ISIS စစ်သွေးကြွအလံ နှင့် အဖွဲ့ဝင်တချို့ (Credit: Reuters)
ဒီအချိန်မှာ သြစတြေးလျက အမေရိကန်နောက် ထပ်ချမကွာ လိုက်လုပ်ရင် အကောင်းထက် အဆိုး ပိုဖြစ်မယ်လို့လည်း သုံးသပ်ထားပါတယ်။
ဆီးရီးယားနိုင်ငံအတွင်းက IS အကြမ်းဖက် စစ်သွေးကြွတွေကို ဝေဟင်ကနေတဆင့်
နှိမ်နင်းမယ်လို့ အမေရိကန် သမ္မတက ကြေညာပြီးတဲ့နောက် ဆီးရီးယား
အစိုးရက သူ့ရဲ့ ခွင့်ပြုချက်အရင်မယူပဲ ဆီးရီးယားနယ်အတွင်း
စစ်ဆင်ရေးလုပ်မယ်ဆိုရင် ပြင်းထန်စွာ တုန့်ပြန်မယ်လို့ ပြောလိုက်ပါတယ်။
ဆီးရီးယားအစိုးရအနေနဲ့ ဆီးရီးယား ပြည်တွင်းက အကြမ်းဖက်
စစ်သွေးကြွတွေကို နှိမ်နင်းလိုပြီး ပူးပေါင်းမှုတွေ လုပ်လိုပေမယ့်
ဆီးရီးယားရဲ့ ခွင့်ပြုချက် မယူပဲ စစ်သွေးကြွတွေကို ဝင်တိုက်မယ်ဆိုရင်
တုန့်ပြန်မှု လုပ်မယ်လို့ ပြောခဲ့တာပါ။
အမေရိကန်ကတော့ ဆီးရီးယား
အစိုးရနဲ့ ပူးပေါင်းဖို့ ဆန္ဒမရှိပဲ ဆီးရီးယား သမ္မတကို ဆန့်ကျင်နေတဲ့
တခြား သူပုန်အဖွဲ့ကိုသာ စစ်လက်နက် တပ်ဆင်ပေးပြီး IS
စစ်သွေးကြွအဖွဲ့ကို ချေမှုန်းဖို့ လုပ်ဆောင်နေပါတယ်။
အဲဒီလို
သူပုန်တပ်ဖွဲ့တွေကို သင်တန်းတွေ ပေးနိုင်ရေးအတွက် ဒေါ်လာ သန်း ၅၀၀
ချမှတ်ပေးဖို့လည်း အမေရိကန် သမ္မတ ဘာရက် အိုဘားမားက
ကွန်ဂရက်လွှတ်တော်ကို တောင်းဆိုထားပါတယ်။
ဒါ့အပြင် အီရတ်နိုင်ငံက စစ်သွေးကြွတွေကို ဝေဟင်ကနေ တိုးချဲ့ တိုက်ခိုက်မှု လုပ်သွားမယ်လို့လည်း ပြောပါတယ်။
စစ်သွေးကြွအဖွဲ့ကို
တိုက်ဖို့ စစ်သားစေလွတ်မှာမဟုတ်ပဲ နိုင်ငံတကာနဲ့ ပူးပေါင်းပြီး
ဝေဟင်ကနေသာ တိုက်ခိုက်မှု လုပ်မယ်လို့ ပြောပါတယ်။
အမေရိကန်နိုင်ငံကို
ခြိမ်းခြောက်မှု လုပ်တဲ့ ဘယ် အကြမ်းဖက်သမားကို မဆို
မြေလှန် ရှာဖွေပြီး ခြေမှုန်း သွားမယ်ဆိုတာကို
အတိအလင်းပြောလိုကြောင်းလည်း အိုဘားမားက ဆိုပါတယ်။
အမေရိကန်သမ္မတရဲ့
အဓိက မူအတိုင်းပဲ အမေရိကန်ကို ခြိမ်းခြောက်ရင် နေစရာနေရာ
ရှိမှာ မဟုတ်ဘူးဆိုတာကို ပြောချင်တယ်လို့ သမ္မတ အိုဘားမားက
ပြောပါတယ်။
အမေရိကန် သမ္မတ ချပြတဲ့ မဟာဗျူဟာအရ ဝေဟင်ကနေ
စနစ်တကျ တိုက်ခိုက်မှုတွေ လုပ်မယ့်အကြောင်း၊ IS အဖွဲ့ကို
တိုက်ခိုက်နေတဲ့ တခြားအဖွဲ့တွေကို စစ်သင်တန်း၊
ထောက်လှမ်းရေး အချက်အလက်နဲ့ စစ်သုံးပစ္စည်းတွေ
ပိုမိုပေးဆောင်မယ့်အကြောင်း၊ IS ရဲ့ အကြမ်းဖက်မှုကို
ကြိုတင်ကာကွယ်တဲ့အနေနဲ့ IS အဖွဲ့ရရှိနိုင်တဲ့ ဝင်ငွေတွေ
ဖြတ်တောက်ပြီး အရှေ့ အလယ်ပိုင်းက ပြည်သူတွေ အကြမ်းဖက်အဖွဲ့နဲ့
မပူးပေါင်းအောင် အတွေးအခေါ် ပြောင်းလဲတာမျိုးတွေ
လုပ်ဆောင်မယ့်အကြောင်းနဲ့ ပြည်သူတွေကို လူသားခြင်း
စာနာရေးအထောက်အပံ့တွေ ဆက်လက်ပေးသွားမယ့်အကြောင်းတွေ ပါဝင်ပါတယ်။
သြစတြေးလျက စောင့်ကြည့်ဦးမယ်
အမေရိကန်ရဲ့
နည်းဗျူဟာကို အရင်စောင့်ကြည့်ပြီးမှ သြစတြေးလျအနေနဲ့ ဘာတွေ
လုပ်သင့်သလဲဆိုတာကို ပြောဆိုမယ်လို့ သြစတြေးလျ ဝန်ကြီးချုပ်
တိုနီအာဘော့တ်က ပြောပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သြစတြေးလျ
စစ်သားတွေကိုတော့ စစ်မြေပြင်ကို မပို့ဆောင်နိုင် ဘူးတော့
ပြောဆိုထားပါတယ်။ ဒီပြဿနာရဲ့ အဆုံးက ဘယ်မှာလည်း ဆိုတာ
မသိကြတဲ့အတွက် ထဲထဲဝင်ဝင် ပါဝင်ဖို့ နှောင့်နှေးနေကြတာ
ဖြစ်တယ်လို့ ဆစ်ဒနီတက္ကသိုလ်က ပါမောက္ခတစ်ဦးက သုံးသပ်ပါတယ်။
ဒီအချိန်မှာ သြစတြေးလျက အမေရိကန်နောက် ထပ်ချမကွာ လိုက်လုပ်ရင် အကောင်းထက် အဆိုး ပိုဖြစ်မယ်လို့လည်း သုံးသပ်ထားပါတယ်။
ABC Radio
No comments:
Post a Comment