လက်ပံတောင်းတောင် စီမံကိန်း ရပ်ဆိုင်းဖို့ တောင်းဆိုနေတဲ့
ကျေးရွာတွေမှာ အာဏာပိုင်တွေက ဖမ်းဝရမ်း ထုတ်ခံထားရသူတွေကို
လိုက်လံဖမ်းဆီးဖို့ ကြိုးစားနေတဲ့အတွက် ရွာသားတွေက လုံခြုံရေး
တိုးမြှင့်ချထား တယ်လို့ သိရပါတယ်။လက်ပံတောင်းတောင် စီမံကိန်း ရပ်ဆိုင်းရေး အတွက် သြဂုတ်လ ၂၉
ရက်နေ့က တရားဝင် ဆန္ဒပြမှု ပြုလုပ်ပြီးတဲ့ အချိန်မှာ ယခုလို
လိုက်လံဖမ်းဆီးဖို့ ပြုလုပ်နေတာဖြစ်ပါတယ်။
သြဂုတ်လ ၃၀ ရက်နေ့
ညကတည်းက ထောက်လှမ်းရေးရဲတွေ ဝင်ရောက်ဖမ်းဆီးဖို့ ကြိုးစားခဲ့တဲ့
အကြောင်း လက်ပံတောင်း အရေး တက်ကြွလှုပ်ရှားသူ ကိုဟန်ဝင်းအောင်က
ယခုလိုပြောပါတယ်။
“ကျွန်တော်တို့ ၃၀ ရက်နေ့ညက
ဆိုင်ကယ်တွေနဲ့ SB အယောက် ၄၀ လောက်က တုံရွာ ဘက်ကနေဝင်ပြီး
ရွာကိုဝင်ဆီးဖို့ ကြမ်းဖို့ ဖြစ်တယ်ဗျ။ ရွာသားတွေက သံချောင်းတွေ
ခေါက် ဘာတွေခေါက်နဲ့ ပြန်ပြီးတော့ ပြန်ဆုတ်သွားတယ်။ ၃၁ ရက်နေ့
ကျတော့လည်း ဆည်တဲရွာဘက် ကျွန်တော်တို့ဘက်က တစ်ယောက်ကူးလာတယ်။
အဲဒီရွာထိပ်ထိ ဆိုင်ကယ်နဲ့ တစ်ရွာနဲ့ တစ်ရွာ ကြားကို လိုက်ဖမ်းတာတွေ
ဆီးတာတွေ လုပ်တယ်။ အဓိကတော့ဗျာ လက်ပံတောင်းအရေး ဆောင်ရွက်နေတဲ့
သူတွေရှိနေတယ်လို့ ယူဆတဲ့ ရွာတွေဘက်ကို ပိုက်စိပ်တိုက်ပြီး
ကင်းတွေ ချနေတယ်။”
ဟန်ဝင်းအောင် အပါအဝင် ဖမ်းဝရမ်းထုတ်
ခံထားရသူတွေရဲ့ ဓါတ်ပုံတွေကို ကျေးရွာတွေမှာ လိုက်ကပ်ပြီး ရဲအင်အား
တိုးမြှင့်တာတွေလည်း ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
ရွာသူရွာသားတွေကလည်း
အောက်တိုဘာလမှာ လက်ပံတောင်းတောင် စီမံကိန်း ပြန်လည် စတင်မှာ
ဖြစ်တဲ့အတွက် ယခုလအတွင်း ဝင်ရောက် ဆီးနင်းမှု တွေဖြစ်ပေါ်နိုင်တယ်လို့
ယူဆနေကြပါတယ်။
ရွာတွေမှာ အကြမ်းဖက် စီးနင်းမှုတွေ မဖြစ်ပေါ်အောင်
လက်ပံတောင်းတောင် အရေး လှုပ်ရှားသူတွေ အနေနဲ့ ရွာနဲ့ သပိတ်စခန်းတွေကို
လုံခြုံရေး တိုးမြှင့်ထားတယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ ၉
လလောက်က လက်ပံတောင်းတောင် စီမံကိန်း ရပ်ဆိုင်းဖို့အတွက် ဆန္ဒပြနေတဲ့
သပိတ် စခန်းတွေကို ဒေသ အာဏာပိုင်တွေက အကြမ်းဖက် ဖြိုခွင်းခဲ့တာကြောင့်
သံဃာတော်တွေ အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။
လာမယ့် ရက်ပေါင်း ၃၀
အတွင်းမှာ လက်ပံတောင်းတောင် စီမံကိန်းအတွက် သိမ်းဆည်း ခံထားရတဲ့
မြေယာကိစ္စတွေကို ဆန္ဒ ဖော်ထုတ်မှုတွေ ပြုလုပ်သွားမယ်လို့လည်း
ကိုဟန်ဝင်းအောင်က ပြောပါတယ်။
“ကျွန်တော်တို့က
တရားဝင်ငြိမ်းချမ်းတဲ့ နည်းတွေနဲ့ ဆန္ဒဖော်ထုတ်မယ်။ မရဘူးဆိုရင်
သက်ဆိုင်ရာ အာဏာပိုင်တွေ သိရှိအောင် ကိုယ့်မြေကိုယ်ပိုင်ဆိုင်ရေး
ဆိုင်းဘုတ်ထူပွဲတွေ သက်ဆိုင်ရာ ကနေပြီးတော့ ဒီဟာတွေနဲ့ ပက်သက်ပြီးတော့
စိုက်ပျိုးခွင့်မပေးလဲ ကိုယ့်ဟာကိုယ်ပြန်စိုက်တယ်ဆိုတဲ့ ပုံစံမျိုးတွေ
ကျွန်တော်တို့ လူထုဘောင်ထဲကနေ လှုပ်ရှားမှုဘောင်ထဲကနေ ပြန်လည်ရယူဖို့
လုပ်သွားမယ်။ သာသနာ့ရေးနဲ့ ပက်သက်ပြီး လယ်တီသိမ်ကို သူတို့
အကြမ်းဖက်ဖြိုဖျတ်မယ်ဆိုရင် ကျွန်တော်တို့ လူထုတွေက သွားရောက်ပြီးတော့
ကာကွယ်မယ်။ ဒီဟာက ဒီရက်ပေါင်း ၃၀ အတွင်း ဖြစ်ပေါ်နိုင်တဲ့
အလားအလာတွေပါ။”
လက်ပံတောင်းတောင် စီမံကိန်းအတွက်
သိမ်းဆည်းခံရမြေ ၇၆၆၇.၇၄ ဧက ရှိပြီး တုံကျေးရွာအုပ်စု၊ ဆည်တဲ၊
ဇီးတောနဲ့ မိုးကြိုးပြင် ကျေးရွာ အုပ်စုတွေက စီမံကိန်း
ရပ်ဆိုင်းဖို့နဲ့ သိမ်းဆည်းခံလယ်မြေတွေ ပြန်လည် ပေးအပ်ဖို့
တောင်းဆိုနေတာ ဖြစ်ပါတယ်။
ကာလပေါက်ဈေး ၃၅ သိန်းနဲ့ သိန်း ၇၀
ကြားရှိနေတဲ့ မြေတန်ဖိုးတွေကို လျော်ကြေးအဖြစ် ရိုးရိုးယာမြေကို ၁၀
သိန်း၊ မိုးကောင်းမြေကို ၁၂ သိန်း၊ မြစ်ရေတင်အမျိုးအစားကို ၁၅
သိန်းလို့ သုံးမျိုးသာခွဲခြား ပေးအပ်တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒီလို
ဖိနှိပ်မှုတွေကြောင့် လက်ပံတောင်းတောင် ဒေသခံတွေက မိမိမြေပြန်လည်
ရရှိဖို့ ဆန္ဒဖော်ထုတ်နေတာ ဖြစ်ပြီး စီမံကိန်းမှာ ပါဝင်သွားတဲ့
မြေယာတွေအတွက်ကိုတော့ အစားထိုးမြေယာပြန်လည် ပေးအပ်ဖို့ တောင်းဆိုထား
တဲ့အကြောင်း ရေဒီယိုသြစတြေးလျ သတင်းထောက် စူးရှက သတင်းပေးပို့
ထားပါတယ်။
ABC Radio Australia
No comments:
Post a Comment