ကျောင်းသား သပိတ်စစ်ကြောင်းအား မကွေးတိုင်း၊ ဒေါင်းနေချောင်း အတက်တွင် မကွေးမြို့ အုပ်ချုပ်ရေးမှူးက ယခုကဲ့သို့ စီတန်းလှည့်လည်ခြင်းသည် ပုဒ်မ ၁၈ နှင့် ညိစွန်းသည်ဟု လာရောက်အသိပေးခဲ့သည်။"သူတို့ကို ခွင့်မပြုဘူးလို့ မပြောခဲ့ဘူး။ အခုလိုလျှောက်တာ ဥပဒေနဲ့မညီဘူးပဲ ပြောခဲ့တယ်။ ကိုယ့်နယ်ထဲရောက်လာပြီဆိုတော့ ကိုယ့်မှာ စောင့်ရှောက်ဖို့ တာဝန်ရှိတယ်။ စောင့်ရှောက်သွားမယ်။" ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောထွန်းက မဇ္ဈိမကို ပြောသည်။
Monday, February 2, 2015
ဘားအံတွင် မူးယစ်ဆေးဝါး ရောင်းချနေသော တပ်မတော်အရာရှိတစ်ဦးကို ဖမ်းမိ
ရန်ကုန်စည်ပင် နယ်နိမိတ်တွင် တစ်ပတ်အတွင်း ဆိုင်ကယ်အစီး ၃၀၀ ကျော် ဖမ်းဆီးအရေးယူခဲ့
ဇန်နဝါရီ ၂၃ ရက်မှ ၂၈ ရက်အတွင်း ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်အတွင်း ဆိုင်ကယ်ဖမ်းဆီးအရေး ယူမှုစီးရေ ၃၄၃ စီးအထိရှိခဲ့သည်ဟု ၎င်းကဆိုသည်။
သပိတ်စစ်ကြောင်းတွင် ပါဝင်သည့် ၁၀ တန်း ကျောင်းသူ ရန်ကုန်ထိ လိုက်ပါက မိဘကခွင့်ပြုမည်ဆို
ပုသိမ် (မဇ္ဈိမ)။ ။ ဧရာဝတီ သပိတ်စစ်ကြောင်းတွင် လိုက်ပါ ဆန္ဒဖော်ထုတ်သူ ပုသိမ်မြို့၊ အမှတ် ၁၊ အထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်း ကျောင်းသူ မချောစုစံ၏ မိဘဖြစ်သူ ဦးကျော်သူရက သမီးဖြစ်သူဆန္ဒရှိပါက သပိတ်ကြောင်းတွင် ဆက်လက်လိုက်ပါခွင့်ပြုမည်ဟု မဇ္ဈိမကို ပြောသည်။
မချောစုစံ ဖခင်ဦးအောင်ကျော်သူမှ ''ကျွန်တော်တို့သမီး ရန်ကုန်သွားမယ်ဆိုလည်း စာအုပ်တွေယူပြီးလိုက် ပါပေးမယ်။ လမ်းမှာ စာကျက်လို့ ရတယ်။ ကျောင်းသားတွေနဲ့ သပိတ်စစ်ကြောင်းမှာ ပါဝင်တာလည်း ကျွန်တော်တို့သိတယ်။ သမီးကျောင်း ဆက်တက်မှာပါ။ အခု ကျောင်းသားထုနဲ့ ဆိုင်တာမို့ ဆန္ဒဖော်ထုတ်ပွဲ မှာ ပါဝင်ခွင့်ပြုခဲ့တယ်'' ဟု ပြောသည်။
တောင်းဆိုချက်များမလိုက်လျောဘဲ အချိန်ဆွဲထားလျှင် ဆွေးနွေးပွဲမတက်တော့ဟု ဗကသဥက္ကဋ္ဌကျော်ကိုကိုပြော
ဇန်န၀ါရီ ၁ရက်က သပိတ် စစ်ကြောင်းချီတက်မည့် အစီအ စဉ်၊ အာဏာပိုင်များကဖိအားပေး နေမှုများနှင့် ပတ်သက်၍ ရေနံ ချောင်းမြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။
‘‘အခုလောလောဆယ်ဆွေး နွေးနေတာ တောင်းဆိုထားတဲ့အ ချက် ၁၁ချက်ကို မရောက်သေး ဘူး။
NLD ပါတီ၏ စစ်တမ်းအရ ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံမှု မြင့်တက်နေဆဲဟု ဆို
ထောက်ခံမှု ရာခိုင်နှုန်းက အတိအကျနဲ့ ပြောလို့ မရဘူးဗျ။ ဘာကြောင့်လဲ ဆိုရင် ဒါပါတီ အတွင်းရေးဗျ။ ကျွန်တော်တို့ အဖွဲ့ ပြောလို့ ရတာ က နေအိမ် အကျယ်ချုပ်နဲ့ လွတ်လာတဲ့ အခြေအနေ အတိုင်းပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို လူကြိုက် များတာ လျော့ကျ မသွားဘူး။ တချို့က လျော့ကျ သွားတယ်လို့ ပြောနေကြတာ ရှိတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံမှုနှုန်းက မြင့်နေဆဲပဲ ဟု NLD ဗဟို သုတေသန လမ်းညွှန် အဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်းက The Messenger Media သို့ ပြောသည်။
သဘာဝဘေးအန္တရာယ် ကျရောက်နိုင်သည့် စာရင်း၌ အဆင့် ၄ နေရာသို့ ရောက်ရှိလာသည့် မြို့ရန်ကုန်
Urban Research & Development Institute (URDI) ၏ သုတေသ နအရ ရန်ကုန်မြို့ရှိ လူဦးရေမှာ ၅ ဒသမ ၂ သန်းရှိပြီး လူဦးရေအများဆုံးနေထိုင်သည့် မြို့ဖြစ်နေခြင်းကြောင့် ၄င်းတို့ သုံးစွဲသည့် ဇိမ်ခံပစ္စည်းများ၊ မိလ္လာစနစ်နှင့် အမှိုက်စွန့် ပစ်စနစ်များကြောင့် ထိုစာရင်းတွင် အဆင့် (၄) ရောက်ရှိနေခြင်း ဖြစ်သည်ဟု သိရသည်။
အစိုးရသည် ပြည်သူကိုလေးစားမှုမရှိ တန်ဖိုးမထားပါက နိုင်ငံတိုးတက်အောင်လုပ်ပေးနိုင်မည်မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
အစိုးရတစ်ရပ်သည် ပြည်သူ လူထုကို လေးစားမှုမရှိ တန်ဖိုးမထားပါက နိုင်ငံတိုးတက် အောင် လုပ်ပေးနိုင်မည်မဟုတ်သလို ပြည်သူများဘက် မှ နိုင်ငံသား တာဝန်ကျေပွန်သည့် အရည်အချင်းရှိနေ ပါက အစိုးရကို ကိုယ့်သဘောကျ ရွေးချယ်ထိန်းကွပ် ထားနိုင်မှာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဇန်နဝါရီ ၃၁ ရက်က မန္တလေးတိုင်းဒေသ ကြီး ပျော်ဘွယ်မြို့နယ်တွင်ပြုလုပ်သည့် ဗိုလ်ချုပ်အောင် ဆန်း နှစ် ၁ဝဝ ပြည့် မွေးနေ့အကြို လူထုဟောပြောပွဲတွင် ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
နိုင်ငံတော် အလံအား ဖြုတ်ချခဲ့ခြင်းကို သမ္မတက တာဝန်ယူမည် မဟုတ်ဟုဆို
လမ်းလျှောက်တဲ့ ကျောင်းသားတွေကို အရေးမယူဖို့နဲ့ ပတ်သက်ပြီး သမ္မတကြီးကို ဒါလေးတော့ လုပ်ပေးပါဗျာ ဆိုတော့ သူက ပုပ္ပား အထိတော့ တာဝန်ယူပေးမယ်လို့ ပြောတယ်။ နောက်ထပ် သူပြောတာရှိ သေးတယ်။ နိုင်ငံတော် အလံကို သူမပိုင်ပါ ဘူးတဲ့။ လူဦးရေ (၅၁) သန်းကပိုင် တာ ဖြစ်ပါတယ်တဲ့။ နိုင်ငံတော် အလံနဲ့ ပတ်သက်ပြီး သူတာဝန် မယူနိုင်ဘူးလို့ ထပ်ပြောလိုက် သေးတယ် ဟု ၎င်းက ပြောသည်။
2.2.2015 မှ 8.2.2015 ထိ ၇ ရက် သားသမီး ဟောစာတမ်း
တနင်္ဂနွေ
ရည်ရွယ်ချက် များနေမည်။ စိတ်လေနေမည်။ ဆုံးဖြတ်ချက်တွေ အမျိုးမျိုး ချဖြစ်မည်။ သူများစကားထက် ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် အကောင်အထည် ဖော်ဖြစ်မည်။ အရာရာ တပိုင်းတစ တွေနှင့် ရပ်တန့်မနေဖို့ ကြိုးစားပါ။ပြီးပြတ်အောင် ဆောင်ရွက်ပါ။ မြွှေ မသေ ဒုတ်မကျိုး မဖြစ်စေပါနှင့်။ အားလုံးတော့ ဆုံးဖြတ်နိုင်သော်လည်း အချစ်ရေး အတွက် သင့် ရင်တွေလေးနေပေလိမ့်မည်။ အချစ်ရေးမှာ သင်မပြတ်သားနိုင်ပါ။ ရည်ရွယ်တာ ၁ယောက် ဖြစ်နေတာက ၁ယောက် ဖြစ်နေမည်။ နောက်ပြီး ကိုယ်ချစ်တဲ့သူကို မိဘတို့က သဘောမတူ ဖြစ်မည်။ အလုပ်ကိစ္စ အားလုံးအဆင်ပြေပါမည်။ ချစ်သူထံက လက်ဆောင်လာမည်။
အကျိုးပေးဂဏန်း - ၇၊ ၅၊ ၆။
ဗိုလ်ချုပ်ရာပြည့်ပွဲတော် NLD ဦးဆောင်ပါက ဦးအောင်ဆန်းဦး မတက်ရောက်ဟုဆို

မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်တစ်ရာပြည့် ပွဲတော်ကို ဇာတိ နတ်မောက်မြို့တွင် ဖေဖော်ဝါရီလ ၇ ရက်နေ့မှ ၁၃ ရက်နေ့ထိ ကျင်းပမည်ဖြစ်ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဦးဆောင်ပါက ဗိုလ်ချုပ်၏ သားကြီးဖြစ်သူ ဦးအောင်ဆန်းဦးက မတက်ရောက်ဟု ပြောကြားနေကြောင်း အဆိုပါ ရာပြည့်ပွဲတော် ကျင်းပရေး ကော်မတီ အတွင်းရေးမှူး ဒေါက်တာစိုးမင်းက ဇန်နဝါရီလ ၃၀ ရက်နေ့တွင် The Voice သို့ ပြောကြားသည်။
ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် ပွဲတော်ကျင်းပရေး ကော်မတီအနေနှင့် ဗိုလ်ချုပ်၏ သားကြီး ဦးအောင်ဆန်းဦးကို ရာပြည့်အဖွင့်မိန့်ခွန်း၊ ကြေးရုပ်ဖွင့်ပွဲ ဖဲကြိုးဖြတ်ခြင်းနှင့် ကျောက်စာဖွင့်ပွဲ မိန့်ခွန်းသုံးနေရာ အဓိကထား နေရာပေးကာ တက်ရောက်ရေး ဖိတ်ကြားရာတွင် အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်ကြောင်း ဒေါက်တာစိုးမင်းက ပြောကြားသည်။
လေးပွင့်ဆိုင် ရလဒ်သံသယရှိ၍ သပိတ်စစ်ကြောင်း ဆက်ထွက်မည်
ရန်ကုန် (မဇ္ဈိမ)။ ။ ရေနံချောင်းမြို့သို့ ရောက်ရှိနေသည့် မန္တလေး ကျောင်းသား သပိတ်စစ်ကြောင်းမှာ လေးပွင့်ဆိုင် တွေ့ဆုံရေးအပေါ် သံသယရှိသည့်အတွက် ရပ်နားမထားဘဲ ဖေဖော်ဝါရီ ၂ ရက်မှစတင်ကာ ရေနံချောင်းမြို့မှ မကွေးမြို့သို့ သပိတ်စတင် ထွက်ခွာမည်ဖြစ်ကြောင်း မန္တလေးကျောင်းသား သပိတ်ကြောင်းမှ ပြန်ကြားရေးကော် မတီမှ ကိုရဲရင့်ကျော်က ပြောသည်။ ''ကျွန်တော်တို့ ဒီနေ့ (ဖေဖော်ဝါရီ ၁ ရက်) တွေ့ဆုံပွဲကို သံသယကြီးစွာနဲ့ စောင့်ကြည့်နေပါတယ်။ ကျောင်းသားပြည်သူ ထောက်ခံမှုများ လာတဲ့အခါမှာ သူတို့ဘက်က ကျွန်တော်တို့ရဲ့ ကတိတွေ ချိုးဖောက်လာအောင် ဖိအားအမျိုးမျိုးပေးတယ်။ တွေ့ဆုံဆွေးနွေးမှုအဖြေကလည်း မထွက်လာတော့ မနက်ဖြန် (ဖေဖော် ဝါရီ ၂ ရက်) ကစပြီး ဘယ်အခြေကိုမှ မစောင့်တော့ဘဲ နံနက် ၉ နာရီကစပြီး မကွေးကို ချီတက်ပါမယ်'' ဟု ၎င်းက ပြောသည်။
ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲကို ငြင်းပယ်ခြင်း မဟုတ်ဘဲ တွေ့ဆုံမှုများကို ပုံစံမျိုးစုံဖြင့် ပြုလုပ်သွားမည်ဟု နိုင်ငံတော်သမ္မတ ပြောကြား

ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီး ဒုတိယအကြိမ် သဝဏ်လွှာ ပေးပို့ကာ ထပ်မံ တိုက်တွန်းထားသော ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲကို ငြင်းပယ်ခြင်း မဟုတ်ဘဲ ကျယ်ပြန့်သော ပါဝင်မှုများဖြင့် တွေ့ဆုံမှုများကို ပုံစံမျိုးစုံဖြင့် ပြုလုပ်သွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။
ဆရာမနှစ်ဦးအသတ်ခံရမှုနှင့် သံသယဖြစ်စရာများ
အားလုံးသိတဲ့အတိုင်း ဆရာမနှစ်ဦးအသတ်ခံရတဲ့ကိစ္စ အမှုမှန်ပေါ်ပေါက်ရေး ၀ိုင်းကြီးပတ်ပတ်ဒူဝေေ၀ ဖြစ်နေပြန်ပါပြီ။
အမှုစုံစမ်းရေးအဖွဲ့လည်း တော်တော်စိတ်ဓာတ်ကျလာပြီ။ ဘာဖြစ်လို့လဲဆိုတော့ ဒေသခံတွေရဲ့ ပူးပေါင်းပါဝင်ကူညီမှု အားနည်းချက်က တစ်ကြောင်း၊ ခေါ်ယူစစ်ဆေးမေးမြန်းတဲ့အခါမှာလည်း ဖုံးကွယ်မှုတွေ ရှိနေတာက တစ်ကြောင်းလို့ ဆိုရပါ့မယ်။ နောက်ထပ် စစ်ဆေးတွေ့ရှိချက်ကလည်း အမှုမှန်ပေါ်ပေါက်ရေးအတွက် ထည့်သွင်းစဉ်းစားစရာဖြစ်နေပါတယ်။
သူကတော့ အခြားမဟုတ်ပါဘူး။ ဆရာမနှစ်ဦးအသတ်ခံရတဲ့ အိမ်အနား က ဒေါ်ခွန်မိုင်ရဲ့သား မာတီး ဆိုတဲ့လူပဲဖြစ်ပါတယ်။
ခြောက်ပွင့်ဆိုင် ပေါ်ပေါက်ရေး၊ သူလျှော့ ကိုယ်လျှော့
အားလုံးသိကြပြီး ဖြစ်တဲ့အတိုင်း ပြီးခဲ့တဲ့ ၁၁ ကြိမ်မြောက် လွှတ်တော်အစည်းအဝေး ကာလတုန်းက ပြည်ထောင်စု လွှတ်တော်ဟာ ခြောက်ပွင့် ဆိုင် တွေ့ဆုံဆွေးနွေးပွဲလုပ်ဖို့ သမ္မတကို တိုက်တွန်းတဲ့ အဆို တစ်ခုချမှတ်ခဲ့ပါတယ်။ ၁၂ ကြိမ်မြောက် အစည်းအဝေး စတင်နေပြီဖြစ်တဲ့ အခုအချိန်မှာတော့ အဲဒီအဆိုနဲ့ ပတ်သက်ပြီး သမ္မတဘက်က လွှတ်တော်ကို အကြောင်းပြန်တာ၊ အဲဒီအကြောင်းပြန်ချက်အပေါ် လွှတ်တော် နာယက သူရဦးရွှေမန်းက ပြန်လည်သဝဏ်လွှာပေးပို့တာလုပ်ခဲ့ပြီး ဖြစ်သလို အခုနောက်ပိုင်း ခြောက်ပွင့်ဆိုင်မလုပ်ရင် ဘာဖြစ်လာနိုင်သလဲဆိုပြီး သူရဦးရွှေမန်းက သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောဆိုတာရှိလာပါပြီ။ သမ္မတ ဦးသိန်းစိန်ကလည်း သူ့ရဲ့နောက်ဆုံး သဘောထားကို ဖေဖော်ဝါရီ ၁ ရက် ပြည်သူတွေကိုပြောတဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားလိုက်ပြန်ပါပြီ။ ဒါနဲ့ပတ်သက်ရင် ပြည်သူတွေ နည်းနည်းခေါင်းရှုပ်စပြုလာပါပြီ။ ဒီကနေ့ ခြောက်ပွင့်ဆိုင်ကိစ္စ ဘာဖြစ်နေသလဲ၊ ဘာဆက်ဖြစ်လာနိုင်မလဲ လေ့လာကြည့်ကြရအောင်ပါ။
လူမှုကွန်ယက်မှာ သူငယ်ချင်းနဲ့ ပုံတင် ထားတာကို ရေးကြီး ခွင်ကျယ် လျှောက်ပြော နေကြတာပါ လို့ဆိုတဲ့ ခိုင်နှင်းဝေ

သူမရဲ့ ပရိသတ်များနဲ့ ခဏတာ အဆက်အသွယ်ပြတ်ခဲ့ပြီး လက်ရှိမှာ ဇာတ်ကားတွေ ပြန်လည်ရိုက်ကူးလာတဲ့ ခိုင်နှင်းဝေပဲက သူမကိုယ်တိုင် သုံးနေတဲ့ Facebook account မှာ အတွဲပုံပရိုဖိုင်းဓာတ်ပုံ နဲ့ Cover ဓာတ်ပုံတွေ တင်ထားတာမို့ သူမကို ချစ်တဲ့ ပရိသတ်တွေအနေနဲ့ ဘယ်သူများလဲရယ်လို့ သိချင်နေကြပါတယ်။ ဒါကို ပရိသတ်တွေကိုယ်စား သူမကို မေးကြည့်လိုက်တော့ “အစ်မက တစ်ဦးတည်းသော သမီးပါ။ သူငယ်ချင်း အပေါင်းအသင်း မရှိဘူး။ မိတ်ဆွေအပေါင်းအသင်းလဲ မရှိဘူး။ အစ်မမှာ သူငယ်ချင်း ၂ ယောက်ပဲ ရှိတယ်။ တစ်ယောက်က ဘဏ်မှာ လုပ်နေတဲ့ ကောင်မလေး။ နောက်တစ်ယောက်က သူပေါ့။
ပါကစ္စတန်တွင် ဗလီဗုံးကွဲသေဆုံးသူများကိုသယ်ပြီး စီတန်းလှည့်လည်
ပြည်သူငါးသန်းခန့်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်းမှ ပုဒ်မ ၄၃၆ ပြင်ဆင်ရန် လက်မှတ်ထိုး၍ လွှတ်တော်သို့ တောင်းဆိုထားသော်လည်း သမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြင်ဆင်ရေးနည်းလမ်းများနှင့်အညီ ပြင်ဆင်ခြင်းကသာ နည်းလမ်းမှန်ဖြစ်ကြောင်း လွှတ်တော်သို့ပြန်ကြားထား
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပြည်သူလူထု လက်မှတ်ရေးထိုး တောင်းဆိုသည့် လှုပ်ရှားမှုကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်း၍ ၂၀၁၄ ခုနှစ် မေလမှ ဇူလိုင်လအထိ တစ်နိုင်ငံလုံး၌ ဆောင်ရွက်ခဲ့ရာ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရန် ပြည်သူငါးသန်းခန့်က လက်မှတ်ရေးထိုးတောင်းဆိုခဲ့ပြီး ယင်းလက်မှတ်များကို လွှတ်တော်သို့ပို့ခဲ့သည်။
ငွေစက္ကူ အပါအ၀င် အရေးကြီး စာရွက်စာတမ်းများ ရိုက်နှိပ်သည့် ၀ါဇီစက်ရုံမှာ ကာကွယ်ရေးဝန်ကြီးဌာန၏ လက်အောက်၌သာ ရှိနေပြီး ဗဟိုဘဏ်၏ လက်အောက်သို့ လွှဲပြောင်းပေးမှု မရှိသဖြင့် ငွေကြေးရိုက်ထုတ်မှုကို ထိန်းချုပ်ရန် ခက်ခဲကြောင်း ထောက်ပြ
လေးပွင့်ဆိုင်ဆွေးနွေးပွဲတွင် ခိုင်မာသောဆွေးနွေးမှုဖြစ်စေရေး ကျောင်းသားများက သပိတ်တွင် ပါဝင်သူများကို အရေးမယူရန်အပါအ၀င် စည်းကမ်းချက် ကိုးချက်ကို ဆွေးနွေးခဲ့ပြီး ခုနစ်ချက်သာ သဘော တူညီမှုရသည့်အတွက် နေပြည်တော်တွင် ဆက်လက်ဆွေးနွေးရမည်
အမျိုးသားပညာရေးဥပဒေ လေးပွင့်ဆိုင်ဆွေးနွေးပွဲတွင် ခိုင်မာသော ဆွေးနွေးမှု ဖြစ်ပေါ်စေရန်အတွက် ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ (သပိတ်မှောက်ကျောင်းသား) များက သပိတ်တွင် ပါဝင်သူများကို အရေးယူခြင်းမပြုရန်အပါအဝင် စည်းကမ်းချက် ကိုးချက်ကို ဆွေးနွေးခဲ့ပြီး ခုနစ်ချက်သာ သဘောတူညီမှုရရှိသည့်အတွက် နေပြည်တော်တွင် ဖေဖော်ဝါရီ ၃ ရက်၌ ဆက်လက်ဆွေးနွေးရမည် ဖြစ်သည်။
Sunday, February 1, 2015
အင်အားကြီးတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့လေးဖွဲ့ ငြိမ်းချမ်းရေးအ တွက် တွေ့ဆုံဆွေးနွေး
အင်အားကြီးတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့လေးဖွဲ့တို့သည် အပစ်အခတ် ရပ်စဲရေးစာချုပ်အတွက် ဇန်န၀ါရီ ၃၀ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
ကရင်အမျိုးသားအစည်းအရုံး(KNU) နှင့်ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင် စီ၊ ရှမ်းပြည် တပ်မတော် (RCSS/SSA)၊ ‘၀’ပြည် သွေးစည်းညီ ညွတ်ရေး တပ်မတော်(UWSA) နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းအထူးဒေသ (၄) (မိုင်းလားအဖွဲ့) မှ ကိုယ်စားလှယ်များသည် ဇန်န၀ါရီ ၃၀ ရက်တွင် တွေ့ ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။
‘‘အပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးဖို့ ကိစ္စပဲ သွားဆွေးနွေးတာ ပြန်မရောက်ကြသေးတော့ အသေးစိတ်မသိသေးဘူး’’ဟုကရင်အမျိုးသားအစည်းအရုံး(KNU)အထွေထွေအတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းက ပြောသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လာမည့်ပြည်ထောင်စုနေ့ဖြစ်သော ဖေဖော်ဝါရီ ၁၂ ရက်တွင် တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးလိုကြောင်း ပြီးခဲ့သည့် လွတ်လပ်ရေးနေ့က တိုင်းရင်းသားများထံ ကမ်းလှမ်းခဲ့သည်။
၎ ပွင့်ဆိုင်ဆွေးနွေးပွဲ အချို့အချက်များ မပြေလည်၊ ဖေဖော်ဝါရီ ၃ ရက် ထပ်ဆွေးနွေးမည်
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး ၄ ပွင့်ဆိုင် ဆွေးနွေးပွဲမှာ ကျောင်းသားတွေ ဘက်က တင်ပြလာတဲ့ အချက် ၉ ချက်နဲ့ ပတ်သက်လို့ တချိ့အချက်တွေကို သဘောတူညီမှု မရရှိခဲ့တဲ့အတွက် ဖေဖော်ဝါရီ ၃ ရက်နေ့ ဆက်လက်ဆွေးနွေး မှာဖြစ်ပါတယ်။
ဆွေးနွေးပွဲမှာ ကျောင်းသားတွေဘက်က မူလ ပြောဆိုထားတဲ့အချက် ၁၁ ချက်ထဲ မှာ မပါတာတွေ ထပ်မံတင်ပြခဲ့တယ်လို့ ဆွေးနွေးပွဲမှာ သတင်းယူနေတဲ့ ဒီဗွီဘီ သတင်းထောက် မျိုးမင်းဦးက ပြောပါတယ်။
ကျောင်းသား ကိုယ်စားလှယ်တွေ ထပ်မံတင်သွင်းတဲ့ အချက် ၉ ချက်ထဲက ညီတူညီမျှ တန်းတူအခွင့်အရေးရရှိရေး၊ လွတ်လပ်စွာ သတင်းထုတ်ပြန်ရေး၊ ကျောင်းသားကိုယ်စားလှယ်တွေရဲ့ သဘောတူညီမှု စတဲ့ အချက်တွေကို သဘောတူပေမယ့် နံပါတ် ၅ ဖြစ်တဲ့ လက်ရှိ ဖွဲ့စည်းထားတဲ့ ကျောင်းသား၊ ဆရာများ သမဂ္ဂတွေရဲ့ တရားဝင်မှုကို လေးစားစွာ အသိအမှတ်ပြုရမယ်ဆိုတဲ့ အချက်နဲ့ ပတ်သက်လို့ ဆွေးနွေးတဲ့နေရာမှာ သဘောတူညီမှု မရခဲ့ဘူးလို့ ဆိုပါတယ်။
နံပါတ် ၆ အချက်ဖြစ်တဲ့ ပညာရေး မူဝါဒ ဥပဒေ နည်းဥပဒေများ ရေးဆွဲရာမှာ ဆရာနဲ့ ကျောင်းသားကိုယ်စားလှယ်တွေ ပါဝင်ရေးဆိုတဲ့အချက်ကိုလည်း ၀န်ကြီး ဦးအောင်မင်းတို့ဘက်က မူအရ သဘောတူခဲ့ပါတယ်။
KIA အဖွဲ့၏ မိုင်းခွဲတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်များနှင့် ယာဉ်မောင်း အပါအ၀င် ၄ ဦး ထိမှန်ဒဏ်ရာရရှိ
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု၊ ဆန်းကြွယ်ကျေးရွာ အ၀င်၌ ဇန်န၀ါရီ ၃၁ ရက် နံနက် ၈ နာရီ မိနစ် ၄၀ ချိန်ခန့်တွင် ကချင် လွတ်မြောက်ရေး တပ်မတော်(KIA)အဖွဲ့၏ မိုင်းခွဲတိုက်ခိုက် မှုကြောင့် ရဲတပ်ဖွဲ့ဝင် များနှင့် ယာဉ်ေ မာင်း စုစုပေါင်း ၄ ဦးတို့တွင် မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းရ ရှိသည်။
အဆိုပါဖြစ်စဉ်မှာ တောင်းကော့ကျေးရွာနှင့် ကောင်ဆန်ကျေးရွာ လမ်းဆုံ အနီးရှိ စိန်လုံတောင်တန်း ကျောက်မျက်တူးဖော်ရေးကုမ္ပဏီဝန်းအတွင်းမှ မော်တော် ယာဉ် ၂ စီးဖြင့် ထွက်ခွာလာသော ရဲတပ်ဖွဲ့ဝင် များအား ယင်းကျေးရွာအ၀င်တွင် KIA အဖွဲ့မှ မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိရဲအရာရှိ တစ်ဦးထံမှ သိရသည်။
ရွှေမှော်အလုပ်သမား ၁၂၀ ကျော်အား KIA အဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်
ကချင်ပြည်နယ်၊တနိုင်းမြို့နယ်၊ မှော်ဒေသများတွင်လုပ်ကိုင်နေသော မှော် အလုပ်သမားများအား ဇန်နဝါရီ လ ၁၆ ရက်နေ့တွင် ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)အဖွဲ့မှ လူသစ်အဖြစ် လာရောက် စုဆောင်းသွား ကြောင်း သိရ သည်။
“နယ်ကနေလာရောက်အလုပ်လုပ်ကိုင်သူများတယ်၊ ဒီဒေသမှာတော့ မှော် လုပ်ငန်း ၈ ခုလောက်ေ တာ့ရှိ တယ်။ ဒီမှော်တွင်းက ကျား/မ ၇၅ ယောက်ေ လာက်ခေါ် သွားတယ်”ဟု အောင်ဘာမှော်မှ အလုပ်သမား တစ်ဦးက ပြော သည်။
လူကုန်ကူးမှုတိုက်ဖျက်ရန် ထိုင်းအရပ်သားလက်နက်ကိုင်အဖွဲ့ ဖွဲ့စည်း
ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် တကွာပါမြို့မှာ လူကုန်ကူးမှု တိုက်ဖျက် ရေးလုပ်ငန်းတွေအတွက် ကိုင်တွယ်ဖြေရှင်းဖို့ လက်နက်ကိုင် လုပ်အား ပေးအဖွဲ့ကို ဖွဲ့စည်းလိုက်ပြီလို့ အမေရိကန်အခြေစိုက် Trafficking in Person TIP အဖွဲ့က အစီရင်ခံစာထုတ်ပြန်လိုက်ပါတယ်။
အာရှရဲ့ အစည်ကားဆုံး လူကုန်ကူးမှုလမ်းကြောင်းတွေထဲက တခုအပါ အ၀င်ဖြစ်တဲ့ တောင်ပိုင်းမှာ အစိုးရက ကင်းလှည့်ဖို့ အားထုတ်မှုတွေကို စိတ်ပျက်နေတဲ့ အရပ်သားတွေက ကိုယ်တိုင် လှုပ်ရှားနေတာလို့ အစီရင်ခံစာက ဖော်ပြပါတယ်။
လူကုန်ကူးမှုပြဿ နာကို ဖြေရှင်းဖို့ ရွာသား အယောက် ၁၀၀ လောက် ပါတဲ့ အုပ်စုက တောင်ပိုင်းခရိုင်မှာ ကင်းလှည့်နေရပါတယ်။
လူသားချင်းစာနာမှု စိုးရိမ်ချက်တွေနဲ့ လုပ်နေတာ ဖြစ်ပေမယ့် လက်နက်ကိုင် လူမှောင်ခိုတွေနဲ့ ဆင်းရဲတဲ့ ဒုက္ခသည်တွေကြောင့် ရာဇဝတ်မှုတွေ တိုးလာပြီး ဒေသတွင်း ခရီးသွားလုပ်ငန်း ထိခိုက်မှာကို စိုးရိမ်နေတယ်လို့ သူတို့က ပြောပါတယ်။
ဧက ၁၀၀ ကျော် ကျယ်ဝန်းသော သမိုင်းဝင် ကျိုက္ကဆံကွင်းကို အား/ကာ ၀န်ကြီး ဌာနမှတစ်ဆင့် စီးပွားဖြစ် အထပ်မြင့် အဆောက်အအုံ လုပ်ငန်း လုပ်ကိုင်ရန် စီစဉ်မှု အလွှာအသီးသီးက ၀ိုင်းဝန်း ကန့်ကွက်
ဗိုလ်ချုပ်အောင်ဆန်း လူထုစည်းအဝေးပွဲ လုပ်ဖူးတဲ့ သိမ်ဖြူ အားကစားကွင်းကို ပုဂ္ဂလိက လက်ကိုအပ် စီးပွားဖြစ်ကွန်ဒို ပြောင်းလဲတည်ဆောက်ခွင့် ပေးပြီး တဲ့နောက် အခု ဧက ၁၀၀ ကျော် ကျယ်ဝန်းတဲ့ သမိုင်းဝင် ကျိုက္ကဆံကွင်းကြီးကို အားကစား ၀န်ကြီးဌာနက တစ်ဆင့် ပုဂ္ဂလိက ကုမ္ပဏီ အချို့က စီးပွားဖြစ် လုပ်ငန်းတွေ ပြောင်းလဲလုပ်ကိုင်ဖို့ စီစဉ်နေကြ ပြန်ပါတယ်။
ရန်ကုန်မှာ ပန်းခြံ ၆၃ ခု၊ ကစားကွင်း ၉၉ ခုလို့ ဆိုပေမယ့် စာရင်းအဖြစ်ပဲ ရှိနေပြီး တကယ် လောက်လောက်လားလား အပန်းဖြေနိုင်တဲ့ ပန်းခြံနဲ့က လက်နှစ်ဖက် မပြည့်ပါဘူး။
ပန်းခြံနဲ့ ကစားကွင်းတွေ ရှားပါးလာတဲ့ ရန်ကုန်မြို့မှာ ဧကကျယ်ကျယ်နဲ့ အများပြည်သူအတွက် နေရာလပ် ကျန်တာ ဆိုလို့ သမိုင်းဝင် ကျိုက္ကဆံကွင်း တစ်ခုပဲ ရှိပါတော့တယ်။ ကျန်တဲ့ မြေကွက်ကျယ်တွေကတော့ လုပ်ငန်းရှင်တွေက အုပ်ချုပ်သူ အဆက်ဆက်နဲ့ ပေါင်းပြီး အမွေခွဲသလို ခွဲယူထားလို့ မကျန် သလောက်ပါပဲ။ အခု တစ်ခုတည်းကျန်တဲ့ သမိုင်းဝင် ကွင်းကြီးကိုပါ စီးပွားဖြစ်လုပ်ဖို့ စီစဉ်နေတာပါ။
အများပြည်သူကိုလည်း ချပြမှု လုံးဝမရှိ၊ လွှတ်တော်ကိုလည်း လုံးဝ အသိမပေးဘဲ လုပ်မယ့် ကုမ္ပဏီက နိုင်ငံတော်သမ္မတထံကို လုပ်ကိုင်ခွင့်ပြုဖို့ အဆိုပြုလွှာတောင် တင်ထားပြီးပြီလို့ သိရပါတယ်။
ဒီပုံစံက ဘာနဲ့တူသလဲ ဆိုတော့ ခွင့်ပြုချက်ရပြီး လုပ်တော့မယ်ဆိုမှ ပြည်သူနဲ့ လွှတ်တော် သိခွင့်ရလိုက်တဲ့ ရန်ကုန်မြို့သစ် စီမံကိန်း လုပ်ခွင့်ရဖို့ လုပ်သွားတဲ့ပုံစံ၊ လက်သိပ်ထိုး ပုံစံနဲ့ အတူတူပါပဲ။
ဒေသထွက် စကျင်ကျောက်ဖြင့် ထုလုပ်ထားသည့် ဗိုလ်ချုပ်ရုပ်တု မတ္တရာမြို့တွင် စိုက်ထူမည်
မတ္တရာမြို့တွင် ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် ဂုဏ်ပြုသည့်အနေဖြင့် ဒေသထွက် စကျင်ကျောက်သားဖြင့် ပထမဦးဆုံး ထုလုပ်ထားသော ဗိုလ်ချုပ်ေ အာင်ဆန်းရုပ်တု စိုက်ထူမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
မတ္တရာမြို့နယ် စည်ပင်သာယာပိုင် ဗိုလ်တေဇပန်းခြံ၌ အပေါ်တစ်ပိုင်းပါ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုရှိသော်လည်း ပျက်စီးယိုယွင်းနေပြီဖြစ်သည့်အတွက် တစ်ကိုယ်လုံးပါသည့် ဗိုလ်ချုပ်အောင်ဆန်းရုပ်တု စိုက်ထူရန်စီစဉ်နေကြောင်း မတ္တရာမြို့၊ ဗိုလ်ချုပ်အောင်ဆန်းနှစ်တစ်ရာပြည့် ကျင်းပရေးကော်မတီဝင်များက ပြောသည်။
‘‘မတ္တရာကိုယ်စားပြု ကိုယ့် ဒေသထွက် စကျင်ကျောက်နဲ့ ဗိုလ်ချုပ်ရုပ်တု ပထမဆုံး ထုလုပ်ပြီး ဂုဏ်ပြုတဲ့ သဘောပါ’’ဟု ကော်မတီမှ ပြန်ကြားရေးဥက္ကဋ္ဌ ဦးညီညီဦး ကပြောသည်။
ဘရာဇီးတွင် နှစ်ပေါင်း ၈၀ အတွင်း အဆိုးရွားဆုံး မိုးခေါင်မှုဒဏ် ရင်ဆိုင်နေရ
ဘရာဇီးနိုင်ငံရဲ့ နေရာအတော်များများမှာ နှစ်ပေါင်း ၈၀ အတွင်း အဆိုးရွားဆုံး မိုးခေါင်မှုဒဏ် ရင်ဆိုင်နေကြရပါတယ်။
မိုးခေါင်မှုကြောင့် ရီယိုဒီ ဂျနေရိုပြည်နယ်က လယ်သမားတွေဟာ သူတို့ရဲ့ ကောက်ပဲသီးနှံတွေ၊ လယ်ယာသုံး တိရစ္ဆာန်တွေနဲ့ ကုန်ထုတ်လုပ်မှုတွေ အကြီးအကျယ် ဆုံးရှုံးနေကြပါတယ်။
ပြည်နယ်ကို ဖြတ်စီးနေတဲ့ မြစ်ဟာလည်း ပျမ်းမျှထက် ၁.၂ မီတာ မြစ်ရေ မျက်နှာပြင် ပိုနိမ့်ခဲ့လို့ နှစ် ၆၀ အတွင်း အနိမ့်ဆုံး ဖြစ်ခဲ့ပါတယ်။
ဦးသန့်အရေးအခင်း ဓာတ်ပုံပြပွဲ အာဏာပိုင်များ တားမြစ်
ဓာတ်ပုံဆရာထိန်ဝင်းရဲ့ ၁၉၇၄ ခုနှစ်၊ ဦးသန့်အရေးအခင်းဓာတ်ပုံပြပွဲကို ပြပွဲလုပ်တော့မယ့် ရက်ကပ်မှ သက်ဆိုင်ရာ အာဏာပိုင်တွေက ပြသခွင့် ပိတ်လိုက်ပါတယ်။
ဖေဖော်ဝါရီ ၁ ရက်ကနေ ၅ ရက်အထိ ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်၊ Orchid ဟိုတယ်မှာ ပြသမယ့်ဓာတ်ပုံပြပွဲကို ဇန်န၀ါရီ ၃၁ ရက်မှာ မြို့နယ်အုပ်ချုပ်ရေးရုံးက ပိတ်လိုက်တာလို့ ကာယကံရှင် ဓာတ်ပုံထိန်ဝင်းက ပြောပါတယ်။
သွေးမထွက်သည့် စစ်မြေပြင်ဖြစ်ရေး ဆင်နွှဲနေဟု ဗိုလ်ချုပ်ကြီး မူတူးပြော
လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အပြောင်းအလဲကို အခြေခံပြီး သွေးထွက်သံယို စစ်မြေပြင်ကနေ သွေးမထွက်တဲ့ စစ်မြေပြင်ကို ဆင်နွှဲနေတယ်လို့ ကေအန်ယူ ဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။
ဇန်နဝါရီ ၃၁ ရက်နေ့က တပ်မဟာ ၇ ဌာနချုပ်မှာ ကျင်းပတဲ့ ၆၆ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့မှာ ကရင် အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေဖိုးက အခုလို ပြောကြားလိုက်တာပါ။
“ပြည်သူတွေဒုက္ခရောက်ကြတယ်၊ ဒုက္ခရောက်တယ်။ ကရင်တွေချည်းပဲ ရောက် တာမဟုတ်ဘူး၊ နှစ်ဖက်စ လုံးရောက်ကြ တယ်။ အဲ့တော့ တယောက် နဲ့ တေ ယာက် သတ်နေကြတော့ ဘယ်တော့မှ ပြီးမှာ မဟုတ်ဘူး။ သွေးထွက်သံယို စစ်မြေပြင်ကနေ သွေးထွက် သံယိုမဟုတ်တဲ့ စစ်မြေပြင်ကို ပြောင်းသွားမယ်။”
Subscribe to:
Comments (Atom)





















