Friday, June 19, 2015

မြန်မာနိုင်ငံ၏ စက်သုံးဆီ ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းတွင် ထိုင်းနိုင်ငံ ပါဝင်ရန် လက်မှတ်ရေးထိုး

 မြန်မာနိုင်ငံမှ သဘာဝ ဓာတ်ငွေ့အများဆုံးဝယ်ယူနေ သော ထိုင်းနိုင်ငံက တူးဖော်ထုတ် လုပ်ရေးအဆင့်မှ စက်သုံးဆီထုတ် လုပ်ဖြန့်ဖြူးရေးလုပ်ငန်းများတွင် ပါဝင်ရင်းနှီးမြှုပ်နှံရန် နှစ်နိုင်ငံသ ဘောတူလက်မှတ်ရေးထိုးခဲ့ ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိ သည်။
မြန်မာနိုင်ငံတွင် သဘာဝ ဓာတ်ငွေ့ထုတ်လုပ်ခြင်း၊ သယ် ယူပို့ဆောင်ခြင်း လုပ်ငန်းများ၌အများဆုံးရင်းနှီးမြှုပ်နှံထားသော ထိုင်းနိုင်ငံက ရေနံအခြေခံ ကုန် ချောထုတ်လုပ်သည့် လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် ယခုလ ၁၅ ရက်၌ မြန်မာအစိုးရနှင့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။
‘‘အရင် ဂက်စ်ပိုက်လိုင်းဖြတ် တာတို့၊ ရှာဖွေတူးဖော်တာတို့အ ပြင် Upstream, Dostream တွေ ပါ ပါတယ်’’ ဟု စွမ်းအင်ဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Double Cab များ နယ်စပ်မှ တင်သွင်းခွင့် ပြန်လည်ရုပ်သိမ်း

ဇူလိုင် ၁ ရက်မှစ၍ ဒဘယ်ကတ်ယာဉ်များနယ်စပ်မှ တင်သွင်းခွင့်ကို ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာကြီးကြပ်ရေးကော်မတီက ဇွန်လ ၁၈ ရက်တွင် ထုတ်ပြန်ကြေညာသည်။
ပြန်လည်ရုပ်သိမ်းရခြင်းမှာ Brand New တင်သွင်းသူများနှင့် ပင်လယ်ရေကြောင်းမှ တင်သွင်း သူများ၏ ကန့်ကွက်မှုများ၊ တိုင်းရင်းသား လက်နက်ကိုင် တပ် ဖွဲ့များက အခွန်ကောက်သည့် ကိစ္စရပ်များရှိနေ၍ ဖြစ်ကြောင်း အထက်ပါကော်မတီမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။
‘‘အောက်တိုဘာလအတွင်း မှာ ပြန်ခွင့်ပြုဖို့ ခန့်မှန်းထားပါ တယ်။ အခုတော့ ပြန်လည်ညှိနှိုင်းစရာတွေရှိနေသေးတယ်’’ဟု ၎င်း က ဆက်လက်ပြောကြားသည်။
ပြီးခဲ့သည့် မေလအတွင်းက ဒဘယ်ကတ်ယာဉ် (Pick Up) များကို နယ်စပ်လမ်းကြောင်းမှ တင်သွင်းခွင့်ပြုမည်ဟု ကြေညာခဲ့ခြင်း ဖြစ်သည်။

မဲစာရင်းကြည့်ရှုရေး အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်ရန် အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းမည်

ဇွန်လ ၂၂ ရက်တွင် ထုတ်ပြန်ကြေညာမည့် ရခိုင်ပြည် နယ်ရှိ အခြေခံမဲဆန္ဒရှင်စာရင်းများအား ပြည်သူများကြည့်ရှုရန် အသိပညာပေးလုပ်ငန်းကိုအရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌဦးအောင်မြကပြောသည်။
‘‘အခြေခံမဲဆန္ဒရှင် စာရင်း မထုတ်ပြန်ခင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်နဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ ပူးပေါင်းပြီးတော့ အသိပညာပေး တာ၊ လက်ကမ်း စာစောင်တွေ ဖြန့်ဝေတာ၊ ပိုစတာတွေနဲ့ အသိ ပေးတာ၊ အသံချဲ့စက်နဲ့ လှည့် လည်ကြေညာတာတွေ ပြုလုပ် သွားမှာဖြစ်ပါတယ်’’ဟု ဦးအောင် မြကပြောသည်။

Thursday, June 18, 2015

တရုတ်နှင့် သြစတြေးလျ သမိုင်းဝင် ကုန်သွယ်ရေး သဘောတူစာချုပ် လက်မှတ်ထိုး

ဆယ်စုနှစ် တစ်နှစ်ကြာ ဆွေးနွေးပွဲများ ပြုလုပ်ပြီးနောက် တရုတ်နှင့် သြစတြေးလျတို့သည် ဇွန် ၁၇ က သမိုင်းဝင် ကုန်သွယ်ရေး သဘောတူညီချက် တစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြသည်။
ယင်းသို့ သဘောတူညီချက်အရ များပြားလှသော ကဏ္ဍများတွင် နှစ်နိုင်ငံခြား သွင်းကုန်ပို့ကုန်ခွန်များ ဖျက်သိမ်းခြင်းကြောင့် စီးပွားရေးနှင့် အလုပ်အကိုင်များ တိုးတက်လာမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင်းလူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်ဖြစ်နေကြောင်း မီးမောင်းထိုပြသည့် “This Kind of Love” မှတ်တမ်းရုပ်ရှင် လူ့အခွင့်ရေး ရုပ်ရှင်ပွဲတော်တွင် ပြသ

ရန်ကုန်မြို့ဝဇီရာရုံတွင် ပြုလုပ်နေသည့် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာရုပ်ရှင်ပွဲတော်တွင် ဝင်ရောက်ပြသသည့် ဂေးလ်တစ်ဦးအကြောင်း ရိုက်ကူးပြသထားသော မှတ်တမ်းရုပ်ရှင်သည် ပြီးခဲ့သည့်ကာလများအတွင်း နိုင်ငံအတွင်း ဒီမိုကရေစီအသွင်ပြောင်းမှုကို ဆောင်ရွက်နေလင့်ကစား ယခင်စစ်အာဏာရှင်ခေတ်ကအတိုင်း လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်ဟု မီးမောင်းထိုးသတိပေးထားသည်။

၂၀၁၆ ခုနှစ်တွင် အမေရိကန်က အသုံးစရိတ် ကြီးမားမှုကို အရှိန်လျှော့မည်

အင်္ဂါနေ့ (ဇွန် ၁၆)က ထုန်ပြန်ခဲ့တဲ့ အစိုးရ စစ်တမ်းတစ်ရပ်အရ ဝင်ငွေဘဏ္ဍာ အထိုက်အလျောက်သာ တိုးတက်မှု ရှိနေသောကြောင့် ခန့်မှန်းခြင်းနှင့် ဘတ်ဂျက်လျာထားခြင်းကို သတိနှင့် ချဉ်းကပ်လုပ်ဆောင်နေရသည့်အတွက် အမေရိကန် အစိုးရသည် ၂၀၁၆ ဘဏ္ဍာနှစ်တွင် အသုံးစရိတ် ကြီးမားမှုကို အရှိန်လျှော့ချရန် စီစဉ်နေသည်။

အမျိုးသားပညာရေးဥပဒေ ပြည်ထောင်စုလွှတ်တော်အတည်ပြု၊ ကျောင်းသားများတောင်းဆိုချက်များ ပြန်လည်ပါရှိမှု နည်းပါး



 ပြည်ထောင်စုလွှတ်တော်က ယနေ့ (ဇွန် ၁၈ရက်တွင်) အတည်ပြုလိုက်သည့်အမျိုးသားပညာရေးဥပဒေ တွင်ကျောင်းသားများတောင်း ဆိုချက်များ လွှတ်တော်တွင် ရှုံးနိမ့်သွားသည့်အတွက် ဆပ်စပ်ဥပဒေများတွင် ဥပဒေဘောင်အတွင်းက တောင်းဆိုသွားရန် လိုအပ်သည်ဟု အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ရီက မီဒီယာများကို ပြောသည်။

စက်သုံးဆီနှင့် စားသောက်ဆီ သွင်းကုန်များအတွက် နိုင်ငံခြားငွေကို ဗဟိုဘဏ် ဖြည့်ဆည်းပေးမည်

စက်သုံးဆီနှင့် စားသောက်ဆီ သွင်းကုန်များအတွက် လိုအပ်မည့် နိုင်ငံခြားငွေကို ဗဟိုဘဏ်၏ သတ်မှတ်နှုန်းအတိုင်း အကန့်အသတ်မရှိ ပြည်တွင်းဘဏ်များမှတဆင့် ရောင်းချပေးတော့မည်ဖြစ်ကြောင်း သိရသည်။ဗဟိုဘဏ်က ပြည်တွင်းဘဏ်များမှ တဆင့် ရောင်းချပေးမှာဖြစ်ကြောင်း ဇွန် ၁၇ ရက်နေ့ နေပြည်တော် ဗဟိုဘဏ် အစည်းအဝေး၌ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။မရှိမဖြစ်လိုအပ်ပြီး လစဉ် ဒေါ်လာ သန်း ၂၀၀-၃၀၀ ပမာဏ စက်သုံးဆီနှင့် စားသုံးဆီတင်သွင်းသူများအနေဖြင့် ငွေချေရန် လိုအပ်သည့် နိုင်ငံခြားငွေကို ဈေးကွက်အတွင်းမှ ၀ယ်ယူရန် မလိုအပ်တော့ပဲ ဗဟိုဘဏ်က ဖြည့်ဆည်းပေးမည့် အစီအစဉ် ဖြစ်သည်။

NNER ၏ ညီလာခံက ကျောင်းသားများ ပြန်လည်လွတ်မြောက်ရေးအပါအ၀င် အချက်နှစ်ချက်တောင်းဆို


ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ယက် (NNER)၏ ဒုတိယအကြိမ် ပညာရေးညီလာခံ ပထမနေ့တွင် ကျောင်းသား များ ပြန်လည်လွှတ်မြောက်ရေး အပါအ၀င် အချက်နှစ်ချက်ကို ညီလာခံက တောင်းဆိုလိုက်သည်။
ဒုတိယအကြိမ် NNER ညီလာခံကို ရန်ကုန်မြို့ ကြည့်မြင်တိုင် မျက်မမြင်ကျောင်းသူ ဇွန် ၁၈ရက်က ကျင်းပစဉ်။ (ဓာတ်ပုံ-NNER Facebook)

မွတ်စလင်အများစုနေထိုင်ရာ ရှင်ကျန်းဒေသတွင် အစိုးရ၀န်ထမ်းများ ရာမဒန်ဥပုသ်စောင့်ခွင့် တရုတ်အစိုးရ တားမြစ်ပိတ်ပင်

 တရုတ်အစိုးရက မွတ်စလင်အများစုနေထိုင်သည့် ရှင်ကျန်းဒေသအတွင်း အစိုးရ၀န်ထမ်းများ၊ ကျောင်းသားများနှင့် ဆရာများကို ဇွန် ၁၈ ရက် က စတင်သည့် ရာမဒန်ကာလအတွင်း ဥပုသ်စောင့်ခြင်းကို ပိတ်ပင်တားမြစ်လိုက်ပြီး၊ စားသောက်ဆိုင်များကိုလည်း ပုံမှန်အတိုင်းဖွင့်ရန် အမိန့်ပေးထားသည်ဟု သိရသည်။မွတ်စလင်အများစုမှာ ရာမဒန်ကာလအတွင်း မိုးလင်းမှမိုးချုပ် ဥပုသ်စောင့်ရန် လိုအပ်သော်လည်း တရုတ်နိုင်ငံ၏ အာဏာရ ကွန်မြူနစ်ပါတီက မွတ်စလင်ဝီဂါအများ စု နေထိုင်ရာ ရှင်ကျန်းတွင် ထိုအလေ့အထကို ကန့်သတ်ပိတ်ပင်ထားသည်။

ယန်စီမြစ်အတွင်း တရုတ်ကုန်တင်သင်္ဘောတစ်စင်း တိမ်းမှောက် အသေအပျောက်မသိရသေး

 တရုတ်နိုင်ငံရှေ့ပိုင်း နန်ကျင်းမြို့အနီး ယန်စီမြစ်ထဲတွင် တရုတ်ကုန်တင်သင်္ဘောတစ်စင်း တိမ်းမှောက်သွားခဲ့ကြောင်း နိုင်ငံပိုင် သတင်း မီဒီယာက င် ဇွန် ၁၈ ရက်တွင် ဖော်ပြခဲ့သည်။
ဇွန်လ ၁ရက်နေ့က အလယ်ပိုင်း ဟူပေါင်ပြည်နယ်အတွင်း ယန်စီမြစ်ထဲတွင် ခရီးသည်တင် သင်္ဘောတစ်စင်း တိမ်းမှောက်ပြီးနောက် လူပေါင်း ၄၄၂ဦး သေဆုံး ခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၁၄ခုနှစ် ကမ္ဘာလုံးဆိုင်ရာ စစ်ပွဲကုန်ကျစရိတ် ဒေါ်လာ ၁၄ ဒသမ ၃ ထရီလီယံရှိ

၂၀၁၄ခုနှစ်က ကမ္ဘာလုံးဆိုင်ရာစစ်ပွဲ ကုန်ကျစရိတ်မှာ ဒေါ်လာ၁၄ဒသမ၃ထရီလီယံအထိရောက်ရှိခဲ့ကြောင်း Institute for Economics and Peace ၏ အစီအရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်။ ယင်းငွေကြေးပမာဏမှာ ကမ္ဘာလုံးဆိုင်ရာ ဂျီဒီပီ၏ ၁၃ဒသမ၄ရာခိုင်နှုန်းရှိသည်။
လွန်ခဲ့သည့်နှစ်က ကမ္ဘာလုံးဆိုင်ရာပဋိပက္ခများ၏ ကုန်ကျမှုသည် ဗြိတိန်၊ ဂျာမနီ၊ ပြင်သစ်၊ ဘရာဇီး၊ ကနေဒါနှင့် စပိန်တို့၏ ပေါင်းစည်းစီးပွားရေးနှင့် ညီမျှသည်ဟု သြစတြေးလျအခြေစိုက် အဆိုပါအုပ်စု၏ မကြာသေးမီက ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ စာရင်ဇယားများအရ စစ်ပွဲကုန်ကမှုမှာ ၂၀၀၈နောက် ပိုင်း ၁၅ဒသမ၃ရာခိုင်နှုန်းမြင့်မားလာခြင်းဖြစ်ပြီး ၂၀၀၈က ဒေါ်လာ ၁၂ဒသမ၄ ထရီလီယံရှိခဲ့သည်။

အမေရိကန်တွင် လူမည်းဘုရားရှိခိုးကျောင်းကို သံသယရှိလူဖြူတစ်ဦးက သေနတ်ဖြင့်ဝင်ပစ်

အမေရိကန်နိုင်ငံတောင်ပိုင်း ကယ်လီဖိုးနီးယားရှိ ချားလစ်တန်မြို့တွင် သမိုင်းဝင်လူမည်းဘုရားရှိခိုးကျောင်းတစ်ကျောင်းကို သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်မှုဖြစ် ပွားသည်။
Emanuel African Methodist Episcopal Church ဘုရားရှိခိုးကျောင်းတွင် ယင်းပစ်ခတ်မှုဒေသစံတော်ချိန် ကြာသပတေးနေ့ ညနေပိုင်းကဖြစ်ပွား သွားခြင်းဖြစ် သည်။
သေနတ်ဖြင့်ပစ်ခတ်သူအဖြစ် သံသယရှိသူ အသက် ၂၀ အရွယ်လူဖြူတစ်ဦးဖြစ်ပြီး ၎င်းနောက် ခြေရာခံလိုက်လံလျက်ရှိကြောင်း မြို့ရှိရဲဌာနက ပြောသည်။

မလေးရှား အတိုက်အခံမဟာမိတ်အဖွဲ့ ပြိုလဲ

မလေးရှားနိုင်ငံမှ အတိုက်အခံညွန့်ပေါင်းမဟာမိတ်အဖွဲ့သည် ခေါင်းဆောင် အန်ဝါအီဘရာဟမ် ဓမ္မတာသွေဖည်လိင်ဆက်ဆံမှုကြောင့် ထောင်ကနေချိန်လအတန် ကြာတွင် ပြိုကွဲသွားခဲ့သည်။
အန်ဝါ၏ လက်အောက်ရှိစဉ်က ယင်းအတိုက်အခံမဟာမိတ်အဖွဲ့ People's Alliance သည် အင်အားတောင့် အောင်မြင်သည့် ညွန့်ပေါင်းအဖွဲ့ဖြစ်ပြီး နိုင်ငံ လွတ်လပ်ရေးရစဉ်မှစကာ မလေးရှားညွန့်ပေါင်း အစိုးရအား ကြီးစွာထိုးနှက်ခြိမ်းခြောက်နိုင်သည့် အဖွဲ့ဖြစ်ခဲ့သည်။ သို့သော် ၎င်းဖမ်းဆီးခံရပြီးနောက်တွင် မူဝါဒရေးကြောင့် ပါတီသုံးခု ကွဲပြဲခဲ့သည်။

Wednesday, June 17, 2015

ထိုင်းရောက် မြန်မာများကို အကာအကွယ်ပေးရန် တောင်းဆိုသည့် အိတ်ဖွင့်ပေးစာ ထိုင်းသံအမတ်လက်ခံ

ထိုင်းနိုင်ငံတွင် အလုပ်လုပ်သည့် မြန်မာတိုင်းရင်းသူ အမျိုးသမီး တစ်ဦးကို ထိုင်းလူမျိုး ခြောက်ဦးက မဖွယ်မရာပြု ကျင့်ခဲ့သည့်အတွက် ထိုင်းရောက် မြန်မာအလုပ်သမားများကို ကာကွယ်စောင့်ရှောက်ပေးရန်နှင့် ကျူးလွန်သူကို ထိုင်းဥပဒေနှင့် အညီ ဆောင်ရွက်ပေးရန် ထိုင်းအစိုးရအား တောင်းဆိုဆန္ဒပြပွဲကို ဇွန်လ ၁၆ရက်က ရန်ကုန်ရှိ ထိုင်းသံရုံးရှေ့တွင် ပြုလုပ်ရန် စီစဉ်ထားသော်လည်း သံရုံးရှေ့တွင် ခွင့်မပြု၍ ဗိုလ်စိန်မှန်ကွင်းတွင်သာ ဆန္ဒပြခဲ့သည်ဟု သာသနစောင့်ရှောက်ရေးအဖွဲ့မှ ဦးဆောင်ဆရာတော် ဦးပါမောက္ခက မိန့်သည်။

အခြေခံဥပဒေကို သတ်မှတ်ကာလအမီ ပြင်ဆင်ရန်နှင့် မဲခွဲရာတွင် စက်ခလုတ် မသုံးရန် အကြံပြု

၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရာတွင် သတ်မှတ်သည့် အချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက်ရန်နှင့် မဲခွဲဆုံးဖြတ်ရာတွင် သံသယရှိဖွယ်အချက်များ ပေါ်ပေါက်နိုင်သည့် စက်ခလုတ် နှိပ်သည့်နည်းကို မသုံးဘဲ ရှင်းလင်းစွာ ဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ကော်မတီက ယနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တင်ပြခဲ့သည်။
“ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၆၃၄ ဦးတို့ ဆန္ဒမဲပေးရာတွင် စက်ခလုတ်နှိပ် အသုံးပြုပါက သံသယရှိဖွယ်ရာ အချက်များ ပေါ်ပေါက်လာနိုင်ကြောင်း သုံးသပ်ရရှိပါသည်။ ထို့ကြောင့် ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် မဲခွဲဆုံးဖြတ်ရာတွင် အများပြည်သူနှင့် နိုင်ငံတကာကလည်း စောင့်ကြည့်နေကြမည် ဖြစ်ပါ၍ ပွင့်လင်းမြင်သာမှု ရှိစေရန် ရှင်းလင်းစွာ ဆောင်ရွက်နိုင်ဖို့ လိုအပ်ပါသည်” ဟု ဆန္ဒမဲပေးသည့် စနစ်နှင့် ပတ်သက်ပြီး ဥပဒေကြမ်း ပူးပေါင်းကော်မတီက တင်ပြခဲ့သည်။

မကြာမီ သြစတြေးလျ တစ်ဒေါ်လာ စင်ကာပူ တစ်ဒေါ်လာဖြစ်လိမ့်မည်ဟု သြစတြေးလျဘဏ် ခန့်မှန်း

သြစတြေးလျ ထိပ်တန်းဘဏ်ကြီးမှ ကျွမ်းကျင်သူများ၏ ပြောကြားချက်အရ အားပျော့ လာနေသည့် သြစတြေးလျဒေါ်လာသည် လာမည့် ၆ လ (သိှု့မဟုတ်) ၁၂ လတွင် စင်ကာပူဒေါ်လာနဲ့ တန်ဖိုးချင်း ညီမျှသွားမည်ဟု ဆိုသည်။ ၂၀၁၂ ခုနှစ်အစောပိုင်းက အမာဆုံးဆင့် စင်ကာပူဒေါ်လာ ၁ ဒသမ ၃၄ နှုန်းကနေ အကြီးအကျယ် ကျဆင်းသွားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေး မရေရာမှုများ ရှိနေသည့်တိုင် ထိုင်းနိုင်ငံတွင် စီးပွားရေး အခွင့်အလမ်းများ ကြွယ်ဝနေဆဲဟုဆို

အစိုးရ အသုံးစရိတ်များ ကျဆင်းပြီး စားသုံးသူယုံကြည်မှု အားပျော့လာသော်လည်း Maybank Investment Bank ၏ စီအီးအို ဂျွန်ချောင်းကမူ ထိုင်းနိုင်ငံတွင် အခွင့်အလမ်းများ ကြွယ်ဝဆဲဟု ယုံကြည်နေသည်။အရှေ့တောင်အာရှရဲ့ ဒုတိယ စီးပွားရေးအင်အား အကြီးမားဆုံး ထိုင်းနိုင်ငံသည် နိုင်ငံရေး မသေချာ မရေရာမှုများနှင့် အိမ်ထောင်စု အကြွေးမြင့်မားမှုကဲ့သို့ လေဆန်ကို ရင်ဆိုင်နေရသော်လည်း မဟာမဲခေါင်ဒေသသို့ ဝင်ပေါက်ဖြစ်နေသည့် နိုင်ငံ၏ တည်နေရာကြောင့် ရင်းနှီးမြှုပ်နှံချင်စရာ နေရာတစ်ခု ဖြစ်နေသည်။

ရာစုနှစ်အတွင်း အဆိုးဝါးဆုံး မိုးခေါင်မှုကို မြောက်ကိုရီးယား ကြုံတွေ့နေ

 မြောက်ကိုရီးယားနိုင်ငံသည် ရာစုနှစ်အတွင်း အဆိုးဝါးဆုံးမိုးခေါင်မှုကို ကြုံတွေ့နေရလျက် ရှိသည်ဟု
နိုင်ငံပိုင် သတင်းဌာနတွင် ဖော်ပြပြီး ဆင်းရဲသည့်နိုင်ငံအတွက် စားနပ်ရိက္ခာပြတ်လပ်မှု စိုးရိမ်စိတ်များ ဖြစ်ပွားပေါ်ပေါက်နေရသည်။
ဆိုးရွားသည့် မိုးခေါင်မှုကြောင့် မြောက်ကိုရီးယားနိုင်ငံ၏ ဆန်အများဆုံး ထွက်ရှိရာ အဓိကပြည်နယ်တွင် ဆိုးဝါးစွာ ပျက်စီးမှုများဖြစ်နေကြောင်း ကိုရီးယား ဗဟိုနယူးစ် အေဂျင်စီ KCNA က သတင်းဖော်ပြသည်။

ပါလက်စတိုင်း အစိုးရ ၂၄ နာရီအတွင်း နှုတ်ထွက်မည်

ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ်စ်က ၎င်း၏ အစိုးရအဖွဲ့သည် ၂၄ နာရီအတွင်း နှုတ်ထွက်တော့မည်ဟု ကြေညာလိုက်ကြောင်း ဖာတက်ရှ် တာဝန်ရှိသူများက ပြောသည်။
"၂၄ နာရီအတွင်းမှာ ပါလက်စတိုင်း အစိုးရအဖွဲ့ နှုတ်ထွက်မှာ ဖြစ်ပါတယ်” ဟု အဘတ်စ်၏ ဖာတက်ရှ်လှုပ်ရှားမှု ပါတီမှ အကြီးတန်း အရာရှိကြီးတစ်ချို့က ပြောခဲ့သည်။ ပြီးခဲ့သည့် အင်္ဂါနေ့က ရာမယ်လက်ရှ် အနောက်ဖက်ကမ်းမြို့တွင် ၁၅ ကြိမ်မြောက် ဖာတက်ရှ် တော်လှန်ရေးကောင်စီ အစည်းအဝေးကျင်းပရာ၌ အဘတ်စ်က ယင်းသို့ ပြောခဲ့ခြင်းဖြစ်ကြောင်းကို ကိုးကား၍ တာဝန်ရှိသူများက ပြောကြားခြင်း ဖြစ်သည်။

Tuesday, June 16, 2015

“အမှိုက်သိမ်းလုပ်ငန်း ပုဂ္ဂလိကကို တင်ဒါ ခေါ်တာ ဘာဖြစ်သွားသလဲ”

အခုဆိုရင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက စီစဉ်နေတဲ့ အမှိုက်သိမ်း လုပ်ငန်း ပုဂ္ဂလိကကို လုပ်ကိုင်ခွင့်ပေးဖို့၊ အမှိုက်သိမ်းခ သုံးဆကနေ လေးဆ ကောက်ခံမယ့်ကိစ္စ လူထုသဘောထား ဆန္ဒကောက်ခံတဲ့ကိစ္စ အဖြေထွက်လာပါပြီ။ ဒီကိစ္စ သဘောထား ဆန္ဒပေးသူ ၈၀ ရာခိုင်နှုန်းကျော်က သဘောမတူဘူးလို့ ဆိုပါတယ်။ ဒါကြောင့် ရန်ကုန်စည်ပင်ဟာ အမှိုက်သိမ်းတာကို ကိုယ့်ဖာသာကိုယ်ပဲ ဆက်လုပ်မယ်ဆိုပြီး မြို့တော်ဝန်က ပြောလာပါပြီ။ ရန်ကုန်မြို့တော်က အမှိုက်သိမ်းတဲ့ကိစ္စ စည်ပင်က ခုလို ကိုင်တွယ်ဖြေရှင်းပုံဟာ မှန်ကန်ပါရဲ့လား။ အမှိုက်သိမ်းတဲ့ကိစ္စ ဘယ်လို ဖြစ်သင့်သလဲဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

တိုင်းရင်းသားမဲ ဘယ်သူယူမလဲ

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို လာမည့် လပိုင်းအတွင်း ကျင်းပတော့မည်ဖြစ်ရာ တိုင်းရင်းသား ဒေသများတွင် ပြိုင်ဆိုင်မှုများ ပြင်းထန်လာဖွယ် ရှိနေသည်။
တိုင်းရင်းသားဒေသ ပြည်နယ်များတွင် သက်ဆိုင်ရာ တိုင်းရင်းသား ပါတီများမှာလည်း အပြိုင်းအရိုင်း ရှိလှသည်။ ပြည်နယ်များတွင် တိုင်းရင်းသားပါတီများက တစ်ခုထက်မက ရှိနေကြသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်ထားသော တိုင်းရင်းသား နိုင်ငံရေးပါတီများမှာ လေးဆယ်ကျော် ရှိနေပြီး။ နိုင်ငံရေးပါတီ စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်း ရှိလေသည်။ သို့သော် အများစုမှာ တိုင်းရင်းသား နိုင်ငံရေးပါတီငယ်များသာ ဖြစ်သည်။

ဆော်ဒီအာရေးဗီးယား လေကြောင်းလိုင်းက ဒေါ်လာ ရှစ်ဘီလီယံ တန်ဖိုးရှိ အဲဘတ်စ်လေယာဉ် အစင်း ၅၀ မှာယူ

 ဆော်ဒီအာရေးဗီးယား လေကြောင်းလိုင်းက ဒေါ်လာ ရှစ်ဘီလီယံ ဝန်းကျင် တန်ဖိုးရှိ အဲဘတ်စ် ခရီးသည်တင်လေယာဉ် အစင်း ၅၀ ကို မှာယူလိုက်ပြီဖြစ်ကြောင်း ၎င်းလေကြောင်းလိုင်းက ပါရီလေကြောင်းပြပွဲတွင် ဇွန် ၁၅ ရက်က ကြေညာခဲ့ခြင်းဖြစ်သည်။မှာယူသည့် လေယာဉ်များတွင် Airbus A330-300 Regionals လေယာဉ်အစင်း ၂၀ နှင့် Airbus A320ceos လေယာဉ် အစင်း ၃၀ ပါဝင်ကြောင်း အဲဘတ်စ်က ပြောကြားခဲ့သည်။ ထို့အပြင် ဆော်ဒီလေကြောင်းလိုင်းသည် Regionals များကို ပထမမဆုံး ပျံသန်းမည့် လေကြောင်းလိုင်း ဖြစ်မည်ဟုလည်း အဲဘတ်စ်က ပြောကြားခဲ့သည်။ အလယ်အလတ် အရွယ်အစားရှိ ယင်းလေယာဉ် သည် ခရီးသည် ၄၀၀ အထိ တင်ဆောင်နိုင်ပြီး ကီလိုမီတာ ၅,၀၀၀ အကွာအဝေးထိ ပျံသန်းနိုင်သည်။
mizzima

ဟိုတယ်ခရီး ကျွမ်းကျင်ပညာရှင်များအသင်းက ဟိုတယ်ကျွမ်းကျင် ဝန်ထမ်းရှားပါးမှုကို ဖြေရှင်းမည်ဟုဆို

 မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်မှ ကြီးမှူး၍ မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွား ကျွမ်းကျင်ပညာရှင်များ အသင်းများအား ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံရှိ ဟိုတယ် ကျွမ်းကျင်ဝန်ထမ်း ရှားပါးမှုကို ဖြေရှင်းသွားမည်ဟု အသင်း၏ ဒုတိယ ဥက္ကဋ္ဌ ဦးမင်းရန်နိုင်က ပြောသည်။
မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းမှာ တစ်နှစ်ထက် တစ်နှစ် မြင့်လာပြီး နှစ်စဉ်ဝင်ရောက်သည့် နိုင်ငံခြားခရီးသွားများ တည်းခိုနေထိုင်ရန် ဟိုတယ်များလည်း ဖွံ့ဖြိုးတိုးတက်လာသော်လည်း ဟိုတယ်လုပ်ငန်းတွင် ကျွမ်းကျင်ဝန်ထမ်း ရှားပါးလျှက်ရှိသည်။

ထိုင်းက မြန်မာနှင့် စွမ်းအင်ကဏ္ဍအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးမည်

 ထိုင်း စွမ်းအင်ဝန်ကြီး နာရွန်ချိုင်း အက်ခရာဆနီးသည် မြန်မာ့ လျှပ်စစ်စွမ်းအားနှင့် စွမ်းအင် ဝန်ကြီးဌာနတို့နှင့် ယနေ့ နေပြည်တော်တွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးမည်ဟု ထိုင်းစွမ်းအင် ဝန်ကြီးဌာန၏ ပေါ်လစီနှင့် မဟာဗျူဟာ ညှိနှိုင်းကွပ်ကွဲရေးရုံးမှ ဒါရိုက်တာ ဆာရာဝပ် ကူတာသစ်က ပြောကြားကြောင်း ဇွန် ၁၅ ရက်က သည်နေရှင် သတင်းတစ်ရပ်အရ သိရှိရသည်။
ဤနားလည်မှုစာချွန်လွှာ သဘောတူညီချက်များထဲတွင် နယ်စပ်ဖြတ်ကျော် ဓာတ်ငွေ့ ပိုက်လိုင်းများ ဖြန့်ချမှု၊ ရေနံရှာဖွေရေးနှင့် ထုတ်လုပ်ရေး၊ ရေနံချက်လုပ်ငန်းများ တိုးတက်ရေးနှင့် ရေနံထွက်ပစ္စည်းများ ပူးတွဲထုတ်လုပ်ရေးကဲ့သို့သော ရေစုန် ရေဆန် ရေနံလုပ်ငန်းများ ဖွံ့ဖြိုးရေးတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှုများ ပါဝင်မည်ဖြစ်သည်။

ရွှေ့ပြောင်းအခြေချသူများအရေး အီးယူဆွေးနွေးမည်

မြေထဲပင်လယ်ရှိ ရွှေ့ပြောင်းအခြေချသူအကျပ်အတည်းကို ဖြေရှင်းရေး အီးယူပြည်ထဲရေးဝန်ကြီးများ ဆွေးနွေးရန်ရှိသည်။ သဘောတူညီ ချက်မရရှိပါက ပြင်းပြင်းထန်ထန်တုံ့ပြန်ရန် အီတလီက ခြိမ်းခြောက်နေသည်။လူဇင်ဘတ်ရှိ ဆွေးနွေးပွဲများတွင် အဓိကပြသနာတစ်ခုမှာ ခိုလှုံခွင့် ရှာဖွေသူများကို အီးယူ ၂၈ နိုင်ငံတစ်ဝန်း ပိုမိုညီမျှစွာ ချထာမည့် အစီအစဉ်တစ်ခုဖြစ်သည်။

အငှားအိမ်ရာဆောက်လုပ်ရန် ရန်ကုန်တိုင်းအစိုးရ ကျပ်သန်း နှစ်သောင်း ထောက်ပံ့ငွေရထား

 နေစရာအခက်အခဲရှိပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများနေထိုင်ရေးအတွက် အငှားအိမ်ရာ စီမံကိန်းများ အကောင် အထည်ဖော်ရန် ထောက် ပံ့ငွေအဖြစ် ကျပ်ငွေဘီလီယံ ၂၀(ကျပ်သန်း နှစ်သောင်း) ရရှိထားသည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ဇွန်လ ၁၆ ရက်က ပြုလုပ်သည့် တိုင်းလွှတ်တော်အစည်းအဝေးတွင် ပြောဆိုလိုက်သည်။
 ကျပ်ငွေဘီလီယံ ၂၀ကို ပြည်ထောင်စုအစိုးရအဖွဲ့က  ထောက်ပံ့ငွေအဖြစ် ယခုဘဏ္ဍာနှစ်တွင် ပေးအပ်ခဲ့ခြင်း ဖြစ်ပြီး အငှားအိမ်ရာများဆောက်လုပ်သွားမည်ဟု ဝန်ကြီးက ပြောသည်။
 အဆိုပါ ထောက်ပံ့ငွေများဖြင့် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ် ၁၄၁/၂ အမှတ် ၂ လမ်းမကြီးနှင့်မဟာဗန္ဓုလလမ်းထောင့်ရှိ အစိုးရမြေဖြစ်သော ဧကပေါင်း ၁၂ဒဿမ ၅၃၄ ပေါ်တွင် အငှားအိမ်ရာများ ယခုဘဏ္ဍာနှစ်အတွင်း တည်ဆောက်ကာ အငှားချထားပေးမည်ဟု ဆိုသည်။

၂၀၁၅ ရွေးကောက်ပွဲအတွက် စောင့်ကြည့်လေ့လာသူ ရှစ်သောင်းကျော် လိုအပ်သော်လည်း အင်အား အပြည့်မရနိုင်ဟုဆို

လာမည့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ကျွမ်းကျင်သည့် စောင့်ကြည့်လေ့လာသူ အရေအတွက် ရှစ်သောင်းကျော် လိုအပ်သော်လည်း  လက်ရှိ ဖြစ်ပေါ်နေသောအခြေအနေများအရ လိုအပ်သည့် အင်အားအပြည့်အ၀မရနိုင်ဟု  Forward Institute ၏ရွေးကောက်ပွဲ အသိပညာပေးခြင်းနှင့် လေ့လာစောင့်ကြည့်ခြင်းပူးပေါင်းဆောင်ရွက်သူများအဖွဲ့ (VEP)မှ အမှုဆောင်ဒါ ရိုက်တာ ဦးသန့်စင်အောင်က  ဇွန် ၁၆ ရက်ကပြောသည်။

ချင်းပြည်နယ် စစ်ရှောင်ဒုက္ခသည်များ ရိက္ခာပြတ်လပ်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေဟုဆို

 အစိုးရတပ်မတော်နှင့် ရခိုင်တပ်မတော် (AA) တို့ တိုက်ပွဲများဖြစ်ပွားမှုကြောင့် ဖြစ်ပေါ်လာသည့် စစ်ဘေးရှောင် ဒုက္ခသည် ၃၅၀ ကျော်တို့ ရိက္ခာပြတ်လပ်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့ လိုအပ်နေကြောင်း ချင်းပြည်နယ် ပျဉ်ဆိုကျေးရွာ ကူညီထောက်ပံ့ရေး ကော်မတီမှ တွဲဖက်ဘဏ္ဍာရေးမှုး ဆလိုင်ကျော်အောင်က ဇွန်လ ၁၆ရက်တွင် မဇ္ဈိမကို ပြောသည်။

ဖားကန့်တွင် အစိုးရတပ်မတော် နှင့် ကေအိုင်အေ တိုက်ပွဲပြန်ဖြစ်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကချင်လွတ်လပ်ရေးအဖွဲ့ (KIA) တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ ဘက်သို့ ဇွန်လ ၁၆ ရက် နံနက် ၅ နာရီက တိုက်ခိုက်လာသဖြင့် တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့သည်ဟု ဖားကန့်ဒေသခံများနှင့် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) က ပြောသည်။
 KIA တပ်ရင်း ၆ ရှေ့တန်းစခန်းရှိရာ နမ်ဂျန်ခခူး (Nam Jan hka hku) တပ်စခန်းရှိရာအနီးသို့ အစိုးရ စစ်တပ် ခမရ တပ်ရင်း ၄၂၄ တပ်ဖွဲ့တို့ လက်နက်ကြီးများဖြင့် ပစ်ခတ်၍ လမ်းကြောင်း သုံးကြောင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်လာသဖြင့် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။