
အစိုးရအဖွဲ့ တာ ၀န်ရှိသူများနှင့် သပိတ်မှောက် ကျောင်းသား ကိုယ်စားလှယ် များ နေပြည်တော်တွင် ယမန်နေ့က တွေ့ဆုံ ဆွေးနွေးမှုမှာ အဆင်ပြေ ခဲ့ပြီး အချက်လေးချက်ပါသော ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။
ဆွေးနွေးပွဲအပြီး ထုတ်ပြန် သော ပူးတွဲကြေညာချက်တွင် ပထမအကြိမ် လေးပွင့်ဆိုင်ဆွေး နွေးပွဲကို ဖေဖော်ဝါရီ ၁ ရက်တွင် ပြုလုပ်ရန်၊ ကျောင်းသားကိုယ် စားလှယ်များ တင်ပြသော အချက် ၁၁ ချက်ကို ဆွေးနွေးညှိနှိုင်း အဖြေရှာရန်၊ ကျန်ရှိနေသည်များ ကိုလည်း ဆက်လက်ဆွေးနွေး အဖြေရှာရန်နှင့် ညှိနှိုင်းဆွေးနွေး မှုများ စတင်သည့်နေ့တွင် သ ပိတ်စခန်း ရပ်နားသွားမည်ဟူ၍ ဖြစ်သည်။
‘‘တွေ့ဆုံဆွေးနွေးမှု အခြေ အနေအရ ပြောမယ်ဆိုရင်တော့ ကျွန်တော်တို့ အောင်မြင်တယ်လို့ ပြောလို့ရပါတယ်။ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ကော်မတီအ နေနဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်း ချက်ဖြစ်တဲ့ ၁၁ ချက်ကို ဒီမိုကရေ စီနည်းအရ ညှိနှိုင်းအဖြေရှာတဲ့ နည်းနဲ့ ဆက်လက်တိုက်ပွဲဝင် သွားမှာဖြစ်ပါတယ်’’ ဟု သပိတ် မှောက်ကျောင်းသားကိုယ်စား လှယ် ကိုနန္ဒစစ်အောင်က ပြော သည်။










