Thursday, July 10, 2014

ရေနွေးထဲ သံပရာရည် ထည့်သောက်ခြင်းဖြင့် ရရှိနိုင်မည့် ကျန်းမာရေး အကျိုးကျေးဇူးများ

ရေနွေးထဲကို သံပရာသီးတစ်လုံး ညှစ်ထည့်ပြီး သောက်သုံးခြင်းသည် ကျန်းမာရေးအကျိုးကျေးဇူးများ ရှိကြောင်း သိရှိထားကြပြီဖြစ်သည်။ ကျန်းမာရေးအကျိုးကျေးဇူးရှိစေသော အကြောင်းရင်းများကို ဖော်ပြပေး လိုက်ပါ သည်။

အမြန် လမ်းမကြီး ယာဉ်မတော်တဆ ဖြစ်ပွားမှု အခြေ အနေနှင့် ယာဉ်အန္တရာယ် ကင်းရှင်းရေး၊ စည်းကမ်း ထိန်းသိမ်းရေးနှင် အရှိန်လွန် မောင်းနှင်ခြင်း ထိန်းချုပ်ရေး စနစ် B'Smart ဖြင့် စမ်းသပ် ဆောင်ရွက်နေ

အမြန်လမ်းမကြီး ယာဉ်မတော်တဆ ဖြစ်ပွားမှု အခြေအနေနှင့် ယာဉ်အန္တရာယ် ကင်းရှင်းရေး၊ စည်းကမ်း ထိန်းသိမ်းရေးစနစ် B'Smart အကောင်အထည်ဖော် ဆောင်ရွက်ရေးအစည်းအဝေးနှင့် ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ပြည်ထဲရေး ဝန်ကြီး ဌာန၌ ကျင်း ပ သည်။

အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၇ ဦး သေဆုံး

Photo: အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၇ ဦး သေဆုံး
Thursday, July 10, 2014 

အစ္စရေးတွေရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဇူလိုင် ၁၀ ရက်နေ့က ကလေး ၅ ဦးအပါအ၀င် ပါလက်စတိုင်းအရပ်သား ၇ ဦး သေဆုံးခဲ့ပါတယ်။

ဒါဟာ ဂါဇာကမ်းမြောင်ဒေသက ဟားမတ်စ်အဖွဲ့ကို တိုက်ခိုက်မှုစတာ ၃ ရက်အတွင်း အကြီးဆုံး လူသေမှု ဖြစ်တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
ခန်းယွန်းစ်မြို့နားက လူသိပ်သည်းတဲ့ဒေသမှာ ဒေသခံတွေ အိပ်ချိန်အတွင်း အနည်းဆုံး အိမ် ၂ လုံးပေါ်ကို အစ္စရေးလေကြောင်းတိုက်ခိုက်မှုကနေ ဗုံးကြဲချခဲ့တာလို့ ဒေသခံတွေနဲ့ ဆေးဘက်အရာရှိတွေက ပြောပြီး ဒီတိုက်ခိုက်မှုကြောင့် တခြားလူ ၁၆ ယောက် ဒဏ်ရာရတယ်လို့လဲ ၀န်ကြီးဌာနက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်နေ့က စတဲ့ ဂါဇာက ဒုံးကျည်ပစ်ခတ်မှုကို တုံ့ပြန်တဲ့ အစ္စရေး တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်း အယောက် ၆၀ သေဆုံးခဲ့ပြီး အများစုကတော့ အရပ်သား တွေ ဖြစ်ပါတယ်။

အစ္စရေးဘက်ကတော့ သေနတ်သမားတွေက ဒုံးကျည် ၂၀၀ ကျော် ပစ်ခဲ့တယ်လို့ ပြောပါတယ်။ ဒုံးကျည်ပစ်ခတ်မှုကြောင့် ပြင်းထန်တဲ့ ထိခိုက်သေဆုံးမှုတော့ မရှိခဲ့ပါဘူး။

ဒါပေမယ့် အစ္စရေးတောင်ပိုင်း စီးပွားရေးတွေ ရပ်တန့်ကုန်ပြီး ထောင်သောင်းချီတဲ့လူတွေဟာ ခိုလှုံရာအတွက် အလုအယက် ကြိုးပမ်းနေရပါတယ်။

ဟားမတ်အဖွဲ့ဘက်က ၁ နာရီအတွင်း ဒုံးကျည်အလုံး ၃၀ လောက် အစ္စရေး တောင်ပိုင်းမြို့တွေကို ပစ်ခတ်ခဲ့တယ်လို့ အစ္စရေးမီဒီယာတွေက ကြေညာအပြီး ခုလို ပစ်ခတ်မှု စတင်ခဲ့တာ ဖြစ်ပါတယ်။

ဟားမတ်စ်အဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူ အစီရင်ခံမှုတော့ မရှိသေးပါဘူး။

ဒီဗွီဘီ
အစ္စရေးတွေရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဇူလိုင် ၁၀ ရက်နေ့က ကလေး ၅ ဦးအပါအ၀င် ပါလက် စတိုင်းအရပ်သား ၇ ဦး သေဆုံးခဲ့ပါတယ်။

"အဆင်းရဲဆုံးနိုင်ငံဟု လူသိများသည့် အီသီယိုးပီးယားနိုင်ငံက မြန်မာထက် ပိုချမ်းသာနေ"

နိုင်ငံပေါင်း ၂၁၅ နိုင်ငံ ပါဝင်သော နိုင်ငံ၏ ဆင်းရဲ၊ ချမ်းသာ စစ်တမ်းကို ကမ္ဘာ့ဘဏ် က ဖော်ပြခဲ့ ရာတွင် မြန်မာက အဆင့် ၂ဝ၃ တွင် ရပ်တည် နိုင် ခဲ့သည်။

ဆင်းရဲ၍ အိမ်နီးချင်းနိုင်ငံကို အမှီပြုနေရသော မြောက်ကိုရီးယား၊ ပင်လယ် ဓားပြပေါများရာ ဆိုမာလီယာနှင့် ငတ်မွတ်မှုရှိသော အီသီယိုး ပီးယား တို့အောက်တွင် မြန်မာက ရှိနေသည်။

လက်ရှိနိုင်ငံရေးအကျပ်အတည်းနှင့် အခြားပြဿနာများအား အမြန်ဆုံးဖြေ ရှင်းနိုင်ရန် လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးသင့်ဟု NLD နှင့် တိုင်းရင်းသားခေါင်းဆောင်များ ပြောကြား

Photo: လက်ရှိနိုင်ငံရေးအကျပ်အတည်းနှင့် အခြားပြဿနာများအား အမြန်ဆုံးဖြေ ရှင်းနိုင်ရန် လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးသင့်ဟု NLD နှင့် တိုင်းရင်းသားခေါင်းဆောင်များ ပြောကြား
Thursday, July 10, 2014

လက်ရှိ နိုင်ငံရေးအကျပ်အတည်းနှင့် မြန်မာနိုင်ငံ၌ ကြုံတွေ့နေရသည့် အခြားပြဿနာများအား အမြန်ဆုံးဖြေရှင်းနိုင်ရန် နိုင်ငံတော် သမ္မတ ၊ ပြည်ထောင်စုလွှတ်တော် နာယက၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့၏ လေးပွင့်ဆိုင်တွေ့ ဆုံဆွေးနွေးရေး ဆောင်ရွက်သင့်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် တိုင်းရင်းသားခေါင်းဆောင်များက ပြောကြားသည်။

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံဆွေးနွေးခြင်းဖြင့် မြန်မာနိုင်ငံ၏ ပစ္စုပ္ပန်နှင့် အနာဂတ်အရေးတို့တွင် ကြီးစွာအကျိုးဖြစ်ထွန်းနိုင်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် မိတ်ဖက် တိုင်းရင်းသားပါတီများက ဇူလိုင် ၇ ရက်က ပူးတွဲ သဘောထား ကြေညာချက် ထုတ်ပြန်ထားသည်။

NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးထွန်းထွန်းဟိန်က “လေးပွင့်ဆိုင်ဆွေးနွေးမှုက ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းတွေ ရှိတာပေါ့။ နိုင်ငံရေးအကျပ်အတည်းတွေ အခြားပြဿနာတွေရှိတယ်။ နိုင်ငံတစ်ခုကို ဖွံ့ဖြိုးတိုးတက်အောင်လို့ ဆောင်ရွက်မယ်ဆိုလို့ရှိရင် အစိုးရ တစ်ဖက်တည်း ဆောင်ရွက်နေလို့မဖြစ်ပါဘူး။ ထို့အတူ ပြည်သူတစ်ဖက်တည်း ဆောင်ရွက်နေလို့ မဖြစ်ပါဘူး။ ထို့အတူ ပြည်သူ့လွှတ်တော်၊ တပ်မတော်ကရော အားလုံးပူးပေါင်းဆောင်ရွက်နိုင်မယ့် အခြေအနေမျိုးဆိုလို့ရှိရင်တော့ တိုင်းပြည်ဟာ လျင်လျင်မြန်မြန် တိုးတက်သွားမယ့် အနေအထားမျိုးရှိပါတယ်။ ဒါကြောင့်မို့ အရေးပါတဲ့ ပုဂ္ဂိုလ်လေးဦးကတွေ့ဆုံပြီးတော့ ဆွေးနွေးကြမယ် ဆိုရင် ပြည်သူလူထုကလည်း ၀မ်းပန်းတသာရှိမယ်။ နောက်ပြီးတော့ အခက်အခဲပြဿနာတွေကိုလည်း လျင်လျင်မြန်မြန်လေး ဖြေရှင်းနိုင်မယ်ပေါ့” ဟု ပြောကြေားသည်။

မြန်မာနိုင်ငံ၌ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် ကဏ္ဍအသီးသီးတွင် ပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ရွေးကောက်ပွဲ စနစ် ပြုပြင်ပြောင်းလဲရေး ၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးဆိုင်ရာများနှင့် ပတ်သက်၍ အကျပ်အတည်း ကာလကို ရောက်ရှိနေသည့်အပြင် လှုံ့ဆော်မှုများကြောင့် လူမျိုးရေး အသွင်ဆောင် သည့်ပြဿနာများ၊ လယ်ယာမြေပြနာများနှင့် အခြားအခြားသော ပြဿနာ များစွာ ဖြစ်ပေါ်လျက်ရှိနေသည်။

“တိုင်းပြည်အတွက် အပြောင်းအလဲဖြစ်ဖို့ ကြိုးပမ်းတဲ့အခါပဲဖြစ်ဖြစ် ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေးအတွက် ဆွေးနွေးတဲ့အခါပဲဖြစ်ဖြစ်ပြီးတော့ အနာဂတ်တိုင်းပြည်အရေးအတွက်ပဲ ဖြစ်ဖြစ် ဆွေးနွေးတဲ့အခါမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပါသင့်တယ်။ ပြီးတော့ သဘောထားကိုလည်း ထုတ်ဖော်ပြီးတော့ ပြည်သူတွေသိသာအောင် ပြောသင့်တယ်ဆိုတဲ့ သဘောထားရှိတယ်။ ဒါကြောင့် ကဏ္ဍအသီးသီးမှာ တာဝန်ရှိကြတဲ့ပုဂ္ဂိုလ်များဟာ တွေ့ဆုံဆွေးနွေးပြီးတော့ တိုင်းပြည်အရေးအတွက် ဆွေးနွေးသင့်တယ်လို့ ဆုံးဖြတ်ပါတယ်” ဟု ရခိုင်အမျိုးသားပါတီခေါင်းဆောင် ဦးအေးသာအောင်က ပြောကြားသည်။

1ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာတွင် အဆင်ပြေချောမွေ့စေရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရန် ၂၀၁၃ ခုနှစ် နိုဝင်ဘာလအတွင်းက သမ္မတထံသို့ မေတ္တာရပ်ခံစာပေးပို့ခဲ့ရာ သမ္မတက ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာထွက်ရှိပြီးမှသာ လေးပွင့်ဆိုင်တွေ့ဆုံမှုကို စဉ်းစားသင့်ကြောင်း သဘောထားမှတ်ချက်ပေးခဲ့သည်။

နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော်နာယက၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် လူထုခေါင်းဆောင် တို့၏ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်လာစေရန် ပြည်သူများက ဆန္ဒထုတ်ဖော်တောင်းဆိုမှုများပင် ပြုလုပ်ခဲ့ကြပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် မိတ်ဖက်တိုင်းရင်းသားပါတီများ ကလည်း လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ဆောင်ရွက်သင့်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ 

ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားခေါင်းဆောင်များ ဇူလိုင် ၅ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်၌ တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ-NLD)
Eleven Media Group
လက်ရှိ နိုင်ငံရေးအကျပ်အတည်းနှင့် မြန်မာနိုင်ငံ၌ ကြုံတွေ့နေရသည့် အခြားပြဿနာများအား အမြန်ဆုံးဖြေရှင်းနိုင်ရန် နိုင်ငံတော် သမ္မတ ၊ ပြည်ထောင်စုလွှတ်တော် နာယက၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့၏ လေးပွင့်ဆိုင်တွေ့ ဆုံဆွေးနွေးရေး ဆောင်ရွက်သင့်သည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် တိုင်းရင်းသားခေါင်းဆောင်များ က ပြောကြားသည်။

တာဝန်ခံအယ်ဒီတာအပါအ၀င် အယ်ဒီတာသုံးဦးကို ရဲသတင်းတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေသော မွန်းတည့်နေဂျာနယ်နှစ်စောင်စလုံး ထုတ်ဝေမှု တစ်ပတ်ရပ်နားမည်

တာဝန်ခံအယ်ဒီတာအပါအ၀င် အယ်ဒီတာသုံးဦးကို ရဲသတင်းတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေပြီး ၁၉၅၀ ပြည့်နှစ်အရေးပေါ်စီမံမှုအက်ဥပဒေဖြင့် အမှုဖွင့်ခံထားရသော မွန်းတည့်နေဂျာနယ်နှင့် Bi မွန်းတည့်နေဂျာနယ် နှစ်စောင်စလုံး ထုတ်ဝေမှုတစ်ပတ် ရပ်နားသွားမည်ဖြစ်ကြောင်း မွန်းတည့်နေဂျာနယ်မှ

ရိုမီရိုကယ်တင်ခဲ့တဲ့ အာဂျင်တီးနား၏ ကမ္ဘာ့ဖလားမျှော်လင့်ချက်

Photo: ရိုမီရိုကယ်တင်ခဲ့တဲ့ အာဂျင်တီးနား၏ ကမ္ဘာ့ဖလားမျှော်လင့်ချက်
Thursday, July 10, 2014 

ဆီးမီးဖိုင်နယ်ဒုတိယပွဲစဉ်မှာ အာဂျင်တီးနား နှင့် နယ်သာလန်အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ အချိန်ပိုပွဲပြီးသည်အထိ
တစ်ဖက်နှင့်တစ်ဖက် ဂိုးမသွင်းကြသည့်အတွက် ပင်နယ်တီအဆုံးအဖြတ်ဖြင့် နောက်ဆုံးစင်မြှင့်တစ်နေရာအတွက် အဖြေထုတ်ခဲ့ရသည်။ 

အဆိုပါ ပင်နယ်တီအဆုံးအဖြတ်ကန်သွင်းမှုတွင် အာဂျင်တီးနားဂိုးသမား ဆာဂျီအို ရိုမီရို၏ လက်စွမ်းပြကာကွယ်မှုများကြောင့်
အာဂျင်တီးနားတို့ လေးဂိုး နှစ်ဂိုးရလဒ်ဖြင့်အနိုင်ရရှိခဲ့ပြီးနောက်ဆုံးဗိုလ်လုပွဲဆီကိုတက်ရောက်သွားနိုင်ခဲ့သည်။ ရိုမီရိုသည် နယ်သာလန်အသင်းမှ ဗီလာ နှင့် ရှနိုက်ဒါတို့ကန်သွင်းသည့် ပင်နယ်တီနှစ်လုံးကို ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပြီး အာဂျင်တီးနားအသင်းကတော့ ပင်နယ်တီကန်သွင်းမှုတိုင်းမှာ အမှားအယွင်းမရှိခဲ့သည့်အတွက် လေးဂိုးမြောက်ကန်သွင်းအပြီးမှာ ဖိုင်နယ်လှေကားတက်ရောက်ခွင့် အဖြေထုတ်သွားနိုင်ခဲ့သည်။ 

အဆိုပါပွဲစဉ်၏ အကောင်းဆုံးကစားသမားဆုကိုရခဲ့တာကြောင့်ရိုမီရိုအနေဖြင့် ယခုနှစ်ကမ္ဘာ့ဖလား၏ ရွှေလက်အိတ်ဆုအတွက် မျှော်လင့်ချက်အားကောင်းနေသည်။ အာဂျင်တီးနားအနိုင်ကြောင့် ဖိုင်နယ်ပွဲစဉ် နှင့် တတိယလုပွဲ ပွဲစဉ်သည်
ဥရောပ နှင့် တောင်အမေရိကအသင်းများ ထိပ်တိုက်တွေ့ဆုံ ရင်ဆိုင်ရတော့မည်ဖြစ်၏။ အာဂျင်တီးနားအသင်းသည်
ကမ္ဘာ့ဖလား ပင်နယ်တီ အဆုံးအဖြတ် (၅)ကြိမ်တွင် (၄)ကြိမ်အနိုင်ရခဲ့သလို ကမ္ဘာ့ဖလား၏ ဆီးမီးပွဲစဉ်တိုင်းကို ဖြတ်ကျော်နိုင်သည့် 
အသင်းလည်းဖြစ်ခဲ့သည်။ နယ်သာလန်အသင်းသည် ပြီးခဲ့သည့် ၉၈ ကမ္ဘာ့ဖလားတုန်းက ဘရာဇီးကို ပင်နယ်တီမှာရှုံးနိမ့်ခဲ့ဖူးသည့် အတွက် တောင်အမေရိကအသင်းများကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် ဆီးမီးဖိုင်နယ်မှာ ရှုံးခဲ့သည့် အစဉ်အလာဖြစ်သွားသည်။ အာဂျင်တီးနားအသင်းသည် 
ဖိုင်နယ်ပွဲစဉ်အဖြစ် အိမ်ရှင်အသင်းအား ဂိုးပြတ်နဲ့ချေမှုန်းလာသည့် ဂျာမနီအသင်းနဲ့ ရီရိုမြေမှာ ဂျူလိုင်လ ၁၄ ရက်နေ့မနက်မှာ 
ချန်ပီယံမှတ်တမ်းရေးထိုးနိုင်ရေး ထပ်မံအဖြေထုတ်ရတော့မည်ဖြစ်၏။။။။ 

မိုးတိမ်

Football Café
ဆီးမီးဖိုင်နယ်ဒုတိယပွဲစဉ်မှာ အာဂျင်တီးနား နှင့် နယ်သာလန်အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ အချိန်ပို ပွဲပြီးသည်အထိတစ်ဖက်နှင့်တစ်ဖက် ဂိုးမသွင်းကြသည့်အတွက် ပင်နယ်တီ အဆုံး အဖြတ်ဖြင့် နောက် ဆုံးစင်မြှင့်တစ်နေရာအတွက် အဖြေထုတ်ခဲ့ရသည်။
အဆိုပါ ပင်နယ်တီအဆုံးအဖြတ်ကန်သွင်းမှုတွင် အာဂျင်တီးနားဂိုးသမား ဆာဂျီအို ရိုမီရို၏ လက်စွမ်းပြကာ ကွယ်မှု များကြောင့်အာဂျင်တီးနားတို့ လေးဂိုး နှစ်ဂိုး ရလဒ်ဖြင့်အနိုင်ရရှိခဲ့ပြီးနောက်ဆုံး

အ၀လွန်မှုကြောင့် အပေါက်ကျွံပြီး ဖမ်းဆီး ခံလိုက်ရတဲ့ သူခိုး

 တရုတ်နိုင်ငံက သူခိုးတစ်ဦးဟာ အိမ် တစ်အိမ်ကို ဖောက်ထွင်းဖို့ ကြိုးစားရာမှာ အပေါက် ကျွံပြီး ပြန်မထွက်နို င် ခဲ့တာမို့ ဖမ်းဆီး ခံလိုက်ရ တယ်လို့ သိရပါတယ်။ ချန်ဒူးမြို့မှာ ရှိတဲ့ နေအိမ် တစ်အိမ်ကို အသက် (၃၅)နှစ် အရွယ် ရှိပြီဖြစ်တဲ့ ယီဖူက ဖောက်ထွင်းဖို့ ကြိုးစားခဲ့ပါတယ်။ ယီဖူရဲ့ ကိုယ်အလေးချိန်က (၂၆၆) ပေါင်အထိ ရှိပါတယ်။ ယီဖူဟာ ဓား တစ်ချောင်းကို ကိုင်ပြီး ဖောက်ထွင်း ကိရိယာ တွေနဲ့ နေအိမ်ထဲကို ခိုးဝင်ခဲ့ပါတယ်။

အမြန်လမ်းမကြီးများဘေးရှိ လူနေအိမ်များ ဖျက်ပေးရန် မလိုတော့

နိုင်ငံတစ်ဝန်းရှိ လမ်းမ ကြီးများဘေးတွင် တည်ဆောက် ထားသော နေအိမ်အဆောက်အအုံများအား လမ်းများ တိုးချဲ့ရန် ဖျက်သိမ်းဖို့ စီစဉ်ခဲ့သော်လည်း ယခုအခါ မူလအတိုင်း ထားရှိတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ယခု အစိုးရသစ်လက်ထက် တွင်ပင် ပြည်ထောင်စုလွှတ်တော် က အတည်ပြု ပြဋ္ဌာန်းထားသော လမ်းမကြီးများ ဥပဒေတွင် ချွတ် ယွင်းချက်များ ပါရှိသဖြင့် ယင်း ဥပဒေအား ပြင်ဆင်သည့် ဥပဒေ ကို လွှတ်တော်နှစ်ရပ်တွင် တင် သွင်းခဲ့ပြီး ယခုလ ၉ ရက်ကကျင်းပသည့် ပြည်ထောင်စုလွှတ်တော်၌ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

Wednesday, July 9, 2014

" အာဂျင်တီးနား Vs နယ်သာလန် " ဇူလိုင် ၁၀ ၊ နံနက် ၂း ၃၀ မိနစ်

Photo: " အာဂျင်တီးနား Vs နယ်သာလန် "
ဇူလိုင် ၁၀ ၊ နံနက် ၂း ၃၀ မိနစ်

ယနေ့ညမြန်မာစံတော်ချိန် ၂ နာရီ ၃၀ မိနစ်တွင် ဆီမီဖိုင်နယ် ဒုတိယမြောက်ပွဲစဉ်ဖြစ်သည့် အာဂျင်တီးနားအသင်း နှင့် နယ်သာလန် အသင်းတို့ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ 

အုပ်စု ၊ ရှုံးထွက် ၊ ကွာတာ ပြိုင်ပွဲတို့တွင်တန်းပြန်တိုက်စစ် အသားပေးပြီး ခံစစ်ကွင်းလယ် ချိတ်ဆက်ကစားမှု လျှင်မြန်အားကောင်းသည့် နယ်သာလန်အသင်းက ပြိုင်ပွဲတိုင်းတွင် ခံစစ်အားပြုကာ ကောင်တာ ဖမ်းကစားကာ တိုက်စစ်ဆင်ဂိုးသွင်းယူတတ်ပြီး ပြိုင်ပွဲအစ ကစားအားအထနှေးသည့် အာဂျင်တီးနားအသင်းအနေဖြင့် 
ကစားကွက်နည်းဗျူဟာမပြောင်းလဲပါက မိနစ် ၉၀ အတွင်း အနိုင်ရမည်ဖြစ်သည်။ 

ဇာဘလက်တာ ၊ မက်ဆီ ၊ ဟီဂူအင် တို့၏ တစ်ဦချင်းစီ လျှင်မြန်စွာ ဘောလုံးပညာစွမ်းရည်ဖြင့် ခံစစ်ကွင်းလယ်ချိတ်ဆက်ကစားမှု အားကောင်းအောင် မောင်နှင်းနိုင်ပါက အာဂျင်တီးနားအသင်းက နယ်သာလန်အသင်းကို ၂-၀ ၊ ၂-၁ တို့ဖြင့်မိနစ် ၉၀ အတွင်း အနိုင်ယူနိုင်မည်ဖြစ်သလို ကွင်းလယ်အဖျတ်အားကောင်းပြီး နယ်သာလန်အသင်း၏  ရော်ဘင် ၊ ဗန်ပါစီ တို့တန်းပြန်တိုက်စစ်ဆင် တွဲလုံးများရပ်တန့်အောင်လျှင်မြန်စွာ လူကပ်ကစားပြုလုပ်နိုင်မှ သဘလျှင်အာသာစီအနိုင်ရမည်။ 

နယ်သာလန်အသင်းနေဖြင့် နည်းပြ ဗန်ဂေါလ်  နည်းစနစ်မှန်ကန်မှု 
လူစားလဲမှန်ကန်မှု နှင့် ပြိုင်ပွဲ ပထမပိုင်း ဒုတိယပိုင်း၌ အာဂျင်တီးနားသင်း၏ ခံစစ်အားပြုတိုက်စစ်ဆင်ကစားမှုကို နည်းပရိယာကြွယ်ဝစွာအသုံးချနိုင်ပါက 
အနိုင်ရယူနိုင်မည်ဖြစ်သည်။ 

နှစ်သင်းစလုံး နိုင်ချေဆတူရှိနေပြီး ကွာတာအဆင့်ကစားခဲ့သော
အာဂျင်တီးနားအသင်း ဖြေစွမ်းပုံမှန်ရရှိပါက အချိန်ပို ပင်နယ်တီထိ နည်းပြနှင့် ကစားသမားတို့ဘောလုံးပညာအားပြိုင်၍ နှစ်ဘက်အထားနပ်နပ် ပွဲချိန်ဆန့်ကာဆွဲခေါ် သွားမည်ဖြစ်သည်။ အာဂျင်တီးနားသင်းအနေဖြင့် နယ်သာလန်အသင်းအား အသင်းလိုက်စုဖွဲ့အာကောင်းစွာ တုန့်ပြန်ကစားနိုင်ပါက နိုင်ချေများသည်။ တစ်ပွဲထက်တစ်ပွဲ 
ခြေစွမ်းပြကာ ပြိုင်ဘက်အသင်းအား မာယာများစွာသုံး၍ တိုက်စစ်ဆင် ထိုးဖေါက်ဂိုးသွင်းအားကောင်းသည့် ရော်ဘင် ၊ ဗန်ပါစီ၊ ရှနိုက်ဒါ တို့၏ တစ်ဦးချင်းချိပ်ဆက်ခါ လျှင်မြန်စွာ ကစားမှု အသားစီရပါက နယ်သာလန်အသင်းကလည်း အာဂျင်တီးနားအသင်းကို ၁-၀ ၊၂-၁ ၊ ၃-၂ ၊ တို့ဖြင့် မိနစ် ၉၀ အတွင်း အနိုင်ရရှိမည်ဖြစ်သည်။ 

အိမ်ရှင် ဘရာဇီးပရိသတ် နှင့် တောင်အမေရိကတိုက်အသင်းဖြစ်သည့် အာဂျင်တီးနား အနိုင်ရရှိနိုင်မှု ပိုလေးသာ၍ နေပါသည်။
ယနေ့ညမြန်မာစံတော်ချိန် ၂ နာရီ ၃၀ မိနစ်တွင် ဆီမီဖိုင်နယ် ဒုတိယမြောက်ပွဲစဉ်ဖြစ်သည့် အာဂျင်တီးနား အသင်း နှင့် နယ်သာလန် အသင်းတို့ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ 

အုပ်စု ၊ ရှုံးထွက် ၊ ကွာတာ ပြိုင်ပွဲတို့တွင်တန်းပြန်တိုက်စစ် အသားပေးပြီး ခံစစ်ကွင်းလယ် ချိတ်ဆက်ကစားမှု လျှင်မြန်အားကောင်းသည့် နယ်သာလန်အသင်းက ပြိုင်ပွဲတိုင်းတွင် ခံစစ်အားပြုကာ ကောင်တာ ဖမ်းကစားကာ တိုက်စစ်ဆင်ဂိုးသွင်းယူတတ်ပြီး ပြိုင်ပွဲအစ ကစားအားအထနှေးသည့် အာဂျင်တီးနားအသင်းအနေဖြင့် 

ကမ္ဘာ့ဖလား၏ ဂိုးအများဆုံး သွင်းသူများ

Photo: ကမ္ဘာ့ဖလား၏ ဂိုးအများဆုံး သွင်းသူများ

Mizzima

မန္တလေးဗလီများတွင် တာဝန်ရှိသူများသာ တရားဟောခွင့်ပြုမည်ဆိုသည်မှာ မဟုတ်ဟုဆို

မန္တလေး၊ မဇ္ဈိမ။ ။ မန္တလေးမြို့ ပဋိပက္ခဖြစ်စဉ်များဖြစ်ပွားပြီးနောက် ဗလီနှင့်သက်ဆိုင်သည့် တာဝန်ရှိသူများသာ တရားဟောပြောခွင့်ပြုရန် အကြံပြုချက်ကို အကောင်အထည်ဖော်နိုင်မည် မဟုတ်ဟု အိုလာမာအစ္စလာမ် သာသနာပြုရုံး(မန္တလေးတိုင်း) မှ အတွင်းရေးမှူးဦးသန့်က ဇူလိုင် ၉ ရက်တွင် မဇ္ဈိမကိုပြောသည်။

မန္တလေးမြို့အတွင်း တင့်ကားများမောင်းနှင်သွား၍ လူထုထိတ်လန့်မှုဖြစ်ပွား


မန္တလေး၊ မဇ္ဈိမ။ ။ မန္တလေးမြို့အတွင်း၌ တင့်ကားများ မွန်းတည့်အချိန် ဖြတ်သန်းမောင်းနှင် သွားသောကြောင့် ဒေသခံများ ထိတ်လန့်ကာ သက်ဆိုင်ရာမြို့နယ်ရဲစခန်းများသို့ စုံစမ်းမေးမြန်းမှုများရှိကြောင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်မာက ဆိုသည်။

ချမ်းအေးသာဇံမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်မာက မန္တလေးမြို့၏ လက်ရှိအခြေအနေသည် တည်ငြိမ်အေးချမ်းနေပြီဖြစ်ကြောင်း၊ စစ်တပ် တင့်ကားများဖြတ်သန်းသွားမှုနှင့် ပတ်သက်ပြီး ကောင်းသည်များမရှိသလို၊ ဆိုသည်များလည်းမရှိကြောင်း သုံးသပ်သွားသည်။

ဘရာဇီး ပရိသတ်ရဲ့ဒေါသအိုး ပေါက်ကွဲမှု

ဓာတ်ပုံ- Mail online
ဇူလိုင်လ ၉ ရက်နေ့က အိမ်ရှင် ဘရာဇီး နဲ့ ဂျာမနီ အသင်းတို့ ကစားခဲ့ကြရာမှာ ပထမပိုင်းပွဲစဉ်အချိန်မှာ ဂျာမဏီက ဘရာဇီးကို ၅ ဂိုးအပြတ်ရနေခဲ့ပါတယ်။ အိမ်ရှင် ဘရာဇီးကို အားပေးခဲ့တာကလည်း ကွင်းလုံး 
ပြည့်နီးပါးမျှပါပဲ။ အဲဒီအချိန် ဘရာဇီးနိုင်ငံ ရဲ့ ကော်ပါကာဘာနာ (Copacabana) ကမ်းခြေမှာ ရောက်ရှိနေ ကြတဲ့ အိမ်ရှင် အသင်းကို အားပေးတဲ့ ပရိတ်သတ်တွေကတော့ ကမ္ဘာ ပျက်သလို ခံစားခဲ့ကြရတာပါ။ 

မန္တလေးနန်းတွင်းမှ စစ်ယာဉ်တန်း ကျုံတစ်ပတ်ပတ်

(ဓာတ်ပုံ- ကိုမျိုးကျော်)
မန္တလေးနန်းတွင်းမှ နေ့လည် ၁၂ နာရီအချိန်ခန့်တွင် ထွက်ခွာလာသော စစ်ယာဉ်တန်းသည် မန်းလေးကျုံး တစ်ပတ်ပတ်ကာ ၇၈ လမ်း၊ ၃၈ လမ်းနှင့် ၃၉ လမ်းကြား၊ မျက်ပါးရပ်ရှိ တပ်မတော်လေ့ကျင်းရေးတပ် စစ်တပ်ဝင်း အတွင်းသို့ ပြောင်းရွေ့သွားသည်ကို တွေ့ရသည်။ တင့်ကားများပါသော စစ်ယဉ်တန်းအား မန္တလေးမြို့ခံအချို့အထူးအဆန်းသဖွယ် ကြည့်ရှုခဲ့ကြသည်ဟု 7Day Daily မန္တလေး

စတုတ္ထတန်းနှင့် အဋ္ဌမတန်းကို မြို့နယ်၊ ခရိုင်နှင့် တိုင်းစစ် စစ်ဆေးခြင်းသည် အတန်းချရန် မဟုတ် ဘဲ ပင်ကို အရည်အချင်း များကို ဖော်ထုတ်ရန်သာဖြစ်ဟုဆို

ရန်ကုန်၊ ဇူလိုင် ၈- အခြေခံပညာ စတုတ္ထတန်းနှင့် အဋ္ဌမတန်းစာမေးပွဲ များကို မြို့နယ်စစ်နှင့် ခရိုင်၊ တိုင်းစစ် စစ်ဆေးခြင်း သည် ကျောင်းသားများ ကို အတန်းချရန် မဟုတ်ဘဲ ပင်ကိုယ် အရည်အချင်းများကိုသာ ဖော်ထုတ် ရန် ဆောင် ရွက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ပညာရေးသုတေသန အဖွဲ့ ဦးစီးဌာနမှ အရာရှိတစ်ဦးက ပြောကြားသည်။
ယခုပညာသင်နှစ်တွင် အခြေခံ ပညာမှ အတန်းတင်စာမေးပွဲများနှင့် ပတ် သက်ပြီး လေးတန်းတွင် မြို့နယ်

ကံဦးကျောင်းတိုက်ဆရာတော်ကို သံဃနာယက နှင်ထုတ်သဖြင့် ဒေသခံပြည်သူများဆန္ဒပြမည်

ဒလမြို့ ကံဦးကျောင်း တိုက်ဆရာတော်ကို ရန်ကုန်တိုင်း သံဃနာယကအဖွဲ့က ကျောင်းမှနှင်ထုတ်မှုကြောင့် ရပ်ကွက်နေ ပြည်သူ ၂၀၀ ခန့်က ဆရာတော် ထွက်မသွားရန် ကျောင်းကို ပိတ်ဆို့ထားပြီး ဇူလိုင် ၉ ရက်တွင် အဆိုပါ အကြောင်းအရာနှင့် ပတ်သက်၍ ဒလမြို့ ပြည် သူများက တိုင်းသံဃနာယက အဖွဲ့ကို ကန့်ကွက်ဆန္ဒပြသွား မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

ဒလမြို့၊ ဆာပါချောင်းစု ရပ်ကွက် ကံဦးကျောင်း ဆရာ တော်ဦးကုသလကို ကျောင်းပြု ပြင်တည်ဆောက်မှုနှင့်

လသားအရွယ် ကလေးငယ်တစ်ဦးကို ဘူတာရုံတစ်ခုမှာ စွန့်ပစ်ခဲ့တဲ့ မိခင်ကို ရဲတပ်ဖွဲဝင်က ဖမ်းဆီးအရေးယူ။

Photo: လသားအရွယ် ကလေးငယ်တစ်ဦးကို ဘူတာရုံတစ်ခုမှာ 
စွန့်ပစ်ခဲ့တဲ့ မိခင်ကို ရဲတပ်ဖွဲဝင်က ဖမ်းဆီးအရေးယူ။
Wednesday, July 9, 2014 

အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ရှိတဲ့ မန်ဟာတန် ရထားဘူတာရုံ တစ်ခုမှာ လသားအရွယ်ကလေးငယ် တစ်ဦးကို စွန့်ပစ်ခဲ့တဲ့ မိခင်အား သက်ဆိုင်ရာ ရဲတပ်ဖွဲဝင်က ဖမ်းဆီးခဲ့ပါတယ်။

အဆိုပါကလေးငယ်တစ်ဦးကို လူသွားလာလာမှု များပြားလှတဲ့ မန်ဟာတန် ရထားဘူတာရုံမှာ စွန့်ပစ်ခဲ့တဲ့ မိခင်ကတော့ Frankea Dabbs လို့အမည်ရပြီး သူမရဲ့ အသက်၂၀သာ ရှိသေးတယ်လို့သိရပါတယ်။

Frankea Dabbs ဟာ သူမရဲ့ လသားအရွယ်သမီးငယ်လေးကို ရထားဘူတာရုံမှာ လွန်ခဲ့တဲ့ တနင်္လာနေ့က စွန့်ပစ်ခဲ့တယ်လို့သိရပြီး သူမဟာ အိမ်ခြေမဲ့သူတစ်ဦးဖြစ်တယ်လို့ သက်ဆိုင်ရာရဲတပ်ဖွဲဝင်တွေက ပြောဆို ထားပါတယ်။ သူမဟာ လွန်ခဲ့တဲ့ ဇွန်လ ၂ ရက်နေ့က နယူးယောက်မြို့ကို ရောက်ရှိလာပြီးနောက် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့တယ်လို့ Freankea က ရဲတပ်ဖွဲ့)င်ကို ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
Frankea က သူမရဲ့ ယောင်္ကျားဖြစ်သူ သေဆုံးပြီးကတည်းက လသားရွယ်ကလေးငယ်ကို မစောင့်ရှောက်နိုင်လို့ စွန့်ပစ်ခဲ့ပတယ်လို့ နယူးယောက်မြို့ ရဲတပ်ဖွဲဝင်ပြောခွင့်ရပုဂ္ဂိုလ် Stephen Davis ကပြောဆိုခဲ့ပါတယ်။

လသားအရွယ်သမီးငယ်လေးကိုရထားဘူတာရုံမှာ စွန့်ပစ်ခဲ့တဲ့ မိခင်ဖြစ်သူ Frankea Dabbs ကိုတော့ နယူးယောက်ရဲတပ်ဖွဲ့ဝင်တွေက် ဖမ်းဆီးအရေးယူကာ တရားစွဲဆိုမှုတွေ ပြုလုပ်ထားတယ်လို့ သိရပါတယ်။

Yangon Media Group
အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ရှိတဲ့ မန်ဟာတန် ရထားဘူတာရုံ တစ်ခုမှာ လသားအရွယ်ကလေးငယ် တစ်ဦးကို စွန့်ပစ်ခဲ့တဲ့ မိခင်အား သက်ဆိုင်ရာ ရဲတပ်ဖွဲဝင်က ဖမ်းဆီးခဲ့ပါတယ်။

အဆိုပါကလေးငယ်တစ်ဦးကို လူသွားလာလာမှု များပြား လှတဲ့ မန်ဟာတန် ရထားဘူတာရုံမှာ စွန့်ပစ်ခဲ့တဲ့ မိခင်ကတော့ Frankea Dabbs လို့အမည်ရပြီး သူမရဲ့ အသက်၂၀သာ ရှိသေးတယ်လို့သိရပါတယ်။

Frankea Dabbs ဟာ သူမရဲ့ လသားအရွယ် သမီးငယ်လေးကို ရထားဘူတာရုံမှာ လွန်ခဲ့တဲ့ တနင်္လာနေ့က စွန့်ပစ်ခဲ့တယ်လို့သိရပြီး သူမဟာ

အပြန်အလှန်အမှုဖွင့်ခဲ့ကြတဲ့ KTV မှာ ဖြစ်တဲ့ ရန်ပွဲ

Photo: အပြန်အလှန်အမှုဖွင့်ခဲ့ကြတဲ့ KTV မှာ ဖြစ်တဲ့ ရန်ပွဲ
Wednesday, July 9, 2014 

၆-၇-၂၀၁၄ ရက်နေ့ ညနေ(၅း၅၀)အချိန်တွင်စိုးမင်း (၂၀)နှစ် (ဘ)ဦးစိန်ကုလား၊ ကုန်စိမ်းရောင်း၊ အမှတ်(၇)ရပ်ကွက်၊ ဥဿာမြို့သစ်၊ ပဲခူးမြို့ နေသူမှာ တစ်ရပ်ကွက်တည်းနေသူများ ဖြစ်သည့်
ဇင်ကိုကိုဦး (၂၃)နှစ် (ဘ)ဦးမြင့်ဦး၊ ၀ပ်ရှော့လုပ်၊ခေါကြီး (၂၃)နှစ် (ဘ)ဦးတင်ဝင်းတို့နှင့်အတူ
ယာဉ်ဝင်းသစ်ရှိ လူကြီးမင်း KTV ဆိုင်သို့ သွားရောက်ပြီး KTV အခန်းတစ်ခန်းအား ၄င်းတို့မှလူမရှိဘူး အထင်ဖြင့် ဆွဲဖွင့်လိုက်ရာ KTV အခန်းအတွင်း သန့်ဇင် (၂၃)နှစ် (ဘ)ဦးအောင်ကြည်သင်း၊
မန်နေဂျာ၊ ယာဉ်ဝင်းသစ်၊ ကျွန်းသာယာရပ်ကွက်၊ ပဲခူးမြို့၊ အောင်ကျော်မြင့် (၂၇)နှစ် (ဘ)ဦးဝင်းမြင့်၊ လက်ထောက် မန်နေဂျာ၊ ကျွန်းသာယာရပ်ကွက်၊ ပဲခူးမြို့၊ ဧည့်ကြိုဖြစ်သူ နန်းလွင်ဦး(၁၉)နှစ် (ဘ)ဦးသိန်းတန်၊ ကျွန်းသာယာ ရပ်ကွက်၊ပဲခူးမြို့နှင့် အမည်မသိ အမျိုးသား(၂)ဦးတို့အားတွေ့ရပြီး တံခါးဖွင့်သည်ကိစ္စနှင့် စကားများကြရာ သန့်ဇင် ပါ(၅)ဦးမှ စိုးမင်း ပါ(၃)ဦးတို့အား အရှည်(၆)ပေ၊ လုံးပတ်(၃)လက်မခန့်ရှိ ၀ါးတုတ်များဖြင့် ၀ိုင်းဝန်းရိုက်နှက်ခဲ့ရာ ခေါကြီးမှာ ထွက်ပြေးသွားခဲ့ပြီး စိုးမင်းနှင့် ဇင်ကိုကိုဦးတို့တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် သန့်ဇင် ပါ (၅)ဦးတို့အား အရေးယူပေးပါရန် စိုးမင်းမှ တိုင်တန်းသဖြင့် ပဲခူးမြို့နယ်၊ အမှတ်(၂)နယ်မြေရဲစခန်း (ပ)၂၆၇/၂၀၁၄ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ၊ ၃၂၅/၁၁၄ အရ အမှုဖွင့်အရေးယူထားရှိခဲ့ပြီး

အလားတူ သန့်ဇင် (၂၃)နှစ် (ဘ)ဦးအောင်ကြည်သင်း၊မန်နေဂျာ၊ ယာဉ်ဝင်းသစ်၊ ကျွန်းသာယာရပ်ကွက်၊ ပဲခူးမြို့နေသူမှလည်း ၆-၇-၂၀၁၄ ရက်နေ့ ညနေ(၅း၅၀)အချိန်တွင် ၄င်းသည် လူကြီးမင်း KTV ဆိုင်တွင်အလုပ်လုပ်နေစဉ် ဆိုင်ရှေ့သို့ စိုးမင်း (၂၀)နှစ် (ဘ)ဦးစိန်ကုလား၊ ကုန်စိမ်းရောင်း၊ အမှတ်(၇)ရပ်ကွက်၊ ဥဿာမြို့သစ်၊ ပဲခူးမြို့နေသူသည် တစ်ရပ်ကွက်တည်းနေသူများ ဖြစ်သည့် ဇင်ကိုကိုဦး (၂၃)နှစ် (ဘ)ဦးမြင့်ဦး၊ ၀ပ်ရှော့လုပ်၊ ခေါကြီး (၂၃)နှစ် (ဘ)ဦးတင်ဝင်း၊ ကျဘမ်းလုပ် တို့နှင့်အတူ KTV ဆိုင်သို့ရောက်ရှိလာပြီး KTV အခန်းများအား လိုက်လံဖွင့်နေသဖြင့် ဧည့်ကြိုဖြစ်သူ နန်းလွင်ဦး(၁၉)နှစ် (ဘ)ဦးသိန်းတန်၊

ကျွန်းသာယာရပ်ကွက်နေသူမှ တားမြစ်ခဲ့ရာ စိုးမင်း ပါ(၃)ဦးတို့မှ နန်းလွင်ဦးအား ပါးရိုက်နေစဉ် အောင်ကျော်မြင့် (၂၇)နှစ် (ဘ)ဦးဝင်းမြင့်၊ လက်ထောက်မန်နေဂျာ၊ ကျွန်းသာယာရပ်ကွက်၊ ပဲခူးမြို့မှ ၀င်ရောက်တားမြစ်ခဲ့ရာ စိုးမင်း ပါ(၃)ဦးတို့မှ အနီးရှိပုလင်းများအား ရိုက်ခွဲပြီး ပုလင်းကွဲဖြင့် အောင်ကျော်မြင့်အား လိုက်လံထိုးခဲ့ရာ အောင်ကျော်မြင့်နှင့် နန်းလွင်ဦးတို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် စိုးမင်း ပါ(၃)ဦးတို့အား အရေးယူပေးပါရန်တိုင်တန်းသဖြင့် ပဲခူးမြို့နယ်၊ အမှတ်(၂)နယ်မြေရဲစခန်း (ပ)၂၆၈/၂၀၁၄ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ၊ ၃၂၄/၃၂၃/၁၁၄ အရ အပြန်အလှန် အမှုဖွင့်အရေးယူထားရှိကြောင်း သတင်းရရှိသည်။

Credit To: ပဲခူးမြို့ရဲ့ထူးခြားသတင်းများ
၆-၇-၂၀၁၄ ရက်နေ့ ညနေ(၅း၅၀)အချိန်တွင်စိုးမင်း (၂၀)နှစ် (ဘ)ဦးစိန်ကုလား၊ ကုန်စိမ်းရောင်း၊ အမှတ်(၇)ရပ်ကွက်၊ ဥဿာမြို့သစ်၊ ပဲခူးမြို့ နေသူမှာ တစ်ရပ်ကွက်တည်းနေသူများ ဖြစ်သည့်
ဇင်ကိုကိုဦး (၂၃)နှစ် (ဘ)ဦးမြင့်ဦး၊ ၀ပ်ရှော့လုပ်၊ခေါကြီး (၂၃)နှစ် (ဘ)ဦးတင်ဝင်း တို့နှင့်အတူယာဉ်ဝင်း သစ်ရှိ လူကြီးမင်း KTV ဆိုင်သို့ သွားရောက်ပြီး KTV အခန်းတစ်ခန်းအား ၄င်းတို့မှလူမရှိဘူး အထင်ဖြင့် ဆွဲဖွင့်လိုက်ရာ KTV အခန်းအတွင်း သန့်ဇင် (၂၃)နှစ် (ဘ)ဦးအောင်ကြည်သင်း၊မန်နေဂျာ၊ ယာဉ်ဝင်းသစ်၊

တစ်ရွာလျှင် ငွေ (၁၀) သိန်း RCSS/SSA အဖွဲ့မှ တောင်းခံ

Photo: တစ်ရွာလျှင် ငွေ (၁၀) သိန်း RCSS/SSA အဖွဲ့မှ တောင်းခံ
Wednesday, July 9, 2014 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာများတွင် ဇူ ၇ ရက်နေ့၌ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီနှင့် ရှမ်းပြည်တပ်မတော် (RCSS/SSA ) အဖွဲ့မှ တစ်ရွာလျှင် ငွေ (၁၀) သိန်းတောင်းခံထားကြောင်း ယင်းဒေသခံများထံမှ သိရ သည်။

“ အုပ်ချုပ်ရေးမှူးကို ခေါ်ပြောတာလား၊ ဖုန်းဆက်ပြောလား မသိဘူး၊ ရွာထဲမှာတော့ ငွေကောက်တယ်၊ တစ်အိမ်ကို အနည်းဆုံး ငါးသောင်းထည့်ရမယ်၊ ရွာသားတွေက မပေး နိုင်ဘူးလို့ ငြင်းနေကြတယ်၊ ဘယ်လိုဖြစ်လာဦးမလဲ မသိဘူး ” ဟု ဘော်ကြိုရွာသားတစ်ဦးက ပြောသည်။

RCSS/SSA အဖွဲ့မှ ဘော်ကြိုကျေးရွာအပါအ၀င် ပတ်ဝန်းကျင်ကျေးရွာများအား တစ်ရွာလျှင် (၁၀) သိန်းခန့်ဖြင့် ဇူလိုင်လ ကုန်အပြီး ပေးရန် တောင်း ထားခြင်းဖြစ်ကြောင်း သိရသည်။

“ ရွာသူရွာသားတွေက ကြောက်တော့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို သတင်းမပေးရဲဘူးလေ၊ အဲဒါကိုအခွင့်ကောင်း ယူပြီး အုပ်ချုပ်ရေး မှူးတွေ ငွေကောက်နေတာ၊ မနေ့ကလာတဲ့ ရွာသားတစ်ယောက်ဆိုရင် ငွေ မပေးနိုင်လို့ ခဏ ရှောင် လာရတယ်လို့ပြောတယ်၊ မိသားစု စားဝတ်နေရေး ကြပ်တည်းတဲ့လူတွေကျတော့ ငွေငါးသောင်းဆိုတာ နည်းတဲ့ ပမာဏမှ မဟုတ်တာ၊ တာဝန်ရှိသူတွေက ဖြေရှင်ပေးနိုင်ရင်တော့ ကောင်းတာပေါ့ ” ဟု သီပေါမြို့ခံ ကျောင်းဆရာတစ်ဦး က ဆိုသည်။

အဆိုပါကျေးရွာများ၌ တောင်းခံထားသော ငွေများအား RCSS/SSA အဖွဲ့အမာခံ ဗိန္ဓောဆရာတစ်ယောက်ထံသွားရောက် ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
“ ဟိုမော်ရွာက ဗိန္ဓောဆရာကို သွားသွင်းရမယ်လို့ ပြောတယ်၊ အဲဒီလူက အမာခံလေ၊ ဗိန္ဓောဆရာယောင်ဆောင်ပြီး ဆက်ကြေးကောက်ပေးနေတာ ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

RCSS/SSA အဖွဲ့အား ဆက်ကြေးကောက်ပေးနေသူမှာ သီပေါမြို့နယ်၊ ဘောကြိုအုပ်စု ဟိုမှော်ကျေးရွာ၌ နေထိုင်သော အိုက်စံဖြစ်ပြီး ဗိန္ဓောဆရာအဖြစ် အယောင်ဆောင်ထားကြောင်း၊ ဒေသခံများ၏ လာရောက်တိုင်တန်းမှုကြောင့် နယ်မြေခံ တပ်နှင့် မြို့နယ်ရဲစခန်းတို့ ပူးပေါင်းကာ ဖမ်းဆီးရမိရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သီပေါမြို့နယ်ရဲစခန်းမှ ရဲအုပ် တစ်ဦးက ပြောကြားခဲ့သည်။

Credit To:စိုင်းလင်းလင်း (သီပေါ)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာ များတွင် ဇူ ၇ ရက်နေ့၌ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီနှင့် ရှမ်းပြည်တပ်မတော် (RCSS/SSA ) အဖွဲ့မှ တစ်ရွာလျှင် ငွေ (၁၀) သိန်းတောင်းခံထားကြောင်း ယင်းဒေသခံများထံမှ သိရ သည်။
“ အုပ်ချုပ်ရေးမှူးကို ခေါ်ပြောတာလား၊ ဖုန်းဆက်ပြောလား မသိဘူး၊ ရွာထဲမှာတော့ ငွေကောက်တယ်၊ တစ်အိမ်ကို အနည်းဆုံး ငါးသောင်းထည့်ရမယ်၊ ရွာသားတွေက မပေး နိုင်ဘူးလို့ ငြင်းနေကြတယ်၊

စာချုပ်ချုပ်ဆိုပြီးမှသာ Miss Tourism Internationalပြိုင်ပွဲကို စေလွှတ်မည်ဟု မလှနုထွန်းကဆို

Photo: စာချုပ်ချုပ်ဆိုပြီးမှသာ Miss Tourism Internationalပြိုင်ပွဲကို စေလွှတ်မည်ဟု မလှနုထွန်းကဆို
Wednesday, July 9, 2014 

မလေးရှားနိုင်ငံတွင် ဒီဇင်ဘာလကုန်၌ ကျင်းပမည့် Miss Tourism International ပွဲ အတွက် Style Plus H မှ မြန်မာကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ရန် လုပ်ဆောင်သွားမည် ဖြစ်ပြီး ၎င်းအလှမယ်ကို စာချုပ်ဖြင့် စတင် လုပ်ကိုင် သွားမည် ဖြစ်သည်ဟု   National Director ဖြစ်သူ မလှနုထွန်းက မဇ္ဈိမကို ပြောသည်။
 
" မလေးရှားရောက် မြန်မာတွေ အားပေးဖို့ အတွက် လှနု ဒီပွဲကို လက်ခံ လိုက်တာပါ။ ဒီတစ်ခေါက် တော့ ကော်ပတ်ရုပ်လေးလို လှတဲ့ ကောင်မလေးကို လှနုရွေးချယ် သွားဖို့ စီစဉ် ထားပါတယ်။ ဒီတစ်ခေါက် အလှမယ်ကို လှနု စာချုပ်နဲ့ လုပ်ကိုင်သွားမှာပါ " ဟု ၎င်းက ပြောသည်။
 
Style Plus H မှ စေလွှတ်ခဲ့သည့် Miss Asia Pacific World ပြိုင်ပွဲတွင် Miss Asia Pacific World 2014 ဆု ရရှိခဲ့ သည့် မေမြတ်နိုးနှင့် မလှနုထွန်းတို့ကြား စာချုပ် စာတမ်းဖြင့် လုပ်ကိုင်ခြင်း မရှိခဲ့ခြင်းကြောင့် ပြဿ     နာ အနည်းငယ် ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။
 
အဆိုပါ အကြောင်းအရာများကြောင့် ယခု Miss Tourism International ပွဲ အတွက် ရွေးချယ်မည့် အလှမယ်ကို စာချုပ်စာတမ်းဖြင့် ချုပ်ဆိုကာ လုပ်ကိုင်သွားမည် ဖြစ်သည်။ Miss Tourism International ပွဲ အတွက် ရွေးချယ် ခံရသူသည် Organization မှ ချမှတ်ထားသည့် စည်းမျဉ်း စည်းကမ်းအတိုင်း လိုက်နာ ဆောင်ရွက် ရမည် ဖြစ်ပြီး သုံးနှစ် စာချုပ်ဖြင့် လုပ်ကိုင် ရမည် ဖြစ်သည်။
 
ယင်းပွဲစဉ်အတွက် လူရွေးချယ်မှုကို မိုးတွင်း အကုန်ပိုင်း၌ စတင် ပြုလုပ်ရန် စီစဉ်ထားပြီး Style Plus H က သဘောကျသည့် သူကိုတွေ့ရှိပါက အလှမယ် ဂျူးစံသာ နှင့်အတူ တစ်ခါတည်း လေ့ကျင့်မှုများ ပြုလုပ်ရန် စီစဉ် သွားမည် ဖြစ်သည်။
 
Miss Tourism International တွင် ပါဝင်ယှဉ်ပြိုင် ကြမည့် မြန်မာနိုင်ငံ ကိုယ်စားပြု ပြိုင်ပွဲဝင် များသည် အရပ် ၅ပေ ၆လက်မ ရှိရမည် ဖြစ်ပြီး အသက် ၁၈ နှစ်မှ ၂၅ကြား အိမ်ထောင် မပြုဖူးသူ ဖြစ်ရမည့် အပြင် ကျန်းမာရေး ကောင်းမွန်သည့် သူကို လည်းStyle Plus H တွင် မိတ်ဆွေများ အားလုံး အကြံဥာဏ်များနှင့် အတူ ရွေးချယ် သွားမည် ဖြစ်သည်။
 
"ကျန်းမာရေးကောင်းတဲ့သူမှ အစ်မတို့လေ့ကျင့်ပေးတာကို လိုက်လုပ် နိုင်မှာပါ။ Miss တစ်ယောက် ရှိသင့် ရှိထိုက်တဲ့ အရာတွေ အားလုံးကို သင်ကြားပေး သွားမှာပါ"ဟု မလှနုထွန်းက ထပ်မံ ပြောသည်။
 
Miss Tourism International ပွဲ ကို မလေးရှားနိုင်ငံတွင် ၁၉၉၄ခုနှစ် ကတည်းက ကျင်းပ ပြုလုပ်ခဲ့ပြီး ၂ဝ၁၄ခုနှစ်တွင် မြန်မာနိုင်ငံမှ  စတင်ဝင်ရောက် ယှဉ်ပြိုင်ခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲတွင် နိုင်ငံတကာမှ အလှမယ် ၄၅ယောက်နှင့် အထက် ဝင်ရောက် ယှဉ်ပြိုင် ခဲ့ကြပြီး ၂ဝ၁၃ခုနှစ် မလေးရှား နိုင်ငံ၌ကျင်းပ ပြုလုပ်ခဲ့သည့် Miss Tourism International 2013 ပြိုင်ပွဲတွင် ဖိလစ်ပိုင်နိုင်ငံမှ Angeli Dione Gomez က အနိုင်ရရှိ ခဲ့ခြင်းဖြစ်သည်။
 
Miss Tourism International ပြိုင်ပွဲ ဝင်မည့် အလှမယ် သည် အင်္ဂလိပ် စာတတ်ကျွမ်းပြီး ခရီးသွားနှင့် ပတ်သက်သည်များကို သိရှိထားရမည် ဖြစ်ခြင်းကြောင့် ယင်းအချက်များနှင့် ကိုက်ညီသည့်သူကို သာအဓိက ထား ရွေးချယ်သွားမည် ဖြစ်သည်။
 
Miss Tourism International ပြိုင်ပွဲသည် ခရီးသွားနှင့် ဆိုင်သည့် ပြိုင်ပွဲ ဖြစ်ရာ ခရီးသွားနှင့် ပတ်သက်သည့် အကြောင်းအရာများ သိရှိနိုင်ရန် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်ထံသို့ National Director မလှနုထွန်းတို့ ဘက်မှ အကူအညီ တောင်းသွား မည် ဖြစ်သည်။ 

Mizzima - News in Burmese
မလေးရှားနိုင်ငံတွင် ဒီဇင်ဘာလကုန်၌ ကျင်းပမည့် Miss Tourism International ပွဲ အတွက် Style Plus H မှ မြန်မာကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ရန် လုပ်ဆောင်သွားမည် ဖြစ်ပြီး ၎င်းအလှမယ်ကို စာချုပ်ဖြင့် စတင် လုပ်ကိုင် သွားမည် ဖြစ်သည်ဟု National Director ဖြစ်သူ မလှနုထွန်းက မဇ္ဈိမကို ပြောသည်။

" မလေးရှားရောက် မြန်မာတွေ အားပေးဖို့ အတွက် လှနု ဒီပွဲကို လက်ခံ လိုက်တာပါ။ ဒီတစ်ခေါက် တော့ ကော်ပတ်ရုပ်လေးလို လှတဲ့ ကောင်မလေးကို လှနုရွေးချယ် သွားဖို့ စီစဉ် ထားပါတယ်။ ဒီတစ်ခေါက် အလှမယ်ကို လှနု စာချုပ်နဲ့ လုပ်ကိုင်သွားမှာပါ " ဟု ၎င်းက ပြောသည်။

Style Plus H မှ စေလွှတ်ခဲ့သည့် Miss Asia Pacific World ပြိုင်ပွဲတွင်

ကိုးနှစ်ကြာ အုပ်ချုပ်ခဲ့သည့် အုပ်ချုပ်ရေးမှူးရုံး မီးရှို့ခံရ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့ရှိ အောက်ရွာပိုင်းရပ်ကွက်မှ ကိုးနှစ်ကြာဆက်တိုက် တာဝန်ယူခဲ့သည့် အုပ်ချုပ်ရေးမှူး တစ်ဦး၏ ရုံး ဇူလိုင် ၇ ရက်က မီးရှို့ခံရသည်ဟု ဒေသခံများက မဇ္ဈိမကို ပြောသည်။
ည ၁၁ ခန့်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါ အုပ်ချုပ်ရေးမှူးရုံး မီးလောင်မှုကို ရှို့မီးဟု သတ်မှတ်တိုင်ကြားထားပြီး မင်းပြားမြို့နယ် ရဲစခန်းက ဆက်လက်စုံစမ်းလျက်ရှိသည်။

ကမ္ဘာကျော် ကိုရီးယား ဂီတ အဖွဲ့ 2NE1 မြန်မာပြည်တွင် ဖျော်ဖြေမည်

Photo: ကမ္ဘာကျော် ကိုရီးယား ဂီတ အဖွဲ့ 2NE1 မြန်မာပြည်တွင် ဖျော်ဖြေမည်
Wednesday, July 9, 2014

တောင်ကိုရီးယား နိုင်ငံ၏ နာမည်ကြီး K.Pop Girl Band အဖွဲ့ ဖြစ်သည့် 2NE1 အဖွဲ့သည် လာ မည့် သြဂုတ်လတွင် မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ် လာ ရောက် ဖျော် ဖြေမည် ဖြစ်ကြောင်း သိရသည်။ သြဂုတ်လ ၂ ရက်နေ့တွင် သုဝဏ္ဏ အားကစားရုံ-၁၌ ဖျော်ဖြေပွဲ ကျင်းပ သွားရန် စီစဉ်ထားသော် လည်း ဖျော်ဖြေမည့် ရက် အပြောင်းအလဲ ရှိနိုင်ကြောင်း သိရသည်။
“Samsung  က 2NE1 နဲ့ World Tour ကို စာချုပ် လုပ်ထားတာ ရှိတဲ့ အခါကျ တော့ မြန်မာပြည်က ခေါ်တဲ့အခါမှာ မြန်မာပြည်ကို လာတယ်ပေါ့။ ကျွန်တော် တို့က ကျတော့ ပွဲ စီစဉ်တာ မဟုတ်ပါဘူး။ အဲဒီ ဟာတော့ အတိအကျ ပြောလို့မရပါ ဘူး” ဟု Samsung Myanmar မှ Head of Sales ကိုဇာနည်ဝင်းထက် က ပြောသည်။ အဆိုပါ 2NE1 K. Pop Girl Band ဖျော်ဖြေပွဲတွင် Samsung မှ ပါဝင်မည့် အစီအစဉ် များကိုလည်း “လောလောဆယ်က တော့ Samsung Tab S Launching မှာ Tab S ပထမ အလုံး ၅ဝဝ ဝယ် တဲ့ သူတိုင်းကို လက်မှတ် တစ်စောင်စီ ပေးသွားမယ်။ ပြီးတော့ နောက်ထပ် Samsung S5 နဲ့ ပတ်သက်ပြီး ဝယ် တဲ့သူတွေကိုလည်း စီစဉ် ထားပါ တယ်။ Lucky Draw တွေလည်း ပါမယ်ဗျ”ဟု ကိုဇာနည်ဝင်းထက် ကပြောသည်။
“2NE1 အဖွဲ့ကို အစ ကတော့ မကြိုက်ဘူး။ သူတို့သီချင်း လေးတွေ နားထောင် ကြည့်တယ် ကောင်းတယ်။ ဒီလောက်ပါပဲ။ ဒါပေမဲ့ Board မဂ္ဂဇင်း ကာဗာပါလာ ကတည်း က ကျွန်တော် တအား ကြိုက်သွား တယ်။ ဂုဏ်ယူပါတယ်။ ကျွန်တော်တို့ အာရှနိုင်ငံ သားတွေ တစ် ကမ္ဘာလုံးကို ပတ်ပြီး ဖျော်ဖြေနေတာ။ PSY  ကို ကျွန်တော် မကြိုက် ဘူး။ Big Bang ကိုလည်း မကြိုက်ဘူး။ 2NE1 အဖွဲ့ကို တော့ တကယ်ကို လက်မထောင်ပြီး တော့ကို ကြိုက် ပါတယ်။ CL ကို အကြိုက်ဆုံးပါ။ 2NE1 အဖွဲ့မြန် မာ နိုင်ငံမှာ လာ ဖျော်ဖြေဖို့ ဆိုတာ မဖြစ် နိုင်တဲ့ အိပ်မက်။ ဒါပေမဲ့ အခုလာ ဖျော်ဖြေမယ် ဆိုတော့ ဝမ်းသာပါ တယ်။ အားပေးမှာပါ” ဟု 2NE1 အဖွဲ့ ၏ ပရိသတ် တစ်ယောက်ဖြစ် သူ မြန်မာနိုင်ငံမှ အဆိုတော် အားတီက ဆိုသည်။
၂ဝဝ၉ ခုနှစ်တွင်  YG Entertainment မှ စတင်ဖွဲ့စည်း ပေးခဲ့သော 2NE1 K-Pop Girl  တွင် Cl, Boom, Dara, Minzy  တို့  ပါဝင်ပြီး တေးအယ်ဘမ် ပေါင်း များစွာ၊ အမ်တီဗီပေါင်း များစွာ ရိုက်ကူး သီဆိုခဲ့ပြီး ဖြစ်သည်။ 2NE1 ၏ Go Way , I am the Best, I Don’t Care, I Hurt, Love is Ouph, Kiss. Come Back Home’ စသည့် သီချင်း များမှာ မြန်မာ ပရိသတ်များ ကြိုက်နှစ်သက် ကြပြီး “I am the Best”၊  “I Don’t Care” သီချင်းများ သည် 2NE1 အဖွဲ့၏  Song of the Year ဆုများ ရရှိခဲ့သော သီချင်း များဖြစ်သည်။

Popular Journal
တောင်ကိုရီးယား နိုင်ငံ၏ နာမည်ကြီး K.Pop Girl Band အဖွဲ့ ဖြစ်သည့် 2NE1 အဖွဲ့သည် လာ မည့် သြဂုတ်လတွင် မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ် လာ ရောက် ဖျော် ဖြေမည် ဖြစ်ကြောင်း သိရသည်။ သြဂုတ်လ ၂ ရက်နေ့တွင် သုဝဏ္ဏ အားကစားရုံ-၁၌ ဖျော်ဖြေပွဲ ကျင်းပ သွားရန် စီစဉ်ထားသော် လည်း ဖျော်ဖြေမည့် ရက် အပြောင်းအလဲ ရှိနိုင်ကြောင်း သိရသည်။
“Samsung က 2NE1 နဲ့ World Tour ကို စာချုပ်

အိမ်ထောင်စုနှင့် မှတ်ပုံတင်တွင် လူမျိုးအမည် မှားယွင်းနေပါက ပြန်လည်လျှောက်ထား ပြုပြင်နိုင်

အိမ်ထောင်စုဇယားနှင့် မှတ်ပုံတင်များတွင် လူမျိုးစာရင်း မှားယွင်ပြီးထုတ်ပေးထားမှုများရှိလျှင် သက်ဆိုင်ရာ အိမ်ထောင်စုဝင် မိသားစုများက လူမျိုးအမည်ကို ပြန်လည် ပြောင်းလဲပေးရန် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနကို လုပ်ထုံး လုပ်နည်းများနှင့်အညီ လျှောက်ထားနိုင်သည်ဟု ဒုတိယ၀န်ကြီး ဦးဝင်းမြင့်က လွှတ်တော်တွင် ပြောသည်။

သမ္မတကြီး လေးရက်မှာ မိန့်ခွန်း နှစ်ခါပြောတာ ဘာကြောင့်လဲ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်က တိုင်းပြည်ကို မိန့်ခွန်း ပြောခဲ့ပါတယ်။ လစဉ် မိန့်ခွန်းပြောကြားအပြီး လေးရက်အကြာမှာ နောက်ထပ် မိန့်ခွန်းတစ်ခု ထပ်ပြောတာဖြစ်ပါတယ်။ သမ္မတကြီးရဲ့မိန့်ခွန်းက အရေးတကြီး လိုအပ်နေလို့လား၊ ဒါမှမဟုတ် မိန့်ခွန်းပြောရတာကိုပဲ ၀ါသနာထုံ ပျော်မွေ့ကြည်နူးလို့လား၊ ဒါမှမဟုတ် တစ်စုံတစ်ခုကို ကာကွယ်ချင်လို့လားဆိုတာ ဆွေးနွေးကြည့်ရအောင်ပါ။

ဇူလိုင် ၇ ရက် မိန့်ခွန်းမှာ အဓိကပြောတာက Hate speech လို့ခေါ်တဲ့

မန်းမြို့ တည်ငြိမ်လာသော်လည်း မြို့ခံအများစုက ညမထွက်ရအမိန့်ကို မပိတ်သိမ်းစေလိုဟုဆို

မန္တလေးမြို့ ပဋိပက္ခဖြစ်ပွားခဲ့ပြီး ခုနစ် ရက်မြောက်တွင် တည်ငြိမ်သည့်အနေ အထားသို့ ရောက်ရှိနေသော်လည်း ညမထွက်ရ အမိန့်ထုတ်ပြန်ထားခြင်းကိုမူ မပိတ်သိမ်းစေ လိုသေးကြောင်း မန္တလေးမြို့ခံများက မဇ္ဈိမကို ပြောသည်။

“အန်တီတို့က ထမင်းဆိုင်ဖွင့်ထားတာ ဖြစ်ပါတယ်။ ပဋိပက္ခဖြစ်ပွားတာတွေကို မဖြစ်စေလိုတဲ့

လှုံ့ဆော်သူများ အရေးယူမခံရသေးပါ

‘‘မွန်မြတ်တဲ့ ကိုးကွယ်ယုံကြည်မှုကို ခုတုံးလုပ်ပြီး အလွဲသုံးတဲ့ အယူသီးအစွန်းရောက်လုပ်ရပ်တွေ၊ မတူညီတဲ့ ဘာသာတရားတွေကြား အမုန်းတရားတိုးပွားအောင် လုပ်ဆောင်မှုတွေ၊ ကိုယ်ကျိုးစီးပွားနဲ့ယှဉ်တဲ့ နိုင်ငံရေး စီးပွားရေး အမြတ်ထုတ် လုပ်ဆောင်လာမှုတွေကို ပပျောက်သွားအောင် ကျွန်တော်တို့အစိုးရအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေများနဲ့အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်ဆိုတာ သတိပေး ပြောကြားလိုပါတယ်’’

သင်၏မျက်လုံး အားပြန်ကောင်းပြီး " မျက်မှန်လွတ်တဲ့နည်း "

ပထမဦးဆုံး အိပ်ရာကနိုးပြီးပြီးချင်း ၊ မျက်နှာကိုအရင်မသစ်ရဘူး ၊
ခြေထောက်နှစ်ဖက်လုံး ဒူးအထက်ကနေပြီး ရေသုံးခွက်စီလောက်
လောင်းပေးရမယ် ။ ဒါက တစ်ကိုယ်လုံးမှာပြန့်နှံနေတဲ့ အပူခိုးတွေကို
ခြေထောက်ရောက်သွားအောင် ဆွဲချလိုက်တာပါ ။ ။ ။

စီးပွားရေးလုပ်ငန်း စတင်တည်ထောင်မှုတွင် အခက်အခဲအများဆုံးစာရင်း၌ မြန်မာအဆင့် ၈ ရပ်တည်

စီးပွားရေးလုပ်ငန်းတစ် ခုစတင်တည်ထောင်ရာတွင် ကြုံ တွေ့ရမည့် အခက်အခဲနည်း သော နိုင်ငံ များကို နိုင်ငံအလိုက် စာရင်းကောက်ကြည့်ရာတွင် မြန်မာနိုင်ငံက ကမ္ဘာ့အဆင့် ၁၈၂ တွင် ရှိနေကြောင်း ကမ္ဘာ့ဘဏ်၏ Doing Bussiness Report စစ် တမ်းက ဖော်ပြသည်။

ရန်ကုန်နှင့် မန္တလေး နည်းပညာတက္ကသိုလ်ဝင်ခွင့် အနိမ့်ဆုံးရမှတ် ၄၈၀ သတ်မှတ်

သိပံ္ပနှင့် နည်းပညာဝန် ကြီးဌာနလက်အောက်ရှိ ရန်ကုန် နှင့် မန္တလေး နည်းပညာတက္က သိုလ် (COE) ၀င်ခွင့်အမှတ်ကို ယခုပညာသင်နှစ်တွင် အနည်း ဆုံးရမှတ် ၄၈၀ နှင့် ကျန် နည်းပညာ တက္ကသိုလ်များအ တွက်ဝင်ခွင့်ကို ရမှတ် ၃၈၀ သတ်မှတ်၍ ခေါ်ယူသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။
‘‘ဒီနှစ်ဆယ်တန်းအောင်တဲ့ ကျောင်းသူ၊ ကျောင်းသားအကုန် လုံးကို စက်မှုနှင့်သက်မွေးပညာ ဦးစီးဌာနရဲ့ နည်းပညာတက္ကသိုလ် အားလုံးမှာ BE ခြောက်နှစ်ဆိုပြီး တော့ ဒီနှစ်ကစပြီး ခေါ်ယူမှာဖြစ် ပါတယ်’’ဟု ရန်ကုန်နည်းပညာ တက္ကသိုလ်ပါမောက္ခချုပ် ဒေါက် တာအေးမြင့်က ပြောကြားခဲ့ သည်။