Sunday, January 11, 2015

ကြောင်နှစ်ကောင်နှင့် လက်ထက်ထားသော အမျိုးသမီး ဆယ်နှစ်ပြည်မင်္ဂလာ နှစ်ပတ်လည်ကျင်းပ

Photo: ကြောင်နှစ်ကောင်နှင့် လက်ထက်ထားသော အမျိုးသမီး ဆယ်နှစ်ပြည်မင်္ဂလာ နှစ်ပတ်လည်ကျင်းပ

ဇန်န၀ါရီလ ၁၁ ရက်၊ ၂၀၁၅ ခုနှစ်

လန်ဒန်မှာနေထိုင်တဲ့ အသက် ၄၈နှစ်အရွယ် အမျိုးသမီးဟာ သူမ လက်ထပ်ထားတဲ့ ကြောင်ထီးနှစ်ကောင် နဲ့အတူ ၁ဝနှစ်ပြည့်မင်္ဂလာသက်တမ်း နှစ်ပတ်လည်လေးကို အတူတကွဆင် နွှဲခဲ့ကြတယ်လို့ Daily Mirror ဌာနက ရေးသားဖော်ပြခဲ့ပါတယ်။

အဆိုပါကြောင်ထီးနှစ်ကောင် နဲ့လက်ထပ်ထားတဲ့ အသက် ၄၈နှစ် အရွယ် အမျိုးသမီးကတော့ ဘာဘရီ လာ ဘက်ခ်ျနာလို့အမည်ရပြီး သူမ ဟာ ဝက်ဘ်ဆိုက်ဒီဇိုင်နာတစ်ဦးလည်း ဖြစ်တယ်လို့သိရပါတယ်။ အသက် ၄၈ နှစ်အရွယ် ဝက်ဘ်ဆိုက်ဒီဇိုင်နာ ဘာ ဘရီလာဘက်ခ်ျနာဟာ ခုနစ်နှစ်ကြာ လက်တွဲခဲ့တဲ့ သူမရဲ့ချစ်သူနဲ့ လမ်းခွဲခဲ့ ပြီးမှာတော့ နောက်ထပ်အချစ်သစ်ကို ရှာဖွေမှာမဟုတ်ဘူးလို့ ဆုံးဖြတ်ထား တယ်လို့ သိရပါတယ်။

ဘာဘရီလာဘက်ခ်ျနာဟာ သူမနဲ့အတူ တရားဝင်လက်ထပ်ထား တဲ့ ကြောင်ထီးလေးနှစ်ကောင်နဲ့အတူ ၁ဝနှစ်ပြည့် မင်္ဂလာသက်တမ်းနှစ်ပတ် လည်ကို ဆင်နွှဲခဲ့ပြီးဖြစ်ပါတယ်။ သူမ နဲ့လက်ထပ်ထားတဲ့ ကြောင်ထီးလေး နှစ်ကောင်ကတော့ Spider နဲ Lugosi လို့အမည်ရပြီး သူမရဲ့အချိန်တွေကို ယင်း ကြောင်လေးနှစ်ကောင်နဲ့အတူ ပျော် ရွှင်စွာ ဖြတ်သန်းသွားမယ်လို့ ပြောဆို ခဲ့ပါတယ်။

လန်ဒန်ဝက်ဘ်ဆိုက်ဒီဇိုင် နာ ဘာဘရီလာဘက်ခ်ျနာ ချစ်သက် သေတစ်ခုအနေနဲ့ သူမရဲ့ ညာဘက် လက်မှာ S,L ဆိုပြီး တက်တူးထိုးထား တယ်လို့ သိရပါတယ်။

Spider နဲ့ Lugosi တို့ဟာ မတူညီလောက်အောင် ကွဲပြားခြားနား ကြပါတယ်။ သူတို့တွေနဲ့နေရတာ ပျော် ရွှင်မှုတွေ အများကြီးခံစားရပါတယ်။ သူတို့နဲ့လက်ထပ်ရတာ ကျွန်မ အရမ်း ပျော်ပါတယ်။ ဘယ်သူတွေဘာပဲပြော ပြော ကျွန်မဂရုမစိုက်ပါဘူး။ နောင်တ လည်းမရပါဘူးလို့ ပြောဆိုခဲ့ပါတယ်။

ဘာဘရီလာဘက်ခ်ျနာဟာ ခုနစ်နှစ်ကြာလက်တွဲလာခဲ့တဲ့ ချစ်သူ နဲ့ လမ်းခွဲခဲ့ပြီးမှာတော့ အလွန်တရာ ကြေကွဲဝမ်းနည်းခဲ့ရပြီး နေ့စဉ်နေ့တိုင်း ငိုခဲ့ရပါတယ်။ အဲဒီအချိန်မှာ ကျွန်မ သိပ်ချစ်ရတဲ့ ကြောင်နှစ်ကောင်ဟာ ကျွန်မဘေးနားမှာ အဖော်ပြုပေးခဲ့ပါ တယ်။ ကျွန်မသိပ်ချစ်ရတဲ့ Lugosi နှဲ့ Spider တို့ သေဆုံးသွားခဲ့မယ်ဆိုရင် အခြားသောကြောင်တွေနဲ့ ဘယ်တော့ မှ လက်ထပ်တော့မှာ မဟုတ်ပါဘူး။ သူတို့ဟာ ကျွန်မသိပ်ချစ်ရတဲ့ ကြောင် လေးနှစ်ကောင်ပါ။

တကယ်လို့ အမျိုး သားတစ်ဦးက ကျွန်မကို လက်ထပ်ဖို့ ပြောလာမယ်ဆိုရင်လည်း ကျွန်မ ငြင်း လိုက်မှာပါ။ ကျွန်မမှာ လက်ထပ်ထား တဲ့ ကြောင်ထီးလေးနှစ်ကောင်ရှိတယ် လို့ဆိုပြီးငြင်းမှာပဲလို့ ဘာဘရီလာဘက်ခ်ျ နာက ပြောပါတယ်။
ယခုနှစ် ဇန်နဝါရီလမှာ မင်္ဂ လာသက်တမ်း ၁ဝနှစ်ပြည့်ခဲ့ပြီမို့ နေ အိမ်မှာပဲ ၁ဝနှစ်ပြည့်နှစ်ပတ်လည်ပွဲ ဆင်နွှဲလိုက်ခြင်းဖြစ်ပါတယ်။

Yangon Media Group
လန်ဒန်မှာနေထိုင်တဲ့ အသက် ၄၈နှစ်အရွယ် အမျိုးသမီးဟာ သူမ လက်ထပ်ထားတဲ့ ကြောင်ထီးနှစ်ကောင် နဲ့အတူ ၁ဝနှစ်ပြည့်မင်္ဂလာသက်တမ်း နှစ်ပတ်လည်လေးကို အတူတကွဆင် နွှဲခဲ့ကြတယ်လို့ Daily Mirror ဌာနက ရေးသားဖော်ပြခဲ့ပါတယ်။

အဆိုပါကြောင်ထီးနှစ်ကောင် နဲ့လက်ထပ်ထားတဲ့ အသက် ၄၈နှစ် အရွယ် အမျိုးသမီးကတော့ ဘာဘရီ လာ ဘက်ခ်ျနာလို့အမည်ရပြီး သူမ ဟာ ဝက်ဘ်ဆိုက်ဒီဇိုင်နာတစ်ဦးလည်း ဖြစ်တယ်လို့သိရပါတယ်။ အသက် ၄၈ နှစ်အရွယ် ဝက်ဘ်ဆိုက်ဒီဇိုင်နာ ဘာ ဘရီလာဘက်ခ်ျနာဟာ ခုနစ်နှစ်ကြာ လက်တွဲခဲ့တဲ့ သူမရဲ့ချစ်သူနဲ့ လမ်းခွဲခဲ့ ပြီးမှာတော့ နောက်ထပ်အချစ်သစ်ကို ရှာဖွေမှာမဟုတ်ဘူးလို့ ဆုံးဖြတ်ထား တယ်လို့ သိရပါတယ်။

ရုပ်ရှင်အစည်းအရုံး ပြန်လည်ဖွဲ့စည်းမည်

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အမှုဆောင်အဖွဲ့ ပြန်လည်ရွေးချယ် ဖွဲ့စည်းခြင်းကို ဇန်နဝါရီ ၂၂ ရက်မှ ၂၄ ရက်ထိ ဗဟန်းမြို့နယ်ရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးခန်းမတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အခြေခံအလွှာလိုက် အမှုဆောင်များ ပြန်လည်ရွေးချယ်ဖွဲ့စည်းခြင်းကို ရုပ်ရှင်အစည်းအရုံး နာယကကြီးများနှင့် ရွေးကောက်ပွဲကော်မရှင်မှ ကြီးကြပ်၍ ဇန်နဝါရီ ၂၂ ရက်တွင် စက်မှုလက်မှု အခြေခံ အလွှာမှ ရွေးချယ်ခံမည့် ကိုယ်စားလှယ် ငါးဦး၊ ဗီဒီယိုအခြေခံအလွှာမှ ငါးဦး၊ ပြဇာတ်နှင့် နောက်ခံတေး ဂီတ အလွှာမှ လေးဦး၊ ဇန်နဝါရီ ၂၃ ရက်တွင် ဒါရိုက်တာ အခြေခံ အလွှာမှ ခြောက်ဦး၊ ဇာတ်ပို့

စစ်ရေးလေ့ကျင့်မှုနဲ့ နျူ ကလီယား စမ်းသပ်မှု ဖလှယ်ဖို့ မြောက် ကိုရီးယား ကမ်းလှမ်း

Photo: စစ်ရေးလေ့ကျင့်မှုနဲ့ နျူ ကလီယား စမ်းသပ်မှု ဖလှယ်ဖို့ မြောက် ကိုရီးယား ကမ်းလှမ်း
Sunday, January 11, 2015 

အမေရိကန်ပြည်ထောင်စုအနေနဲ့ တောင်ကိုရီးယားနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ရပ်ဆိုင်းဖို့ သဘောတူမယ်ဆိုရင် သူ့ရဲ့ နျူကလီယားစမ်းသပ်မှု အစီအစဉ်ကို ယာယီရပ်ဆိုင်းထားမယ်လို့မြောက်ကိုရီးယားအစိုးရက စနေနေ့က ပြောပါတယ်။ ဒီလိုစစ်ရေးလေ့ကျင့်မှုဟာ ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ ဖြစ်ပွားစေတဲ့ အဓိက အကြောင်းရင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။

အခုလိုအဆိုပြုချက်ကို သောကြာနေ့ ဇန္န၀ါရီလ ၉ ရက်နေ့မှာ အမေရိကန်ဘက်ကို ကမ်းလှမ်းခဲ့တာဖြစ်တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာန KCNA က ပြောပါတယ်။ အခုလို ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ရပ်ဆိုင်းဖို့ မြောက်ကိုရီးယားဖက်က စဉ်ဆက်မပြတ်တောင်းဆိုနေတာပါ။ ၂၀၁၃ ခုနှစ် ဖေဖေါ်ဝါရီလအတွင်း မြောက်ကိုရီးယားမှာ နျူကလီယားစမ်းသပ်မှု တတိယအကြိမ်မြောက် နောက်ဆုံး ပြုလုပ်ခဲ့တာဖြစ်ပြီး ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာကလည်း ဒီနျူကလီယားအစီအစဉ်နဲ့ ပတ်သတ်ပြီး ထပ်မလုပ်ဖို့ သတိပေးထားတာပါ။

ဝါရှင်တန်အနေနဲ့ တင်းမာမှုတွေလျော့ကျအောင် ဆောင်ရွက်ဖို့ တောင်းဆိုတဲ့တချိန်တည်းမှာ မြောက်ကိုရီးယားက သူတို့ရဲ့ နျူးကလီယားနဲ့ မစ်ဇိုင်း ဒုံးလက်နက်အစီအစဉ်တွေကို ဖျက်သိမ်းမယ်ဆိုပြီး မကြာခဏ ကတိပေးလေ့ရှိပါတယ်။ ၂၀၁၂ ခုနှစ်အတွင်း လက်နက်စမ်းသပ်မှု ဖျက်သိမ်းဖို့ သဘောတူညီချက် တခုရရှိခဲ့ဖူးပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ တောင်ကိုရီးယားဘက်ကတော့ လေယာဉ်တင်သဘောင်္တွေပါဝင်တဲ့ အခုလို နှစ်စဉ် စစ်ရေးလေ့ကျင့်မှုဟာ မြောက်ကိုရီးယားဘက်က တိုက်ခိုက်လာရင် တန်ပြန် ခုခံဖို့အတွက် ရည်ရွယ်တာဖြစ်တယ်လို့ ပြောပါတယ်။ ၂၀၁၃ ခုနှစ် မတ်လအတွင်း အခုလိုစစ်ရေးလေ့ကျင့်မှုတွေကြောင့် ကိုရီးယားကျွန်းဆွယ်မှာ စစ်ရေးတင်းမာမှုတွေ မြင့်မားလာခဲ့ပြီး မြောက်ကိုရီးယားဘက်က ခြိမ်းခြောက်မှုတွေ ပြုလုပ်ကာ သူ့တပ်ဖွဲ့တွေကို တိုက်ခိုက်ဖို့ အနေအထားအထိ အသင့်ပြင့်ထားခိုင်းခဲ့ဖူးပါတယ်။

ဗွီအိုအေ (မြန်မာဌာန) 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း
အမေရိကန်ပြည်ထောင်စုအနေနဲ့ တောင်ကိုရီးယားနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ရပ်ဆိုင်းဖို့ သဘောတူ မယ်ဆိုရင် သူ့ရဲ့ နျူကလီယားစမ်းသပ်မှု အစီအစဉ်ကို ယာယီရပ်ဆိုင်းထားမယ်လို့ မြောက်ကိုရီးယား အစိုးရက စနေနေ့က ပြောပါတယ်။ ဒီလိုစစ်ရေးလေ့ကျင့်မှုဟာ ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ ဖြစ်ပွားစေတဲ့ အဓိက အကြောင်းရင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။

ငုံးဥစားရင် ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ

ငုံးဥက ရောဂါအမျိုးအစားများစွာကို ကုသပေးနိုင်တဲ့ အစွမ်းထက် သဘာဝဆေးနည်း တစ်ခုဖြစ်ပါတယ်။ ကြက်ဥနဲ့ယှဉ်ရင် ငုံးဥမှာ ဖော့စ်ဖောရပ်စ်ငါးဆ၊ သံဓာတ်ခုနစ်ဆနဲ့ ဗီတာမင်ဆယ်ဆအထိ အသီးသီးပိုများပါတယ်။ အရွယ်အစားအားဖြင့် သေးငယ်တယ်ဆိုပေမယ့် ငုံးဥတစ်လုံးမှာ ကယ်လိုရီ ၁၅ အထိ ပါဝင်တယ်။

ရေ - ၇၄.၆%
အသားဓာတ် - ၁၃.၁%
အဆီ - ၁၁.၂%
သတ္တုဓာတ်နဲ့ တခြားအင်ဇိုင်းဓာတ်များ - ၁.၁%

ပြင်သစ်အလိုရှိ အကြမ်းဖက်အမျိုးသမီး ဆီးရီးယား ရောက်နေဖွယ်ရှိ

Photo: ပြင်သစ်အလိုရှိ အကြမ်းဖက်အမျိုးသမီး ဆီးရီးယား ရောက်နေဖွယ်ရှိ
ဇန်န၀ါရီလ ၁၁ ရက်၊ ၂၀၁၅ ခုနှစ်

ပြင်သစ်နိုင်ငံက အကြမ်းဖက်တိုက်ခိုက်မှု ကျူးလွန်ခဲ့သူတွေကို ကူညီသူလို့ သံသယရှိတဲ့အမျိုးသမီးဟာ အရှေ့အလယ်ပိုင်းဒေသမှာ ရောက်နေတယ်လို့ အနောက်သတင်းမီဒီယာတွေက ဖေါ်ပြကြပါတယ်။

Hayat Boumeddiene ဟာ ဇန်နဝါရီလ ၂ ရက်နေ့မှာ တူရကီနိုင်ငံကို ဝင်ရောက်လာပြီး ဆီးရီးယားကို ဆက်လက်ထွက်ခွါသွားတယ်လို့ တူရကီ ထောက်လှမ်းရေးက ပြောပါတယ်။ အဲဒီအမျီုးသမီးရဲ့ရည်းစားဖြစ်သူ Amedy Coulibaly က သောကြာနေ့ ပဲရစ်မြို့ကKosher ဈေးဆိုင်အတွင်း ဈေးဝယ်သူ လေးဦးကို သတ်ချိန်မှာ Boumeddiene ဟာ အတူရှိနေတယ်လို့ ပြင်သစ်အာဏာပိုင်တွေက သံသယရှိနေတာပါ။ ကြာသာပတေးနေ့က အမျိုးသမီးရဲအရာရှိတဦးကို သတ်သူဟာ Amedy ဖြစ်တယ်လို့လည်း ယုံကြည်နေပါတယ်။

ဈေးဆိုင်ကို လုံခြုံရေးရဲတွေက ဝင်စီးပြီး ဓါးစားခံတွေလွတ်မြောက်ဖို့ ကြိုးစားနေချိန်မှာ အသက် ၂၆ နှစ်အရွယ် အဲဒီအမျိုးသမီးဟာ ထွက်ပြေး လွတ်မြောက်သွားတာဖြစ်ပြီး အခုတော့ သူ့ကို လုံခြုံရေးရဲတွေက အကြီးအကျယ်ရှာဖွေနေကြတာပါ။ အဲဒီဈေးဆိုင်ကိုဝင်စီးနင်းမှုအတွင်း အကြမ်းဖက်သမား Coulibaly သေဆုံးခဲ့ပါတယ်။

Boumeddiene ရဲ့ မူဆလင်အမျိုးသမီးတွေ ဝတ်လေ့ရှိတဲ့ အမည်းရောင် ဝတ်ရုံကိုဝင်ဆင်ပြီး မြားပစ်လေ့ကျင့်နေတဲ့ ဓါတ်ပုံလည်း ပေါ်ထွက်လာပါတယ်။ ဒီအတောအတွင်း ပဲရစ်က သုံးရက်ကြာ အကြမ်းဖက်မှုတွေအတွင်း အသတ်ခံခဲ့ရသူ ၁၇ ယောက်အတွက်ပြင်သစ်နိုင်ငံတဝှမ်းက ထောင်သောင်းချီတဲ့ လူတွေဟာ လမ်းမတွေပေါ် ထွက်ပြီး ဂုဏ်ပြုခဲ့ပါတယ်။ ဗုဒ္ဒဟူးနေ့က Charlie Habdo မဂ္ဂဇင်းတိုက်ကို ဝင်ရောက်တိုက်ခိုက်မှု၊ ကြာသာပတေးနေ့မှာ ရဲဝန်ထမ်းတယောက်ကို ပစ်ခတ်သတ်ဖြတ်မှုနဲ့ သောကြာနေ့က ဈေးဆိုင်မှာ ဓားစာခံတွေကို အကြမ်းဖက်သမားတွေက သတ်ဖြတ်အပြီး ပြင်သစ်လူထုဟာ သူတို့ရဲ့ စည်းလုံးညီညွတ်မှုကို အခုလို ပြသခဲ့တာပါ။

တနင်္ဂနွေနေ့မှာ ကျင်းပမယ့် ညီညွတ်ရေး လမ်းလျှောက်ချီတက်ပွဲအတွက်လည်း စနေနေ့ကတည်းက ပဲရစ်စ်မြို့တဝှမ်း လုံခြုံရေးတပ်ဖွဲ့ဝင် ရာနဲ့ချီ ဖြန့်ကျက် ချထားပါတယ်။ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်၊ အီတလီ၊ စပိန်နဲ့ ဥရောပတိုင်းပြည်က ခေါင်းဆောင်တွေအပါအဝင် ကမ္ဘာတလွှားက ထင်ရှားတဲ့သူတွေ အနေနဲ့ ဒီချီတက်ပွဲအပေါ် စောင့်ကြည့်ကြလိမ့်မယ်ဆိုပြီးတော့လည်း မျှော်လင့်ထားပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

အကြမ်းဖက်တိုက်ခိုက်မှုကို ကူညီသူလို့သံသယရှိပြီး ထွက်ပြေးလွတ်မြောက် နေတဲ့ Hayat Boumeddiene (ဝဲ)
ပြင်သစ်နိုင်ငံက အကြမ်းဖက်တိုက်ခိုက်မှု ကျူးလွန်ခဲ့သူတွေကို ကူညီသူလို့ သံသယရှိတဲ့အမျိုးသမီးဟာ အရှေ့အလယ်ပိုင်းဒေသမှာ ရောက်နေတယ်လို့ အနောက်သတင်းမီဒီယာတွေက ဖေါ်ပြကြပါတယ်။

Hayat Boumeddiene ဟာ ဇန်နဝါရီလ ၂ ရက်နေ့မှာ တူရကီနိုင်ငံကို ဝင်ရောက်လာပြီး ဆီးရီးယားကို ဆက်လက်ထွက်ခွါသွားတယ်လို့ တူရကီ ထောက်လှမ်းရေးက ပြောပါတယ်။ အဲဒီအမျီုးသမီးရဲ့ ရည်းစားဖြစ်သူ Amedy Coulibaly က သောကြာနေ့ ပဲရစ်မြို့ကKosher ဈေးဆိုင် အတွင်း ဈေးဝယ်သူ လေးဦးကို သတ်ချိန်မှာ Boumeddiene ဟာ အတူရှိနေတယ်လို့ ပြင်သစ် အာဏာပိုင်တွေက သံသယ ရှိနေတာပါ။ ကြာသာပတေးနေ့က အမျိုးသမီးရဲအရာရှိတဦးကို သတ်သူဟာ Amedy ဖြစ်တယ်လို့လည်း ယုံကြည်နေပါတယ်။

ရိုဟင်ဂျာဟု သုံးနှုန်းခြင်းသည် OIC နှင့် မဆိုင်ကြောင်း သက်သေပြရန် ရန်ဟီးလီကို စစ်တွေမြို့မိမြို့ဖများ တောင်းဆို


ကုလသမဂ္ဂအနေဖြင့် ရိုဟင် ဂျာဟု သုံးနှုန်းဆောင်ရွက်နေခြင်းများသည် အစ္စလာမ်မစ်နိုင်ငံများ အဖွဲ့ (OIC) နှင့် မသက်ဆိုင်ကြောင်းသက်သေပြရန် စစ်တွေမြို့မိမြို့ဖအဖွဲ့က လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် မစ္စစ်ရန်ဟီးလီနှင့် တွေ့ဆုံစဉ် တောင်းဆိုလိုက်သည်။

ရခိုင်ပြည်နယ်သို့ ရောက်ရှိ နေသော ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ်ရန်ဟီးလီနှင့် စစ်တွေမြို့မိ မြို့ဖအဖွဲ့တို့ ဇန်န၀ါရီ ၁၀ရက်က တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

‘‘ရိုဟင်ဂျာလို့ ဆောင်ရွက်နေမှုတွေဟာ ရိုးသားမှုမရှိဘူး။ နောက်ကွယ်မှာ ကြီးမားတဲ့အကြံအစည်ရှိတယ်။

ကျောက်မဲမြို့နယ်တွင် ရဲအရာရှိတစ်ဦး ပစ်ခတ်လုပ်ကြံခံရ

ကျောက်မဲမြို့နယ်တွင် ဇန်န၀ါရီ ၁၀ ရက်က ရဲအရာရှိ တစ်ဦး သေနတ်ဖြင့် ပစ်ခတ်လုပ် ကြံခံခဲ့ရပြီး ပြစ်မှုကျူးလွန်သူကိုရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေ ကြောင်း သတင်းရရှိသည်။

ကျောက်မဲမြို့နယ် ပုံဝိုးရဲစခန်းမှ ဒုရဲအုပ် ထွန်းဇော်မောင်သည် ဇန်ဝါရီ ၁၀ ရက် ညနေက သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း ကျောက်မဲခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြား သည်။ အခင်းဖြစ်ရာ နေရာသို့ ခရိုင်အဆင့် ရဲအရာရှိများ သွား ရောက်နေပြီး ဒဏ်ရာအခြေအနေ ကို အသေးစိတ်မသိရသေး၍ ရှင်း မပြနိုင်သေးကြောင်း အဆိုပါရဲအ ရာရှိက ပြောသည်။

အမှုစစ်ဆေးစဉ် ရိုက်နှက် နှိပ်စက်မှုများကို တိုင်ကြားပါက အရေးယူပေးမည်ဟုဆို


ရဲစခန်းများတွင် အမှုစစ် ဆေးသည့်အခါ ရိုက်နှက်နှိပ်စက် မှုရှိ၊ မရှိ တိုက်ရိုက်ကြည့်ရှုနိုင်ရန် စီစီတီဗီများ တပ်ဆင်ထားပြီး တိုင်ကြားလာပါက စစ်ဆေးအ ရေးယူမည်ဟု နေပြည်တော် တိုင်းရဲတပ်ဖွဲ့မှူး ရုံးမှသတင်းရရှိသည်။

သို့ရာတွင် အမှုစစ်ဆေး သည့် စီစီတီဗီမှတ်တမ်းများကို လာရောက် တောင်းခံကြည့်ရှု သည့် တရားခံမိသားစုအရေအ တွက်မှာ နည်းပါးနေသေးကြောင်း အမှုစစ် ရဲအရာရှိတစ်ဦးက ဆို သည်။

‘‘တရားခံတွေ နှိပ်စက်ခံရ တယ်။ ညှဉ်းပန်းခံရတယ်။ ဒါတွေ က အများကြီးဖြစ်ပါတယ်။ တစ် ခါတလေ တိုင်ကြားမှုတွေမှာ မှန် ကန်တာရှိသလို၊ မမှန်ကန်တာ တွေလည်း ရှိပါတယ်။ ဒါကြောင့် စီစီတီဗီ တပ်ထားတယ်။ အမှုစစ် တဲ့အခါ ဆွေမျိုးသားချင်းတွေ လာကြည့်လို့ရတယ်’’ဟု နေပြည် တော်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး ကြီးကိုကိုအောင်က ပြောသည်။

Saturday, January 10, 2015

Myanmar Girls Band ဆိုတာ ခေါ်ရလွယ်အောင် ပြောင်းလိုက်တာပါ

Photo: Myanmar Girls Band ဆိုတာ ခေါ်ရလွယ်အောင် ပြောင်းလိုက်တာပါ
ဇန်န၀ါရီလ ၁၀ ရက်၊ ၂၀၁၅ ခုနှစ် 

Me&Ma Girls Band ကနေ Myanmar Girls Band အဖြစ် နာမည် ပြောင်းခြင်းနဲ့ ပတ်သက်လို့ အဖွဲ့ဝင်တစ် ဦးဖြစ်တဲ့ ထိုက်ထိုက်က ''Me&Ma Girls အဖွဲ့က အသံထွက်ရတာ ထောက်တယ် ဆိုတာနဲ့စဉ်းစားကြည့်လိုက်တော့ ကိုယ် တွေကလဲ မြန်မာမိန်းကလေးတွေဖြစ်ကြ တော့ အနီးစပ်ဆုံး Myanmar Girls Band လို့ နာမည်ပြောင်းဖြစ်ခဲ့တာ။ အစကတော့ စာနယ်ဇင်းပွဲ လုပ်ဦးမလို့ပဲ။

ဒါပေမဲ့လဲ ဒီ အကြောင်းအရာတစ်ခုတည်းနဲ့တော့ မလုပ် ချင်တာနဲ့ နာမည်ကို ဒီအတိုင်းပဲပြောင်းဖြစ် ခဲ့တယ်။ အခုရှိုးပွဲတွေမှာလဲ အခုနာမည်နဲ့ ဆိုဖြစ်နေတယ်''လို့ ထိုက်ထိုက်ကဆိုပါတယ်။ ဂီတလှုပ်ရှားမှုနည်းတဲ့ ထိုက်ထိုက်က သူမရဲ့ တစ်ကိုယ်တော်လှုပ်ရှားမှုအနေနဲ့ တစ်ကိုယ် တော်အယ်လ်ဘမ်ကိုပြင်ဆင်နေပြီဖြစ်ကာ ယခု နှစ်အတွင်းထွက်ရှိနိုင်အောင် ကြိုးစားသွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။

''ဗွီစီဒီရော၊ စီဒီပါ တစ် ခါတည်း ထွက်ဖြစ်မယ်။ ထိုက်က တစ်ကိုယ်တော် လှုပ်ရှားမှုနည်းတော့ သီချင်းချည်းပဲမထွက်ချင်ဘူး။ အခုဗွီစီဒီကိုပါထွက်နိုင်အောင် လုပ်နေတယ်။ တစ် ကိုယ်တော်ဖြစ်တဲ့အတွက် အရမ်းတာဝန်ကြီးတယ်။ ပိုပြီးကြိုးစားနေရတယ်။ ထိုက်ကိုယ်တိုင်လဲ ယုံကြည် မှုအများကြီး ထားထားပါတယ်''လို့ဆိုပါတယ်။

ဝတ် စားဆင်ယင်မှုပိုင်းနဲ့ပတ်သက်တဲ့ အမြင်ကို တစ်လော ကဝေဖန်ခြင်းခံခဲ့ရတဲ့ Myanmar Girls Band လို အဖွဲ့ဝင်ဟောင်း အမွန်းကိစ္စနဲ့ပတ်သက်လို့ သူမရဲ့ အမြင်ကိုမေးမြန်းဖြစ်ခဲ့ရာ

''အမွန်းကိုတော့ ထိုက်ဘာ မှမပြောချင်ပါဘူး။ ထိုက်ထိုက်တို့ သူငယ်ချင်းလဲ ဖြစ် ခဲ့တာဆိုတော့လေ။ ခုအချိန်မှာ သူနဲ့စိတ်မတူလို့ အ လုပ်မလုပ်ကြတော့ပေမယ့် သူ့ကိုတော့ ထိုက်ဘာမှ မဝေဖန်ချင်ပါဘူး။ အခုပြောချင်တာကတော့ ဒါတွေ က သာဓကတွေပဲပေါ့နော်။ ပြောရရင်တော့ ဖက်ရှင်ကျ အောင်ကတော့ ဘယ်လိုပဲ ဝတ်ဝတ်ပါ။ ဝတ်လို့ရနေ တာပဲ။ လုံခြုံမှုရှိပြီး ဖက်ရှင်ကျအောင်ဝတ်ဖို့ကတော့ နိုင်ငံခြားမှာရော၊ ဒီမှာရော လိုအပ်တယ်။ ဒီမှာကတော့ ပိုလိုတာပေါ့။ ဗုဒ္ဓဘာသာနိုင်ငံဖြစ်နေလို့ နိုင်ငံခြားမှာ တောင်ရှိတယ်လေ။ သူတို့အချင်းချင်း လက်မခံနိုင်တဲ့ဖက် ရှင်ရှိနေတယ်လေ။ ထိုက်ကိုယ်တိုင်လဲ ဖက်ရှင်နဲ့ပတ်သက် လို့ ဖော်ချွတ်ပြီးဝတ်နေတာတွေကို လက်မခံနိုင်သေးဘူး''လို့ ထိုက်ထိုက်ကဆိုပါတယ်။

TheYangonTimes
Me&Ma Girls Band ကနေ Myanmar Girls Band အဖြစ် နာမည် ပြောင်းခြင်းနဲ့ ပတ်သက်လို့ အဖွဲ့ဝင်တစ် ဦးဖြစ်တဲ့ ထိုက်ထိုက်က ''Me&Ma Girls အဖွဲ့က အသံထွက်ရတာ ထောက်တယ် ဆိုတာနဲ့စဉ်းစားကြည့်လိုက်တော့ ကိုယ်တွေကလဲ မြန်မာမိန်းကလေးတွေဖြစ်ကြတော့ အနီးစပ်ဆုံး Myanmar Girls Band လို့ နာမည်ပြောင်းဖြစ်ခဲ့တာ။ အစကတော့ စာနယ်ဇင်းပွဲ လုပ်ဦးမလို့ပဲ။

လေကြောင်း ကင်းထောက်မှုအရ ဖမ်းဆီးရမိခဲ့သည့် တရားမဝင်သစ်ထုတ်လုပ် ရာတွင်အသုံးပြုသော ယာဉ်များနှင့် သစ်တင်ယာဉ် စုစုပေါင်း ၄၈၃ စီးအား တပ်မတော်မှ ရွှေ့ပြောင်းခြင်းများစတင်ဆောင်ရွက်

Photo: လေကြောင်း ကင်းထောက်မှုအရ ဖမ်းဆီးရမိခဲ့သည့် တရားမဝင်သစ်ထုတ်လုပ် ရာတွင်အသုံးပြုသော ယာဉ်များနှင့် သစ်တင်ယာဉ် စုစုပေါင်း ၄၈၃ စီးအား တပ်မတော်မှ ရွှေ့ပြောင်းခြင်းများစတင်ဆောင်ရွက်
ဇန်န၀ါရီလ ၁၀ ရက်၊ ၂၀၁၅ ခုနှစ်  

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဝါရှောင်၊ မံဝိန်း၊ ဆီနီကူး၊ မံတောင်၊ လောခွန် ယန်၊ ဆဒုံးဒေသအတွင်း နိုင်ငံတော်၏ သယံဇာတများဖြစ်သည့် အဖိုးတန်သစ်များအား တရားမဝင်ခုတ်ယူပြီး ရောင်းချရန် သစ်တင် ယာဉ်များ စုစည်းပြင်ဆင်ထားရှိမှုအား လေကြောင်း ကင်းထောက်မှုအရ သိရှိရသဖြင့် တပ်မတော် စစ်ကြောင်းများက ဇန်နဝါရီ ၂ ရက်မှ ၅ ရက်အထိ နယ်မြေရှင်းလင်းဆောင်ရွက်ချိန်တွင် ဖမ်းဆီးရမိခဲ့ သည့် လုပ်ဒါ/ ဘက်ဟိုးယာဉ် ၅ စီး၊ ပါဂျဲရိုး ၄ စီး၊ ပီကင်းဂျစ် ၄ စီး၊ ဝန်ဆွဲယာဉ် ၄ စီး၊ နှစ်ခန်းတွဲယာဉ် ၂ စီး၊ သစ်တင်ယာဉ်(အမျိုးအစားမျိုးစုံ) ၄၅၅ စီး၊ တုန်ဖုန်း/ဒေါင်ဖန်း ယာဉ် ၄ စီး၊ ကရိန်း ၅ စီး စုစုပေါင်းယာဉ် ၄၈၃ စီးတို့အား ရွှေ့ပြောင်းရန်အတွက် တပ်မတော် လေယာဉ်ဖြင့် တပ်မတော်မှယာဉ်မောင်းများ၊ ယန္တရား မောင်းများနှင့် စက်ပြင်စစ်သည် စုစုပေါင်း ၄၃၅ ဦးအား ဇန်နဝါရီ ၇ ရက်တွင် မြစ်ကြီးနားသို့ပို့ ဆောင်ပေးခဲ့ပြီး ယာဉ်မောင်းများနှင့် စက်ပြင်စစ်သည်များအား ဖမ်းဆီးရမိသော ယာဉ်များနေရာသို့ မော်တော် ယာဉ်များဖြင့် ဇန်နဝါရီ ၇ ရက်နှင့် ၈ ရက်တွင် ဆက်လက် ပို့ဆောင်ခဲ့ကာ စစ်မြေပြင်အင်ဂျင်နီယာတပ်များကလည်း ယာဉ်များသယ်ယူ ပို့ဆောင်ရာတွင် အဆင်ပြေ ချောမွေ့စွာ ပို့ဆောင်နိုင်ရေးအတွက် တစ်ချိန်တည်း တစ်ပြိုင် တည်း လမ်းများပြုပြင် ဖေါက်လုပ်ခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

ဖမ်းဆီးရမိခဲ့သည့် တရားမဝင် သစ်ထုတ်လုပ်ရာတွင် အသုံးပြုသည့် ယာဉ်များနှင့် သစ်တင်ယာဉ် စုစုပေါင်း ၄၈၃ စီးအား တပ်မတော် ယာဉ်မောင်းများ၊ ယန္တယားမောင်း များနှင့် စက်ပြင်စစ်သည်များက ရွှေ့ပြောင်းခြင်း အား ဇန်နဝါရီ ၇ ရက်မှ ယနေ့အထိ ဆောင်ရွက်ခဲ့ရာ မြစ်ကြီးနားမြို့သို့ ၁၀ ဘီးယာဉ် ၁၁၀ စီးနှင့် ၆ ဘီးယာဉ် ၁ စီး၊ စုစုပေါင်း ၁၁၁ စီးအား ရွှေ့ပြောင်းခြင်း များဆောင်ရွက်နိုင်ခဲ့ပြီး ရွှေ့ပြောင်းရန် ကျန်ရှိ နေသော ဖမ်းဆီး ရမိယာဉ်များအား ဆက်လက်ရွှေ့ပြောင်းနိုင်ရေး တပ်မတော်မှ ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။ 

MOI Webportal Myanmar
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဝါရှောင်၊ မံဝိန်း၊ ဆီနီကူး၊ မံတောင်၊ လောခွန် ယန်၊ ဆဒုံးဒေသအတွင်း နိုင်ငံတော်၏ သယံဇာတများဖြစ်သည့် အဖိုးတန်သစ်များအား တရားမဝင်ခုတ်ယူပြီး ရောင်းချရန် သစ်တင် ယာဉ်များ စုစည်းပြင်ဆင်ထားရှိမှုအား လေကြောင်းကင်းထောက်မှုအရသိရှိရသဖြင့် တပ်မတော် စစ်ကြောင်းများက ဇန်နဝါရီ ၂ ရက်မှ ၅ ရက်အထိ နယ်မြေရှင်းလင်းဆောင်ရွက်ချိန်တွင် ဖမ်းဆီးရမိခဲ့ သည့် လုပ်ဒါ/ ဘက်ဟိုးယာဉ် ၅ စီး၊ ပါဂျဲရိုး ၄ စီး၊ ပီကင်းဂျစ် ၄ စီး၊ ဝန်ဆွဲယာဉ် ၄ စီး၊ နှစ်ခန်းတွဲယာဉ် ၂ စီး၊ သစ်တင်ယာဉ်(အမျိုးအစားမျိုးစုံ) ၄၅၅ စီး၊ တုန်ဖုန်း/ဒေါင်ဖန်း ယာဉ် ၄ စီး၊ ကရိန်း ၅ စီး စုစုပေါင်းယာဉ် ၄၈၃ စီးတို့အား ရွှေ့ပြောင်းရန်အတွက် တပ်မတော် လေယာဉ်ဖြင့် တပ်မတော်မှယာဉ်မောင်းများ၊ ယန္တရား မောင်းများနှင့် စက်ပြင်စစ်သည် စုစုပေါင်း ၄၃၅ ဦးအား ဇန်နဝါရီ ၇ ရက်တွင် မြစ်ကြီးနားသို့ပို့ ဆောင် ပေးခဲ့ပြီး ယာဉ်မောင်းများနှင့် စက်ပြင်စစ်သည်များအား ဖမ်းဆီးရမိသော ယာဉ်များနေရာသို့ မော်တော် ယာဉ်များဖြင့် ဇန်နဝါရီ ၇ ရက်နှင့် ၈ ရက်တွင် ဆက်လက် ပို့ဆောင်ခဲ့ကာ စစ်မြေပြင်အင်ဂျင်နီယာ တပ်များ ကလည်း ယာဉ်များသယ်ယူ ပို့ဆောင်ရာတွင် အဆင်ပြေ ချောမွေ့စွာ ပို့ဆောင်နိုင်ရေးအတွက် တစ်ချိန်တည်း တစ်ပြိုင် တည်း လမ်းများပြုပြင် ဖေါက်လုပ်ခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

ကောလိပ်ပညာရေး အခမဲ့သင်ခွင့်ပြုရေး အဆိုပြုချက် အိုဘားမား ကြေညာ

Photo: ကောလိပ်ပညာရေး အခမဲ့သင်ခွင့်ပြုရေး အဆိုပြုချက် အိုဘားမား ကြေညာ
ဇန်န၀ါရီလ ၁၀ ရက်၊ ၂၀၁၅ ခုနှစ် 

အမေရိကန်နိုင်ငံတွင်း ၂ နှစ်သင် ကောလိပ်ပညာရေးအတွက် အခမဲ့ သင်ခွင့် ပြုဖို့ အဆိုပြုချက်ကို သမ္မတ ဘားရတ်အိုဘားမားက  ကြေညာလိုက်ပါတယ်။

နိုဝင်ဘာရွေးကောက်ပွဲမှာ အထက်လွှတ်တော်ကို ရီပတ်ဘလစ်ကင် ပါတီ ဝင်တွေက အနိုင်ရအပြီး အောက်လွှတ်တော်မှာ ပထမဆုံး ပြောမယ့် မိန့်ခွန်းမတိုင်ခင် ပြင်ဆင်မှုလည်း ဖြစ်ပါတယ်။

“လိုအပ်တဲ့ ပညာရေးနဲ့ ကျွမ်းကျင်မှုတွေကို အမေရိကန်နိုင်ငံသားအားလုံး လူငယ်တွေရော၊ နှလုံးသားမှာ ငယ်ရွယ်နုပျိုသူတွေပါ သင်ကြားနိုင်စွမ်း ရှိသင့်တယ်။ ဒါကြောင့် ဒီနေ့ ရည်မှန်းချက်ကြီးတဲ့ စီမံကိန်းသစ်ကို ကြေညာတယ်။ ပညာရေးအသုံးစရိတ်ကို အခမဲ့ဖြစ်စေချင်တယ်” လို့ အိုဘားမားက ပြောပါတယ်။

ကျောင်းသားတွေက အမှတ်မြင့်ဖို့ သူတို့အပိုင်းကို လုပ်ရမှာဖြစ်ပြီး ကောလိပ်တွေကတော့ အရည်အသွေးမြင့် ပညာရေးကို ကမ်းလှမ်းဖို့ သူတို့အပိုင်းကို လုပ်သင့်တယ်။ အစိုးရကလည်း သူတို့အပိုင်းကို လုပ်သင့်တယ်။ အခမဲ့ဆိုတာ အလကားမဟုတ်ဘူး” လို့ အိုဘားမားက ပြောပါတယ်။

အမေရိကန်ဒေါ်လာ ဘီလီယံ ၆၀ တန် စီမံကိန်းဟာ တွစ်တာလူမှုကွန်ရက် ပေါ်မှာ ပွဲဆူတဲ့ ခေါင်းစဉ်ဖြစ်လာနေပြီး ရီပတ်ဘလစ်ကင် ပါတီဝင်တွေကတော့ အခမဲ့အစီအစဉ်ကြောင့် အိမ်ဖြူတော်ကို ပယ်ပယ်နယ်နယ် ရှုတ်ချခဲ့ကြပါတယ်။

ဒီဗွီဘီ
အမေရိကန်နိုင်ငံတွင်း ၂ နှစ်သင် ကောလိပ်ပညာရေးအတွက် အခမဲ့ သင်ခွင့် ပြုဖို့ အဆိုပြုချက်ကို သမ္မတ ဘားရတ်အိုဘားမားက  ကြေညာလိုက်ပါတယ်။

မန္တလေးမြို့တွင် အမှိုက် အမျိုးအစားခွဲခြားစွန့်ပစ်သည့်စနစ်ကို ပထမဦးဆုံး ပြောင်းလဲ ကျင့်သုံးရန် စီစဉ်လျက်ရှိ

မန္တလေး မြို့နယ်ခြောက်မြို့နယ်၌ စွန့်ပစ်အမှိုက် မျိုးစုံထွက်ရှိမှု လျော့နည်း စေရန်အတွက် ရည်ရွယ်ကာ အမှိုက်အမျိုးအစား ငါးမျိုးခွဲခြားစွန့်ပစ်သည့်စနစ်ကို ပထမဦးဆုံးစတင်ကျင့်သုံးသွားရန် စီစဉ်လျက် ရှိ ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

Air Asia ပျက်ကျ လေယာဉ် ၏ အမြီးပိုင်းအား ပင်လယ်ကြမ်းပြင်မှ ဆယ်ယူ



ဒီဇင်ဘာလ ၂၇ နေ့တွင် Java ပင်လယ် အတွင်းသို့ ပျက်ကျခဲ့သော AirAsia လေကြောင်းလိုင်းပိုင် QZ8501 လေယာဉ်၏ အမြီးပိုင်းအား စနေနေ့ (ယနေ့)၁၀-၀၁-၂၀၁၅ တွင် ပင်လယ်အတွင်းမှ ဆယ်ယူ နိုင်ခဲ့ကြောင်း ကို AFP သတင်းဌာန မှပြောကြားခဲ့သည်။

မိုးသီးများကြောင့် ဆေးရွက်ကြီး စိုက်ခင်းများ ထိခိုက်ပျက်စီး

Photo: မိုးသီးများကြောင့် ဆေးရွက်ကြီး စိုက်ခင်းများ ထိခိုက်ပျက်စီး
ဇန်န၀ါရီလ ၁၀ ရက်၊ ၂၀၁၅ ခုနှစ် 

သျှမ်း/မြောက် ရွှေလီမြစ်ဝှမ်း ထုန့်မောဝ်ဒေသ နမ့်ခမ်းမြို့နှင့် မူစယ်မြို့များ၌ မိုးသီးများကျ ရောက်ရာ ဗာဂျီးနီးယားခေါ် ဆေးရွက်ကြီး စိုက်ခင်းများ ထိခိုက်ပျက်စီးကြောင်း ဒေသတွင်း သတင်းရပ်ကွက်က ဆိုပါသည်။

ယမန်နေ့ ဂျန္နဝါရီလ ၈ ရက် ည ၉းဝဝ နာရီက နမ့်ခမ်းမြို့၌ ၁၀ မိနစ်ခန့် မိုးသီးများ ကျခဲ့ပြီး ယနေ့ ဂျန္နဝါရီလ ၉ ရက် မနက်ပိုင်း ၇ နာရီခန့်ကလည်း မူစယ်မြို့တွင် ၁၅ မိနစ်ခန့်မိုးသီးများ ကျရောက်ခဲ့ သည်ဟု နမ့်ခမ်းဒေသခံ စိုင်းထွန်း ကဆိုသည်။

“နမ့်ခမ်းမှာ မိုးသီးကြီးကျတယ် ဒီနေ့။ ရွှေလီမြစ်ကမ်းဘေးတလျှောက်က ဗာဂျီးနီးယားဆေး စိုက်ခင်း တွေ ပျက်ကုန်တယ်။ ထိခိုက်ပျက်ဆီးမှု အများ ဆုံးကတော့ မန့်ဟောင်း၊ နောင်မ၊ နောင်ကောင်၊ ကွန်လုံ၊ မန့်ကွန်၊ ကွန်ဟိုင်း ရွာတွေပေါ့” ဟု ၄င်းကပြောသည်။

နောင်မနှင့် နောင်ကောင်ကျေးရွာရှိ ဆေးရွက်ကြီးစိုက်ခင်းများမှာ တစ်ရွာလျင် ဧက (၈၀)ထက်မနဲ ပျက်စီးပြီး ၊မန့်ဟောင်း ကျေးရွာတွင် (၁၀) ဧကထက်မနဲပျက်စီးကြောင်း၊ တစ်ဧက ကာလတန်ဖိုး ကျပ် (၄၁၆၀၀၀) ခန့် ရှိ ကြောင်း မန့်ဟောင်းကျေးရွာအုပ်စုအတွင်းနေ စိုင်းအိုက် က ပြောသည်။

မူစယ်မြို့နှင့် နမ့်ခမ်းမြို့ တွင် ကော်လီလုံးအရွယ် မိုးသီးများကျရောက်သောကြောင့် သီးနှံစိုက်ခင်းများ၊ ဆေးရွက်ကြီးစိုက်ခင်းများပျက်စီးသည့်အပြင် လူနေအိမ်တစ်ချို့၏ အိမ်ခေါင်မိုးများ ပေါက်ပြဲကုန် ကြောင်း၊ ဒေသတစ်ခုလုံး၏ ပျက်စီးဆုံးရှုံးမှု ခန့်မှန်းတန်ဖိုးမှာ ကျပ်သိန်း (၁၀၀၀) ထက်မနဲရှိကြောင်း ဒေသတွင်း သျှမ်းပါတီအကြီးအကဲတစ်ဦး က သျှမ်းသံတော်ဆင့်အား ပြောသည်။

မိုးသီးများကြောင့် ခြံထွက်သီး နှံစိုက်ခင်းများ ပျက်စီးခဲ့ရသည့်ကိစ္စ နမ့်ခမ်းမြို့နယ် အုပ်ချုပ်ရေးမှုးရုံးထံ ယနေ့ ၉.၁.၂၀၁၅ ရက်စွဲဖြင့်စာတင်ထားကြောင်း မန့်ဟောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး စိုင်းထွန်းလိုင်း ကပြောပါသည်။

သျှမ်းသံတော်ဆင့်၊ စိုင်းလုံ
သျှမ်း/မြောက် ရွှေလီမြစ်ဝှမ်း ထုန့်မောဝ်ဒေသ နမ့်ခမ်းမြို့နှင့် မူစယ်မြို့များ၌ မိုးသီးများကျ ရောက်ရာ ဗာဂျီးနီးယားခေါ် ဆေးရွက်ကြီး စိုက်ခင်းများ ထိခိုက်ပျက်စီးကြောင်း ဒေသတွင်း သတင်းရပ်ကွက်က ဆိုပါသည်။

ကြည့်မြင်တိုင်မြို့နယ်၊ လေဟာပြင်ညဈေးရှိ ဆိုင်ခန်းအတွင်း ဆေးလိပ်မီး မငြှိမ်းဘဲ ပေါ့ဆစွာ ထားခဲ့ရာမှ မီးလောင်မှုဖြစ်

Photo: ကြည့်မြင်တိုင်မြို့နယ်၊ လေဟာပြင်ညဈေးရှိ ဆိုင်ခန်းအတွင်း ဆေးလိပ်မီး မငြှိမ်းဘဲ ပေါ့ဆစွာ ထားခဲ့ရာမှ မီးလောင်မှုဖြစ်
ဇန်န၀ါရီလ ၁၀ ရက်၊ ၂၀၁၅ ခုနှစ်

၁၀.၁.၂၀၁၅ ရက်နေ့ ၀၅၃၀ အချိန်တွင် ကြည့်မြင်တိုင်မြို့နယ်၊ မကျီးတန်းတောင်/ အရှေ့ရပ်ကွက်၊ ရွှေလှိုင်လမ်း၊ လေဟာပြင်ညဈေးရှိ (ဈ)ရုံတွင် ဈေးဆိုင်ခန်းများ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါသည်။

ဖြစ်စဉ်မှာ အဆိုပါ ဈေးရုံရှိ ဆိုင်ခန်းအမှတ် (၂၀၃) ဓါတ်ဗူးဆိုင်၌ ဆိုင်ရှင်ဖြစ်သူ ဦးမွန်မြှားမှ ၉.၁.၂၀၁၅ ရက်နေ့ ၂၁၀၀ အချိန်ခန့်တွင် ဆေးလိပ်သောက်ခဲ့ပြီး ဆေးလိပ်မီးအား မငြှိမ်းသတ်ဘဲ ဆိုင်ကြမ်းပြင်တွင်ထားခဲ့ရာမှ မီးစွဲကာ ၎င်း၏ ဈေးဆိုင်အပါအ၀င် ဘေးဝဲ/ယာနှင့် ကျောချင်းကပ်ဆိုင်ခန်း စုစုပေါင်း (၇)ခန်းအား ကူးစက်လောင်းကျွမ်း ခဲ့ခြင်းဖြစ်ကြောင်း၊ ပတ်ဝန်းကျင်ရှိ ပြည်သူများ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများရောက်ရှိငြှိမ်းသတ်ခဲ့၍ ၀၆၁၀ အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်းနှင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းသိရှိရပါသည်။

ယင်းသို့ ဆေးလိပ်မီးအား မငြှိမ်းသတ်ဘဲ ပေါ့ဆစွာထားခဲ့၍ မီးလောင်မှုဖြစ်ပွား ခဲ့သဖြင့် ဦးမွန်မြှား၊ (၇၅)နှစ်အား ကြည့်မြင်တိုင်မြို့မရဲစခန်း(ပ)၂၆/၂၀၁၅၊ ပြစ်မှုပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။

Yangon Police
၁၀.၁.၂၀၁၅ ရက်နေ့ ၀၅၃၀ အချိန်တွင် ကြည့်မြင်တိုင်မြို့နယ်၊ မကျီးတန်းတောင်/ အရှေ့ရပ်ကွက်၊ ရွှေ လှိုင်လမ်း၊ လေဟာပြင်ညဈေးရှိ (ဈ)ရုံတွင် ဈေးဆိုင်ခန်းများ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါသည်။

ယင်းလပ်ရှင်နာဝပ်အပေါ် စွဲချက်တင်ထားသည့် အမှုများကို ထိုင်းအမျိုးသား ညီလာခံ စတင်စစ်ဆေး

Photo: ယင်းလပ်ရှင်နာဝပ်အပေါ် စွဲချက်တင်ထားသည့် အမှုများကို ထိုင်းအမျိုးသား ညီလာခံ စတင်စစ်ဆေး
Saturday, January 10, 2015 

အာဏာအလွဲသုံးစားပြုမှုဖြင့် ရာထူးမှ ထုတ်ပယ်ခြင်း ခံခဲ့ရသူ ထိုင်းဝန်ကြီး ချုပ်ဟောင်း ယင်းလပ်ရှင်နာဝပ်ကို စွဲချက်တင်ထားသော ပြစ်မှု အား သောကြာနေ့ တွင် ကျင်းပသည့် ထိုင်းအမျိုးသားညီလာခံ၌ စတင်ကြားနာစစ်ဆေးရာ ၎င်းကိုယ် တိုင် ကြားနာမှုသို့ လာရောက်ခဲ့ကြောင်း ထိုင်းသတင်းဌာနများက ရေး သားဖော်ပြသည်။

ယခင်ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်၏ ညီမဖြစ်သူ ယင်းလပ်ရှင်နာဝပ် သည် ဝန်ကြီးချုပ်ရာထူး ရယူထားစဉ် အငြင်းပွားဖွယ် ဆန်စပါးစရိတ် ကျခံပေးရေး အစီအစဉ်နှင့် ပတ်သက်၍ အလွဲသုံးစား ပြုခဲ့သည်ဟူသော စွဲချက်များနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။

ဒေါ်လာဘီလီယံနှင့်ချီ၍ ကုန်ကျသော အဆိုပါ ဆန်စပါးစရိတ် စိုက်ထုတ်ပေးရေး အစီအစဉ်နှင့် ပတ်သက်သော စွဲချက်များတွင် အပြစ်ရှိကြောင်း ထင်ရှားမည် ဆိုပါက မစ္စယင်းလပ်ရှင်နာဝပ် အနေနှင့် နိုင်ငံရေးလှုပ်ရှားမှုများမှ ငါးနှစ်တိတိ ပိတ်ပင်တားမြစ်ခြင်း ခံရမည်ဖြစ်သည်။

ယင်းလပ်ရှင်နာဝပ်ကို ထောက်ခံသူများကမူ အဆိုပါ စွဲချက်များသည် ၎င်းအားရာထူးမှ ဖြုတ်ချရန် အကွက်ဆင်မှု တစ်ရပ်သာ ဖြစ်သည် ဟု ဝေဖန်ကြသည်။

မစ္စယင်းလပ်ရှင်နာဝပ်၏ အမှုကို ကြားနာစစ်ဆေးနေသည့် အချိန်ကာလအတွင်း ၎င်းကို ထောက်ခံသူများ လမ်းမပေါ်ထွက်ကာ ဆန္ဒပြကြမည်ကိုလည်း လက်ရှိ ထိုင်းအစိုးရက စိုးရိမ်လျက်ရှိသည်။

ထိုင်းစစ်အစိုးရ၏ ဒုတိယဝန်ကြီးချုပ် ပရာဝစ်ဝမ်စူဝမ်က ယင်းလပ်ရှင်နာဝပ်ကို ထောက်ခံသူများ အနေနှင့် လမ်းမပေါ်ထွက်ကာ ဆန္ဒမပြကြဘဲ အိမ်တွင်း၌သာ နေထိုင်ကြရန် တိုက်တွန်းသည်။

“တကယ်လို့ မစ္စယင်းလပ်ကို ခင်ဗျားတို့အနေနဲ့ အားပေးချင်တယ် ဆိုရင် အိမ်မှာနေပြီး လုပ်လို့ရတယ်၊ ဒါမှမဟုတ် တယ်လီဖုန်းကနေ ဆက်ပြောလို့ ရပါတယ်” ဟု ၎င်း၏ ပြောကြားချက်ကို Reuters သတင်းဌာန ကိုးကားဖော်ပြသည်။

ဘန်ကောက်မြို့တော် အခြေစိုက် BBC သတင်းထောက် ဂျိုနက်သန်ဟိဒ်၏ အဆိုအရ ယခုအမှုသည် ထိုင်းစစ်တပ်က အာဏာသိမ်းယူလိုက်ပြီး နောက်ပိုင်း နိုင်ငံရေးအရ အကဲဆတ်သော ပထမဆုံး ဖြစ်ရပ်ပင် ဖြစ်ကြောင်း သိရသည်။

ယမန်နှစ်အတွင်း ရာထူးမှ ဖယ်ရှားခံခဲ့ရသူ မစ္စယင်းလပ်ရှင်နာဝပ်သည် ထိုင်းနိုင်ငံ ကျေးလက်ဒေသများတွင် လွန်စွာ နာမည်ကျော်ကြားကာ ထောက်ခံမှု အပြည့်အဝ ရရှိထားသော နိုင်ငံရေးသမားတစ်ဦး ဖြစ်သော်လည်း ဘန်ကောက်ကဲ့သို့ မြို့ကြီးများရှိ လူလတ်တန်းစားများနှင့် အီလစ်အလွှာများက ၎င်းကို မနှစ်မြို့ကြပေ။

ဘန်ကောက် အီလစ်အလွှာများက ယင်းလပ်ရှင်နာဝပ်သည် အဂတိလိုက်စားသလို အာဏာ အလွဲသုံးစားမှုများလည်း ကျူးလွန်ခဲ့သူ ဖြစ်သည်ဟု စွပ်စွဲပြောဆိုကြသည်။

ယခု မစ္စယင်းလပ်၏ အမှုကို ကြားနာစစ်ဆေးသည့် အမျိုးသားဥပဒေပြုရေး ညီလာခံကို ထိုင်းစစ်တပ်က ရွေးချယ်ခန့်ထားသော ခေါင်းဆောင်များ ဦးဆောင်ပြီး အမှုအတွက် အမိန့်ချမှတ်မှုကို ဇန်နဝါရီလကုန်ပိုင်းတွင် ထုတ်ပြန်မည်ဟု ဆိုသည်။

The Voice Weekly
အာဏာအလွဲသုံးစားပြုမှုဖြင့် ရာထူးမှ ထုတ်ပယ်ခြင်း ခံခဲ့ရသူ ထိုင်းဝန်ကြီး ချုပ်ဟောင်း ယင်းလပ် ရှင်နာဝပ်ကို စွဲချက်တင်ထားသော ပြစ်မှု အား သောကြာနေ့ တွင် ကျင်းပသည့် ထိုင်းအမျိုးသားညီလာခံ၌ စတင်ကြားနာစစ်ဆေးရာ ၎င်းကိုယ် တိုင် ကြားနာမှုသို့ လာရောက်ခဲ့ကြောင်း ထိုင်းသတင်းဌာနများက ရေး သားဖော်ပြသည်။

ကချင်ဒုက္ခသည်များအတွက် စားနပ်ရိက္ခာ အလွန်နည်းပါးနေ

Photo: ကချင်ဒုက္ခသည်များအတွက် စားနပ်ရိက္ခာ အလွန်နည်းပါးနေ
ဇန်န၀ါရီလ ၁၀ ရက်၊ ၂၀၁၅ ခုနှစ်

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက KIA နဲ့အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ် ရာနယ်မြေက စစ်ပြေး ဒုက္ခသည်တွေ အတွက် စားနပ် ရိက္ခာအတော့်ကို နည်းနေပြီး၊ ဒေသခံ လူမှုရေး အဖွဲ့တွေ အနေနဲ့ ဖေဖေါ်ဝါရီလအထိပဲ ကူညီနိုင်မယ့်အခြေ အနေမှာ ဖြစ်နေတယ်လို့  သိရပါတယ်။

ဒါ့အပြင်အခုရက်ပိုင်းမှာ ဒုက္ခသည်တွေဟာ ဆိုးဝါးတဲ့ ရာသီဥတုဒဏ်ခံနေရသလို၊ သူတို့အတွက် အရေးပေါ်နဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရန်ပုံငွေလည်းမရှိ သလောက် နည်းနေတယ်လို့  စစ်ပြေးဒုက္ခသည်တွေကို ကူညီနေတဲ့ WPN ခေါ် ဝမ်ပေါင်နိန်းတွဲ အဖွဲ့ခေါင်းဆောင် ဒေါ်မေရီတွမ်က RFA ကိုပြော ပါတယ်။

"ကျမတို့ ဒီကူညီတဲ့ ၉ ဖွဲ့ထဲမှာဆိုရင်လည်း အခုချိန် ထိဆိုရင် အခြေခံအစားအသောက်ဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ပဲ တောင်ကျမတို့မှာ ဖေဖော်ဝါရီလ အထိပဲ ရှိတယ်ပေါ့နော်၊ ဟိုဘက်ဆိုရင် ကျမတို့ ရေရှည်အဲ့လိုမျိုးမရှိဘူးပေါ့နော်၊ အားလုံးကအချိန်တို အတွက်ပဲ ရှိတဲ့အခါကျတော့ ကျမတို့ ကူညီနေတဲ့သူတွေတော့ တော်တော်စိတ်ပင်ပန်းတာမျိုးရှိတယ် ၊ နောက်အရေးပေါ်ဖြစ်လာဖြစ်လာရင် ကျမတို့ ကူညီဖို့လည်းခက်တယ်၊ နောက်တစ်ချက်က ကျန်းမာရေးနဲ့ပတ်သက်ပြီးမှလည်း ရန်ပုံငွေကအနည်းဆုံးပဲ၊ အဲ့ဒါလည်း အရမ်းအရေးကြီးနေပါတယ်"

လက်နက်ကိုင်တိုင်းရင်းသားတွေ ထိန်းချုပ်ရာဒေသက စစ်ပြေးဒုက္ခသည်စခန်းတွေဆီကို ကုလသမဂ္ဂ နဲ့နိုင်ငံတကာကူညီရေးအဖွဲ့တွေကို အစိုးရကသွားခွင့်မပြုတာ ကြာပြီဖြစ်တဲ့အတွက် သူတို့အနေနဲ့လည်း ကူညီခွင့်မရဘူးလို့လည်း ကုလသမဂ္ဂက မကြာသေးခင်က ထုတ်ပြန်ထားပါတယ်။

ဒေသတွင်းမှာတော့ အရပ်သားပြည်သူတွေဖွဲ့ထားတဲ့ လူမှုကူညီရေးအဖွဲ့ ၉ ဖွဲ့လောက်က ပြည်တွင်း အလှူရှင်တွေနဲ့ ဆက်သွယ်ပြီး ကူညီနေတာဖြစ်ပါတယ်။ ဒါပေမယ့် ဒုက္ခသည်တွေအတွက် လုံလောက်အောင်နဲ့ ရေရှည်ကူညီနိုင်ဖို့ အတွက် အခက်အခဲတော်တော်များများ ရှိနေတယ်လို့သိရပါတယ်။

RFA Burmese
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက KIA နဲ့အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ထိန်း ချုပ် ရာနယ်မြေက စစ်ပြေး ဒုက္ခသည်တွေ အတွက် စားနပ် ရိက္ခာအတော့်ကို နည်းနေပြီး၊ ဒေသခံ လူမှုရေး အဖွဲ့တွေ အနေနဲ့ ဖေဖေါ်ဝါရီလအထိပဲ ကူညီနိုင်မယ့်အခြေ အနေမှာ ဖြစ်နေတယ်လို့  သိရပါတယ်။

Hacker များက လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် အတွက် အကြမ်းဖက် သမားများကို စစ်ကြေငြာ


ပြင်သစ် သရော်စာ မဂ္ဂဇင်း Charlies Herdo ကို အကြမ်းဖက် တိုက်ခိုက်မှုဟာ လူသားတိုင်းရဲ့ အခြေခံ အခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ထိပါးလာခြင်း အပေါ် ဟက်ကာတွေက အစ္စလာမစ် အစွန်းရောက် အကြမ်းဖက် သမားများကို သောကြာနေ့က စစ်ကြေငြာ လိုက်ပါတယ်။

ပြည်မြို့တွင် တောင်ပြိုကျမှုကြောင့် ၁ ဦး သေဆုံး

Photo: ပြည်မြို့တွင် တောင်ပြိုကျမှုကြောင့် ၁ ဦး သေဆုံး
ဇန်န၀ါရီလ ၁၀ ရက်၊ ၂၀၁၅ ခုနှစ်

သတင်းဓာတ်ပုံ – မင်းညို
ပဲခူးတိုင်း၊ ပြည်မြို့က မြေကြီး သယ်ယူ နေမှုတွေ ပြုလုပ်တဲ့ နေရာမှာ တောင်ပြိုပြီး မြေပိမိတဲ့ အတွက် စက်မောင်း သမားတဦး သေဆုံးခဲ့ပါတယ်။

ဇန်န၀ါရီ ၁၀ ရက်နေ့ မနက် ၁၁ နာရီလောက်က၊ ပြည်မြို့ စင်္ကြန်တောင် တောရဖုန်းတော်ကြီး စာသင်ကျောင်းဘေးက တောင်ကို ဖြိုရင်း ရုတ်တရက် တောင်ပြို ကျခဲ့တာပါ။

တောင်ပြိုကျမှုကြောင့် မြေဖြိုနေတဲ့ စက်မောင်းသမား ကိုဆန်းနိုင်ဦးအပါအဝင် မြေသယ်ယူမယ့် ထော်လာဂျီစက်တစီးလည်း မြေကြီးပိမိခဲ့တယ်လို့ ရတနာမာန်အောင်ရပ်ကွက် ရာအိမ်မှူး ဦးဖိုးထူးက ပြောပါတယ်။

ကိုဆန်းနိုင်ဦးဟာ အသက် ၄၂ နှစ်အရွယ်ရှိပြီး စည်တော်မင်္ဂလာရပ်ကွက်မှာ နေထိုင်သူဖြစ်ပါတယ်။

မြေတူးနေတုန်း ရုတ်တရက် မြေပိပြီး တောင်အောက်မှာ ပျောက်သွားလို့ ပတ်ဝန်းကျင်က လုပ်ဖော်ကိုင်ဖက်တွေ ဒေသခံ ပရဟိတ အဖွဲ့တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ ရောက်လာပြီး မြေကြီးတွေကို ဝိုင်းဝန်းဖယ်ရှားခဲ့ကြပါတယ်။

၁ နာရီကျော်လောက်အကြာမှာ မြေအောက်ပိနေတဲ့ ကိုဆန်းနိုင်ဦးကို အသက်ရှင်ကယ်ထုပ်နိုင်ခဲ့ပေမယ့် ပြည်ဆေးရုံကြီးကို ပိုဆောင်စဉ် လမ်းခရီးမှာ သေဆုံးသွားပါတယ်။

ဒီဗွီဘီ
သတင်းဓာတ်ပုံ – မင်းညို
ပဲခူးတိုင်း၊ ပြည်မြို့က မြေကြီး သယ်ယူ နေမှုတွေ ပြုလုပ်တဲ့ နေရာမှာ တောင်ပြိုပြီး မြေပိမိတဲ့ အတွက် စက်မောင်း သမားတဦး သေဆုံးခဲ့ပါတယ်။

Friday, January 9, 2015

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ဥက္ကဋ္ဌ နေရာအတွက်သာ ကြိုးစားမည့်သတင်း မဟုတ်ဟု NLD ငြင်းဆို

Photo: ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ဥက္ကဋ္ဌ နေရာအတွက်သာ ကြိုးစားမည့်သတင်း မဟုတ်ဟု NLD ငြင်းဆို

ဇန်န၀ါရီလ ၉ ရက်၊ ၂၀၁၅

လာမည့် အထွေထွေရွေးကောက်ပွဲ အပြီးတွင် ပေါ်လာမည့် အစိုးရအဖွဲ့သစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ဥက္ကဋ္ဌ နေရာအတွက်သာ ကြိုးစားမည်ဟူသော သတင်းမှာ မဟုတ်မှန်ကြောင်း NLD ဗဟိုကော်မတီဝင်များက ငြင်းဆိုလိုက်သည်။
၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လွှတ်တော်အတွင်း ပြင်ဆင်နိုင်ခြင်း မရှိပါက ဥပဒေပြုလွှတ်တော် တစ်ရပ်ရပ်တွင် ဥက္ကဋ္ဌတစ်ဦး အဖြစ် တာဝန်ထမ်းဆောင်နိုင်ဖွယ် ရှိကြောင်း NLD ပါတီ ပြန်ကြားရေး အဖွဲ့ဝင်တစ်ဦးကို ကိုးကားပြီး ပြည်တွင်းမီဒီယာတစ်ခု ဖြစ်သော The Trade Times ၏ လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြထားမှုအပေါ် ၎င်းတို့က ယင်းသို့ ငြင်းဆိုခြင်း ဖြစ်သည်။
“ကျွန်တော်တို့က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လွှတ်တော်အတွင်းမှာ ပြင်ဆင်နိုင်အောင် ကြိုးစားနေတဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဘာလုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို မချပါဘူး၊ ဒီလို သတင်းမှားတွေက ခဏခဏ ဖြစ်တတ်တာပဲလေ” ဟု NLD ဗဟိုကော်မတီဝင် ဦးဝင်းမြင့်က ဆိုသည်။
ထို့အပြင် NLD ပါတီ၏ ရှေ့လုပ်ငန်းစဉ်များကို ဆုံးဖြတ်ချက် ချမှတ်နေခြင်းသည် ပြောင်းလဲနေသော နိုင်ငံရေး အခြေအနေများ အပေါ်တွင်သာ မူတည်လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲ မတိုင်မီ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ခြင်း မရှိပါက ဒေါ်အောင်ဆန်းစုကြည်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ကိုက်သော လွှတ်တော်တစ်ရပ်ရပ်၏ ဥက္ကဋ္ဌတစ်ဦး အဖြစ် တာဝန်ထမ်းဆောင်မည် ဖြစ်ကြောင်း The Trade Times တွင် ဖော်ပြထားသည်။

NLD ပါတီ ဗဟိုကော်မတီဝင် တစ်ဦးဖြစ်သူ ဦးဝင်းထိန်ကလည်း “ကျွန်တော်ကတော့ ဥက္ကဋ္ဌ ဒီလိုဆုံးဖြတ်ချက် ချမယ်လို့ မယုံဘူး၊ အဲဒါသတင်းမှား တစ်ခုပါ” ဟု ဆိုသည်။

“ဖွဲ့စည်းပုံ ပြင်ဆင်ဖို့အချိန်က မလုံလောက်တော့ဘူး။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လွှတ်တော်ဥက္ကဋ္ဌ နေရာ ထမ်းဆောင်ခွင့်ရရင်လည်း ဝမ်းသာကျေနပ်မှာပါ” ဟု NLD ပါတီ ပြန်ကြားရေးအဖွဲ့ဝင် စာရေးဆရာ မုံရွာအောင်ရှင်က ပြောကြားကြောင်း The Trade Times က ဖော်ပြထားသည်။

သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်ဥက္ကဋ္ဌ နေရာ ထမ်းဆောင်မည့် ကိစ္စကို ပြောကြားခဲ့ခြင်း မရှိကြောင်း စာရေးဆရာ မုံရွာအောင်ရှင်က ငြင်းဆိုသည်။

“ကျွန်တော် အဲဒီလို လုံးဝမပြောခဲ့ပါဘူး၊ အားလုံးအသိပဲလေ ဒီအချိန်ဟာ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် အားလုံးက ကြိုးစားပမ်းစား လုပ်နေကြတာ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း သမ္မတ ဖြစ်နိုင်ဖို့ အတွက်ကို ကြိုးစားနေကြတာပါလို့ ပြောခဲ့တာ၊ နိုင်ငံခြားသားတစ်ယောက် ဆိုတော့ မြန်မာလို နားလည်မှု အားနည်းပြီး ရောထွေးသွားတာ ဖြစ်မယ်။ သေချာတာတော့ ကျွန်တော်ဟာ ပြောရေးဆိုခွင့်ရှိသူ မဟုတ်ဘူး၊ နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေးရှိသူ မဟုတ်ပါဘူး” ဟု ၎င်းကဆိုသည်။

သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ဥက္ကဋ္ဌ နေရာအတွက် ကြိုးစားမည်ဟု ဖော်ပြချက်တွင် သတင်းမီဒီယာ ကျင့်ဝတ်အရ မှန်ကန်ကြောင်း The Trade Times မီဒီယာ အယ်ဒီတာချုပ် ဦးခင်မောင်အေးက ပြောကြားသည်။
“ဦးအောင်ရှင်က ပြောတာ သေချာပါတယ်၊ နိုင်ငံခြားသား တစ်ယောက်တည်း မဟုတ်ပါဘူး၊ မြန်မာနိုင်ငံသား သတင်းထောက်တစ်ဦးပါ ပါပါတယ်၊ သေသေချာချာ အချက်အလက်ရရှိလို့ ရေးသားထားတာပါ၊ တစ်ဖက်က သဘောထား ဘယ်လိုရှိသလဲ ဆိုတာတော့ မသိပါဘူး” ဟု ၎င်းကဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်၏ သမ္မတ ဖြစ်ခွင့်ကို တားမြစ်ထားသည်ဟု ဆိုသော ပုဒ်မ ၅၉ (စ) ပါ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ပြင်ဆင်နိုင်ခြင်း မရှိပါက NLD ပါတီက လွှတ်တော်မဲဆန္ဒနယ် အများစုတွင် အနိုင်ရရှိသော်လည်း နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတ နေရာများတွင် ဒေါ်အောင်ဆန်းစုကြည်ကို တင်မြှောက်နိုင်မည် မဟုတ်ပေ။

ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်နိုင်ခြင်း မရှိပါက ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦးဖြစ်သူ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကို သမ္မတအဖြစ် ထောက်ခံသွားမည် ဖြစ်ကြောင်း NLD ပါတီ ဗဟိုကော်မတီဝင် တစ်ဦး၏ ပြောဆိုချက်ကို ကိုးကားပြီး ၂၀၁၄ နှစ်ကုန်ပိုင်းတွင် နိုင်ငံခြား သတင်းဌာနတစ်ခုက ဖော်ပြခဲ့သည်။

သို့သော်လည်း အဆိုပါ ပြောဆိုချက်သည် နားလည်မှု မှားယွင်းခြင်းကြောင့် မှားယွင်းဖော်ပြထားခြင်း ဖြစ်ကြောင်း NLD ပါတီ ဗဟိုကော်မတီဝင်များက ငြင်းဆိုခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၁၅ အထွေထွေရွေးကောက်ပွဲ အပြီး ပေါ်ပေါက်လာမည့် လွှတ်တော်များတွင် ပြင်ဆင်အတည်ပြုနိုင်မည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားထားသည်။

The Voice Weekly
လာမည့် အထွေထွေရွေးကောက်ပွဲ အပြီးတွင် ပေါ်လာမည့် အစိုးရအဖွဲ့သစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ဥက္ကဋ္ဌ နေရာအတွက်သာ ကြိုးစားမည်ဟူသော သတင်းမှာ မဟုတ်မှန်ကြောင်း NLD ဗဟိုကော်မတီဝင်များက ငြင်းဆိုလိုက်သည်။
၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လွှတ်တော်အတွင်း ပြင်ဆင်နိုင်ခြင်း မရှိပါက ဥပဒေပြုလွှတ်တော် တစ်ရပ်ရပ်တွင် ဥက္ကဋ္ဌတစ်ဦး အဖြစ် တာဝန်ထမ်းဆောင်နိုင်ဖွယ် ရှိကြောင်း NLD ပါတီ ပြန်ကြားရေး အဖွဲ့ဝင်တစ်ဦးကို ကိုးကားပြီး ပြည်တွင်းမီဒီယာတစ်ခု ဖြစ်သော The Trade Times ၏ လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြထားမှုအပေါ် ၎င်းတို့က ယင်းသို့ ငြင်းဆိုခြင်း ဖြစ်သည်။
“ကျွန်တော်တို့က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လွှတ်တော်အတွင်းမှာ ပြင်ဆင်နိုင်အောင် ကြိုးစားနေတဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဘာလုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို မချပါဘူး၊ ဒီလို သတင်းမှားတွေက ခဏခဏ ဖြစ်တတ်တာပဲလေ” ဟု NLD ဗဟိုကော်မတီဝင် ဦးဝင်းမြင့်က ဆိုသည်။

ငြိမ်းချမ်းရေးနဲ့ ရွေးကောက်ပွဲကိစ္စ ဆွေးနွေးဖို့ နိုင်ငံရေးခေါင်းဆောင်တွေကို သမ္မတဖိတ်ကြား


ဒီလ ၁၂ ရက်နေ့မှာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ၂၀၁၅ ရွေးကောက်ပွဲကိစ္စတွေ ကို နေပြည်တော် သမ္မတအိမ်တော်မှာ တွေ့ဆုံဆွေးနွေး ဖို့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေကို သမ္မတရုံးက ဒီနေ့ ဖိတ်ကြားလိုက်ပါတယ်။ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ဖိတ်ကြားခံရပြီး၊ ကိုယ်တိုင် တက်ရောက်မယ်လို့ RFA ကို အတည်ပြုပြောပါတယ်။

ဆွေးနွေးပွဲကိုတက်ရောက်ဖို့ ဖိတ်ကြားခံရတဲ့ ရခိုင်အမျိုးသားပါတီက ဦးအေးသာအောင်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို အစိုးရက ဘယ်လိုအကောင်အထည်ဖော် မလဲဆိုတာတွေ မေးမြန်းဆွေးနွေးသွားမယ်လို့ ပြောပါတယ်။

လက်ပံတောင်းတောင်သူ သေဆုံးမှု စစ်ကိုင်းတိုင်းဝန်ကြီးချုပ် နုတ်ထွက်ပေးရန် တစ်ကိုယ်တော်ဆန္ဒပြ

လက်ပံတောင်းတောင် ဒေသခံ တောင်သူအမျိုးသမီးတစ် ဦးသေဆုံးခဲ့မှုအတွက် အဓိကတာ ၀န်ရှိသည့် စစ်ကိုင်းတိုင်းဒေသ ကြီး ၀န်ကြီးချုပ် ရာထူးမှနုတ် ထွက်ပေးရန် စစ်ကိုင်းမြို့တွင် တစ် ကိုယ်တော် ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေးသည် တိုင်း ဒေသကြီးအတွင်း နေထိုင်သည့် ဒေသခံ ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်ကို အကာကွယ် မပေးနိုင်ဘဲ လက်ပံတောင်းတောင် ပဋိပက္ခကြောင့် တောင်သူအမျိုး သမီး သေဆုံးခဲ့ရမှုဖြစ်စဉ်တွင် လည်း အဓိကတာဝန်ရှိသူဖြစ် သည်ဟု တစ်ကိုယ်တော်ဆန္ဒထုတ် ဖော်ခဲ့သည့် စစ်ကိုင်းမြို့ဒေသခံ ဦးသန်းထိုက်ဦး က ပြောသည်။

တရုတ်နိုင်ငံမှ ဆောင်းမုတ်သုံလေများကြောင့် ဇန်န၀ါရီ ၁၀ ရက်အထိ အချိန်အခါမဟုတ် မိုးရွာနိုင်

တရုတ်နိုင်ငံဘက်မှ ၀င် ရောက်လာသော ဆောင်းမုတ်သုံ လေများကြောင့် မြန်မာနိုင်ငံဒေသ အနှံ့တွင် ဇန်န၀ါရီ ၁၀ ရက်ခန့် အထိ အချိန်အခါမဟုတ် နေရာကွက်၍ မိုးများရွာနိုင်ကြောင်း ဒေါက်တာထွန်းလွင်က ပြော ကြားသည်။
အချိန်အခါမဟုတ်မိုးရွာ မည့် အဓိကဒေသများမှ ရှမ်း၊ ကယား၊ ကရင်၊ မွန်ပြည်နယ်၊ ပဲခူး၊ ရန်ကုန်နှင့် မန္တလေးတိုင်းတို့ဖြစ်ကြောင်း ဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။
‘‘အခုလတ်တလောက အင် ဒိုချိုင်းနားတစ်ခုလုံးဖြစ်နေတာ ပါ။ ရေငွေ့ပါတဲ့ လေတွေ တိုက် လာတော့လေ။ ဇန်န၀ါရီ ၁၀ ရက်လောက်အထိ အချိန်အခါမဟုတ် မိုးရွာနိုင်ပါတယ်။ မရွာတဲ့ ဒေသ တွေမှာဆိုရင်လည်း မိုးအုံ့နေတာ မျိုးတွေဖြစ်မယ်။ ဒါတွေက စိုက် ပျိုးရေးကဏ္ဍမှာ သက်ရောက်မှုရှိ လို့ သတိထားဖို့လိုတယ်’’ဟု ဒေါက်တာထွန်းလွင်ကသတိပေး သည်။

အရက်ဖိုးတောင်းရာ မပေးသည့် ဖခင်ဖြစ်သူအား သံပိုက်ဖြင့်ရိုက်၍ သေဆုံး


၂ဝ၁၅ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့ နံနက် ၁ဝ နာရီအချိန် မကွေးတိုင်း ဒေသကြီး၊ မင်းလှ မြို့နယ်၊ ငနောင်မုန်း ရေနံမှော်တွင် လူတစ်ဦးသေဆုံး နေကြောင်း သတင်းအရ ရေနံမနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ငနောင်မုန်းရေနံမှော်တွင် ရေနံခပ် လုပ်ငန်းလုပ်ကိုင်သူ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ညောင်စောက်ရွာနေ ဦးကျော်စိန်(၆၇)နှစ်တွင် နဖူးချိုင့်ဝင်ဒဏ်ရာ၊ ရင်ဘတ်အား သွားဖြင့်ကိုက်ထားသည့် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိ ရသည်။

စည်းစိမ်ပေါင်ပြီး ရုပ်ရှင်တစ်ကားပြီးအောင်ရိုက်ခဲ့တဲ့ ဗင်ဒီဇယ်


ဗင်ဒီဇယ် ကို Fast and Furious ကားမောင်း အက်ရှင် ရုပ်ရှင် ကြည့်ဖူးသူများ သိမှာပါ။ သူ့မှာ အခြားသော အောင်မြင်တဲ့ ဇာတ်ကားပေါင်း များစွာ ရှိနေသေးပြီး ယင်းထဲမှာ Riddick လည်း ပါဝင်ပါတယ်။ ၂၀၁၃ ခုနှစ်က ရုံတင်ပြသတဲ့ Riddick ကို ရိုက်ဖို့အတွက် ပရိုဂျူဆာနဲ့ ဒါရိုက်တာတို့မှာ ငွေ အလုံအလောက် မရှိပါဘူး။
ဒါနဲ့ ဗင်ဒီဇယ်ဟာ သူ့ရဲ့ အိမ်ကိုပါ အပေါင်အဖြစ် ထားပြီး ရတဲ့ ငွေကို ရုပ်ရှင် ဇာတ်ကားအတွက် ထုတ်ပေးခဲ့ပါတ်။ နောက်တော့ ဇာတ်ကားဟာ အောင်မြင်သွားပြီး ငွေလည်း များစွာ ပြန်လည်ရရှိခဲ့ပါတယ်။ အင်တာဗျူး တစ်ခုမှာ ဖြေတော့ သူ့အနေနဲ့ အဲ့ဒီ ဇာတ်ကားသာ ပြီးအောင် မရိုက်နိုင်ခဲ့ရင် သူဟာ အိမ်ခြေမဲ့ တစ်ဦး ဖြစ်သွားမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ ပါတယ်။

တိုက်ကြီးတွင် လယ်ယာသုံးပစ္စည်း ရောင်းဝယ်ရေးဆိုင် မီးလောင်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဗောဓိကုန်းရပ်ကွက်၊ မီးသတ်လမ်း၊ အမှတ် ၁၁ ရှိ လယ်ယာသုံးပစ္စည်း ရောင်းဝယ်ရေးဆိုင်တွင် ဇန်နဝါရီ ၈ရက် နေ့လည် ၁၂နာရီခွဲက မီးလောင်မှုဖြစ်ပွားခဲ့ရာ ဆုံးရှုံးမှုတန်းဖိုး ငွေကျပ် ၅၁သိန်းဖိုးခန့် ဆုံးရှုံးခဲ့သည်ဟု ရန်ကုန်တိုင်း မီးသတ် ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။
မီးလောင်မှုကြောင့် သွပ်မိုး၊ ပျဉ်ကား၊ ပျဉ်ခင်း နှစ်ထပ်ရှိ လယ်ယာသုံးပစ္စည်း ရောင်းဝယ်ရေးဆိုင်၏ အပေါ်ထပ်တွင်ရှိသော မတ်တပ်ပန်ကာ ဖွင့်ထားရာမှ မော်တာဂျမ့်ဖြစ်တာ၍ အပူလွန်ကဲရာမှ ဘေးကာဗာအဖုံး အရည်ပျော်ကျပြီး ဝါးနှီးအထုံးများပေါ်သို့ ကျ၍ မီးလောင်မှု ဖြစ်ပွားခဲ့သည်။

လက်ပံတောင်းအရေး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက် ကော်မတီငြင်းဆို

Photo: လက်ပံတောင်းအရေး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက် ကော်မတီငြင်းဆို

ဇန်န၀ါရီလ ၉ ရက်၊ ၂၀၁၅

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားရ တာဟာ စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာအပေါ် အပြည့်အ၀ လိုက်နာအကောင်အထည်ဖော်မှု မရှိတာကြောင့်ဆိုတဲ့ ကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်ဟာ မဟုတ်မှန်ကြောင်း အစီရင်ခံစာအကောင်အထည်ဖော်မှု ကော်မတီက ဒီနေ့ နေပြည်တော်မှာ သတင်းစာရှင်းလင်းပွဲကျင်းပပြီး ငြင်းဆိုလိုက်ပါတယ်။
အကောင်အထည်ဖော်မှု ကော်မတီအနေနဲ့ စုံစမ်းရေးကော်မတီရဲ့အစီရင်ခံစာပါ တိုက်တွန်းအကြံပြုချက်တွေ ထက်တောင်ကျော်လွန်ပြီး ဆောင်ရွက်ပေးနေ တယ်လို့ အကောင်အထည်ဖော်မှုကော်မတီ အတွင်းရေးမှူး ဦးတင်မြင့်က သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားခဲ့ပါတယ်။

"စုံစမ်းရေးကော်မရှင် ဥက္ကဌက ပြောတယ်ပေါ့၊ သို့သော်လည်း လိုက်နာမှုမရှိဘူးဆိုတဲ့အပိုင်းက ကျနော်တို့ဖက်က စုံစမ်းရေးကော်မရှင် အကြံပေးချက်တွေကို အပြည့်အဝဆောင်ရွက်ပေးနေတယ်၊ ဒီအစီရင်ခံစာမှာပါတဲ့ အချက်တွေအပြင်တောင်မှ ပိုပြီးတော့ဆောင်ရွက်ပေးနေတာတွေကို တင်ပြလိုတယ်၊ လျော်ကြေးတွေပေးလိုက်ဆိုပြီး ကျနော်တို့ပေးတယ်၊ သို့သော် ကျနော်တို့ရဲ့ စေတနာမေတ္တာကို နားလည်တဲ့လူထုက လာထုတ်တယ်၊ လျော်ကြေးမထုတ်တဲ့လူတွေကို ကျနော်တို့က ဖြောင်းဖျပြီး အိမ်တိုင်ယာရောက်လိုက်ပေးတယ်၊ အဲဒီ့ရွာတွေမှာကို လိုက်ပြီးတော့ပေးတယ်၊ အဲ့လိုပေးတဲ့ဟာကို လက်မခံတဲ့သူက မလိုက်နာတာလား၊ ကျနော်တို့က စုံစမ်းရေးကော်မရှင်မှာပါတဲ့အတိုင်း လျော်ကြေးပေးနေတာ နှစ်ကြိမ်၊ သုံးကြိမ်အထိပေးနေတာကို လျော်ကြေးမယူပါဘူးလို့ ပြောနေတဲ့သူတွေ၊ ကျနော်တို့ကတော့ ဒီစုံစမ်းရေးကော်မရှင်ရဲ့ အကြံပြုချက်တွေအပေါ်မှာ ဆောင်ရွက်ပါတယ်၊ အဲတော့ မလိုက်နာဘူးဆိုတာ မဟုတ်ပါဘူး
ဒါ့အပြင် ပဋိပက္ခတွေ ထပ်မံမပေါ်ပေါက်စေဖို့အတွက် ဒေသခံတောင်သူတွေနဲ့ တွေ့ဆုံညှိနှိုင်းပြီး စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်သွားမယ်လို့ လည်း အတွင်းရေးမှူး ဦးတင်မြင့်က ဆိုပါတယ်။ ဒေသခံတောင်သူတွေကို သွေးထိုးလှုံ့ဆော်နေသူတွေနဲ့ ပြင်ပအဖွဲ့အစည်းတွေကို အမှုဖွင့်အရေးယူဖို့ ပြင်ဆင်နေတယ်လို့လည်း ပြောပါတယ်။

ဆားလင်းကြီးမြို့နယ်က ကျေးရွာ ၂၆ ရွာကို ကြေးနီစီမံကိန်းဧရိယာအဖြစ် သတ်မှတ်ထားရာကနေ ၇ ရွာကို ထပ်တိုးဧရိယာအဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့က စီမံကိန်းတိုးချဲ့ဧရိယာတွေမှာ ၀မ်ပေါင် ကုမ္ပဏီဝန်ထမ်းတွေက ခြံစည်းရိုးဝင်ခတ်ရာ တားမြစ်ခဲ့တဲ့ ဒေသခံတွေတောင် သူတွေနဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေပဋိပက္ခဖြစ်ပွားပြီး ဒေသခံတောင် သူ ဒေါ်ခင်ဝင်း သေနတ်ထိမှန်သေဆုံးခဲ့တာဖြစ်ပါတယ်။

RFA Burmese
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားရ တာဟာ စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာအပေါ် အပြည့်အ၀ လိုက်နာအကောင်အထည်ဖော်မှု မရှိတာကြောင့်ဆိုတဲ့ ကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်ဟာ မဟုတ်မှန်ကြောင်း အစီရင်ခံစာအကောင်အထည်ဖော်မှု ကော်မတီက ဒီနေ့ နေပြည်တော်မှာ သတင်းစာရှင်းလင်းပွဲကျင်းပပြီး ငြင်းဆိုလိုက်ပါတယ်။
အကောင်အထည်ဖော်မှု ကော်မတီအနေနဲ့ စုံစမ်းရေးကော်မတီရဲ့အစီရင်ခံစာပါ တိုက်တွန်း အကြံပြုချက်တွေ ထက်တောင်ကျော်လွန်ပြီး ဆောင်ရွက်ပေးနေ တယ်လို့ အကောင်အထည် ဖော်မှုကော်မတီ အတွင်းရေးမှူး ဦးတင်မြင့်က သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားခဲ့ပါတယ်။

အမျိုးသမီး တပ်ကြပ်ကြီးစာရေးများခေါ်ယူ

ရန်ကုန်- တပ်မတော်က ဒုတိယ အကြိမ် ခေါ်ယူလိုက်သည့် အမျိုး သမီးတပ်ကြပ်ကြီး စာရေးရာထူး အတွက် စတင်လျှောက်ထားနိုင် ပြီး ရွေးချယ်ခံရပါက သင်တန်း ကာလအတွင်း ပြင်ပမှ အဝေး သင်တက္ကသိုလ်စာမေးပွဲများကို အဆင်ပြေစွာ ဖြေဆိုနိုင်ရန် စီစဉ် ပေးမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းစစ်ဌာနချုပ်မှ သတင်းရရှိ သည်။
အမျိုးသမီးတပ်ကြပ်ကြီး စာ ရေးရာထူးများကို တပ်မတော်က ၂၀၁၄ တွင် စတင်ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ရွေးချယ်ခံရသူများအား အခြေခံစစ်ပညာရပ်များ၊ အခြေခံ ရုံးလုပ်ငန်း၊ အင်္ဂလိပ်စာနှင့် ကွန်ပျူတာဘာသာရပ်တို့ကို တစ်နှစ်ခွဲကြာ သင်ကြားပေးခြင်းဖြစ်သည်။
အဆိုပါ သင်တန်းသို့ အသက် (၁၆)နှစ်ပြည့်ပြီးသော တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် အိမ်ထောင်မရှိသူ အမျိုး သမီးများ လျှောက်ထားနိုင်ပြီး သင်တန်းကာလအတွင်း ပြင်ပအဝေးသင်တက္ကသိုလ်များထံမှ ဘွဲ့ရရှိသည်အထိ ဖြေဆိုနိုင်ရန် ခွင့်ပြုမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ်ကို စစ်တွေ လေဆိပ်တွင် ရဟန်းရှင်လူပြည်သူများ ဆန္ဒပြ

ရခိုင်ပြည်နယ်သို့ရောက် ရှိလာသော ကုလသမဂ္ဂ၏ မြန်မာ နိုင်ငံဆိုင်ရာလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စစ်ရန်ဟီး လီကို စစ်တွေလေဆိပ်မှ မြို့တွင်း မဝင်ရောက်ရန် ရဟန်းသံဃာ တော်များ အပါအဝင် ဒေသခံ ပြည်သူများက ကန့်ကွက်ဆန္ဒပြ ဖော်ထုတ်ခဲ့ကြောင်းသတင်းရရှိ သည်။
ဇန်နဝါရီ ၈ ရက်ညနေ ၆ နာရီကျော်က ရန်ဟီးလီ စစ်တွေမြို့သို့ ရောက်ရှိခဲ့သည်။ ရဟန်း သံဃာတော်များအပါအဝင် အင်အားငါးရာနီးပါးက ရန်ဟီးလီမြို့တွင်းသို့မဝင်ရောက်ရန် လေဆိပ်ရှေ့တွင် ဗီနိုင်းများ ကိုင်ဆောင်၍ ကန့်ကွက် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ ရန်ဟီးလီသည် ဘင်္ဂါလီများဘက်မှ တစ်ဖက်သတ်အမြင်ဖြင့်ဆောင်ရွက်ခြင်း၊ နိုင်ငံတော်မှမရှိကြောင်း ကြေညာထားသည့်ရိုဟင်ဂျာအမည်သုံးစွဲခြင်း၊ ရခိုင်တိုင်းရင်းသားများ ခံစားချက်ကို ဂရုမစိုက်ခြင်း တို့ကြောင့် ကန့်ကွက်ရခြင်းဖြစ်ကြောင်းလည်း စစ်တွေမြို့ခံများကပြောသည်။

ကင်မွန်းစခန်းအနီးတွင် နိုင်ငံခြားသူအား အဓမ္မပြုကျင့်သူကို ထောင်ဒဏ် ၄၃ နှစ်ချ


ကျိုက်ထီးရိုးတောင်ခြေ ကင်မွန်းစခန်းအနီးတွင် ပီရူးနိုင်ငံ သူအား အဓမ္မပြုကျင့်ခဲ့သော အမျိုးသားကို ထောင်ဒဏ် ၄၃ နှစ်ချမှတ်လိုက်ကြောင်း သတင်း ရရှိသည်။
ပြီးခဲ့သည့် နှစ် ဒီဇင်ဘာ ၂၀ ရက်တွင် အဆိုပါအမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရက်ပေါင်း ၂၀ အကြာ ဇန်န၀ါရီ ၈ ရက်တွင် သထုံခရိုင် တရားရုံးက အဆိုပါပြစ်ဒဏ်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်။
‘‘တရားလို၊ တရားခံ၊ ထင် မြင်ချက်၊ ဆေးစစ်ချက်တွေခိုင်လုံ တဲ့အတွက် ဒီနေ့မှာပဲ သထုံခရိုင် တရားရုံးကနေ အမိန့်ချလိုက်ပါ ပြီ။ ထောင်ဒဏ် ၄၃ နှစ်ပါ’’ဟု မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရဲ တပ်ဖွဲ့မှူးရုံးမှရဲအရာရှိတစ်ဦးက ပြောသည်။