အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦးက “ဒီလှုပ်ရှားမှုကြီးက ကြီးကျယ်ပြီးတော့ ခမ်းနားတဲ့ လှုပ်ရှားမှုကြီးပါ။ ဒါ့ကြောင့် လူငယ်အပေါင်းတို့ဟာ လွတ်လပ်ရေးအရသာကို ခံစားနိုင်အောင်အထိ တစ်ဆင့်ထက်တစ်ဆင့်တိုးပြီး လုပ်ဆောင်သွားနိုင်အောင် အခုလိုနေ့မျိုး ရောက်တဲ့အခါတိုင်းမှာ တစ်ပြည်လုံး အတိုင်းအတာအနေနဲ့ ကျေးဇူးတင် အမှတ်ရသောအားဖြင့် ပိုမိုထင်ရှားတဲ့ ဆောင်ရွက်မှုများကို ပြုလုပ်ပါလို့လည်း တိုက်တွန်းပါတယ်” ဟု ပြောကြားသည်။
ထို့ပြင် ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးအေးသာအောင်ကလည်း ရွေးကောက်ပွဲကျင်းပရုံ၊ လွှတ်တော်များရှိရုံဖြင့် ဒီမိုကရေစီ ရရှိမည် မဟုတ်သကဲ့သို့ ရှစ်လေးလုံးအရေးတော်ပုံက ချမှတ်ပေးသည့် အာဏာရှင်စနစ် ဖယ်ရှားရေး၊ ဒီမိုကရေစီထွန်းကားရေး၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသားများနှင့် သဟဇာတဖြစ်ပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးကဲ့သို့ ပြည်သူများ၏ မျှော်လင့်ချက်များကို အပြောင်းအလဲကာလများတွင် အဓိကထား လုပ်ဆောင်သင့်ကြောင်း အမှတ်တရစကား ပြောကြားခဲ့သည်။
၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်က “ဒီဘက် ၂၆ နှစ်ကာလအတွင်း ဒီကနေ့ကာလက စစ်အာဏာရှင်ဆိုတဲ့ လူအပေါင်းတွေ လျော့ကျသွားပေမယ့် ကျွန်တော်တို့မှာ ဒီမိုကရေစီ သားလုခန်းလည်း ပြန်ကြုံနေရပါတယ်။ ကျွန်တော်တို့ ဒီကနေ့တော့ အားလုံးအတူတူ ဖြတ်သန်းခဲ့ကြတဲ့အပေါ်မှာ အားနည်းချက်တွေ အားသာချက်တွေ ရှိတာကို ပြန်ပြီးတော့ သုံးသပ်ပါတယ်။ ကျွန်တော်တို့ ယုံကြည်တာကို ဘယ်အတားအဆီး၊ ဘယ်ခြိမ်းခြောက်မှုကိုမဆို ကျွန်တော်တို့ ကျော်လွှားနိုင်တယ်။ ယုံကြည်တာကိုတော့ တစ်စိုက်မတ်မတ် လျှောက်နိုင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဘာအားနည်းလည်းဆိုရင် တစ်စုတစ်စည်းတည်း အကောင်အထည်ဖော်နိုင်မှုတွေမှာတော
Eleven Media Group
No comments:
Post a Comment