Friday, April 17, 2015

ဖုန်ကြားရှင်နဲ့ လုပ်စားချင်နေသော UNFC

အခုဆိုရင် KIA ခေါင်းဆောင် အင်ဘန်လလက်မှတ်ရေးထိုးထုတ်ပြန်လိုက်တဲ့ UNFC အဖွဲ့ရဲ့ ကြေငြာချက်နဲ့ပတ်သက် ပြီး ငြိမ်းချမ်းရေးလိုလားတောင့်တနေသော ပြည်သူတွေအကြားမှာ UNFC ရဲ့သဘောထားအပေါ် မေးငေါ့နှာခေါင်းရှုံ့ ဝေဖန်သံတွေပြင်းထန်လာခဲ့ရပါတယ်။ အဲဒီကြေငြာချက်ကတော့ အရှေ့မြောက်ဒေသကနေ မြန်မာပြည်ကိုကျူးကျော် ရန်စလာတဲ့ ဖုန်ကြားရှင်တပ်တွေကို အစိုးရတပ်မတော်ကတိုက်ခိုက်နေတာတွေ အမြန်ဆုံးရပ်တန့်ပေးဖို့ဆိုတဲ့တောင်း ဆိုချက်ကြောင့်ပါပဲ။ 

နှစ်ဆန်းတစ်ရက်နေ့ မုံရွာငါးဘေမဲ့လွတ်သူအချို့ ပလပ်စတစ်အိတ်များ မြစ်ထဲသို့ပစ်ချ

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူး၍ မြန်မာ့သက္ကရာဇ် နှစ်ဆန်းတစ်ရက်နေ့မနက် ၉ နာရီအချိန်တွင် မုံရွာမြို့၊ အောင်ဇေယျုံ ဇက်ကူတို့ဆိပ်နေရာ ချင်းတွင်းမြစ်ကြောင်းအတွင်း၌ ဇီဝိတဒါန ငါးဘေးမဲ့လွတ်ပွဲအား ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပွဲသို့တက်ရောက်လာသူများသည် ငါးမြစ်ချင်း အကောင်ရေ တစ်သိန်းခွဲအား ပလပ်စတစ်အိတ်ကြီးများဖြင့် ထည့်သွင်း သယ်ဆောင် လာပြီးနောက် မြစ်ကြောင်းအတွင်းသို့ ဇက်ရေယာဉ်ပေါ်မှ လွတ်ပေးခဲ့ရာ အချို့သော ငါးလွတ်သူများသည် မြစ်ကြောင်းအတွင်းသို့ ပလပ်စတစ်အိတ်ကြီင်္းများကို ပစ်ချခဲ့သည်။

အိမ်ရှင်ကရိုက်နှက်သဖြင့် အိမ်ဖော်တဦးဒဏ်ရာများဖြင့် ထွက်ပြေးလာ


ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်မှ ရန်ကုန်မြို့တွင် အိမ်ဖော်အဖြစ် လာရောက်လုပ်ကိုင်သူ အသက် ၁၇ နှစ် အရွယ် မိန်းကလေးတဦးသည် အိမ်ရှင်မှ ရိုက်နှက်သဖြင့် ထွက်ပြေးခဲ့ရသည့် ဖြစ်စဉ် တခု ဧပြီ ၁၇ ရက် က ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 
မအိအိဖြိုးဆိုသူသည် ၎င်းနေ့ မနက်ပိုင်း ၆ နာရီခန့်က သူမအလုပ်လုပ်ကိုင်သည့်နေအိမ်မှ ထွက်ပြေးလာခဲ့ရာ လမ်းခရီးတွင် သုဝဏ္ဏ ၂၉ ရပ်ကွက် မြကန်သာလမ်းမှ လမ်းသူလမ်းသားများနှင့် ဆုံတွေ့ခဲ့သည်ဟု သိရသည်။

Wednesday, April 15, 2015

မန္တလေးမဟာသင်္ကြန်ထူးခြားချက်




ဒီနှစ်သင်္ကြန်တွင်း မန္တလေးမြို့မှာ အရင်နှစ်တွေကလောက် မဏ္ဍပ်တွေ မများပေမဲ့လို့ လူတွေ အများအပြားကတော့ သင်္ကြန်ပွဲကို ပျော်ပျော်ပါးပါး ဆင်နွှဲကြပါတယ်။

မောင်တော သင်္ကြန် ပဋိပက္ခဖြစ်



မြန်မာနိုင်ငံ တဝှမ်း နှစ်သစ်ကူး ကာလမှာ ငြိမ်းချမ်း ပျော်ရွှင်စွာနဲ့ သင်္ကြန် ပွဲတော် ဆင်နွှဲနေချိန်မှာ နိုင်ငံ အနောက်ဘက် နယ်စပ် မောင်တောမြို့မှာတော့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံ ရခိုင်လူငယ်တွေ အကြား ခိုက်ရန် ဖြစ်ပွားရာကနေ လူစုလူဝေး ဖြစ်လာတဲ့ အတွက် တပ်ကနေ ဝင်ရောက် ထိန်းသိမ်းခဲ့ရတဲ့ အခြေအနေ အထိ ရောက်ခဲ့ပါတယ်။

အမြင့်မြတ်ဆုံး မြန်မာ့ အလှူသံသရာ



မင်းညီ ဘာသာပြန်ဆိုသည်

''ထမင်းတွန်းလှည်းလာပြီ.. ထမင်းတွန်းလှည်း လာပြီ''ဟု ဆာလောင်နေ သော လူငယ်လေးတစ်ယောက် က လှမ်းအော်လိုက်သည်။ တစ်ဆက်တည်းမှာပဲ အဆိုပါ လူငယ်လေး၏ မျက်နှာသည် တောက်ပကြည်လင်လာ သည်။

Tuesday, April 14, 2015

၂၀၁၅ မြန်မာ့စီးပွားရေး ကမ္ဘာ့ဘဏ် သုံးသပ်ချက်




မြန်မာနိုင်ငံရဲ့စီးပွားရေးဟာ ၂၀၁၄ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်တွေမှာ အားကောင်းစွာနဲ့ တိုးတက်နေဦးမှာဖြစ်တဲ့အကြောင်း ကမ္ဘာ့ဘဏ်က ဧပြီလ ၁၃ ရက်နေ့မှာ ထုတ်ပြန်တဲ့ အရှေ့အာရှ စီးပွားရေးအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ၂၀၁၄ - ၂၀၁၅ ခုနှစ်အတွက် မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုနှုန်းဟာ ၈.၅ % ရှိမယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပြီး ဒါဟာ မြန်မာနိုင်ငံမှာ ပြုလုပ်နေတဲ့ ပြုပြင်ပြောင်းလဲမှုကနေ တံခါးတွေ ဖွင့်ပေးလိုက်ရာက ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြင့်လာတဲ့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

Monday, April 13, 2015

ရည်းစားဟောင်းကို သတ်ဖြတ်ရန် ခြိမ်းခြောက်ခဲ့သည်မှာ မဟုတ်မှန်ကြောင်း Bon Jovi အဖွဲ့မှ ဂစ်တာ သမားဟောင်း Richie Sambora ငြင်းဆို

ကမ္ဘာကျော် ရော့ခ်တီးဝိုင်း တစ်ခုဖြစ်တဲ့ Bon Jovi အဖွဲ့မှ ဂစ်တာ သမားဟောင်း Richie Sambora ဟာ သူရဲ့ရည်းစားဟောင်းလည်းဖြစ်သလို စီးပွားရေး လုပ်ဖော်ကိုင်ဖက်ဟောင်းလည်းဖြစ်တဲ့ Nikki Lund ကို သတ်ဖြတ်ရန် ခြိမ်းခြောက်ခဲ့သည်မှာ မဟုတ်မှန်ကြောင်း ငြင်းဆိုလိုက်ပါတယ်။

သင်္ကြန်အလွန်ကာလများတွင် ရခိုင်ကမ်းရိုးတန်း၌ အောင်တံခွန်နှင့် ဓည၀တီသင်္ဘောများ ပြန်လည်ပြေးဆွဲမည်



ပြန်လည်ပြုပြင်ရန်အတွက် ရပ်နားထားသော ဓည၀တီသင်္ဘောများကိုတွေ့ရစဉ်။ (ဓာတ်ပုံ-ခိုင်ဖြိုး / RNA)

အောင်တံခွန်-၃ သင်္ဘော နစ်မြုပ်မှု ဖြစ်ပွားပြီးနောက်ပိုင်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပြေးဆွဲလျက် ရှိသော ပြည်တွင်းရေကြောင်းပိုင် ခရီးသည်တင်သင်္ဘောများကို ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိပြီး သင်္ကြန် ကာလအပြီးတွင် ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ပြည်တွင်းရေကြောင်း(ရခိုင် ဌာနခွဲ) မှ သတင်းရရှိသည်။

ဟီလာရီ ကလင်တန် အမေရိကန် သမ္မတ အရွေးခံမည်ဟု ကြေညာ


အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်ဟာ လာမယ့် ၂၀၁၆ သမ္မတ ရွေးကောက်ပွဲမှာ ၀င်ရွေးခံမယ်လို့ ဧပြီ ၁၃ ရက်က တရားဝင်ကြေညာပါတယ်။

မဘိမ်းမြို့နယ်အတွင်း၌ တရားမ၀င်ကျွန်းသစ် ၂၇ တန်ခန့်အား တပ်မတော် စစ်ကြောင်းနှင့် ပြည်နယ် သစ်တောဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရမိ


ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ်၊ မယ်ဇလီကျေးရွာအနီး တောအတွင်းတွင် တရားမ၀င်ခုတ်ယူထား သော ကျွန်းသစ် ၂၇ တန်ခန့်အား ဧပြီလ ၉ ရက်နေ့တွင် တပ်မတော်စစ်ကြောင်းနှင့် ပြည်နယ်သစ်တော ဦးစီးဌာန တို့ပါဝင်သော ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

မီးဘေးသင့် ကရင်နီ ဒုက္ခသည်စခန်းကို မိုးရာသီမတိုင်မီ တည်ဆောက်မည်


ထိုင်း-မြန်မာ နယ်စပ် မယ်ဟောင်ဆောင်ခရိုင်က မီးဘေးသင့် ကရင်နီ ဒုက္ခသည်စခန်း အမှတ် ၁ ပြန်လည် တည်ဆောက်တာတွေကို မိုးရာသီမတိုင်မီ အပြီးဆောင်ရွက်သွားမယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါ တယ်။

ရင်သား ကင်ဆာ သိကောင်းစရာ


ရင်သားကင်ဆာ ရောဂါသည် အသက် ၄ဝ ကျော် အမျိုးသမီးများ သို့မဟုတ် အိမ်ထောင်မရှိ အမျိုးသမီးများ သို့မဟုတ် မိမိ ရင်သွေးများအား နို့ချို မတိုက်ကျွေးသူများတွင် အဖြစ်များသည်။

မျက်စိမှုန်ခြင်း


မျက်စိမှုန်သူများ မျက်မှန်တပ်လျှင် ပိုမှုန်သည်ဟု ထင်မှတ်ကြသည်။ ထို့ကြောင့် မျက်စိမှုန်လာပြီး ပါဝါ အလွန်အကျွံ တက်မှသာ မျက်စိကို အထူး ဂရုစိုက်ကြသည်ကို တွေ့ရတတ်သည်။ တစ်ဦးနှင့် တစ်ဦး အမြင် အာရုံချင်း မတူညီကြသဖြင့် မျက်စိ ကျန်းမာရေးကို ဂရုစိုက်သင့် ပါသည်။

တရုတ်သူလျှိုဟု ယူဆရသူတစ်ဦးကို ဖမ်းဆီးရမိ



ဦးချိန်ကျင်းယုံ နှင့် ၄င်းကိုင်ဆောင်ထားသော ကဒ်ပြားတစ်ခု

ယနေ့  ဧပြီလ ၁၂ ရက်နေ့  နံနက်ပိုင်းတွင် လောက်ကိုင်မြို့ နယ်လုံခြုံရေး တာဝန်ထမ်းဆောင်နေသော တပ်ဖွဲ့ဝင်များက မသင်္ကာဖွယ်ရာလူတစ်ဦးကို တွေ့ ရှိခဲ့သဖြင့် စစ်ဆေးမေးမြန်းခဲ့ရာ တရုတ်နိုင်ငံမှ မြန်မာ နိုင်ငံသို့ စေလွှတ်ထားသူဖြစ်ပြီး လောက်ကိုင်မြို့ နှင့်တပ်မတော်၏ အရေးကြီးဓါတ်ပုံများကို ရိုက်ကူး ထားကြောင်း တွေ့ ရှိခဲ့ရသည်ဟု တပ်မတော်နှင့်နီးစပ်သော အသိုင်း အ၀ိုင်းထံမှ သိရသည်။

Sunday, April 12, 2015

မူဆယ် မူးယစ်ရဲတပ်ဖွဲ့က ရဲအုပ် ၂ ဦး ဗုံးကြောင့် သေဆုံး


ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မူးယစ်အထူးတပ်ဖွဲ့က ရဲအုပ်၂ယောက်ဟာ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး လုပ်ငန်းလုပ်ဆောင်ရင်း ထောင်မိုင်း လို့ယူဆရတဲ့ ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ပါတယ်။

အလှပြယာဉ် ၅၀ ကျော်အနက် မြို့မ တစ်ဖွဲ့သာကျန်တော့တဲ့ မန္တလေးသင်္ကြန်ရေစီးကြောင်း


မန္တလေးသင်္ကြန်ဆိုရင် ပထမဆုံး ပြေးမြင်ကြ မှာကတော့ မန္တလေးကျုံးကြီးနားက ရေကစား မဏ္ဍပ်တွေပါပဲ။ တကယ်လည်း မန္တလေးမှာ အစည်ကားဆုံးက မန္တလေးကျုံးဘေးက ရေကစားမဏ္ဍပ်တွေပါပဲ။ မန္တလေး သင်္ကြန်က ကျုံးပတ်ဝန်းကျင်မှာပဲ သွားစုပြီး စည်းကားနေတာမျိုး ပါ။

ဆေးခြာက်သည် ကင်ဆာဆဲလ်များကို သေကြေပျက်စီးစေနိုင်ကြောင်း အမေရိကန်ုသုတေသီများက အတည်ပြု


ဆေးခြာက်သည် ကင်ဆာဆဲလ်များကို သေကြေပျက်စီးစေနိုင်ကြောင်း အမေရိကန်ုသုတေသီများက အတည်ပြု လိုက်ကြောင်းသိရသည်။

တပ်မတော်နှင့် KIO တို့အကြား ပြဿနာများ ထပ်မံမဖြစ်ပွားစေရန် ပဋိပက္ခဖြစ်နိုင်ခြေနေရာများကို သွားလာမည်ဆိုပါက နှစ်ဖက်အကြား ကြိုတင်ညှိနှိုင်းဆောင်ရွက်ရန် သဘောတူ


အစိုးရတပ်မတော်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) တို့အကြား ပြဿနာများ ထပ်မံမဖြစ်ပွား စေရန် ပဋိပက္ခဖြစ်နိုင်ခြေ ရှိသော နေရာများကို သွားလာမည်ဆိုပါက နှစ်ဖက်အကြား ကြိုတင် ညှိနှိုင်း ဆောင်ရွက်ရန် အတွက် ဧပြီ ၆ ရက်က ကချင်ပြည် နယ် မြစ်ကြီး နားမြို့ရှိ ကေအိုင်အိုဆက်ဆံရေးရုံးတွင် နှစ်ဖက်ပဋိပက္ခညှိနှိုင်းရေးအဖွဲ့တို့ တွေ့ဆုံ၍ ဆွေးနွေးသဘောတူခဲ့ကြောင်း သတင်းရရှိသည်။

အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပိုမို လိမ်ညာတတ်ကြတယ်ဟု ဆို


လူအယောက် ၃,၀၀၀ စစ်တမ်း ကောက်ယူမှုအရ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပိုမိုလိမ်ညာ တတ်ကြကြောင်း တွေ့ရပါတယ်။ ချစ်သူရည်းစားချိန်းတွေ့မှု ဆိုင်ရာ ဗြိတိသျှကုမ္ပဏီ Coffee & Company မှ ပြုလုပ်တဲ့ စစ်တမ်းမှာ အမျိုးသား ၉% ယုံမှား သံသယကင်းနေချိန်မှာ ၂၅% ရာခိုင်နှုန်းသော အမျိုးသမီးတွေဟာ နောက်တစ်ယောက်အတွက် သစ္စာဖောက်ကြကြောင်း ဖော်ပြထားပါတယ်။

ဗုံးခွဲတိုက်ခိုက်ခံ၍ ရဲအုပ်နှစ်ဦးကျဆုံး


သတင်းအရရှာဖွေရေးလုပ်ငန်းများဆောင်ရွက်နေသည့်မူယစ်တပ်ဖွဲ့ ဝင်များ ဗုံးခွဲတိုက်ခိုက်ခံရပြီ ရအုပ်နှစ်ဦးကျဆုံးသွားကာသုံးဦမှာ ဒဏ်ရာပြင်းထန်သဖြင့်မူဆယ်ဆေးရုံသို့ပို့ဆောင်ဆေးကုသထားရ ကြောင်မူဆယ်မူယစ်တပ်ဖွဲ့စုမှရဲမှုတီခေါင်လွမ်းကပြောသည်။

၂၀၂၅ မတိုင်မှီ ကမ္ဘာအပြင်ဘက်၌ သက်ရှိဘ၀ကို တွေ့ နိုင်မည်ဟု နာဆာသိပ္ပံပညာရှင် ခန့် မှန်း


ကမ္ဘာအပြင်ဘက်တွင် သက်ရှိဘ၀ရှိနိုင်သည်ဟု မိမိတို့ ယုံကြည်ပြီး နောက် ၁၀-စုနှစ်အတွင်း သဲလွန်စကို တွေ့ ရှိ ကာ နောက်ထပ် အနှစ် ၂၀ မှ ၃၀ အတွင်း၌ ခိုင်မာသောအထောက်အထားများကို ပြနိုင်လိမ့်မည် ဟု နာဆာသိပ္ပံ ပညာရှင်ချုပ် အဲလင်စတိုဖန် က အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန်ဒီစီရှိ နာဆာဌာနချုပ် ၌ ယမန်နေ့ ကကျင်းပ ခဲ့သော အခမ်းအနားတစ်ခုတွင် လူသိရှင်ကြား ထုတ်ဖော်ပြောကြားသည်။

အရက် အလွန်အကျွံ သောက်သုံးခြင်းဟာ ဦးနှောက်ကို ထိခိုက်နိုင်ပြီး DNA ကို ပြောင်းလဲစေနိုင်

ဆယ်ကျော်သက် အရွယ်မှာ အရက်သေစာ သောက်စား ပျော်ပါးခြင်းဟာ အရွယ်ရောက်လာတဲ့အခါ ဦးနှောက် ကို ကြာရှည်စွာ ထိခိုက်နိုင်တယ်လို့ လေ့လာမှု အသစ်တစ်ခုက သတိပေးလိုက်ပါတယ်။

ကိုယ့်အိမ်မှာတင် အလွယ်တကူ Body Scrub လုပ်ကြည့်ချင်တယ်ဆိုရင်


ကောင်းမွန်တဲ့ ကြေးချွတ်သန့်စင်ခြင်းဆိုတာ သင့်ရဲ့ မျက်နှာနဲ့ ခန္ဓာကိုယ်တို့ကို သန့်စင်စေရုံသာမကဘဲ ဆဲလ်အသေတွေကို ဖယ်ရှားပေးလိုက်တဲ့အတွက် ကိုယ့်ကိုယ်ကို အသစ်တစ်ဖန် ပြန်လည် ခံစားမိနိုင်ပါ တယ်။ ရလဒ်ကတော့ လှပပြီး နူးညံ့ချောမွေ့တဲ့ အသားအရေ ကို သဘာဝဆန်ပြီး တောက်ပတဲ့ အရောင် အသွေးနဲ့ ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

HIV ဗိုင်းရပ်ကုသနည်းသစ်ကို လူသားတွင် ပထမဆုံးအကြိမ်စမ်းသပ်၊ အောင်မြင်နိုင်ခြေမြင့်မား


HIV ဗိုင်းရပ်ကို အကောင်းဆုံးထိန်းချုပ်နိုင်မည့် ကုသနည်းသစ်ကို လူသားတွင် ပထမဆုံးအကြိမ် စမ်းသပ် အောင် မြင်ပြီဖြစ်၍ အနာဂါတ်တွင် HIV ကို တိုက်ခိုက်ရန် အားထားရသော လက်နက်တစ်ခုဖြစ်လာ နိုင်ကြောင်း နိုင်ငံတကာ သုတေသီများက ပြောသည်။

ဘင်္ဂလားဒေ့ရှ် Jamaat-e-ခေါင်းဆောင်ကို ကြိုးပေးကွပ်မျက်

ဘင်္ဂလားဒေ့ရှ်နိုင်ငံက အစ္စလာမ်ဝါဒီ အတိုက်အခံခေါင်းဆောင် Muhammad Kamaruzzaman ကို ကြိုးပေးကွပ်မျက်လိုက်ပါပြီ။ ၁၉၇၁ ခုနှစ်က ပါကစ္စတန်ကနေခွဲထွက်ပြီး လွတ်လပ်ရေးရဖို့ တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲအတွင်း ကျူးလွန်ခဲ့တဲ့ စစ်ရာဇ၀တ်မှုတွေ အတွက် အခုလို ကွပ်မျက်လိုက်တာပါ။

ဝါရှင်တန်မြို့ ချယ်ရီပန်းပွဲတော်



ချယ်ရီပန်းပွဲတော် (ဓာတ်ပုံ- ၀ါဝါမော်/ဧပြီ ၁၁၊ ၂၀၁၅)

ဗမာပြည်မှာ ပိတောက်ပန်းတွေဝေစည်တဲ့ သင်္ကြန်အခါတော် ရေသဘင်ပွဲ ဆင်နွဲကြဖို့ပြင်ဆင်နေချိန်မှာ ကျနော်တို့ရဲ့ ဗွီအိုအေရုံးချုပ်အခြေစိုက်ရာ ၀ါရှင်တန်ဒီစီမှာတော့ ချယ်ရီတွေဝေစည်နေပါပြီ။ ချယ်ရီပွဲတော် စတင်နေပါပြီ။ ဂျပန်နိုင်ငံက လက်ဆောင်ပေးထားတဲ့ထောင်နဲ့ချီတဲ့ ချယ်ရီပင်တွေက ပွင့်လန်းနေတဲ့ ပိုတေးမတ်မြစ်နဘေးက ချယ်ရီပန်းပွဲတော်ကို ကိုယ်တိုင်သွားရောက်ပြီးတော့ သတင်းယူခဲ့တဲ့ ဗွီအိုအေ ၀ိုင်းတော်သူ မခင်ဖြူထွေးက သတင်းပေးပို့ထားပါတယ်။

တက္ကသိုလ်ကျောင်းသားများသမဂ္ဂက သင်္ကြန်ကာလ၌ “ဒေါင်းတို့မျိုးဆက်” သံချပ်အဖွဲ့အမည်ဖြင့် ရန်ကုန်မြို့အတွင်း လှည့်လည်သံချပ်ထိုးမည်

တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တ.က.သ) အဖွဲ့မှ နှစ်သစ်ကူးမဟာသင်္ကြန်ကာလ၌ “ဒေါင်းတို့ မျိုးဆက် သံချပ်”အမည် ဖြင့် ရန်ကုန်မြို့အတွင်း လှည့်လည်၍ သံချပ်ထိုးသွားမည် ဖြစ်ကြောင်းသိရသည်။

ကုန်တင်လှေ မီးလောင်မှုအား တပ်မတော်(ရေ)မှ ကူညီ ကယ်ဆယ်ပေး


ရန်ကုန်မြို့၏ အရှေ့တောင်ဘက် မိုင် ၅ဝ ခန့်အကွာ၌ ဧပြီ ၁ဝ ရက် ညနေပိုင်းတွင် မီးသွေးအိတ်များ တင်ဆောင်ထားသည့် ကုန်တင်လှေတစ်စင်း မီးလောင်မှု ဖြစ်ပွားခဲ့ရာ တပ်မတော်(ရေ)မှ စစ်ရေယာဉ် တစ်စင်းက သွားရောက်၍ ကယ်ဆယ်ရေး လုပ်ငန်းများ ကူညီ ဆောင်ရွက်ပေးသည်။

ကုန်တင်လှေ မီးလောင်မှုအား တပ်မတော်(ရေ)မှ ကူညီ ကယ်ဆယ်ပေး

ရန်ကုန်မြို့၏ အရှေ့တောင်ဘက် မိုင် ၅ဝ ခန့်အကွာ၌ ဧပြီ ၁ဝ ရက် ညနေပိုင်းတွင် မီးသွေးအိတ်များ တင်ဆောင်ထားသည့် ကုန်တင်လှေတစ်စင်း မီးလောင်မှု ဖြစ်ပွားခဲ့ရာ တပ်မတော်(ရေ)မှ စစ်ရေယာဉ် တစ်စင်းက သွားရောက်၍ ကယ်ဆယ်ရေး လုပ်ငန်းများ ကူညီ ဆောင်ရွက်ပေးသည်။