Saturday, August 4, 2012

အထူးသတင်း

 မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ် ပြသနာအတွင်း မွတ်စလင် အမျိုးသမီးများနှင့် ကလေးသူငယ်များအပါအ၀င် မွတ်စလင်ဘာသာဝင်များအား လူမျိုးတုံး သတ်ဖြတ်ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် တကမ္ဘာလုံးရှိ မွတ်စလင် hacker  များ ပူးပေါင်း ကာ မြန်မာပြည်အား DDos  နည်းပညာဖြင့် သြဂုတ်လ (၆) ရက်နေ့တွင် Cyber Attack ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။   မြန်မာနိုင်ငံသည် ၂၀၁၀ ရွေးကောက်ပွဲကာလတွင် အဆိုပါ DDos နည်းပညာဖြင့်  တိုက်ခိုက်ခံရဖူးပါသည်။ ထိုအချိန်က တစ်နိုင်ငံလုံးတွင် အင်တာနက် အသုံးမပြုနိုင်ဘဲ ဖြစ်သွားပါသည်။  အဆိုပါ Hacker အဖွဲ့တွင် Egyption Hacker Group က ဦးဆောင်ပြီး တမ္ဘာလုံးရှိ မွတ်စလင် Hacker များ ပူးပေါင်းပါဝင်မည်ဟု သိရသည်။ အဆိုပါ အဖွဲ့ အသုံးပြုမည့် Tool  မှာ HOIC( High Orbit Ion canon)  ဖြစ်ပါသည်။  အဆိုပါ  cyber attack Tool သည် သာမန် အင်တာနက် အသုံးပြုသူများပင် လွယ်ကူစွာ အသုံးပြုနိုင်ကြောင်း သိရသည်။ ရခိုင်ပြသနာနှင့် ပတ်သတ်ပြီး မွတ်စလင် ဘာသာဝင်များကို ဖိနှိပ်နေသည်ဟုသောသတင်းမှားများကို  ယုံကြည်နေသော သူများက တိုက်ခိုက်မှု့ကို ၀င်ရောက်စစ်ကူပေးနိုင်ပါသည်။မြန်မာပြည်၏ Network  Infrasturcture အား တိုက်ခိုက်လာပါက တစ်နိုင်ငံလုံး အင်တာနက် သုံးမရခြင်းမျိုးထိ ဖြစ်သွားနိုင်ပါသည်။။မြန်မာပြည်ကို ချစ်တဲ့ ပြည်တွင်းက မွတ်စလင်တွေခင်ဗျား  သတင်းမှားတွေ မဟုတ်မှန်ကြောင်း  တုံပြန် ပေးကြပါ။

( သတိပေးပါတယ်။ တစ်နိုင်ငံလုံး အင်တာနက်တွေ ကျ သွားနိုင်တယ်။ စီးပွားရေး အရ ဆုံးရှုံးမှု့တွေ ဖြစ်လာနိုင်ပါတယ်။မြန်မာပြည်ကို ချစ်တဲ့ ပြည်တွင်းက မွတ်စလင်တွေခင်ဗျား  သတင်းမှားတွေ မဟုတ်မှန်ကြောင်း  တုံပြန် ပေးကြပါ။ကာကွယ်နိုင်မည့် နည်းပညာများ နှင့် စက်ပစ္စည်းများအကြောင်း ကို  သိတဲ့ သူများ ဆွေးနွေးပေးကြပါ။)

15 comments:

  1. Anti DDos စက်ပစ္စည်းတွေ ရှိပါတယ်။

    ReplyDelete
  2. ပေါ့နေလို့ မဖြစ်ဘူးနော်၊ သဘက်ခါမှာ စတိုက်မှာ တစ်နိုင်ငံလုံး အင်တာနက် တွေ ပြတ်သွားနိုင်တယ်

    ReplyDelete
  3. တို့ မြန်မာက တာဝန်ရှိသူတွေ၊ ဂျာနယ်တွေကတော့ ဒီလို သတင်းကို စိတ်ဝင်စားကျမှာ မဟုတ်ဘူး၊ ဖြစ်မှ ခံကြကေါ့၊ မျက်ကန်း တစ္ဆာမကြောက်ဆိုတာ ဒါမျိုးပြောတာပေါ့

    ReplyDelete
  4. anyway, this news should be reached to MPT system administrators and know what to do but the tools that you say HOIC is nothing.. ;p don't worry that one, just worry another linux based dos tools and scripts. and there's nothing we can do cos we're not even from MPT ... :(

    ReplyDelete
  5. Low Orbit Ion Cannon ဆိုတာရှိခဲ့ဘူးတယ် နိုင်ငံတစ်ခုရဲ့ ISP ကိုတိုက်ခိုက်ဖို့ ဒီ tools တွေနဲ့ သက်ရောက်မှုရှိခဲ့ရင်တောင် မပြောပလောက်ပါဘူး နောက်တစ်ခုက မိတ်ဆွေတို့ကိုသိစေချင်တာက hacker တွေဒီလို
    tools တွေမသုံးဘူးဆိုတာပါဘဲ ...script kiddie လို့ခေါ်တဲ့ မတောက်တခေါက်ကလေးတွေ သုံးလေ့ရှိပါတယ်
    ဒါကြောင့်...ရေးသားသူကိုလည်းပြောချင်ပါတယ်မခြောက်ပါနဲ့ မြန်မာသားကောင်ပီသအောင်နေပါ....သတင်းမှန်ရင်ဘယ်မှာကြေငြာထားတယ်ဆိုတာဖော်ပြပါ.....အဲ့လိုမှမဟုတ်ရင်...blogger ရဲ့စိတ်ဓါတ်ကိုဖော်ပြပြီးသားဖြစ်နေတယ်....

    I'm Myanmar

    ReplyDelete
  6. အေးဆေးပါ၊ဘာမှမဖြစ်ပါဘူး၊

    ReplyDelete
  7. အပ်ါက Anonymous ပြောတဲ့ အတိုင်း အေးဆေးပါ။
    ဂျာနယ်တွေ မှာ ဗျူးတဲ့ သူတွေ ကွန်ပျူတာ အသင်း က လူတွေ က စီးပွားရေး လုပ်ငန်းရှင်တွေ အဖြစ် နစ်မြောရုန်းကန် ရတဲ့ ဘ၀တွေ ဆိုက်သွားလို့ နည်းပညာ တွေကို နေ့စဉ် လိုက် ခေါင်း မစားနိုင်တော့ ပဲ ဟက်ကင်းနည်းပညာ နဲ့ ဝေးနေကြပါပြီ။ သူတို့ပြောတိုင်း မယုံပါနဲ့ ။ ခု ဆိုင်ဘာ စစ် ဆိုတာ မှာ မြန်မာ ဘက်က သဘောလောက်ပြ ရုံရှိပါသေးတယ်။ တစ်ကယ် တတ်တဲ့ သူတွေ သိုင်းကွက် အစစ် မထုတ်သေးပါ။ ကျနော် သူငယ်ချင်းမြန်မာ တစ်ယောက်က တရုတ် စက်မှုတက္ကသိုလ် မှာ မြောက်ကိုရီးယား ကျောင်းသား သူငယ်ချင်းနဲ့ အတူ တရုတ် ဆာဗာ ဖေါက်ပြီး သယ်ခဲ့တဲ့ ဖေါက်သည် တစ်ယောက်ပါ။ တရုတ် ကိုတောင် ဖေါက် ခဲ့ ပါတယ် ဆိုမှ ကုလားလောက်တော့ ပါးပါးလေးပါ။

    ReplyDelete
  8. အင်း။ ဘာပဲဖြစ်ဖြစ်တတ်တဲ့သူတွေကိုအားကိုးပါတယ်။

    ReplyDelete
  9. မြန်မာနိုင်ငံကို hack ချင်ရင်..
    ငါ့ ဖိနပ် ကို အရင် ဟတ် ရလိမ့်မယ်..
    :D

    ReplyDelete
  10. today is 6 august.... nothings happened..... don't give us the wrong news again... what the F***

    ReplyDelete
  11. Today, August 9th 2012. Nothing happened with connections. Don't let wrong the news.

    ReplyDelete
    Replies
    1. တခြား ဆက်စပ်ဘလော့ မှာ ဒီကွန်မင့် တွေ့ နိုင်ပါတယ်။

      ( ကြက်တိုက်နေလို့ ဒီပွဲမပါလိုက်ရတဲ့ )သီလ၀August 16, 2012 9:59 PM

      သူတို့ က july 1 ထဲက https://www.facebook.com/OpMYANMAR ဆို

      page စထောင်တယ်။ အဲဒိက event http://www.facebook.com/events/242844015837240/ ဖန်တီပြီး တကမ္ဘာလုံးက မူဆလင် ဟက်ကာတွေ စု တိုက်တယ်။
      သူတို့ရဲ့ head Quarter https://www.facebook.com/OpMYANMAR ကို မြန်မာဟက်ကာတွေက ၁၅-၈-၂၀၁၂ က သိမ်းလိုက်ပါပြီ ။ သူတို့ OP ဒိုင်ပွဲရပ်နဲ့ မရှုမလှ ဂန့်သွားပါပြီ။ သူတို့က အင်ဒိုက ဟက်ကာ ၅ သောင်း ၊ ပါကစတန်က ၃ သောင်း စသည်ဖြင့်တော့ အော်လာတာပါပဲဗျာ။
      မြန်မာကတော့ ရွှေဖျဉ်းကြီး ၊ ရွှေဖျဉ်းလေး ကိုယ်တော် ၂ ပါးက လက်ရည် စမ်းနေပြီး ကျန်စစ်သား၊ ငလုံးလက်ဖယ် ၊ ညောင်ဦးဖီး တို့ က ၁၅ ရက်နေ မနက် ကျမှ ထွက်လာပြီး ငါးထွေရူးက ထန်းရည်သောက်ရင်း နောက်ကျ ကျန်ခဲ့တယ်။ ငါးထွေရူးလဲ ၀င်လာရော OP နောက်လိုက်တွေ event ပျောက်သွားပြီး ဘာလုပ်ရမှန်းမသိပဲ အရူးဖြစ် တန်းလန်းကျန်ခဲ့ပါတယ်။ ခုထိ မူဆလင်ဟက်ကာတွေ အူလည် ချာလယ် ဘာ လုပ်လို့ ဘာလုပ်၇မယ် မသိပဲ သူတို့ ပရိုဖိုင်းတွေ မှာ ငို ယို နေကြပါတယ်။ သူတို့ ဟက်ကာ ဂရုတွေ လည်း သိမ်းထားပါပြီ။
      ဒီ ဘလော့ဂါက ဒီသတင်း မရသေးဘူးလား။ ဒီသတင်းနောက် ဘလော့တခု ရေး တင်ပါဗျာ။ ကမ္ဘာ့ သမိုင်းမှာ အကြီးဆုံး ဟက်ကာ တပ်ကြီး ဖြုတ်ဆို ချုပ်သွား ရတာ မှ ဘလော့ လေးတခု နဲ့ ဂုဏ် မပြုနိုင်ဘူးလားဗျာ။ ဒါဆို နောက်တခါ ကျ ပွဲ တော်တော် ဆူမှ ပွဲ သိမ်း ရွှေ့ ကွက် ရွှေ့ မယ်နော။ ဒါဆိုလည်း ဟာဂျီ အောင်ဇော်မြင့်က နိုင်ငံရေး အမြတ်ထုတ်တယ်ပြောဦးမယ်။ ခုဆို သူငိုနေပြီ။ အစိုးရ အွန်လိုင်း လုံခြုံရေးမှာ မူဆလင် ကိုထားလို့ မူဆလင် ဟက်ကာရန်ကို ဘယ်တော့မှ မလုံ ဘူးဗျ။

      Delete
    2. မွန်လေးAugust 20, 2012 at 12:09 PM

      ဘုန်းကြီးကျောင်းသား။ ။ စိတ်ကူးယဉ်လား။ တကယ်လား။ စိတ်ကူးယဉ်တာဆိုရင် အရမ်းကို ရသမြောက်ပြီး။ တကယ်ဆိုရင် မြန်မာဟက်ကာတွေကို လေးစားပါတယ်။

      Delete
    3. If you the next မွန်လေး is really the same person above ။ If you see https://www.facebook.com/OpMYANMAR , not dream , but you not see you are uh dream, THe Event of their OP us really stop . But another plans by another Muslims may not be stop, because they do for earning Money, Myanmar Hacker is really little numbers . But no one is DEpression like you, If they continue to attack .mm site, Prevention is not only volunteer Myanmar Hackers is prevent to our country include you , but not for .mm site . For protect .mm site is GOV Tech duty . And GOV online secu is mix Muslims tech not pure Myanmar , How to safe muslim Hacker's attacking ? Attack more bd site is Myanmar Hacker Duty . But first must be clear is if attacked once more , that is by Begala hacker or not must sure, If some Muslims of Myanmar ( In and out country) wanna to cyber war can also create again, Many mislim in Myanmar has DDOS tools now.

      Delete
  12. မြန်မာ့သွေးဘယ်လောက်နီလဲပြလိုက်စမ်းပါ

    ReplyDelete