From -ရွှေသန်းလေးဘလော့
မေး-ကိုကိုကြီး တို့ ရှစ်ဆယ့် ရှစ်မျိုးဆက်ကျောင်းသား အဖွဲ့ ကနိုင်ငံတော် အစိုးရ အဖွဲ့နဲ့ ဘယ် လောက် အ တိုင်း အတာ အထိ ပူးပေါင်းေ ဆာင်ရွက် သွားမယ်လို့ ဆုံးဖြတ် ထားလဲ။
ကိုကိုကြီး- အ ခု ကတော့ ကျွန် တော် တို့ ထင် ထင်ရှားးရှား ဆို ရင် အ လုပ် သ မား တွေ လုပ်ခ လ စာ နဲ့ ပတ် သက် တဲ့ ပဋိ ပက ၡေတြ အဲဒီ့ ကိစ ၥေတြ မွာ ကျွန် တော် တို့ တော် တော် များ များ ပူးပေါင်း ဆောင် ရွက် နိုင်ခဲ့ ပါ တယ်။ အခု ဆို ရင် စက် ရုံ လေး ဆယ် လောက် နီးပါးမှာ ကျွန် တော် တို့ ရှစ် ဆယ့် ရှစ် မျိုး ဆက် ကျောင်း သား များ အ ဖွဲ့ ကနေ ကြား ၀ င်ပြီးတော့ ဆောင် ရွက် ပေးတာ တော်တော် များ များ ပြေ လည် ခဲ့ တယ် ။မြေ ယာ သိမ်း ဆည်း မှုတွေ နဲ့ ပတ်သက် ပြီး တော့
လည်း တစ် ချို့ ဟာ တွေ မှာ သက် ဆိုင် ရာ တာ ၀န် ရှိ တဲ့ သူတွေ လက် ထဲရောက်အောင် သိ ရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ရှိရင်လည်း ကျွန်တော်တို့ဆောင်ရွက်နေဆဲပဲပေါ့၊ မကြာသေးခင်က ကေအိုင်အို ဌာနချုပ်ကိုကျွနိတော်တို့ထဲကနေသွားခဲ့တယ်။ သွားပြီးတော့ ဟိုမှာရှိနေတဲ့အခြေအနေ ဘာတွေကွာဟနေနိုင်သလဲဆိုတာတွေ လေ့လာနိုင်ခဲ့တယ်။ တခြားအပိုင်းမှာလည်း ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် စောင့်ကြည့်လေ့လာတဲ့ကွန်ယက်ဖွဲ့ပေးပြီးလုပ်နိုင်ခဲ့တယ်။ နယ်ပယ် အတော်များများမှာတော့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နိုင်ခဲ့ပါတယ်။
လည်း တစ် ချို့ ဟာ တွေ မှာ သက် ဆိုင် ရာ တာ ၀န် ရှိ တဲ့ သူတွေ လက် ထဲရောက်အောင် သိ ရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ရှိရင်လည်း ကျွန်တော်တို့ဆောင်ရွက်နေဆဲပဲပေါ့၊ မကြာသေးခင်က ကေအိုင်အို ဌာနချုပ်ကိုကျွနိတော်တို့ထဲကနေသွားခဲ့တယ်။ သွားပြီးတော့ ဟိုမှာရှိနေတဲ့အခြေအနေ ဘာတွေကွာဟနေနိုင်သလဲဆိုတာတွေ လေ့လာနိုင်ခဲ့တယ်။ တခြားအပိုင်းမှာလည်း ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် စောင့်ကြည့်လေ့လာတဲ့ကွန်ယက်ဖွဲ့ပေးပြီးလုပ်နိုင်ခဲ့တယ်။ နယ်ပယ် အတော်များများမှာတော့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နိုင်ခဲ့ပါတယ်။
မေး - ဒါဆို
နိုင်ငံတော်အစိုးရနဲ့ ကိုကိုကြီးတို့ရဲ့လက်ရှိပူးပေါင်းဆောင်ရွက်မှုကို
ရှစ်ဆယ့်ရှစ်အနေနဲ့ အနာဂတ်စိတ်ကူး မြေပုံရဲ့ပန်းတိုင်ကို ဘယ်လောက်အထိ
မျှော်မှန်းထားလဲ။
ကိုကိုကြီး - ကျွန်တော်တို့ဟာ
တကယ့်တကယ်ကျတော့ အစိုးရတွေဆိုတာက သက်ဆိုင်ရာ သတ်မှတ်တဲ့
သက်တမ်းတစ်ခုပဲခံတာပါ၊ ထာဝရတည်တံ့တာက ပြည်သူတွေပါ၊
ဆိုလိုတာကကိုယ့်နိုင်ငံသား ပြည်သူတွေရဲ့ အကျိုးစီးပွါးကို
ဆောင်ရွက်နိုင်ဖို့က ထာဝရ ရည်မှန်းချက်ပါ။ အစိုးရတစ်ဖွဲ့နဲ့ အဆင်ပြေဖို့
နားလည်မှုရဖို့ဆိုတာက တစ်ခဏပါ၊ သက်တမ်းတစ်ခုစာပါ။ ဒါပေမယ့်
ကျွန်တော်တို့ကတော့ ဖြစ်နိုင်ရင် ဒီနိုင်ငံသားတွေ အကျိုးစီပွါးကို
အာမခံချက်ပေးနိုင်မယ့် ဥပဒေမျိုးတွေ အကြံပြုဖို့၊ နိုင်ငံသား
အကျိုးစီးပွါးကို ထိခိုက်နေတယ်လို့ ထင်ရတဲ့ ဥပဒေတွေ နောက်တစ်ခါ ဒီလို
အကြောင်းကိစ္စတွေနဲ့ ပတ်သက်လို့ရှိရင် ကျွန်တော်တို့က ရပ်တည်ပြီးတော့
ဖေါ်ထုတ်တင်ပြဖို့ ဆက်ပြီးဆောင်ရွက်သွားမယ်။
မေး-အကိုတို့က
အောက်ခြေပြည်သူတွေခံစားနေရတဲ့ အရာတိုင်းမှာလိုက်ပါဆောင်ရွက်ပေးနေတော့
လက်ရှိအစိုးရနဲ့ ဆက်လက် ပူးပေါင်းဆောင်ရွက်မှုမှာ အကိုတို့ကို
ယုံကြည်မှုပိုရှိလာအောင် ဘယ်လို ဆက်လုပ်ဖို့ရှိလဲ။
ကိုကိုကြီး-ကျွန်တော်ကတော့ ကျွန်တော်တို့ကို ယုံကြည်ပါလို့တောင်းဆိုနေစရာမလိုဘူးလို့ဘဲမြင်တယ်။ အလုပ်လုပ်ကြည့်ရင်းနဲ့
ကျွန်တော်တို့
သဘောထားကို လူကြီးတွေ သိလာလိမ့်မယ်။ လက်ခံလာလိမ့်မယ်။ ဥပမာဆိုလို့ရှိရင်
ယုံကြည်မှုဆိုတဲ့ကိစ္စက အလုပ်သမား အငြင်းပွါးမှုကိစ္စတွေ ဖြေရှင်းတဲ့အချိန်မှာ
အလုပ်ရှင်ဘက်ကရော အလုပ်သမားဘက်ကရောပူးပေါင်းဆောင်ရွက် ထိတွေ့ကြတယ်။
ကျွန်တော်တို့က အလုပ်သမားပြောသမျှ အလုပ်သမားလုပ်သမျှ မှန်တယ်ဆိုတာမျိုး
မဟုတ်ဘူး။ အလုပ်ရှင်ဘက်က အခက်အခဲ၊ သူတို့ဘယ်လောက်အထိ
ညှိုနှိုင်းဆောင်ရွက်ပေးနိုင်သလဲဆိုတဲ့ အခြေအနေပေါ်မှာ မူတည်ပြီးတော့ပဲ
ကြားဝင်ဆောင်ရွက်ပေးပါတယ်။ အဲဒီအခါကြတော့နှစ်ဘက်စလုံးကနေပြီးတော့
ယုံကြည်မှုရတယ်။ အဲဒီတော့ ယုံကြည်မှုဆိုတဲ့ကိစ္စက အလုပ်နဲ့ပဲ
တည်ဆောက်လို့ရတယ်လို့ ကျွန်တော်မြင်တယ်။နိုင်ငံတော်အကြီးအကဲတွေနဲ့
ပတ်သက်လို့ရှိရင်လည်း ကျွန်တော်တို့ဘက်က ဘာလုပ်လုပ် ဆန့်ကျင်နေတယ်
ဆိုတာမျိုး ကျွန်တော်တို့ လူချင်းမထိတွေ့နိုင်ခင်တုန်းက လုံခြုံရေး
အဖွဲ့အစည်းတွေတင်တဲ့
ရီပို့(အစီရင်ခံစာ)တွေပေါ်မှာ မူတည်ပြီးတော့
ဆုံးဖြတ်ကြတယ်။ အခုကြတော့ လူချင်းတွေ့တယ်၊ ကျွန်တော်တို့
ပွင့်ပွင့်လင်းလင်း ပြောတယ်ဆိုတာလည်း လူကြီးတွေ လက်ခံတယ်။ ကျွန်တော်တို့
ပြောစရာရှိရင်ပြောတယ်။
အရင်ကလည်းပြောတယ်၊ အခုလည်းပြောတယ်။ ဒါပေမယ့်
တကယ် ကျွန်တော်တို့ နိုင်ငံသားတွေအတွက် အကျိုးရှိမယ့်ကိစ္စမျိုး
အခက်အခဲတွေဖြေရှင်းနိုင်မယ့်ကိစ္စမျိုးတွေဆိုရင်
တတ်နိုင်သမျှပူးပေါင်းဆောင်ရွက်တယ်။ အဲဒီလိုလုပ်ရင်းနဲ့ပဲ ကျွန်တော်တို့
အပေါ်မှာ ယုံကြည်မှုရလာတယ်လို့ ထင်တယ်။
မေး-ဒါဆိုရင်
သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေ မြို့နယ်၊ ခရိုင်၊ တိုင်း၊
ပြည်နယ်အဆင့် လူတွေကရော သူတို့ဘက်က ယုံကြည်မှုပေးပြီးတော့ အကိုတို့နဲ့
ပူးပေါင်းဆောင်ရွက်တာမျိုးရှိလား။
ကိုကိုကြီး-ပြည်ထောင်စုအဆင့်
တာဝန်ရှိတဲ့လူတွေက ဆုံးဖြတ်ရဲတယ်၊ တာဝန်ယူရဲတယ်၊ ဘာကြောင့်လည်း ဆိုတော့
သူတို့က ဥပမာအားဖြင့်နိုင်ငံတော်သမ္မတကြီးနဲ့ နီးနီးစပ်စပ်
နေတဲ့လူတွေဆိုလို့ရှိရင်သမ္မတကြီးကိုက ပြုပြင်ပြောင်းလဲချင်တယ်လို့
ယုံကြည်တဲ့အတွက်ကြောင့် သူတို့က ပြုပြင်ပြောင်းလဲဖို့ ၀န်မလေးဘူး။
အောက်ခြေမှာကြတော့ သူတို့က တစ်ချိန်တုန်းက ကျွန်တော်တို့ကို အတိုက်အခံတွေ
သပိတ်ခေါင်းဆောင်တွေလို့ ယူဆထားတဲ့ မြင်ထားတဲ့ သူတွေကို ဆက်ဆံလိုက်ရင်
သူတို့ရဲ့ တည်ဆဲ အနေအထားကို ထိခိုက်သွားမလား။ တစ်ခုခုဖြစ်ရင် ဘယ်သူက
တာဝန်ယူမလဲဆိုတဲ့ကြောင့်ကျစိတ်မျိုးရှိတဲ့ အခါကြတော့ သူတို့က ရဲရဲတင်းတင်း
မဆက်ဆံရဲဘူး။ သူတို့က အစဉ်အလာပုံစံအတိုင်းပဲ လူတွေကိုဘာမှ ခွင့်မပြုတာ
အရင်အတိုင်းဆို ဘာမှပြဿနာ မရှိဘူး။ တစ်ခုခုဖြစ်လို့ရှိရင်
ငါပြဿနာတက်လိမ့်မယ်၊ ငါဒုက္ခရောက်လိမ့်မယ်ဆိုတဲ့ ကြောက်စိတ်နဲ့
သူတို့ကကျွန်တော်တို့နဲ့ဆက်ဆံရေးကို တွန့်ဆုတ်နေတယ်။ ပြဿနာက တာဝန်ယူမှုပြဿနာ
ထိပ်ပိုင်းကလူတွေက ဒါလုပ်မယ်၊ တာဝန်ယူရဲတယ်။ အောက်မှာကြတော့ ခုနကပြောသလို
လက်ရှိအခြေအနေကနေ ပြုပြင်ပြောင်းလဲမှုတစ်ခုခုလုပ်လိုက်တယ်၊
ဘယ်သူတာဝန်ယူမလဲ
ဆိုတဲ့ဟာကို သူတို့အတွက်အာမခံချက်မရှိဘူး။ မရှိတော့ ပြုပြင်ပြောင်းလဲမှု
လုပ်တာထက်စာရင် အရင် အတိုင်းနေတာက သူတို့အတွက် သက်တောင့်သက်သာရှိတယ်။
အဲဒီ့အခြေအနေဖြစ်နေတော့ ကျွန်တော်တို့ အောက်ခြေတွေ သက်ဆိုင်ရာ ဌာနဆိုင်ရာ
အဖွဲ့အစည်းတွေနဲ့ ဆက်ဆံတဲ့အခါ အောက်ခြေမှာ နွေးထွေး မှုမရှိဘူး။
ရင်းနှီးမှုမရှိဘူး။ လူပုဂ္ဂိုလ်ချင်းထိတွေ့မှုလည်း မရှိတဲ့အတွက်ကြောင့်
နားလည်မှုလည်း မရနိုင်ဘူး။
နယ်တစ်ခုသွားတယ်ဆိုရင် အဲဒီ့နယ်က
အုပ်ချုပ်ရေးအရာရှိတွေ သက်ဆိုင်ရာ ဌာနဆိုင်ရာ အရာရှိတွေနဲ့လည်း
ကျွန်တော်တို့က ဆက်ဆံချင်တယ်၊ ရင်းရင်းနှီးနှီးဆက်ဆံချင်တယ်။ ဆက်ဆံမှ
သူတို့ကျွန်တော့်အကြောင်းသိမယ်၊ အခုကတော့ သူတို့ကလည်း မဆက်ဆံရဲဘူး၊
မဆက်ဆံရဲဘဲနဲ့ အဝေးကနေပဲလှမ်းပြီးတော့ တားမြစ်တာတို့ ဟန့်တားတာတို့
ဆိုတဲ့ဟာတွေကို အဝေးကနေပဲ လှမ်းလုပ်နေတယ်။ ကျွန်တော်တို့နဲ့
မထိတွေ့နိုင်ဘူး။ အဲဒါအခက်အခဲတစ်ခုလို့ ကျွန်တော်မြင်တယ်။
မေး-နယ်တွေကိုသွားရင် ဒီ့ထက်ကြီးမားတဲ့အခက်အခဲကရော ဘာတွေထပ်တွေ့ရသေးလဲ။
ကိုကိုကြီး-တစ်ခါတစ်လေကြတော့ ကျွန်တော်တို့ကိုကန့်သတ်တဲ့တားမြစ်တဲ့အမိန့်တွေဟာ ဘယ်အဆင့်က လာတာလဲလို့ မှန်းလို့မရဘူး။
ဥပမာအားဖြင့်
တစ်ချို့ကိစ္စတော်တော်များများက ပြည်ထဲရေးကကိုင်တယ်၊ ဒီလိုမျိုး
လုံခြုံရေး တင်းကြပ်တဲ့ကိစ္စ ထိန်းချုပ်တဲ့ကိစ္စတွေက၊ အဲဒါဆိုရင်
ဘယ်အဆင့်လောက်နဲ့ ဆက်သွယ်ပြီးမှနားလည်မှုရမလဲဆိုတာမှန်းလို့မရဘူး။ အခုကတော့
နားလည်မှုနဲ့ လုပ်နေကြတဲ့သဘောဖြစ်နေတယ်။ ကျွန်တော်တို့က လူကြီးတွေနဲ့
တွေ့ဆုံဆွေးနွေးတယ်ဆိုတာကိုလည်း
အခုမီဒီယာတွေမှာပါနေပြီ၊ သိနေပြီဆိုတော့ အောက်ခြေကသက်ဆိုင်ရာပုဂ္ဂိုလ်တွေက မှန်းပြီးတော့ သြော်..
သူတို့ဒီလောက်ဆက်ဆံနေပြီဆိုတော့
ငါတို့ဒီလောက်တော့ ခွင့်ပြုလို့ရမလား၊ အန္တရာယ်များဖြစ်မလား၊ သူတို့က
သူတို့ဘာသာသူတို့ ချင့်ချိန်ပြီးတော့ တုန့်ပြန်နေတဲ့ သဘောမျိုး ဖြစ်နေတယ်။
မေး-ဒါဆိုရင်
ပြည်ထောင်စုအဆင့်လူကြီးတွေ အကိုတို့နဲ့တွေ့ထားတဲ့လူတွေကပဲ
သူတို့ရဲ့အောက်ခြေ အဆင့်အဆင့်က လူတွေကို ဘယ်လိုဆက်ဆံရမလဲဆိုတာညွှန်ကြားဖို့
အားနည်းနေတယ်လို့ယူဆတာလား။
ကိုကိုကြီး-အဲဒါကြတော့လည်း
တစ်ခုပြဿနာရှိတယ်။ အခုအထိ ကျွန်တော်တို့က ပြည်ထဲရေးဝန်ကြီးအဆင့်နဲ့
ဆက်ဆံရတာ မရှိသေးဘူး။ သူတို့နဲ့ ရင်ဆိုင်ရတာတွေ အားလုံးက
ပြည်ထဲရေးဝန်ကြီးဌာန
လက်အောက်မှာရှိတဲ့မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ရဲတို့
မြို့နယ်မှုးတို့ဆိုတာတွေ အားလုံးက ပြည်ထဲရေး လက်အောက်ခံတွေ ဖြစ်နေတယ်။ အဲဒီတော့ ကျွန်တော်တို့က နယ်လှည့်တဲ့အခါ လူထုနဲ့
တွေ့ဆုံဆွေးနွေးတဲ့အခါတွေ
အားလုံးမှာ ကျွန်တော်တို့နဲ့ထိပ်တိုက်တွေ့နေတယ်။ အဓိက ကျွန်တော်တို့နဲ့
ရင်ဆိုင်ရတဲ့ ပုဂ္ဂိုလ်များသည် ပြည်ထဲရေးဝန်ကြီးဌာနက ပုဂ္ဂိုလ်တွေ ဖြစ်နေတယ်။
မေး-အဲဒီပုဂ္ဂိုလ်တွေက အကိုတို့ ဆန္ဒရှိသလို ပူးပေါင်းဆောင်ရွက်လာဖို့ သူတို့တွေကို ဘယ်လိုမျိုး ဖြစ်လာ စေချင်လဲ။
ကိုကိုကြီး-ကျွန်တော်တို့နိုင်ငံရဲ့ဖွဲ့စည်းပုံက ပြည်ထဲရေးဝန်ကြီးသည် တစ်နိုင်ငံလုံးရဲ့ ပြည်ထောင်စုအစိုးရ ဖြစ်နေတယ်၊
အစိုးရအဖွဲ့ဝင်ဖြစ်နေတယ်။
တစ်ဖက်က တိုင်းနဲ့ဒေသဆိုင်ရာ ၀န်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ကလည်းရှိနေတယ်။
ဒါကဒီဘက်မှာရှိတဲ့ ဖွဲ့စည်းပုံပြဿနာ။ နောက်တစ်ခုက ကျွန်တော်တို့ကိုက
ပါတီလည်းမဟုတ်ဘူး။ မှတ်ပုံတင်ထားတဲ့ အဖွဲ့အစည်းလည်း
မဟုတ်သေးတဲ့အတွက်ကြောင့် ကျွန်တော်တို့ကို တရားဝင် ဘယ်လိုဆက်ဆံမလဲဆိုတာ
ပြောရရင် ပုံမှန်မဟုတ်တဲ့ ဆက်ဆံရေးတွေနဲ့ဘဲ သွားနေရတဲ့သဘောဖြစ်နေတယ်။
တကယ့်တကယ်ဆိုရင်
ကျွန်တော်တို့ကလည်း ကျွန်တော်တို့ လုပ်သာကိုင်သာရှိတဲ့
အခြေအနေမျိုးဖြစ်ရင် ကျွန်တော်တို့လည်းမှတ်ပုံတင်မယ်၊ ကျွန်တော်တို့လည်း
အဖွဲ့အစည်းတစ်ခုဖြစ်မယ်။ အဖွဲ့အစည်းတစ်ခုအနေနဲ့ ကိုယ်စားပြုပြီးတော့
သက်ဆိုင်ရာပုဂ္ဂိုလ်တွေနဲ့ဆွေးနွေးမယ်။ အခုကျွန်တော်တို့ ဖြစ်နေတဲ့ဟာကတော့
ပြောရရင် အင်ဖေါ်မယ်ပဲ။ ပုံမှန်ဆက်ဆံရေး အခြေအနေဆိုတာထက်ကို နားလည်မှုနဲ့
သွားနေရတဲ့ အခြေအနေပုံစံပါပဲ။
မေး-ကိုကိုကြီးတို့
ရှစ်ဆယ့်ရှစ်နဲ့ နိုင်ငံတော်အစိုးရနဲ့ ရှေ့ဆက်
ပူးပေါင်းဆောင်ရွက်သွားဖို့ရာ ဒီအခက်အခဲ တွေက ဘယ်လောက်အထိသက်ရောက်မှုရှိလဲ။
ကိုကိုကြီး-အဲဒါကျွန်တော်ထင်ပါတယ်၊ကျွန်တော်တို့လည်းအခုရှိနေတဲ့
တည်ဆဲအခြေခံအဆောက်အအုံထဲမှာ ပုံစံတစ်ခုခု စဉ်းစားကြရအောင်၊ တစ်ဘက်ကလည်း
ကျွန်တော်တို့ကို အင်န်ဂျီအိုမှတ်ပုံတင် ဥပဒေလိုဟာမျိုးဟာ
ကျယ်ကျယ်ပြန့်ပြန့်
နိုင်ငံသားတွေ ပါဝင်လုပ်နိုင်အောင် သူတို့ဘက်က ပြင်ပေးဖို့
ကြိုးကိုကြိုးးစားပေးရမယ်။ ကြိုးစားပေးမှ ကျွန်တော်တို့လို
အဖွဲ့အစည်းမျိုးတွေက တကယ်လို့ ပါတီမလုပ်ချင်ရင်လည်း ဒီအလုပ်တွေကိုပဲ
ဆက်လုပ်ဖို့ဆိုရင် အင်န်ဂျီအိုအနေနဲ့ မှတ်ပုံတင်ဖို့ လုပ်ရမယ်။ အခုတည်ဆဲ
မှတ်ပုံတင်ဥပဒေတွေ အရကတော့ ကျွန်တော်တို့တွေ သွားလုပ်လို့မရဘူး။ ပြင်ရမှာက
အကျယ်ကြီးပဲ။
မေး-နိုင်ငံတော်အစိုးရနဲ့ပူးပေါင်းဆောင်ရွက်ဖို့ပုံစံတစ်ခုခုနဲ့သွားမယ်ဆိုတာ
ဘယ်လိုပုံစံမျိုးနဲ့ သွားကြမယ်ဆိုတဲ့ စိတ်ကူး ရည်မှန်းချက်ပန်းတိုင်ကို
သိချင်ပါတယ်။
ကိုကိုကြီး-နိုင်ငံရေးဆိုတာက
ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာတွေ နိုင်ငံရေး ပါတီတစ်ခုအနေနဲ့ဆိုရင်
အဲဒီ့ဘက်ကို တာဝန်ယူမယ့်သူတွေကလည်း ပုံစံတစ်ခု ပြောင်းလာလိမ့်မယ်။
အဲဒါမဟုတ်ဘဲနဲ့ အခုရှိနေတဲ့အတိုင်းပဲ နိုင်ငံရေးပါတီမဟုတ်ဘဲနဲ့
အခြေခံအခွင့်အရေးတွေကို ဦးစားပေးပြီး ဆောင်ရွက်မယ့် အင်န်ဂျီအိုလို
အဖွဲ့အစည်းမျိုးတွေ တကယ်လို့
မှတ်ပုံတင်ခွင့်ရရင်လည်း အဲဒီ့ဘက်မှာ ပုံစံတစ်ခုနဲ့ ရှိလာမယ်။အဲဒီတော့ ပြောင်းသွားမှာပေါ့။
အခုလိုအချိန်ပေး ဖြေကြားပေးတဲ့ ကိုကိုကြီးကို ကျေးဇူးတင်ပါတယ်။
By - http://shwethanhtay.wordpress.com/ မှ ကူးယူပါသည်။
No comments:
Post a Comment