
သပိတ်မှောက် ကျောင်းသားများနှင့် အစိုးရတာဝန်ရှိသူများကြား အမျိုးသားပညာ ရေးဥပဒေ ပြင်ဆင်ရန် လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး သဘောတူလိုက်ပြီး ယနေ့ (ဇန်န၀ါရီ ၂၈ရက်)တွင် အစိုးရနှင့် သပိတ်မှောက်ကျောင်းသားနှစ်ဦး နေပြည်တော်၌တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။
သပိတ်မှောက်ကျောင်းသား ကိုယ်စားလှယ် နှစ်ဦးဖြစ်သည့် ကိုအောင်မှိုင်းဆန်းနှင့် ကိုနန္ဒာစစ် အောင်တို့ နှစ်ဦးသည် ကျောင်း သားများကိုယ်စား နေပြည်တော် သို့ သွားရောက်ဆွေးနွေးမည် ဖြစ်သည်။
ယနေ့ပြုလုပ်သည့် နေပြည် တော်ဆွေးနွေးပွဲသည် အစိုးရ၊ လွှတ်တော်၊ ပညာရေးစနစ်ပြုပြင် ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်(NNER) နှင့် ကျောင်း သားသမဂ္ဂတို့ တွေ့ဆုံဆွေးနွေး ရန် အကြိုညှိနှိုင်းဆွေးနွေးပွဲဖြစ် သည်။











