Wednesday, August 7, 2013

တမလွန်ရောက် ဇနီး၏အမည်ဖြင့် တန်ဖိုးနည်းဖုန်းပေါက်၍ ထုတ်သွားသူ ရာအိမ်မှူးအား အရေးယူပေးရန် တိုင်ကြား


ငါးလကျော်က သေဆုံးခဲ့သော ဇနီး၏ အမည်ဖြင့် တန်ဖိုးနည်းဖုန်း ပေါက်၍ ထုတ်သွားခဲ့သော ရာအိမ်မှူး အား အရေးယူပေးရန် ရပ်ကွက်နေသူ တစ်ဦးက အင်းစိန်မြို့နယ် အုပ်ချုပ်ရေး မှူးထံသို့ တိုင်တန်းလိုက်သည်။

ရန်ကုန်တိုင်းဒေသကြီး အင်းစိန် မြို့နယ်၊ ပိန္နဲကုန်းရပ်ကွက်မှ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင် ရာအိမ်မှူး တစ်ဦး ဖြစ်သူက ဇူလိုင် ၃ဝ ရက်တွင် ပိန္နဲ ကုန်းရပ်ကွက် တန်ဖိုးနည်းဖုန်း ရောင်း ချရေးကော်မတီမှ ပေါက်မဲအမှတ် ၇၄ ဖြင့် ထုတ်ယူသွားခဲ့ခြင်း ဖြစ်သည်ဟု တိုင်တန်းသူ ဦးဘိုဘိုတင်က ဆိုသည်။

ပြင်ပဈေးကွက်တွင် ငွေကျပ် ၁၅၀၀ တန် တန်ဖိုးနည်း GSM ဖုန်းများ ပေါက်ဈေး တစ်သိန်းကျော် အထိ ရှိသော်လည်း ၀ယ်မရ

Photo: ပြင်ပဈေးကွက်တွင် ငွေကျပ် ၁၅၀၀ တန် တန်ဖိုးနည်း GSM ဖုန်းများ ပေါက်ဈေး တစ်သိန်းကျော် အထိ ရှိသော်လည်း ၀ယ်မရ 

Wednesday, August 7, 2013

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ လေးကြိမ်မြောက်  ရောင်းချပေးနေသည့် တန်ဖိုးနည်း GSM နှင့် CDMA ဖုန်းများ၏ တန်ဖိုးမှာ ငွေကျပ် ၁၅၀၀ ဖြင့် ရောင်းချပေး နေသော်လည်း ပြင်ပတွင် အဆိုပါ ဖုန်းများ၏ တန်ဖိုးမှာ ငွေကျပ်တစ်သိန်းကျော် အထိ ဈေးပေါက်နေလျက် ရှိကြောင်း  မိုဘိုင်းလ် အရောင်းဆိုင်များမှ သိရသည်။

ငွေကျပ် ၁၅၀၀ တန် GSM နှင့် CDMA ဖုန်းများကို ပြင်ပအရောင်း ဆိုင်များတွင် ရောင်းချခွင့်ကို  မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ လုပ်ကိုင်ခွင့် မပြုခဲ့သော်လည်း ပြင်ပ အရောင်းဆိုင် အချို့ တွင် အဆိုပါ ငွေကျပ် ၁၅၀၀ တန် ဖုန်းများကို စတင်ရောင်းချစဉ် အခါကပင် ဈေးနှုန်းမှာ အနည်းဆုံး ငွေကျပ်ရှစ်သောင်းမှ အများဆုံး ငွေကျပ်နှစ်သိန်း အထိ ဈေးပေါက်လျက် ရှိသည်။

CDMA 800 MHz ဖုန်းများမှာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ စတင် ရောင်းချပေးခဲ့စဉ် အချိန်က ပြင်ပ ဆိုင်များတွင် ၀ယ်ယူ၍ မရခဲ့သော်လည်း ပြည်သူများ ကြားတွင် အချိတ်ဆက် ပြုလုပ်ကာ ပေါက်ဈေး ငွေကျပ် သုံးသောင်းမှစတင်ကာ ငွေကျပ်တစ်သိန်း ပေးဝယ်သည်အထိ ဈေးနှုန်းများ မြင့်တက်ခဲ့ကြောင်း သိရသည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ လေးကြိမ်မြောက် အဖြစ် ထပ်မံ ထုတ်ပေးထားသည့် တန်ဖိုးနည်း GSMဖုန်းများမှာ လက်ရှိပြင်ပ ဈေးကွက်တွင် ငွေကျပ် တစ်သိန်းနှစ်သောင်းမှ ငွေကျပ်တစ်သိန်းခွဲ အထိ ဈေးနှုန်း မြင့်မားနေသော်လည်း ဖုန်းအရောင်း ဆိုင်များတွင် မဲပေါက် သူများမှ ပြန်လည် ရောင်းချထားသည့် ကတ်များကိုပင် ၀ယ်ယူရရှိနိုင်ခြင်း မရှိသည် အထိ ရောင်းအား ကောင်းမွန်နေလျက် ရှိသည်။

““အခု ထပ်ချပေးတဲ့ GSM ဆင်းကတ်တွေက လူကြိုက် ပိုများနေတယ်။ အရင်ချ ပေးတုန်းက   ဒီလောက်အရောင်း အ၀ယ်မဖြစ်ဘူး။ အခုချပေးတဲ့ ဆင်းကတ်တွေ ကျတော့ ဆိုင်မှာတောင် မရှိတော့တဲ့ အထိကို ရောင်းအား ကောင်းတယ်။ အခု ဒီကတ်တွေရဲ့ ပေါက်ဈေးနှုန်းက တစ်သိန်းလေးသောင်း ပေါက်တယ်။ ဒီဖုန်းတွေရဲ့ ဈေးနှုန်းက တည်ငြိမ်မှု မရှိဘူး။   အမျိုးမျိုး ပြောင်းတယ်””  ဟု Mobile  House မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

တန်ဖိုးနည်း ငွေကျပ် ၁၅၀၀ တန် ဖုန်းများ ထွက်ပေါ်လာခြင်းကြောင့် ဖုန်းဈေးကွက် အတွင်း ယခင်က တန်ဖိုးနည်း ဖုန်းအဖြစ် ပထမဆုံး ချထားပေးခဲ့သည့် CDMA ငါးသိန်းတန်ဖုန်း များဖြစ်သော ၀၉-၉၁.... ဖုန်းများ၏ ဈေးနှုန်းမှာ အင်တာနက်မပါ ရောင်းဈေး ငွေကျပ် သုံးသိန်းသာ ပေါက်ဈေး ရှိတော့ကြောင်း ဖုန်းရောင်းဝယ် သူများထံက သိရသည်။

အဆိုပါ ငွေကျပ် ငါးသိန်းတန်ဖုန်းများ နည်းတူ ငွေကျပ် နှစ်သိန်းတန် GSM ဖုန်းများမှာလည်း  ၀ယ်ယူသူပင် မရှိသလောက် ရှားပါးနေပြီး အရောင်းဆိုင်များတွင် ရောင်းမကုန် တော့ကြောင်း အဆိုပါ မိုဘိုင်းလ် အရောင်းဆိုင်များမှ သိရသည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) နှင့် ပူးပေါင်း၍ WCDMA 800 MHz မိုဘိုင်းလ်ဖုန်း လိုင်းများကို ငွေကျပ် ၁၅၀၀ ဖြင့် ဧပြီလအတွင်း စတင် ရောင်းချပေးခဲ့ပြီး CDMA ဖုန်းလိုင်း အသုံးမပြုနိုင်သည့် နေရာဒေသ တချို့တွင် WCDMA  ဖုန်းလိုင်း အနည်းငယ်ကို ယခင်က ရောင်းချပေးခဲ့သည်။

ယခင် ချထားပေးသည့် ဖုန်းလိုင်း အရေအတွက်မှာ ၁၀ သိန်းကျော် အထိ ချထားပေးပြီး ဖြစ်သည့် MEC ၏ CDMA 800 MHz မိုဘိုင်းလ်ဖုန်းလိုင်း ကွန်ရက်သည် လက်ရှိ အချိန်၌ ပြည့် ကျပ်မှု ဖြစ်ပေါ်လာကြောင်း၊ ဆက်လက် တိုးချဲ့နေသည့် မိုဘိုင်းလ် ကွန်ရက်များမှာ 3G   စနစ် အသုံးပြုသည့် GSM မိုဘိုင်းလ်ဖုန်းလိုင်း ကွန်ရက်များသာ ဖြစ်ကြောင်း မိုဘိုင်းလ် အင်ဂျင်နီ ယာမှူး တစ်ဦးက ပြောကြားခဲ့သည်။

Myawady

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ လေးကြိမ်မြောက် ရောင်းချပေးနေသည့် တန်ဖိုးနည်း GSM နှင့် CDMA ဖုန်းများ၏ တန်ဖိုးမှာ ငွေကျပ် ၁၅၀၀ ဖြင့် ရောင်းချပေး နေသော်လည်း ပြင်ပတွင် အဆိုပါ ဖုန်းများ၏ တန်ဖိုးမှာ ငွေကျပ်တစ်သိန်းကျော် အထိ ဈေးပေါက်နေလျက် ရှိကြောင်း မိုဘိုင်းလ် အရောင်းဆိုင်များမှ သိရသည်။

ကမ္ဘာ့အသက်အငယ်ဆုံး Apple ပရိုဂရမ်မာ


Photo: ကမ္ဘာ့အသက်အငယ်ဆုံး Apple ပရိုဂရမ်မာ
=======================

Wednesday, August 07, 2013

ကမ္ဘာ့အသက်အငယ်ဆုံး Apple ပရိုဂရမ်မာကတော့ စင်္ကာပူနိုင်ငံက ကလေးငယ် Lim Ding Weng ဖြစ်ပါတယ်။ သူ့အသက် ၉ နှစ်အရွယ် (၂၀၀၉ခုနှစ်) မှာ Apple – iPad, iPhone တို့မှာ ဆော့ ကစားနိုင်မယ့် Doodle kids အမည်ရ Application ကို ဖန်တီးနိုင်ခဲ့ပါတယ်။

သူဟာ အသက် ၇ နှစ်အရွယ်ကတည်းက ဆော့ဖ်ဝဲ Developing ပညာရပ် ကိုလေ့လာ အသုံးချခဲ့သူ ဖြစ်ပါတယ်။ Doodle Kids အမည်ရ App ကို ဖြန့်ဝေပြီး စစချင်း iTune စတိုးမှာ ဒေါင်းလုခ်ဆွဲမှု အကြိမ်ပေါင်း ၈သိန်း၈သောင်း ကျော်လွန်ခဲ့ပါတယ်။ ယင်း App ကို စတင်ဖန်တီးစဉ် ၁၉၈၆ ခုနှစ် နောင်းပိုင်းကထုတ်တဲ့ Apple IIGS ကွန်ပျူတာနဲ့ ပြုလုပ် ခဲ့တာ ဖြစ်ပါတယ်။ ယခုတော့ Doodle Kids app ရဲ့ အောင်မြင်မှုကြောင့် Android ဗားရှင်းတောင် ဆက်လက် ဖန်တီးလိုက် ပါသေးတယ်။ အမေရိကန်က CNN ရုပ်သံလိုင်းမှလည်း အင်တာဗျူးခဲ့ပြီး စင်္ကာပူမြို့ ရဲ့  ဂုဏ်ရှိန်ကြီးရတဲ့ အကြောင်းအရင်းမှာ ယင်းကလေးငယ် Lim Ding Weng ကို ထည့်သွင်းခဲ့ပါတယ်။

Doodle Kids အပြင် Invader War တို့လို နာမည်ကြီး app နဲ့ အခြား application ပေါင်းများစွာကိုလည်း တီထွင်နိုင်ခဲ့ပါတယ်။ လက်ရှိမှာလည်း Invader War 2 ရေးဆွဲလုပ်ကိုင်နေသူ ဖြစ်ပါတယ်။ ယခုချိန်မှာတော့ သူဟသာ Objective-C, Java, JavaScript နဲ့ ActionScript တို့လို အခြား ဆော့ဖ်ဝဲ/ပရိုဂရမ်များကို ကောင်းကောင်းအသုံးချ၊ရေးဆွဲ တတ်သူ တစ်ဦး ဖြစ်နေပြီလို့ သိရပါတယ်။

မြန်မာပြည်မှာဆိုရင်လည်း အသက် ၁၀ နှစ်မပြည့်သေးပဲ ဒိုတာဂိမ်းကောင်းကောင်း ဆော့ကစားနိုင်တဲ့ ကလေးငယ်များ၊ ဂျပန်ကာတွန်းထဲမှာ ဇာတ်ကောင်အားလုံး အလွတ်ရနေသူများ၊ ဂိမ်မာကြီးတို့နဲ့ ယှဉ်ပြိုင်ဆော့ကစားနိုင်တဲ့ ကလေးငယ်များ၊ PSP ဂိမ်းကို ဆရာတစ်ဆူလို ဆော့ကစားနိုင်တဲ့ ကလေးငယ်များ ရှိနေပါတယ်။

ယင်းကဲ့သို့ ငယ်ငယ်ရွယ်ရွယ်နဲ့ အိုင်တီဆိုင်ရာ ကုန်ပစ္စည်းများကို စိတ်ဝင် စားပြီး ဝါသနာ ပါပါ ကိုင်တွယ်နေတတ်တဲ့ ကလေးငယ်များ ကို သေချာလေ့ ကျင့်သင်ကြားပေးရင်၊ အိုင်တီနဲ့ ဆက်စပ်ပညာများ သင်ကြားပေးရင် အလွယ်တကူ တတ်မြောက်နိုင်ပါတယ်။ စာဖတ်သူတို့ရဲ့  အသိုင်းအဝိုင်းထဲမှာ ယခုလို ထူးချွန်တဲ့ ကလေးငယ်များရှိရင် လမ်းမှားမရောက်အောင် နည်းပညာဆိုင်ရာ အသိနဲ့ ပညာများ သင်ကြား လေ့ကျင့်ပေးစေလိုပါတယ်။
--
Ref:wiki
ရိုးရာလေး နည်းပညာ
ကမ္ဘာ့အသက်အငယ်ဆုံး Apple ပရိုဂရမ်မာကတော့ စင်္ကာပူနိုင်ငံက ကလေးငယ် Lim Ding Weng ဖြစ်ပါတယ်။ သူ့အသက် ၉ နှစ်အရွယ် (၂၀၀၉ခုနှစ်) မှာ Apple – iPad, iPhone တို့မှာ ဆော့ ကစားနိုင်မယ့် Doodle kids အမည်ရ Application ကို ဖန်တီးနိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံသို့ ယခုလအတွင်း ကင်တားနား လာမည်

Photo: မြန်မာနိုင်ငံသို့ ယခုလအတွင်း ကင်တားနား လာမည်
Wednesday, August 07, 2013

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် သောမတ် အိုဟေး ကင်တားနားသည် ယခုလအတွင်း မြန်မာနိုင်ငံသို့ လာမည် ဖြစ်ကြောင်း ကုလသမဂ္ဂ သတင်း ပြန်ကြားရေးဌာန (UNIC) မှ ပြန်ကြားရေး အရာရှိ ဦးအေးဝင်းက ပြောကြားသည်။

မြန်မာနိုင်ငံသို့ လာရောက်မည့် နေ့ရက်နှင့် ခရီးစဉ် အသေးစိတ်ကို ကင်တားနား ကိုယ်တိုင် ထုတ်ပြန် ကြေညာမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကင်တားနားသည် ရခိုင်ပြည်နယ်သို့ သြဂုတ်လ ဒုတိယပတ် ဝန်းကျင် တွင် ရောက်ရှိမည် ဖြစ်ပြီး ရခိုင်ပြည်နယ်ရှိ အကျဉ်းထောင်၊ ဘင်္ဂါလီနှင့် ရခိုင် ဒုက္ခသည် စခန်းများကို သွားရောက် လေ့လာမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သတင်း ပြန်ကြားရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို လေ့လာပြီး အစီရင်ခံရန် ကင်တားနားသည် ယခုတစ်ကြိမ် မတိုင်မီ ရှစ်ကြိမ် တရားဝင် လာရောက် ခဲ့ပြီး ဖြစ်သည်။

၎င်းသည် ဖေဖော်ဝါရီလ အတွင်းက ကချင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ရခိုင်ပြည်နယ် ရှိ ဒုက္ခသည်များ အခြေအနေကို လေ့လာ ရန် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည်။

The Voice Weekly

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် သောမတ် အိုဟေး ကင်တားနားသည် ယခုလအတွင်း မြန်မာနိုင်ငံသို့ လာမည် ဖြစ်ကြောင်း ကုလသမဂ္ဂ သတင်း ပြန်ကြားရေးဌာန (UNIC) မှ ပြန်ကြားရေး အရာရှိ ဦးအေးဝင်းက ပြောကြားသည်။

ဖြတ်၊ ဖောက်၊ ချုပ်


Photo: ဖြတ်၊ ဖောက်၊ ချုပ်
Wednesday, August 07, 2013

သူ့နာမည်က PAT ပါ။ သူဟာ မကြာသေးခင်ကမှ မိန်းကလေး ဘ၀ကို ပြောင်းလဲခံယူခဲ့သူ လည်းဖြစ်ပါ တယ်။ မြန်မာပြည်မှာ အများ ခေါ်ကြတာတော့ ဖြတ်၊ ဖောက်၊ ချုပ် ပေါ့လေ။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ အလှဖန်တီးရှင်တဦးအနေနဲ့ ဆယ်နှစ်ကျော်ကြာ ဘ၀ကို ဖြတ်သန်းရင်း သူ့ ကိုယ်သူ မိန်းကလေး ဖြစ်ချင်လွန်းလို့ ငွေကြေး အကုန်အကျခံကာ လိင်အင်္ဂါ ခွဲစိပ် အသွင်ပြောင်းလိုက်တာ ပါတဲ့။

အသက် ၃၀ အရွယ် ထိုင်းလူမျိုး PAT က သူ့ရဲ့ လိင်အင်္ဂါ ခွဲစိပ်မှုကို ချင်းမိုင်မြို့မှာပဲ ထိုင်း ဘတ်ငွေ ၃ သိန်းကျော်၊ ၄ သိန်း နီးပါး ကုန်ကျခံခွဲစိပ်ခဲ့တာ မကြာသေးဘူးလို့ ဧရာဝတီကို ပြောပါတယ်။

“ဆရာဝန် ညွှန်ကြားချက်အရ လိင်ဆက်ဆံမှု ၆ လ ကြာ စောင့်ရမယ်လေ” လို့ PAT က ဆိုတယ်။

ခွဲစိပ်မှု လုပ်ပြီး ဆေးဝါးတွေ ဆက်လက်မှီဝဲနေရသေတယ်လို့ သူက ဆက်ပြောတယ်။ ခွဲစိပ်မှုအပြီး မိန်းကလေး ဘ၀ ဖြစ်သွားတဲ့ PAT က နေရ ထိုင်ရတာလည်း အဆင်ပြေပါတယ်တဲ့။ သူ့ ကျန်းမာရေး ကလည်း ကောင်းပါတယ်တဲ့။ အထူးသဖြင့် ကိုယ်ဖြစ်ချင်တာကို ဖြစ်လိုက်ရလို့ ဘ၀မှာ ယုံကြည်မှုကို ပိုရှိလာပြီး ကျေနပ်တယ်လို့ သူ က ပြောပါတယ်။

ထိုင်းနိုင်ငံရဲ့ ဆေးရုံတွေ က ၀န်ဆောင်မှု ကောင်းတာလည်း ယုံကြည်မှုကို အားကောင်းစေနိုင်ပါတယ်။

ထိုင်းနိုင်ငံက လိင်တူချစ်သူဆိုတာတွေက တကယ့် မိန်းကလေး အလား ထင်မှတ်မှားနိုင်ပါတယ်။ တချို့ လည်း ယောင်္ကျား ရင့်မာကြီးပုံစံတွေလည်း တွေ့ရပါတယ်။ သူတို့ဟာ မိန်းကလေးတွေထက် သူတို့ရဲ့ အသားအရေကို ပိုဂရုစိုက်ပါတယ်။

ထိုင်းနိုင်ငံက လိင်တူ ချစ်သူဆိုတာတွေဟာ ထူးထူးခြားခြား ခွဲခြား ဆက်ဆံတာမျိုး မခံရဘဲ သူတို့ ရုပ်ရှင် ကားတိုင်းလိုလိုမှာ အမြဲ လိုလို ပါဝင် တတ်တာလည်း တခု အပါအ၀င်ပါဘဲ။ အများသူငါကလည်း သာမန်လိုပဲ သူတို့ ကို ဆက်ဆံကြတာ သတိထားမိပါတယ်။ အလုပ်ခွင်တွေမှာလည်း တန်းတူ အခွင့်အရေး ရကြပါ တယ်။

ပြောရရင် ထိုင်းနိုင်ငံဟာ လိင်တူချစ်သူ အများဆုံး နိုင်ငံတွေထဲက တခုလို့ ပြောရမလားပါဘဲ။ အမျိုးသား ချင်း၊ အမျိုးသမီး ချင်း လိင်တူချစ်သူ အလွန်များတယ်လို့ ဆိုရပါမယ်။

ကျမရဲ့ ထိုင်းမိတ်ဆွေ အမျိုးသမီး တယောက်က ပြောတာက စိတ်ဝင် စားစရာပါ။ ထိုင်းနိုင်ငံမှာ မိန်းမလျှာ
ဖြစ်သွားသူတွေလည်း များ၊ ယောင်္ကျားလျှာဖြစ်သွားသူတွေလည်း များလာတာတွေ ကြောင့် ထိုင်း အမျိုးသမီးတွေမှာ ခင်ပွန်း ရှားလာတယ်လို့ သူက ပြောတယ်။

ဒီကြားထဲ အမျိုးသမီးတွေ လုပ်ကြတဲ့ လေယာဉ်မယ်၊ ကား မယ်စတဲ့ နေရာတွေမှာ လည်း မိန်းမလျှာတွေ က နေရာဝင်ယူသွားတော့ အမျိုးသမီးတွေ အတွက် အလုပ်ခွင် နေရာ လျော့ ပါတယ်တဲ့။

မနှစ်ကဆို ဒေါ်လာဘီလျံနဲ့ချီပြီး ချမ်းသာတဲ့ သူဌေးကြီးတဦးက ထိုင်းနိုင်ငံက မိန်းမလျှာ တဦးကို ဒေါ်လာ သန်းချီ တင် တောင်းပြီး ခမ်းနားတဲ့ မင်္ဂလာပွဲတောင် ကျင်းပခဲ့တာမျိုးတောင် ရှိခဲ့တယ်။

မြန်မာနိုင်ငံက လိင်တူချစ်သူတွေထဲက တချို့လည်း ဖြတ်၊ ဖောက်၊ ချုပ် လုပ်ထားကြတဲ့ သတင်းတွေ ကြားနေရပါတယ်။ တချို့လည်း နိုင်ငံခြားထွက်ပြီး လုပ်ကြသလို တချို့လည်း ပြည်တွင်းမှာပဲ လက်တည့် စမ်းလိုက်လို့ မလိုလား အပ်တဲ့ ဖြစ်စဉ် တွေ ဖြစ်ပြီး အသက်ဆုံးပါး သွားရတာမျိုးတောင် ရှိတယ်လို့ ဆိုကြတယ်။

ဖြတ်၊ ဖောက်၊ ချုပ် လုပ်လိုက်တဲ့သူတွေအတွက် မှတ်ပုံတင်မှာ ဘယ်လို ပြောင်းလဲ ဖြည့်စွက်ရမလဲ ဆို တာတော့ မြန်မာ ပြည်မှာ သေချာ မရှင်းလင်းသေးပါဘူး။

ဒီအပြင် မြန်မာပြည်က လိင်တူ ချစ်သူ ဆို တာတွေမှာ ခွဲခြား ဆက်ဆံခံရတာတွေ ရှိနေသေးပြီး တလောက မန္တလေးဘက် မှာ လိင်တူချစ်သူတချို့ ကျုံးဘေးနားမှာ သောင်းကျန်းတယ်ဆိုတဲ့ စွပ်စွဲ ချက်နဲ့ ဖမ်းဆီး နှိမ် ချ အပြစ်ပေးတာခံကြရတယ်လို့ သတင်းပေါ်ထွက်ခဲ့ပါတယ်။

အလှဖန်တီးတဲ့ သူ့ရဲ့ ဆိုင်တွင်းမှာ သာမန်အချိန်တွေ့ရတဲ့ PAT၊
ဓာတ်ပုံ- အိမ့်သံစဉ်

အိမ့်သံစဉ်
သူ့နာမည်က PAT ပါ။ သူဟာ မကြာသေးခင်ကမှ မိန်းကလေး ဘ၀ကို ပြောင်းလဲခံယူခဲ့သူ လည်းဖြစ်ပါ တယ်။ မြန်မာပြည်မှာ အများ ခေါ်ကြတာတော့ ဖြတ်၊ ဖောက်၊ ချုပ် ပေါ့လေ။

လက်ပံတောင်းဇီးတောမှာ ဖမ်းခေါ်သွားသူတွေကို စစ်မေးပြီး ပြန်လွှတ်

ဗုဒ္ဓဘာသာအပေါ် အကြမ်းဖက်မှုအား ကန့်ကွက်သည့်အနေဖြင့် မန္တလေးတွင် လူ ၆၀၀ ခန့် ဆန္ဒပြ

ဗုဒ္ဓဘာသာ၏ အထင်ကရနေရာများကို အကြမ်းဖက် တိုက်ခိုက်ခံရမှုနှင့် နိုင်ငံတကာ မီဒီယာများတွင် ဗုဒ္ဓဘာသာနှင့်ပတ်သက်၍ အမြင်လွဲစေသည့် ရေးသားဖော်ပြချက်များကို ကန့်ကွက်သည့်အနေဖြင့် သြဂုတ် ၆ ရက် က မန္တလေးတွင် သံဃာတော်များနှင့် ပြည်သူစုစုပေါင်း ၆၀၀ ခန့် စုဝေးဆန္ဒပြခဲ့ကြသည်။

Tuesday, August 6, 2013

တင်ဒါအောင်မြင်သည့် ကုမ္ပဏီတစ်ခုလျှင် အနည်းဆုံးဘတ်စ်ကား (၇၅) စီး ရန်ကုန်တွင် ပြေးဆွဲပေးရမည်

မြန်မာပြည်၏ ဖွံ့ဖြိုးတိုးတက် မှုတွင် အကူအညီထောက်ပံ့မှုရစေရန် ကဏ္ဍအလိုက် တင်ဒါများခေါ်ယူခဲ့ရာ တွင် ယခုအခါတွင် ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (က. ည.န) အနေဖြင့် အကျိုးတူပူးပေါင်း လုပ်ကိုင်ဆောင်ရွက်နိုင်ရန်တင်ဒါ များခေါ်ယူခဲ့ကြောင်းသိရှိရသည်။

ပင်လယ်ရေကြောင်း မှ မှောင်ခိုသွင်း ဟန်းဆက် သုံးလ အတွင်း တစ် သိန်းကျော် ရှိ

 Photo: ပင်လယ်ရေကြောင်းမှ မှောင်ခိုသွင်း ဟန်းဆက် သုံးလအတွင်း တစ်သိန်းကျော် ရှိ
Tuesday, August 06, 2013

၂၀၁၃ခုနှစ်၊ ဧပြီလ ၁ရက်နေ့မှ ဇွန်လကုန်အထိ သုံးလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှတစ်ဆင့် မြန်မာနိုင်ငံတွင်းသို့ မှောင်ခို တင်သွင်းလာသည့် ဟန်းဆက် အလုံးရေမှာ တစ်သိန်းကျော်အထိ ရှိနေကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်ဟု ဆိုသည်။

ယင်းဝန်ကြီးဌာနအနေဖြင့် နယ်စပ်တစ်လျှောက်တွင် မှောင်ခို ကုန်သွယ်နေမှုများအား ဖမ်းဆီးအရေးယူနိုင်ရန်အတွက် ၂၀၁၂ခုနှစ်၊ နိုဝင်ဘာလမှစ၍ Mobile Teamအဖွဲ့များဖြင့် စစ်ဆေးခဲ့ရာတွင်လည်း ရှမ်းပြည်နယ်၊ နောင်ချိုတွင် မြို့ရှောင်လမ်းများမှတစ်ဆင့် တရားမဝင် တင်သွင်းနေသည့် ဟန်းဆက်အလုံးရေ ၁၆၀၀ကျော်အား ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

ယခုအခါတွင် ပင်လယ်ရေကြောင်းမှတစ်ဆင့် တရားမဝင် ကုန်သွယ်မှုများကို ရန်ကုန်ဆိပ်ကမ်း နယ်မြေအတွင်းရှိ ကမ်းရိုးတန်း ကုန်သွယ်မှုဆိုင်ရာ ဆိပ်ကမ်းနယ်မြေ၊ ပင်လယ်ဝမှ ရန်ကုန်မြစ်တစ်လျှောက် နယ်မြေနှင့် အပြည်ပြည်ဆိုင်ရာ ရေကြောင်း ဆိပ်ကမ်းများတွင် နယ်မြေခွဲခြား စစ်ဆေးသွားမည်ဟု ဆိုသည်။ ကုမ္ပဏီများက နှစ်စဉ် ဟန်းဆက်တင်သွင်းရန် လိုင်စင်ယူထားသည့် ပမာဏမှာ အလုံးရေ သိန်းချီ၍ ရှိသော်လည်း အမှန်တကယ် အခွန်ဆောင်ပြီး တင်သွင်းသည့် အရေအတွက်မှာ သောင်းဂဏန်းသာ ရှိကြောင်း သိရသည်။

လက်ရှိတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တွက်ချက်မည်ဆိုပါက ဟန်းဆက် လိုအပ်ချက်များပြားနေပြီး ကုန်သွယ်မှု စာရင်းများအရ တရားဝင် ကုန်သွယ်မှု အရေအတွက်နှင့် တန်ဖိုးမှာ နည်းပါးနေပြီး လေဆိပ်၊ ရေကြောင်းနှင့် နယ်စပ်လမ်းကြောင်းများမှ တရားမဝင် တင်သွင်းမှုမှာ များပြားနေသည်ဟု ဆိုသည်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ပင်လယ်ရေကြောင်း၊ ကုန်သွယ်မှုမှတစ်ဆင့် မှောင်ခိုတင်သွင်းလာသော ဟန်းဆက် အလုံးရေမှာ ငါးသောင်းကျော်ရှိပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁ဒဿမ ၁သန်းကျော်ဖိုး ရှိကြောင်း သိရပါသည်။

နိုင်ငံတော်မှ ပြည်သူများ ဆက်သွယ်ရေး ပိုမို ကောင်းမွန်လာစေရန်အတွက် ယခုနောက်ပိုင်းတွင် တန်ဖိုးနည်း မိုဘိုင်းဖုန်းများကို တစ်သုတ်ပြီး တစ်သုတ် ချထားပေးလျက် ရှိသကဲ့သို့ ဟန်းဆက်ဝယ်လိုအားလည်း များလာခဲ့ရာ ဟန်းဆက်အရောင်းဆိုင်များလည်း ရန်ကုန်တစ်မြို့လုံးတွင် မှိုပေါက်သလို တစ်ဆိုင်ပြီး တစ်ဆိုင် နေရာအနှံ ပေါ်ပေါက်လာကြသည်။

ဟန်းဆက်အမျိုးအစားများကလည်း သောင်းကျော်မှ သိန်းကျော်အထိ ဘယ်ခေတ်ကာလနှင့်မျှ မတူအောင် စုံလင်လှသည်။ မိမိ တတ်နိုင်သည့် အနေအထားနှင့်အညီ ဝယ်ယူသုံးစွဲနိုင်သည်။ ထိုဟန်းဆက်များထဲတွင် အထက်က သတင်းလို မှောင်ခိုအလုံးများ အဘယ်မျှ ပါဝင်နေမည်တော့ မသိနိုင်ပါလေ။

Myanmar ICT
 ၂၀၁၃ခုနှစ်၊ ဧပြီလ ၁ရက်နေ့မှ ဇွန်လကုန်အထိ သုံးလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ တစ်ဆင့် မြန်မာနိုင်ငံတွင်းသို့ မှောင်ခို တင်သွင်းလာသည့် ဟန်းဆက် အလုံးရေမှာ တစ်သိန်းကျော်အထိ ရှိနေကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်ဟုဆိုသည်။

Sunday, August 4, 2013

နောင်လာမည့် ငါးနှစ်တာ ကာလအတွင်း ရန်ကုန်တိုင်း အတွင်းရှိ စက်မှုဇုန်များအား တိုးချဲ့မှုများ ပြုလုပ်မည်

B-4-8
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ စက်မှုဇုန်အား တွေ့ရစဉ်
နောင်လာမည့် ငါးနှစ်တာကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန်များအား တိုးချဲ့ မှုများ ပြုလုပ်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၀န်ကြီးဦးစိုးမင်း ၏ ပြောကြား ချက်အရ သိရသည်။

ရှစ်လေးလုံးငွေရတု အခမ်းအနား ရန်ပုံငွေရရှိရေး အမှတ်တရပစ္စည်း ရောင်းချခြင်းနှင့် လက်မှတ်ရေးထိုးပွဲ ကျင်း

W-4-8
ရှစ်လေးလုံးငွေရတု အခမ်းအနား ရန်ပုံငွေရရှိရေး အမှတ်တရပစ္စည်း ရောင်းချခြင်းနှင့် လက်မှတ်ရေး ထိုးပွဲတွင် ဦးမြအေး၊ ဦးမင်းကိုနိုင်၊ သရုပ်ဆောင် ခိုင်သင်းကြည်နှင့် လူမင်းတို့ အား တွေ့ရစဉ်
ရှစ်လေးလုံး အရေးတော်ပုံ ငွေရတုအခမ်းအနား ရန်ပုံငွေရရှိရေး အမှတ်တရပစ္စည်းများ ရောင်းချခြင်းနှင့် လက်မှတ်ရေးထိုးပွဲကို ရန်ကုန်မြို့ မြေနီကုန်း၊ မပိုလမ်းပေါ်ရှိ စိတ်တိုင်းကျ လက်ဖက်ရည်ဆိုင်တွင် သြဂုတ် ၃ ရက် နံနက် ၈ နာရီခွဲခန့်က ပြုလုပ်ခဲ့သည်။

ရှစ်လေးလုံး အရေးတော်ပုံနေ့တွင် ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရန် သံဃာတော်တစ်ပါးမှ ရက်အကန့် အသတ်မရှိ အစာငတ်ခံ ဆန္ဒပြ

U-4-8
အစာငတ်ခံ ဆန္ဒပြနေသော  ဆရာတော်ဘဒ္ဒန္တ ရက္ခ၀ံသအား သြဂုတ် ၃ ရက်နေ့ နံနက်ပိုင်း တွင် တွေ့ ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)
ယခုလ ၈ ရက်တွင် ကျရောက်သည့် ရှစ်လေးလုံး အရေးတော်ပုံနေ့တွင် နိုင်ငံအတွင်း ဖမ်းဆီးထားသော လက်ကျန်နိုင်ငံရေး အကျဉ်းသားအားလုံးကို နိုင်ငံတော်အစိုးရမှ ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန်

Saturday, August 3, 2013

ထူးခြားသော ရောဂါကို ခံစားနေရသည့် ဆယ်ကျော်သက် အရွယ် မိန်းကလေး

ထူးခြားသော ရောဂါကို ခံစားနေရသည့် ဆယ်ကျော်သက် အရွယ် မိန်းကလေး

စင်ကာပူ  သြဂုတ်   ၂

စင်ကာပူနိုင်ငံမှ အသက် ၁၅ နှစ် အရွယ် အမျိုးသမီးငယ် တစ်ဦးသည်
အသက်ရှူစဉ်တွင် လည်ချောင်း အတွင်း အသံများ ထွက်လာပြီး အရွယ်အားဖြင့်လည်း လမ်းလျှောက်တတ်စ ကလေးငယ်တစ်ဦး အရွယ်ကဲ့ သို့ဖြစ်ကာ ထူးဆန်းသည့် ရောဂါတစ်မျိုးကို ခံစားရလျက် ရှိသည်ဟု အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။

ပေရှန်း အမည်ရှိ အဆိုပါ မိန်းကလေးသည် အသက် လေးလအရွယ်တွင် ဆေးရုံသို့ ပထမဆုံး အကြိမ် တက်ရောက် ခဲ့ရပြီး သူမ၏ ရောဂါမှာ အသက်ရှူလျှင် သလိပ်သံနှင့် ခက်ခက်ခဲခဲ အသက်ရှူရပြီး လည်ချောင်းနာသံ ထွက်ပေါ်လာသည့် ရောဂါဖြစ်သည်။

ဆေးရုံသို့ သွားရောက်ပြီး နောက်တွင် ကလေးငယ်၏ ခန္ဓာကိုယ် အရွယ်အစားမှာ ရွယ်တူ သာမန်ကလေး ငယ်များနှင့် မတူဘဲ တိုနေခြင်းကြောင့် သူမ၏ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုမှာလည်း သာမန်နှင့် မတူဘဲ ဖွံ့ဖြိုးမှု နောက်ကျ နိုင်ကြောင်း ဆရာဝန်များက ပြောကြားခဲ့သည်ဟု သိရသည်။

ပေရှန်းသည် လာမည့် သီတင်းပတ်တွင် အသက် ၁၅ နှစ်ပြည့်မည် ဖြစ်သော်လည်း သူမကို မြင်သူတိုင်းက လမ်းလျှောက်တတ်စ ကလေးငယ် ဖြစ်သည်ဟုသာ ထင်မြင်ရကြောင်း၊ သူမ၏ ရောဂါ အခြေအနေနှင့် ပတ်သက်၍ မည်ကဲ့သို့ ကုသရမည်ကို ဆရာဝန်များ အနေဖြင့် ယနေ့ အချိန်အထိ မဖော်ထုတ် နိုင်သေး ကြောင်း သိရသည်။

အေးချမ်းမွန် Credit To >> မြ၀တီ<< Thanks 
Re-posted By ACM 3-8-2013
https://www.facebook.com/excellencemedia
စင်ကာပူနိုင်ငံမှ အသက် ၁၅ နှစ် အရွယ် အမျိုးသမီးငယ် တစ်ဦးသည် အသက်ရှူစဉ်တွင် လည်ချောင်း အတွင်း အသံများ ထွက်လာပြီး အရွယ်အားဖြင့်လည်း လမ်းလျှောက်တတ်စ ကလေးငယ်တစ်ဦး အရွယ် ကဲ့သို့ဖြစ်ကာ ထူးဆန်းသည့် ရောဂါတစ်မျိုးကို ခံစားရလျက် ရှိသည်ဟု အင်တာနက် သတင်း တစ်ရပ် အရ သိရသည်။

Samsung Galaxy Tab 3 မြန်မာနိုင်ငံတွင် ရက်ပိုင်းအတွင်း စရောင်းမည်



Photo: Samsung Galaxy Tab 3 မြန်မာနိုင်ငံတွင် ရက်ပိုင်းအတွင်း စရောင်းမည်
Saturday, Augest 03, 2013

ကမ္ဘာ့ မိုဘိုင်းလ်ဖုန်း ဈေးကွက်တွင် ဈေးကွက်ဝေစု အများဆုံး ရရှိထားသည့် ဆမ်ဆောင်းက နောက်ဆုံး ထုတ်လုပ်လိုက်သော Samsung Galaxy Tab 3 ကို မြန်မာနိုင်ငံတွင် သြဂုတ်လ ဒုတိယပတ်အတွင်း စတင် ရောင်းချ မည် ဖြစ်ကြောင်း ဆမ်ဆောင်း မြန်မာ ကုမ္ပဏီမှ တာဝန်ရှိသူ ဦးဇာနည် ဝင်းထက်က ပြောကြားသည်။

“အခု မိတ်ဆက်တဲ့ Tab 3 တွေက အရင် ဆမ်ဆောင်း တက်ဘလက်တွေ ထက် ပိုပါးတယ်။ ပေါ့လည်း ပိုပေါ့တယ်” ဟု ၎င်းက ပြောဆိုသည်။

ဆမ်ဆောင်း ကုမ္ပဏီမှ နောက်ဆုံး ထုတ်လုပ်ထားသော Tab 3 အမျိုးအစား ၇ လက်မ၊ ၈ လက်မနှင့် ၁၀ ဒသမ ၁ လက်မ တက်ဘလက် သုံးမျိုးလုံးသည် 3G မိုဘိုင်းလ်ဖုန်း စနစ် အသုံးပြုနိုင်ပြီး အသံစနစ် ကောင်းမွန်အောင် လုပ်ဆောင်ထားကြောင်း အဆိုပါ ကုမ္ပဏီ၏ Channel Manager ဦးဇော်ကိုကိုထွန်းက ပြောဆိုသည်။

၇ လက်မအရွယ် Tab 3 တက်ဘလက်ကို ကျပ် သုံးသိန်း သုံးသောင်းနီးပါး၊ ၈ လက်မအရွယ် Tab 3 ကို ကျပ် လေးသိန်း နီးပါးနှင့် ၁၀ ဒသမ ၁ လက်မ အရွယ် Tab 3 ကို ကျပ် လေးသိန်း ငါးသောင်းခန့် ဖြင့် ရောင်းချဖွယ် ရှိပြီး ဈေးနှုန်း အတိအကျ မသိရှိရသေးကြောင်း ဆမ်ဆောင်း မြန်မာ ကုမ္ပဏီမှ ဝန်ထမ်း တစ်ဦးက ပြောကြားသည်။

ဆမ်ဆောင်း မြန်မာ ကုမ္ပဏီသည် ဆမ်ဆောင်း ဆိုင်ခွဲများကို ရန်ကုန်တွင် ၁၁ ဆိုင်၊ မန္တလေးတွင် သုံးဆိုင်၊ တောင်ကြီးမြို့နှင့် မုံရွာမြို့တို့တွင် တစ်ဆိုင်စီ ဖွင့်လှစ်ထားပြီး မကွေးမြို့တွင်လည်း ထပ်မံ ဖွင့်လှစ်မည်ဟု အဆိုပါ ကုမ္ပဏီထံမှ သိရသည်။

The Voice Weekly
ကမ္ဘာ့ မိုဘိုင်းလ်ဖုန်း ဈေးကွက်တွင် ဈေးကွက်ဝေစု အများဆုံး ရရှိထားသည့် ဆမ်ဆောင်းက နောက်ဆုံး ထုတ်လုပ်လိုက်သော Samsung Galaxy Tab 3 ကို မြန်မာနိုင်ငံတွင် သြဂုတ်လ ဒုတိယပတ်အတွင်း စတင် ရောင်းချ မည် ဖြစ်ကြောင်း ဆမ်ဆောင်း မြန်မာ ကုမ္ပဏီမှ တာဝန်ရှိသူ ဦးဇာနည် ဝင်းထက် က ပြော ကြားသည်။

မြန်မာ့ လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးရေး ကန်ဒေါ်လာ သန်း ၁၄၀ ကမ္ဘာ့ဘဏ်သုံးမည်



Photo: မြန်မာ့ လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးရေး ကန်ဒေါ်လာ သန်း ၁၄၀ ကမ္ဘာ့ဘဏ်သုံးမည်
Saturday, Augest 03, 2013

မြန်မာနိုင်ငံအနှံ့ လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးရေး စီမံကိန်းအတွက် ကမ္ဘာ့ဘဏ်က ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၁၄၀ ထောက်ပံ့သုံးစွဲမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်ရုံးခွဲမှ ပြန်ကြားရေးအရာရှိ ဦးကျော်စိုးလင်းက The Voice သို့ ပြောကြားသည်။

ကမ္ဘာ့ဘဏ်က သုံးစွဲမည့် ယင်းငွေကြေးပမာဏသည် ၂၀၁၃ ခုနှစ် ဇူလိုင်လ ၃၁ရက်နေ့မှ ၂၀၁၄ ခုနှစ် ဇူလိုင် လ ၃၁ ရက် နေ့အထိ စီမံကိန်းကာလအတွက် အသုံးပြုရန် လျာထားခြင်းဖြစ်ပြီး ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာ တိုးတက်ဖွံ့ဖြိုးရေးအသင်း (International Development Association) က အတိုးမဲ့ နှစ်စဉ်ချေးငွေ ထုတ်ပေးမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ 

ယင်းချေးငွေသည် နှစ်ပေါင်း ၄၀ ကြာမှ ပြန်လည် ပေးဆပ်ရမည် ဖြစ်ပြီး ကြားကာလတွင် ဆယ်နှစ် ဆိုင်းငံ့ခွင့် ရှိကြောင်း၊ အတိုးမဲ့ချေးငွေဖြစ်ကာ ဝန်ဆောင်ခအဖြစ် ၀ ဒသမ ၇၅ ရာခိုင်နှုန်းသာ ပေးဆောင်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ကမ္ဘာ့ဘဏ်အနေနှင့် လျှပ်စစ်ကဏ္ဍတွင် ကူညီပံ့ပိုးပေးရန် စီစဉ်ရခြင်းမှာ မြန်မာနိုင်ငံရှိ လူဦးရေ လေးဦးအနက် တစ်ဦးသာလျှင် လျှပ်စစ်ဓာတ်အား ရရှိနေခြင်း၊ ပြည်တွင်းတွင် လက်ရှိ အသုံးပြုနေသော ဓာတ်ငွေ့တာဘိုင်များမှာ နှစ်ပေါင်း ၃၀ ကျော် သက်တမ်းရှိနေပြီ ဖြစ်၍ လုပ်ငန်း ဆောင်ရွက်ရာတွင် စွမ်းဆောင်ရည် လျော့နည်းနေခြင်းနှင့် လျှပ်စစ်ဓာတ်အားပေး စက်ရုံများမှ ၂၅ ရာခိုင်နှုန်းသော လျှပ်စစ်ဓာတ်အားများသည် ဓာတ်အားပေးပို့ ဖြန့်ဖြူးခြင်း အဆင့်တွင် ဆုံးရှုံးနေရခြင်း တို့ကြောင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။ 

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ရရှိမှု မလုံလောက်သည့် ပြဿနာကို ဖြေရှင်းရန် ကမ္ဘာ့ဘဏ်က ဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံများကို စွမ်းအင်မြှင့်တင်ခြင်း၊ ဓာတ်အားပေးပို့ ဖြန့်ဖြူးရာတွင် လေလွင့်သည့်ပမာဏကို လျော့ နည်းအောင် ဆောင်ရွက်ပေးခြင်းဖြင့် လျှပ်စစ်ဓာတ်အား မလုံလောက်မှုကို လျော့နည်းစေနိုင်ကြောင်း ၎င်းကဆိုသည်။ 

ဓာတ်အားပေး စက်ရုံများရှိ ဓာတ်ငွေ့ တာဘိုင်များကို လဲလှယ် တပ်ဆင်ပေးရာတွင်လည်း ဝယ်ယူရေး ကန်ထရိုက် စာချုပ်များကို စနစ်တကျ ချုပ်ဆိုသွားမည်ဖြစ်ပြီး ကန်ထရိုက်ပေးရာတွင် ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များကို ဈေးပြိုင်စနစ်ဖြင့် တင်ဒါခေါ်ယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ကမ္ဘာ့ဘဏ်၏ ပစ္စည်းဝယ်ယူရေး စည်းမျဉ်း လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။ 

မွန်ပြည်နယ် သထုံမြို့နယ်တွင် ယခင် ဓာတ်ငွေ့တာဘိုင် အဟောင်းများအစား ခေတ်မီနည်းပညာများဖြင့် အသုံးပြုထားသည် လျှပ်စစ်ဓာတ်အား ၁၂၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သည့် ပေါင်းစပ်ပတ်လည် ဓာတ်ငွေ့ တာဘိုင် နည်းပညာသုံး စက်သစ်များဖြင့် လဲလှယ်တပ်ဆင်ရန် စီစဉ်နေကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Khanthan Shankar က ပြောကြားသည်။ 

ကမ္ဘာ့ဘဏ်က ဆောင်ရွက်ပေးမည့် အဆိုပါ စီမံကိန်းများမှတစ်ဆင့် စက်ရုံအနီးရှိ ဒေသခံများ ရင်ဆိုင်ခံစားနေရသော စက်များလည် ပတ်မှုကြောင့် ထွက်ပေါ်လာသည့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသည့် ဓာတ်ငွေ့ထုတ်လုပ်မှုနှင့် အသံဆူညံမှုများ သိသိသာသာ လျော့ပါးစေမည့် အပြင် လျှပ်စစ်မီး မလုံလောက်မှုနှင့် ပြတ်တောက်မှုများကို အထိုက်အသင့် လျော့ပါးသွားစေနိုင်ကြောင်း ကမ္ဘာ့ဘဏ်က ပြု လုပ်ထားသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

The Voice Weekly
မြန်မာနိုင်ငံအနှံ့ လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးရေး စီမံကိန်းအတွက် ကမ္ဘာ့ဘဏ်က ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် အတွင်း အမေရိကန်ဒေါ်လာ သန်း ၁၄၀ ထောက်ပံ့သုံးစွဲမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ ဘဏ်ရုံး ခွဲမှ ပြန်ကြားရေးအရာရှိ ဦးကျော်စိုးလင်းက The Voice သို့ ပြောကြားသည်။

နိုင်ငံတကာ မီဒီယာများတွင် ရခိုင်ပြည်နယ်ပဋိပက္ခ ဖြစ်စဉ်များ၌ အကြမ်းဖက် ခံရသည့် ရခိုင်လူမျိုးများကို အကြမ်းဖက် သူများအဖြစ် ရေးသားနေခြင်းအပေါ် AHRDO အဖွဲ့ အစီရင်ခံစာ ထုတ်ပြန်ရှင်းလင်း

8.2.2
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခ၊ အကြမ်းဖက်မှုများနှင့် ပတ်သက်သည့် အစီရင်ခံစာအား AHRDO အဖွဲ့မှ Mr. Rick Heizman နှင့် ဦးအောင်မင်းဦးက ရှင်းလင်းပြောကြားစဉ်
နိုင်ငံတကာ မီဒီယာများတွင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် လူမှုရေး၊ ဘာသာရေးဆိုင်ရာ အကြမ်းဖက်မှုများ၌ အကြမ်းဖက်ခံရသည့် ရခိုင်လူမျိုးများအား အကြမ်းဖက်သူအဖြစ် တစ်ဖက်သတ် ရေး

ရခိုင် ၅ ဦးကို ထောင်ဒဏ်တွေ ချမှတ်

Photo: ရခိုင် ၅ ဦးကို ထောင်ဒဏ်တွေ ချမှတ်
Saturday, Augest 03, 2013

ရခိုင် ဆူပူမှုတွေ အတွင်း ဖမ်းဆီး ခံရတဲ့ ရခိုင် အမျိုးသား ၅ ဦးကို ဗုဒ္ဓဟူး နေ့က စစ်တွေ ခရိုင် တရားရုံးက ထောင်ဒဏ် အသီးသီး ချမှတ် လိုက်ပါတယ်။

မြောက်ဦး မြို့နယ် ပုရိန်ကုန်း က ဦးထွန်းရွှေမောင်၊ မောင်သာကုန်း ရွာက ဦးမောင်မောင်နိုင်၊ ပန်းမြောင်း က ဦးမြင့်နိုင်၊ ကျောင်းတောင် က ဦးကံသာအောင် နဲ့ မောင်ထွီးစိန် တို့ကို ၂ဝ၁၂ ခုနှစ် အောက်တိုဘာလ က ပုရိန်ကုန်း မွတ်ဆလင်ရွာ မီးရှို့ တိုက်ခိုက်မှုမှာ ပါဝင်သူတွေ ဆိုပြီး ပုဒ်မ ၁၃၆ မီးရှိုမှုနဲ့ စစ်တွေ ခရိုင်ရုံးက ထောင် သုံးနှစ်စီ ချလိုက် ပါတယ်။

ဒီအချိန် မှာပဲ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ အရ စိစစ်ပြီး မွတ်ဆလင် တွေကို လုံးချင်း အိမ်ယာတွေ ဆောက်ပေးဖို့ ကိစ္စကို ခွင့်ပြုချက် မရဘဲ ဆန္ဒပြ ရာမှာ ဦးဆောင်သူ တွေလို့ စွပ်စွဲခံရသူ တွေကို တရားရုံး တွေက အမှု လက်ခံပြီး ကြားနာ စစ်ဆေး နေပြီ ဖြစ်ပါတယ်။

စစ်တွေက အဖွဲ့အစည်း ၂ဝ လောက်က အစိုးရ အာဏာပိုင် တွေကို ခွင့်ပြုချက် တင်ပေမယ့် ခွင့်ပြုမိန့် မကျ တာကြောင့် မတ်လ ၇ ရက် နေ့က စစ်တွေမှာ ဆန္ဒပြ ခဲ့ကြပါတယ်။

ဒေါ်မညိုအေးနဲ့ ဦးကျော်ဇောဦး တို့ နှစ်ဦးကို ဦးဆောင်သူ တွေလို့ စွပ်စွဲပြီး သက်ဆိုင်ရာ က တရားစွဲ ဆိုခဲ့တာ ဖြစ်ပါတယ်။

အလားတူ ဆန္ဒပြပွဲ တွေ ခွင့်ပြုချက် မရှိဘဲ လုပ်တဲ့ အတွက် ကျောက်တော်က ၄ ဦး၊ ရသေ့တောင်က ၄ ဦးနဲ့ တောင်ကုတ်က ၃ ဦးကိုလည်း တရားစွဲ ထားပြီး အမှု ရင်ဆိုင် နေကြရတယ်လို့ သိရပါတယ် ။

BBC
ရခိုင် ဆူပူမှုတွေ အတွင်း ဖမ်းဆီး ခံရတဲ့ ရခိုင် အမျိုးသား ၅ ဦးကို ဗုဒ္ဓဟူး နေ့က စစ်တွေ ခရိုင် တရားရုံး က ထောင်ဒဏ် အသီးသီး ချမှတ် လိုက်ပါတယ်။

ရန်ကုန်တိုင်း ဒေသကြီးတွင် တစ်ဦးချင်း ၀င်ငွေဆင်းရဲမှု ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အလုပ်လက်မဲ့များတွင် ဂုဏ်ထူးတန်း၊ ဘွဲ့ရများမှ ဆရာဝန်နှင့် အင်ဂျင်နီယာများအထိ ပါဝင်နေ

8.2.15
မြန်မာလုပ်သားထု ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် အစိုးရအဖွဲ့ ၀န်ကြီးဦးစိုးဝင်း က ပြော ကြားနေစဉ်
ရန်ကုန်တိုင်း ဒေသကြီးတွင် တစ်ဦးချင်း ၀င်ငွေဆင်းရဲမှု ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အလုပ်လက်မဲ့များတွင် ဂုဏ်ထူးတန်း၊ ဘွဲ့ရများမှ ဆရာဝန်နှင့် အင်ဂျင်နီယာများထိ ပါဝင်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ၀န်ကြီးဦးစိုးဝင်း၏ ပြောကြားချက်အရ သိရသည်။

လူမျိုးရေး အခြေခံ အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် လက်ရှိ လွတ်လပ်မှုများ၊ အကျိုးခံစားခွင့်များ ပျောက်ကွယ် သွားနိုင်ကြောင်း ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ပြောကြား

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော လူမျိုးရေး အခြေခံ အကြမ်းဖက်မှု ဖြစ်စဉ် များကြောင့် မြန်မာနိုင်ငံ သားများ၏ လက်ရှိရရှိနေသော လွတ်လပ်မှုများ၊ အကျိုးခံစားခွင့်များ ပျောက်ကွယ် သွားနိုင်ကြောင်း ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ပြောကြားသည်။

တပ်မတော်အား အရပ်သား အစိုးရ လက်အောက်တွင် ထားရှိရန် အပါအ၀င် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အမေရိကန် အထက်လွှတ်တော် အမတ် မစ်ခ်ျမက်ကော်နယ် တိုက်တွန်း

8.2.17
အထက်လွှတ်တော်အမတ် မစ်ခ်ျမက်ကော်နယ် သြဂုတ် ၁ ရက်က မီဒီယာများနှင့် တွေ့ဆုံစဉ် (Photo: AFP)
မြန်မာနိုင်ငံတွင် အပြုသဘော ဖြစ်ပေါ်နေသော ပြောင်းလဲမှုများ ရှိနေသော်လည်း သီးခြားဖြစ်နေသည့် တပ်မတော်ကို အရပ်သားထိန်းချုပ်မှုအောက်တွင်ထားရှိရန်အပါအ၀င် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ

အလင်းမှုန်တွေနဲ့ ဘောလုံးစွမ်းရည်ပြတဲ့ မက်ဆီ

အလင်းမှုန်တွေနဲ့ ဘောလုံးစွမ်းရည်ပြတဲ့ မက်ဆီ

ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီကတော့ မြက်ခင်းစိမ်းထဲတင် မကဘဲ အမှောင်ထဲမှာလည်း အလင်းမှုန်တွေနဲ့ကခုန်ပြီး ဘောလုံးစွမ်းရည်
ပြနိုင်ခဲ့ပါတယ်။ အမှောင်ထဲမှာ အလင်းမှုန်တွေနဲ့ဆိုတဲ့ စကားက ကြွားလုံးထုတ်ထားတာ မဟုတ်ပါဘူး။အမှောင်ထဲမှာ ဘောလုံးစွမ်းရည်ပြမယ့် မက်ဆီရဲ့ ဟန်ပန်ဟာ ၁၉၈၀ခုနှစ်တွေမှာ ခေတ်စားခဲ့တဲ့ Tron ဇာတ်ကားထဲက ဇာတ်ကောင်တွေလိုမျိုးဖြစ်ပြီး သူဝတ်မယ့် ၀တ်စုံကို LED မီးလုံးတွေနဲ့ ချုပ်လုပ်ထားတာပါ။

adizero f50 ဆိုတဲ့ ဖိနပ်သစ် ကြော်ငြာမှာ မက်ဆီဟာ ဒီအသွင်အပြင်မျိုးရှိခဲ့ပြီး ဒီဖိနပ်ဟာ 3D မျက်နှာပြင်မျိုးရှိပြီး အသုံးပြုထားတဲ့ သားရေကလည်း ဖိနပ်ကို တော်တော်လေး ပေါ့ပါးစေတယ်လို့ သိရပါတယ်။ ဒီဖိနပ်မှာ နည်းပညာ တော်လှန်ပြောင်းလဲမှုတွေကို မြင်ရမယ်လို့ ညွန်းထားပြီး အသုံးပြုတဲ့ ကစားသမားတွေအနေနဲ့ သူမတူတဲ့ လျှင်မြန်မှုမျိုး ရမယ်လို့လည်း ဆိုထားပါတယ်။
youtube မှတစ်ဆင့်ကြည့်ရန် လင့်ခ်ပါ။
http://www.youtube.com/watch?v=yjjb_Dy7tXg

http://yoyarlay.com/sport/football/36942-2013-08-02-17-36-39
ဇော်ထွန်း(ရိုးရာလေး)
ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီကတော့ မြက်ခင်းစိမ်းထဲတင် မကဘဲ အမှောင်ထဲမှာလည်း အလင်း မှုန်တွေနဲ့ ကခုန်ပြီး ဘောလုံးစွမ်းရည် ပြနိုင်ခဲ့ပါတယ်။ အမှောင်ထဲမှာ အလင်းမှုန်တွေနဲ့ဆိုတဲ့ စကားက

Friday, August 2, 2013

နျူဓာတ်ပေါင်းဖိုတည်ဆောက်ရေး ထိုင်ဝမ်လွှတ်တော်တွင် နပမ်းလုံး ဆွေးနွေး

Photo: နျူဓာတ်ပေါင်းဖိုတည်ဆောက်ရေး ထိုင်ဝမ်လွှတ်တော်တွင် နပမ်းလုံး ဆွေးနွေး
Friday, Augest 02, 2013

သောကြာနေ့က ဖြစ်စဉ်တွင် လွှတ်တော် အမတ်များသည် တစ်ဦးနှင့်တစ်ဦး ဖက်လှဲ၍ နပမ်းလုံးကြသလို ရေများနှင့်ပက်ကြ၊ ရေဘူးများနှင့် ကောက်ပေါက်ကြဖြင့် စည်စည်ကားကား ဖြစ်သွားခဲ့သည်။ 

ထိုင်ဝမ်နိုင်ငံတွင် နျူကလီးယား ဓာတ်ပေါင်းဖိုသစ် တည်ဆောက်ရေး ဆွေးနွေးမှုနှင့် ပတ်သက်ပြီး အဆိုပြုသူနှင့် အတိုက်အခံ အမတ်များ အုတ်အော်သောင်းနင်း ရန်ပွဲဆင်နွှဲခဲ့ကြောင်း သိရှိရသည်။ သောကြာနေ့က ဖြစ်စဉ်တွင် လွှတ်တော် အမတ်များသည် တစ်ဦးနှင့်တစ်ဦး ဖက်လှဲ၍ နပမ်းလုံးကြသလို ရေများနှင့်ပက်ကြ၊ ရေဘူးများနှင့် ကောက်ပေါက်ကြဖြင့် စည်စည်ကားကား ဖြစ်သွားခဲ့သည်။ လူဦးရေ သိပ်သည်းဆ မြင့်မားလွန်းသော ကျွန်းနိုင်ငံလေးတွင် စွမ်းအင်ပြဿနာအတွက် နျူကလီးယား ဓာတ်ပေါင်းဖို ကိစ္စသည် ယခင်ကတည်းက အငြင်းပွားစရာ ဖြစ်နေခဲ့သည်။

လူဦးရေ (၂၃)သန်းကျော် နေထိုင်သော ထိုင်ဝမ်တွင် (၄)ခုမြောက် ဓာတ်ပေါင်းဖိုကို တည်ဆောက်ရန် သမ္မတ မာယင်ဂျူ၏ အာဏာရ အမျိုးသားရေးပါတီက ဆန္ဒရှိနေသည်။ သို့သော်လည်း ဂျပန်နိုင်ငံတွင် (၂၀၁၁)ခုနှစ်က ဖြစ်ပွားသော ငလျင်ကြီးကြောင့် ဖူကူရှီးမားမှ ဓာတ်ပေါင်းဖို ယိုစိမ့်မှု ပြဿနာနောက်ပိုင်း နျူကလီးယား စွမ်းအင်အပေါ် စိုးရိမ်မှု မြင့်မားလာသည့် အတိုက်အခံ ဒီမိုကရက်တစ် ဖြစ်ထွန်းရေး ပါတီကလည်း ယင်းကို ကန့်ကွက်သည်။

သောကြာနေ့က ဥပဒေပြု ဆွေးနွေးခန်းမတွင် တရုတ်အမျိုးသား ခေါင်းဆောင်ကြီး ဒေါက်တာဆွန်ယက်ဆင်၏ ပုံတူ ပန်းချီကားချပ်ရှေ့ မတ်တပ်ရပ်နေသော ဒီမိုကရက်တစ် ဖြစ်ထွန်းရေး ပါတီဝင်များက စာတန်းများ ကိုင်ဆောင်ကာ နျူကလီးယား ဓာတ်ပေါင်းဖို ကိစ္စကို ဆန့်ကျင်ကြသည်။ အမျိုးသားရေး ပါတီ၏ ကိုယ်စားလှယ်များကလည်း ယင်းကို တုံ့ပြန် ဝေဖန်ကြရာမှ ရန်ပွဲပေါ်ပေါက်လာခြင်းဟု သိရသည်။ ပြည်တွင်း ရုပ်မြင်သံကြား ဌာနအချို့က ထိုးကြကြိတ်ကြ ပြေးကြလွှားကြနှင့် ဆူဆူညံညံ ဖြစ်နေသော ဥပဒေပြု ဆွေးနွေးခန်းမ မြင်ကွင်းကို ပြသခဲ့သည်။

ထိုင်ဝမ်တွင် စတုတ္ထမြောက် ဓာတ်ပေါင်းဖိုကို (၁၉၉၇)ခုနှစ်က စတင် တည်ဆောက်ခဲ့သော်လည်း ဒီမိုကရက်တစ် ဖြစ်ထွန်းရေးပါတီ အာဏာရလာသည့်နောက် (၂၀၀၀)ပြည့်နှစ်မှ (၂၀၀၈)ခုနှစ်အတွင်း လုပ်ငန်းခွင် ရပ်ဆိုင်းထားစေခဲ့သည်။ ယခုအခါ ယင်းတားမြစ်ချက်ကို ပြန်လည် ပယ်ဖျက်ရန် အာဏာရ ပါတီက ကြိုးပမ်းလာပြီး အဆိုပါ အားထုတ်မှု အောင်မြင်ပါက (၂၀၁၆)ခုနှစ်တွင် ဓာတ်ပေါင်းဖို စွမ်းအင်ပြည့် စတင်လည်ပတ်နိုင်မည် ဖြစ်သည်။

အခြေအတင် ဆွေးနွေးမှု ကာလရှည်ကြာ ဖြစ်နေခဲ့ပြီးနောက် သောကြာနေ့ကမူ ကိုယ်ထိလက်ရောက်ပါ တိုက်ခိုက်လာကြခြင်း ဖြစ်သည်။ ရုပ်မြင်သံကြား ဌာနများက စုပြုံတွန်းထိုးနေသည့် လူအုပ်ကြီး တစ်စု၏ ပုံများနှင့် ကြမ်းပြင်ပေါ်တွင် အကြိတ်အနယ် နပမ်းသတ်နေသူ နှစ်ဦးတို့၏ ပုံများအပါအဝင် အဆိုပါ ရန်ပွဲကို ပြည်သူများ တွေ့ရှိခွင့်ရရန် ဝေဝေဆာဆာ တင်ဆက်ခဲ့သည်။ ထိုင်ဝမ်သည် တစ်ပါတီ စစ်အုပ်ချုပ်ရေး စနစ်ကို (၁၉၈၇)ခုနှစ်တွင် စတင်ပြောင်းလဲခဲ့ပြီး ယနေ့ အာရှတိုက်တွင် ဒီမိုကရေစီစနစ် အပီပြင်ဆုံး နိုင်ငံတစ်ခုအဖြစ် သတ်မှတ်ခံထားရသည်။

Planet.com.mm
သောကြာနေ့က ဖြစ်စဉ်တွင် လွှတ်တော် အမတ်များသည် တစ်ဦးနှင့်တစ်ဦး ဖက်လှဲ၍ နပမ်း လုံးကြ သလို ရေများနှင့်ပက်ကြ၊ ရေဘူးများနှင့် ကောက်ပေါက်ကြဖြင့် စည်စည်ကားကား ဖြစ် သွားခဲ့သည်။

အင်တာနက်လိုင်းများ ယနေ့ ပြန်ကောင်းမည်ဟု ဆက်သွယ်ရေးပြော

Photo: အင်တာနက်လိုင်းများ ယနေ့ ပြန်ကောင်းမည်ဟု ဆက်သွယ်ရေးပြော
Friday, Augest 02, 2013

SEA ME WE 3 ရေအောက်ဖိုင်ဘာ ဆက် ကြောင်းပြတ်တောက်မှုကြောင့် အင်တာနက်ဆက်လိုင်းများနှေး ကွေးနေမှုသည် ဩဂုတ် ၂ရက်တွင် ယခင်အတိုင်း ပြန်လည်ကောင်း မွန်တော့မည်ဟု မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးစိုင်းစောလင်းထွန်းက ပြော သည်။
ပြည်ပရေအောက်ဖိုက်ဘာ ဆက်ကြောင်းလိုင်းများနှင့် အ ဓိက ချိတ်ဆက်ထားပြီး မြန်မာ နိုင်ငံတွင် အင်တာနက်အဓိကအ သုံးပြုနေသည့် ပင်မဆက်ကြောင်း လိုင်း SEA ME WE 3 ကုန်းတွင်း ပိုင်းဆက်ကြောင်းပြတ်တောက်မှု ကို ဇူလိုင် ၃ဝရက်ကပြင်ဆင်ပြီး စီးခဲ့ပြီး အင်တာနက်လိုင်းများ ပုံ မှန်အတိုင်း ပြန်လည်သုံးစွဲနိုင်ရန် အတွက် လိုင်းသစ်များထပ်မံတိုး ချဲ့မှုများပြုလုပ်ခဲ့သဖြင့် နှောင့် နှေးမှုများဆက်လက်ရှိနေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

''ဒီနေ့ ၁ရက်မှာ လိုင်းက နည်းနည်းပြန်ကျသွားတယ်။ အ ရင်နေ့ကလောက် မမြန်တော့ဘဲ နဲ့ ပြန်ကျသွားတယ်။ အဲဒါကလဲ ဒီ SEA ME WE 3 ကို လိုင်းသစ် တွေ ပြန်ချိတ်နေတာပါ။ ဒီလိုင်း သစ်တွေ ထပ်တိုးချဲ့တာက ဒီနေ့ အပြီးသတ်ဆောင်ရွက်မှာ ဖြစ်တဲ့ အတွက် ဩဂုတ် ၂ရက်မှာ လုံးဝ ပြန်ကောင်းမှာဖြစ်ပါတယ်''ဟု အင်ဂျင်နီယာချုပ် ဦးစိုင်းစော လင်းထွန်းက ပြောသည်။

ပြတ်တော်မှုဖြစ်ပေါ်ခဲ့သော ဖိုက်ဘာဆက်ကြောင်းလိုင်းမှာ ဖျာပုံမြို့မှ နှစ်မိုင်တစ်ဖာလုံနှင့် နှစ်မိုင်ခြောက်ဖာလုံကြား ကုန်း တွင်းပိုင်း မြေအောက်တွင် မြှုပ် ထားသော ပါဝါကေဘယ်လ်ကြိုး ပေါက်ခြင်းဖြစ်ပြီး စတင်ပြတ် တောက်သည့်အချိန်တွင် ပင်လယ် တွင်းပိုင်းရှိ ဆက်ကြောင်းပြတ် တောက်ခြင်းဖြစ်သည်ဟု ခန့်မှန်း ၍ ဇူလိုင် ၂၂ရက် ညနေ ၅နာရီခန့် က အင်တာနက်တစ်လခန့်နှောင့် နှေးမည်ဟု သတ်မှတ်ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်ကြောင်း မြန် မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိ ရသည်။

''အကြမ်းဖျင်းတွက်ချက်မှု အရကတော့ မြန်နှုန်းမြင့်ပိုင်းက ရာခိုင်နှုန်း ၅ဝလောက်ကျဆင်း သွားခဲ့တယ်။ လာမယ့် ဩဂုတ် ၂ ရက်မှာ ၁ဝဝရာခိုင်နှုန်းပြည့်ပြန် သုံးနိုင်ပြီလို့ ပြောလို့ရပါတယ်''ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အဝေးဆက်သွယ်ရေးဌာနအင် ဂျင်နီယာချုပ်ဦးသန်းထွန်းက ပြောသည်။

ယင်းသို့ ရှစ်ရက်ကြာ ဆက် သွယ်ရေး ပြတ်တောက်သွားခဲ့သည့် SEA ME WE 3 အင်တာနက် ဆက်ကြောင်းလိုင်းအား မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင် နီယာများနှင့် စင်ကာပူနိုင်ငံမှ ပြု ပြင်ထိန်းသိမ်းရေးဌာန၏ ပံ့ပိုးကူ ညီမှုများဖြင့်ပြန်လည်ပြင်ဆင်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရေအောက်ဖိုက် ဘာ ဆက်ကြောင်းလိုင်းသစ်တစ်ခု ဖြစ်သည့် SEA ME WE 3 လိုင်း သစ်အား ၂၀၁၄ ခုနှစ်အပြီးတည် ဆောက်နိုင်ရန်အတွက် တရုတ် အစိုးရပိုင် China Union ကုမ္ပ ဏီနှင့် စာချုပ် ချုပ်ဆိုထားပြီး မကြာမီကာလတွင် အကောင်အ ထည်ဖော်ဆောင် ရွက်မည်ဖြစ် ကြောင်း သိရသည်။

Yangon Media Group
SEA ME WE 3 ရေအောက်ဖိုင်ဘာ ဆက် ကြောင်းပြတ်တောက်မှုကြောင့် အင်တာနက် ဆက်လိုင်း များနှေး ကွေးနေမှုသည် ဩဂုတ် ၂ရက်တွင် ယခင်အတိုင်း ပြန်လည်ကောင်း မွန်တော့ မည်ဟု မြန်မာ့ ဆက်သွယ် ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးစိုင်းစောလင်းထွန်းက ပြော သည်။

မိခင်ကို သေသည်အထိ အစာငတ်ခံ ပစ်ထားခဲ့သူ ထောင် ၁၂နှစ်ကျ

မိခင်ကို သေသည်အထိ အစာငတ်ခံ ပစ်ထားခဲ့သူ ထောင် ၁၂နှစ်ကျ
Friday, Augest 02, 2013

ထိုင်ဝမ်တွင် နာမကျန်းဖြစ်နေသော မိခင်အား အစာငတ်ခံထားခဲ့ပြီး သေသွားသည့် အလောင်းကို လောက်များ တက်သည်အထိ ပစ်ထားခဲ့သည့်အတွက် ဇူလိုင်လ ၃၁ရက်နေ့က ထောင်ဒဏ် ၁၂နှစ် အပြစ်ပေးခဲ့ကြောင်း သိရသည်။ ချန်ချီချန်း (၃၆နှစ်)ဆိုသူသည် မိခင်အား စွန့်ပစ်ထားခဲ့ပြီး သေဆုံးစေခဲ့မှုအတွက် အထက် တရားရုံးက ပြစ်ဒဏ် ချမှတ်ခဲ့ပြီး အာဏာပိုင်များထံ အယူခံဝင်နိုင်သေးသည်ဟု ဆိုသည်။

လွန်ခဲ့သည့်နှစ် သြဂုတ်လအတွင်းက ချန်၏ ဇနီးဖြစ်သူက ထိုင်ဝမ်မြောက်ပိုင်းရှိ နေအိမ်တွင် ဆီးချိုရောဂါဖြင့် အိပ်ရာထဲ လဲနေခဲ့သည့် ယောက္ခမဖြစ်သူ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရပြီးနောက် ရဲတပ်ဖွဲ့ထံ ဆက်သွယ် အကြောင်းကြားခဲ့ရာမှ အမှုပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ ရဲများရောက်ရှိသွားသည့် အချိန်တွင် အမှိုက်များ ပြန့်ကျဲနေသည့် အခန်းအတွင်း ၆၆ပေါင်ပင် မပြည့်သော အလောင်း၌ လောက်များ တက်နေသည်ကိုပင် တွေ့ရှိခဲ့ရသည်။

အသက် ၅၃နှစ်ခန့်ရှိ အမျိုးသမီးသည် သေဆုံးနေခဲ့သည်မှာ တစ်ပတ်ခန့်ပင် ရှိပြီဖြစ်ပြီး မသေခင် အနည်းဆုံး
ငါးရက်ခန့် မည်သည့် အစာမျှ စားခဲ့ရပုံမရဟု ဆိုသည်။ ဒေသခံ မီဒီယာများ၏ ဖော်ပြချက်အရ ချန်သည် အင်တာနက် ကဖေးများ၌ ကွန်ပျူတာ ဂိမ်းကစားခြင်းဖြင့်သာ အချိန်ကုန်နေပြီး နာမကျန်းဖြစ်နေသည့် မိခင်အား ပစ်ထားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ယခင်ပြီးခဲ့သည့် နှစ်များအတွင်း ထိုင်ဝမ်တွင် သက်ကြီးရွယ်အိုများအား စွန့်ပစ်ထားမှုနှင့် မလျော်မကန် ဆက်ဆံမှုများ မြင့်မားလာခဲ့ရာ သက်ကြီးရွယ်အို မိဘများကို ကြည့်ရှုစောင့်ရှောက်ရန် ပျက်ကွက်သည့် အရွယ်ရောက်ပြီးသူများအား ထောင်ဒဏ်ချမှတ်မည့် ဥပဒေကြမ်းတစ်ရပ်ကို ဥပဒေပြု အမတ်များက တင်သွင်းခဲ့သည်ဟု သိရသည်။

Myanmar ICT
ထိုင်ဝမ်တွင် နာမကျန်းဖြစ်နေသော မိခင်အား အစာငတ်ခံထားခဲ့ပြီး သေသွားသည့် အလောင်း ကို လောက်များ တက်သည်အထိ ပစ်ထားခဲ့သည့်အတွက် ဇူလိုင်လ ၃၁ရက်နေ့က ထောင်ဒဏ် ၁၂နှစ် အပြစ်ပေးခဲ့ကြောင်း သိရသည်။ ချန်ချီချန်း (၃၆နှစ်)ဆိုသူသည် မိခင်အား စွန့်ပစ်ထား ခဲ့ပြီး သေဆုံးစေ ခဲ့မှု အတွက် အထက် တရားရုံးက ပြစ်ဒဏ် ချမှတ်ခဲ့ပြီး အာဏာပိုင်များထံ အယူခံဝင်နိုင်သေးသည်ဟု ဆိုသည်။

ကမ္ဘာ့အဆင်းရဲဆုံး သမ္မတက ပိုင်ဆိုင်မှုရဲ့  ၉၀ ရာခိုင်နှန်းကို လစဉ်လှူဒါန်း

pre 
 ကမ္ဘာ့အဆင်းရဲဆုံး သမ္မတ စာရင်းထဲမှာ ဥရုဂွေး သမ္မတ José Mujica လည်း လည်း ပါဝင်ပါတယ်။ သူ့ရဲ့ လ စာက တစ်လကို အမေရိကန်ဒေါ်လာ ၁၂၅၀၀ ရှိပေမယ့် လစဉ် ၁၂၅၀ ပဲ သူ့အတွက်ချန် ပါ တယ်။ ကျန်တာကို လှူဒါန်းမှုမှာ အသုံးပြုတယ်လို့ သိရပါတယ်။
ဥရုဂွေးနိုင်ငံဟာ တောင်အမေရိကတိုက်မှာ ဒုတိယအသေးဆုံး နိုင်ငံ ဖြစ်ပြီး ဖွံ့ဖြိုးပြီး နိုင်ငံတစ်ခု

ကမ္ဘာ့အမြန်ဆုံးလူသား အူစိန်ဘော့၏ လျှို့ ဝှက်ချက်

bolt 

အသက် ၂၅ နှစ်ရှိပြီ ဖြစ်ပေမယ့် ယနေ့ထက်ထိတိုင် ကမ္ဘာ့အမြန်ဆုံးလူသား အဖြစ် စံချိန်တင် ထားနိုင်သေးတဲ့ ဂျမေကာနိုင်ငံသား Usain Bolt (အူစိန်ဘော့) ကို အမေရိကန် National Science Foundation မှ သိပ္ပံနည်းကျ လေ့လာမှုပြုလုပ်ခဲ့ပါတယ်။ မြန်ရတဲ့ အကြောင်းအရင်း အကြမ်းဖျင်း ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ရှစ်လေးလုံး ငွေရတု အခမ်းအနား ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောမည်



Photo: ရှစ်လေးလုံး ငွေရတု အခမ်းအနား ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောမည်
Friday, Augest 02, 2013

ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ်လ ၈ ရက်နေ့တွင် ကျင်းပမည့် ရှစ်လေးလုံး (၂၅) နှစ်ပြည့် ငွေရတု အခမ်းအနားတွင် မိန့်ခွန်း ပြောကြားမည် ဖြစ်ကြောင်း သြဂုတ်လ ၁ ရက်နေ့ က ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ရုံးခန်းတွင် ကျင်းပ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် အဆိုပါ အခမ်းအနား ကျင်းပရေး ကော်မတီဝင် ဦးမြအေးက ပြောကြားသည်။

အဆိုပါ ရှစ်လေးလုံး ငွေရတု အခမ်းအနားကို သြဂုတ်လ ၆ ရက်နေ့မှ ၈ ရက်နေ့ထိ သုံးရက်တိုင်တိုင် ကျင်းပမည်ဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည်က ယင်းအခမ်းအနား နောက်ဆုံးနေ့တွင် မိန့်ခွန်းပြောကြား မည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ယင်းအခမ်းအနားတွင် ပြုလုပ်မည့် နိုင်ငံရေး ဆွေးနွေးပွဲတွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်နှင့် တိုင်းရင်းသား ပါတီ ခေါင်းဆောင်များလည်း တက်ရောက် မိန့်ခွန်းပြောကြားမည်ဖြစ်ပြီး အခြား နိုင်ငံရေး ပါတီများနှင့် အဖွဲ့အစည်းများကို မိန့်ခွန်း ပြောကြား ခွင့် ပြုမည် မဟုတ်ကြောင်း ဦးမြအေးက ဆက်လက် ရှင်းပြသည်။

ရှစ်လေးလုံး ငွေရတုပွဲသည် တစ်နိုင်ငံလုံးနှင့် သက်ဆိုင်သော အထိမ်းအမှတ် အခမ်းအနား ဖြစ်သော ကြောင့် နိုင်ငံရေး အဖွဲ့အစည်းများ အချင်းချင်း သံသယများ ဖြစ်လာစေနိုင်ပြီး တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးနှင့် ပြန် လည် ရင်ကြားစေ့ရေးကို ပျက်ပြားစေနိုင်သော အပြုအမူများကို လက်ခံမည် မဟုတ်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ အခမ်းအနားသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ အားလုံးကို ဖိတ်ကြားထားပြီး ပြည် တွင်း ပြည်ပ ၈၈ မျိုးဆက် ကျောင်းသားများ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တို့ တက်ရောက်မည် ဖြစ်ကြောင်း ငွေရတု ပွဲ ဖြစ်မြောက်ရေး ကော်မတီ ထုတ်ပြန်ချက်များ အရ သိရသည်။

အဆိုပါ ရှစ်လေးလုံး ငွေရတု အခမ်းအနားသို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများ သမဂ္ဂ (ဗကသ) အဖွဲ့ချုပ်က အစိုးရ အဖွဲ့ဝင် ဝန်ကြီး များနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ တို့ကို ဖိတ်ကြားထားသောကြောင့် တက်ရောက်မည် မဟုတ်ကြောင်း ဗကသ ဥက္ကဋ္ဌ ဦးကျော်ကိုကိုက ပြောကြားထားသည်။

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ MCC ခန်းမတွင်သုံးရက်တိုင်တိုင် ကျင်းပ မည့် အဆိုပါ ငွေရတုပွဲ လုံခြုံရေးကို ၈၈ ကျောင်းသားများက တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ပြီး လုံခြုံရေးအင်အား ၁၂၀ ကျော် အသုံးပြု မည် ဖြစ်ကြောင်း ငွေရတုပွဲ လုံခြုံရေးနှင့် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီထံမှ သိရသည်။

ဟိန်းသွင်ထက်
The Voice Weekly
ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်သည် သြဂုတ်လ ၈ ရက်နေ့တွင် ကျင်းပမည့် ရှစ်လေးလုံး (၂၅) နှစ်ပြည့် ငွေရတု အခမ်းအနား

မြန်မာ လုပ်သားများ စွမ်းရည်မြှင့်ရန် ဂျာမနီ ကူမည်

မြန်မာ လုပ်သားများ စွမ်းရည်မြှင့်ရန် ဂျာမနီ ကူမည်

ရန်ကုန်၊ သြဂုတ် ၁

အခြေခံလုပ်သား အများစုရှိသည့် မြန်မာနိုင်ငံတွင် အလုပ်သမားများအတွက် အသက်မွေးဝမ်းကျောင်း သင်တန်းများကို အခမဲ့ ဖွင့်လှစ်နိုင်ရန် အကူအညီ ပေးသွားမည်ဖြစ်ကြောင်း ဂျာမန် ဖွံ့ဖြိုးမှု ပူးပေါင်း ဆောင် ရွက်ရေးအဖွဲ့ (GIZ) မှ Senior Advisor ဒေါ်နိုင်ရီမာက ပြောကြားသည်။

ရန်ကုန်မြို့ MICT Park တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ လုပ်သားထု ဖွံ့ဖြိုး တိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှုစံ သတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) က ယင်းသို့ သင်တန်းများ ပေးနိုင်ရန် ကူညီ သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“NSSA က လိုအပ်တဲ့ နည်းပညာပိုင်းဆိုင်ရာတွေကို ကူညီမှာပါ။ ဘာတွေ လိုအပ်တယ် ဆိုတာ ကိုတော့ အသေးစိတ်၊ အတိအကျသိဖို့ ဆွေးနွေး ရဦးမှာ” ဟု ဒေါ်နိုင်ရီမာက The Voice သို့ ပြောကြားသည်။

မြန်မာနိုင်ငံ လူဦးရေ ၆၁ သန်းခန့်တွင် စုစုပေါင်း လုပ်သား အင်အား ၃၂ သန်းခန့်ရှိပြီး လုပ်သား အင်အားထုသည် နိုင်ငံတွင် လူဦးရေ၏ ၆၇ ရာခိုင်နှုန်း ရှိကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနထံမှ သိရှိရသည်။

အဆိုပါ လုပ်သားများ ကျွမ်းကျင်လုပ်သားများ ဖြစ်စေရန် Testing Centre များ တည်ထောင်ပြီး ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ် ထုတ်ပေးရန် လိုအပ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးထင်အောင်က ပြောကြားသည်။

လုပ်သားထု ကျွမ်းကျင်မှု ဖွံ့ဖြိုး တိုးတက်ရန် ဆွစ်ဇာလန်နိုင်ငံ Centre for Vocational Training (CVT) နှင့် ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်း ဆိုင်ရာ သင်တန်းကျောင်း ဖွင့်လှစ်မည်ဖြစ်ပြီး ပညာကို ဆုံးခန်းတိုင်အောင် မသင်နိုင်သူများ၊ အမျိုးသမီးများ၊ ငွေကြေး မတတ်နိုင်၍ ပညာ မသင်ကြားနိုင်သူများအတွက် Dual Training သင်တန်းများကို အခမဲ့ ဖွင့်လှစ်နိုင်ရန် အင်္ဂလန်နိုင်ငံ The Organization for Educational Resources and Technological Training (ORT) နှင့် ပူးပေါင်းသွား မည်ဖြစ်ကာ ကျွမ်းကျင် သင်တန်းများ ဖွင့်ရန်လည်း အစီအစဉ် ရှိကြောင်း ၎င်းက ဆိုသည်။
အခြေခံလုပ်သား အများစုရှိသည့် မြန်မာနိုင်ငံတွင် အလုပ်သမားများအတွက် အသက်မွေးဝမ်းကျောင်း သင်တန်းများကို အခမဲ့ဖွင့်လှစ်နိုင်ရန် အကူအညီ ပေးသွားမည်ဖြစ်ကြောင်း ဂျာမန်ဖွံ့ဖြိုးမှု ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (GIZ) မှ Senior Advisor ဒေါ်နိုင်ရီမာက ပြောကြားသည်။

ရန်ကုန်မြို့လယ် နာမည်ကြီး လောင်းကစားဒိုင်ကြီးကို ဖမ်းဆီး

ရန်ကုန်မြို့လယ် နာမည်ကြီး လောင်းကစားဒိုင်ကြီးကို ဖမ်းဆီး

ရန်ကုန်၊ သြဂုတ် ၁

ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် ၂၉လမ်း (အလယ်ဘလောက်) ရှိ တိုက်အမှတ် ၁၀၀/၁၀၃ သုံးလွှာတွင်ရှိ နာမည်ကြီး လောင်းကစားဒိုင်ကို သြဂုတ်လ ၁ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က ဝင်ရောက် ဖမ်းဆီးခဲ့ရာ လောင်းကစား ပြုလုပ်သူ ၂၆ ဦးကို ဖမ်းမိခဲ့ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းက The Voice သို့ ပြောကြားသည်။ 

“သုံးလွှာကနေ ထွက်ပြေးတဲ့သူတောင် ရှိတယ်။ ဖမ်းထားတဲ့သူတွေကို ခု (မွန်းလွဲ ၂နာရီ ခွဲ) အထိ ကားနဲ့သယ်တာ လေးခေါက်လောက်ရှိပြီ” ဟု မျက်မြင်တွေ့ရှိသူ ၂၉ လမ်းတွင် နေထိုင်သူ အသက် ၃၂ အရွယ်ရှိ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

အဆိုပါ လောင်းကစားဒိုင်မှာ ဘောလုံးပွဲ၊ နှစ်လုံးထီ၊ ချဲထီနှင့် လေးကောင်ဂျင် ကစားဝိုင်းကို တရားဝင် ခွင့်ပြုချက်ဖြင့် လုပ်ကိုင်နေသည်ဟု ထင်ရလောက်ကြောင်း ၎င်းက ပြောကြားသည်။ 

အဆိုပါဖမ်းဆီးသည့် ကိစ္စနှင့်ပတ်သက်၍ ဖမ်းမိသူများကို စစ်ဆေးလျက် ရှိသောကြောင့် အတည်ပြု ပြောကြား၍ မရသေးကြောင်း ပန်းဘဲတန်းမြို့နယ် ရဲစခန်း တာဝန်ကျ အရာရှိတစ်ဦးက ပြောကြားသည်။ 

“တစ်ရက်က ရပ်ကွက်ထဲက အမျိုးသမီးတစ်ဦးက ဒီဒိုင်မှာထိုးတာ သူ့ဂဏန်း ထွက်လာတော့ ဂဏန်းက ထိုးလို့မရဘူးလို့ ချဲရောင်းသမားကပြောတော့ အကြောင်းသိစေရမယ်လို့ ပြောဆိုသွားတယ်လို့ သိရတယ်။ တိုင်တဲ့သူများရှိလို့ ဝင်ဖမ်းတာလား အတိအကျတော့ မသိဘူး” ဟု ရပ်ကွက်အတွင်းမှ အမျိုးသမီးတစ်စု၏ ပြောဆိုချက်အရ သိရသည်။

အဆိုပါအခန်းကို  ဦးကျော်ကိုကိုဆိုသူက နှစ်ချုပ်ဖြင့် ငှားရမ်းအသုံးပြုလျက်ရှိပြီး ဖမ်းဆီးရာတွင် လောင်းကစား အသုံးပြုသည့် စာရွက်စာတမ်း၊ ပရိဘောဂနှင့် ငွေကျပ် သိန်း ၃၀ ကျော်တို့ကို ဖမ်းမိခဲ့ကာ ဖမ်းဆီးမိသူများကို  ပန်းဘဲတန်းမြို့နယ် ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းက ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် ၂၉လမ်း (အလယ်ဘလောက်) ရှိ တိုက်အမှတ် ၁၀၀/၁၀၃ သုံးလွှာတွင်ရှိ နာမည်ကြီး လောင်းကစားဒိုင်ကို သြဂုတ်လ ၁ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က ဝင်ရောက် ဖမ်းဆီးခဲ့ရာ လောင်းကစား ပြုလုပ်သူ ၂၆ ဦးကို ဖမ်းမိခဲ့ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းက The Voice သို့ ပြောကြားသည်။

မေဂျာလိဂ်တွင် ဘောလုံးအသင်းတစ်သင်း ၀ယ်ယူရန် ဒေးဗစ် ဘက်ခမ်နီးစပ်နေ

ပြီးခဲ့သည့်ရာသီအကုန်က ဘောလုံးလောကမှ အနားယူခဲ့သည့် အင်္ဂလန် အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်သည် အမေရိကန်နိုင်ငံ မီယာမီတွင် ဘောလုံး အသင်း တစ်သင်း ၀ယ်ယူပြီး မေဂျာလိဂ် ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင် ကစားသွားရန် နီးစပ်နေကြောင်း သိရ သည်။