NCCT သဘောထားတွေဟာ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းနေသော နိုင်ငံတော်အစိုးရကို အကျပ်အတည်း မဖြစ်စေချင်လို
ပြည်ထောင်စုသမ္မတနိုင်ငံတော်၊ နိုင်ငံတော်အစိုးရသည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဖြစ်ပွားလျှက်ရှိသော ပဋိပက္ခများအား အမြန်ဆုံးချုပ်ငြိမ်းပြီး နိုင်ငံနေ တိုင်းရင်းသားလူမျိုးများအားလု
ံး ငြိမ်းချမ်း စွာအတူတကွ နေထိုင်နိုင်ရန်အတွက် အပစ်အခတ် ရပ်စဲရေးဆွေးနွေး ပွဲများကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများမှ ခေါင်းဆောင် များဖြင့် ဖွဲ့စည်းထားသော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT (Nationwide Ceasefire Coordination Team) အဖွဲ့နှင့် ၄.၁၁.၂၀၁၃ ခုနှစ်မှစပြီး မြစ်ကြီးနား မြို့မှာ ဆွေးနွေးပွဲကို စတင်ခဲ့တယ်။ ဆွေးနွေးပွဲတွေမှာလဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်တွေရဲ့ မိမိပြည်နယ်အလိုက် တောင်းဆိုမှုများကို နိုင်ငံအရေးအတွက် ရှေ့ရှုကာ နိုင်ငံတော်အစိုးရ ဘက်မှ လိုက်လျောနိုင်သမျှကို လိုက်လျော၍ ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြသည်။ ထို့နောက် ညှိနှိုင်း၍မရသော ကျန်ရှိတဲ့ အချက်လက်များ ကိုလည်း ပြေလည်စေရန်အတွက် နိုင်ငံတော်အစိုးရဘက်မှ ၂၉.၄.၂၀၁၄ ရက်နေ့ အထိ ၅ ကြိမ်တိုင်တိုင် ဆွေးနွေးမှုများ၊ ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများမှ ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသော NCCT ကလည်း ဆွေးနွေးပွဲ ၈ ကြိမ် ပြုလုပ်ခဲ့ပြီး နိုင်ငံတော်အစိုးရဘက်မှ အဖွဲ့ဝင်တွေမပါပဲ ၃ ကြိမ် ပြုလုပ်ခဲ့ပါသည်။ ၎င်းတို့ ပြလုပ်ဆွေးနွေးသော ဆွေးနွေးပွဲများတွင်လည်း နိုင်ငံတော်အစိုးရမှ လိုက်လျောနိုင်မှုရှိမည့် အချက်အလက်များထက် အစိုးရအား အကျပ်တည်းဖြစ်စေသော အချက်အလက်များကိုသာ ဦးတည်ပြီး တောင်းဆိုနေကြတာကို တွေ့ရပါတယ်။ ယခုလဲ တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး ပြန်လည်သုံးသပ်ပွဲကို ၂၈.၄.၂၀၁၄ နှင့် ၂၉.၄.၂၀ ၁၄ ရက်နေ့တွင် ချင်းမိုင်မှာ အစိုးရနဲ့ NCCT တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေကြရာတွင်လည်း ဖက်ဒရယ်ဆိုတဲ့ အသုံးအနှုန်းနဲ့ ဖက်ဒရယ် တပ်မတော်ဆိုတာတွေကို NCCT မှ တောင်းဆိုထားတာတွေကို တွေ့ရပါတယ်။
ဒီတောင်းဆိုချက်များကို ကြည့်ချင်းအားဖြင့် ၎င်းတို့အဖွဲ့သည် ကြာကြာဝါးမှခါးမှန်းသိ ဆိုသည့်အတိုင်း အစိုးရဘက်မှ မှန်ကန်သော ရပ်တည်ချက်၊ ဦးတည်ချက်များ ချမှတ်၍ အကြိမ်ကြိမ်ဆွေးနွေးမှုများ ပြုလုပ်ကာ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းနေသော်လည်း ၎င်းတို့ဘက်မှ ဖြစ်နိုင်ချေမရှိသည့် ဖက်ဒရယ် တပ်မတော်ဖြစ် ရေးကိုသာ အဓိကထား၍ တောင်းဆိုနေသည်မှာ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးကို အမှန်တကယ် ရယူလိုချင်စိတ် မရှိဘူးဆိုတာ ကောက်ချက်ချလို့ရပါတယ်။ ကျွန်တော်တို့နိုင်ငံ၏ တပ်မတော်သည် တိုင်းရင်းသား လူမျိုးများဖြင့် ဖွဲ့စည်းထာသော တပ်မတော်ဖြစ်သောကြောင့် ပြုပြင်ပြောင်းလဲဖွဲ့စည်းရန် လုံးဝမလိုအပ်ပေ။ အမှန်ဆို NCCT အဖွဲ့အနေနဲ့ “အမျိုးသား ပြန်လည်သင့်မြတ်ရေး” ကို အဓိကထား လုပ်ဆောင်ရမည်ဖြစ်ပြီး တောင်းဆိုကြတဲ့အခါမှာလည်း တကယ်ပဲ ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံကောင်းကျိုးအတွက် ရှေးရှုကာတောင်းဆို သင့်ပါတယ်။ အဲ့လိုမဟုတ်ပဲ ကိုယ့်အကျိုး စီးပွားပါနေသမျှ ဘယ်တော့မှ ပြည်တွင်းစစ်ရပ်နိုင်မည်မဟုတ်။
NCCT အနေဖြင့် အပစ်အခတ်ရပ်စဲရေးကို ရည်မှန်းချက်ထားပြီး ပြည်နယ်တိုးတက်ရေးနှင့်ဘိန်းကင်းစင် ပပျောက်ရေး စတဲ့အချက်တွေကိုလည်း အဓိကထား ဆွေးနွေးလုပ်ဆောင်ပြီး နိုင်ငံ၏တိုးတက်ရေး၊ ပြည်နယ်များ တိုးတက်ရေးကိုလဲ တဖက်တလမ်းက ကူညီပေးသင့်ပါသည်။ ဆွေးနွေးညှိနှိုင်းရာတွင်လည်း တောင်းဆိုတာ ၅ ခုမှာ ၃ ခုရရင် ရတဲ့ဟာကို အကောင်းဆုံ အကောင်ထည်ဖော်၊ ကျန်တဲ့ ၂ ခု အတွက် အဆင်ပြေနိုင်တဲ့အထိ ဆက်လက်ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ပါ။ နောက်ကြောင်းပြန်လှည့်တာမျိုး၊ ရပ်ဆိုင်းတာမျိုး မလုပ်သင့်ပေ။ ဒီလိုဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာဖို့အတွက် မိမိတိုင်းရင်းသားလူမျိုးတွေ ချွေး၊ သွေးတွေနဲ့ ပေးဆပ်နေတာကို ပြန်ထောက်သင့်ပါတယ်။ သို့ဖြစ်ပါ၍ NCCT အဖွဲ့ဝင်တွေအနေဖြင့် မိမိတို့ အဖွဲ့အစည်းတစ်ခုချင်းစီ၏ လိုလား ချက်များကို တောင်းခံကာ နိုင်ငံတော်အစိုးရကို အကျပ်တည်းဖြစ်အောင်၊ နိုင်ငံတကာမှ ဖိအားပေးမှုများဖြစ် လာအောင် မဖန်တီးပဲ၊ တိုင်းရင်းသားတွေရဲ့ အမှန်တကယ် လိုအပ်သော ငြိမ်းချမ်းရေးကို မျက်ကွယ်မပြုပဲ၊ မိမိအတ္တများကို ရှေ့တန်းမတင်ပဲ မိမိ၏နောက်တွင်ရှိနေတဲ့ အပြစ်မဲ့တိုင်းရင်းသား ပြည်သူတွေ ရဲ့မျက်နှာကို ငဲ့ညှာသောအားဖြင့် ကိုယ်ကျိုးအတ္တမပါတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြီး အောင်မြင်အောင် ရိုးရိုးသားသားနဲ့ ညှိနှိုင်းဆွေးနွေး လုပ်ကိုင်ကြမည်ဆိုရင် နှစ်ပေါင်း ၆၀ ကျော်ရှည်ကြာနေတဲ့ ပြည်တွင်းစစ်ကြီးဟာ အမြန်ဆုံး ချုပ်ငြိမ်းသွားမှာ ဖြစ်ပါတယ်။
အောင်သာ(မိတ္ထီလာ)
credit to : မြန်မာ့ မဏ္ဍိုင်
No comments:
Post a Comment