ထိုင်းနိုင်ငံတွင် ဗြိတိန် နိုင်ငံသားစုံတွဲအသတ်ခံရမှုနှင့်
ပတ်သက်၍ စုံစမ်းစစ်ဆေးစဉ် ထိုင်းရဲတပ်ဖွဲ့က မြန်မာလုပ်သား များကို
ရိုက်နှက်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်နေပြီး
ထိုသို့ရိုက်နှက် ပါက ဥပဒေအရ တုံ့ပြန်သွားမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်း မောင်က ပြောကြားသည်။
Wednesday, September 24, 2014
လိုအပ်နေသည့် အမျိုးသမီးများ၏ အာသာဆန္ဒကိုဖြည့်ဆည်းပေးရသည့် မြန်မာပြည်မှ ယောင်္ကျား Sex Worker
လှုပ်လီလှုပ်လဲ့ဖြင့် မြွေတစ်ကောင်က ခါးလယ်မှဖြတ်ကာ တစ်ဆင့်ချင်း
တစ်ရစ်ချင်းတက်လာနေသလို ခံ စားရသည်။ ခန္ဓာကိုယ်ပေါ် မှိန်ပြပြမီးရောင်
အောက်တွင် သိုင်းဖက်ထားသော လက်တစ်စုံ က မြွေတစ်ကောင်လို
သူ့ကိုရစ်ပတ်သိုင်းဖက် ထားသည်။ သူမျက်လုံးလေး မှေးပြီးကြည့်တော့
သူမ၏မျက်လုံးများက ရမ္မက်ခိုးများဖြင့်
တောက် ပနေသည်။ သူ့မျက်နှာပေါ်တွင် သူမ၏ဆံပင်များ က ဝေ့ဝဲဖုံးအုပ်နေသည်။
မသိမသာမှုတ်ထုတ် မိသော သူ၏သက်ပြင်းခိုးတွင် သူမဆံသားတချို့ လှုပ်ခါသွားသည်။
အူရီးဒူး ဖုန်းပြောခ ပြန်လျှော့

ရန်ကုန်မြို့ရှိ ဖုန်းအရောင်းဆိုင်တစ်ခုတွင် အူရီးဒူးဆင်းမ်ကတ်များ ၀ယ်ယူနေစဉ်(ဓာတ်ပုံ−ကျော်ဇင်သန်း)
အူရီးဒူးမြန်မာအနေဖြင့် ဖုန်းခေါ်ဆိုခနှုန်းထားများကို ယခင်က မိနစ်အလိုက် ကောက် ယူနေသော်လည်း စက်တင်ဘာ ၂၃ ရက်မှစ၍ ဖုန်းပြောဆိုသည့် စက္ကန့်အလိုက်သာ တွက်ချက်၍ ကောက်ယူ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အူရီးဒူး၏ ဖုန်းခေါ်ဆိုခမှာ တစ်မိနစ်လျှင် ၂၅ ကျပ်သတ် မှတ်ထားပြီး ယခင်က ကောက်ယူ သည့် ပုံစံအရ ဖုန်းပြောချိန်မှာ တစ်မိနစ်မပြည့်သော်လည်း ၂၅ ကျပ်ကို ဖုန်းဘီလ်ထဲမှာ ဖြတ် တောက်ခဲ့ခြင်းဖြစ်သည်။
လျှပ်စစ်ဖြန့်ဖြူးမှုစနစ် ချို့ယွင်းမှုကြောင့် ထိခိုက်နစ်နာမှုများအား ထိုက်တန်သည့်လျော်ကြေး၊ ၀န်ဆောင်မှုပေးသည့် ဌာနအနေဖြင့် လုံခြုံမှုမပေးနိုင်ပါက ပြည်သူများ၏ ဘေးအန္တရာယ်လုံခြုံမှုကို အလေးမထားရာရောက်ကြောင်း ဒုဝန်ကြီးဦးအောင်သန်းဦး ပြောကြား
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုစနစ် ချို့ယွင်းမှုကြောင့် ထိခိုက်နစ်နာမှုများအား ထိုက်တန်သည့်လျော်ကြေးများ၊ ၀န်ဆောင်မှုပေးသည့် ဌာနအနေဖြင့် လုံခြုံမှုမပေးနိုင်ပါက ပြည်သူများ၏ ဘေးအန္တရာယ်လုံခြုံမှုကို အလေးမထားရာရောက်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်သန်းဦးက ပြော ကြားသည်။
နိုင်ငံသားဖြစ်ခွင့်ရ ဘင်္ဂါလီများကို နိုင်ငံသားအခွင့်အရေးအရ အခြားပြည်နယ်နှင့်တိုင်းများသို့ လွတ်လပ်စွာသွားလာခွင့်ပြုမည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောကြား
နိုင်ငံသားဖြစ်ခွင့်ရ ဘင်္ဂါလီများကို အခြားပြည်နယ်နှင့် တိုင်းများသို့ လွတ်လပ်စွာသွားလာခွင့်ပြုသွားမည
၁၉၈၂ ဥပဒေနှင့်အညီ နိုင်ငံသားဖြစ်ခွင့် ရသူများကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုပြီး ဖြစ်သဖြင့် ယင်းနိုင်ငံသား ဖြစ်ခွင့်ရသူများအနေဖြင့် နိုင်ငံသားအခွင့်အရေးကို အပြည့်အ၀ ရရှိမည်ဖြစ်ပြီး ခရီး သွားလာခွင့်ကို လွတ်လပ်စွာ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က “နိုင်ငံသားဖြစ်သွားတော့ နိုင်ငံသားအခွင့်အရေး ပေးရမှာပေါ့။ ရခိုင်ပြည်နယ်မှအပ တခြားတိုင်းနဲ့ပြည်နယ်တွေကို သွားလာခွင့်ပေးရမယ်။ လေကြောင်းနဲ့ သွားမယ်ဆိုရင်လည်း သွားခွင့်ပြုမယ်။ ရခိုင်ပြည်နယ်အတွင်းမှာတော့ ပြဿနာနည်းနည်း ရှိနိုင်သေးတဲ့အတွက် သွားလာခွင့်ကို ခွင့်မပြုသေးဘူး။ နိုင်ငံသားဖြစ်တဲ့သူတွေနဲ့ မဖြစ်တဲ့သူတွေကို ခွဲတော့ခွဲရမယ်။ ခွဲပြီးမှ ဥပဒေအတိုင်း ဆောင်ရွက်သွားရမှာပေါ့” ဟု ပြောကြားသည်။
မိုဘိုင်းဖုန်း သုံးသူများအတွက် သီးသန့် ပလက်ဖောင်း
အမေရိကန် ပြည်ထောင်စု၊ ဝါရှင်တန် ဒီစီမှာ စမ်းသပ်ပြီးတော့ မိုဘိုင်းဖုန်း သီးသန့် အသုံးပြုသူများအတွက် ပလက်ဖောင်းလမ်း ဆိုပြီးတော့ ဖန်တီးခဲ့ကြပါ သေးတယ်။ ယင်း ဖန်တီးမှုကို တကယ် အသက်သွင်းလိုက်တာ ကတော့ တရုတ်ပြည် အနောက်တောင်ပိုင်း Chongqing မြို့မှာ ဖြစ်ပြီး လူသွားလာမှု များတဲ့ လမ်းမတွေမှာ မိုဘိုင်းဖုန်း အသုံးပြုသူများအတွက် သီးသန့် လမ်းကြောင်း တစ်ခု ထားပေးခဲ့ ပါတယ်။
Tuesday, September 23, 2014
အင်္ဂလန်သို့  ပန်ကန်ပြားပျံ တစ်စင်း ရောက်လာခဲ့သလား
ပို့စ်မောက် ကောင်းကင်ယံတွင် တွေ့လိုက်ရသည့် ပန်းကန်ပြားပျံဟု ယူဆရသည့် အရာဝတ္ထု။ (ဓာတ်ပုံ - ဒေးလီးမေးလ်)
အင်္ဂလန်နိုင်ငံ တောင်ဖက်ကမ်းခြေ ကောင်းကင်ယံတွင် အရှိန်နှုန်း
လျင်မြန်စွာ ပျံသန်းသွားသော အမျိုးအမည်မသိ အရာဝတ္ထု တစ်ခုကို
တွေ့ရှိလိုက်ကြရာ သိပ္ပံနှင့် ဆိုင်ရာ နယ်ပယ်များမှ ပညာရှင်များ အပြင် မြို
့နေ ပြည်သူများ အကြား မည်သည့် အရာဝတ္ထု ဖြစ်မှန်းကို ဒွိဟပွား
အတွေးခက်နေစေသည်။“
မိုဘိုင်းဖုန်း သုံးစွဲမှုကြောင့် အိန္ဒိယ ဆယ်ကျော်သက် မိန်းလေးတစ်ဦး မီးရှို့သတ်ဖြတ်ခံရ
အိန္ဒိယနိုင်ငံတွင် ဆယ်ကျော်သက် မိန်းကလေး တစ်ဦးမှာ မိုဘိုင်းဖုန်း သုံးစွဲမှုကြောင့် မီးရှို့သတ်ဖြတ်ခြင်း ခံခဲ့ရကြောင်း သိရှိရသည်။
အိန္ဒိယ အရှေ့ပိုင်း ယူတာပရာဒက်ရှ်တွင် စက်တင်ဘာ (၂၀)ရက် ညပိုင်းက
အသက်(၁၇)နှစ်ဝန်းကျင်ရှိ မိန်းကလေးသည် အခင်းသွားရန်အတွက်
အိမ်ထဲမှထွက်လာခဲ့သည်။ ယူတာပရာဒက်ရှ်ရှိ နေအိမ် အများစုကဲ့သို့ သူမ၏
နေအိမ်တွင်လည်း အိမ်သာမရှိချေ။
ကာမဂုဏ်ကိုးသူ မိခင်ကြောင့် မြေစာပင် ဖြစ်ခဲ့ရသူ သမီးငယ် ~ "ကျွန်မဟာ နေ့ပိုင်းမှာ ကျောင်းသူတစ်ယောက် ဖြစ်ပြီး ညပိုင်းမှာ လိင်ကျေးကျွန် တစ်ယောက်ပါ"
အန်နာဘယ်လ် ဖော့ရက်စ် ကိုယ်တိုင် ရေးသားထားသည့် ဖြစ်ရပ်မှန် စာအုပ်၏ မျက်နှာဖုံး။
ကာမဂုဏ် ကိုးကွယ်သည့် မာရ်နတ်ဂိုဏ်း တစ်ဂိုဏ်း၏ လိင်အစေအပါး အဖြစ်
လုပ်ကျွေး ပြုစုခဲ့ရသူ အန်နာဘယ်လ် ဖော့ရပ်စ်ဆိုသူ အမျိုးသမီးက သူငယ်စဉ်က
ဖြတ်သန်းခဲ့ရသည့် ၁၁ နှစ်တာ အမှောင်ကာလများ အကြောင်းကို စာအုပ်တစ်အုပ်
ရေးသား ထုတ်ဝေခဲ့ပြီး ယင်း မကောင်းဆိုးဝါး ဂိုဏ်းဝင်များ လက်တွင်း သူ့ အား
၁၁ နှစ်လုံးလုံး လိင်ကျေးကျွန် အဖြစ် ငရဲကျ စေခဲ့သည့် မိစ္ဆာဒိဌိ အယူလွဲ
မိခင်ဖြစ်သူအား ၎င်းအနေဖြင့် မည်သည့် အချိန်တွင်မျှ ခွင့်လွှတ်မည် မဟုတ်ကြောင်း
ရင်ဖွင့် ပြောကြား ခဲ့သည်။
မြန်မာအမျိုးသမီး လက်ရွေးစဉ်အသင်း အာရှပွဲမှာ ဘာကြောင့် ပါဝင်ယှဉ်ပြိုင်ခြင်း မပြုသလဲ
၁၉၄၈ ခုနှစ်က လန်ဒန်တွင် ကျင်းပသော ၁၄ ကြိမ်မြောက် လန်ဒန်အိုလံပစ်
ပြိုင်ပွဲကျင်းပနေစဉ် အပြည်ပြည် ဆိုင်ရာ အိုလံပစ်ကော်မတီ (IOC)
အဖွဲ့ဝင်လည်းဖြစ်၊ အိန္ဒိယ နိုင်ငံပြေးခုန်ပစ် အဖွဲ့ချုပ် ဥက္ကဋ္ဌလည်း ဖြစ်သူ
Mr. Sondhi သည် အာရှ ၁၃ နိုင်ငံမှ ကိုယ်စားလှယ်များအား ဖိတ်ခေါ်၍ အာရှတိုက်
အားကစား အဖွဲ့အစည်းတရပ် ထူထောင် ဖွဲ့စည်း နိုင်ရန်နှင့် အာရှအားကစား
ပြိုင်ပွဲများကျင်းပနိုင်ရေး အတွက် အစည်းအဝေး ခေါ်ယူ၍ စတင် အကောင်အထည်
ဖော်ခဲ့သည်။
ဆေးမြစ်များ လိမ်းရာမှ အရိုးပေါ်သည်အထိ ဝေဒနာခံစားခဲ့ရသူကို အသားအစားထိုးကုသမည်

ဒေသထွက်ဆေးမြစ် များလိမ်းရာမှ ညာဘက်ပေါင်ရှိ အ ရိုးများပေါ်လာသည်အထိ ဝေဒနာ ခံစားနေရသည့် လူနာအမျိုးသမီး ငယ်မှာ အသားအစားထိုးပြီး လရှည်ကုသမှု ခံယူရမည်ဖြစ် ကြောင်း သတင်းရရှိသည်။
ရေဦးမြို့နယ်အတွင်း နေ ထိုင်သည့် အသက် (၁၄) နှစ်အ ရွယ် လူနာအမျိုးသမီးငယ်မှာ လွန်ခဲ့သည့် တစ်လခန့်က တံ မြက်စည်းလှည်းရာမှတစ်ဆင့် ချော်လဲခဲ့၍ အိမ်ရှိ သစ်ခေါက် တစ်မျိုးကို သွေးလိမ်းခဲ့ရာ ပေါင် နှင့်ခြေသလုံး ၀န်းကျင်တွင် ရေ ကြည်ဖုများ ထွက်ပေါ်ခဲ့သည်။
အော်ရီဒူး ဖုန်းခေါ်ဆိုခ စက္ကန့်အလိုက်သာ ကောက်ခံတော့မည်
ဖုန်းအသုံးပြုချိန် တစ်မိနစ် မပြည့်လျှင်ပင် (တစ်မိနစ် ကျသင့်နှုန်း) ၃၅ ကျပ် ကောက်ခံပြီး ဖုန်းခေါ်ဆိုမှု မကြည်လင်ခြင်း၊ ဖုန်းလိုင်း မကောင်းမွန်ခြင်းကြောင့် ပြည်သူလူထုက ဝေဖန်မှုများ ရှိနေသော အော်ရီဒူး ဖုန်းခေါ်ဆိုခ နှုန်းထားများကို စက်တင်ဘာ ၂၃ ရက်နေ့မှ စကာ အသုံးပြုသည့် စက္ကန့်အလိုက် ပြောင်းလဲ ကျသင့်တော့မည် ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။
အော်ရီဒူး ဖုန်းဆက်သွယ်ရေး ကွန်ရက်များ ကောင်းမွန်စွာ လည်ပတ်နိုင်ရေး ဗဟိုဌာနတွင် မြန်မာဝန်ထမ်းဦးရေ ၃၀၀ ဖြင့် လုပ်ငန်းဆောင်ရွက်နေခြင်း ဖြစ်ပြီး သုံးစွဲသူ ပြည်သူလူထု၏ အကြံပြုချက်များနှင့် သုံးစွဲမှုအပေါ် သဘောထား အခြေအနေတို့ကို ပြုလုပ်ခဲ့ပြီးနောက် ယင်းကဲ့သို့ ပြောင်းလဲကောက်ခံခြင်း ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အော်ရီဒူး ဖုန်းဆက်သွယ်ရေး ကွန်ရက်များ ကောင်းမွန်စွာ လည်ပတ်နိုင်ရေး ဗဟိုဌာနတွင် မြန်မာဝန်ထမ်းဦးရေ ၃၀၀ ဖြင့် လုပ်ငန်းဆောင်ရွက်နေခြင်း ဖြစ်ပြီး သုံးစွဲသူ ပြည်သူလူထု၏ အကြံပြုချက်များနှင့် သုံးစွဲမှုအပေါ် သဘောထား အခြေအနေတို့ကို ပြုလုပ်ခဲ့ပြီးနောက် ယင်းကဲ့သို့ ပြောင်းလဲကောက်ခံခြင်း ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။
လူသတ်မှု၊ လက်နက်ကိုင်ရမ်းကားမှုများကို ထိရောက်စွာနှိမ်နင်းရန် ရန်ကုန်အစိုးရ ကို တောင်းဆို
ရန်ကုန်တိုင်းအတွင်း ဖြစ်ပေါ်နေသည့် လူသတ်မှု၊ အုပ်စုဖွဲ့တိုက်ခိုက်မှုနှင့် လက်နက်ကိုင် ရမ်းကားမှုတို့ကို တိုင်းအစိုးရက ထိရောက်စွာ ဆောင်ရွက်ရန် စက်တင်ဘာ ၂၂ ရက်က ပြုလုပ် သည့် တိုင်းလွှတ်တော် အထူးအစည်းအဝေးတွင် လွှတ်တော်အမတ်တစ်ဦးက အရေးဆိုလိုက်သည်။
ရန်ကုန်တိုင်းအတွင်း မင်းမဲ့စရိုက် ဆန်ဆန် ကျူးကျော်ဝင်ရောက်မှု၊ လူသတ်မှု၊ အုပ်စုဖွဲ့တိုက်ခိုက်မှု၊ ဝတ္တရားနှောင့်ယှက်မှုနှင့် လက်နက်ကိုင်ရမ်းကားမှုများ ဖြစ်ပေါ်နေသည့်အတွက် တရားဥပဒေစိုးမိုးရေးကို ပိုမိုထိရောက်စွာ လုပ်ဆောင်ရန် ဒဂုံမြို့သစ်(တောင်ပိုင်း) မှ တိုင်းအမတ် ဒေါ်စန်းစန်းဝင်းက ရန်ကုန်တိုင်း အစိုးရကို တိုက်တွန်းလိုက်ခြင်းဖြစ်သည်။
ဗြိတိန် ၂ ဦး အသတ်ခံရသည့် လိပ်ကျွန်းလူသတ်မှု၊ သံသယရှိ ၂ဦး၏ ဓာတ်ပုံများ ရဲက ရရှိ
ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်း၌ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရမှုနှင့် ပတ်သက်သည့် တရားခံဟု ယူဆရသူ ထိုင်းလူမျိုး ၂ ဦး၏ ဓာတ်ပုံကို ပြင်သစ်ကမ္ဘာလှည့်ခရီးသွားတဦးက ထိုင်းရဲတပ်ဖွဲ့ အားပြန်လည်မျှဝေပေးခဲ့ကြောင်း ယနေ့ထုတ် ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားသည်။ အခင်းဖြစ်ပွားချိန်က လုံခြုံရေးကင်မရာမှတ်တမ်း၌ ပါရှိသည့် သံသယရှိသူ တဦး၏ ပုံစံမှာလည်း အဆိုပါ
နိုင်ငံသားဖြစ်ခွင့်ရ ဘင်္ဂါလီ ၄၀ ဦးကျမ်းသစ္စာကျိန်ဆိုပွဲ ရခိုင်ဒေသခံများကန့်ကွက်
မြေပုံမြို့နယ်တွင် စက် တင်ဘာ ၂၂ ရက်က ပြုလုပ်ခဲ့သောနိုင်ငံသားဖြစ်ခွင့်ရသူ ဘင်္ဂါလီလူ မျိုးများ၏ ကျမ်းသစ္စာကျိန်ဆိုပွဲကို ရခိုင်ဒေသခံများက ကန့်ကွက်ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သတင်းရရှိ သည်။
၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ နိုင်ငံသားဖြစ်ခွင့်ရသူ ဘင်္ဂါလီလူမျိုး ၄၀ ဦး၏ ကျမ်းသစ္စာကျိန် ဆိုပွဲကို မြေပုံမြို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ယင်းကျမ်းသစ္စာကျိန် ဆိုပွဲကို ဒေသခံများက အိမ်များ၊ ဈေးဆိုင်များပိတ်ကာ လမ်းများ ပေါ်သွားလာလှုပ်ရှားခြင်းမပြုဘဲ ကန့်ကွက်ဆန္ဒ ဖော်ထုတ်ခဲ့ကြ ခြင်း ဖြစ်သည်။
မင်းမဲ့စရိုက်ဆန်ဆန် မှုခင်းများ ထိရောက်စွာနှိမ်နင်းရန် အဖြေရှာမည်
ရန်ကုန်တိုင်းဒေသကြီး အတွင်းဖြစ်ပေါ်နေသော မင်းမဲ့စ ရိုက်ဆန်ဆန်လူသတ်မှု၊ အုပ်စု ဖွဲ့တိုက်ခိုက်မှု များအား တိုင်း ဒေသကြီးအစိုးရအနေဖြင့် ပိုမိုထိ ရောက်စွာ နှိမ်နင်းဆောင်ရွက် ရန် တိုင်းဒေသကြီး လွှတ်တော်တွင် ယနေ့ ဆွေးနွေးသွားမည် ဖြစ် သည်။
ယခုလ ၂၂ ရက်တွင် ကျင်းပပြုလုပ်သော ရန်ကုန်တိုင်းဒေသ ကြီး လွှတ်တော်အထူးအစည်း အဝေး၌ ဒဂုံမြို့သစ်(တောင် ပိုင်း) မဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ် စန်းစန်းဝင်းက ရန်ကုန်တိုင်း ဒေသကြီးအတွင်း အထက်ဖော် ပြပါ ကိစ္စရပ်များဖြစ်ပေါ်နေပြီး တရားဥပဒေစိုးမိုးမှုကို ထိခိုက် လာသဖြင့် ယခုအဆိုကို တင် သွင်းရကြောင်း ပြောကြားခဲ့ သည်။
‘‘တရားဥပဒေမဲ့ လုပ်ဆောင် တယ်ဆိုတဲ့ နေရာမှာ ပုဂ္ဂလိက ပိုင်၊ ဌာနပိုင်၊ အများပိုင် စတဲ့ မြေတွေမှာ အုပ်စုဖွဲ့ကျူးကျော် ၀င်ရောက်မှုတွေတော်တော်များ များရှိလာတာကိုတွေ့ရပါတယ်။ ဒီလိုဖြစ်တာတွေ အပေါ်မှာ အပြစ် ရှိသူကို ရှိသကဲ့သို့ အရေးယူပြီး မှန်ကန်သူများအတွက်လည်း ဥပဒေနဲ့အညီ မှန်မှန်ကန်ကန်လုပ်ပေး သင့်ပါတယ်’’ဟု အဆိုရှင်ဖြစ်သူ ဒေါ်စန်းစန်းဝင်းကပြောကြား သည်။
ဖက်ဒရယ်နှင့်ပတ်သက်၍ တပ်မတော်ထိပ်ပိုင်း မကျေလည်၊ ဆွေးနွေးပွဲ ပထမနေ့ သဘောတူညီချက်မရသေး
တစ်နိုင်ငံလုံး အပစ်အ ခတ်ရပ်စဲရေး တတိယမူကြမ်းအ တွက် ဆွေးနွေးပွဲပထမနေ့တွင် ဖက်ဒရယ်နှင့်ပတ်သက်၍ တပ်မ တော် ထိပ်ပိုင်းမှ မကျေလည်မှု များရှိနေပြီး တပ်ပိုင်းဆိုင်ရာ ကိစ္စ ရပ်များကိုလည်း ဆွေးနွေးမှု မပြု လုပ်နိုင်သေးကြောင်း သတင်းရရှိ သည်။
‘‘အရင်တစ်ပတ်တုန်းကပေါ့ နော်။ ဖက်ဒရယ်ကိစ္စတွေ ချမှတ် သွားတဲ့အပေါ်မှာ အထက်ပိုင်း တပ်ဘက်ဆိုင်ရာက သိပ်မကျေ လည်ဘူး’’ ဟု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တစ် နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ခေါင်းဆောင် နိုင်ဟံသာက ပြော ကြားသည်။
အကြံပြုချင်ပါ၏

အကြံပြုချင်ပါ၏ တတိယအရွယ် အိုမင်းသောအခါမှ တရားရှာလျှင် ဆယ်နှစ်ကြာမည်ဆိုလျှင် ပထမအရွယ်ကတည်းက တရားရှာပါက ဆယ်ရက် သို့မဟုတ် ဆယ်ပါတ် သို့မဟုတ် ဆယ်လအတွင်း တရားရနိုင်မည်ဖြစ်၏။
တရားရှာသည်ဆိုသဖြင့် စီးပွားရေးလုပ်ငန်းများကို ရပ်ထားရမည်ဟု မဆိုလို၊ အိပ်ခါနီးအချိန်လေးတွင် နာရီဝက်၊ တစ်နာရီခန့် အချိန်ယူပြီး ၀ိပဿနာတရားကို နည်းနည်းချင်း နာကြားသင့်သည်ကို ဆိုလိုပါ၏။
ပုရိသတွေကို စိတ်ကုန်လို့ ရင်သားသုံးဖက်ဖြစ်အောင် ဆာဂျရီနဲ့ ပြုပြင်လိုက်တဲ့ ဖလော်ရီဒါ အနှိပ်ခန်းက မိန်းကလေး

အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်း ဖလော်ရီဒါပြည်နယ်မှ အသက် ၂၁ နှစ်အရွယ် မိန်းကလေးသည် အမျိုးသားများအပေါ် စိတ်ကုန်သွားပြီး ဆွဲဆောင်မှုမရှိတော့စေရန် တတိယမြောက်ရင်သား တစ်ခုကို ပလပ်စတစ်ဆာဂျရီဖြင့် ပြုပြင်လိုက်သည်။အနှိပ်ခန်းတစ်ခုတွင် အလုပ်လုပ်သော ဂျက်စမင်းထရိုင်ဒီဗဲလ်သည် အဆိုပါ ရင်သားနောက်ထပ်တစ် လုံးကို ရရှိရန် အမေရိကန်ဒေါ်လာ ၂၀၀၀၀ အကုန်အကျခံ ပြုပြင်ခဲ့ရကြောင်း ပြောကြားသည်။
“ကျွန်မအနေနဲ့ နောက်ထပ်ရင်သားတစ်လုံး ရလာတာကလွဲလို့ ဘာမှ ထူးထူးခြားခြား မခံစားရပါဘူး။ အဲဒီနို့သီးခေါင်းအသစ်က နဂိုနို့ သီးခေါင်းတွေလိုတော့ ခံစားမှုသိပ်မရှိဘူး” ဟု ပြောသည်။
“ကျွန်မအနေနဲ့ နောက်ထပ်ရင်သားတစ်လုံး ရလာတာကလွဲလို့ ဘာမှ ထူးထူးခြားခြား မခံစားရပါဘူး။ အဲဒီနို့သီးခေါင်းအသစ်က နဂိုနို့ သီးခေါင်းတွေလိုတော့ ခံစားမှုသိပ်မရှိဘူး” ဟု ပြောသည်။
ဆီးရီးယား IS စစ်သွေးကြွတွေကို လေကြောင်းတိုက်ခိုက်မှုစတင်

အမေရိကန်ပြည်ထောင်စုနဲ့ မဟာမိတ်နိုင်ငံများအဖွဲ့ဟာ ဆီးရီးယားနိုင်ငံမှာ ရှိတဲ့ အစ္စလမ်မစ် နိုင်ငံတော် IS စစ်သွေးကြွ တွေကို လေကြောင်းတိုက်ခိုက်မှု စစ်ဆင်ရေးတွေ စတင်ပြီဖြစ်တယ်လို့ ပင်တဂွန် စစ်ဌာန ချုပ် က ပြောပါတယ်။ အခုလို လေကြောင်းစစ်ဆင်ရေး လုပ်ဆောင်ရာမှာ တိုက်လေယာဉ်တွေ၊ ဗုံးကြဲဂျက်လေယာဉ်တွေနဲ့ တွန်မာဟော့ မစ်ဆိုင်းဒုံးကျည်တွေကိုလည်း အသုံးပြုခဲ့တယ်လို့ ပင်တဂွန်ပြောခွင့်ရ John Kirby ပြောဆို တာကို ကိုးကားပြီး ဘီဘီစီ သတင်းမှာ ဖော်ပြပါတယ်။
စစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်နေတယ်လို့သာပြောသွားပြီး အသေးစိပ်ကိုတော့ သူက ပြောမထား ပါဘူး။
အူရီးဒူး ဖုန်းခေါ်ဆိုခ စက္ကန့်အလိုက် ပြောင်းလဲ ကောက်ခံမည်
ရန်ကုန် (မဇ္ဈိမ) ။ ။ ဖုန်းခေါ်ဆိုမှု စက္ကန့်ကျော်ပါက မိနစ်ဖြင့် ကောက်ယူမှုကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသော အူရီးဒူး အော်ပရေတာက စက်တင်ဘာ ၂၃ ရက်မှစပြီး ဖုန်းပြောဆိုခများကို စက္ကန့်အလိုက်ပြောင်းလဲ ကောက်ခံမည်ဟု အူရီးဒူးမြန်မာက ယနေ့ (စက်တင်ဘာ ၂၂ ရက်) ညနေပိုင်းတွင် သတင်းထုတ်ပြန်လိုက်သည်။
ToP 10 Miss Popular မှာ မြန်မာအလှမယ် ပါဝင်
Top 10 Miss Popular များ၊ ဓာတ်ပုံ- Miss Grand International
ထိုင်းနိုင်ငံ ကျင်းပနေတဲ့ Miss Grand International 2014 မှာ နိုင်ငံတကာ အလှမယ်တွေ ယှဉ်ပြိုင်နေ ကြတာမှာ မဲပေးမှု စနစ်အရ Miss Popular Vote 2014 ရဲ့ နောက်ဆုံး ဇကာတင် ၁ဝ ဦး စာရင်း မှာ
မြန်မာ အလှမယ် M ဂျာဆိုင်း လည်း ရွေးချယ်ခံရပါတယ်။
မဲပေးမှု ၁ဝ.၃၂ ရာခိုင်နှုန်းရထားတဲ့ ဖိလစ်ပိုင်မယ်ပြီးရင် မြန်မာအလှမယ်က ၈.၆၈ ရာခိုင်နှုန်း နဲ့ ဒုတိယမဲ အများဆုံး ရရှိထားပါတယ်။
အမေရိကန်သူတစ်ဦး ရင်သားတတိမွှာ အစားထိုးခွဲစိတ်

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါမြို့မှ အနှိပ်ပညာရှင် တစ်ဦးသည် ပေါင် ၁၂၀၀၀ အကုန်အကျခံ၍ ရင်သား တတိယမွှာ အစားထိုး ခွဲစိတ်ခဲ့သည်။ အသက်(၂၁)နှစ် အရွယ်ရှိ ထရိုင်ဒီဗေးသည် ထင်ပေါ်ကျော်ကြားရန်နှင့် သူမကို ယောက်ျားများ စိတ်ဝင်စားခြင်းမရှိရန် ယခုကဲ့သို့ တတိယရင်သားမွှာ အစားထိုး ခွဲစိတ်ကုခဲ့ခြင်းဟု ပြောသည်။
တစ်ဖက်မှာငြိမ်းချမ်းရေး၊တစ်ဖက်မှာအမုန်းတရား
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်က ရန်ကုန်နဲ့ အခြားနယ်မြို့တွေမှာ ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေ လုပ်ခဲ့ကြပါတယ်။ စီနီယာဝန်ကြီး ဦးစိုးသိန်း၊ ၀န်ကြီးဦးခင်ရီ နဲ့ အစိုးရတာဝန်ရှိသူတွေ၊ ပဒိုကွယ်ထူးဝင်းလို လက်နက်ကိုင်တိုင်းရင်းသား ခေါင်းဆောင်တွေ၊ သံတမန်တွေ၊ စာရေးဆရာတွေ၊ နိုင်ငံရေးသမားတွေ၊ အနု ပညာသည် တွေနဲ့ ပြည်သူတချို့ တက်ရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားတစ်ခုကိုလည်း ရန်ကုန် ရွှေလီလမ်းက ငြိမ်းချမ်းရေးစင်တာမှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီအစည်းအဝေးကို သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် သ၀ဏ်လွှာပေးပို့ခဲ့ပါတယ်။ အလားတူ ညနေပိုင်းမှာ ငြိမ်းချမ်းရေးအတွက် ချီတက် လမ်းလျှောက်တာတွေ၊ ငြိမ်းချမ်းရေး ဘောလုံးပွဲတွေကိုလည်း ကျင်းပခဲ့ကြပါသေးတယ်။ ဒါပေမဲ့ ဒါပေမဲ့ လည်းပေါ့လေ။ စက်တင်ဘာ ၂၀ ရက်တုန်း က မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေကျေးရွာမှာ ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတစ်ခု
ကာကွယ်ရေးတက္ကသိုလ်တွင် အမျိုးသမီး အပါအ၀င်နယ်ဘက်အရာရှိများ တက်ရောက်ခွင့်ပြုရန် စီစဉ်နေဟု သတင်းထွက်ပေါ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် သင်တန်းသားအရာရှိကြီးများ အား တွေ့ဆုံအမှာစကားပြောကြားစဉ် (ဓာတ်ပုံ −မင်းအောင်လှိုင် ဖေ့စ်ဘွတ်)
နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်တွင် ပြည်ထဲရေးဝန်ကြီးဌာန အမျိုးသမီးများ အပါအ၀င် နယ်ဘက်အရာရှိများကို ထပ်မံတက်ရောက် ခွင့် ပြုမည်ဖြစ်ကြောင်းတပ်မတော် အသိုင်းအ၀ိုင်းမှ သတင်းရရှိသည်။
သမ္မတနှင့်ဌာန ဂုဏ်သိသမ္မတနှင့်ဌာန ဂုဏ်သိက္ခာကာကွယ်ရန် ဂျာနယ် နှစ်စောင် ကို တရားစွဲမည်ဟုဆိုက္ခာကာကွယ်ရန် ဂျာနယ်နှစ်စောင်ကို တရားစွဲမည်ဟုဆို

နိုင်ငံတော်သမ္မတဦးသိန်းစိန် မိန့်ခွန်းပြောကြားစဉ်(ဓာတ်ပုံ−ငြိမ်းချမ်းနိုင်/အီးပီအေ)
ပြည်တွင်းထုတ်မြန်မာ
သံတော်ဆင့်ဂျာနယ်နှင့် Weekly Eleven သတင်းဂျာနယ်တို့တွင် သမ္မတ၊
စာပေနှင့် စာနယ်ဇင်း လုပ်ငန်းတို့နှင့် ပတ်သက်၍ ရေးသားမှုများကို စာနယ်ဇင်းကောင်စီသို့ တိုင်ကြား ထားရာညှိ နှိုင်းဖြေရှင်းမှုမအောင်မြင်သည့်အတွက် သမ္မတနှင့်ဌာန၏ ဂုဏ်သိ က္ခာကာကွယ်ရန်တရားဥပဒေအရ
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု
ဝန်ကြီးဦးရဲထွဋ်ကပြောကြားသည်။
Subscribe to:
Posts (Atom)




