၂၀၁၃
ခုနှစ် နိုဝင်ဘာလ ၃ရက်က လူ ၇၀ နီးပါးပါဝင်သည့် လှေတိမ်းမှောက်မှုကို
အမေရိကန်ပြည်ထောင်စုက ဝမ်းနည်းကြေကွဲကြောင်း မြန်မာနိုင်ငံဆိုင်ရာ
အမေရိကန်သံရုံး က နိုဝင်ဘာ လ ၅ရက်က ထုတ်ပြန်လိုက်သည်။
Wednesday, November 6, 2013
လိုင်ဇာ ဘုံသဘောတူညီချက် ၁၁ ချက်တွင် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန် အပါအ၀င် အုပ်ချုပ်ရေးနှင့် စီးပွားရေးဆိုင်ရာ အာဏာခွဲဝေ သုံးစွဲရေး အချက်များ ပါဝင်
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ လိုင်ဇာ ဘုံသဘောတူညီချက် ၁၁
ချက်တွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် အပါအ၀င် အုပ်ချုပ်ရေးနှင့်
စီးပွားရေးဆိုင်ရာ အာဏာခွဲဝေ သုံးစွဲရေး အချက်များ ပါဝင်ကြောင်း သိရသည်။
ဆီးဂိမ်းစ်အတွက် ဘတ်ဂျက်တောင်းခံသည့် ပညာရေး ၀န်ကြီးဌာနနှင့် ပတ်သက်၍ များစွာရှက်မိကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ပြောကြား၊ ဒီမိုကရေစီနှင့် မကိုက်ညီသည့် လုပ်ဆောင်မှုဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကလည်း ဝေဖန်
၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှင့် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတွင်
ပညာရေးဝန်ကြီးဌာန အနေဖြင့် ပညာရေးအတွက် မဟုတ်ဘဲ အားကစားအတွက် အသုံးပြုရန်
ထပ်မံတောင်းခံခဲ့ခြင်းအပေါ် ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောကြားခဲ့ပြီး
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကလည်း ထို့အတွက် များစွာရှက်မိသည်ဟု
ပြောကြားသည်။
Tuesday, November 5, 2013
စပိန်မြေမှာ လူမစုံပေမယ့် အနိုင်သုံးမှတ်ကို ရယူသွားဖွယ်ရှိသည့် မန်ယူနိုက်တက်
မန်ချက်စတာ ယူနိုက်တက်သည် မြန်မာစံတော်ချိန် ဗုဒ္ဓဟူးနေ့နံနက် ၁း၁၅
မိနစ်တွင် စပိန်အခြေစိုက် ရီးယဲလ် ဆိုချီဒက်အသင်းနှင့် ချန်ပီယံလိဂ်
အုပ်စုပွဲစဉ်(၄)အဖြစ် သွားရောက်ကစား ရမည်ဖြစ်သည်။ မန်ယူနိုက်တက်သည်
ဆိုချီဒက်အသင်းအား အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ တစ်ဂိုး ဂိုးမရှိဖြင့်အနိုင်
ရယူနိုင် ထားသည် ။ ယခုဒုတိယ အကျော့တွင် မန်ယူနိုက်တက်သည်
ကွင်းလယ်ကစားသမားဖြစ်သည့် ကလီဗာ လေ ၊ နောက်တန်းခံစစ်မှူး ဂျော်နီ အီးဗန်း ၊
ညာအစွန်ကစားသမားဖြစ်သည့် ရာဖေးလ်တို့ ဒဏ်ရာကြောင့် မပါဝင်နိုင်ပေမယ့်
ကျန်ကစားသမားအစုံအလင့်ဖြင့် စပိန်မြေ သို့ချီတက်သွားခဲ့သည် ။
ရန်ကုန် တိရစ္ဆာန် ဥယျာဉ်အတွင်း လူစည်ကားသည့် နေ့များတွင် ကလေးသူငယ်များ ၀တ်ဆင်ထားသည့် ရွှေထည် ပစ္စည်းများ လုယက်ခံရမှုနှင့် ရန်ဖြစ်မှုများ မကြာခဏ ဖြစ်ပွား

ရန်ကုန်မြို့ တိရစ္ဆာန်ဥယျာဉ်အတွင်း လူစည်ကားသည့်နေ့များတွင် ကလေးသူ
ငယ်များဝတ်ဆင် ထားသည့် ရွှေထည်ပစ္စည်း များ လုယက်ခံရမှုများနှင့်
ရန်ဖြစ်မှုများမကြာ ခဏဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။
အပျိုဂုဏ်ကို လေလံတင်ခဲ့သည့် ရုရှား ဆယ်ကျော်သက် မိန်းကလေး

အသက်(၁၈)နှစ်သာ ရှိသေးပြီး အမည်မဖော်ပြသည့် မိန်းကလေးသည် အင်တာနက်မှတစ်ဆင့် မိမိ၏ အပျိုရည်ကို လေလံတင်ထားခြင်း ဖြစ်သည်။
ကမ္ဘာ့အဆိပ်အပြင်းဆုံး သော ပင့်ကူများကို ယူကေရှိ စူပါမားကက်တစ်ခုမှ ဝယ်ယူလာ သော ငှက်ပျောသီးများပေါ်တွင် သွားလာနေသည်ကို တွေ့ရ
ကမ္ဘာ့အဆိပ်အပြင်းဆုံး သော ပင့်ကူများကို ယူကေရှိ စူပါမားကက်တစ်ခုမှ ဝယ်ယူလာ
သော ငှက်ပျောသီးများပေါ်တွင် သွားလာနေသည်ကို တွေ့ရ ကြောင်း သတင်းများအရသိရ
သည်။ နေရာ အတည်တကျမနေ ဘဲ လှည့်လည်သွားလာနေတတ် သော
ဘရာဇီးမျိုးစိတ်ပင့်ကူများ ကို အမေရိကန် အလယ်ပိုင်းနှင့်တောင်ပိုင်းနှင့်
ပုန်းခိုနေနိုင်ရန် ငှက်ပျောပင်များ တွင်လည်း နေထိုင်ကြောင်းသိရပြီး
တခြားသော နေရာများတွင်လည်း တွေ့ရတတ် သည်။
မိန်းကလေးငယ်အား အဓမ္မကျင့်ရန် ကြံစည်ခဲ့သူကို ရဲများက ဖမ်းဆီးရမိ
နိုဝင်ဘာ ၂ရက်၊ ၂၀၁၃ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်း အသက် ၁၁အရွယ်မိန်းကလေးတစ်ဦးကို
အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့သူတစ်ဦးကို ယမန် နေ့က ထိုင်း-မြန်မာနယ်စပ်တွင်
ဖမ်းဆီးရမိသွားပြီဖြစ်ကြောင်း ပြည်နယ် ရဲမှူးကြီး ဦးစိန်လွင်က ကေအိုင်စီသို့
အတည်ပြု ပြောဆို သည်။
ရခိုင်ပြည်နယ်ရှိ NGO နှင့် INGO များ မျှမျှတတ လုပ်ဆောင်ရန် ဝန်ကြီးချုပ် သတိပေး
လူ့အဖွဲ့အစည်း နှစ်ခုကြား ခွဲခြား ဆက်ဆံသည်ဟုဆိုကာ ဆန္ဒပြ ကန့်ကွက်
ခံနေရသည့် ရခိုင်ပြည်နယ်ရှိ NGO နှင့် INGO များ လူ့အဖွဲ့အစည်းနှစ်ခု
အတူတကွ နေထိုင်နိုင်ရေးအတွက် လူသားချင်း စာနာသည့် အကူအညီများ ပေးရာတွင်
ပွင့်လင်းမြင်သာမှု ရှိရန်နှင့် မျှတမှုရှိရန် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က
ပြော ဆိုကြောင်း ပြည်နယ် ဥပဒေချုပ် ဦးဦးလှသိန်းက ပြောကြားသည်။
ရန်ကုန်မြို့၏ကတ္တရာလမ်းများကို လူအင်းအားသုံးပြုပြင်ခြင်းအစား လမ်းခြစ်စက်များဖြင့်ပြုပြင်နေ
လက်ရှိပြုလုပ်နေသည့် လူများနှင့် လမ်းပြင်ခြင်းအစားကတ္တရာလမ်းများ ကို
လမ်းခြစ်စက်များ အသုံးပြု၍ ပြုပြင်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်
သာယာရေးကော်မတီ လမ်းတံတားဌာနမှ ဒုတိယဌာနမှူး ဦးမျိုးလွင်က မဇ္ဈိမကို
ပြောသည်။
မြန်မာနိုင်ငံရှိ လက်တစ်ဆုပ်စာ လူတစ်စု၏ ပိုင်ဆိုင်မှု လွန်စွာမြင့်တက်နေပြီး ၉၉ ရာခိုင်နှုန်းကျော်သော ပြည်သူများ ၀င်ငွေခွဲဝေမှုထက် ပိုင်ဆိုင်မှု မမျှတသည့် ပြဿနာကို ရင်ဆိုင်နေရကြောင်း စီးပွားရေး ပညာရှင်များ သုံးသပ်
မြန်မာနိုင်ငံတွင်ရှိသော လက်တစ်ဆုပ်စာ လူတစ်ခု၏ ပိုင်ဆိုင်မှု
မတရားမြင့်တက်နေပြီး ၉၉ ရာခိုင်နှုန်းကျော်သော ပြည်သူများ ၀င်ငွေခွဲဝေမှုထက်
ပိုင်ဆိုင်မှု မမျှတသည့် ပြဿနာကို ရင်ဆိုင်နေရပြီး
အများစုမှာ နေစရာမြေပင် မရှိတော့ကြောင်း နိုဝင်ဘာ ၃ ရက်က မေခဆောင်
ဖောင်ဒေးရှင်း ဖွဲ့စည်းခြင်း အထိမ်းအမှတ်အဖြစ် ကျင်းပသော Economic Forum
တွင် စီးပွားရေး ပညာရှင်များက သုံးသပ် ပြောကြားခဲ့ကြသည်။
ရန်ကုန်တိုင်းအစိုးရက လာမည့် ဘတ်ဂျက်ကျပ်ငွေ ၃၃၄ ဘီလီယံကျော် သုံးစွဲရန် လွှတ်တော်သို့ တင်ပြ
လက်ရှိအစိုးရ၏ နောက်ဆုံးသက်တမ်းဘဏ္ဍာနှစ်ဖြစ်သော
၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းအစိုးရက ဘတ်ဂျက်ငွေ ၃၃၄
ဘီလီယံကျော်ကိုသုံးစွဲရန် ရေးဆွဲလျာထားကြောင်း ရန်ကုန်တိုင်း
လွှတ်တော်အထူးအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီးက
တင်ပြခဲ့ သည်။
ရွှေဘောလုံးလောင်းကစားဒိုင် ကြို့ပင်ကောက်တွင်ဖမ်းလိုက်ပြီ
သတင်းမီဒီယာဥပဒေကြမ်းအရေးယူမှုပိုင်းတွင် နားလည်မှုလွဲနေဟုဆို
ပြည်သူ့လွှတ်တော်က ယမန်နေ့ကအတည်ပြုလိုက်သည့် သတင်းမီဒီယာဥပဒေကြမ်းသည်
အရေးယူမှု အပိုင်း၌ နားလည်မှုလွဲမှားနေကြောင်း စာနယ်ဇင်းကောင်စီ(ယာယီ)
အတွင်းရေးမှူး ဦးကျော်မင်းဆွေက မဇ္ဈိမကို ပြောသည်။
ပြည်သူများအား ရှင်းလင်းအသိပေးခြင်း မရှိဘဲ ဓာတ်အားခများ တိုးမြှင့်ခဲ့ခြင်းသည် အာဏာရှင်စနစ် အငွေ့အသက် မကုန်သေးသည့် လုပ်ရပ်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ဝေဖန်

ဆင်ဦးစီးကို အစွယ်ဖြင့် ထိုးခဲ့သော ဆင်ဖြူတော်ကို ဆရာဝန်များ၏ စစ်ဆေးချက်ပေါ်မူတည်ပြီး မူလနေရာတွင်သာ ချုပ်နှောင်ထား
ဆင်ဦးစီးကို အစွယ်ဖြင့်ထိုးကာ သေဆုံးစေခဲ့သော ရာဇဂ္ဂသီရိပစ္စယဂဇရာဇာ
ဆင်ဖြူတော်ကို ကျွမ်းကျင်သော ဆရာဝန်များ၏ စစ်ဆေးချက်ပေါ် မူတည်ပြီး
မူလနေရာတွင်သာ ချုပ်နှောင်ထိန်းသိမ်း ထားသေးကြောင်း ရတနာဆင်ဖြူတော်
ဥယျာဉ်မှ ဦးစီးအရာရှိ ဦးတင်ဌေးဦးက နိုဝင်ဘာ ၃ ရက်က ပြောကြားခဲ့သည်။
Monday, November 4, 2013
တူတန်ခမန်သည် အသတ်ခံရခြင်းမဟုတ် လှည်းဘီးကြိတ်၍ သေရဟု နောက်ဆုံးတွေ့ရှိ
အင်္ဂလိပ်ရှေးဟောင်းသုတေ သနပညာရှင် ဒေါက်တာဟောင်း ဝက်ကာတာ
ရှာဖွေတွေ့ရှိခဲ့သော အီဂျစ် ရှေးဟောင်းဘုရင် တူတန် ခမန်၏ ဆေးစီရင်ထားသော
ရုပ်အလောင်းသည် မြင်းရထား အကြိတ်ခံရကာ သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု
သတင်းထပ်မံ၍ထွက် ပေါ်လာ ခဲ့သည်။ဘီစီ၁၃၂၃ တွင် သေဆုံးသွား ခဲ့သော
ရှေးဟောင်းအီဂျစ်ဘုရင် တူတန် ခမန်၏ ဆေးစိမ်ရုပ်အလောင်း ကို
လွန်ခဲ့သောနှစ်၉ဝအကြာက တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင်
ဒေါက်တာချာရစ်စ်နော့တန် က ဒေါက်တာကာတာ၏ မှတ်တမ်း များကို ဖတ်ရှုခဲ့ပြီးနောက်
ဘုရင် တူတန်ခမန်သည် အရှိန်ပြင်းစွာ မောင်းနှင် လာသော မြင်းရထား ဘီးတက်
ကြိတ်ခံရပြီး သေဆုံးခဲ့ ခြင်းဖြစ်သည်ဟု အဆိုပြု လိုက် သည်။
အရပ်သားတစ်ဦးကို အမည်မသိ လက်နက်ကိုင်နှစ်ဦး သေနတ်ဒင်ဖြင့် ဝင်ရိုက်
မွန်ပြည်နယ် မော်လမြိုင်မြို့ မြေနီကုန်းရပ်ကွက် မဟာမြိုင် (၉)
လမ်းထိပ်တွင် အမည်မသိ လက်နက်ကိုင်နှစ်ဦးက ယင်းရပ်ကွက်နေ ဦးသင်းကိုကိုကို
နိုဝင်ဘာလ ၁ ရက်နေ့ ည ၁၁ နာရီအချိန်တွင် သေနတ်ဒင်ဖြင့် ရိုက်နှက်ခဲ့ကြောင်း
ဦးသင်းကိုကို၏ ဇနီးဖြစ်သူ ဒေါ်ဇာခြည် က ပြောကြားသည်။
အကောက်ခွန် ညွှန်မှူး ဗိုလ်ကြီးအမည်ခံကာ နှစ်နှစ်ကြာလိမ်လည်နေသူကို ဖမ်းမိပြီ
အကောက် ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီးအမည်ခံကာ ငွေကျပ်
သိန်းသုံးရာ လိမ်သူကို နိုဝင်ဘာ ၁ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ သိရသည်။
ရှင်းပြဖို့ လိုသလား

တော်တော်များများကြုံဖူးကြမှာပါ... တစ်ခုခုမှားယွင်းသွားတာမျိုး
တစ်ယောက်ယောက်က တစ်မျိုးထင် သွားမှာ စိုးတာမျိုး
ဖြစ်တဲ့အခြေအနေတစ်ခုခုပေါ့... အဲ့ဒီအချိန်ကြရင် အမှန်ကိုမရှင်းပြမရမချင်း
စိတ်ထဲမှာ တနုံ့နုံ့နဲ့ ခံစားရခက်ပါတယ်... ကိုယ်ပြောလိုက်တဲ့
ဆိုလိုရင်းကိုသူသဘောမှပေါက်ရဲ့လား... ကိုယ့်ကိုဘယ် လိုထင်သွားမလဲ...
တကယ့်အဖြစ်မှန်ကို သူသိပါ့မလား... မှားသွားရတဲ့ အကြောင်းရင်းကို
သိပါ့မလား... စသဖြင့် စိတ်ထဲအမျိုးမျိုးတွေးနေမိပါတယ်...
ကိုယ့်အခြေအနေမှန်ကို သဘောပေါက် သွားအောင် ရှင်းပြ လိုက်ချင်တယ်...
ရှင်းပြဖို့ အခွင့်မသာလေလေ စိတ်ထဲမှာ ပိုခံစားရလေလေပဲ...
ဒီခံစားချက်မျိုးကို ဖြစ်ဖူး သူတွေ သတိရပါလိမ့်မယ်...
အပစ်အခတ် ရပ်စဲထားသော ဒေသများ၏ လူနေမှုဘဝ အစီရင်ခံစာ ထုတ်ပြန်
မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသများရှိ အပစ်အခတ် ရပ်စဲထားသော
ကျေးရွာနှစ်ရာကျော် က ဒေသခံ များ၏ ပညာရေး၊ ကျန်းမာရေး၊
အသက်မွေးဝမ်းကျောင်းနှင့် ဆင်းရဲမွဲတေမှု အခြေအနေများ အကြောင်း ကွင်းဆင်း
ပြုစုထားသော အစီရင်ခံစာ တစ်စောင်ကို နိုဝင်ဘာလ ၁ ရက်နေ့တွင် ထိုင်းနိုင်ငံ
အခြေစိုက် နယ်စပ် အကူအညီပေးရေး ညွန့်ပေါင်းအဖွဲ့ (TBC,The Border
Consortium) က တရားဝင် ထုတ်ပြန်သည်။
လျှပ်စစ်ဓာတ်အားခ နှစ်ဆတိုးမြှင့်မှုကြောင့် ၀န်ဆောင်စရိတ် တိုးလာသည့်အပေါ် ဈေးနှုန်းတက်ရ တော့မည်ဖြစ်ကြောင်း လုပ်ငန်းရှင် အချို့က လက်လီလုပ်ငန်းရှင်များသို့ အသိပေး
နိုဝင်ဘာလမှ စတင်ပြီး လျှပ်စစ်ဓာတ်အားခ နှစ်ဆတိုးမြှင့် ကောက်ခံမည်
ဖြစ်သောကြောင့် ၀န်ဆောင် စရိတ် တိုးလာသည့်အတွက် ကုန်စည်အချို့ ဈေးနှုန်းတက်၍
ရောင်းချ သွားတော့ မည်ဖြစ်ကြောင်း လုပ်ငန်းရှင်အချို့မှ လက်လီရောင်းချနေသည့်
လုပ်ငန်းရှင်များသို့ အသိပေး ထားကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။
NLD ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအပေါ် သဘောထား ရယူမှုများ ခရိုင် ၁၂ နေရာနှင့် မြို့နယ်ခြောက်နေရာ ပြီးစီး
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏
ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ်
သဘောထား ရယူမှုများမှာ နိုဝင်ဘာ ၃ ရက်အထိ ခရိုင် ၁၂ နေရာနှင့်
မြို့နယ်ခြောက်မြို့နယ်တွင် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
မြစ်ကြီးနားမြို့သို့ ရောက်ရှိလာသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ကချင်ဒေသခံ ထောင်ချီကြိုဆို
အစိုးရနှင့် နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ် ကိစ္စနှင့် ပတ်သက်ပြီး
ဆွေးနွေးရန် နိုဝင်ဘာ ၃ ရက်က မြစ်ကြီးနားမြို့သို့ ရောက်ရှိလာသော
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင် များကို ထောင်ချီသည့်
ကချင်ဒေသခံများက ကြိုဆိုခဲ့သည်။
ရဲတပ်ဖွဲ့ဝင်များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ တိုင်ကြားမှု များပြားနေသော်လည်း လူ့အခွင့်အရေးဆိုင်ရာ ပညာပေးမှု ကဏ္ဍတွင် အားနည်းနေ
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သို့ မြန်မာနိုင်ငံ
ရဲတပ်ဖွဲ့ဝင်များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍
တတိယအများဆုံး တိုင်ကြားနေသော်လည်း လက်ရှိကာလအထိ ရဲ တပ်ဖွဲ့ဝင်များအား
လူ့အခွင့်အရေးဆိုင်ရာ ပညာပေးမှုများ အားနည်းနေ ဆဲဖြစ်ကြောင်း
ကျောက် တံတားမြို့နယ် ရဲတပ်ဖွဲ့မှ စခန်းမှူးဖြစ်သူ ဒုရဲမှူး
မျိုးမြင့်ကြိုင်က ပြောကြားသည်။
Subscribe to:
Posts (Atom)







