ပညာရှင်တွေဟာ သီးခြားလွတ်လပ်စွာ
ပြောဆိုတယ်၊ အဲဒါကို နံပါတ်တစ် သဘောပေါက်ဖို့လိုတယ်၊ ဟိုး…ရှေးကတည်းက
သဘောပေါက်ကြတယ်။ ဥပမာဆိုပါတော့ မင်းကြီး(စွာစော်ကဲ) လက်ထက်က
ရာဇသင်္ကြန်အမတ်ကြီးကို တိုင်ပင်တာတွေရှိတယ်၊ ရာဇသင်္ကြန်အမတ်ကြီးကမေးတယ်၊
ဘယ်လိုတိုင်ပင် နည်းမျိုးနဲ့တိုင်ပင်တာလဲတဲ့၊ မင်းကြီးက ဘာကိုဆိုလိုတာလဲလို့ ပြန်မေးတယ်၊ အဲ့ဒီတော့ ရာဇသင်္ကြန်အမတ်ကြီးက ကျွန်နဲ့တိုင်ပင်ခြင်းမျိုးနဲ့ တိုင်ပင်တာလား၊ မင်းမှုထမ်းကိုတိုင်ပင်ခြင်းမျိုးနဲ့
တိုင်ပင်တာလား၊ ပညာရှိကို တိုင်ပင်ခြင်းမျိုးနဲ့ တိုင်ပင်တာလားတဲ့၊
အဲ့ဒီတော့ မင်းကြီးက ပြန်ရှင်းပါဦးဆိုတော့ ကျွန်နဲ့တိုင်ပင်ခြင်းဆိုတာ
က
ခိုင်းတာပါဘုရား၊ တိုင်ပင်ခြင်းဆိုတဲ့ စကားလုံးအောက်မှာ ခိုင်းတာပါ၊
မင်းမှုထမ်းနဲ့ တိုင်ပင်ခြင်းဆိုတာက မင်းကသူလုပ်ချင်တာရှိတယ်၊ အဲ့ဒါကို
ထောက်ခံမယ့်အချက်အလက်တွေ ပံ့ပိုးပေးရတာပါဘုရား၊ ပညာရှိနဲ့
တိုင်ပင်ခြင်းဆိုတာက ပညာရှိက သူမြင်တဲ့အတိုင်း ပြောတာပါတဲ့၊
အဲဒီလိုပြောတဲ့အတွက်လည်း မင်းကအရေးမယူဘူး ဆိုတဲ့အခြေအနေပါတဲ့၊ ပထမဆုံး
“မင်း” ကရှင်းဖို့တော့လိုတယ်၊ သုတေသနလုပ်ငန်းတွေ၊ မူဝါဒလုပ်ငန်းတွေကို
ပညာရှင်တွေနဲ့ပြောပြီး ဆွေးနွေးပြီဆိုတဲ့ အခါကြရင်
ဘယ်တိုင်ပင်ခြင်းမျိုးနဲ့ တိုင်ပင်တာလဲဆိုတာရှင်းဖို့လိုတယ်၊ မင်းကိုယ်၌က ကျွန်နဲ့တိုင်ပင်ခြင်းမျိုး၊ မင်းမှုထမ်းနဲ့ တိုင်ပင်ခြင်းမျိုးတွေပဲ တိုင်ပင်နေမယ်ဆိုရင် မြန်မာပြည် ဘယ်မှ မရောက်နိုင်ဘူး။
No comments:
Post a Comment