Tuesday, March 12, 2013

'ရန်ကုန်ဟာ တကယ်ကြီးကျယ်ခမ်းနားတဲ့ မြို့ကြီးဖြစ်ဖို့ လိုအပ်တဲ့အရည်အချင်းတွေ အားလုံး ရှိနေပါတယ်'


ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ ကိုလိုနီခေတ်လက်ရာ အ၊ဆောက်အအုံတစ်ခုကို တွေ့ရစဉ်။ လွင်ကိုတိတ်/မြန်မာတိုင်း(မ်)
ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ ကိုလိုနီခေတ်လက်ရာ အ၊ဆောက်အအုံတစ်ခုကို တွေ့ရစဉ်။ လွင်ကိုတိတ်/မြန်မာတိုင်း(မ်)
ရန်ကုန်မြို့ရှိ ကိုလိုနီဗိသုကာလက်ရာ အဆောက်အအုံများကို စနစ်တကျ ပြန်လည်ပြုပြင်
ထိန်းသိမ်းကာကွယ်နိုင်ရေးအတွက် ဆောင်ရွက်နေသည့် Yangon Heritage Trust (YHT) အား
တည်ထောင်သူတစ်ဦးဖြစ်သူ ဒေါက်တာ သန့်မြင့်ဦးအား လက်ရှိဆောင်ရွက်နေသည့်လုပ်ငန်းများ
နှင့် ပတ်သက်ပြီး မြန်မာတိုင်း(မ်)က မေးမြန်းထားသည်။

* ရန်ကုန်မြို့ ပြုပြင်ထိန်းသိမ်းရေး နဲ့ ပတ်သက်ပြီး YHT ရဲ့ အမြင်တွေကို
မကြာသေးမီ ကပဲ
သမ္မတကြီးထံ တင်ပြခဲ့တယ်လို့ သိရပါတယ်။ တင်ပြချက်ထဲမှာ
ဘာတွေပါသလဲဆိုတာ ပြောပြ
ပေးနိုင်မလား။
ကျွန်တော်တို့ တင်ပြချက်က နောင် ၁၀ နှစ်၊ အနှစ် ၂၀ မှာ ရန်ကုန်ဟာ ဒေသတွင်း မှာ အခြားမြို့
ကြီးတွေနဲ့ အပြိုင်ဖြစ်လာလိမ့်မယ်၊ ရန်ကုန်ကိုနေရာမှန်ရောက်ဖို့ နေချင်စဖွယ်လည်းဖြစ်၊ လှပတဲ့မြို့
လည်း ဖြစ်ဖို့ဆိုတာ တိုင်းပြည်ကအားထားရမယ့် ပညာရှင်တွေ၊ ဖန်တီးနိုင်စွမ်း မြင့်တဲ့လူတော်တွေ
ကို ဆွဲဆောင်ရာမှာ အရေးကြီးတဲ့အချက် ဖြစ်တယ်ဆိုတဲ့ အကြောင်းနဲ့၊ ဒါက ဒေါ်လာဘီလျံနဲ့ချီ
တန်တယ်လို့ ပြောရင်လည်းဖြစ်တယ်၊ သဘာဝဓာတ်ငွေ့တွေ၊ ကျောက်စိမ်းကရတာတွေ အားလုံး
ပေါင်းတာထက်လည်းပိုတယ်လို့ပြောချင်တာဖြစ်တယ်။
အပိုင်းလေးပိုင်းပါဝင်တဲ့ ပါဝါပွိုင့် Presentation ကိုတင်ပြခဲ့တာဖြစ်ပြီး ဒါအတွက် ကျွန်တော်တို့
တစ်တွေ ပြီးခဲ့တဲ့ သီတင်းပတ်ပေါင်းများစွာ ပြင်ဆင်ခဲ့ကြပါတယ်။
ပထမဆုံးအပိုင်းကတော့ ၂၁ ရာစု ထင်ရှားတဲ့မြို့ကြီးတွေ့ရဲ့ ကြီးကျယ်ထင်းရှားရတဲ့ အကြောင်းရင်း
ကို တင်ပြတာဖြစ်ပါတယ်။
ဒီမြို့ကြီးတွေဟာ ခောတ်မီရုံတင်မက နေတဲ့သူတွေ အားလုံးအတွက် အဆင်ပြေတယ်။ အများ
ပြည်သူသုံး ပန်းခြံတွေ၊ ကွက်လပ်တွေ အများကြီးနဲ့ နေချင်စဖွယ်ကောင်းတယ်။ အများသုံး
သယ်ယူပို့ဆောင်ရေး စနစ်တွေ ကောင်းရုံမက လွတ်လွတ်လပ်လပ်လည်း လမ်းလျှောက်သွားလာ
နိုင်မယ့် မတူညီတဲ့ယဉ်ကျေးမှုတွေ အားလုံးကိုလည်း လက်ခံပြီးပေါင်းစည်းတည်ရှိမယ်။
ဒါ့ပြင် ဗိသုကာလက်ရာတွေ အပါအ၀င် မိမိရဲ့အမွေအနှစ်တွေကို ကာကွယ်ထိန်းသိမ်းထားတဲ့
အတွက် သူမတူတဲ့အလှအပတွေရှိတယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။
ဒုတိယပိုင်းမှာတော့ ရန်ကုန်ဟာလည်း တကယ်ကြီးကျယ်တဲ့မြို့ကြီးဖြစ်ဖို့ လိုအပ်တဲ့ ဒီအရည်
အချင်းတွေ အားလုံးရှိနေကြောင်းနဲ့ ကျွန်တော်တို့မှာရှိတဲ့ အဖိုးမဖြတ်နိုင်တဲ့ အမွေအနှစ်တွေကို
ပြသပါတယ်။
ရွှေတိဂုံစေတီတော်ကို မြို့နေရာအနှံ့က ဖူးမြော်ရတဲ့ ရှုမြင်ကွင်း တွေကအစ မြို့လယ်က ဗိသုကာ
လက်ရာ အစုအဝေးတွေ၊ ရေကန်တွေနဲ့ ဥယျာဉ် သစ်ပင်တွေ၊ ကွက်လပ်ရင်ပြင်တွေအထိ ပါဝင်ပါ
တယ်။
တတိယပိုင်းမှာ ဘာကြောင့် ချက်ချင်းလက်ငင်းလုပ်ဖို့ အရေးကြီးတဲ့အကြောင်းကို ရှင်းပြတာ ဖြစ်ပါ
တယ်။
ကျွန်တော်တို့ရဲ့ မြို့ပြအမွေအနှစ်တွေ ဆုံးရှုံးသွားနိုင်တဲ့အခြေအနေ ကြောင့်တင်မဟုတ်ဘဲ ဒီအချိန်
ဟာ နိုင်ငံတကာရဲ့စိတ်ဝင်စားမှုကို အများကြီးရရှိနေချိန်ဖြစ်ပြီး (စီးပွားရေးအရရင်း နှီးမြှုပ်နှံချင်တဲ့သူ
တွေရော၊ လူမှုရေး ကူညီချင်သူတွေ ပါဝင်ပါတယ်) ဒီစိတ်ဝင်စားမှုကို အကြာကြီး ထိန်းနိုင်ဖို့မလွယ်
တဲ့ အတွက် အားလုံးကိုတွဲစပ်ပြီး အမြန်ဆုံး အကောင်အထည်ဖော်နိုင်ဖို့လိုကြောင်း တင်ပြခဲ့ပါ
တယ်။
နောက်ဆုံးပိုင်းမှာတော့ ဘာတွေစပြီး လုပ်ဖို့လိုတယ်ဆိုတာကို ဖော်ပြပါတယ်။ ဇုန်သတ်မှတ်ပြီး
ဥပဒေနဲ့ ကာကွယ်ဖို့၊ အခိုင်အမာကာကွယ်ထိန်းသိမ်းဖို့လိုတဲ့ အဆောက်အအုံစာရင်းပြုစုဖို့၊
သက်ဆိုင်တဲ့ စီမံအုပ်ချုပ်မှု အစီအစဉ်တွေကို ပြန်လည်သုံးသပ်ဖို့၊ လက်တွေ့ကျတဲ့ ငွေကြေး
ထောက်ပံ့မှုအစီအစဉ်စတာ တွေနဲ့တကွ ရန်ကုန်မြို့လယ် စည်ပင်ဖို့ အတွက် အများပြည်သူနဲ့
အထူးစီမံချက် တွေဆောင်ရွက်ဖို့ ပါဝင်ပါတယ်။
* သမ္မတကြီးက ဘယ်လိုတုံ့ပြန်သလဲ။ ဆက်လက်ခွင့်ပေးပါသလား။
သမ္မတကြီးက အင်မတန် အားရဖွယ်ရာတုံ့ပြန်ပါတယ်။ သူက ကျွန်တော်တို့ ဘာလိုချင်သလဲဆို
တာ ချက်ချင်းပဲ သဘောပေါက်ပြီး ဆောင်ရွက်ဆဲမြို့ပြစီမံမှု အစီအစဉ်တွေကိုတောင် ပြန်စဉ်းစားဖို့
လိုတယ်ဆိုတာပြောပါတယ်။
ကျွန်တော်တို့ကိုလည်း အသေးစိတ် အဆင့်ဆင့်လုပ်ရမယ့် အစီအစဉ်တွေ တင်ပြရမယ်ပြောလို့
ကျွန်တော်တို့ ပြင်ဆင်နေပါတယ်။
အများပြည်သူကို အသိပေးဖို့၊ မီဒီယာတွေကနေတစ်ဆင့် ကျွန်တော်တို့ရဲ့စိတ်ကူးတွေကို ရှင်းပြဖို့
လည်း သမ္မတက အကြံပေးပါတယ်။
* ရန်ကုန်မြို့တော်စည်ပင်လို အခြားအာဏာပိုင်အဖွဲ့တွေဆီကိုရော စီမံကိန်းကို
တင်ပြခဲ့
သေးလား။ သူတို့ကရော ဘယ်လိုတုံ့ပြန်သလဲ။ အကောင်အထည်ဖော်ဖို့
အတွက် အဓိက
ပူပန်ရမယ့်အရာက ဘာဖြစ်မလဲ။
ကျွန်တော်တို့က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ရန်ကုန်စည်ပင်သာယာရေးကော်မတီတို့နဲ့
အတူ အလုပ်လုပ်ကိုင်နေကြပါတယ်။
အထူးသဖြင့် ထိန်းသိမ်းစောင့်ရှောက်ဖို့လိုတဲ့ ဇုန်ဧရိယာ တွေသတ်မှတ်ပြီး ကန့်သတ်ချက်နဲ့စည်း
မျဉ်းတွေ၊ ဥပဒေတွေရေးဆွဲထုတ်ပြန် နိုင်ဖို့ ဆောင်ရွက်နေကြတာဖြစ်ပါတယ်။
အထူးသဖြင့် ရွှေတိဂုံစေတီတော် ၀န်းကျင်နဲ့ ရန်ကုန်မြို့လယ်အတွက် ဦးစားပေး ပြင်ဆင်နေပါ
တယ်။
ကျွန်တော်တို့အတွက် စိန်ခေါ်မှုက စည်းမျဉ်းဥပဒေအသစ် ထုတ်ပြန်ခြင်း မဟုတ်ဘဲ ရှေ့ဆက်ပြီး
ကြီးကြပ်ဖို့၊ ဥပဒေ နဲ့ညီညွတ်အောင် ဆောင်ရွက်နိုင်ဖို့ အပြင် စည်းမျဉ်းစည်းကမ်းအားလုံးဟာ ဒီမှာ
အမှီပြုနေထိုင်တဲ့ သာမန်လူတွေ အပေါ် ပထမဆုံးအကျိုးကျေးဇူး ရရှိနိုင် စေဖို့အတွက် ဖြစ်ပါတယ်။
ကျွန်တော်တို့တွေ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဟိုတယ်ခရီးဝန်ကြီးဌာန၊ သယ်ယူပို့ ဆောင်ရေး
ဝန်ကြီးဌာနတို့မှ ပြည်ထောင်စု ၀န်ကြီးများနဲ့လည်း တွေဆုံတင်ပြခဲ့ပြီး သမ္မတရုံး ပြည်ထောင်စုဝန်
ကြီး ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်တို့နဲ့လည်း အကြိမ်များစွာ တွေ့ခွင့်ရခဲ့ပါတယ်။
* စတင်အကောင်အထည်ဖော်ရာမှာ ပထမခြေလှမ်းက ဘာဖြစ်မလဲ။ လုပ်ဆောင်
နေပြီလား။
ကျွန်တော်တို့အားလုံး အဘက်ဘက် မျက်နှာစာတွေအားလုံးမှာ ရှေ့တိုးဖို့ အားထုတ်နေကြတာပါ။
ဥပဒေသစ်တွေ၊ လမ်းညွှန်မှုအသစ်တွေကစလို့ ပြည်သူကို အသိပေးစရာတွေ၊ အရေးကြီးတဲ့
အဆောက်အအုံတွေကို သတ်မှတ်ဖို့ ကမ္ပည်းပြားထိုးဖို့တွေ၊ ပေါ်လစီပိုင်းနဲ့ စီမံဖို့အပိုင်းမှာ ပြန်လည်
သုံးစပ်စရာတွေ၊ တကယ်ပြင်ဆင်မှုစရမယ့် ပရိုဂျက်တွေ၊ ဒါ့အပြင် အဆောက်အအုံဟောင်းတွေ မှာ
နေထိုင်တဲ့ ၀င်ငွေနည်းမိသားစုတွေကို ကူညီပေးရမှာတွေအထိ အားလုံး ပါဝင်ပါတယ်။
ချက်ချင်းလုပ်ရမှာကတော့ သမ္မတကြီးတောင်းဆိုတဲ့အဆင့်လိုက် လုပ်ဆောင်စရာတွေကို
ပြန်လည် တင်ပြဖို့ဖြစ်ပါတယ်။
* ရန်ကုန် ၂၀၄၀ စီမံကိန်းထဲမှာ ဒီ ထိန်းသိမ်းရေးစီမံချက်ကို ထည့်သွင်းနိုင်ဖို့
အတွက် မြို့တော်
စည်ပင်၊ JICA တို့နဲ YHT က အတူလုပ်နေတာ ရှိပါသလား။
ဟုတ်ကဲ့။ ကျွန်တော်တို့ ရန်ကုန် စည်ပင်နဲ့ရော၊ JICA နဲ့ပါ တွဲဖက် လုပ်ကိုင်နေပါတယ်။ ကျွန်တော်
တို့နဲ့ ဆွေးနွေးမှုအပြီးမှာ JICA ကပြုပြင် ထိန်းသိမ်းမှုဆိုင်ရာ ကျွမ်းကျင်သူ (conservation
expert) တစ်ယောက် ကို ချက်ချင်းခေါ်ခဲ့ပြီး အခုဆိုကျွန်တော်တို့နဲ့နေစဉ်နီးပါး အဆက်အသွယ်
ရှိနေပါတယ်။
ကျွန်တော်တို့တွေ ဥရောပသမဂ္ဂ၊ နယ်သာလန်နဲ့ ဩစတြေလျကပေးမယ့် သင်တန်းတွေအတွက်
လည်း အတူတကွ စီစဉ်နေပါတယ်။
သမ္မတကြီးကလည်း ရန်ကုန်မြို့ပြ စီမံကိန်းအသစ်ကို ကျွန်တော်တို့ရဲ့ ထိန်းသိမ်းရေးအမြင်နဲ့
ကြည့်ပြီး ပြင်စရာရှိတာပြင်နိုင်ဖို့ လမ်းဖွင့် ပေးပါတယ်။
* ဖြိုချတော့မယ့် အဆောက်အအုံက မိသားစုတွေနဲ့ မကြာသေးမီကတွေ့ခဲ့တယ်
ဆိုတော့
အဲဒီအဆောက်အအုံ ဖြိုဖို့အတွက် ဆက်လုပ်ဖြစ်ဦးမှာလား။ အဲဒီလူတွေနဲ့
တွေ့ပြီး ဒီလုပ်ငန်း
အတွက် ဘာတွေလေ့လာ သိလိုက်ရသလဲ။
ဒီလိုနေထိုင်သူတွေအများအပြားဟာ ၀င်ငွေနည်းသူတွေဖြစ်ကြပြီး သူတို့အတွက် အနာဂတ်မျှော်
လင့်ချက်ဟာလည်း သူတို့အိမ်ဟောင်းက ကွန်ဒိုတိုက်သစ်တစ်ခုဖြစ်သွားပြီး အဲဒီကနေအခန်းသစ်
တစ်ခန်း၊ ဒါမှမဟုတ် ၀င်ငွေအပို တစ်ခုခုရလာဖို့ပဲဖြစ်ပါတယ်။
ကျွန်တော် တို့က ဒါကိုပြောင်းလဲချင်ပါတယ်။ ရန်ကုန်မြို့လယ်ဟာ သူတို့အားလုံးရဲ့ အိမ်ဖြစ်တယ်၊
မြို့လယ်တစ်ခုလုံးရဲ့ စရိုက်သဘာဝနဲ့ အသက်ဝင်နေမှုဟာ လူတွေမပါရင် အဆောက်အအုံလွတ်
တွေသာ ကျန်နေလိမ့်မယ်။
ဒီလူတွေ ဆက်လက်နေထိုင်နေဖို့ ကျွန်တော်တို့ နည်းလမ်းရှာရမှာပါ။ ခရီးသွားလုပ်ငန်းနဲ့ အခြားက
ဝင်လာနိုင်တဲ့ ဒေါ်လာသန်း ပေါင်းများစွာနဲ့ ဒီဧရိယာတစ်ခုလုံးပြန်လည် ပြုပြင်နိုင်ပါတယ်။
ဒီမှာ မှီတင်း နေထိုင်နေကြသူတွေအားလုံး သူများနည်းတူ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ၊
နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံသူတွေနည်းတူ အကျိုးကျေးဇူးခံစားသင့်သလို အားလုံးအကျိုးများစေမယ့်
ရလဒ်တွေရဖို့ ကျွန်တော်တို့သူတို့တွေနဲ့ ပူးပေါင်းလုပ်ကိုင်ဖို့လည်းလိုအပ်ပါတယ်။
* ပန်းဆိုးတန်းအဆောက်အအုံနဲ့ ပတ်သက်ပြီး နောက်ဆုံးသတင်းက ဘာလဲ။
နေထိုင်သူ
တွေက အနည်းဆုံးတော့ အစပိုင်းမှာ YHT ရဲ့ လုပ်ရပ်တွေကို ဝေဖန်တာ
တွေရှိတယ်လေ။
အနာဂတ်မှာ ဒီလိုနေထိုင်သူတွေနဲ့ ညှိနှိုင်းတွေ့ဆုံဖို့ ဘယ်လို
သင်ခန်းစာတွေ ရလိုက်သလဲ။
အခုတော့ အားလုံးကျေနပ်ကြပြီလို့ ထင်ပါတယ်။ ကျွန်တော်တို့ဘက်က မျက်နှာစာကိုချန်ပြီး အထဲ
မှာ အသစ် ပြန်လည်တည်ဆောက်ဖို့ အကြံပြုခဲ့ပြီး မျက်နှာစာခြမ်းကို ထိန်းသိမ်းဖို့ ကျွန်တော်တို့
ဘက်က ဗိသုကာပိုင်းနဲ့ အင်ဂျင်နီယာပိုင်းမှာ ကူညီခဲ့ပါတယ်။ အသစ်ကို မူလ အမြင့်ထက် ဘယ်
လောက်ကျော်လွန်အောင် ပေးဆောက်နိုင်မလဲဆိုတဲ့ မေးခွန်းပဲ ကျန်ပါတယ်။
စည်းမျဉ်းဥပဒေသစ်တွေ ထွက်ရင်တော့ ဒီလိုပြဿနာမျိုး တွေအတွက် ပုံမှန်စနစ်တစ်ခုရှိသွားမှာ
ပါ။
အဲဒီအချိန်မတိုင်ခင်တော့ ကျွန်တော်တို့က ကိစ္စတစ်ခုချင်းစီအတွက် အားလုံးအတွက်အဆင်ပြေနိုင်
မယ့် အဖြေတစ်ခုထွက်အောင် ညှိနှိုင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။
* အခြား အရေးကြီးဦးစားပေးရမယ့် အဆောက်အအုံတွေက ဘယ်ဟာတွေလဲ။
ဒီလိုဦးစားပေးစရာ ဒါဇင်ချီပြီးရှိပါတယ်။ ဗိုလ်အောင်ကျော်လမ်းထောင့်က ဂန္ဒီခန်းမလည်း
အခုဆိုရင် ဖြိုချဖို့ လျှောက်ထားပြီး ဖြစ်နေပါပြီ။
ဒါ့ပြင် ပုဂ္ဂလိကပိုင်အိမ်ဟောင်းတွေနဲ့ တိုက်ခန်းဟောင်းတွေဟာ မကြာခင် အများကြီး လျော့ပါး
သွားနိုင်ဖွယ် ရှိနေပါတယ်။
ကျွန်တော်တို့အတွက် အထူးပူပန်စရာက ကျွန်တော်တို့တွေ ထိန်းသိမ်းဖို့ရည် ရွယ်ထားတဲ့ဇုန်ထဲမှာ
ဆောက်ဖို့အဆိုပြုထားတဲ့ အထပ်မြင့်ပရိုဂျက်တွေပဲ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့နှစ်က ဗိုလ်ချုပ်ဈေး မျက်နှာချင်းဆိုင်က အဆောက်အအုံကောင်းလေးတစ်ခု ဖြိုချပစ်ခဲ့တာ
ဟာ နှမြောစရာဖြစ်ခဲ့ပြီး ပိုဆိုးတာကတော့ ပန်းဆိုးတန်းတစ်ဝိုက်က ရုပ်ရှင်ရုံတွေကို မကြာသေးခင်
က တစ်ခုချင်း ဖြိုပစ်ခဲ့တာပါပဲ။
ဒီလိုမျိုး နောက်တစ်ခုကတော့ သမ္မတရုပ်ရှင်ရုံရှေ့က စကော့တစ်ရှ် ဘုရားကျောင်းရှေ့မှာ ကပ်ပြီး
ဆောက်ဖို့ ရည်ရွယ်ခဲ့တဲ့ ပရိုဂျက်မျိုးတွေ ဖြစ်ပါ တယ်။
* ပန်းဆိုးတန်းအဆောက်အအုံမှာလိုပဲ အခြားအိမ်ပိုင်ရှင်တွေကလည်း သူတို့
အဆောက်အအုံကို
ဖြိုချတာ ထက်စာရင် ပြုပြင်ထိန်းသိမ်းရင် ပိုမကောင်းလာနိုင်ဘူးလို့
ယူဆကြဖို့ ဖြစ်နိုင်ခြေရှိ
နေပါတယ်။ အားလုံးက မပျော်ရွှင်ကြဘူးဆိုရင် ရလဒ်တွေ
အောင်မြင်အောင်လုပ်ဖို့ ဘယ်လို
ဖြစ် နိုင်မလဲ။
အခုကျွန်တော်တို့ ဒီလိုကိစ္စတစ်ခုချင်းစီအတွက် လုပ်ဆောင်နေပါတယ်။ တစ်ဖက်ကလည်း
တစ်ချိန်ကျရင် မြို့လယ်က အဆောက်အအုံဟောင်းတွေမှာ ရင်းနှီး မြှုပ်နှံမှုကနေရတဲ့ အကျိုး
အမြတ်ကို မြို့လယ်မှာနေထိုင်တဲ့လူတွေအတွက် ခွဲဝေခံစားနိုင်မယ့်စနစ်တစ်ခုကို တည်ဆောက်နိုင်
ဖို့ မျှော်လင့်နေပါတယ်။
ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းကလည်း လာမယ့်နှစ်တွေမှာ ပိုမိုဖွံ့ဖြိုးလာမှာ ဖြစ်ပြီး ဒီဟာကိုရေရှည်
တည်တံ့ဖို့နဲ့ ၀င်လာတဲ့ ငွေကြေးအကျိုးအမြတ်ကို ဒေသခံလူမှုအသိုက်အ၀န်း ဒီကိစ္စမှာတော့
မြို့လယ်မှာ မှီတင်းနေကြတဲ့သူ တွေ ရရှိစေချင်ပါတယ်။
နိုင်ငံခြားသား တွေနဲ့ လူချမ်းသာတွေအတွက်သာ ကောင်းပြီး တိုးရစ်တွေအတွက် သက်သက်
ရည်ရွယ်တဲ့ ဧရိယာသန့်သန့် လုပ်ပေးတာမျိုး ကျွန်တော်တို့အလိုမရှိပါဘူး။
မြို့လယ်မှာနေတဲ့ မိသားစုတွေကို ဒီလိုပဲဆက်နေစေချင်ပြီး စီးပွားရေး အလားအလာကောင်းတွေ
ရလာရုံမက သူတို့ ဒီလိုဆက်နေချင်လာအောင် စီးပွားရေးအရ ဆွဲဆောင်မှုပါ ရှိလာစေချင်ပါတယ်။
* ခက်ခဲတဲ့ စိန်ခေါ်မှုတွေရှိနေတယ်ဆိုတော့ ရေရှည်နဲ့ ရေတိုမှာ ဘယ်ဟာက
အကြီးမားဆုံး
စိန်ခေါ်မှုဖြစ်နိုင်မလဲ။
စီးပွားရေးအရ အောင်မြင်ဖို့နဲ့ ပြည်သူလူထုက ကျွန်တော်တို့ဘက်မှာ ရှိလာဖို့ လိုပါတယ်။
ကျွန်တော်တို့လိုချင်တဲ့ ဥပဒေစည်းမျဉ်းတွေ ထွက်လာတယ်ဆိုရင်တောင်မှ လူတွေက ထိန်းသိမ်း
ခြင်း (conservation) ရဲ့ အကျိုးကျေးဇူးကို မြင်မှ၊ လိုချင်မှသာ ဒီစည်းမျဉ်းတွေကို လူတွေလိုက်နာ
လာအောင် လုပ်ဆောင် နိုင်မှာဖြစ်ပါတယ်။
ကျွန်တော်တို့ဘက်ကလည်း မှန်ကန်တဲ့မက်လုံးမျိုး ဖန်တီး ပေးနိုင်ဖို့ လိုပါတယ်။ လက်တွေ့ကျတဲ့
အစီအမံတစ်ခု ဖော်ဆောင်ပြီး ဆက်စပ်တဲ့အရာအားလုံး အံဝင်ခွင်ကျဖြစ်သွားအောင် ဖန်တီးယူရမှာ
ဖြစ်ပါတယ်။
မြို့လယ်ကိုပဲ နမူနာ ကြည့်မယ်ဆိုရင် အဲဒီမှာ နိုင်ငံပိုင် အဆောက်အအုံတွေ အများကြီးရှိနေတယ်။
အချို့က လစ်လပ်နေပြီး အတော်များများက အပြည့်အ၀အသုံးပြုမှု မရှိဘူး။ လူနေအဆောက်အအုံ
ဟောင်း ၈၀ ကျော်လောက်လည်း ဒီဧရိယာထဲမှာရှိပြီး ၁၂ လုံးလောက်က အန္တရာယ်ရှိ အဆောက်
အအုံ ဆိုင်းဘုတ်တပ်ထားတယ်၊ ဆက်စပ်နေတဲ့စိန်ခေါ်မှုတွေဖြစ် တဲ့ အိမ်ရာကဏ္ဍနဲ့ ယာဉ်ကြော
ကျပ်တာ တွေလည်း ဖြေရှင်းရမှာရှိတယ်။
တစ်ဖက်ကလည်း ဒေါ်လာသန်းပေါင်းရာ မဟုတ်ရင်တောင် ဆယ်ဂဏန်းရှိတဲ့ ခရီးသွားလုပ်ငန်းနဲ့
ဆက်စပ်တဲ့ ရင်းနှီးမြှုပ်နှံမှု သစ်တွေ ဖော်ထုတ်နိုင်တယ်။
ဒါတင်မက ကမ္ဘာအရပ်ရပ်ကနေ အကူအညီပေးမယ့် အဖွဲ့အစည်းတွေလည်း အများကြီးရှိနေတယ်။
လမ်းတိုင်းက အဆောက်အအုံတိုင်းဖြစ်နိုင်တယ်။
ဒီလိုဖြစ်ရမယ် လို့ ကျွန်တော်တို့ပြောနေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ အဟောင်းနဲ့အသစ်ကို စဉ်းစဉ်း
စားစားနဲ့ ပေါင်းစပ်ပြီး၊ ထိန်းသိမ်းချင်တဲ့ ရပ်ကွက် - မြို့ပြအစိတ်အပိုင်း ရဲ့ ထူးခြားတဲ့စရိုက်သဘာဝ
ပျောက်မသွားအောင် စီမံဖို့လိုတာပါပဲ။
ရေရှည်အတွက်ဆိုရင် ထိန်းသိမ်းစောင့်ရှောက်မှုတွေ အကောင်အထည်ဖော်ဖို့ သင့်လျော်တဲ့
ငွေကြေးထောက်ပံ့မှု အစီအစဉ်တွေ လိုပါတယ်။
နှစ်တိုအတွက်တော့ မြို့အတွက်လည်း အကျိုးရှိ၊ အလုပ်အကိုင်တွေ၊ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး
တွေ၊ အဲဒီကနေ နေထိုင်သူတွေ အကျိုးများစေမယ့် အကြောင်းရပ်တွေ ကို သေချာစဉ်းစားဖန်တီး
ပေးခြင်းက ကဏ္ဍတစ်ရပ်အနေနဲ့ပါဝင်မှာပါ။
ကျွန်တော်တို့ အခုလမ်းကြောင်းပေါ် ရောက်နေပြီလို့တော့ ကျွန်တော်ယူဆပါ တယ်။ ဒါဟာ
ရန်ကုန်ကို ထိန်းသိမ်းနိုင်ဖို့ နောက်ဆုံးအခွင့်အရေးလည်း ဖြစ်နေနိုင်ပါတယ်။
(ကျေးဇူးတင်ပါတယ်။)

မြန်မာ့တိုင်းမ်

No comments:

Post a Comment