Friday, June 26, 2015

မန္တလေးမြို့ အဆောင်တွင် အမျိုးသမီးတစ်ဦး အကူအညီမပါဘဲကလေးမွေးရာမှ သွေးလွန်သေဆုံး

မန္တလေးမြို့ မဟာ အောင်မြေမြို့နယ်ရှိ အမျိုးသမီး အဆောင်တစ်ခုတွင် အသက် (၂၁) နှစ်အရွယ် အမျိုးသမီးတစ် ဦးတည်း ကလေးမီးဖွားရာမှ သွေး လွန်၍ သေဆုံးခဲ့ကြောင်း သတင်း ရရှိသည်။
မဟာအောင်မြေမြို့နယ်ရှိ အမျိုးသမီးအဆောင်တစ်ခုတွင် ဇွန်လ ၂၄ ရက် ညနေက အသက် (၂၁)နှစ်အရွယ် အမျိုးသမီးတစ်ဦး သည် ၎င်း၏အခန်းအတွင်း က လေးမီးဖွားနေသည်ကို အဆောင် မှူးနှင့် အဆောင်သူများက တွေ့ ရှိသဖြင့် ဆေးရုံသို့ပို့ဆောင်စဉ် သွေးလွန်သေဆုံးသွားခြင်းဖြစ်ပြီး ကလေးမှာအသက်ရှင် ကျန်းမာ လျက်ရှိကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်း သိရသည်။

ခြောက်ပွင့်ဆိုင်ကို မစဉ်းစားတော့ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနှင့်ပတ်သက် ၍ ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေး နွေးမှုကို စဉ်းစားတော့မည်မဟုတ် ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။
‘‘ပွင့်ပွင့်လင်းလင်းပြောရရင် အန်တီက သိပ်ပြီးတော့ မစဉ်းစား ဘူး။ ခြောက်ပွင့်ဆိုင်အကြောင်း၊ မစဉ်းစားတော့ဘူး။စဉ်းစားနေရင် လည်း နည်းနည်းအချိန်ပိုကုန်တာ ပဲရှိတယ်။ ကိုယ်လုပ်စရာရှိတာပဲ ဆက်ပြီးလုပ်သွားတော့မယ်’’ဟု ဇွန်လ ၂၅ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဒေါ် အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်သူတွေစိတ်ဓာတ်ကျစရာမလိုဟု ဒေါ်အောင်ဆန်းစုကြည်ဆို"

အခြေခံဥပဒေပြင်ဆင်ရေး မဲခွဲဆုံးဖြတ်မှုရလဒ်သည် သိပ်ပြီး ထူးထူးဆန်းဆန် မဟုတ်အံ့သြစရာ မဟုတ်ဟုဆိုပြီး ပြည်သူတွေအနေနှင့် စိတ်ဓာတ်ကျစရာမလိုဘဲရှေ့ဆက်ပြီး ဘယ်လိုသွားရမလဲဆိုသည်ကို ရှင်းရှင်းလင်းလင်းသိသွားသည်ဟု ဒေါ်အောင်ဆန်းစုကြည် မဲခွဲဆုံးဖြတ်မှုအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

"အခြေခံဥပဒေ အရေးကြီးပုဒ်မများ ပြင်ဆင်ရန်မဲခွဲမှု ရှုံးနိမ့်"

သမ္မတအရည်အချင်းသတ်မှတ်ချက်တစ်ခုဖြစ်သော ပုဒ်မ ၅၉ (ဃ) ကိုသာ ပြင်ဆင်ရန် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲဖြင့် မဲအသာရခဲ့သော်လည်း အဓိကပုဒ်မများဖြစ်သော ၅၉ (စ)နှင့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးမဲများ ရှုံးနိမ့်သွားပြီဖြစ်သည်။
ထောက်ခံမဲရရှိခဲ့သည့် ပုဒ်မ ၅၉ (ဃ)သည်နိုင်ငံတော်အရေးရာများဖြစ်သော နိုင်ငံရေး၊စီးပွားရေး၊စစ်ရေး၊စသည့်အမြင်များရှိရမည်အစားနိုင်ငံတော်အရေးအရာများဖြစ်သော နိုင်ငံရေး အုပ်ချုပ်ရေး စီးပွားရေး ကာကွယ်ရေးစသည့် အမြင်များရှိရမည် ဟုပြင်ဆင်ရန် ထောက်ခံမဲပေးခဲ့ကြခြင်းဖြစ်သည်။

ဖားကန့်ရဲစခန်းအတွင်းသို့ လက်လုပ်မိုင်းဖြင့် ပစ်သွင်းတိုက်ခိုက်

ဖားကန့်မြို့နယ်ရဲစခန်း ၀င်းအတွင်းသို့ လက်လုပ်မိုင်းနှစ် လုံးပစ်သွင်းတိုက်ခိုက်မှုကြောင့် ရဲရိပ်သာအဆောက်အအုံအနည်း ငယ်ပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှိ ကြောင်း သတင်းရရှိသည်။
ဇွန်လ ၂၃ ရက် နံနက် ၁၁ နာရီခန့်က ဒေသလုပ် လက်လုပ် မိုင်းနှစ်လုံးဖြင့် ပစ်ခတ်ဖောက်ခွဲ ခံရခြင်းဖြစ်ပြီး မိုးညှင်းခရိုင် ဒုရဲတပ်ဖွဲ့မှူး ဖားကန့်မြို့နယ်ရဲစခန်း သို့ လာရောက်နေချိန်နှင့် တိုက် ဆိုင်နေကြောင်း ဒေသခံအရပ် ဘက်အဖွဲ့အစည်းအချို့က ပြော သည်။

Thursday, June 25, 2015

ဆိုက်ဘာရာဇဝတ်မှုများ ထိန်းချုပ်ရေး တရုတ်၏ ပူးပေါင်းဆောင်ရွက်မှုကို အမေရိကန် လိုလား

ဆိုက်ဘာရာဇဝတ်မှုများကို တားဆီးထိန်းချုပ်ရန် တရုတ်အစိုးရဘက်မှ ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်ကြောင်း အမေရိကန် အစိုးရက ပြောကြားလိုက်သည်။
ဆိုက်ဘာတိုက်ခိုက်မှုများနှင့် ပတ်သက်၍ ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံကြားတွင် အပြန်အလှန် စွပ်စွဲမှုများ ရှိခဲ့ပြီး ယခုလ အစောပိုင်းကလည်း အမေရိကန် အစိုးရဝန်ထမ်း ၄ သန်းကျော်၏ ကိုယ်ရေးအချက်အလက်များ ခိုးယူခံရမှုအတွက် တရုတ် အခြေစိုက် ဟက်ကာများ လက်ချက်ဟု အမေရိကန်ဘက်က စွပ်စွဲခဲ့သည်။

၅၉ (စ)မပြင်ရန် တပ်ကိုယ်စားလှယ်ဆွေးနွေး

ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင်  နိုင်ငံတော်အချုပ်အခြာအာဏာအတွက်အရေးကြီးသည့်သည့် ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေး လွှတ်တော်တွင် ဆွေးနွေးရာ ယင်းပုဒ်မကို ပြင်ဆင်ခြင်းမပြုဘဲ မူလပြဋ္ဌာန်းချက်အတိုင်း ဆက်လက်ထားရှိရန် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်က တင်ပြဆွေးနွေးလိုက်ကြောင်း သတင်း ရရှိသည်။
ဇွန်လ ၂၄ ရက်တွင် နေပြည် တော်ရှိ ပြည်ထောင်စုလွှတ်တော် ၌  ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဒုတိယနေ့ဆွေးနွေးရာတွင် နိုင်ငံတော်သမ္မတအရည်အချင်း သတ်မှတ်ချက်ဖြစ်သည့် ပုဒ်မ ၅၉ (ဃ)နှင့် ပုဒ်မ ၅၉ (စ)တို့ကို တပ် မတော်သားလွှတ်တော်ကိုယ်စား လှယ် ဗိုလ်မှူးချုပ် တင်စိုးက ဆွေးနွေးခဲ့ရာတွင် ပုဒ်မ ၅၉ (စ)ကို မူလပြဋ္ဌာန်းချက်အတိုင်း ဆက်လက် ထားရှိရန် တင်ပြခဲ့ခြင်း ဖြစ်သည်။

စင်ကာပူရောက် မြန်မာတစ်ဦးကို သတ်ဖြတ်ရန် ကြံစည်မှုတွင် ပီအာရ်ရရှိထားသည့် မြန်မာပါဝင်


စင်ကာပူနိုင်ငံတွင် မြန်မာနိုင်ငံသားတစ်ဦးကို သတ်ဖြတ်ရန်ကြံစည်သည့် မြန်မာနိုင်ငံသားလေးဦးအနက် စင်ကာပူနိုင်ငံ ၌ အမြဲတမ်းနေထိုင်ခွင့် ရထား သူတစ်ဦးပါဝင်နေပြီး ထွက်ပြေး လွတ်မြောက်နေသည့် ကျန်တစ် ဦးကို စင်ကာပူရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ထားကြောင်း သတင်း ရရှိသည်။
လူသတ်ရန် ကြံစည်မှုတွင် ပါဝင်သူများအနက် အသက်(၃၇) နှစ်အရွယ် ကိုဇော်မင်းလှိုင်သည် စင်ကာပူနိုင်ငံ၌ အမြဲတမ်း နေ ထိုင်ခွင့် ရရှိထားသူဖြစ်ကြောင်း သတင်းရရှိသည်။

တေးနုယဉ်သေဆုံးသည့်ညက ဖြစ်စဉ်များကိုမင်းအုပ်စိုးအသေးစိတ်ထွက်ဆို၊ ထိုးကြိတ် ကန်ကျောက်ခဲ့ခြင်းမရှိကြောင်း ငြင်းဆို

လူသတ်မှုဖြင့် စွဲချက်တင်ထား သည့် မင်းအုပ်စိုးက သေဆုံးသူ တေးနုယဉ်ကို ရည်ရွယ်ချက်ရှိရှိ သတ်ခဲ့ခြင်းမဟုတ်ဘဲ ထိုးကြိတ် ကန်ကျောက်ခဲ့ခြင်း မရှိကြောင်း ဇွန်လ ၂၄ ရက် ရုံးချိန်းတွင် ထွက်ဆိုခဲ့သည်။အဆိုပါရုံးချိန်းတွင် မင်းအုပ် စိုးက တေးနုယဉ်နှင့်စတင်ဆုံတွေ့ ခဲ့သည့် လွန်ခဲ့သည့်ခုနစ်နှစ် အချိန်မှ အခင်းဖြစ်ပွားခဲ့သည့် ၂၀၁၄ဒီဇင်ဘာ ၂၅ ရက် နံနက်အထိ ဖြစ်စဉ်များကို အသေးစိတ် ထွက်ဆိုခဲ့ သည်။

ဦးသန်းရွှေ၏ နှုတ်ထွက်စကားဖြင့် အခြေခံဥပဒေပြင်ရန် ကိုယ်စားလှယ်တစ်ဦး တင်ပြ

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရာတွင် တပ်မတော်အစိုးရအကြီးအကဲဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ငြိမ်း)၏ နှုတ်ထွက်စကားကို ခံယူပြီး ပြင် ဆင်မည်ဆိုပါက အောင်မြင်မည် ကို ယုံကြည်ကြောင်း ချင်းတိုး တက်ရေးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျွန်းခဲန်း က ဇွန်လ ၂၄ ရက်၌ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသည်။

နေပြည်တော် ကျောက်မျက်ရတနာပြပွဲ ပြည်ပကုန်သည်လာရောက်မှု ထက်ဝက်လျော့ကျ

ကျင်းပနေဆဲဖြစ်သည့် (၅၂) ကြိမ်မြောက် မြန်မာ့ကျောက် မျက်ရတနာ ပြပွဲတွင် ပြည်ပ ကျောက်မျက်ကုန်သည်များ လာ ရောက်မှုထက်ဝက်လျော့ကျသွား ကြောင်း ပြပွဲကျင်းပရေး ကော်မ တီမှ သတင်းရရှိသည်။ဇွန်လ ၂၄ မှ ဇူလိုင် ၆ ရက် အထိ ၁၃ ရက်ကျင်းပမည့် မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲတွင် ပြည်ပကုန်သည်များ မျှော်မှန်း သည်ထက် ထက်ဝက်လျော့ကျ သွားခဲ့သည်ဟု အထက်ပါကော်မ တီ ဥက္ကဋ္ဌ ဦးသန်းဇော်ဦးက ပြော သည်။  ပြီးခဲ့သည့်နှစ်က ပြုလုပ်ခဲ့ သည့် (၅၁)ကြိမ်မြောက် ကျောက် မျက်ရတနာပြပွဲတွင် ပြည်ပရတ နာကုန်သည် လေးထောင်ကျော် ၀င်ရောက်ခဲ့ပြီး ယခုနှစ်၌ နှစ် ထောင်ကျော်သာ ၀င်ရောက် ကြောင်း ပြပွဲကျင်းပရေးကော်မတီ ၏ စာရင်းဇယားများမှသိရသည်။

သီလ၀ါ အထူးစီးပွားရေးဇုန်အတွက် အာမခံအမျိုးအစားသုံးခု လုပ်ကိုင်ခွင့် ဂျပန်ကုမ္ပဏီသုံးခုရရှိ

 မကြာမီစတင်လည် ပတ်တော့မည့် သီလ၀ါအထူးစီး ပွားရေးဇုန်အတွက် ပြည်တွင်း၌ လုပ်သက် နှစ် ၂၀ ရှိ ဂျပန်အာမခံကုမ္ပဏီသုံးခုအား ခွင့်ပြုပေးလိုက်ကြောင်း သတင်းရရှိသည်။
ယင်းကုမ္ပဏီများသည် မီး အာမခံ၊ ယာဉ်အာမခံနှင့် ရေ ကြောင်းကုန်စည်အာမခံ စသည့် သုံးမျိုးကို လုပ်ကိုင်ခွင့်ရမည်ဖြစ် ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင် မောင်သိမ်းကပြောသည်။
‘‘အခုအာမခံဒီသုံးခုပဲရှိသေး တယ်။ အနှစ်နှစ်ဆယ်လောက် ဒီ မှာစောင့်နေတယ်။ ဒါကလည်း ဂျ ပန်ဖြစ်လို့ ခွင့်ပြုတာမဟုတ်ဘူး။ တခြားနိုင်ငံတွေကိုလည်း ခွင့်ပြု ပါတယ်’’ ဟု ဒေါက်တာမောင် မောင်သိမ်းကပြောသည်။

ကိုလံဘီယာတိုက်စစ်မှူး မာတီနက်ဇ်ကို အက်သလက်တီကို ယူရို ၃၅ သန်းဖြင့် ခေါ်ယူ


အက်သလက်တီ  ကိုမက်ဒရစ်အသင်းသည် ပေါ်တို မှ ကိုပါအမေရိကပြိုင်ပွဲဝင် ကိုလံ ဘီယာတိုက်စစ်မှူး ဂျက်ဆင်မာ တီနက်ဇ်ကို ယူရို ၃၅ သန်းဝန်း ကျင်ဖြင့် ခေါ်ယူတော့မည် ဖြစ် သည်။
မာတီနက်ဇ်သည် မူလက  အေစီမီလန်နှင့်ချိတ်ဆက်မှုများရှိ ခဲ့သော်လည်း အက်သလက်တီကို ကပေါ်တိုမှတောင်းသည့် ဈေးကို ပေးနိုင်ခဲ့၍ မက်ဒရစ် အသင်းသို့ ရောက်ခဲ့ခြင်းဖြစ်သည်။ ‘‘အ ပြောင်းအရွှေ့ကိစ္စဒီနေ့ပဲ အပြီး သတ်ခဲ့ပါပြီ။ နောက်ဆုံးအချိန်အ ထိ စိတ်ဝင်စားမှုပြခဲ့တဲ့ မီလန်ကို လည်းကျွန်တော်တို့ ကျေးဇူးတင် ချင်ပါတယ်။ သူတို့စိတ်ဝင်စား တာ ကျွန်တော်တို့ကိုဂုဏ်ပြုသလို ခံစားရပါတယ်’’ ဟု ၎င်း၏အေး ဂျင့်ဖြစ်သူ လူးကစပိန်အေအက်စ် အာကစား သတင်းအား ပြော သည်။

မက်ဆီတစ်ဦးတည်း သတိမထားရန် ကိုလံဘီယာနောက်ခံလူ မာရီလို သတိပေး

စနေနေ့တွင် အာ ဂျင်တီးနားနှင့် ကိုပါအမေရိကဖ လား ကွာတားဖိုင်နယ် ကစားမည့် ကိုလံဘီယာနောက်ခံလူဂျိုင်ဆန် မာရီလိုက မက်ဆီတစ်ဦးတည်း သာခြိမ်းခြောက်မှုမဟုတ်ဘဲ တစ် သင်းလုံးကို  သတိထားရမည်ဖြစ် ကြောင်း ထုတ်ဖော်ပြောကြား သည်။
အင်တာနောက်ခံလူ မာရီ လိုသည် ကိုပါဖလားသမိုင်းတွင်  ၎င်းတို့အသင်းအတွက် ဒုတိယ မြောက်ဖလားကို လိုချင်နေပြီး အာဂျင်တီးနားကလည်း ၂၂ နှစ် ကြာ နိုင်ငံတကာအဆင့် ဖလား တစ်ခုမရရှိဘဲဖြစ်နေမှုကို အဆုံး သတ်လိုနေသည်။

Wednesday, June 24, 2015

ဒလတွင် ကျူးကျော်မြေနေရာ လုရာမှ အုပ်စုဖွဲ့ လူသတ်မှုဖြစ်

ရန်ကုန်မြို့သစ် စီမံကိန်းနှင့် တံတား စီမံကိန်းများကြောင့် အိမ်၊ ခြံ၊ မြေဈေး မြင့်တက်နေသော ဒလမြို့နယ်၊ တပင်ရွှေထီး ရပ်ကွက်ရှိ ဒလ-ဓနုတ် ကားလမ်းတွင် ဇွန်လ ၂၂ ရက် မွန်းလွဲ ၁ နာရီက ကျူးကျော်မြေနေရာ ပိုင်ဆိုင်မှု အငြင်းပွားရာမှ အမျိုးသားသုံးဦးက အသက် ၂၁ နှစ်အရွယ် အမျိုးသားကို အုပ်စုဖွဲ့ ဝိုင်းဝန်းထိုးကြိတ်ပြီး ဓားဖြင့် ထိုးသတ်ခဲ့ကြောင်း ဒလမြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးရဲမြင့်က ပြောကြားသည်။
“လူသတ်မှု ကျူးလွန်ခဲ့ရာမှာ ပါဝင်တဲ့နှစ်ယောက်ကို ဖမ်းမိထားတယ်၊ တစ်ယောက်ကတော့ လွတ်နေတာ။ ကနဦး စစ်ဆေးချက်တွေအရကတော့ ကျူးကျော်မြေနေရာ လုပြီး မြေအရောင်းအဝယ် လုပ်ရာကနေ ငွေကြေး အရှုပ်အရှင်းကိစ္စနဲ့ အငြင်းပွားသူ အချင်းချင်း ရန်ငြိုးနဲ့ သတ်ခဲ့တာလို့သိရတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ပါကစ္စတန် အပူလှိုင်းကြောင့် သေသူ ၇၀၀ နီးပါး ရှိပြီ

ပါကစ္စတန် နိုင်ငံမှာ အပူလှိုင်း ဒဏ်ကြောင့် တောင်ပိုင်း ဆင်းဒ်ပြည်နယ် အတွင်း သေဆုံးသူ ၇၀၀ နီးပါး အထိ ရှိခဲ့ပြီးနောက် အရေးပေါ် ဆောင်ရွက်မှုတွေ လုပ်ဖို့ ဝန်ကြီးချုပ် နာဝက်ဇ် ရှာရစ်ဖ်က တောင်းဆိုလိုက်ပါတယ်။
သေဆုံးသူ အများစုဟာ ဝင်ငွေ နည်းပါးတဲ့ မိသားစုတွေက သက်ကြီးပိုင်းတွေ ဖြစ်ကြပြီး အများစုက ကရာချိ မြို့သားတွေ ဖြစ်တယ်လို့ ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။
အဲဒီ ကရာချိ မြို့မှာ အခု ရက်ပိုင်း အတွင်း အပူချိန် ၄၅ ဒီဂရီ ဆဲလ်ဆီးယပ်စ် (၁၁၃ ဒီဂရီ ဖာရင်ဟိုက်) အထိ ရောက်ရှိခဲ့ပါတယ်။

RCSS/SSA အဖွဲ့မှ အတင်းအကြပ် လူသစ်စုဆောင်းမှုကြောင့် ဒေသခံ ရွာသားများတိမ်းရှောင်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့နယ်ခွဲ၊ ဆနင်းကျေးရွာအုပ်စု၊ ပန်ပိန်းကျေးရွာမှ ဒေသခံရွာသားများအား မေလ ၂၀ ရက်နေ့တွင် RCSS/SSA အဖွဲ့မှ လူသစ်အဖြစ် အတင်းအကြပ် စုဆောင်းနေကြောင်း ယင်းဒေသခံ ရွာသားများထံမှ သိရသည်။
အဆိုပါ ကျေးရွာအတွင်း နေထိုင်သော အသက် ၁၆ နှစ်အထက် အမျိုးသားများအား RCSS/SSA အဖွဲ့မှ လူသစ်အဖြစ် စုဆောင်းခိုင်းထားကြောင်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
“ သူတို့အဖွဲ့က အယောက် ၂၀ လောက်ရှိတယ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးကိုခေါ်ပြီး လူသစ်စုခိုင်းထားတယ်၊ အားလုံး ပေါင်းအယောက် ၅၀ စုခိုင်းထားတာ၊ ကျွန်တော်တို့ ဆက်ကြေးဆိုလည်း ပေးရတယ်၊ ကျွဲနွားတွေဆိုလည်း ဖမ်းသွား တယ်၊ ရွာပြင်မှာတွေ့တဲ့သူဆိုရင်လည်း အတင်းဖမ်းခေါ်သွားတာ၊ ခုလည်း လူသစ်စုခိုင်းပြန်ပြီ၊ ကျွန်တော်တို့ကို အမျိုးမျိုးနှိပ်စက်နေတယ်၊ သည်းမခံနိုင်တော့ဘူး၊ မိသားစုကိုခေါ်ပြီး တောင်ကြီးက အမျိုးတွေဆီသွားနေတော့မယ် ” ဟု ရွာခံတစ်ဦးက ပြောသည်။

မြန်မာ အမျိုးသမီး U -14 ကမ္ဘောဒီးယားကို ဂိုးပြတ် အနိုင်ယူ

ယနေ့ ဗီယက်နမ်နိုငငံ ဟနွိုင်းမြို့တွင် ကျင်းပသည့် AFC U-14 အမျိုးသမီးချန်ပီယံရှစ် အုပ်စုအဖွင့်ပွဲ တွင် မြန်မာ အမျိုးသမီး U - 14က ကမ္ဘောဒီးယား အမျိုးသမီး U 14 အသင်းကို ၃ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
မြန်မာ အမျိုးသမီး U -14 အသင်းသည် မနက်ဖြန် ဇွန်လ (၂၄) ရက်နေ့တွင် လာအို အမျိုးသမီး U -14 အသင်းနှင့် အုပ်စု ဒုတိယပွဲစဉ် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

မားစ်ရောဂါကာကွယ်ရေး အာဆီယံနိုင်ငံများနှင့် ထိုင်း ပူးပေါင်းလုပ်ဆောင်မည်

အသက်ရှုလမ်းကြောင်းဆိုင်ရာ MERS ကူးစက်မြန်ရောဂါ ကာကွယ်တာ ဆီးရေးနှင့် ပတ်သက်ပြီး အရှေ့တောင် အာရှ နိုင်ငံများနှင့် အပြည့်အ၀ ပူးပေါင်းဆောင်ရွက်မည်ဟု ထိုင်းဝန်ကြီးချုပ် ပရာယုဒ် ချန်အိုချာက မနေ့က နေပြည်တော်တွင် ကျင်းပသည့် ၆ကြိမ်မြောက် ဧရာဝတီ - ကျောက်ဖယား- မဲခေါင် စီးပွားရေးပူးပေါင်းဆောင် ရွက်မှု မဟာဗျူဟာ (အက်စ်မက်) ထိပ်သီးအစည်းအဝေးတွင် ပြောဆိုလိုက်သည်။ မားစ်ရောဂါနှင့် ပတ်သက်၍ စောင့်ကြည့်လေလာရေး၊ ပျံနှံမှု တားဆီးရေး စသည့်လုပ်ငန်း များကို အာဆီယံ နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက် လုပ်ဆောင်ရန် ထိုင်းကျန်း မာရေးဝန်ကြီးဌာ နနှင့် နိုင်ငံခြားရေး ၀န်ကြီးဌာနကို တာဝန်ပေး မည်ဖြစ်ကြောင်းသိရသည်၊ ထိုင်းနိုင်ငံသည် ဒေသတွင်း၌ ပထမဆုံး မားစ်ရောဂါ တွေ့ရှိခဲ့သည့် နိုင်ငံဖြစ်သည်။

ဧရာဝတီ

အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အရေးပါသော ပုဒ်မ ၄၃၆ (က) ကို ပြင်ဆင်ရန် ယနေ့ ဆွေးနွေးမည်

အခြေခံဥပဒေ ပြင်ဆင်ရေးတွင် အဓိကအရေးပါသော ပုဒ်မ ၄၃၆ (က) ပါ အချက်များကို ပြင်ဆင်နိုင်ရန် ယနေ့ (ဇွန်လ ၂၃ ရက်) ကျင်းပသော ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။
အဆိုပါ အခြေခံဥပဒေ ပုဒ်မ ပြင်ဆင်ရေးကိစ္စကို ကြံ့ခိုင်ရေးပါတီမှ ၄ ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၅ ဦးနှင့် တိုင်းရင်းသားပါတီများမှ တစ်ဦးစီနှင့် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၁၆ ယောက်က ဆွေးနွေးရန်ရှိကြောင်း ပြည်ထောင်စုလွှတ်တော်ရုံးမှ ထုတ်ပြန်ထားသည်။

ဘန်ကောက်ရဲအဖွဲ့အကြီးအကဲဟောင်း ဂျပန်လေဆိပ်တွင် ထိန်းသိမ်းခံရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ရဲတပ်ဖွဲ့ အကြီးအကဲဟောင်း ဒုဗိုလ်ချုပ်ကြီး Kamronwit အား ဂျပန်နိုင်ငံ တိုကျိုမြို့ နာရီတာ နိုင်ငံတကာလေဆိပ်တွင် လက်နက်တွေ့ရှိသည့် အတွက် ဂျပန်အာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း ယနေ့ထုတ် ဘန်ကောက်ပိုစ် သတင်းတွင် ဖော်ပြထားသည်။ အဆိုပါ ဘန်ကောက်

IS ရဲ့ အရက်စက်ဆုံး လုပ်ရပ်ပါတဲ့ ဗီဒီယို ပေါ်လာ


IS အစ္စလာမ်မစ် စစ်သွေးကြွတွေဟာ လှောင်အိမ်ထဲမှာ လောင်ထားတဲ့ လူ ၁၆ ယောက်ကို ရေနစ်သတ်တဲ့ ဗီဒီယိုတွေ၊ တချို့ကိုတော့ ဖောက်ခွဲရေး ပစ္စည်းတွေနဲ့ သတ်ပစ်တာတွေအပြင် ကားတစီးထဲကို ရော့ကက်ဗုံး ပစ်ထည့်တဲ့ ပုံတွေကို ပြသထားပါတယ်။
အီရတ်နိုင်ငံ Nineveh မှာ ရိုက်ကူးခဲ့တဲ့ ဗီဒီယိုဖြစ်ပြီး IS အဖွဲ့ကနေ အွန်လိုင်းပေါ်မှာ တင်ထားတဲ့ ဗီဒီယိုတွေထဲ အရက်စက်ဆုံးသော ဗီဒီယို ဖြစ်ပါတယ်။
ဒီတချီ ထွက်ပေါ်လာတဲ့ ဗီဒီယိုမှာ သတ်ပစ်ခံရတဲ့ လူ ၁၆ ယောက်ကတော့ ထောက်လှမ်းရေးတွေ ဖြစ်တယ်လို့ သိရပြီး တချို့ကလည်း သူတို့ဟာ ထောက်လှမ်းရေးတွေဖြစ်ပြီး IS အဖွဲ့ဝင်အဖြစ် ဟန်ဆောင်တာ ဖြစ်ကြောင်း ဝန်ခံ ပြောဆိုထားတဲ့ ဗီဒီယိုတွေ ပါရှိပါတယ်။

Tuesday, June 23, 2015

၁၅-၆-၂၀၁၅ ရက်နေ့၊ ညနေ (၃)နာရီချိန်ခန့်တွင် ကလော မှ တောင်ကြီး ခရိုင်တရားရုံးသို့ ရုံးထုတ်စစ်ဆေးသည့် တရားခံ အမျိုးသား(၇)ဦး၊ အမျိုးသမီး(၁)ဦး၊ ဒုရဲအုပ် ဦးစီး အစောင့် (၅)ဦး၊ ယာဉ်မောင်း(၁)ဦး ပေါင်း(၁၄)ဦးတို့ လိုက်ပါသည့် လိုက်ထရပ်ယာဉ်သည် တရားခံများအား ခရိုင်တရားရုံးမှ တောင်လေးလုံးထောင်သို့ ပြန်လည်ပို့ဆောင်ရန် ထွက်ခွာလာ စဉ် ထောင်သို့မရောက်မီ လမ်းခုလတ်ဖြစ်သော ရေနွေးရွာအနီးအရောက်တွင် တရားခံတဦးအား လက်နက်ကိုင်အဖွဲ့ က ကယ်ထုတ်ကယ်မှု ဖြစ်ပွားခဲ့ကြောင်း သစ်ထူးလွင်မှ သတင်းရရှိပါသည်။

နိုင်ငံရေးမူဘောင်များ ပေါင်းစည်းရေး တိုင်းရင်းသားလက်နက်ကိုင်နှင့် နိုင်ငံရေးပါတီများ ဆွေးနွေးမည်

နိုင်ငံရေးအင်အားစု အသီးသီးက ရေးဆွဲထားသော နိုင်ငံရေးမူဘောင်များ အားလုံးပေါင်းစည်းနိုင်ရေး အတွက် တိုင်းရင်းသား လက်နက်ကိုင်များနှင့် နိုင်ငံရေးပါတီများ ယနေ့ (ဇွန်လ ၂၃ ရက်) တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) အဖွဲ့ဝင် ဦးစောသန်းမြင့်က ပြောကြားသည်။
အဆိုပါ ဆွေးနွေးပွဲကို ဗဟန်းမြို့နယ် Excel Tower တွင် ပြုလုပ်မည်ဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ၊ ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း (NBF)၊ ညီညွတ်သော တိုင်းရင်းသားလူမျိုး မဟာမိတ် (UNA) အဖွဲ့ဝင် ပါတီများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီတို့အပြင် မြန်မာငြိမ်းချမ်းရေး ဗဟိုဌာန (MPC) တို့ တက်ရောက်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
“မူဘောင်တွေကို စပြီး ထဲထဲဝင်ဝင် ဆွေးနွေးဖြစ်မယ်၊ အလွတ်သဘော ဆွေးနွေးမှာဆိုတော့ ဘာမှကြိုပြောလို့ မရသေးဘူး” ဟု ၎င်းက ရှင်းပြသည်။

ရန်ကုန်တွင် ၂၂ နာရီအတွင်း မုဒိမ်းမှု လေးမှုဖြစ်

ရန်ကုန်တိုင်းဒေသကြီးရှိ ထန်းတပင်၊ လှည်းကူး၊ မှော်ဘီနှင့် သုံးခွမြို့နယ်တို့တွင် ဇွန်လ ၂၁ ရက်နေ့မှစ၍ ၂၂ နာရီအတွင်း အရွယ်မရောက်သေးသည့် အမျိုးသမီးငယ်များ အဓမ္မပြုကျင့်ခံရမှု လေးမှုအထိ ဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာ မြို့နယ်ရဲစခန်းများထံမှ စုံစမ်းသိရှိရသည်။
“မုဒိမ်းမှု ကျူးလွန်မှုနဲ့ တိုင်ကြားခံရသူတွေကို ဖမ်းဆီးစစ်ဆေးနေတယ်။ ဒီဖြစ်စဉ်တွေမှာ စစ်ဆေးတွေ့ရှိတာက လူပြတ်တဲ့နေရာတွေမှာ အမျိုးသမီးငယ်တွေ တစ်ယောက်တည်း သွားလာရာကနေ အဓမ္မပြုကျင့်ခံရတာတွေကို စစ်ဆေးတွေ့ရှိရတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

မိုးညှင်းမြို့နယ်အတွင်းရှိ သစ်စက်လုပ်ငန်းရှင်များအား KIA အဖွဲ့မှ ဆက်ကြေးငွေများကောက်ခံ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ပင်လုံကျေးရွာသို့ ဇွန်လ ၁၉ ရက်နေ့တွင် KIA အဖွဲ့ ရောက်ရှိလာပြီး သစ်ခွဲစက်ပိုင်ရှင်များထံမှ ဆက်ကြေးငွေများ လာရောက်ကောက်ခံသွားကြောင်း ယင်းဒေသခံများထံမှ သိရသည်။
ဇွန်လ ၁၉ ရက်နေ့၊ ညနေ ၃ နာရီဝန်းကျင်အချိန်ခန့်တွင် မိုးညှင်းမြို့နယ်၊ ပင်လုံကျေးရွာသို့ ရောက်ရှိလာပြီး သစ်ခွဲစက်ပိုင်ရှင်များဖြစ်သော ဦးသန်းဝင်း၊ ဦးညိုဝင်းနှင့် ဦးဖိုးထောင်တို့ ၃ ဦးအား ခေါ်ယူ၍သစ်ခွဲစက် တစ်လုံးလျှင် ၃၀၀၀၀ ကျပ်နှုန်းတောင်းခံသွားပြီး နန့်စီးအောင်ကျေးရွာ ဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း ဒေသခံ တစ်ဦးမှ ပြောသည်။

အိပ်မက်ဆုံရာ ရာသက်ပန်နောက်ဆုံးအဆင့်မှာ ဗိုလ်လုရမယ့် အောင်ထက်နဲ့ဂျေနဗီ


တင်ဆက်မှုပုံစံသစ်များ ပြောင်းလဲခဲ့သည့် အိပ်မက်ဆုံရာ ရာသက်ပန်အစီအစဉ်၏ နောက် ဆုံးအဆင့်သို့ ပြိုင်ပွဲဝင်အောင် ထက်နှင့် ဂျေနဗီတို့တက်ရောက် နိုင်ခဲ့ပြီး ပြိုင်ပွဲကို ဇူလိုင် ၅ရက်တွင်Strand ဟိုတယ်၌ ပြုလုပ်မည်ဟု Forever BecTro Country မန်နေဂျာ ကိုစိုးသူရကပြောသည်။
‘‘နောက်ဆုံးကျန်တဲ့နှစ် ယောက်ကနေ Winner ရွေး မယ်။ ကျန်တဲ့လူတွေ(ပြိုင်ပွဲဝင်) တွေကတော့ ဖျော်ဖြေရေးသက် သက်ပဲ’’ဟု ၎င်းကပြောသည်။
ပြိုင်ပွဲနောက်ဆုံးအဆင့်သို့ တက်ရောက်သွားသူနှစ်ဦးမှာ ပရိသတ်အားပေးမှုအများဆုံးရရှိ ထားသူများဖြစ်သည့် အောင်ထက်နှင့်ဂျေနဗီတို့ဖြစ်ပြီး ဇူလိုင် ၅ ရက် တွင် ၎င်းတို့နှစ်ဦး ဆက်လက်ယှဉ် ပြိုင်သွားမည်ဖြစ်သည်။

ဖေ့စ်ဘွတ်ခ်တွင် ဂုဏ်သိက္ခာကျဆင်းအောင်ပြုမူသူကို ရွှေရေးထင်ထင်အမှုဖွင့်

အင်တာနက်လူမှုကွန် ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် ၌ ဂုဏ်သိက္ခာ ကျဆင်းအောင် ပြုလုပ်သူတစ်ဦးကို စာရေးဆရာမရွှေရေးထင်ထင်က လသာရဲစခန်း တွင် အမှုဖွင့်တိုင်ကြားထား ကြောင်း သတင်းရရှိသည်။
ဂုဏ်သိက္ခာကျဆင်းစေရန် ပြုလုပ်သူ Min Thu အမည်ဖြင့် အကောင့်ပိုင်ရှင်ကို ဇွန်လ ၂၂ ရက် နံနက်တွင် လသာမြို့မရဲစခန်း၌ အမှုဖွင့်တိုင်ကြားထားကြောင်း လသာမြို့မရဲစခန်းမှ ရဲအရာရှိက ပြောသည်။
‘‘ဒီနေ့ မနက်ကလာပြီး တိုင် တာပါ။ ကျွန်တော်တို့လည်း အမှု ကို လက်ခံပြီး ဖွင့်ပေးပါတယ်။ တရားခံကိုတော့ ကျွန်တော်တို့ စုံ စမ်းနေပါတယ်။ ဖမ်းဆီးရမိခဲ့ရင် လည်း တည်ဆဲဥပဒေအတိုင်း အ ရေးယူသွားမှာပါ’’ဟု အဆိုပါရဲ အရာရှိက ပြောသည်။

ခွေးသားစားခြင်းအား ပိတ်ပင်ရန် ကမ္ဘာက တောင်းဆိုမှု မြင့်တက်


(သွေးထွက်သံယို ဓာတ်ပုံများပါသည်/ Content Warning)
တရုတ်ပြည် တောင်အလယ်ပိုင်းဒေသက Yulin (ယုလင်) မြို့မှာ နှစ်စဉ် ယခုကာလမှာ ခွေးသားစားပွဲတော် (Dog meat festival) ပြုလုပ်ပါတယ်။ နှစ်စဉ် ယင်း ပွဲတော်အပေါ် ဆန့်ကျင်တားဆီးမှုများပေမယ့် ယခုနှစ်ကတော့ အများဆုံး ဖြစ်ပါတယ်။
ယင်းသတင်းနဲ့ ပက်သက်လို့ ယခုတလော လူ Share များနေကြတော့ သိတဲ့သူများလည်း သိပြီးသား ဖြစ်မှာပါ။ Dog meat festival ကို တရုတ်ပြည် အစိုးရမှ တရားဝင် ပိတ်ပင်ခြင်းက ယခင် နှစ်နှစ်လောက်က စတင်ခဲ့ပေမယ့် တရားဥပဒေ စိုးမိုးမှု နည်းနေပါသေးတယ်။ ဒါကြောင့်မို့ ခွေးသားစား ပွဲတော်ဟာ ရပ်တန့်မသွားသေးပဲ ဆက်ဖြစ်နေပါတယ်။ Bonus အနေနဲ့ ကြောင်များ နဲ့ အခြား အိမ်မွေး တိရစ္ဆာန် အချို့တောင် ပါဝင်လိုက်ပါသေးတယ်။ ယင်းဒေသခံများရဲ့ အယူအရ ခွေးသားစားခြင်းဖြင့် စီးပွားတက်ကြောင်း၊ ကျန်းမာကြောင်း အစရှိသဖြင့် ယုံကြည်ချက် အမျိုးမျိုးများဖြင့် စားသုံးနေခြင်း ဖြစ်ပါတယ်။

Monday, June 22, 2015

မြန်မာ-အိန္ဒိယ နယ်စပ်တွင် လက်နက်ကိုင်တပ်ဖွဲ့များ ခိုအောင်းမှု မရှိစေရန် နှစ်ဖက်တပ်ဖွဲ့ ပူးပေါင်းဆောင်ရွက်မည်

မြန်မာ-အိန္ဒိယ နယ်စပ်တွင် လက်နက်ကိုင်တပ်ဖွဲ့များ ခိုအောင်းမှု မရှိစေရေးအတွက် နှစ်ဖက်တပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
ဇွန်လ ပထမပတ်အတွင်း နှစ်နိုင်ငံ နယ်စပ်ဒေသအနီး အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်တွင် အိန္ဒိယ တပ်မတော်နှင့် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN တပ်ဖွဲ့တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်ပြီး ယင်းသို့ ထုတ်ပြန်ခြင်း ဖြစ်ကြောင်း မြဝတီ သတင်းဌာနတွင် ဖော်ပြထားသည်။
ယင်းဖြစ်ရပ်နှင့် ပတ်သက်ပြီး မြန်မာ-အိန္ဒိယ တပ်မတော်နှစ်ရပ် တွေ့ဆုံညှိနှိုင်းမှုများအရ NSCN (IM) တပ်ဖွဲ့များ မြန်မာနိုင်ငံအတွင်း ဝင်ရောက်ခိုအောင်းမှု မရှိစေရန်အတွက် နှစ်နိုင်ငံ နယ်နိမိတ်တစ်လျှောက် ပုံမှန်နယ်မြေရှင်းလင်းလျက် ရှိသည့် တပ်များအပြင် ထပ်မံ တပ်အင်အား ဖြည့်တင်းပြီး နယ်မြေရှင်းလင်း ဆောင်ရွက်လျက်ရှိသော အိန္ဒိယတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း တပ်ချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။