Showing posts with label အိတ်ဖွင့်ပေးစာ. Show all posts
Showing posts with label အိတ်ဖွင့်ပေးစာ. Show all posts

Thursday, January 10, 2013

ဗကသတို့ ဂွင်ဖန်ပြန်ပြီ


 
ဇန်နဝါရီလ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ရှိ သံလျင်နည်းပညာ တက္က သိုလ် ရှေ့မှာ ဗကသ အဖွဲ့မှ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။ အဆိုပါဖြန့်ဝေမှုနှင့် ပတ်သက် ၍ ကျောင်းရှိ တာဝန်ရှိသူများမှ တားဆီးခဲ့ရာ ဗကသအဖွဲ့နှင့် ကျောင်းလုံခြုံရေး အဖွဲ့များအကြား စကား အချေအတင် ဖြစ် ပွားခဲ့သည်။ ဗကသအဖွဲ့၏ စာဖြန့်ဝေမှုကြောင့် ကျောင်းသားများ ကျောင်းတက်ချိန် ထိခိုက်သဖြင့် လုံခြုံရေး အဖွဲ့မှ တားဆီးရာ ဗကသအဖွဲ့၏ မချေမငံ ပြောဆိုမှုများကြောင့် စကားအချေ အတင် ဖြစ်ပွားရခြင်း ဖြစ်သည်။ ကျောင်းလုံခြုံရေးအဖွဲ့မှ ဗကသ ကျောင်းသားများ၏ ကျောင်းသားကဒ်အ ချို့နှင့် ဖုန်းများအား သိမ်းဆည်း ပြီး ညနေပိုင်းတွင် ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

Thursday, August 23, 2012

ပြည်သူလူထုအကျိုးစီးပွားအတွက် အားကျိုးမန်တက်ဆောင်ရွက်နေသော လေးစားဖွယ်ရာ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများသို့ အိတ်ဖွင့်ပေးစာ


ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ခေတ်ပြောင်း စနစ်ပြောင်းခဲ့တာ အခုဆိုရင်တစ်နှစ်ကျော်သွားခဲ့ပြီး ယခင် ဆယ်စုနှစ်ပေါင်းများစွာမရှိခဲ့တဲ့ လွှတ်တော်တွေဟာ သက်တမ်းတစ်နှစ်ကျော်ကာလအတွင်းမှာပဲ များစွာ အသက်ဝင်လာခဲ့တာကို တွေ့ရပါတယ်။ လွှတ်တော်သက်တမ်းကာလ ၁၈ လတာအတွင်း ဥပဒေသစ် ၂၈ ခု ပြဌာန်းနိုင်ခဲ့တာကို တွေ့ရပါတယ်။ ပယ်ဖျက်ရမဲ့ ဥပဒေတွေ၊ အသစ်ပြဌာန်းရမဲ့ ဥပဒေတွေ

Tuesday, August 21, 2012

မီဒီယာ ကျင့်ဝတ်နှင့် မညီသော မဇ္ဈိမသတင်းဌာန၏ ကလိမ်ကကျစ်ရေးသားချက် (ပေးစာ)

အိန္ဒိယအခြေစိုက် မဇ္ဈိမသတင်းဌာန၏ အင်္ဂလိပ်ကဏ္ဍတွင် “Anti-Rohingya demonstration held in Rangoon” (ရိုဟင်ဂျာဆန့်ကျင်ရေး ဆန္ဒပြပွဲ ရန်ကုန်၌ ပြုလုပ်) ဟူသော ခေါင်းစဉ်ဖြင့် သတင်းတစ်ပုဒ်ကို သြဂုတ်လ ၂၀ ရက်စွဲဖြင့် မဇ္ဈိမက ရေးသားခဲ့သည်။
အဆိုပါ သတင်းတွင် မဇ္ဈိမ မှ သတင်းကျင့်ဝတ်များနှင့် မညီပဲ အော က် ပါ အ တိုင်း ကောက် ကျစ်လိမ်လည်ကာ ရေးသားထားသည်ကို တွေ့ရသည်။

Monday, August 20, 2012

မိုးသီးဇွန် အတွက် ဗကသ သမိုင်း

ပီနန်ဆရာတော်ဘုရားကြီး ဆီက လက်နက်ကိုင် တော်လှန်ရေး အတွက် ငွေလိမ်တောင်းတဲ့ ကိစ္စတွေ၊ ကိုဋ္ဌေးနိုင် ကို ကျင်းထဲမှာ ထည့်သတ်ခဲ့တာတွေ၊ ရိုလင်ဂျာတွေ ဆီက ပိုက်ဆံယူပြီး တိုင်းပြည်ကို
သစ္စာဖောက်ဖို့ လုပ်တဲ့ ကိစ္စအပါအဝင်၊ မိုးသီးဇွန် ရဲ့ မကောင်းမှု ဒုစရိုက်တွေ အားလုံးကိုတော့ သက်ဆိုင်ရာ လူတွေကပဲ မေးခွန်းထုတ် အရေးယူကြပါတော့။
ဗကသ ရဲဘော်တို့ရေ-

မိုးသီးဇွန် ဆိုတဲ့ ငနဲ၊ ပြည်တွင်းကို ပြန်ဝင်လာမယ် ဆိုတော့ သူ့ကို ကျောင်းသားသမဂ္ဂ သမိုင်းလေးဘာလေး သင်ပေးလိုက်ကြပါ။

Sunday, July 29, 2012

ကွန်ကရစ်လမ်းခင်းခ တစ်ပေ တစ်သောင်းကျပ်

နိုင်ငံတော်သမ္မတကြီးနှင့် သက်ဆိုင်ရာ လူကြီးမင်းများ သိစေရန် အသိပေးအပ်ပါသည်။
ကျွန်တော်တို့ ဧရာဝတီတိုင်း ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့ ဗိုလ်ချုပ်လမ်း၌
ကွန်ကရစ်လမ်း ခင်းနေပါသည်။

ထိုသို့ခင်းရာ၌ လမ်းဘယ်ညာနှစ် ဘက်ရှိအိမ်များကို လမ်းခင်းခ ၁ပေလျှင် ၁၀၀၀၀/ကျပ် တောင်းခံပါသည်။ ခြံမျက်နှာစာပို ကျယ်သူများ ပိုကုန်ကျပါသည်။
မတတ်နိုင်၍ မပေးနိုင်ဟု ပြောသော်လည်း တာဝန်ရှိသူ များကမပေး မနေရဟု ဆိုပါသည်။

ထို့ကြောင့်ကျွန်တော်တို့လို ဆင်းရဲသား မတတ် နိုင်သူများ အတွက်ဆောင်ရွက်ပေးစေ လိုကြောင်း သမ္မတကြီးနှင့် သက်ဆိုင်ရာလူကြီးမင်းများ သိစေရန် မေတ္တာရပ်ခံအပ်ပါသည်။

ငါးသိုင်းချောင်းမှ ပြည်သူတစ်ဦး

သစ်တင်ကားကို ဖမ်းဆီးခဲ့တဲ့ ရဲတပ်ကြပ် အောင်သန်းထိုက်အား ဧရာဝတီတိုင်း ရဲတပ်ဖွဲ့ ဒုတိုင်းတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဘိုဘိုဦးမှ မတရားရိုက်နှက် ခဲ့မှုအပေါ် တိုင်ကြားစာ..




၂၀၁၂ခုနှစ် ခုနှစ်၊ ဇူလိုင်လ (၁၇ရက်နှင့် ၁၈ရက်)ရက်နေ့များက ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှ ဒုတိုင်းတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဘိုဘိုဦးသည် ဓနုဖြူ မြို့မရဲစခန်းမှ ကျွန်းတံခါး (၁၃)တန် တင်ဆောင်လာတဲ့ သစ်ကား ဖမ်းဆီးသည့် အမှုနှင့် ပတ်သက်ပြီး ဓနုဖြူမြို့တွင် ညအိပ် စစ်ဆေးခဲ့ပါသည်။ ထိုသို့ စစ်ဆေးခဲ့ရာတွင် ဒုရဲမှူးကြီး ဘိုဘိုဦးမှ သစ်ကားကို ဖမ်းဆီးလိုက်သော  ရဲဒုတပ်ကြပ် အောင်သန်းထိုက်အား ဟင်္သာတခရိုင် သစ်တောဦးစီးအရာရှိ၊ ဓနုဖြူသစ်တော အရာရှိတို့၏ ရှေ့တွင် ရိုက်ပုတ် နှိပ်စက်ခဲ့သဖြင့် ဓနုဖြူဆေးရုံသို့ ပို့ဆောင် ဆေးကုသမှု ခံယူနေရပါသည်။

ဥပဒေအရဆိုလျှင် မှုခင်းဆေးစာ ပေးပြီး အရေးယူ ရမည်ဖြစ်ပါသည်။ အဆိုပါဖြစ်စဉ်တွင် ရဲဒုတပ်ကြပ် အောင်သန်းထိုက်အား ရိုက်နှက် နှိပ်စက်သူမှာ အထက်အရာရှိကြီး ဒုရဲမှူးကြီး ဘိုဘိုဦး ဖြစ်နေသဖြင့် မည်သူကမျှ အရေးယူနိုင်ခြင်း မရှိဖြစ်နေပါသည်။ တာဝန်အရ သစ်ကားအား ဖမ်းဆီးခဲ့မှုတွင် ရဲဒုတပ်ကြပ် အောင်သန်းထိုက်အား ထိုကဲ့သို့ ကြီးနိုင်၊ ငယ်ညှဉ်း အနိုင်ကျင့်နှိပ်စက်မှုတွေဟာ ယခုကဲ့သို့ ခေတ်စံနစ် ပြောင်းသွားချိန်မှာ မရှိသင့်တော့ပါ။ သို့ပါသော်လည်း ကျွန်တော် တို့ရဲတပ်ဖွဲ့တွင် ကြီးနိုင်ငယ်ညှဉ်း၊ အနိုင်ကျင့် အထက်လူကြီးများကို မဖြစ်မနေ ငွေပေးဖားယားလုပ်မှ အဆင်ပြေမှု ရှိနေပါတယ်။ နိုင်ငံတော်နဲ့ ပြည်သူတို့အတွက် ဘယ်လောက် စွမ်းစွမ်းတမံ တာဝန်ကျေပွန်အောင် လုပ်ဆောင် ပါသော်လည်း အထက်လူကြီးများမှ မကြိုက်ကြပါ။ ငွေပေးနိုင်မှ အဆင်ပြေတယ် မျက်နှာရသလို ဖြစ်နေပါတယ်..။

ဒီထက်မက အဖြစ်အပျက်တွေ ရှိပါသေးတယ်၊ သစ် ၁၃တန် တရားခံများအား ပြေးခိုင်ပြီး တာဝန်အရ ဖမ်းတဲ့ ရဲတွေကျတော့ ပြသနာ ရှာနေပါတယ်။ သစ်ကားကို လွတ်မပေးဘဲ ဖမ်းခဲ့တယ်ဆိုတဲ အကြောင်းပြချက်နဲ့ ရုံးခန်းပိတ်ပြီး သစ်သားတုတ်ဖြင့် ရက်စက်စွာ ရိုက်ပုတ်ခဲ့သဖြင့် ယခုအခါ တာဝန်ကျေပွန်မှုနဲ့ မတရား ညှင်းပန်းနှိပ်စက် ခံရတဲ့ ရဲဒုတပ်ကြပ် အောင်သန်းထိုက် ဓနုဖြူဆေးရုံမှာ တက်ရောက် ကုသနေရတဲ့ အကြောင်းကို နိုင်ငံတော်သမ္မတကြီးနှင့် တကွ ပြည်ထဲရေးဝန်ကြီးဌာန။ နေပြည်တော် အထူးစုံစမ်းရေးအဖွဲ့များ အဖြစ်မှန်ကို သိစေရန် တင်ပြပေးဖို့ ဒီမိုဝေယံမှ တဆင့်တောင်းဆို  တင်ပြလိုက်ရပါတယ်..။
 အဖြစ်မှန် ပေါ်ပေါက် စေလိုသူ..

Wednesday, July 25, 2012

ဖားကန့်ဒေသမှ ကချင်တိုင်းရင်းသားတစ်ဦး၏ ပေးစာ

(ဖားကန့်နေ ပြည်သူ တစ်ဦး အမည်နဲ့ ရောက်လာတဲ့ မေလ်ဖြစ်ပါတယ်၊)


          ကျွန်တော်ကတော့ ကချင်ပြည်နယ်ဖားကန့်ဒေသမှာ နေထိုင်တဲ့ဒေသခံ တိုင်းရင်းသားတစ်ဦး ဖြစ်ပါတယ်။ ကျွန်တော်တို့ဖားကန့်ဒေသဆိုတာ ကချင်ပြည်နယ်မှာ အလွန်ပဲ သာယာပျော်ရွှင်စရာကောင်းတဲ့ဒေသတစ်ခုဖြစ်သလို ဖားကန့်ကျောက်စိမ်းကြောင့်လည်း ကမ္ဘာကျော်ဒေသတစ်ခုလို့ဆိုနိုင်ပါတယ်။ ဒါပေမယ့်အခုအခါမှာတော့ ကချင် လွတ်မြောက်ရေးတပ်မတော်(KIA)ကြောင့် ကျွန်တော်တို့ဒေသရဲ့ အလှအပတွေ သယံဇာတတွေ ပျက်စီးပြီးလူမှုဒုက္ခ တွေနဲ့ ပင်လယ်ဝေနေရပါပြီ။                                                              
                                                                                                                                                                      




         
အရင်တုန်းက ဖားကန့်ဒေသမှာ ကုမ္ပဏီတွေ၊ လုပ်ငန်းရှင်တွေ၊ အလုပ်သမားတွေနဲ့ ဘာသာရေး၊သာသနာ ရေးအလှူပွဲတွေနဲ့ တကယ်ပဲစည်စည်ကားကားရှိခဲ့ပေမယ့် အစိုးရနဲ့ KIA တပ်တွေ ငြိမ်းချမ်းရေးပျက်ပြားပြီး နောက်ပိုင်းမှာ ကျွန်တော်တို့ဒေသဟာ ပျော်စရာမကောင်းတော့ပါဘူး။ KIA တပ်တွေအနေနဲ့ ကုမ္ပဏီတွေကနေ ငွေကြေးအများကြီးတောင်းခံနေလို့ ကုမ္ပဏီတွေလဲ မနေနိုင်တော့ပါဘူး။ လုပ်ငန်းရှင်တွေအနေနဲ့လည်း KIA ရဲ့ အမျိုးမျိုးနှိပ်စက်မှုတွေကြောင့် ဒီဒေသမှာ အလုပ်မလုပ်ကြတော့ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ဒေသခံတွေအနေနဲ့ အလုပ်ကမရှိ၊ ၀င်ငွေကမရှိ ဖြစ်နေကြပါတယ်။   
လမ်းတံတားတွေဆိုရင်လဲ KIA တပ်တွေဖျက်ဆီးထားလို့ သွားလာလို့မရတော့ပါဘူး။အဆိုးရွားဆုံးကတော့ ဖားကန့်ဒေသမှာရှိနေကြတဲ့သူတွေကို KIA က ဖမ်းဆီးနှိပ်စက်သတ်ဖြတ်၊ လူသစ်စုဆောင်းမှုတွေလုပ်နေတဲ့အပြင် ကျောင်းသားကျောင်းသူတွေ ပညာသင်ကြားတဲ့နေရာမှာလည်း KIAတပ်ဖွဲ့ဝင်တွေက သွားရောက်နှောင့်ယှက်နေ ပါတယ်။ ဇူလိုင်လ(၂၄)ရက်နေ့က ကံဆီးရွာအလယ်တန်းကျောင်းကို KIA တပ်ဖွဲ့တစ်ဖွဲ့ရောက်ရှိလာပြီး ကျောင်းမှာ လွှင့်ထူထားတဲ့ နိုင်ငံတော် အလံကို အတင်းဖြုတ်ချခိုင်းပါတယ်။ ပြီးတော့ သူတို့ KIA အလံကို လွှင့်တင်ခိုင်းပါတယ်။ ဒီလိုမျိုးKIAအလံကိုနေ့စဉ်လွှင့်တင်ထားရမယ်လို့လဲခြိမ်းခြောက်ပြောဆိုခဲ့တဲ့အတွက်ကျောင်းမှာရှိကြတဲ့ဆရာ၊ဆရာမ တွေနဲ့ကျောင်းသားကျောင်းသူတွေ၊ရွာသားတွေအားလုံးကအလွန်ပဲခံပြင်းဒေါသထွက်နေကြပါတယ်။အဲဒီကျောင်းမှာ ကျောင်းသား(၁၀၀၀)ခန့်ရှိပြီး ဒီကျောင်းဟာ အစိုးရက ဖွင့်ပေးထားတဲ့ကျောင်းဖြစ်ပါတယ်။
          KIA အဖွဲ့တွေရဲ့ ဒီလိုမျိုးလုပ်ရပ်ဟာ သီးခြားဝမ်ပေါင်သမ္မတနိုင်ငံ ထူထောင်တယ်ဆိုတဲ့သဘောမျိုးဖြစ်နေပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတိုင်းမှာ KIA က ကတိပြုပြောနေတဲ့ ပြည်ထောင်စုက ခွဲမထွက်ပါဘူးဆိုတဲ့ စကားကို အလေး အနက်မထားတဲ့သဘောဖြစ်နေပါတယ်။ ဒီလိုမျိုးလုပ်ရပ်ဟာ နိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသားအားလုံးကို စော်ကား လိုက်ခြင်းဖြစ်ပါတယ်။အမှန်တကယ်တော့ KIA ဆိုတာ ကျွန်တော်တို့ ကချင်မျိုးနွယ်စုတစ်ရပ်လုံးကို ကိုယ်စားပြုတာ မဟုတ်ပါဘူး။ သူတို့ဌာနချုပ်ရှိတဲ့ လိုင်ဇာကွက်ကွက်ကလေးသာကိုယ်စားပြုတာပါ။ အစိုးရကိုဆန့်ကျင်တယ်၊အစိုးရ တပ်တွေကိုတိုက်မယ်ဆိုရင်လဲ စစ်တပ်ရှိတဲ့နေရာတွေမှာ သွားတိုက်ရင် ကျွန်တော်တို့ အပြစ်မမြင်ပါဘူး။ အခုဟာက အရပ်သားတွေနေတဲ့နေရာတွေ၊ အရပ်သားဝန်ထမ်းတွေစတဲ့အရပ်ဘက်တွေကိုတိုက်ခိုက်နေပါတယ်။KIA ထောင်တဲ့ မိုင်းတွေကလဲ အရပ်သားတွေပဲ ထိ နေပါတယ်။ KIA မိုင်းကြောင့် ခြေပြတ်လက်ပြတ် လူစဉ်မမှီဖြစ်နေတဲ့ ဒေသခံ အရေအတွက်ဟာ ကျွန်တော်တို့ဖားကန့်ဒေသတစ်ခုထဲမှာပင် ရာနဲ့ချီပြီးရှိနေပါတယ်။



          ကျွန်တော်တို့ဖားကန့်ဒေသအပါအ၀င်ကချင်ပြည်နယ်နေရာအများအပြားမှာကချင်လက်နက်ကိုင် KIA တပ် တွေဟာအာဖဂန်နစ္စတန်နဲ့အီရတ်မှာရှိကြတဲ့ အစွန်းရောက် အကြမ်းသမားတွေရဲ့ပုံစံအတိုင်းလုပ်ဆောင်နေပါတယ်။ လူထုတွေအနေနဲ့ ငါဘယ်နေ့သေမလဲ၊ KIA က ဘာအကြောင်းပြချက်နဲ့လာသတ်မလဲဆိုတဲ့ စိုးရိမ်ထိတ်လန့်စွာနဲ့ အသက်ရှင်နေကြရပါတယ်။ မနေ့တစ်နေ့ကပဲ အစိုးရ၀န်ထမ်းတွေဖမ်းသွားပြီး သတ်ပစ်ခဲ့တာတွေရှိနေပါတယ်။ KIA အနေနဲ့ ကချင်လူထုကောင်းစားရေး၊ ကချင်ပြည်နယ်လွတ်မြောက်ရေးဆိုပြီး ပါးစပ်က ကြွေးကြော်နေပေမယ့် တကယ့် လုပ်ရပ်ကတော့ ကချင်ပြည်နယ်တစ်ခုလုံးမှာရှိကြတဲ့ လူထုတစ်ရပ်လုံး ဒုက္ခရောက်အောင်လုပ်နေပါတယ်။
          တပ်မတော်က ကာ/ချုပ်ကြီးအနေနဲ့ ကျွန်တော်တို့ကချင်ပြည်နယ်ရဲ့ဒုက္ခတွေကိုကယ်တင်ပေးစေချင်ပါတယ်။ ကာ/ချုပ်ကြီးရောက်ရှိတဲ့တပ်တွေ၊မြို့တွေမှာ ကာ/ချုပ်ကြီးပြောနေတဲ့ စကားကိုကျွန်တော်တို့ အလွန်သဘောကျပါ တယ်။ ဒို့တာဝန်အရေးသုံးပါး၊ ဖွဲ့စည်းပုံအခြခံဥပဒေနဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို အမြဲတန်းကာကွယ် စောင့်ရှောက်ဖို့ ပြောတဲ့စကားကြားရတော့ ကျွန်တော်တို့ ဖားကန့်ဒေသအပါအ၀င် ကချင်ပြည်နယ်ကလူထုတွေရဲ့ အကျိုးစီးပွားကိုလဲ ကာကွယ်စောင့်ရှောက်ပေးဖို့ ပြောပြချင်ပါတယ်။ ကျွန်တော်တို့လဲ ပြည်သူတွေပါပဲ။ ပြည်သူတွေ ရဲ့ဒုက္ခတွေကို ကာ/ချုပ်ကြီးတို့ တပ်မတော်ကလွှဲလို့ ဘယ်သူမှ မကာကွယ်နိုင်ပါဘူး၊ ဒါဟာမှန်သော စကား ပြောခြင်း ဖြစ်ပါတယ်။
          လက်ရှိအခြေအနေမှာတော့ KIA ခေါင်းဆောင်ပိုင်းတွေအနေနဲ့ သူတို့ရဲ့ လက်အောက်ခံတပ်တွေ၊ ဒေသခံ လူထုတွေကို သတင်းအမှားတွေ ပြောပြနေပြီး ငြိမ်းချမ်းရေးပျက်အောင် လုပ်နေကြပါတယ်။ ငြိမ်းချမ်းရေးဆိုတာ နှစ်ဦးနှစ်ဘက် ရိုးသားပွင့်လင်းစွာ ပြောဆိုဆွေးနွေးကြမယ်ဆိုရင် မဖြစ်နိုင်စရာမရှိဘူးလို့ထင်ပါတယ်။  တစ်ခြားတိုင်းရင်းသားလက်နက်ကိုင်တော်တော်များများအစိုးရနဲ့ပွင့်ပွင့်လင်းလင်းဆွေးနွေးပြီး ငြိမ်းချမ်းရေး ရယူထား လို့ သူတို့ဒေသက ပြည်သူတွေ အေးအေးဆေးဆေး နေနိုင်ကြပါပြီ။ KIA အနေနဲ ငြိမ်းချမ်းရေးမယူဘဲနေတာ KIA ခေါင်းဆောင်ပိုင်းရဲ့ အကျိုးစီးပွားတွေ လျော့နည်းသွားမှာစိုးရိမ်လို့ဆိုတဲ့ အချက်ကလွှဲလို့ ဘာမှမဖြစ်နိုင်ပါဘူး။ ဒါကြောင့် တပ်မတော် အနေနဲ့ ကချင်ပြည်နယ်မှာ ရှိကြတဲ့ ပြည်သူတွေရဲ့အကျိုးစီးပွားကိုလည်း ကာကွယ်စောင့်ရှောက်ပေးစေချင်ပါတယ်ခင်ဗျာ…..။
ဖားကန့်ဒေသမှ တိုင်းရင်းသားတစ်ဦး