ဇူလိုင် ၁ ရက်မှစ၍ ဒဘယ်ကတ်ယာဉ်များနယ်စပ်မှ တင်သွင်းခွင့်ကို ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာကြီးကြပ်ရေးကော်မတီက ဇွန်လ ၁၈ ရက်တွင် ထုတ်ပြန်ကြေညာသည်။
ပြန်လည်ရုပ်သိမ်းရခြင်းမှာ Brand New တင်သွင်းသူများနှင့် ပင်လယ်ရေကြောင်းမှ တင်သွင်း သူများ၏ ကန့်ကွက်မှုများ၊ တိုင်းရင်းသား လက်နက်ကိုင် တပ် ဖွဲ့များက အခွန်ကောက်သည့် ကိစ္စရပ်များရှိနေ၍ ဖြစ်ကြောင်း အထက်ပါကော်မတီမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။
‘‘အောက်တိုဘာလအတွင်း မှာ ပြန်ခွင့်ပြုဖို့ ခန့်မှန်းထားပါ တယ်။ အခုတော့ ပြန်လည်ညှိနှိုင်းစရာတွေရှိနေသေးတယ်’’ဟု ၎င်း က ဆက်လက်ပြောကြားသည်။
ပြီးခဲ့သည့် မေလအတွင်းက ဒဘယ်ကတ်ယာဉ် (Pick Up) များကို နယ်စပ်လမ်းကြောင်းမှ တင်သွင်းခွင့်ပြုမည်ဟု ကြေညာခဲ့ခြင်း ဖြစ်သည်။