ရုပ်ရှင်ထုတ်လုပ်သူတစ်ဦးက ရုပ်ရှင်အစည်းအရုံးဥက္ကဌအပါအ၀င်
အဖွဲ့ဝင်အချို့အား နှုတ်ထွက်ပေးရန် လွှတ်တော်သို့တိုင်ကြားထားကြောင်း
ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးဇင်ဝိုင်းက
ယနေ့ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။
"သူတို့က မြန်မာနိုင်ငံဗီဒီယိုအခြေခံအစည်းအရုံး ဆိုပြီးခွဲထွက်မယ်လို့ခြိမ်းခြောက်လာပါတယ် စည်းလုံးညီညွတ်နေတဲ့ အစည်းအရုံးတစ်ခုပြိုကွဲမှာကြောက်လို့အတွင်းစည်းအနေနဲ့ဒီပြဿနာကိုညှိနှိုင်းခဲ့ပါတယ် မရတဲ့အတွက်ဒီလိုသတင်းစာရှင်းလင်းပွဲလုပ်ရတာပါ ကျွန်တော်အပါအ၀င် ရုပ်ရှင်အစည်းအရုံးက အတွင်းရေးမှုးကိုပါ နှုတ်ထွက်ဖို့တိုင်းကြားစာမှာထည့်သွင်းတိုင်းကြားထားတယ် " ဟု ဦးဇင်ဝိုင်းကပြောသည်။
မာန်ထက်ချီ ဗီဒီယိုထုတ်လုပ်ရေး ပိုင်ရှင် ဖြစ်သူ ဦးဝင်းကိုက ရုပ်ရှင်အစည်းအရုံးဥက္ကဌနှင့်အဖွဲ့ဝင်တစ်ချို့အား တိုင်ကြားခဲ့ခြင်းဖြစ်ပြီး အပတ်စဉ်ထုတ်ဂျာနယ်တစ်စောင်တွင်လည်း ဖော်ပြထားသောကြောင့် ရုပ်ရှင်အစည်းအရုံးမှ ပြန်လည်ဖြေရှင်းခြင်းဖြစ်သည်။
Messanger News Journal
ကောင်းပါတယ်။ ဒီလိုပဲပေါ့။ ဒါဖြစ်သင့်တာပေါ့။ ကိုယ်ကိုယ်တိုင်က ခြောက်ပစ်ကင်းသဲလဲစင်မဟုတ်ဘဲနဲ့ စောက်ကြီးစောက်ကျယ်လုပ်နေတဲ့ ဇင်ဝိုင်းကို အဲဒီလိုနှုတ်ထွက်ခိုင်းမှ
ReplyDelete