇဝင် ပြန်လည်သုံး သပ်ပြီးနောက်မှာ ဝဲလ်ဆန်ကို ထောင်ဒဏ် ခြောက်နှစ်ကျခံစေဖို့ ငဲ့ကွက်လျှော့ချပေး ခဲ့ခြင်းဖြစ်ပါတယ်။

ဖြစ်စဉ်ကတော့ ဝဲလ်ဆန်ရဲ့ဖခင် ကရိတ်(၄၆နှစ်)ဟာ တစ်နေ့မှာ မိန်းမဖြစ် သူနဲ့ စကားများသတ်ပုတ်ခဲ့ကြပြီး မိခင်ကို ရိုက်နှက်နေတဲ့အတွက် ဝဲလ်ဆန်က ဖခင်ဖြစ် သူကို နီးစပ်ရာတွေ့ရှိတဲ့တူနဲ့ တိုက်ခိုက်ခဲ့ ခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဝဲလ်ဆန်ဟာ အပေါ်ထပ်မှာ မိခင်ကိုရိုက်နှက်နေတဲ့ဖခင် ကို တူနဲ့ ငါးကြိမ်လောက်ထုရိုက်ခဲ့ပြီး အိမ်က ထွက်ပြေးကာ ရဲစခန်းမှာ အဖမ်းခံခဲ့ပါတယ်။

ရဲတွေရဲ့ပြောကြားချက်အရ ဝဲလ် ဆန်ဟာ အဖေကို သတ်ခဲ့မိပြီလို့ ထင်နေ တယ်လို့ သိရပါတယ်။ မှုခင်းစစ်ဆရာဝန် တွေရဲ့ဆေးစစ်ချက်အရ ဖခင်ဖြစ်သူကရိတ် ဟာ ပြင်းထန်တဲ့ဒဏ်ရာရရှိခဲ့ပြီး သတိမလစ် ပေမယ့် မလှုပ်ရှားနိုင်တော့တဲ့အခြေအနေ ကို ရောက်ရှိခဲ့တယ်လို့သိရပါတယ်။

ကရိတ်ဟာ ဦးခေါင်းနဲ့မျက်နှာ တွေမှာ အပေါက်ရာတွေနဲ့ ဒဏ်ရာရရှိခဲ့ ပြီး သွားခြောက်ချောင်းလည်း ဆုံးရှုံးခဲ့ရပါ တယ်။ ဦးနှောက်သွေးယိုစီးမှုထိခိုက်ဒဏ် ရာပါရရှိခဲ့တဲ့ ကရိတ်ဟာ ဆေးရုံမှာ တစ်လ ကျော်ကြာ ဆေးဝါးကုသမှုခံယူခဲ့ရပြီး အစာ ပိုက်နဲ့ အသက်ဆက်ခဲ့ရတယ်လို့ဆိုပါတယ်။

ရရှိတဲ့ဒဏ်ရာတွေကြောင့် ဘဝ တစ်လျှောက်လုံး လူစဉ်မမီတဲ့မျက်နှာမျိုးနဲ့ ဆက်လက်အသက်ရှင်သွားရဖို့ ရှိတယ်လို့ လည်း သိရပါတယ်။ တရားရုံးစစ်ဆေးချက် တွေအရ ကရိတ်ဟာ အရက်သမားတစ် ယောက်ဖြစ်ပြီး မူးလာတိုင်း ဝဲလ်ဆန်ကိုရိုက် နှက်နှိပ်စက်မှုတွေလည်း ပြုလုပ်တတ်တယ် လို့ သိရပါတယ်။ ကရိတ်ဟာ မယားဖြစ်သူ ကို နှိပ်စက်ရိုက်နှက်မှုနဲ့ ယခင်က ထောင် ဒဏ်နှစ်နှစ် ချမှတ်ခံခဲ့ရဖူးသူလည်းဖြစ်ပါ တယ်။

ဒါကြောင့်လည်း တရားရုံးက ဝဲလ်ဆန်ရဲ့အဖြစ်ကိုငဲ့ညှာတဲ့အနေနဲ့ ထောင် ဒဏ်၁၂နှစ်ကနေ ခြောက်နှစ်ကို လျှော့ချ ပေးခဲ့ခြင်းဖြစ်ပါတယ်။ တရားရုံးမှာ ဝဲလ်ဆန်ရဲ့ရှေ့နေ က မိခင်ကိုကာကွယ်လိုစိတ်နဲ့ အခုလိုပြစ် မှုမျိုး ကျူးလွန်ခဲ့ခြင်းဖြစ်တယ်လို့ တရား ရုံးကို လျှောက်ထားခဲ့ပါတယ်။ ဝဲလ်ဆန်က တော့ လူသတ်ဖို့မရည်ရွယ်ပေမယ့် ပြင်းပြင်း ထန်ထန် နာကျင်ထိခိုက်လိုစိတ်နဲ့ အခုလို တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။

ဝဲလ်ဆန်ဟာ အခုအခါ တရား ရုံးက ချမှတ်ခဲ့တဲ့ပြစ်ဒဏ်အတွက် ထောင်ထဲ မှာရောက်ရှိနေပြီဖြစ်ပြီး ဖခင်ကရိတ်ဟာ လည်း ရရှိခဲ့တဲ့ဒဏ်ရာတွေက အတော်လေး သက်သာလာခဲ့ပြီလို့ သိရပါတယ်။ ကရိတ် တို့ လင်မယားဟာလည်း အခုဖြစ်ရပ်နောက် ပိုင်းမှာ တရားဝင်ကွာရှင်းလိုက်ကြတယ်လို့ သိရပါတယ်။

Yangon Media Group
အင်္ဂလန်နိုင်ငံအရှေ့မြောက် ပိုင်း မစ်ဒယ်ဘရော့မြို့မှာ ဖခင်ကိုတူနဲ့ထု သတ်ဖို့ကြိုးစားခဲ့တဲ့ သားဖြစ်သူ ဘင်ဂျာ မင်ဝဲလ်ဆန်ကို တရားရုံးက ထောင်ခြောက် နှစ် ချမှတ်လိုက်ပါတယ်။

ဝဲလ်ဆန်(၂၂နှစ်)ဟာ တရားရုံး မှာ မိခင်ကိုကာကွယ်ဖို့အတွက် အခုလိုလုပ် ရခြင်းဖြစ်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။ တရား ရုံးက ဝဲလ်ဆန်ကို ပထမ ထောင်ဒဏ် ၁၂ နှစ်ချမှတ်ခဲ့ပေမယ့် ဖခင်ဖြစ်သူရဲ့ ဆိုးသွမ်း တဲ့ နောက်ကြောင်းရာဇဝင် ပြန်လည်သုံး သပ်ပြီးနောက်မှာ ဝဲလ်ဆန်ကို ထောင်ဒဏ် ခြောက်နှစ်ကျခံစေဖို့ ငဲ့ကွက်လျှော့ချပေး ခဲ့ခြင်းဖြစ်ပါတယ်။

ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ကျေးရွာ (၁၁)ရွာမှ တောင်သူ များ၏သီးနှံများ အခမဲ့ ရိတ်သိမ်းပေးလျက်ရှိ

Photo: ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ကျေးရွာ (၁၁)ရွာမှ တောင်သူ များ၏သီးနှံများ အခမဲ့ ရိတ်သိမ်းပေးလျက်ရှိ

ဇန်န၀ါရီလ ၁၁ ရက်၊ ၂၀၁၅ ခုနှစ်

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ကြေးနီစီမံ ကိန်းဧရိယာအတွင်း ကျေးရွာ (၁၁)ရွာမှ တောင်သူများ စိုက်ပျိုးထားသော သီးနှံမျိုးစုံရိတ်သိမ်းမှုကို ဇန်နဝါရီ ၁ဝ ရက် နံနက် ၈ နာရီမှ စတင်ပြီး သီးနှံရိတ်သိမ်းပေးလျက်ရှိရာ လာရောက် ဆက်သွယ်သော တောင်သူများအား တာဝန်ရှိသူများက လုပ်အားခ အကုန်အကျခံပြီး ရိတ်သိမ်းပေးလျက်ရှိသည့်အပြင် အိမ်အရောက် ကားဖြင့် ပို့ဆောင်ပေးကာ အခမဲ့ရိတ်သိမ်းပေးခဲ့ကြောင်း သိရသည်။

''ထိုသို့ သီးနှံရိတ်သိမ်းဆောင်ရွက်ပေးရာတွင် လက်ပံတောင်း တောင်ကြေးနီ စီမံကိန်း ဧရိယာအတွင်းတွင်စိုက်ပျိုးထားသောဆည် တည်းဇီးတောရွာသစ်၊ ရွာဟောင်း၊ မိုးကြိုးပြင်(လ၊တ၊မ)၊ ရွှေလှေ၊ တုံ၊ လက်ပံတောင်း၊ လယ်တီ၊ ကံတောစသည့် ကျေးရွာများမှ တောင်သူ စုစုပေါင်း၁၂ ဦး၏ လယ်ယာမြေ ပေါင်း ၂၂ ဒသမ ၆၈ ဧကပေါ်ရှိ စပါး၊ ပြောင်း၊ နေကြာ၊ ပဲစင်းငုံ စသည့် သီးနှံများကို အခမဲ့ရိတ်သိမ်းပေးခဲ့ခြင်း ဖြစ်ပါတယ်''ဟု ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သောင်းက ပြောကြားသည်။

ဆက်လက်ပြီး ကျန်ရှိသော ကျေးရွာများကိုလည်း ယခုလို တာဝန်ရှိသူများက တာဝန်ခံကွင်းဆင်းကာ ဆောင်ရွက်ပေးမှာ ဖြစ်ကြောင်း၊ ထို့အပြင် ဒုတိယအကြိမ် စီမံကိန်းဧရိယာခြံစည်းရိုးကာရံစဉ်တွင် စိုက် ပျိုးထားရှိသည့် သီးနှံများအတွက် စိုက်ပျိုးသူတောင်သူများအား လာမည့် ဇန်နဝါရီ ၁၂ ရက် နံနက်ပိုင်းတွင် ဆားလင်းကြီးမြို့နယ်အုပ်ချုပ်ရေးမှူး ရုံးအတွင်းရှိငွေသာခန်းမ၌ သီးနှံ ထောက်ပံ့ကြေးများ ပေးအပ်သွားမည် ဖြစ်ကြောင်း၊ ယနေ့ဆိုရင် ကျွန်တော်တို့ တာဝန်ရှိသူများက ဒေသခံအလုပ်သမား ၁ဝ၅ ဦးငှားရမ်းကာ သီးနှံရိတ်သိမ်းပေးခဲ့ရာတွင် ကားငှားရမ်းခများအပါအဝင် ကုန်ကျစရိတ်အားလုံး အား အခမဲ့ ထောက်ပံ့ပေးခဲ့ပါတယ်''ဟု ၎င်းကပြောကြားသည်။

သီးနှံရိတ်သိမ်းမှုနှင့် ပတ်သက်၍ ရွှေလှေကျေးရွာမှ တောင်သူ ဦးစံတင်၏ ကွင်းအမှတ်(၄၇)၊ ၁ ဒသမ ၆၅ ဧက စောရှုပ်မိုးစပါး ရိတ်သိမ်းပေးရာတွင် '' ယခုလို ကျွန်တော်ရဲ့လယ်ကွက်ကို တာဝန်ရှိသူများက အလုပ်သမား ၂ဝ ကျော်ငှားပေးကာ လုပ်အားခအကုန်အကျခံ၍ အခမဲ့ပို့ဆောင် ကူညီ ထောက်ပံ့ပေး တဲ့အတွက် ကျေးဇူးတင်ပါတယ်။ လုပ်အားခက တစ်ရက်အတွက် အမျိုးသား ၄ဝဝဝ ကျပ်၊ အမျိုးသမီး ၃၅ဝဝ ကျပ် ရရှိပါ တယ်။ ဒေသခံ အလုပ်သမားများအတွက် အဆင်ပြေကြလို့ဝမ်းသာပါတယ်။

ကျွန်တော်ကဒီစပါးကို ဝါခေါင်လကစတင်ပြီး စိုက်ပျိုးခဲ့ပါတယ်။ အခုအကွက်နဲ့ ကျန်တာရောဆို ဒီမြန်မာ-ဝမ်ပေါင် ကြေးနီစီမံကိန်းဧရိယာထဲမှာ ၁ဝ ဧက နီးပါးပါတယ်။ တာဝန်ရှိသူများကလည်း ကျွန်တော်တို့လို တောင်သူများအတွက် သီးနှံမျိုးစုံ ထောက်ပံ့ကြေးပေးအပ်မှာကို သိရလို့ ကျေးဇူးတင် ဝမ်းသာနေ ကြပါတယ်'' ဟု ပြောကြားသည်။

MOI
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ကြေးနီစီမံ ကိန်းဧရိယာအတွင်း ကျေးရွာ (၁၁)ရွာမှ တောင်သူများ စိုက်ပျိုးထားသော သီးနှံမျိုးစုံရိတ်သိမ်းမှုကို ဇန်နဝါရီ ၁ဝ ရက် နံနက် ၈ နာရီမှ စတင်ပြီး သီးနှံရိတ်သိမ်းပေးလျက်ရှိရာ လာရောက် ဆက်သွယ်သော တောင်သူများအား တာဝန်ရှိသူများက လုပ်အားခ အကုန်အကျခံပြီး ရိတ်သိမ်းပေးလျက်ရှိသည့်အပြင် အိမ်အရောက် ကားဖြင့် ပို့ဆောင်ပေးကာ အခမဲ့ရိတ်သိမ်းပေးခဲ့ကြောင်း သိရသည်။