တက္ကသိုလ်ဝင်တန်း တက်ရောက်ရန် အခက်အခဲရှိပြီး ဆင်းရဲနွမ်းပါးသော ကျောင်းသား
ကျောင်းသူ များကို ကျောင်းအိပ် ကျောင်းစား ထောက်ပံ့လျက်ရှိသည့်
စိမ်းလန်းမြေ ပညာသင်ဒါန ကျောင်းအဖွဲ့သည် ၂၀၁၄-၂၀၁၅ ခုနှစ် ပညာသင်နှစ်တွင်
ကျောင်းသားကျောင်းသူ ၄၀ ဦးအထိ တိုးမြှင့် ပံ့ပိုး သွားမည် ဖြစ်ကြောင်း
အဆိုပါအဖွဲ့က ဗဟိုဦးစီးကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းက The Voice သို့
ပြောကြား သည်။
Sunday, February 9, 2014
နွေရာသီတွင် ရှောကို ပေါင် သန်း ၂၀ ဖြင့် မန်ချက်စတာယူနိုက်တက် ကမ်းလှမ်းမည်

မန်ချက်စတာ ယူနိုက်တက်သည် ယခုနှစ် နွေရာသီတွင် ရှောကို ပေါင် သန်း ၂၀ ဖြင့် ကမ်းလှမ်းမည် ဖြစ်ကြောင်း၊ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံအနေဖြင့် အဆိုပါ ဆောက်သမ်တန် လူငယ် ကစားသမားကို အိုးထရတ်ဖို့ဒ်သို့ ခေါ်ဆောင်နိုင်ရန် အခွင့်အရေးကောင်းများ ပိုင်ဆိုင်ထားကြောင်း Goal က ဖော်ပြခဲ့သည်။
မြန်မာဈေးကွက်မှာ အပြိုင်အဆိုင်တွေများလာတဲ့ ဂျပန်ကားများ
သမ္မတဦးသိန်းစိန်အစိုးရ အာဏာရလာသည့် ၂၀၁၁ ခုနှစ်မှစပြီး အခွန်များနှင့်
လုပ်ထုံး လုပ်နည်းများ လျှော့ပေါ့ပေးလိုက်သည့်အတွက် ဂျပန်နိုင်ငံထုတ်
တစ်ပတ်ရစ် ကားများ မြန်မာနိုင်ငံ သို့ အလုံးအရင်းနှင့် ၀င်ရောက်လာနေသည်။
နိုက်ဂျီးရီးယား၏ စားသောက်ဆိုင် တစ်ခုတွင် လူဦးခေါင်း အသားကင်ရောင်းချခဲ့

နိုက်ဂျီးရီးယား၊ အနမ်ဘရာပြည်နယ်မှ စားသောက်ဆိုင်တစ်ခုမှာ လူသားဖြင့် ဟင်းလျာများ ချက်ပြုတ်ရောင်း ချနေကြောင်း အာဏာပိုင်များမှ လက်ပူးလက်ကြပ်တွေ့ရှိပြီးနောက် ယင်းဆိုင်အား ပိတ်စေခဲ့သည်။
လျှို့ဝှက်သတင်းပေးမှုအရ စားသောက်ဆိုင်အတွင်း ၀င်ရောက်ဖမ်းဆီးရာတွင် ဆိုင်ပိုင်ရှင်၊ အမျိုးသမီး ၈ ဦး၊ အမျိုးသား လေးဦး စုစုပေါင်း ၁၁ ဦးကို လတ်ဆတ်နေဆဲ ဆီစိမ်စက္ကူဖြင့်ပတ်ထားသော လူသားဦးခေါင်း နှစ်ခုနှင့်အတူ ရဲများက တွေ့ရှိခဲ့ကြသည်။
အမျိုးသားများအတွက် ကျန်းမာပျော်ရွှင်သော ဘ၀နေထိုင်မှုပုံစံ
ဖွဲ့စည်းပုံပုဒ်မ ၅၉ (ဃ) နဲ့ (စ) အပေါ် သံဃာတချို့အမြင်

စစ်အစိုးရလက်ထက်ကရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံပါ သမ္မတအဖြစ် အရွေးခံနိုင်ခွင့် အရည်အချင်းတွေ ထဲက ပုဒ်မ ၅၉ (ဃ) နဲ့ (စ) ကို ပြင်ဆင်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအ၀င် နိုင်ငံရေး အင်အားစုတွေက လူထုသဘောထားဆန္ဒတွေ စုစည်းနေကြသလို လွှတ်တော် မှာလည်း ဒီဖွဲ့စည်းပုံကို ပြန်လည်သုံးသပ်ရေးဆောင်ရွက်နေပါတယ်။ တချိန်တည်းမှာပဲ အာဏာရနဲ့ တချို့နိုင်ငံရေးပါတီတွေက ဒီပုဒ်မတွေကို ပြင်ဖို့ မလိုအပ်ဘူးဆိုပြီး ဟောပြောပွဲတွေလည်း ကျင်းပခဲ့ ပါတယ်။။ အခုလို ပြင်ဆင်ဖို့လိုတယ်၊ မလိုဘူးဆိုပြီး ပြောဆိုနေတဲ့ ဒီပုဒ်မ ၂ ခု အပေါ်မှာ သံဃာတော်တွေကရော ဘယ်လို ရှုမြင်နေကြသလဲဆိုတာကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုအောင်ရဲမောင်မောင် က ဆက်သွယ် မေးမြန်းထားပါတယ်။
ဖျက်ဆီးခံရမှုများနှင့် ခိုးဝင်မှုများကြောင့် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုးအား ပြန်လည်ပြင်ဆင်လျက်ရှိ
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုးတစ်လျှောက် တစ်ဖက်နိုင်ငံမှ ခိုးဝင်လာသူများ၏ ဖျက်ဆီးခံရမှု၊ ခိုးယူမှုနှင့် မြစ်ရေတိုက်စားမှုကြောင့် ပျက်စီးခဲ့ရသည့် နယ်စပ်ခြံစည်းရိုးတစ်လျှောက် ကွန်ကရစ်ခင်းခြင်းနှင့် သံဆူးကြိုး လဲလှယ်ခြင်းလုပ်ငန်းအား စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။
ယင်းသို့ ခြံစည်းရိုးများအား ပြန်လည်ပြင်ဆင်ခြင်းစီမံကိန်းကို ဒီဇင်ဘာလကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး ယခင်တပ်ဆင်ခဲ့သည့် သံဆူးကြိုးခွေများအား ပြန်လည်ဖြုတ်သိမ်းခြင်းလုပ်ငန်းများ ပြီးစီးပြီဖြစ်၍ မြေထိန်း
စကော့တလန် ခွဲထွက်မသွားစေရေး ကြိုးစားရမည့် ဗြိတိန်ဝန်ကြီးချုပ်
ယခုနှစ် စက်တင်ဘာလ (၁၈)ရက်နေ့တွင် စကော့အမျိုးသား ပါတီက
စကော့တလန်ပြည် နယ်ကို နိုင်ငံတစ်ခုအဖြစ် ကိုယ်ပိုင်အစိုးရဖြင့်
အုပ်ချုပ်ခွင့် ရရှိရေး အဆိုကို ဗြိတိန်တစ်နိုင်ငံ လုံး၌ နှိုးဆော်ဆန္ဒမဲ ကောက်ခံမည် ဖြစ်သည်။
စကော့တလန် ခွဲထွက်မသွားစေရေး ကြိုးစားရမည့် ဗြိတိန်ဝန်ကြီးချုပ်စကော့တလန်ကို သီးခြားခွဲထွက်ခွင့် မပေးရေးအတွက် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန် အနေဖြင့် တစ်နိုင်ငံလုံးကို လှည့်ပတ်စည်းရုံး သွားမည်ဟု သိရသည်။ ယခုနှစ် စက်တင်ဘာလ (၁၈)ရက်နေ့တွင် စကော့အမျိုးသား ပါတီက စကော့တလန်ပြည်နယ်ကို နိုင်ငံတစ်ခုအဖြစ် ကိုယ်ပိုင်အစိုးရဖြင့် အုပ်ချုပ်ခွင့် ရရှိရေး အဆိုကို ဗြိတိန်တစ်နိုင်ငံလုံး၌ နှိုးဆော်ဆန္ဒမဲ ကောက်ခံမည် ဖြစ်သည်။ ယင်းကို ဝန်ကြီးချုပ်က တစ်နိုင်ငံလုံး
စကော့တလန် ခွဲထွက်မသွားစေရေး ကြိုးစားရမည့် ဗြိတိန်ဝန်ကြီးချုပ်စကော့တလန်ကို သီးခြားခွဲထွက်ခွင့် မပေးရေးအတွက် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန် အနေဖြင့် တစ်နိုင်ငံလုံးကို လှည့်ပတ်စည်းရုံး သွားမည်ဟု သိရသည်။ ယခုနှစ် စက်တင်ဘာလ (၁၈)ရက်နေ့တွင် စကော့အမျိုးသား ပါတီက စကော့တလန်ပြည်နယ်ကို နိုင်ငံတစ်ခုအဖြစ် ကိုယ်ပိုင်အစိုးရဖြင့် အုပ်ချုပ်ခွင့် ရရှိရေး အဆိုကို ဗြိတိန်တစ်နိုင်ငံလုံး၌ နှိုးဆော်ဆန္ဒမဲ ကောက်ခံမည် ဖြစ်သည်။ ယင်းကို ဝန်ကြီးချုပ်က တစ်နိုင်ငံလုံး
ရန်ကုန်တိုင်းအတွင်း နိုင်ငံရေးအကျဉ်းသားစာရင်း ကောက်ယူမှု နှစ်လအတွင်း အပြီးကောက်ယူနိုင်မည်ဟု မျှော်မှန်း
၂၀၁၄ ဖေဖော်ဝါရီလမှစတင်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့နှင့်ဗ
AAPP တို့ပူးပေါင်းပြု လုပ်သည့် နိုင်ငံရေးအကျဉ်းသားစာရင်း ကောက်ယူမှုအား
နှစ်လခန့်အတွင်း ရန်ကုန်တိုင်းမှာ ပြီးဆုံးလိမ့် မည်ဟု ခန့်မှန်းကြောင်း
ရန်ကုန်တိုင်းအတွင်း တာဝန်ခံဆောင်ရွက်နေသည့် ဦးထွန်းကြည်က ပြောကြား သည်။
ငါးလုံးပြူးတစ်လက်၊ ကျည် ၁၂ တောင့်နှင့် စိတ်ကြွ ရူးသွပ်ဆေးပြား ၁ဝဝ ဖမ်းမိ
နိုင်ငံတော်က အမျိုးသားရေး တာဝန်တစ်ရပ် အဖြစ် ချမှတ်၍ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်အား ဘက်ပေါင်းစုံမှ အရှိန်အဟုန်မြှင့် ဖမ်းဆီး ဆောင်ရွက်လျက် ရှိရာ မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူး၊ မော်လမြိုင် ခရိုင် ရဲတပ်ဖွဲ့မှူးတို့၏ ညွှန်ကြားချက် အရ ကျိုက်မရော မြို့နယ် ရဲတပ်ဖွဲ့မှူး၏ ကြီးကြပ် ညွှန်ကြားမှုဖြင့် ကျိုက်မရောမြို့မ ရဲစခန်းမှူး ဒုတိယရဲမှူး မျိုးညွန့် ဦးဆောင်သော အဖွဲ့သည် သတင်းအရ ဖေဖော်ဝါရီ ၃ ရက် နံနက် ၆ နာရီမှစ၍ ကော့ပနော ကျေးရွာ အုပ်စု ကော့ဒွန်းကျေးရွာ ရွာလယ်လမ်းမတွင် သက်သေများနှင့် အတူ စောင့်ဆိုင်းနေစဉ် ကော့ဝမ်းရွာနေ ဝင်းနိုင်(၃၉ နှစ်) မောင်းနှင် လာသော မော်တော် ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရာ WY ပန်းရောင်ဆေးပြား အလုံး ၁၀၀ တန်ဖိုး ခြောက်သိန်း၊ MOD- 361 စာတန်းပါ
အမှတ်ပေးဇယား အပြောင်းအလဲဖြစ်ခဲ့တဲ့ ပွဲစဉ်(၂၅)

စနေည ပရီးမီးယားလိဂ် ပွဲစဉ်တွေကတော့ အမှတ်ပေးဇယား ထိပ်ဆုံးနေရာအပြောင်းအလဲဖြစ်ခဲ့ပါတယ်။ အမှတ်ပေးဇယား ဦးဆောင်သူ အာဆင်နယ်က မိနစ်(၂၀)အတွင်း (၄)ဂိုးပေးခဲ့ရပြီး ပွဲပြီးရလဒ် (၅-၁)ဂိုးနဲ့ ရှုံးနိမ်ခဲ့တာကြောင့် အမှတ်ပေးဇယား ထိပ်ကဆင်းပေးခဲ့ရုံသာမက နှစ်(၅၀)အတွင်း ပရီးမီးယားလိဂ်မှာ လီဗာပူးကို အဆိုးရွားဆုံး ရှုံးနိမ့်မှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
Friday, February 7, 2014
Facebook ပထမဆုံး အသုံးပြုသူ ၁၀ ဦးကိုဖော်ပြ

ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ကမ္ဘာ့လူသုံးအများဆုံး နာမည်ကျော် လူမှုကွန်ရက်ဖေ့စ်ဘုတ် တည်ထောင်မှု ဆယ်နှစ်ပြည့် အခမ်းအနားအဖြစ် ဖေ့စ်ဘုတ်မှ ၎င်းတို့၏ ဒစ်ဂျစ်တယ် ပရိုဖိုင်များ၊ ဓာတ်ပုံများ၊ လျှို့ဝှက်ချက်များနှင့် ဖေ့စ်ဘုတ်ကို ကမ္ဘာပေါ်တွင် ပထမဆုံးစတင်သုံးစွဲသူ ဆယ်ယောက်၏ အမည်များကို ဖော်ပြခဲ့သည်။
နိုင်ငံတကာ အဖွဲ့အစည်းများ ခုနစ်ရက်အတွင်း ထွက်ပေးရန် ဘူးသီးတောင်တွင် လူနှစ်ထောင်ကျော် ဆန္ဒပြ
ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်က ခုနစ်ရက်အတွင်း ထွက်သွားပေးရန် ဖေဖော်ဝါရီလ ၆ရက်နေ့တွင် မြို့ခံ ၂၀၀၀ ကျော် ဆန္ဒပြ တောင်းဆိုခဲ့ကြောင်း အဆိုပါမြို့နယ် ရခိုင်လူမှုကွန်ရက် ညှိနှိုင်းရေးမှူး ဦးထွန်းအောင်သိန်းက ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်နှင့် အစိုးရအဖွဲ့ ပညာရေးမူဝါဒများ ပူးပေါင်းရေး သုံးပွင့်ဆိုင်ညှိနှိုင်း

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှု ကော်မတီနှင့် နိုင်ငံတော်သမ္မတရုံး ဝန်ကြီးတို့က သီးခြားစီ ရေးဆွဲထားသော ပညာရေး မူဝါဒများ တပေါင်းတစည်းတည်း ဖြစ်ရန် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ပထမဆုံးအကြိမ် ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။
ဒေါက်တာအေးမောင်နှင့်အဖွဲ့ ဖြစ်စဉ်

● ဒေါက်တာအေးမောင် ဦးဆောင်တဲ့ ၆ ဦးဟာ ဇန်န၀ါရီ ၃၀ ရက်နေ့ နေ့လည် ၁၂ နာရီက စပြီး မလေးရှားကို ရောက်ခဲ့ပါတယ်။ မိမိတို့အစီအစဉ်နဲ့ အလည်အပတ်သွားရောက်ခဲ့တဲ့ ခရီးစဉ် ဖြစ်တဲ့အတွက် သံရုံးနဲ့လည်း အဆက်အသွယ် မရှိခဲ့ပါဘူး။ သွားရောက်ရာမှာလည်း သာမန်နိုင်ငံကူးလက်မှတ်(အနီ)နဲ့ သွားခဲ့ကြ တာပါ။
ဒေါ်လာ ၁၂ သန်းတန် ရေဆိုးသန့်စင်စက်ရုံ မန်းတွင် ဆောက်မည်
မန္တလေးမြို့ စက်မှုဇုန်အတွင်းမှ ထွက်ရှိလာသော ရေဆိုးများကို အခကြေးငွေဖြင့်
သန့်စင်ပေးမည့် စက်ရုံ တည်ဆောက်ရန် ထိုင်းနိုင်ငံမှကုမ္ပဏီတစ်ခုနှင့်
ဆွေးနွေး အကောင်အထည်ဖော်သွားမည်ဟု မန္တလေး မြို့တော် စည်ပင်သာယာရေးကော်မတီ၊
ကော်မတီဝင်(၁) ဦးထွန်းကြည်က ဖေဖော်ဝါရီ ၆ ရက်က မဇ္ဈိမ ကို ပြောသည်။
ရတနာပုံသင်္ဘောကျင်းတွင် ပြင်ပလုပ်သားများဖြင့် သင်္ဘောတည်ဆောက်မည်
မန္တလေးမြို့ ရတနာပုံသင်္ဘောကျင်းတွင် ပြင်ပလုပ်သားများ ငှားရမ်းကာ
ပုဂ္ဂလိကရေယာဉ်များ၊ သင်္ဘော များ တည်ဆောက်ခြင်းကို
ယခုနှစ်မှစတင်ဆောင်ရွက်သွားမည်ဟု ရတနာပုံသင်္ဘောကျင်းမှ ဒုတိယအင် ဂျင်နီယာမှူး ဦးတင်စိုးက မဇ္ဈိမကို ပြောသည်။
စင်ကာပူကုမ္ပဏီ ရေနံချောင်းအနီးတွင် ရေနံတူးမည်
စင်ကာပူအခြေစိုက် Interra Resources ကုမ္ပဏီသည် ရေနံချောင်းမြို့အနီးတွင်
ရေနံတူးဖော်ရန် Gold- petrol Joint Operating ကုမ္ပဏီနှင့်
ပူးတွဲဆောင်ရွက်မည်ဟု UPI သတင်းတစ်ရပ်တွင် ဖေဖော်ဝါရီ ၆ ရက်က ဖော်ပြထားသည်။
တယ်လီနောနှင့် အူရီဒူးတို့က ခြောက်လနှင့် ရှစ်လအတွင်း ဆင်းမ်ကတ်များ ရောင်းချမည်ဖြစ်ရာ လက်ရှိ ကျပ် ၁၅၀၀ တန်ဆင်းမ်ကတ် ပြင်ပဈေး လျော့ကျ
ပည်ပဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုဖြစ်သည့် အူရီဒူးနှင့် တယ်လီနော ဆက်သွယ်ရေး
ကုမ္ပဏီတို့မှ မိုဘိုင်း ဆင်းမ်ကတ်များကို ခြောက်လမှ ရှစ်လအတွင်း
ရောင်းချပေးမည့်အတွက် လက်ရှိတွင် မြန်မာ့ဆက် သွယ်ရေး လုပ်ငန်းမှ ကျပ် ၁၅၀၀
ဖြင့် ရောင်းချပေးလျက်ရှိသည့် မိုဘိုင်းဆင်းမ်ကတ်များမှာ ၀ယ်ယူမှု
နည်းပါးလာပြီး ဈေးနှုန်းများမှာလည်း လျှော့ကျလာကြောင်း
မိုဘိုင်းအရောင်းဆိုင်များ၏ ပြောကြားချက်အရ သိရသည်။
ချင်းအမျိုးသားဒီမိုကရက်တစ်က ၂၀၁၅ ရွေးကောက်ပွဲအတွက် စည်းရုံးရေးစတင်
အမည်သစ်ပြောင်းလဲလိုက်သော ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီသည်၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ပါတီအင်အားကြီးလာစေရန် ကျန်နိုင်ငံရေးပါတီကြီးများမှ ပါတီဝင်များကို ၎င်းပါတီအတွင်း ၀င်ရောက်နိုင် ရေး စည်းရုံးရေးဆင်းမှုများ စတင်နေပြီဟု ပါတီဥက္ကဋ္ဌဦးဇိုဇမ်က ဖေဖော်ဝါရီ ၆ ရက်တွင် မဇ္ဈိမကို ပြော သည်။
ရခိုင်တွင် မဲပေးခွင့်ရှိသည့် ယာယီသက်သေခံကတ်ပြား ကိုင်ဆောင်ထားသူ ခုနစ်သိန်းကျော်ရှိ
ရခိုင်ပြည်နယ်အတွင်း ယာယီသက်သေခံကတ်ပြား(White Card) နှင့်
မဲပေးနိုင်ခွင့်ရှိသူ ခုနစ်သိန်းကျော် ရှိသည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီးဌာန လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်
ပုံတင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ပြောသည်။
ဂျာမနီသမ္မတ၏ မြန်မာခရီးစဉ်အတွင်း ကြွေးမြီ ၅၀ ရာခိုင်နှုန်း လျှော့ပေးမည်
ဂျာမနီပြည်ထောင်စုသမ္မတ Mr. Joachim Gauck သည် လာမည့် ဖေဖော်ဝါရီ ၉ ရက်မှ
၁၂ ရက်အထိ မြန်မာနိုင်ငံသို့ ပထမဦးဆုံးအကြိမ် အလည်အပတ်လာရောက်မည်ဖြစ်ရာ
ယင်းခရီးစဉ်အတွင်း မြန်မာနိုင် ငံကပေးရန်ရှိသည့် ကြွေးမြီ ၅၀
ရာခိုင်နှုန်းကို လျှော့ချပေးမည့် ဂျာမနီ-မြန်မာ သဘောတူစာချုပ်တစ်ရပ် ကို
လက်မှတ်ရေးထိုးကြမည်ဖြစ်သည်ဟု ဂျာမနီသံရုံး၏ ဖေဖော်ဝါရီ ၆ ရက်
ထုတ်ပြန်ချက်တွင် ပါဝင် သည်။
သရုပ်ဆောင်ရဲတိုက်၏အမှု ရှစ်လနီးပါး ကြာမြင့်သည်အထိ အပြီးသတ် အမိန့်ချမှတ်နိုင်ခြင်း မရှိသေးဘဲ ဖေဖော်ဝါရီ ၁၄ ရက်တွင် ရုံးချိန်း ထပ်မံခေါ်ဆို
![]() |
သရုပ်ဆောင်ရဲတိုက်အား တရားရုံးမှ ပြန်လည်ခေါ်ဆောင် သွားသည်ကို ဖေဖော်ဝါရီ ၆ ရက်က တွေ့ရစဉ်
|
သရုပ်ဆောင်ရဲတိုက်၏ အမှုမှာ စတင်ဖမ်းဆီးချိန်မှ ယခုအထိ ရှစ်လနီးပါး ကြာမြင့်လာသော်လည်း အပြီးသတ်အမိန့် ချမှတ်နိုင်ခြင်းမရှိသေးဘဲ ရုံးချိန်းခေါ်ဆိုနေသည့် အဆင့်သာရှိနေကြောင်း သိရသည်။
တစ်နေ့နှစ်ကြိမ် သွားတိုက် သင့်သော အကြောင်းအရင်း ၆ရပ်

(၁) ဖလိုရိုဒ်ရဲ့ ကာကွယ်မှုကို ရရှိစေပါတယ်
ဖလိုရိုဒ်ဟာ သွားတိုက်ဆေးမှာ အဓိက ပါဝင်ပစ္စည်းဖြစ်ပြီး သွားတိုက်တာကြောင့် ဖလိုရိုဒ်ဟာ သွားအပေါ် ဖုံးအုပ်ထားသလိုဖြစ်ကာ သွားအတွက် အကာအကွယ် ရရှိနိုင်ပါတယ်။
ဝန်ကြီး ဦးအုန်းမြင့် ပြောကြားချက်ကိစ္စ အရေးယူရေး လွှတ်တော် စောင့်ကြည့်နေဆဲ
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ရဲ့ မကွေးတိုင်းဒေသကြီး
သစ်ရာကောက်ကျေးရွာမှာ ဒေသခံများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့တဲ့
ရုန့်ရင်းကြမ်း တမ်းတဲ့ စကားတွေအပေါ် အစိုးရအနေနဲ့ တစ်စုံတစ်ရာ
အရေးယူဆောင်ရွက်ဖို့ ပျက်ကွက်နေမယ်ဆိုရင် အရေးယူလာတဲ့အထိ
ဆက်လက်ကြိုးပမ်းသွားမယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးက
ဒီကနေ့ ပြောပါတယ်။
Thursday, February 6, 2014
ကောင်းခါး၌ ပြည်သူ့စစ် ဝတ်စုံဝတ်ဆင်သူများ၏ ဖမ်းဆီးခံရသူ ကျပ်သိန်း ၆၀၀ နီးပါးလျော်မည်ဟု ဝန်ခံပြီးနောက် ပြန်လွှတ်
ရှမ်းပြည်နယ် လားရှိုးမြို့နယ် တရားရုံး ရုံးထုတ် အချုပ်ခန်းမှ တရားရုံး၏
အမိန့်ဖြင့် လွှတ်ပေးလိုက်သည့် အမျိုးသားတစ်ဦးကို ပြည်သူ့စစ်ဝတ်စုံ
ဝတ်ဆင်ထားသူများက ဖမ်းဆီးသွားပြီး ရှစ်ရက်ခန့် အကြာ ဖေဖော်ဝါရီလ ၃
ရက်နေ့တွင် စွပ်စွဲခံထားရသော အလွဲသုံးစားမှုအတွက် ကျပ်သိန်း ၆၀၀ နီးပါး
ပေးလျော်မည်ဆိုသည့် ကတိကြောင့် အိမ်ပြန်ပို့ပေးကြောင်း ကာယကံရှင် ဖြစ်သူ
ဦးမျိုးသက်ပိုင်က ပြောကြားသည်။
မိုးမိတ်-မန္တလေးလမ်းတွင် ရေသန့် ဖြန့်ချိရေးကားကို အဖွဲ့အစည်းတစ်ခုက ဆပ်ကြေးတောင်း
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်ရှိ AHA သောက်ရေသန့်လုပ်ငန်းက
ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်သို့ သွားရောက်ကာ ဈေးကွက်ဖြန့်ချိပြီး
အပြန် မိုမိတ်မြို့နှင့် ၁၃မိုင်ခန့်အကွာ အရောက်တွင် အမည်မသိ
အဖွဲ့အစည်းတစ်ခုက ငွေကျပ်ခြောက်သိန်း ဆပ်ကြေးအဖြစ်တောင်းခံခဲ့သဖြင့်
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် အဆင့်မြင့်ရဲစခန်းတွင်
အမှုဖွင့်တိုင်ကြားထားသည်ဟု AHA သောက်ရေသန့် ပြင်ပဆက်ဆံရေး မန်နေဂျာ ဦးခိုင်ဝင်းက မဇ္ဈိမကို ပြောသည်။
ကမ္ဘာ့ သက်တမ်းအတိုဆုံး အိမ်ထောင်သက်တမ်းကို ယူအေအီးက စံချိန်တင်

ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှာ နေထိုင်တဲ့ အမျိုးသားနဲ့ အမျိုးသမီး ၂ ဦး ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတုန်းက ဖြစ်ရပ် ဖြစ်ပါတယ်။ အိမ်ထောင်ပြုပြီး တစ်မိနစ်မကြာပဲ ကွာရှင်းခဲ့ခြင်း ဖြစ်ပါတယ်။
အမျိုးသမီးဖြစ်သူရဲ့ ဖခင်ဟာ သမီးလေး အိမ်ထောင်ပြုပြီးမှ အလုပ်ရာထူး တစ်ခု ပေးမယ်လို့ ဆိုထားတာကြောင့် သူ့အတွက် မိတ်ဆွေအမျိုးသားက ကူညီပေးခဲ့ခြင်း ဖြစ်ပြီး တရားရုံးမှာ မင်္ဂလာဆောင်
မှန်ချပ်ပါကင်ထုပ် ပိမိသဖြင့် သေဆုံး
၅.၂.၂၀၁၄ ရက်နေ့ ၁၄၃၀ ချိန်
လှိုင်သာယာမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ သည် အင်းစိန်ဆေးရုံတွင်
အမျိုးသားတစ်ဦးမှာ မှန်ချပ်များပိမိပြီးသေဆုံး သွားသဖြင့်
ရောက်ရှိနေကြောင်းသတင်းအရ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ လှိုင်သာယာမြို့နယ်နေ မောင်အောင်အောင်ဖြစ်ပြီး ရင်ဘတ်ညိုမဲဒဏ်ရာ၊ ၀ဲခြေဖမိုးပြတ်ရှဒဏ်ရာများနှင့် သေဆုံးနေသည်ကို တွေ့ရှိရပါသည်။
ဆင်ဘိုမြို့နယ်ခွဲအတွင်း ကျေးရွာများထံမှ ဆန်အိတ်များကို KIA အဖွဲ့မှ အဓမ္မ လာရောက်တာင်းယူ
မြန်မာပြည်မြောက်ပိုင်း(ကချင်ပြည်နယ်)၊ မြစ်ကြီးနားမြို့နယ်၊
ဆင်ဘိုမြို့နယ်ခွဲအတွင်းရှိ ကျေးရွာများထံမှ ဆန်အိတ်များကို KIA
တပ်ရင်း(၅)မှ ဗိုလ်ကြီးဇော်တူး ဦးဆောင်သောအဖွဲ့က ယနေ့ (၆၊၂၊၂၀၁၄)
ရက်နေ့တွင် လက်နက်အားကိုးနဲ့ အဓမ္မလာရောက်တောင်းယူသွားခဲ့တယ်လို့ သိရှိရသည်။
ဆင်ဘိုမြို့နယ်ခွဲအတွင်း တောပင်လုံ၊ ပင်တော်၊ မံကင်း၊ မံဖွား၊ နောင်ပွဲ၊ နယ်ခြား၊ ကျွန်းဦး အစရှိသည့်ကျေးရွာများမှ တစ်ရွာလျှင် (၅)ယောက် KIA တပ်သားသစ်အဖြစ် ပေးဆောင် ရန် ကျေးရွာ လူကြီးများထံ (၁၈၊၉၊၂၀၁၃)ရက်နေ့က တောင်းခံစာများ ပေးပို့ထားခဲ့ပြီး
ဆင်ဘိုမြို့နယ်ခွဲအတွင်း တောပင်လုံ၊ ပင်တော်၊ မံကင်း၊ မံဖွား၊ နောင်ပွဲ၊ နယ်ခြား၊ ကျွန်းဦး အစရှိသည့်ကျေးရွာများမှ တစ်ရွာလျှင် (၅)ယောက် KIA တပ်သားသစ်အဖြစ် ပေးဆောင် ရန် ကျေးရွာ လူကြီးများထံ (၁၈၊၉၊၂၀၁၃)ရက်နေ့က တောင်းခံစာများ ပေးပို့ထားခဲ့ပြီး
Subscribe to:
Comments (Atom)
