Showing posts with label အထူးသတင်း. Show all posts
Showing posts with label အထူးသတင်း. Show all posts

Monday, April 20, 2015

လေပြင်းနှင့် မိုးကြိုးပစ်ခြင်းအန္တရာယ်သတိပြုရန် ဒေါက်တာထွန်းလွင် သတိပေး

မေလ ၁၅ ရက်မတိုင် မီအထိ မြန်မာနိုင်ငံဒေသအနှံ့ တွင် လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးကြိုးပစ်ခြင်းကဲ့သို့ သဘာဝဘေး အန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် သတိပြုရန်လိုအပ်ကြောင်း ဒေါက်တာ ထွန်းလွင်က သတိပေးသည်။
‘‘မိုးကြိုကာလကလည်း ရောက်ခါနီးနေပြီ။ ဒါကြောင့် မိုး တိမ်တောင်ကြောင့်ဖြစ်တဲ့ လေ ပြင်းကျတာတွေ၊ မိုးကြိုးပစ်တာ တွေ မေလလယ်အထိ သတိပြုဖို့ လိုတယ်’’ဟု ဒေါက်တာ ထွန်းလွင်က ပြောသည်။

Tuesday, December 30, 2014

ငါးပြေမအတု သတိပြု

Photo: ငါးပြေမအတု သတိပြု 

ဒီဇင်ဘာလ ၃၀ ရက်၊ ၂၀၁၄

မြန်မာလူမျိုးတို့ အသည်းစွဲနှစ်ခြိုက် သော ရေချိုငါးမျိုးများတွင် ငါးပြေမ ပါဝင်ပါသည်။ စားသုံးရာ၌ အရသာ လေးလေးပင်ပင်ရှိခြင်း၊ အသားနူးညံ့ ခြင်းတို့ကြောင့် အကြိုက်ပိုကြဟန် တူပါ၏။ အလယ်ရိုးကြောင်းအပြင် ကျောဘက် ဆူးမာများနှင့် ဝမ်းဘက်ဆူး တောင်များကြောင့် အရိုးများလွန်း သည်ဟူ၍ အချို့က ရှောင်ကြသော် လည်း မြန်မာထမင်းဆိုင်များတွင် ငါးပြေမဆီပြန်ဟင်းသည် ရောင်းပန်း လှသော ဟင်းတစ်ခွက်ဖြစ်ပါသည်။

ပဲခူးတိုင်းဒေသကြီး ပျဉ်ပုံကြီးဘက်မှ ထွက်သော လက်တစ်ဝါးခန့် ငါးပြေမ ကြီးများသည် ကဝက်ကင်းငါးသလောက် နည်းတူ ပျဉ်ပုံငါးပြေမဟူ၍ နာမည် ရသည်။ ငါးပြေမသည် မြန်မာ့တိုင်း ရင်း ရေချိုငါးမျိုးဖြစ်ပြီး သိပ္ပံအမည်မှာAnabus testudineus ဖြစ်သည်။ မျိုးရင်း (Family) Anabantidae ၌ ပါဝင်ပြီး အင်္ဂလိပ်အမည်မှာ climbing perch ဖြစ်၏။

ငါးပြေမသည် အသားစားငါးမျိုး (Carnivore) ဖြစ်ပြီး ပါးဟက်အတွင်း အပိုလေရှူ အင်္ဂါပါ၍ ငါးကျည်း၊ ငါးခူများနည်းတူ အသက်ပြင်းသည်။ ငါးဈေးတန်းများ အတွင်း အကောင်အရှင်ထားရောင်း သည်ကို တွေ့နိုင်ပြီး အရွယ်အစား ကိုလိုက်၍ တစ်ပိဿာလျှင် ၆ဝဝဝ ကျပ်မှ ၁ဝဝဝဝ ကျပ်အတွင်း ရောင်း ဈေးရှိ၍ ဈေးကောင်းလှ၏။ ငါးပြေမ ကို ပြည်တွင်း၌ သုတေသနပြု စမ်းသပ်သားဖောက်နိုင်သော်လည်း စီးပွားဖြစ်သားပေါက်များ ထုတ်လုပ် ရောင်းချနိုင်သည့်အဆင့်သို့ မရောက် ရှိသေးပေ။
ယခုနှစ်ပိုင်းအတွင်း ငါးပြေမနှင့် ဆင်တူသော ငါးတစ်မျိုးကို ဈေးများရှိ ငါးဈေးတန်းများတွင် လည်းကောင်း၊ လမ်းဘေးခေါင်းရွက်ဗျပ်ထိုး ဈေးသည် လေးများထံတွင်လည်းကောင်း ငါးပြေမ ဟူ၍ ဈေးခေါ်ပြီး တွင်တွင်ကျယ်ကျယ် ရောင်းချနေသည်ကို တွေ့ရှိနေရပါ၏။ မိမိရောက်လေ့ရှိသော (၃၈)လမ်းဈေး၊ ပုဇွန်တောင်ဈေးနှင့် ရေကျော် ဈေးများ၌လည်း တွေ့မြင်ရပါသည်။

ရောင်းဈေးမှာ တစ်ပိဿာလျှင် ကျပ် တစ်သောင်းမှ တစ်သောင်းနှစ်ထောင် အထိ ဈေးကောင်းသည်။
ယင်းငါးသည် ငါးပြေမနှင့် အသွင် သဏ္ဌာန်ဆင်နေ၍ ရုတ်တရက် ကြည့်ပါက ဆင်တူနေသော်လည်း ဂရုတစိုက်ကြည့်ပါမူ ကွဲပြားသည့် အချက်များရှိသည်ကို တွေ့ရပါလိမ့် မည်။ ထိုငါးသည် ငါးပြေမထက် ဦးခေါင်းပိုင်းသေးငယ်ပြီး ချွန်နေကာ ကိုယ်အလျားမှာ ခုံးဝိုင်းသည်။ ငါးပြေမတွင်ကား ကိုယ်အလျား ပို၍ ရှည်သည်။ ထင်ရှားသော ကွဲပြား ချက်မှာ ငါးပြေမ၏ ပါးဟက်ဖုံး (opercle) ၌ ခွေးသွားစိတ်သဏ္ဌာန် ဆူးဇောင်းများပါရှိပြီး အဆိုပါ ငါးတွင်မူ ပါးဟက်ဖုံး၌ အရိုးပြား ၂ ချောင်းသာ တွေ့ရ၏။ မိမိလက်လှမ်း မီသမျှ စူးစမ်းလေ့လာချက်များအရ ယင်းငါး၏ မျိုးရင်းသည် Nandidae ဖြစ်ပြီး သိပ္ပံအမည်မှာ Pristolepis fasciata ဖြစ်ပါသည်။အင်္ဂလိပ်အမည်မှာ Catopra ဖြစ်ပြီး မြန်မာ၊ ထိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှား နိုင်ငံများ၌တွေ့ရှိကာ အစုံစားသည့် ငါးမျိုး (Ominivore) ဖြစ်ပါသည်။

နေ့စဉ် ဈေးဝယ်ခြမ်းချက်ပြုတ်နေရ သော အိမ်ရှင်မများအဖို့ကား ဈေးဝယ်ရာ၌ ရောင်းမှားဝယ်မှား ဖြစ်လေ့ဖြစ်ထရှိပေရာ အာဖရိက ငါးခူနှင့် တိုင်းရင်းမြန်မာငါးခူ၊ ငါးဖမ်းမနှင့် ငါးဖယ်အောင်း၊ ရွှေဝါငါးကြင်းနှင့် ငါးဖိန်း၊ ငါးမြင်းနှင့် ငါးတန်တို့ကား မှားဝယ်လေ့ရှိသော၊ မှားဝယ်တတ်သော ငါးမျိုးများ ဖြစ်ပါသည်။ အချို့ဆိုလျှင် ငါးခူနှင့် ငါးကျည်း၊ ငါးခုံးမနှင့် ငါးဘဲဖြူတို့ ကိုပင် မှားဝယ်သည်ကို တွေ့ဖူးသည်။ အာဖရိကငါးခူတွင် ဦးခေါင်းနှင့် ကိုယ်အပိုင်းဆက်သည့် ကုတ်နေရာ၌(V) ပုံသဏ္ဌာန်အချွန်ရှိပြီး မြန်မာ တိုင်းရင်းငါးခူ၌မူ မြန်မာအက္ခရာ (က)ပုံသဏ္ဌာန် တွေ့နိုင်ပါသည်။ ငါးဖယ်အောင်းမှာ ငါးဖမ်းမနှင့် ဆင်တူသော်လည်း ငါးဖမ်းမထက် အရွယ်ကြီးသော ငါးမျိုးဖြစ်သည်။ ရွှေဝါငါးကြင်းမှာ ခန္ဓာကိုယ်ခုံးဝိုင်း ကာ ငါးဖိန်းမှာမူ ကိုယ်အလျား ရှည်သွယ်ပါသည်။ ငါးမြင်းနှင့် ငါးတန် တွင်ကား ခုတ်သားများသာ အရောင်း များ၍ အသား၏ အရောင်ကို ကြည့်ရှုပြီး ခွဲခြားနိုင်ပါသည်။ ငါးမြင်း ၏အသားမှာ ဖြူပြီး ငါးတန်အသားမှာမူ အဝါရောင်သန်းပါသည်။ လောက ဓမ္မတာအရ အရာရာတွင် ဆင်တူ ယိုးမှားရှိသော အဖြစ်မျိုးများရှိတတ် ပေရာ မည်သည့်နယ်ပယ်၌မဆို ရောင်းမှားဝယ်မှား အဖြစ်မများကြ စေခြင်းငှာ သတိချပ်၍ ဝယ်ယူစားသုံး နိုင်ကြပါရန် ရေးသားဖော်ပြလိုက် ရခြင်းဖြစ်ပါသည်။

စံလွင် (ငါးဦးစီး)
The Mirror Daily
မြန်မာလူမျိုးတို့ အသည်းစွဲနှစ်ခြိုက် သော ရေချိုငါးမျိုးများတွင် ငါးပြေမ ပါဝင်ပါသည်။ စားသုံးရာ၌ အရသာ လေးလေးပင်ပင်ရှိခြင်း၊ အသားနူးညံ့ ခြင်းတို့ကြောင့် အကြိုက်ပိုကြဟန် တူပါ၏။ အလယ်ရိုးကြောင်းအပြင် ကျောဘက် ဆူးမာများနှင့် ဝမ်းဘက်ဆူး တောင်များကြောင့် အရိုးများလွန်း သည်ဟူ၍ အချို့က ရှောင်ကြသော် လည်း မြန်မာထမင်းဆိုင်များတွင် ငါးပြေမဆီပြန်ဟင်းသည် ရောင်းပန်း လှသော ဟင်းတစ်ခွက်ဖြစ်ပါသည်။

အစိုးရဝန်ထမ်းများ လစာတိုးရန်သင့်၊ မသင့် သမ္မတရုံး စစ်တမ်းကောက်ယူနေ

Photo: အစိုးရဝန်ထမ်းများ လစာတိုးရန်သင့်၊ မသင့် သမ္မတရုံး စစ်တမ်းကောက်ယူနေ

ဒီဇင်ဘာလ ၃၀ ရက်၊ ၂၀၁၄

အစိုးရဝန်ထမ်းများအား လစာတိုးပေးသင့်၊ မသင့်နှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးဝက်ဘ် ဆိုက်တွင် ပထမဆုံးအကြိမ် စစ် တမ်း ကောက်ယူလျက်ရှိသည်။

လွှတ်တော်က အစိုးရဝန် ထမ်းများ၏လစာကို အနည်းဆုံးတစ်ဦးလျှင် ကျပ်နှစ်သိန်းထိ တိုး မြှင့်ပေးရန် အဆိုပြုတင်ပြ ထောက်ခံပြီးနောက် နိုင်ငံတော် သမ္မတရုံးက ဝန်ထမ်းများနှင့် တွေ့ ဆုံပွဲ၊ စီးပွားရေးပညာရှင်များနှင့် ဆွေးနွေးပွဲများပြုလုပ်ကာ စစ် တမ်းကောက်ယူခြင်းဖြစ်သည်။အစိုးရသက်တမ်း လေးနှစ် အတွင်း ပြည်သူများ၏ ၂ ရာခိုင် နှုန်းရှိသော နိုင်ငံ့ဝန်ထမ်း တစ် သန်းခွဲဝန်းကျင်ကို ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် လစာများတိုးပေး ရန်ပြုလုပ်သင့်၊ မသင့် စစ်တမ်းကောက်ယူခြင်းဖြစ်သည်။

အစိုးရဝန်ထမ်းများကို လစာတိုးပေးမှုသည် ယခင်သုံးကြိမ်တိုး မြှင့်ပေးခဲ့သော်လည်း ကုန်ဈေး နှုန်းကြီးမြင့်မှုကိုထည့်သွင်း မစဉ်း စားဘဲတိုးပေးခဲ့သည်။ ယခုနှစ်မှ သာ လစာတိုးမြှင့်ပေးရာမှ ကုန် ဈေးနှုန်းကြီးမည်ကိုစိုးရိမ်နေခြင်း ဖြစ်သည်။

ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းကလည်း လာဘ်ပေးလာဘ်ယူ ကင်းရှင်းရန် အစိုးရဝန်ထမ်းများအားလုံး လုံလောက်သောလစာထောက်ပံ့ ငွေများပေးရန် လိုအပ်ကြောင်းပြောကြားသည်။

လွှတ်တော်မှ တောင်းဆို ထားသည့်အတိုင်း ဝန်ထမ်းလစာ များ တိုးမြှင့်ပေးလျှင် မြန်မာနိုင်ငံတွင် ငွေကြေးဖောင်းပွမှု ၈ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ မြင့် တက်လာနိုင်ကြောင်း မြန်မာနိုင်ငံ ဗဟိုဘဏ် ဒုဥက္ကဋ္ဌဒေါ်ခင်စောဦး ကပြောကြားသည်။

အစိုးရဝန်ထမ်းများ လစာ တိုးမြှင့်မှုကြောင့် ငွေကြေးဖောင်း ပွမှုကို အစိုးရ အသုံးစရိတ်များ လျှော့ချပြီး အခွန်ငွေပိုရအောင် ကောက်ယူခြင်း၊ ပြည်ပမှနှစ်ရှည် ချေးငွေများရယူခြင်းတို့ဖြင့် ထိန်း သိမ်းနိုင်ကြောင်း ကမ္ဘောဇဘဏ် အကြီးတန်းအကြံပေးဦးသန်းလွင် ကပြောကြားသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် ဝန်ထမ်း များကိုလစာတိုးမြှင့်ပေးမှုအတွက် ကျပ်ဘီလီယံ ၈၀၀ ကျော် ပိုမို သုံးစွဲခဲ့ပြီး ၂၀၁၂-၁၃ ဘဏ္ဍာနှစ်မှစ၍ ဝန်ထမ်းတစ်ဦးလျှင် တစ်လကျပ်နှစ်သောင်းတိုးပေးမှု ကြောင့် ကျပ် ၃၄၈ ဘီလီယံ၊ ၂၀၁၃-၁၄တွင် ကျပ် ၂၃၃ ဘီလီယံ၊ ၂၀၁၄-၁၅ တွင် ကျပ် ၂၅၄ ဘီလီယံရှိကြောင်း ဘဏ္ဍာအခွန်ဒုဝန်ကြီးဒေါက်တာ မောင်မောင်သိမ်းက ပြောသည်။

7Day Daily
အစိုးရဝန်ထမ်းများအား လစာတိုးပေးသင့်၊ မသင့်နှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးဝက်ဘ် ဆိုက်တွင် ပထမဆုံးအကြိမ် စစ် တမ်း ကောက်ယူလျက်ရှိသည်။

လွှတ်တော်က အစိုးရဝန် ထမ်းများ၏လစာကို အနည်းဆုံးတစ်ဦးလျှင် ကျပ်နှစ်သိန်းထိ တိုး မြှင့်ပေးရန် အဆိုပြုတင်ပြ ထောက်ခံပြီးနောက် နိုင်ငံတော် သမ္မတရုံးက ဝန်ထမ်းများနှင့် တွေ့ ဆုံပွဲ၊ စီးပွားရေးပညာရှင်များနှင့် ဆွေးနွေးပွဲများပြုလုပ်ကာ စစ် တမ်းကောက်ယူခြင်းဖြစ်သည်။အစိုးရသက်တမ်း လေးနှစ် အတွင်း ပြည်သူများ၏ ၂ ရာခိုင် နှုန်းရှိသော နိုင်ငံ့ဝန်ထမ်း တစ် သန်းခွဲဝန်းကျင်ကို ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် လစာများတိုးပေး ရန်ပြုလုပ်သင့်၊ မသင့် စစ်တမ်းကောက်ယူခြင်းဖြစ်သည်။

Wednesday, December 10, 2014

ရန်ကုန်တိုင်းအတွင်းရှိ ကျောင်းများ ကိုယ်ပိုင်ယာဉ်ဖြင့် ကျောင်းကြို/ပို့ ခွင့်မပြုတော့ရန် စီစဉ်

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကျောင်းအများစုတွင် ကိုယ်ပိုင်ယာဉ်များဖြင့် ကျောင်း ကြို/ပို့ခြင်းအစား ကျောင်းကား များဖြင့်သာ ကြို/ပို့ရန် စီစဉ် ဆောင်ရွက်ရတော့မည်ဖြစ် ကြောင်း သတင်းရရှိသည်။

လက်ရှိကျင်းပဆဲဖြစ်သည့် တိုင်းဒေသကြီးလွှတ်တော်အ စည်းအဝေးတွင် တင်သွင်းသည့် ကျောင်းကားများနှင့် ပတ်သက်၍ ဥပဒေတစ်ရပ်ပြဋ္ဌာန်းပေးရန် အဆိုနှင့် ပတ်သက်၍ တိုင်းဒေသ ကြီးအစိုးရက နည်းဥပဒေရေးဆွဲ ဆောင်ရွက်မည်ဖြစ်သည့်အ တွက် ယင်းကိစ္စရပ်သည် မကြာမီ အကောင်အထည်ပေါ်လာမည် ဖြစ်ကြောင်း လွှတ်တော်ကိုယ် စားလှယ်အချို့ကပြောသည်။

Monday, December 8, 2014

မူလတန်းကျောင်းသား၊ ကျောင်းသူတိုင်းကို ကျောင်းဝတ်စုံ အခမဲ့ပေးမည်

ပညာရေး ဝန်ကြီးဌာန၏ မသင်မနေရ အခမဲ့ပညာရေး စီမံကိန်းအရ လာမည့် ပညာသင်နှစ်မှ စပြီး မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူတိုင်းကို ယခုအခမဲ့ ထောက်ပံ့ပေးနေသည့် ပြဋ္ဌာန်းစာအုပ်နှင့် ကျောင်းဝင်ကြေးအပြင် ကျောင်းဝတ်စုံကိုပါ ထပ်လောင်း ပံ့ပိုးပေးမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီက ပြောကြားသည်။

နေပြည်တော် MICC ခန်းမတွင် ဒီဇင်ဘာလ ၅ ရက်နေ့က ကျင်းပသော ကမ္ဘာ့အမျိုးသမီးဖိုရမ် ဆွေးနွေးပွဲတွင် ၎င်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

အမြန်လမ်းအရေးပေါ်နံပါတ် တယ်လီနော၊ အူရီးဒူးဖုန်းများနှင့် ဆက်မရနိုင်

ရန်ကုန်- ရန်ကုန်- မန္တလေးအမြန် လမ်းရှိ အရေးပေါ် Hot Line နံပါတ်မှာ အစိုးရပိုင်အော်ပရေ တာနှစ်ခု မှလွဲ၍ အခြားအော်ပရေတာများဖြင့်ခေါ်၍ မရသော ကြောင့် အမြန်လမ်းရဲတပ်ဖွဲ့မှ ထုတ်ပြန် ထားသော အခြားဖုန်း နံပါတ်များကို သိရှိထားရန်လိုအပ် ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ ရဲမှူးကြီး နေ၀င်းက ပြောကြားသည်။

အမြန်လမ်းအတွက် အရေး ပေါ် Hot Line 1880 မှာ Blue Ocean ကုမ္ပဏီပိုင် Call Center တစ်ခုဖြစ်ပြီး MPT နှင့် MEC အော်ပရေတာနှစ်ခုနှင့်သာ ချိတ် ဆက်ထားသောကြောင့် တယ်လီ နောနှင့် အူရီးဒူးဖုန်းလိုင်းများဖြင့် ခေါ်ဆို၍ မရပေ။ ထို့ကြောင့် အ ရေးပေါ်ခေါ်ဆိုရန် အမြန်လမ်း ရဲတပ်ဖွဲ့ ဖုန်းနံပါတ် များကို သိရှိ ရန်လိုအပ်ခြင်း ဖြစ်သည်ဟု၎င်းကဆိုသည်။

Friday, November 14, 2014

အောင်ဘာလေ ကျပ်သိန်း ၁၅ဝဝ ဆုအပါအဝင် ဆုမဲပေါင်း ၂ဝဝဝကျော် ပိုင်ရှင်မဲ့နေ

နိုဝင်ဘာ ၂၈ ရက် နောက်ဆုံးထားကာထုတ်ယူခြင်းမရှိပါက ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည်

အောင် ဘာလေကျပ်သိန်း၁၅ဝဝဆုနှင့် ဆု ကြီးများအပါအဝင် လာရောက် ထုတ်ယူရန်ကျန်ရှိသည့် ဆုမဲပေါင်း ၂ဝဝဝကျော် နိုဝင်ဘာ ၂၈ရက် နောက်ဆုံးထားကာ ထုတ်ယူခြင်းမရှိ ပါက ပြည်သူ့အခွန်အဖြစ်သိမ်းဆည်း သွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန် များဦးစီးဌာနမှ သတင်းရရှိသည်။

ထုတ်ယူရန်ကျန်ရှိနေသေးသည့် ဆုမဲများမှာ ကျပ်သိန်း၁၅ဝဝတစ်ဆု၊ ကျပ်သိန်း၁ဝဝ တစ်ဆု၊ ကျပ် ၁ဝ သိန်း ၁၃ဆု၊ ကျပ် ၃သိန်းကိုးဆု၊ ကျပ်၂သိန်း ၉၇ဆု၊ ကျပ်၁သိန်း ၂၇ဝ ဆုများအပါအဝင် ဆုမဲ စုစု ပေါင်း ၂၂၂၁ဆုထုတ်ယူရန် ကျန် ရှိနေသေးကြောင်း ပြည်တွင်းအခွန် များဦးစီးဌာန အောင်ဘာလေသိန်း ဆုဌာနခွဲမှ သိရသည်။

Wednesday, October 29, 2014

၁ဝတန်းမအောင်တဲ့သူတွေအတွက် အင်ဂျင်နီယာအခြေခံသင်တန်း ဖွင့်မယ်

ဆယ်တန်းအောင်မပြောနဲ့ ဘွဲ့ရတောင် အလုပ်လက်မဲ့တွေ တိုးပွားနေတဲ့ မြန်မာပြည်မှာ ဆယ်တန်းပညာ မအောင်မြင်တဲ့ လူငယ်တွေအတွက် အင်ဂျင်နီယာဖောင်ဒေးရှင်းသင်တန်းကို ဖွင့်လှစ်တော့မယ်လို့ GAME အဖွဲ့က အောက်တိုဘာ ၂၈ရက်နေ့မှာ ပြောလိုက်ပါတယ်။ ဒီသင်တန်းက အလုပ်အကိုင်အခွင့်အလမ်းတွေ လမ်းပွင့်စေမှာလား။

Tuesday, October 14, 2014

Breaking News



၁၁-၁၀-၂၀၁၄ နေ့တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၃၄၁/၁ ၌ ရွှေစင်စင်္ကြာယာဉ်လိုင်းမှ ခရီးသည်တင် ကားသည် လမ်းဘေးတွင် ချရပ်လိုက်သည့် အခါ ကွန်ကရစ်လမ်းမကြီး၏ ညာလမ်းပုခုံးသည် ကျွံဝင်သွားပြီး ကွန်ကရစ်လမ်းပုခုံး ကျိုးသွားသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါသည်။

ရန်ကုန်-မန္တလေးအမြန်လမ်း ( နေပြည်တော်-မန္တလေး အပိုင်း) ကို ၂၀၁၀ ခုနှစ် ဒီဇင်ဘာ(၂၉) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး စတင်အသုံးပြုလာခဲ့သည်မှာ ၄ နှစ်အတွင်း ရောက်ရှိခဲ့ပြီ ဖြစ်ပါသည်။ အမြန်လမ်းမကြီး၏ နေပြည်တော်-မန္တလေး အပိုင်းတွင် ယနေ့အချိန်တွင် တစ်ရက် ပျှမ်းမျှ ယာဉ်စီးရေ ၆၀၀၀ ကျော် ဖြတ်သန်းသွားလာလျှက် ရှိပါသည်။

Monday, September 29, 2014

လက်ကိုင်ဖုန်း နဲ့ အန္တရာယ်

မြိုင်မြို့နယ်မှာ မိုးရွာနေတုန်း လမ်းလျှောက် ဖုန်းပြောနေတဲ့သူတယောက် သူ့ဖုန်း "ပေါက်ကွဲ"တဲ့အတွက် ဒဏ်ရာရ သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။

သူ ထီးဆောင်းထားသလား၊  မိုးရေစိုနေသလား ဆိုတာတွေကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြမထားပါ။

ဒီသတင်းကြောင့် မိုးရွာထဲ လမ်းလျှောက်သူတွေ ဖုန်းအသုံးပြုမှု ဆင်ခြင်ကြမယ်လို့ ယူဆရပါတယ်။

ဖုန်းအားသွင်းနေတုန်း အသုံးပြုရင်လည်း ဒုက္ခရောက်တတ်ပါတယ်။

Thursday, September 18, 2014

၁၅ဝဝ တန် MPT ဆင်းကတ်များကို ဟန်းဆက်ရောင်းချရာတွင် လက်ဆောင်ပေးခြင်းနှင့် ဈေးတင်ရောင်းခြင်းများအား အရေးယူမည်

ကျပ် ၁၅ဝဝတန် MPT ဆင်းမ် ကတ်များအား ဟန်းဆက်ရောင်းရရန် အတွက် လက်ဆောင်ပေးခြင်းအပါအ ဝင် ဈေးနှုန်းတင်ရောင်းချနေမှုများအား စစ်ဆေးအရေးယူသွား မည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း ကျောင်း အုပ်ကြီး ဦးကျော်စိုးက ရန်ကုန်တိုင်းမ် သို့ ပြောသည်။

Sunday, September 14, 2014

ကျောင်းသူတစ်ဦး တို့ဆေးဖြင့် ခေါ်ယူခံရ အထက(၁)စစ်ကိုင်းတွင် စီစီတီဗွီကင်မရာများ တပ်ဆင်တော့မည်

စစ်ကိုင်း၊ စက်တင်ဘာ ၁၂- အထက(၁) စစ်ကိုင်း ကျောင်းဝင်ပေါက်သုံးခု၌ လုံခြုံရေး စီစီတီဗွီကင်မရာ များ တပ်ဆင်မည်ဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းမြို့ အမှတ်(၁) အစိုးရအထက်တန်း ကျောင်းမှ ကျောင်းသား တစ်ဦးနှင့် ကျောင်းသူတစ်ဦး ကို ပြင်ပမှ တို့ဆေးတို့ လာရောက်ခေါ် ယူမှုများရှိလာ သဖြင့် ကျောင်းအဝင်အထွက်၊ ဂိတ်တံခါးကြီးများတွင် လုံခြုံရေး စီစီတီဗွီကင်မရာများ တပ်ဆင်တော့မည်ဖြစ် ကြောင်း ကျောင်းအကျိုးတော်ဆောင် မိဘဆရာအသင်း ဝင်တစ်ဦးက ပြောသည်။

Tuesday, July 29, 2014

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ် ဒေသအချို့နေရာကွက်မိုးကြီးနိုင်

Photo: ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ် ဒေသအချို့နေရာကွက်မိုးကြီးနိုင်
Tuesday, July 29, 2014

ဘင်္ဂလားပင်လယ်အော် တွင် ဇူလိုင်လအတွင်း သုံးကြိမ် မြောက်လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေပြီး မုတ်သုံလေအား ကောင်းနေသောကြောင့် ဒေသ အချို့နေရာကွက်၍ မိုးကြီးနိုင် သေးကြောင်း မိုး/ဇလဌာန ဒုတိ ယညွှန်ကြားရေးမှူးချုပ် ဦးကျော် မိုးဦးကပြောသည်။

‘‘လေဖိအားနည်းရပ်ဝန်းက ကုန်းတစ်ဝက်၊ ရေတစ်ဝက်အနေ အထားနဲ့ အိန္ဒိယကမ်းရိုးတန်း ဘက်ကိုတော့ ရွေ့နေတယ်။ မြန် မာနိုင်ငံအတွက်တော့ နေရာကွက်ပြီး မိုးကြီးမယ့်အန္တရာယ်ရှိနေသေး တယ်’’ဟု ဦးကျော်မိုးဦးက ပြော သည်။

နေရာကွက်၍ မိုးကြီးမည့် အန္တရာယ်ရှိသော ဒေသများအ ဖြစ် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုး/ဇလဌာနက သတိပေးထား သည်။ ထို့အပြင် မြန်မာ့ကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် မိုးသက် လေပြင်းကျရောက်နိုင်ပြီး လေ တိုက်နှုန်း တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင် ကြောင်း သတင်းထုတ်ပြန်ထား သည်။

ယခုရက်ပိုင်းအတွင်း ဒေသ အနှံ့မိုးသည်းထန်စွာ ရွာသွန်းနေ သောကြောင့် ဧရာဝတီ၊ စစ် တောင်း၊ သံလွင်နှင့် ချင်းတွင်း မြစ်တို့တွင် မြစ်ရေတက်လာပြီး ဘားအံ့မြို့တွင် သံလွင်မြစ်၏ စိုး ရိမ်ရေမှတ်အထက်သို့ ရောက်ရှိ နေကြောင်း မိုး/ဇလဌာနမှ သတင်းရရှိသည်။

7Day Daily
ဘင်္ဂလားပင်လယ်အော် တွင် ဇူလိုင်လအတွင်း သုံးကြိမ် မြောက်လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေပြီး မုတ်သုံလေအား ကောင်းနေသောကြောင့် ဒေသ အချို့နေရာကွက်၍ မိုးကြီးနိုင် သေးကြောင်း မိုး/ဇလဌာန ဒုတိ ယညွှန်ကြားရေးမှူးချုပ် ဦးကျော် မိုးဦးကပြောသည်။

Monday, July 28, 2014

ပြည်တွင်း မိုဘိုင်းဖုန်း အ၀င်-အထွက် ဖုန်းခေါ်မှုများ သတိထားနိုင်စေရန်

ပြည်တွင်းဖုန်းနံပါတ်များကို ပုံမှန်အတိုင်း 01××× 02××× 09××× တွေနဲ့ မဝင်လာပဲ မြန်မာနိုင်ငံ ဖုန်းနံပါတ်တွေရဲ့ Country Code +95××× နဲ့ msg or miss call တွေဝင်လာခဲ့ရင် အဲဒီအတိုင်း ပြန်မခေါ်ကြပါပဲ 01××× 02××× 09××× သို့ edit ပြန်လုပ်ပြီးမှသာ ခေါ်ဆိုကြပါဗျာ။

Wednesday, July 23, 2014

ဂျီအက်စ်အမ်ဖုန်းများ သုံးစွဲမှုတိမ်ကော လာမည်ဟုဆို

မိုဘိုင်းဖုန်း သုံးစွဲမှုအနေဖြင့် နောက်ပိုင်းတွင် ဂျီအက်စ်အမ် (GSM) ဖုန်းများသုံးစွဲမှု တိမ်ကောလာကာ 3G ကွန်ရက်မိုဘိုင်းဖုန်း များသုံးစွဲမှု တွင်ကျယ်လာမည်ဟု မြန်မာ၊ ဗီယက်နမ်၊ လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံတို့၏ Ericsson ဥက္ကဌ Mr.Jan Wassenius ကပြောကြားသည်။

CDMA , TD-SCDMA ဖုန်းများ သုံးစွဲမှုလည်း နည်းလာမည်ဖြစ်ကြောင်း၊ 3G ဖုန်းများ တွင်ကျယ်လာမည့်

Monday, July 21, 2014

ဒေသအချို့တွင် ရေကြီး၊ မြေပြိုနိုင်၍ ကြိုတင်ပြင်ဆင်ရန် ဒေါက်တာထွန်းလွင်သတိပေး

နာဆာဂြိုဟ်တုများ၏ တိုင်းတာ ချက်များ အရ မြန်မာနိုင်ငံရှိ ဒေသ  ခြောက်ခုတွင် ရေ ဖုံးလွှမ်းရန်အလားအလာများနေပြီး ဒေသနှစ်ခု တွင် မြေပြိုကျရန်အလားအလာ များနေသည့် အတွက် ကြိုတင်ပြင် ဆင်မှုများပြုလုပ်ရန် မိုးလေ၀သ ပညာရှင်ဒေါက်တာထွန်းလွင်က သတိပေးပြောကြားလိုက်သည်။ရေဖုံး လွှမ်းရန်အလားအ လာ များနေသော ဒေသခြောက်ခု မှာ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးတိုင်း ဒေသကြီးနှင့် မွန်၊ ရခိုင်တောင်ပိုင်း၊ ရှမ်းတောင်ပိုင်းတို့ဖြစ်သည်။
မြေပြိုကျရန်အလားအလာ များနေသော ဒေသများမှာ ကချင် ပြည်နယ်မြောက်ပိုင်းနှင့်

Friday, July 18, 2014

Typhoon Rammasun ရဲ့ ရှေ့ဆက်ရမယ့်ခရီးအမှန်

(၂၀-၇-၀၁၄)ရက်ညနေ(၃)နာရီခန့်မှာ မြန်မာပြည် အရှေ့မြောက်ပိုင်းအနှီး ချဉ်းကပ်လာနိုင်ပါတယ်။
Typhoon Rammasun ဟာ ဖိလစ်ပိုင်နိုင်ငံ လူဇုန်ကျွန်း။ မြို့တော်မနီလာကို တစ်နာရီ(၁၂၅) မိုင်နှုန်းနဲ့ ၀င်ရောက်တိုက်ခတ်ပြီးတဲ့နောက် အားလျော့ကျ သွားခဲ့သေးပေမယ့် တောင်တရုတ် ပင်လယ်ပြင်ရဲ့ ရေပြင်ကျယ်ပေါ် ပြန်ဝင်လာတဲ့ အခါမှာတော့ အားတွေပြန်ပျိုး လာတဲ့ပြီး၊ အခုတော့ တစ်နာရီမိုင်(၁၄၀) နှုန်း တိုက်ခတ်နေတဲ့ Category V အဆင့်ရှိတဲ့ မုန်တိုင်းကြီးဖြစ်နေပြန်ပါပြီ။
စနေနေ့ (၁၉-၇-၂၀၁၄)ရက် နံနက်ပိုင်းအချိန်မှာ တရုတ်နိုင်ငံ။ ဟိုင်နန်ကျွန်းကို စတင်ဖြတ်ကျော် မယ်လို့

မလေးရှားနယ်စပ်ရှိ အလုပ်သမား ၂၆ ဦး လုပ်ခမရ၍ သစ်ရွက်ပြုတ်စားနေကြရ သည်ဟုဆို

မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံ နယ်စပ်ကြားရှိ ပန်းရန်လုပ်ငန်းခွင် တစ်ခုသို့ ရန်ကုန်မြို့ရှိ------- ကုမ္ပဏီမှ ပို့ဆောင်ထားသော MoU အလုပ်သမား ၂၆ ဦးမှာ စားစရာမရှိ ၍ ဘောစကိုင်းရွက်များကို ပြုတ်စား နေရသည်ဟု အလုပ်သမားများက ပြောဆိုကြောင်း ဇူလိုင် ၁၆ ရက် ညပိုင်းက ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများအဖွဲ့ (Myanmar Association Thialand) မှ ဆက်သွယ်ပြောကြားချက်အရ သိရသည်။

Wednesday, July 16, 2014

တက္ကသိုလ်နည်းပြနှင့် လက်ထောက်ကထိကများကို လစာတိုးပေးမည်


အဆင့်မြင့်ပညာကဏ္ဍ တက္ကသိုလ်ဆရာ၊ ဆရာမ လစ်လပ်နေရာများအတွက် စိတ်ဝင်စားသူ ပိုတိုးလာရန် တက္ကသိုလ်နည်းပြနှင့် လက်ထောက်ကထိကတို့ကို လစာတိုးပေးရန် ပညာရေးဝန်ကြီးဌာနက စီစဉ်ထားကြောင်း မိတ္ထီလာစီးပွားရေး တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ တင်ဝင်းက The Voice သို့ပြောကြားသည်။